~ 17.2 ~
14:50, 26 August 2021Unicode_________
တိတ်ဆိတ်ခြောက်သွေ့နေသော ပတ်ဝန်းကျင်တွင် ပိုးကောင်လေးများ၏ အော်မြည်သံမှအပ မည့်သည့်အသံမှ မကြားရ။အခန်းထောင့်တွင် အစာရှာနေဟန်တူသော ကြွက်ကလေးသည် တစ်စုံတစ်ယောက်၏ ခြေသံကိုကြားသောအခါ လှစ်ကနဲ ပြေးသည်။
ထို့နောက် ခလုတ်ဖွင့်သံ တစ်ခုနှင့်အတူ မျက်နှာကျက်က မီးလုံး၏ အလင်းရောင်သည် တစ်ခန်းလုံးကို ထိန်လင်းသွားစေသည်။
သူက သစ်သားစားပွဲဆီသို့ လျှောက်လာပြီးနောက် စားပွဲအောက်က အံဆွဲဆီသို့ လက်လှမ်းလိုက်သည်။အံဆွဲ၏ လက်ကိုင်ကို ဆွဲကာ ဖြည်းဖြည်းချင်း ဖွင့်လိုက်လျှင် ပလပ်စတစ်အိတ်အနက်နှင့် ပတ်ထားသော ကင်မရာတစ်လုံး။
သူသည် နီးစပ်ရာ သစ်သားခုံတစ်ခုပေါ်တွင် ထိုင်လိုက်ကာ ကင်မရာ၏ ခလုတ်ကို နှိပ်လိုက်သည်။
ယောက်ျားကြီးတစ်ဦးက မိန်းကလေးငယ်တစ်ဦးကို ဖက်ပြီး စကားပြောနေသော ပုံများ၊ကားပေါ်သို့ တက်သွားသောပုံများသည် အစီအရီပေါ်လာသည်။
ထိုပုံများကို ကြည့်ရင်း သူ့မှတ်ဉာဏ်အာရုံသည် လွန်ခဲ့သော နှစ်လခန့်က အချိန်တစ်ခုကိုရောက်သွားသည်။
𖧷 . 𖧷. 𖧷
ပိန်းပိတ်နေအောင် ရွာသော မိုးရေစက်များသည် လမ်းမီးရောင်၏ အလင်းကြောင့် တလက်လက်တောက်နေသည်။တစ်စ တစ်စ ပြင်းထန်လာသော မိုးရေပေါက်များကို သူ့ကိုယ်ပေါ်က မိုးကာအကျီက လုံလောက်အောင် မခုခံနိုင်။ကြမ်းတမ်းသော မိုးရေစက်များတစ်ခါရိုက်ခတ်သွားတိုင်း သူ့မျက်လုံးတွေ စပ်ဖျဥ်းဖျဥ်းဖြစ်သွားသည်။
အထက်ကောင်းကင်ယံမှ လျှပ်စီးရောင်ကလည်း မိုးထစ်ချုန်းသံနှင့်အပြိုင် ဝင်းကနဲ,လက်ကနဲ။မျက်တောင်ဖျားက မိုးရေစက်များက အမြင်အာရုံကိုအနှောင့်အယှက်ပြုသဖြင့် လက်နှင့်မကြာခဏ သပ်ချနေရသည်။
သဲကြီးမဲကြီးရွာချနေသော မိုးရေပေါက်ကြီးများသည် အောက်က လမ်းမပေါ်သို့ တဖြန်းဖြန်းရိုက်ခတ်နေသောကြောင့် မိုးသံမှအပ မည်သည့်အသံကိုမှ မကြားရ။
သူသည် လမ်းအကွေ့တစ်ခုကို ရောက်သောအခါ ဘေးဘီဝဲယာ မကြည့်တော့ဘဲ ဖြတ်ကူးလိုက်သည်။ထိုအချိန်တွင် ပြင်းလှစွာသော ဆိုင်ကယ်တစ်စီးနှင့်မျက်နှာချင်းဆိုင် ရင်ဆိုင်မိလိုက်သောအခါ သူ့မျက်လုံးတွေ ပြာဝေသွားသည်။
တိုက်မိပြီအထင်နှင့် မျက်လုံးတွေမှိတ်ထားလိုက်သော်လည်း သူ့ခန္ဓာကိုယ်သည် အနည်းငယ်မျှတောင် နာကျင်မှုကို မခံစားရလိုက်။ရုတ်တရက်ကွေ့ချလိုက်သော ကျယ်လောင်သည့်အသံနှင့်အတူ လမ်းမပေါ်သို့ ဆိုင်ကယ်ရော လူပါလဲကျသွားသံကိုတော့ ကြားလိုက်ရသည်။
ထိုသူသည် ခန္ဓာကိုယ်က တစောင်းကျသွားသည်ထင်။လက်တစ်ဖက်ကို ကျန်လက်တစ်ဖက်ဖြင့်ဆုပ်ကာ နာကျင်စွာအော်ငြီးနေသည်။
ဆော့ဂျင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားရကာ ထိုသူ့ရှေ့သို့သွားရပ်လိုက်သည်။
“တောက်! ဆိုင်ကယ်အနားရောက်မှ ဘာလို့ဖြတ်ပြေးရတာလဲ။သေချင်နေတာလား”
ဒေါသသံနှင့်အတူ သူ့လက်တစ်ဖက်ကို သူ့ဘာသာအုပ်ကိုင်ပြီး ထရပ်လိုက်သောကြောင့် ဆော့ဂျင် ဆွဲမထူတော့ဘဲ ကြောင်ပြီးကြည့်နေမိသည်။
ဒါကိုပင် ထိုသူကပိုပြီး ဒေါပွသွားသည်ထင်။တရှုးရှုးတရှဲရဲှဲဖြင့် မိုးကာအောက်က မျက်နှာကို မိမိမျက်နှာကို အမိအရသေချာလိုက်ကြည့်သည်။
ဆော့ဂျင်သည် ရုတ်တရက် လန့်သွားကာ လုပ်မိလုပ်ရာလုပ်လိုက်မိသည်။မိမိမျက်နှာနားအတင်းကပ်လာသော သူ့မျက်နှာကြောင့် ရင်ဘတ်ကို အားကုန်ဆောင့်တွန်းလိုက်မိသည်။
“အား..”
