~ 14 ~
16:51, 17 July 2021Unicode_______
"အထဲ ဝင်ဖို့မဖိတ်တော့ဘူးလား"
ခနဲ့တဲ့တဲ့ အသံကြားမှ ဆော့ဂျင် အသိပြန်ဝင်လာရကာ စူးရဲစွာပြန်မော့ကြည့်လိုက်သည်။ဒီလူ့မျက်စိအောက်မှာ ဘယ်တော့မှ သိမ်ငယ်ဟန် ကြောက်ရံွ့ဟန်ပြဖို့ မလိုသလို ရိုကျိုးနေဖို့လည်း မလိုပါ။ဂျွန်ဂျောင်ကု အဖေ ဖြစ်နေခဲ့ရင်တောင်ပေါ့။
"ဝင်ပါ "
တစ်ခွန်းသာပြောပြီး နောက်လှည့်မကြည့်တော့ဘဲ ဆော့ဂျင်ဦးဆောင်ပြီး အိမ်ထဲပြန်ဝင်လိုက်သည်။ပုံမှန်ဆို မိမိအိမ် ဧည့်သည်လာလျှင် အနည်းဆုံး ကော်ဖီတစ်ခွက် ချပေးမိမှာ မှန်ပေမယ့် ထိုသူ့ကိုတော့ ရေတစ်စက်လေးမှတောင် တိုက်ဖို့ဆန္ဒ မရှိပါ။ ၅ နှစ်ကျော်ကြာခဲ့ပေမယ့် ရင်ထဲက ဒဏ်ရာက ခုထိအနာမှ မကျက်သေးတာ။အမာရွတ် ခပ်ကြီးကြီးနဲ့ သေရာပါဒဏ်ရာအဖြစ် တစ်စုံတစ်ယောက်ကို မြင်တိုင်း လတ်လတ်ဆတ်ဆတ် ဒဏ်ရာအသစ် သဖွယ် ရောဂါဟောင်းက ပြန်ထလာနေတုန်း။
"ငါတို့ဂျောင်ကုလေး ဒီလောက်စွဲလမ်းနေတာ အံဩစရာတော့မရှိပါဘူး။မျက်နှာက ပြည့်စုံတယ်"
တခြားတစ်ယောက်သာဆို ကျေးဇူးတင် စကားဆိုမိမှာပေမယ့် အခုတော့ဖြင့် ဆော့ဂျင်မှာ တုပ်တုပ်မျှပင်မလှုပ်ပါ။ထိုသူကြည့်သလိုပင် ခပ်စူးစူးပြန်ကြည့်ပေးလိုက်သည်။
"ပြောပါဦး။မိဘ..အလုပ်အကိုင်.. ပညာရေး"
"အိမ်အထိတောင် ရောက်လာပြီးမှတော့ ဘာလို့ မသိချင်ယောင်ဆောင်မေးနေသေးတာလဲ။အားလုံး သိပြီးပြီထင်တယ်"
မထင်မှတ်ထားသော တုံ့ပြန်မှုကြောင့် ဂျွန်ဂျယ်အင်း တစ်ယောက် ရုတ်တရက် အံဩသွားရာမှ ဟက်ကနဲ ရယ်သွမ်းသွေးဟန်ပြုကာ ချက်ချင်းပြောင်းလဲပစ်လိုက်သည်။ဘဝတစ်လျှောက်လုံး တရားသူကြီးဟူသော အရှိန်အဝါဖြင့် အမြင့်မှာနေခဲ့သမျှ ဒီကောင်လေးနဲ့ကျမှ ပထမဦးဆုံးအကြိမ် တစ်ခုခု သိမ်ငယ်သလိုခံစားသွားရသည်။
သို့သော် မိမိသည် အသက် ၅၀ကေျာ်အရွယ် တရားသူကြီး။
'ဒီလောက်ကတော့ အပျော့ပါ'ဟူသော အကြည့် တို့ဖြင့် ရှေ့က ပန်းပုရုပ်သဖွယ် ချောမောခန့်ညားသော မျက်နှာပိုင်ရှင်ကို ပြန်ကြည့်လိုက်သည်။
"အဟက် မခေဘူးပဲ"
မိုးရေထိထားသော စိုထိုင်းထိုင်း ဆံပင်တို့ကို နဖူးပေါ် လှန်တင်ထားတာမို့ မဟာဆန်သော နဖူးပြင်က မကျဥ်းမကျယ်နှင့် ကျက်သရေရှိစွာ ခန့်ညားလွန်းသည်။ပခုံးကျယ်ကျယ်နှင့် လိုက်ဖက်စွာ မြင့်မားသော အရပ်၊အချိုးအဆစ်ကျနလွန်းသော ခန္ဓာကိုယ် အချိုးအစားနှင့်ထိုကောင်လေးကို သူ့သား ဂျွန်ဂျောင်ကုလို အပေအတေလေးက ဘယ်လိုလိုက်ခဲ့သည်တော့မသိ။
အိမ်မှာဆို ခံမပြောနားမထောင် ကောင်လေးသည် ဆော့ဂျင် ရှေ့ရောက်လျှင်တော့ ချစ်စရာကောင်းပြီး ဖြူစင်လွန်းသော ကလေးလေး၊တစ်ခါတစ်ရံကျလျှင်တော့ ဂျီတိုက်တတ်သည့် ကောင်ဆိုးလေးအဖြစ် ရှိနေခဲ့တာကိုတော့ ဂျွန်ဂျယ်အင်း တစ်ယောက် မျက်မြင်ကိုယ်တွေ့မရှိခဲ့ပါ။
"အင်းပေါ့လေ ဂျွန်အိမ်တော်ရဲ့ မိသားစုဝင်ဖြစ်လာမယ့်သူပဲ ဒီလောက်တော့ရှိရမှာပေါ့ "
အသေအချာ အပိုင်သဘောဖြင့် ပြောနေသော ထိုလူကြီးကို ကြည့်ပြီး ဆော့ဂျင် နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်။
"မှားနေပြီထင်တယ်။ခင်ဗျားသားကို လက်ထပ်ဖို့ စိတ်ကူးမရှိသေးဘူး "
သူ မျက်နှာကွက်ကနဲ တစ်ချက်ပျက်သွားပြီးမှ ခပ်ကြာကြာ မျက်လုံးတွေ မှေးစင်းကြည့်လာသည်။ဒီမျက်နှာကို တစ်နေရာရာမှာ မြင်ဖူးသလိုရှိပေမယ့် ဘယ်နေရာမှာ မြင်ဖူးနေမှန်းလဲ စဥ်းစားလို့မရ။ထားပါတော့လေ.. ချာတိတ်တစ်ယောက်အတွက် ခေါင်းစားမနေသင့်ဘူး။
"Ok စောင့်ကြည့်ကြတာပေါ့"
ဂျွန်ဂျယ်အင်း နည်းနည်းတော့ ရင်ခံသွားသည်။ကိုယ့်သားက ဆိုးတာပေတာ မှန်ပေမယ့် ထိုကောင်လေးကိုတော့ တော်တော်လေးစွဲလမ်းသည့်ပုံ။နှစ်ယောက်လုံး အချစ်ကြီးချစ်နေကြတာလို့ထင်ခဲ့ပေမယ့် အထင်နဲ့အမြင်က တက်တက်စင်အောင်လွဲနေပြီ။ကောင်လေးက ဂျောင်ကုကို အပျော်တွဲဟန်တူသည်။
"ကောင်းသောညပါ ကောင်လေး"
ဆော့ဂျင် အိမ်ရှေ့အထိလည်း လိုက်မပို့တော့ပါ။ဝတ္တရားကျေရုံ ခေါင်းတစ်ချက်သာ ငြိမ့်ပြပြီး အိမ်ရှေ့က ကားသံကြားပြီးသည် ခြံတံခါးရော အိမ်တံခါးပါ အပြီးသော့ခတ်ပစ်လိုက်သည်။