သူ နောက်တစ်ကြိမ် အမှားလုပ်မိသွားပြီ။တကယ်ဆို တွဲထူပေးပြီး တောင်းပန်စကားတစ်ခွန်းလောက် ဆိုခဲ့သင့်တာ။အနာပေါ် နောက်ထပ်အနာဆင့်အောင် တွန်းလိုက်မိပြီ။
သူ အသားကုန်ပြေးပေမယ့် ချွဲကျိနေသော လမ်းမကြောင့် ထင်သလောက်အရာမဝင်ခဲ့။နောက်ဘက်ဆီမှ ခြေသံတဖျပ်ဖျပ်နှင့်အတူ သူ့ပခုံးတစ်ဖက်ကို အားကောင်းသန်မာသော လက်တစ်ဖက်က ဆွဲလှည့်ခြင်းခံလိုက်ရသည်။
“မင်း.. ဘာလို့”
သူနှာခေါင်းရိုးတည့်တည့်သို့ ဝင်လာသော လက်သီးက လမ်းတစ်ဝက်မှာပင် ရပ်တန့်သွားသည်။သူ့မျက်လုံးပေါ်တွင် မိုးကာအကျီ၏ ခေါင်းစွပ်အဖျားက ဝဲကျနေသောကြောင့် ကောင်လေးမျက်နှာကို သေသေချာချာမမြင်ရ။ကြည့်ဖို့လည်း မလိုဟုထင်သည်။
“မင်း လက်ကိုဖယ်ပေး”
ထိုစကားတစ်ခွန်းသာ ဆိုပြီးသည်နှင့် ကောင်လေး၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားအောင်အထိ သူအသော့နှင်ခဲ့သည်။
အိမ်ပြန်ရောက်သောအခါ မိုးကာအကျီကို ရေစစ်လိုက်ရင်း ဆံပင်ဖျားက မိုးရေတို့ကို တဘက်တစ်ထည်ဖြင့်စင်အောင် သုတ်လိုက်သည်။ခုနက အဖြစ်အပျက်ကို ပြန်တွေးတိုင်း ရင်ခုန်မှုရော ရင်တုန်မှုရော ရောပြွန်းနေသည်။
ရင်ခုန်မှုနှင့်အတူ အားနာစိတ်ကပါ ရောယှက်နေသည်။မိမိကြောင့် ဆိုင်ကယ်လဲရသည့်အပြင် နောက်ထပ်တစ်ကြိမ် အတွန်းခံလိုက်ရသော ကောင်လေးကို နောက်ထပ်တစ်ကြိမ် ပြန်ဆုံခဲ့သော် ရှိသော် တောင်းပန် စကားဆိုရမည်ဟု သူတွေးခဲ့သည်။
ထိုကောင်လေးသည် သူ့ဘဝတွင် အချစ်ရဆုံးသောသူတစ်ဦးဖြစ်လာခဲ့မည်ကိုတော့ ထိုစဥ်က သူမသိခဲ့ပေ။
𖧷 . 𖧷. 𖧷
ဆော့ဂျင်သည် တရားသူကြီးဂျွန်ကို နောက်ယောင်ခံလိုက်နေသည်မှာ တစ်လကျော်ခန့်ရှိပြီဖြစ်သည်။
ဖခင်ဖြစ်သူ၏ မတရားချောက်ချခံရမှု၊လူသတ်တရားခံအဖြစ် စွပ်စွဲခံရမှုတို့တွင် တရားသူကြီးဂျွန်ဂျယ်အင်းသည် တရားခံမဟုတ်သည့်တိုင်အောင် ကြံရာပါဖြစ်နေခဲ့သောကြောင့်ဖြစ်သည်။
သူငယ်ချင်းနှစ်ယောက် စိတ်တူကိုယ်တူ ကြိုးစားပြီး ထူထောင်ခဲ့ကြသော ဆောက်လုပ်ရေးပစ္စည်းများရောင်းဝယ်သည့် ကုမ္ပဏီသည် အပြိုင်အဆိုင် များလာသည့် ကြားက တရှိန်ထိုးအောင်မြင်မှုများရခဲ့သည်။
ဆော့ဂျင်၏ အဖေက ထိုကုမ္ပဏီတွင် မန်နေဂျာရာထူး၊ အဖေ့သူငယ်ချင်းက ကုမ္ပဏီ ပိုင်ရှင်ပေမယ့် အလုပ်ရှင်နှင့် အလုပ်သမားမခွဲခြားဘဲ ညီအစ်ကိုလို၊သူငယ်ချင်းလို လည်ပင်းဖက်ပေါင်းခဲ့ကြသည်။ဆော့ဂျင်တို့အိမ်ကို အမြဲတစေ ဝင်ထွက်သွားလာပြီး နှစ်အိမ့်တစ်အိမ်လို နေခဲ့ကြတာဖြစ်သည်။
ထိုမျှလောက် ချစ်ခင်ရင်းနှီးကြသော သူငယ်ချင်း၏ နှစ်ဦး၏ကြားတွင် ဆိုးရွားလွန်းသော ကံကြမ္မာ အလှည့်အပြောင်းက မုန်တိုင်းတစ်ခုလို အရှိန်ပြင်းစွာ တိုက်ခတ်သွားခဲ့သည်။
လူသတ်မှုတဲ့။
မန်နေဂျာက ငွေအလွဲသုံးစားလုပ်ပြီး မဖုံးနိုင်မဖိနိုင်တဲ့အဆုံး သူဌေးဖြစ်သူကို သတ်လိုက်သတဲ့။
အတော်ဆုံး အကောင်းဆုံးရှေ့နေကို ငှားပြီး အဖေ့အတွက် တရားမှုကိုပြန်လည် ရှာဖွေပေးခဲ့ပေးမယ့် အာဏာနှင့်ငွေကြေး၏ အရှိန်အဝါကိုတော့ အနိုင်မယူနိုင်ခဲ့။