ထို့နောက် အားအင်တွေ ရုတ်တရက် စုပ်ယူခံထားရသလို ခြေကုန်လက်ပမ်းကျကာ တစ်ကိုယ်လုံး လှုပ်နိုင်စွမ်းတောင်မရှိတော့။ရန်သူဟောင်းကို ပြန်တွေ့လိုက်ရသည့် လူတစ်ယောက်လို သူ့ရင်ထဲ ခံစားချက်မျိုးစုံ ရောပြွန်းနေသည်။ခံပြင်းမှုရော ဝမ်းနည်းမှုရောပါ တစ်ဟုန်ထိုးတိုးဝင်လာသည်။
"ဘာလို့လဲ... သူက ဘာလို့ ဂျောင်ကုအဖေဖြစ်နေရတာလဲ။တခြားမဟုတ်ဘဲ ငါ့ချစ်သူရဲ့ အဖေတဲ့လားကွာ"
ကုတင် ခြေရင်းမှာပင် သူထိုင်ချလိုက်ရင်း ထိုစကားကိုပဲ အထပ်ထပ်ဆိုနေမိသည်။အမြဲတမ်း သူ့မျက်နှာရိပ်မျက်နှာကဲ ကြည့်နေတတ်သည့် ဂျောင်ကုနှင့် ထိုသူ့မျက်နှာကို တွဲမြင်ယောင်မိသည့်အခါ ခေါင်းတွေ သွက်သွက်ခါအောင် ခါရမ်းပစ်လိုက်သည်။
ဘယ်လိုပဲ ဖြစ်နေပါစေ သူတို့တွေက သွေးသားတော်စပ်နေသည့် သားအဖပဲမဟုတ်လား။
𖧷. 𖧷. 𖧷
လွန်ခဲ့သော ၅ နှစ်~~~~
တက္ကသိုလ် ကျောင်းသားတစ်ယောက် ဖြစ်သော ဆော့ဂျင်သည် တ,တိုင်းရသည့် ဘဝမဟုတ်ပေမယ့် လိုလေသေးမရှိအောင် အတော်လေး ဂရုစိုက်ခံရသော မိသားစုအသိုင်းအဝိုင်းမှ ပေါက်ဖွားလာခဲ့ပါသည်။
ဆောက်လုပ်ရေး ကုမ္ပဏီ၏ မန်နေဂျာ ဖခင်ဖြစ်သူနှင့် အိမ်မှုကိစ္စ နိုင်နင်းသော အိမ်ထောင်ရှင်မကောင်း မိခင်ဖြစ်သူ၏ အုပ်ထိန်းမှုအောက်တွင် သူ၏ ဆယ်ကျော်သက်နေ့ရက်များသည် ရွှေရောင်လွှမ်းခဲ့သည်။သူနှင့် ၆နှစ်ကွာသော ညီငယ်လေးကလည်း ဆိုးသွမ်းသည့်အထဲတွင် မပါပေမယ့် ခေတ်လူငယ်ပီပီ အသောက်အစား အပျော်အပါး နည်းနည်း ရှိတာကလွဲလို့ မိဘနှစ်ပါးလုံးအတွက် ဂုဏ်ယူစရာ သားကောင်းများဖြစ်ခဲ့ပါသည်။
ထိုအခြေအနေအားလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့သည်က ကံဆိုးမှုများကို သယ်ဆောင်လာခဲ့သော မိုးသည်းသည့်နေ့တစ်နေ့ဖြစ်ခဲ့သည်။
ထိုနေ့က ဆော့ဂျင် ကျောင်းက အိမ်ကိုအပြန်အလာ အမေ့ငိုသံကိုပထမဆုံးအကြိမ် ကြားခဲ့ရခြင်း။