နောက်ဆုံး အားကိုးအားထားပြုစရာ ကောက်ရိုးတစ်မျှင်လေးတောင် မကျန်တော့သည့် အချိန်ထိ သူကြိုးစားခဲ့ပါသေးသည်။ရှိသမျှ မာနတွေသိက္ခာတွေကို ဘေးဖယ်ပြီး တရားသူကြီးဂျွန်ရှေ့တွင်လည်း ဒူးထောက်ခဲ့ဖူးသည်။သို့သော် သဲထဲရေသွန်သလိုမျိုး နည်းနည်းလေးတောင် အရာမထင်ခဲ့။
ဖခင်ဖြစ်သူလည်း ေထာင်ထဲမှာပင် ဆုံးပါးသွားခဲ့သလို ပတ်ဝန်းကျင်၏ အထင်အမြင်သေးမှု၊စော်ကားမှုဒဏ်တို့ကို တစ်ပွေ့တစ်ပိုက်ခံလိုက်ရသောအခါ မိခင်ဖြစ်သူလည်း အိပ်ရာထဲ ဗုန်းဗုန်းလဲတော့သည်။
ထို့ပြင်ဆုံးပါးသွားသော သူဌေးတွင် သားသမီးထောက်ခံမရှိဘဲ ဇနီးဖြစ်သူတစ်ဦးတည်းသာ ကျန်ခဲ့သည်။ဇနီးဖြစ်သူကလည်း စီးပွားရေး ကိစ္စတို့ကို အရင်ကတည်းက စိတ်မဝင်စားသူဖြစ်ရကား သိပ်မကြာခင်မှာပင် နိုင်နိုင်နင်းနင်းဦးစီးမည့်သူမရှိသည့် ကုမ္ပဏီကို အဆမတန်လျော့စျေးဖြင့် ပြိုင်ဘက်ကုမ္ပဏီတစ်ခုကို ရောင်းချလိုက်ရသည်။
ထိုပြိုင်ဘက် ကုမ္ပဏီ၏ CEOသည် ဂျောင်ကုအဖေ တရားသူကြီးဂျွန်ဂျယ်အင်း၏ အရင်းနှီးဆုံးမိတ်ဆွေဖြစ်သည်။
အဖြေကတော့ ရှင်းပါသည်။
အရင်ကတည်းက ရန်ငြိုးရန်စလည်း ရှိသည့်အပြင် ပြိုင်ဘက်ဖြစ်သော ကုမ္ပဏီသူဌေးကို လုပ်ကြံသတ်ဖြတ်ကာ တရားသူကြီးနှင့်ပေါင်းပြီး မန်နေဂျာ ဖြစ်သူကို တရားခံဖြစ်အောင် သက်သေအတုများနှင့် ပုံချ၊သူဌေးရောမန်နေဂျာကိုရော အပြတ်ရှင်းပြီးသည့်အခါ ဦးစီးမည့်သူမရှိသည့် ကုမ္ပဏီကို စျေးသက်သက်သာသာနှင့် လွယ်လင့်တကူ ဝယ်ယူလိုက်ခြင်းဖြစ်သည်။
ထိုအမှုသည် နှစ်များစွာ ကြာသည့်တိုင်အောင် သူ့ရင်ထဲတွင် အစိုင်အခဲတစ်ခုအဖြစ်ကျန်ရစ်ခဲ့သည်။ထို့ကြောင့် တရားသူကြီးဂျွန်ကိုရော ကုမ္ပဏီကို ဝယ်ယူသွားသည့် သူဌေးကိုပါ ဒုက္ခပေးဖို့ သူအမြဲအကွက်ချောင်းနေခဲ့သည်။
လွန်ခဲ့သော ရက်က သူသည် သတင်းအစအနတစ်ခုကို လိုက်ရင်း သေချာပေါက် ဒုက္ခပေးနိုင်မည့် တိကျခိုင်လုံသော သတင်းတစ်ခုကို ရခဲ့သည်။
ထို့ကြောင့် တရားသူကြီးဂျွန်၏ အိမ်နှင့်မလှမ်းမကမ်း တစ်နေရာမှနေ၍ အခြေအနေကိုစောင့်ကြည့်ခဲ့သည်။
သိပ်မကြာလိုက်...
သူထင်သလိုပါပင်။အိမ်ထဲကနေ မိန်းကလေးငယ်တစ်ဦး၏ ပခုံးကိုဖက်ကာ ထွက်လာသည့် တရားသူကြီးဂျွန်။မိန်းမကိစ္စလိုက်စားသော ဂျွန်ဂျယ်အင်းသည် အမှုသည်များ၏ သမီးဖြစ်သူ၊ညီမဖြစ်သူ စသည့် မိန်းကလေးများကိုပင်အလွတ်မပေး။ပိုက်ဆံရှိသူ ၊သြဇာညောင်းသူမို့ အရာရာကိုငွေနှင့်ဖြေရှင်းလိုက်သည်က များသည်။
ဆော့ဂျင်သည် လက်နှေးမတော့ဘဲ ထိုပုံများကို အမိအရရိုက်ယူလိုက်သည်။ဓာတ်ပုံများအပြင် video fileပါ ရအောင်ရိုက်ယူခဲ့သည်။
“ဒီပုံလေးတွေက မနက်ဖြန်ကျရင် သတင်းစာရဲ့ ခေါင်းကြီးပိုင်းသတင်းတစ်ပုဒ် အဖြစ်ပါလာတော့မှာပေါ့ ”
နှုတ်ခမ်းပေါ်က ခပ်လွန့်လွန့်အပြုံးနှင့်အတူ အကျီအိတ်ထဲ ကင်မရာကိုထိုးထည့်လိုက်သည်။ထို့နောက် လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး အမှောင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
𖧷 .𖧷 𖧷
နောက်တစ်နေ့တွင် ဆော့ဂျင်သည် ထိုဓာတ်ပုံများကို (....) သတင်းစာတိုက်၏ အယ်ဒီတာချုပ် ချာအွန်းယော့ထံ ပို့ပေးခဲ့သည်။