လူမှန်းသိတတ်စ ကတည်းက အမေငိုတာ သူမတွေ့ခဲ့ဖူးပါ။အမြဲတမ်း စိတ်ဓာတ်ကြံ့ခိုင်ပြီး သားနှစ်ယောက်၏ စံပြမိခင်အဖြစ်ရှိပေးခဲ့သော အမေသည် ထိုနေ့ညနေက သည်းသည်းထန်ထန်ငိုကြွေးခဲ့သည်။
"မေမေ ဘာဖြစ်လို့လဲဟင် "
သူ့ အသံကြားသောအခါ အမေသည် သူ့လက်ကို အားကိုးတကြီးဆုပ်ကိုင်ပြီး ချက်ချင်းစကားမပြောနိုင်ဘဲမျက်ရည်မဆည်နိုင်အောင် ရှိနေခဲ့သည်။
"သား...သား.....ဖေဖေ့ကို ရဲတွေလာဖမ်းသွားပြီ"
"ဟမ်!!! ဘာ...ဘာလို့လဲ...ဘာဖြစ်လို့လဲ"
"လူ...လူသတ်မှုတဲ့"
"မဖြစ်...မဖြစ်နိုင်တာ "
ဖေဖေ ဘယ်လောက်ရိုးသားသလဲ ဆိုတာ သူအသိဆုံး။သားနှစ်ယောက်ကိုတောင် တစ်ခါမှ မာမာထန်ထန်မပြောခဲ့ဖူးသော စိတ်နှလုံး နူးညံ့သော အဖေက လူသတ်သည်တဲ့။ရယ်စရာတော့ ကောင်းသား။
"သေသွားတဲ့ သူက ဘယ်သူလဲ"
"သူ...တို့...သူဌေး....."
"မဖြစ်နိုင်တာဗျာ...မဖြစ်နိုင်တာတွေ"
အဖေနဲ့ သူဌေးနဲ့က ငယ်ငယ်ကတည်းက လည်ပင်းပေါင်းဖက်လာတဲ့ သူငယ်ချင်းတွေ။တက္ကသိုလ်တက်တော့လည်း အတူတူ၊စီးပွားရေးလုပ်တော့လည်း လက်တွဲညီညီနဲ့ ကြိုးစားမှုကြောင့် ဒီလောက်ထိ စီးပွားဖြစ်လာခဲ့တာ။သူဌေး နဲ့မန်နေဂျာဆက်ဆံရေးထက် အလွန်ချစ်ခင်ရင်းနှီးသော ညီအစ်ကိုသဖွယ်။ဒီလို လူမျိုးကို အဖေက သတ်သည်တဲ့။
"စိတ်မပူနဲ့နော် မေမေ။ မေမေက လဲသွားလို့မဖြစ်ဘူး။ညီလေးသိသွားရင် ပိုအားငယ်လိမ့်မယ်နော်။ဒီကိစ္စ ကျွန်တော်သေချာသိအောင် လုပ်မယ်။ဖေဖေ့အမှုအတွက် ရှိသမျှ ပိုက်ဆံသုံးပြီး အကောင်းဆုံးရှေ့နေငှားကြမယ်ဗျာ..နော်"
သားအကြီးဆုံးဟူသော ဘွဲ့ကိုခံယူထားသော သူသည် မိခင်ဖြစ်သူကို အထပ်ထပ်အားပေးကာ ဖခင်၏ အမှုအတွက် တတ်နိုင်သလောက် ဉာဏ်စွမ်းရှိသမျှ ကြိုးစားခဲ့ပါသည်။