လောဘရမ္မက်ကြီးသော ချာအွန်းယော့သည် သတင်းတစ်ပုဒ်အဖြစ် ဖော်ပြရမည့်အစား ဂျွယ်ဂျယ်အင်းထံသို့ ဓာတ်ပုံနှင့် ငွေကြေးတို့ကို အလဲအလှယ်ထပ်လုပ်ခဲ့သည်။
ကောက်ကျစ်ယုတ်မာသည့် အရာတွင် ဘုရင်တစ်ဆူဖြစ်သော တရားသူကြီးဂျွန်သည် ချာအွန်းယော့ကို အလွတ်မပေးခဲ့။ကြေးစားလူမိုက်တစ်ချို့ကို ငှားရမ်းကာ မသေမချင်းရိုက်ပြီး နှိပ်စက်ခဲ့ပြီး ဓာတ်ပုံရော ငွေကိုပါပြန်ယူခဲ့သည်။
ရလာဒ်ကတော့ ချာအွန်းယော့အသက်ကို ဝင်ကယ်ခဲ့သည် ဆော့ဂျင် သည်ပင် ဝမ်းဗိုက်မှာ ဓားဒဏ်ရာရခဲ့သည်။ကံကောင်းသည်က ကင်းလှည့်သည့်ရဲကားများ ရောက်လာ၍သာ ဒီထက်အခြေအနေမဆိုးသွားခြင်းဖြစ်သည်။
မည်သည့် မတရားမှုမျိုးကိုမဆို ေငွကြေးကပင်အနိုင်ယူသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသောအခါ ဆော့ဂျင် စိတ်ပျက်သွားသလို,ပိုပြီးလည်း မုန်းတီးသွားခဲ့သည်။
ထိုအသိုင်းအဝိုင်းနှင့် မည်သည့်အခါမှ မပတ်သက်ချင်သော သူ့ကို ကံကြမ္မာက ပြက်ရယ်ပြုခဲ့ပုံရသည်။
တစ်စုံတစ်ယောက်ကို နှလုံးသားထဲက လှိူက်လှိုက်လှဲလှဲချစ်မိသွားလျှင် ဘာမဆို ရင်ဆိုင်ဝံ့သော စွမ်းအင်တစ်မျိုးရှိသလားတော့ မပြောတတ်။အတန်တန်ထိန်းချုပ်နေသည့် ကြားမှ သူ့နှလုံးသားသည် ရင်ဘတ်ထဲမှ အတင်းရုန်းကန် ထွက်ကာ ဂျောင်ကုဆီသို့ တစိုက်မတ်မတ် သွားနေခဲ့လေပြီ။
သူ့ဘဝတွင် တစ်ခါသာ နက်နက်နဲနဲ ချစ်မိသော ချစ်သူနှင့်ပဲ အေးအေးချမ်းချမ်း နေသွားချင်သည်။လွန်ခဲ့သည့် ၅ နှစ်လုံး အမုန်းတရား၊အငြိုးတရားများနှင့် ဒဏ်ရာဒဏ်ချက်များပြည့်နေသည့် သူ့နှလုံးသားကို ဂျောင်ကု၏ အချစ်တို့ဖြင့် ကုစားချင်သည်။
ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုနှင့်အတူ လက်ထဲက ကင်မရာလေးကို ထိုပလတ်စတစ်အိတ်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်သည်။ထို့နောက် အခန်းတံခါးကို ပြန်ပိတ်လိုက်ကာ သော့ခတ်လိုက်တော့သည်။
အရာအားလုံးကို သော့ခတ်ပြီး ပြည်ဖုံးကား ချလိုက်ပြီ။
ဒါတွေအားလုံး မင်းကိုချစ်တဲ့အချစ်တွေကြောင့်ပဲ။ချစ်ခြင်းမေတ္တာတွေနဲ့ရိုးသားတဲ့ ဘဝတစ်ခုကို တည်ဆောက်ကြမယ်။
𖧷 .𖧷 .𖧷
AN. ရှုပ်များသွားကြပြီလား မသိ။
အပိုင်း ၁,၆,၇,၈,၉,၁၄ တို့မှာလည်း ပြန်ဖတ်လို့ရပါတယ်။တစ်ပိုင်းနဲ့တစ်ပိုင်း ကွာသွားတဲ့အခါကျတော့ မဆက်စပ်မိမှာစိုးလို့ ဒါလေးကို သီးသန့်ရေးလိုက်တာပါ။
အခုရက်ပိုင်းတွေထဲ ညဘက်အိပ်မပျော်တာတော်တော်ကြာပြီရယ်။အနည်းဆုံး မနက်၃ နာရီလောက်မှ အိပ်လို့ရတယ်။အိပ်ရေးမဝတော့ စာရေးရတာတွေလည်း တောင်ရောက်မြောက်ရောက်တွေနဲ့ ေပါ့သွားရင်လည်း တောင်းပန်ပါတယ်။
ကိုယ်ရေးတဲ့ fic တွေနဲ့ပတ်သက်ပြီး မေးစရာတို့ဆွေးနွေးစရာတို့ရှိရင် message boxမှာလာမေးလို့ရပါတယ်။
ပြီးတော့ ကုကုလေးမွေးနေ့ကျရင် အမှတ်တရလေးတစ်ခုစီစဥ်ထားပါတယ်။အဲဲ့ဒီနေ့အထိ အင်တာနက်လိုင်းတွေမပြတ်ဘဲ ဒီလိုပဲသုံးလို့ရနေမယ်ဆိုရင်တော့ update တင်ပေးပါ့မယ်။သဘောကျမယ်လို့ထင်တဲ့ တစ်ခုပေါ့။အခုတော့ မပြောသေးဘူး(≧∇≦)/
Thanks for reading & votingRiona🌼
......Zawgyi_________