အတော်ဆုံး ေရှ့နေကိုငှားကာ အဖေ့အမှုအတွက်ကြိုးစားခဲ့ပေမယ့် အရာမထင်ခဲ့ပါ။အစပိုင်းတုန်းက အားတက်သရော ကြိုးစားပေးခဲ့သော ရှေ့နေ သည် နောက်ပိုင်းတွင် အချိုးပြောင်းသွားကာ ထိရောက်သော ကာကွယ်မှုမျိုးမပေးခဲ့ပေ။ဘာကြောင့်လဲ ဆိုတာ သူ နားမလည်ခဲ့။အဆိုးဆုံးက ဖခင်ဖြစ်သူကို ဖမ်းချုပ်ထားသည့်နေ့ကစပြီး မိသားစုဝင်များနှင့်တွေ့ခွင့်မပေးခြင်းဖြစ်သည်။တရားရုံးမှာ အမှုကြားနာချိန်ခဏသာ မြင်တွေ့ခွင့်ရပြီး စကားပြောခွင့်၊တွေ့ခွင့်မပေးခဲ့။
နောက်ဆုံး အားကိုးစရာ ကောက်ရိုးတစ်မျှင်လေးအဖြစ် သူ နောက်ဆုံး မျှော်လင့်ခဲ့သည်က သူ့ဘဝမှာ တိတ်တိတ်လေး အားကျနေခဲ့ရသော 'တရားသူကြီးဂျွန်ဂျယ်အင်း'။
ဆော့ဂျင်တို့ ကျောင်းသားဘဝကတည်းက ဆိုးလ်မြို့မှာ တရားသူကြီးဂျွန် ဟု ဆိုလျှင်မသိတဲ့သူမရှိလောက်တဲ့အထိ နာမည်ကြီးသည်။အကျင့် သိက္ခာကောင်းမှု၊သနားညှာတာတတ်မှု၊တရားနည်းလမ်းကျကျ ညီညီမျှမျှ ဆုံးဖြတ်ဆင်ခြင်နိုင်သည့် နေရာတွင် တရားသူကြီးဂျွန်သည် အမြဲတမ်းနံပါတ်တစ်နေရာက ဖြစ်သည်။ဆော့ဂျင် အိမ်မက်က တရားသူကြီး ဂျွန်လို အကျင့်သိက္ခာကောင်းပြီး လူအများလေးစားရတဲ့ တရားသူကြီးတစ်ယောက်ဖြစ်လာဖို့။
နောက်ဆုံး ကြံရာမရတဲ့မဆုံး အရဲကိုးပြီး သူတစ်ခေါက်လောက်တော့ စွန့်စားကြည့်ချင်ခဲ့သည်။အဖေ့အမှုအတွက် အထောက်အကူရလိုရငြားပေါ့။
"တရားသူကြီးမင်း.....ကျွန်တော်က အမှုသည်ရဲ့သားပါ။ဖေဖေက မတရားချောက်ချခံရတာပါ။သနားသော အားဖြင့် ကူညီပေးပါနော်"
ထို့နေညနေက ရှိသမျှ သိက္ခာတွေ မာနတွေအကုန်ခဝါချကာ အစွယ်ကျိုးသော မြွေတစ်ကောင်လို သူဒူးထောက်တောင်းပန်ခဲ့သည်။တရားသူကြီးဂျွန်၏ ကားပေါ်တက်လုဆဲဆဲ ခြေထောက်တွေက သူ့ရှေ့မှာ။ရှုးဖိနပ်ထိပ်ပြောင်ပြောင်က သူ့မျက်နှာနှင့် ထိလုမတတ်။
"ဆွဲထုတ်သွားကြစမ်း..အာရုံနောက်တယ် "
"တရားသူကြီး...တရားသူကြီးမင်း တစ်ခါလောက်လေးပဲ ဖြစ်ဖြစ် အမှုကိုပြန်စစ်ဆေးပေးပါ"
"အသုံးမဝင်ဘူး ချာတိတ်။မင်းအဖေက အမှိုက်လိုကောင်မို့လို့ အမှိုက်တစ်စကိုရှင်းပစ်ခဲ့ရုံလောက်ပဲ"
သူ့နားနားကပ်ပြီး ပြောသွားသော စကားသံတိုးတိုးသည် ဗုံးတစ်လုံးထက်ပင် ပေါက်ကွဲအားပြင်းခဲ့သည်။ကြက်သီးထစရာ အေးစက်သော ထိုလေသံအဆုံးမှာ သူ့ဆံပင်တွေ ပူကနဲဖြစ်သွားသည်။ပြီးတော့ နှာခေါင်းထဲမှာ ညှော်နံ့တွေ။လက်နဲ့စမ်းကြည့်မိတော့ စီးကရက်ပြာပူပူတွေ။
သူ သွေးသားတွေ ဆူပွက်သွားရကာ သွေးကြောတွေထဲ ဖျဥ်းကနဲဖြစ်သွားသည်။အချိန်အကြာကြီး ဒူးထောက်ခဲ့ရသော သူ့ဒူးခေါင်းတွေကလည်း စပ်ဖျဥ်းဖျဥ်းနဲ့။ဆတ်ကနဲ ခေါင်းမော့ပြီး မျက်လုံးလှန်ကြည့်တော့ အမြဲမြင်တွေ့နေကျ ပြုံးနေတတ်သည့် မျက်နှာနှင့်ဆန့်ကျင်နေသော သရော်ပြုံးတစ်ခု။အေးစက်နေသော ထိုလှောင်ပြုံးကို နှစ်တွေအများကြီး ကြာသည့်တိုင်အောင် သူမမေ့ခဲ့ပါ။
အလကား..မင်းသားမျက်နှာဖုံးစွပ်ထားတဲ့ မကောင်းဆိုးဝါး။
"ဖအေရော သားရော တုံး အ လိုက်ပုံက တစ်ပုံစံတည်းပဲ"
"ငါက ရိုးသားတဲ့သူဆို သိပ်မုန်းတယ် "
သူ တတ်နိုင်သည်က လက်သီးနှစ်ဖက်လုံး ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အောက်နှုတ်ခမ်းတစ်ခုလုံး ပေါက်ထွက်မတတ် ဖိကိုက်နေခဲ့မိသည်။ထိုသူ့ အပြုအမူတွေကိုရော စကားလုံးတွေကိုရော သူ့ရင်ထဲ အသည်းထဲကအထိ မှတ်မိနေခဲ့သည်။
နောက်ဆုံးတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ကျခံခဲ့ရသော အဖေသည် သိပ်မကြာခင်မှာပဲ ထောင်ထဲမှာပင် ချို့ချို့တဲ့တဲ့ သေဆုံးသွားခဲ့ရလေသည်။
ရွှေတောင်ကြီးပြိုလဲသွားသော သူတို့မိသားစုလေးသည် ဒီအခြေအနေထိရောက်အောင် ခက်ခက်ခဲခဲ ပြန်တည်ဆောက်ခဲ့ရသည်။ဆော့ဂျင်ဆိုလျှင် မလုပ်ဖူးသည့် အလုပ်ကခပ်ရှားရှား။ဘွဲ့ရသည်အထိ အချိန်ပိုင်းအလုပ်မျိုးစုံနှင့် လုံးလည်ချပ်ပြား ကျင်လည်ခဲ့ရသည်။သူကြိုးစားခဲ့သမျှအားလုံး အရာထင်ချိန်မှာတော့ မေမေနှင့် တစ်ဦးတည်းသော ညီလေးကလည်း သူ့ကိုထားခဲ့ပြန်သည်။
အဖြစ်အပျက်တွေက မနေ့တစ်နေ့က အတိုင်း။မိသားစုဝင်မရှိ သူငယ်ချင်းများများစားစားမရှိသော သူ့ဘဝတွင် အထီးကျန်မှုနှင့်နေသားတကျရှိခဲ့သည်။နောက်ထပ် ထားသွားခံရမှာကို သူ သေမလောက်ကြောက်သည်။တစ်စုံတစ်ယောက်ကို ထပ်ချစ်မိမှာကိုလည်း ကြောက်သည်။