တိတ္ဆိတ္ေျခာက္ေသြ႕ေနေသာ ပတ္ဝန္းက်င္တြင္ ပိုးေကာင္ေလးမ်ား၏ ေအာ္ျမည္သံမွအပ မည့္သည့္အသံမွ မၾကားရ။အခန္းေထာင့္တြင္ အစာ႐ွာေနဟန္တူေသာ ႂကြက္ကေလးသည္ တစ္စုံတစ္ေယာက္၏ ေျခသံကိုၾကားေသာအခါ လွစ္ကနဲ ေျပးသည္။
ထို႔ေနာက္ ခလုတ္ဖြင့္သံ တစ္ခုႏွင့္အတူ မ်က္ႏွာက်က္က မီးလုံး၏ အလင္းေရာင္သည္ တစ္ခန္းလုံးကို ထိန္လင္းသြားေစသည္။
သူက သစ္သားစားပြဲဆီသို႔ ေလွ်ာက္လာၿပီးေနာက္ စားပြဲေအာက္က အံဆြဲဆီသို႔ လက္လွမ္းလိုက္သည္။အံဆြဲ၏ လက္ကိုင္ကို ဆြဲကာ ျဖည္းျဖည္းခ်င္း ဖြင့္လိုက္လွ်င္ ပလပ္စတစ္အိတ္အနက္ႏွင့္ ပတ္ထားေသာ ကင္မရာတစ္လုံး။
သူသည္ နီးစပ္ရာ သစ္သားခုံတစ္ခုေပၚတြင္ ထိုင္လိုက္ကာ ကင္မရာ၏ ခလုတ္ကို ႏွိပ္လိုက္သည္။
ေယာက်္ားႀကီးတစ္ဦးက မိန္းကေလးငယ္တစ္ဦးကို ဖက္ၿပီး စကားေျပာေနေသာ ပုံမ်ား၊ကားေပၚသို႔ တက္သြားေသာပုံမ်ားသည္ အစီအရီေပၚလာသည္။
ထိုပုံမ်ားကို ၾကည့္ရင္း သူ႕မွတ္ဉာဏ္အာ႐ုံသည္ လြန္ခဲ့ေသာ ႏွစ္လခန္႔က အခ်ိန္တစ္ခုကိုေရာက္သြားသည္။
𖧷.𖧷.𖧷
ပိန္းပိတ္ေနေအာင္ ႐ြာေသာ မိုးေရစက္မ်ားသည္ လမ္းမီးေရာင္၏ အလင္းေၾကာင့္ တလက္လက္ေတာက္ေနသည္။တစ္စ တစ္စ ျပင္းထန္လာေသာ မိုးေရေပါက္မ်ားကို သူ႕ကိုယ္ေပၚက မိုးကာအက်ီက လုံေလာက္ေအာင္ မခုခံႏိုင္။ၾကမ္းတမ္းေသာ မိုးေရစက္မ်ားတစ္ခါ႐ိုက္ခတ္သြားတိုင္း သူ႕မ်က္လုံးေတြ စပ္ဖ်ဥ္းဖ်ဥ္းျဖစ္သြားသည္။
အထက္ေကာင္းကင္ယံမွ လွ်ပ္စီးေရာင္ကလည္း မိုးထစ္ခ်ဳန္းသံႏွင့္အၿပိဳင္ ဝင္းကနဲ,လက္ကနဲ။မ်က္ေတာင္ဖ်ားက မိုးေရစက္မ်ားက အျမင္အာ႐ုံကိုအေႏွာင့္အယွက္ျပဳသျဖင့္ လက္ႏွင့္မၾကာခဏ သပ္ခ်ေနရသည္။
သဲႀကီးမဲႀကီး႐ြာခ်ေနေသာ မိုးေရေပါက္ႀကီးမ်ားသည္ ေအာက္က လမ္းမေပၚသို႔ တျဖန္းျဖန္း႐ိုက္ခတ္ေနေသာေၾကာင့္ မိုးသံမွအပ မည္သည့္အသံကိုမွ မၾကားရ။
သူသည္ လမ္းအေကြ႕တစ္ခုကို ေရာက္ေသာအခါ ေဘးဘီဝဲယာ မၾကည့္ေတာ့ဘဲ ျဖတ္ကူးလိုက္သည္။ထိုအခ်ိန္တြင္ ျပင္းလွစြာေသာ ဆိုင္ကယ္တစ္စီးႏွင့္မ်က္ႏွာခ်င္းဆိုင္ ရင္ဆိုင္မိလိုက္ေသာအခါ သူ႕မ်က္လုံးေတြ ျပာေဝသြားသည္။
တိုက္မိၿပီအထင္ႏွင့္ မ်က္လုံးေတြမွိတ္ထားလိုက္ေသာ္လည္း သူ႕ခႏၶာကိုယ္သည္ အနည္းငယ္မွ်ေတာင္ နာက်င္မႈကို မခံစားရလိုက္။႐ုတ္တရက္ေကြ႕ခ်လိုက္ေသာ က်ယ္ေလာင္သည့္အသံႏွင့္အတူ လမ္းမေပၚသို႔ ဆိုင္ကယ္ေရာ လူပါလဲက်သြားသံကိုေတာ့ ၾကားလိုက္ရသည္။
ထိုသူသည္ ခႏၶာကိုယ္က တေစာင္းက်သြားသည္ထင္။လက္တစ္ဖက္ကို က်န္လက္တစ္ဖက္ျဖင့္ဆုပ္ကာ နာက်င္စြာေအာ္ၿငီးေနသည္။
ေဆာ့ဂ်င္ ေျခမကိုင္မိလက္မကိုင္မိ ျဖစ္သြားရကာ ထိုသူ႕ေ႐ွ႕သို႔သြားရပ္လိုက္သည္။
“ေတာက္! ဆိုင္ကယ္အနားေရာက္မွ ဘာလို႔ျဖတ္ေျပးရတာလဲ။ေသခ်င္ေနတာလား”
ေဒါသသံႏွင့္အတူ သူ႕လက္တစ္ဖက္ကို သူ႕ဘာသာအုပ္ကိုင္ၿပီး ထရပ္လိုက္ေသာေၾကာင့္ ေဆာ့ဂ်င္ ဆြဲမထူေတာ့ဘဲ ေၾကာင္ၿပီးၾကည့္ေနမိသည္။
ဒါကိုပင္ ထိုသူကပိုၿပီး ေဒါပြသြားသည္ထင္။တ႐ႈး႐ႈးတ႐ွဲရဲွဲျဖင့္ မိုးကာေအာက္က မ်က္ႏွာကို မိမိမ်က္ႏွာကို အမိအရေသခ်ာလိုက္ၾကည့္သည္။
ေဆာ့ဂ်င္သည္ ႐ုတ္တရက္ လန္႔သြားကာ လုပ္မိလုပ္ရာလုပ္လိုက္မိသည္။မိမိမ်က္ႏွာနားအတင္းကပ္လာေသာ သူ႕မ်က္ႏွာေၾကာင့္ ရင္ဘတ္ကို အားကုန္ေဆာင့္တြန္းလိုက္မိသည္။
“အား..”
သူ ေနာက္တစ္ႀကိမ္ အမွားလုပ္မိသြားၿပီ။တကယ္ဆို တြဲထူေပးၿပီး ေတာင္းပန္စကားတစ္ခြန္းေလာက္ ဆိုခဲ့သင့္တာ။အနာေပၚ ေနာက္ထပ္အနာဆင့္ေအာင္ တြန္းလိုက္မိၿပီ။
သူ အသားကုန္ေျပးေပမယ့္ ခြၽဲက်ိေနေသာ လမ္းမေၾကာင့္ ထင္သေလာက္အရာမဝင္ခဲ့။ေနာက္ဘက္ဆီမွ ေျခသံတဖ်ပ္ဖ်ပ္ႏွင့္အတူ သူ႕ပခုံးတစ္ဖက္ကို အားေကာင္းသန္မာေသာ လက္တစ္ဖက္က ဆြဲလွည့္ျခင္းခံလိုက္ရသည္။
“မင္း.. ဘာလို႔”
သူႏွာေခါင္း႐ိုးတည့္တည့္သို႔ ဝင္လာေသာ လက္သီးက လမ္းတစ္ဝက္မွာပင္ ရပ္တန္႔သြားသည္။သူ႕မ်က္လုံးေပၚတြင္ မိုးကာအက်ီ၏ ေခါင္းစြပ္အဖ်ားက ဝဲက်ေနေသာေၾကာင့္ ေကာင္ေလးမ်က္ႏွာကို ေသေသခ်ာခ်ာမျမင္ရ။ၾကည့္ဖို႔လည္း မလိုဟုထင္သည္။
“မင္း လက္ကိုဖယ္ေပး”
ထိုစကားတစ္ခြန္းသာ ဆိုၿပီးသည္ႏွင့္ ေကာင္ေလး၏ ျမင္ကြင္းကေန ေပ်ာက္ကြယ္သြားေအာင္အထိ သူအေသာ့ႏွင္ခဲ့သည္။
အိမ္ျပန္ေရာက္ေသာအခါ မိုးကာအက်ီကို ေရစစ္လိုက္ရင္း ဆံပင္ဖ်ားက မိုးေရတို႔ကို တဘက္တစ္ထည္ျဖင့္စင္ေအာင္ သုတ္လိုက္သည္။ခုနက အျဖစ္အပ်က္ကို ျပန္ေတြးတိုင္း ရင္ခုန္မႈေရာ ရင္တုန္မႈေရာ ေရာႁပြန္းေနသည္။
ရင္ခုန္မႈႏွင့္အတူ အားနာစိတ္ကပါ ေရာယွက္ေနသည္။မိမိေၾကာင့္ ဆိုင္ကယ္လဲရသည့္အျပင္ ေနာက္ထပ္တစ္ႀကိမ္ အတြန္းခံလိုက္ရေသာ ေကာင္ေလးကို ေနာက္ထပ္တစ္ႀကိမ္ ျပန္ဆုံခဲ့ေသာ္ ႐ွိေသာ္ ေတာင္းပန္ စကားဆိုရမည္ဟု သူေတြးခဲ့သည္။
ထိုေကာင္ေလးသည္ သူ႕ဘဝတြင္ အခ်စ္ရဆုံးေသာသူတစ္ဦးျဖစ္လာခဲ့မည္ကိုေတာ့ ထိုစဥ္က သူမသိခဲ့ေပ။
𖧷.𖧷.𖧷
ေဆာ့ဂ်င္သည္ တရားသူႀကီးဂြၽန္ကို ေနာက္ေယာင္ခံလိုက္ေနသည္မွာ တစ္လေက်ာ္ခန္႔႐ွိၿပီျဖစ္သည္။
ဖခင္ျဖစ္သူ၏ မတရားေခ်ာက္ခ်ခံရမႈ၊လူသတ္တရားခံအျဖစ္ စြပ္စြဲခံရမႈတို႔တြင္ တရားသူႀကီးဂြၽန္ဂ်ယ္အင္းသည္ တရားခံမဟုတ္သည့္တိုင္ေအာင္ ၾကံရာပါျဖစ္ေနခဲ့ေသာေၾကာင့္ျဖစ္သည္။
သူငယ္ခ်င္းႏွစ္ေယာက္ စိတ္တူကိုယ္တူ ႀကိဳးစားၿပီး ထူေထာင္ခဲ့ၾကေသာ ေဆာက္လုပ္ေရးပစၥည္းမ်ားေရာင္းဝယ္သည့္ ကုမၸဏီသည္ အၿပိဳင္အဆိုင္ မ်ားလာသည့္ ၾကားက တ႐ွိန္ထိုးေအာင္ျမင္မႈမ်ားရခဲ့သည္။
ေဆာ့ဂ်င္၏ အေဖက ထိုကုမၸဏီတြင္ မန္ေနဂ်ာရာထူး၊ အေဖ့သူငယ္ခ်င္းက ကုမၸဏီ ပိုင္႐ွင္ေပမယ့္ အလုပ္႐ွင္ႏွင့္ အလုပ္သမားမခြဲျခားဘဲ ညီအစ္ကိုလို၊သူငယ္ခ်င္းလို လည္ပင္းဖက္ေပါင္းခဲ့ၾကသည္။ေဆာ့ဂ်င္တို႔အိမ္ကို အၿမဲတေစ ဝင္ထြက္သြားလာၿပီး ႏွစ္အိမ့္တစ္အိမ္လို ေနခဲ့ၾကတာျဖစ္သည္။
ထိုမွ်ေလာက္ ခ်စ္ခင္ရင္းႏွီးၾကေသာ သူငယ္ခ်င္း၏ ႏွစ္ဦး၏ၾကားတြင္ ဆိုး႐ြားလြန္းေသာ ကံၾကမၼာ အလွည့္အေျပာင္းက မုန္တိုင္းတစ္ခုလို အ႐ွိန္ျပင္းစြာ တိုက္ခတ္သြားခဲ့သည္။
လူသတ္မႈတဲ့။
မန္ေနဂ်ာက ေငြအလြဲသုံးစားလုပ္ၿပီး မဖုံးႏိုင္မဖိႏိုင္တဲ့အဆုံး သူေဌးျဖစ္သူကို သတ္လိုက္သတဲ့။
အေတာ္ဆုံး အေကာင္းဆုံးေ႐ွ႕ေနကို ငွားၿပီး အေဖ့အတြက္ တရားမႈကိုျပန္လည္ ႐ွာေဖြေပးခဲ့ေပးမယ့္ အာဏာႏွင့္ေငြေၾကး၏ အ႐ွိန္အဝါကိုေတာ့ အႏိုင္မယူႏိုင္ခဲ့။