ထို့ကြောင့် ဂျောင်ကုကို သူအသည်းအသန်ငြင်းခဲ့သည်။ခါးခါးသီးသီး မောင်းထုတ်ခဲ့ဖူးသည်။မချစ်မိဖို့ အတန်တန်ထိန်းချုပ်ခဲ့သည်။
ဘယ်လိုပဲ ငြင်းဆန်ခဲ့ပါစေ...ညှို့ငင်အားကောင်းသော ထိုမျက်လုံးဝိုင်းတွေကိုတော့ ရှောင်လို့တိမ်းလို့မရခဲ့ပါ။အချိန်ယူပြီး သေချာစဥ်းစားပြီးမှ သူ့နှလုံးသားတစ်ခုလုံးက ပုံအပ်လိုက်မိသူက သူရံွရှာမုန်းတီးသော သူ၏ သားအရင်းတဲ့လေ။
ဘယ်လောက်တောင် ဆိုးဝါးလွန်းတဲ့ ကံကြမ္မာပါလိမ့်။
အဆုံးမှာတော့ ထို မျက်လုံးဝိုင်းတစ်စုံကို ဥပေက္ခာပြုပစ်ဖို့ အကြောင်းဖန်လာခဲ့လေပြီ။
𖧷. 𖧷. 𖧷
"အစ်ကိုက နှာခေါင်းရှုံ့တတ်တဲ့ အကျင့်ရှိပြီး တစ်ခုခုကို စဥ်းစားရင် မျက်လုံးလေး အပေါ်လှန်ပြီး နှုတ်ခမ်းလေးလည်း စူသွားတတ်သေးတယ်"
"ရှက်ရင် နားရွက်လေးတွေ ရဲတက်သွားရော"
"ဒေါသထွက်ရင် မျက်တောင် အဖွင့်အပိတ်ခဏခဏလုပ်တတ်တယ်"
"လက်သီးအားပြင်းပေမယ့် လက်ကလေးတွေက သွယ်သွယ်လေးတွေနဲ့ အရမ်းအသည်းယားစရာကောင်းတယ်"
"ကျောက်ပုစွန်ထုပ်၊ခေါက်ဆွဲအေး၊ကြက်သား အရမ်းကြိုက်တယ်"
"RJ ရုပ်လေးတွေကိုလည်း ကြိုက်တယ်"
ဂျောင်ကု မှတ်စုစာအုပ်လေးထဲ ရေးထားသမျှ စာကြောင်းတွေကို နောက်ထပ်တစ်ခေါက် အသံထွက်ဖတ်လိုက်ရင်း ပြုံးလိုက်သည်။
ဒါက အစ်ကိုနဲ့ ပတ်သက်သမျှ သတိထားမိတာလေးတွေ။မျက်နှာအရိပ်အကဲတကြည့်ကြည့်နဲ့ ချစ်နေသူအဖို့ ကိုယ့်ချစ်သူရဲ့ အကြောင်းလေးတွေ မှတ်တမ်းတင်ထားရတာလောက် ကြည်နူးစရာကောင်းတာမရှိတော့။ဘယ်အချိန် ပြန်ဖတ်ဖတ် ရင်ခုန်စရာအတိ။
နောက်ဆုံးတစ်ကြောင်း သူထပ်ဖြည့်လိုက်သည်။
"အစ်ကိုက ငါနဲ့ မိုးရေထဲ အတူလျှောက်သွားရတာကို သဘောကျတယ်"
ပြီးတော့ စာအုပ်လေးကိုပိတ်လိုက်ပြီး ကုတင်ပေါ် လှဲချလိုက်သည်။တစ်နေ့တာကို အစ်ကိုနဲ့ စပြီး အစ်ကိုနဲ့ပဲအဆုံးသတ်ချင်တယ်။အစ်ကို့အကြောင်းတွေပဲ အမြဲတွေးနေချင်တယ်။