ေနာက္ဆုံး အားကိုးအားထားျပဳစရာ ေကာက္႐ိုးတစ္မွ်င္ေလးေတာင္ မက်န္ေတာ့သည့္ အခ်ိန္ထိ သူႀကိဳးစားခဲ့ပါေသးသည္။႐ွိသမွ် မာနေတြသိကၡာေတြကို ေဘးဖယ္ၿပီး တရားသူႀကီးဂြၽန္ေ႐ွ႕တြင္လည္း ဒူးေထာက္ခဲ့ဖူးသည္။သို႔ေသာ္ သဲထဲေရသြန္သလိုမ်ိဳး နည္းနည္းေလးေတာင္ အရာမထင္ခဲ့။
ဖခင္ျဖစ္သူလည္း ေထာင္ထဲမွာပင္ ဆုံးပါးသြားခဲ့သလို ပတ္ဝန္းက်င္၏ အထင္အျမင္ေသးမႈ၊ေစာ္ကားမႈဒဏ္တို႔ကို တစ္ေပြ႕တစ္ပိုက္ခံလိုက္ရေသာအခါ မိခင္ျဖစ္သူလည္း အိပ္ရာထဲ ဗုန္းဗုန္းလဲေတာ့သည္။
ထို႔ျပင္ဆုံးပါးသြားေသာ သူေဌးတြင္ သားသမီးေထာက္ခံမ႐ွိဘဲ ဇနီးျဖစ္သူတစ္ဦးတည္းသာ က်န္ခဲ့သည္။ဇနီးျဖစ္သူကလည္း စီးပြားေရး ကိစၥတို႔ကို အရင္ကတည္းက စိတ္မဝင္စားသူျဖစ္ရကား သိပ္မၾကာခင္မွာပင္ ႏိုင္ႏိုင္နင္းနင္းဦးစီးမည့္သူမ႐ွိသည့္ ကုမၸဏီကို အဆမတန္ေလ်ာ့ေစ်းျဖင့္ ၿပိဳင္ဘက္ကုမၸဏီတစ္ခုကို ေရာင္းခ်လိုက္ရသည္။
ထိုၿပိဳင္ဘက္ ကုမၸဏီ၏ CEOသည္ ေဂ်ာင္ကုအေဖ တရားသူႀကီးဂြၽန္ဂ်ယ္အင္း၏ အရင္းႏွီးဆုံးမိတ္ေဆြျဖစ္သည္။
အေျဖကေတာ့ ႐ွင္းပါသည္။
အရင္ကတည္းက ရန္ၿငိဳးရန္စလည္း ႐ွိသည့္အျပင္ ၿပိဳင္ဘက္ျဖစ္ေသာ ကုမၸဏီသူေဌးကို လုပ္ၾကံသတ္ျဖတ္ကာ တရားသူႀကီးႏွင့္ေပါင္းၿပီး မန္ေနဂ်ာ ျဖစ္သူကို တရားခံျဖစ္ေအာင္ သက္ေသအတုမ်ားႏွင့္ ပုံခ်၊သူေဌးေရာမန္ေနဂ်ာကိုေရာ အျပတ္႐ွင္းၿပီးသည့္အခါ ဦးစီးမည့္သူမ႐ွိသည့္ ကုမၸဏီကို ေစ်းသက္သက္သာသာႏွင့္ လြယ္လင့္တကူ ဝယ္ယူလိုက္ျခင္းျဖစ္သည္။
ထိုအမႈသည္ ႏွစ္မ်ားစြာ ၾကာသည့္တိုင္ေအာင္ သူ႕ရင္ထဲတြင္ အစိုင္အခဲတစ္ခုအျဖစ္က်န္ရစ္ခဲ့သည္။ထို႔ေၾကာင့္ တရားသူႀကီးဂြၽန္ကိုေရာ ကုမၸဏီကို ဝယ္ယူသြားသည့္ သူေဌးကိုပါ ဒုကၡေပးဖို႔ သူအၿမဲအကြက္ေခ်ာင္းေနခဲ့သည္။
လြန္ခဲ့ေသာ ရက္က သူသည္ သတင္းအစအနတစ္ခုကို လိုက္ရင္း ေသခ်ာေပါက္ ဒုကၡေပးႏိုင္မည့္ တိက်ခိုင္လုံေသာ သတင္းတစ္ခုကို ရခဲ့သည္။
ထို႔ေၾကာင့္ တရားသူႀကီးဂြၽန္၏ အိမ္ႏွင့္မလွမ္းမကမ္း တစ္ေနရာမွေန၍ အေျခအေနကိုေစာင့္ၾကည့္ခဲ့သည္။
သိပ္မၾကာလိုက္...
သူထင္သလိုပါပင္။အိမ္ထဲကေန မိန္းကေလးငယ္တစ္ဦး၏ ပခုံးကိုဖက္ကာ ထြက္လာသည့္ တရားသူႀကီးဂြၽန္။မိန္းမကိစၥလိုက္စားေသာ ဂြၽန္ဂ်ယ္အင္းသည္ အမႈသည္မ်ား၏ သမီးျဖစ္သူ၊ညီမျဖစ္သူ စသည့္ မိန္းကေလးမ်ားကိုပင္အလြတ္မေပး။ပိုက္ဆံ႐ွိသူ ၊ၾသဇာေညာင္းသူမို႔ အရာရာကိုေငြႏွင့္ေျဖ႐ွင္းလိုက္သည္က မ်ားသည္။
ေဆာ့ဂ်င္သည္ လက္ေႏွးမေတာ့ဘဲ ထိုပုံမ်ားကို အမိအရ႐ိုက္ယူလိုက္သည္။ဓာတ္ပုံမ်ားအျပင္ video fileပါ ရေအာင္႐ိုက္ယူခဲ့သည္။
“ဒီပုံေလးေတြက မနက္ျဖန္က်ရင္ သတင္းစာရဲ႕ ေခါင္းႀကီးပိုင္းသတင္းတစ္ပုဒ္ အျဖစ္ပါလာေတာ့မွာေပါ့ ”
ႏႈတ္ခမ္းေပၚက ခပ္လြန္႔လြန္႔အျပဳံးႏွင့္အတူ အက်ီအိတ္ထဲ ကင္မရာကိုထိုးထည့္လိုက္သည္။ထို႔ေနာက္ လွ်ာထိုးဦးထုပ္ကို ခပ္ငိုက္ငိုက္ေဆာင္းၿပီး အေမွာင္ထဲသို႔ တိုးဝင္ေပ်ာက္ကြယ္သြားေတာ့သည္။
ေနာက္တစ္ေန႔တြင္ ေဆာ့ဂ်င္သည္ ထိုဓာတ္ပုံမ်ားကို (....) သတင္းစာတိုက္၏ အယ္ဒီတာခ်ဳပ္ ခ်ာအြန္းေယာ့ထံ ပို႔ေပးခဲ့သည္။
ေလာဘရမၼက္ႀကီးေသာ ခ်ာအြန္းေယာ့သည္ သတင္းတစ္ပုဒ္အျဖစ္ ေဖာ္ျပရမည့္အစား ဂြၽယ္ဂ်ယ္အင္းထံသို႔ ဓာတ္ပုံႏွင့္ ေငြေၾကးတို႔ကို အလဲအလွယ္ထပ္လုပ္ခဲ့သည္။
ေကာက္က်စ္ယုတ္မာသည့္ အရာတြင္ ဘုရင္တစ္ဆူျဖစ္ေသာ တရားသူႀကီးဂြၽန္သည္ ခ်ာအြန္းေယာ့ကို အလြတ္မေပးခဲ့။ေၾကးစားလူမိုက္တစ္ခ်ိဳ႕ကို ငွားရမ္းကာ မေသမခ်င္း႐ိုက္ၿပီး ႏွိပ္စက္ခဲ့ၿပီး ဓာတ္ပုံေရာ ေငြကိုပါျပန္ယူခဲ့သည္။
ရလာဒ္ကေတာ့ ခ်ာအြန္းေယာ့အသက္ကို ဝင္ကယ္ခဲ့သည္ ေဆာ့ဂ်င္ သည္ပင္ ဝမ္းဗိုက္မွာ ဓားဒဏ္ရာရခဲ့သည္။ကံေကာင္းသည္က ကင္းလွည့္သည့္ရဲကားမ်ား ေရာက္လာ၍သာ ဒီထက္အေျခအေနမဆိုးသြားျခင္းျဖစ္သည္။
မည္သည့္ မတရားမႈမ်ိဳးကိုမဆို ေငြေၾကးကပင္အႏိုင္ယူသည္ကို မ်က္ဝါးထင္ထင္ ျမင္လိုက္ရေသာအခါ ေဆာ့ဂ်င္ စိတ္ပ်က္သြားသလို,ပိုၿပီးလည္း မုန္းတီးသြားခဲ့သည္။
ထိုအသိုင္းအဝိုင္းႏွင့္ မည္သည့္အခါမွ မပတ္သက္ခ်င္ေသာ သူ႕ကို ကံၾကမၼာက ျပက္ရယ္ျပဳခဲ့ပုံရသည္။
တစ္စုံတစ္ေယာက္ကို ႏွလုံးသားထဲက လိႉက္လိႈက္လွဲလွဲခ်စ္မိသြားလွ်င္ ဘာမဆို ရင္ဆိုင္ဝံ့ေသာ စြမ္းအင္တစ္မ်ိဳး႐ွိသလားေတာ့ မေျပာတတ္။အတန္တန္ထိန္းခ်ဳပ္ေနသည့္ ၾကားမွ သူ႕ႏွလုံးသားသည္ ရင္ဘတ္ထဲမွ အတင္း႐ုန္းကန္ ထြက္ကာ ေဂ်ာင္ကုဆီသို႔ တစိုက္မတ္မတ္ သြားေနခဲ့ေလၿပီ။
သူ႕ဘဝတြင္ တစ္ခါသာ နက္နက္နဲနဲ ခ်စ္မိေသာ ခ်စ္သူႏွင့္ပဲ ေအးေအးခ်မ္းခ်မ္း ေနသြားခ်င္သည္။လြန္ခဲ့သည့္ ၅ ႏွစ္လုံး အမုန္းတရား၊အၿငိဳးတရားမ်ားႏွင့္ ဒဏ္ရာဒဏ္ခ်က္မ်ားျပည့္ေနသည့္ သူ႕ႏွလုံးသားကို ေဂ်ာင္ကု၏ အခ်စ္တို႔ျဖင့္ ကုစားခ်င္သည္။
ခိုင္မာေသာ ဆုံးျဖတ္ခ်က္တစ္ခုႏွင့္အတူ လက္ထဲက ကင္မရာေလးကို ထိုပလတ္စတစ္အိတ္ထဲသို႔ ျပန္လည္သိမ္းဆည္းလိုက္သည္။ထို႔ေနာက္ အခန္းတံခါးကို ျပန္ပိတ္လိုက္ကာ ေသာ့ခတ္လိုက္ေတာ့သည္။
အရာအားလုံးကို ေသာ့ခတ္ၿပီး ျပည္ဖုံးကား ခ်လိုက္ၿပီ။
ဒါေတြအားလုံး မင္းကိုခ်စ္တဲ့အခ်စ္ေတြေၾကာင့္ပဲ။ခ်စ္ျခင္းေမတၱာေတြနဲ႔႐ိုးသားတဲ့ ဘဝတစ္ခုကို တည္ေဆာက္ၾကမယ္။
𖧷.𖧷.𖧷
AN. ႐ႈပ္မ်ားသြားၾကၿပီလား မသိ။
အပိုင္း ၁,၆,၇,၈,၉,၁၄ တို႔မွာလည္း ျပန္ဖတ္လို႔ရပါတယ္။တစ္ပိုင္းနဲ႔တစ္ပိုင္း ကြာသြားတဲ့အခါက်ေတာ့ မဆက္စပ္မိမွာစိုးလို႔ ဒါေလးကို သီးသန္႔ေရးလိုက္တာပါ။
အခုရက္ပိုင္းေတြထဲ ညဘက္အိပ္မေပ်ာ္တာေတာ္ေတာ္ၾကာၿပီရယ္။အနည္းဆုံး မနက္၃ နာရီေလာက္မွ အိပ္လို႔ရတယ္။အိပ္ေရးမဝေတာ့ စာေရးရတာေတြလည္း ေတာင္ေရာက္ေျမာက္ေရာက္ေတြနဲ႔ ေပါ့သြားရင္လည္း ေတာင္းပန္ပါတယ္။
ကိုယ္ေရးတဲ့ fic ေတြနဲ႔ပတ္သက္ၿပီး ေမးစရာတို႔ေဆြးေႏြးစရာတို႔႐ွိရင္ message boxမွာလာေမးလို႔ရပါတယ္။
ၿပီးေတာ့ ကုကုေလးေမြးေန႔က်ရင္ အမွတ္တရေလးတစ္ခုစီစဥ္ထားပါတယ္။အဲဲ႕ဒီေန႔အထိ အင္တာနက္လိုင္းေတြမျပတ္ဘဲ ဒီလိုပဲသုံးလို႔ရေနမယ္ဆိုရင္ေတာ့ update တင္ေပးပါ့မယ္။သေဘာက်မယ္လို႔ထင္တဲ့ တစ္ခုေပါ့။အခုေတာ့ မေျပာေသးဘူး(≧∇≦)/
Thanks for reading & votingRiona🌼
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