ကျွန်တော် ကောင်းကောင်းအိပ်ပျော်ဖို့ အိပ်ယာဝင်ပုံပြင်တွေမလိုဘူး။အစ်ကို့အသံက ကျွန်တော့်ကို စိတ်သက်သာရာ ရစေတယ်။တစ်ခါတစ်လေ မာမာထန်ထန်ပြောတတ်ပေမယ့် စွဲညှို့စွမ်းအားတစ်မျိုးပါဝင်နေပြီး ချိုချိုရှရှလေးပါပဲ။
အစ်ကို့ဆီမှာ ကျွန်တော်မကြိုက်တဲ့အရာ ဘာတစ်ခုမှမရှိဘူး။ကျွန်တော့် မျက်လုံးထဲမှာ အစ်ကိုက အမြဲအပြစ်ကင်းပြီး လေးစားအထင်ကြီးမှုတွေပါ ရောယှက်နေတဲ့ ဘယ်သူနဲ့မှမတူတဲ့ အချစ်မျိုးနဲ့ ချစ်ခဲ့မိတာ။
"ဒီအချိန်ဆို အိပ်များနေပြီလား။ဖုန်းခေါ်ကြည့်ရင် ကောင်းမလား"
လုပ်သင့် မလုပ်သင့် အတွေးတွေ လွန်ဆွဲနေတုန်း နောက်ဆုံး အစ်ကို့အသံကို ကြားချင်စိတ်ကပဲ ကြီးစိုးသွားကာ ဖုန်းနံပါတ်တစ်ချို့ကို ခေါ်လိုက်သည်။contact name မှာပေါ်လာတာက အသည်းပုံလေး နှစ်ခုကြားမှာ "seokjinnie " တဲ့။
သူ အရမ်းခေါ်ချင်နေခဲ့တဲ့ နာမည်လေး။
ဖုန်း wallpaper မှာလည်း သူတို့နှစ်ယောက် အတူ dateတုန်းက မရမက ရိုက်ထားသည့် လက်ချင်းဆုပ်ကိုင်ထားတဲ့ပုံလေးက နေရာယူထားသည်။
"ဟင်!ဘာလဲဟ...စက်ပိတ်ထားတာလား"
"နေများ မကောင်းလို့လား။ညနေက မိုးမိသွားလို့များလား"
ညနေက မိုးရေထဲမှာ အရမ်းပျော်နေပုံရသော အစ်ကိုမျက်နှာကို မြင်ယောင်မိတော့ စိုးရိတ်စိတ်တွေ ဂယက်ထသွားသည်။
"ရှက်သွားတာများလား"
အမျိုးမျိုးတွေးနေသော သူ့အာရုံထဲ ညနေက အနီးကပ်မြင်လိုက်ရသည့် စိုရဲရဲ နှုတ်ခမ်းလုံးတွေကို ပြန်မြင်ယောင်တော့ နှလုံးခုန်သံတွေ နှစ်ဆတိုးသွားသည်။စိတ်ထဲက အကြိမ်ကြိမ်ပစ်မှားနေမိခဲ့သော ထိုနှုတ်ခမ်းလေးက လှတာထက်ပိုလွန်းခဲ့သည်။နူးညံ့အိစက်နေသော စတော်ဘယ်ရီသီးတစ်လုံးရဲ့ အရသာလိုမျိုး။
"အား!ငါ...ဘာတွေ တွေးနေမိတာလိမ့်။မနက်ကျမှပဲ ဆိုင်ကိုစောစောသွားတော့မယ်။အစ်ကို နေကောင်းလောက်မှာပါ"
"ေဂျာင်ကု မအိပ်သေးဘူးလား"
အခန်းတံခါးဝက ဦးလေးရဲ့အသံကြောင့် အခန်းမီးခလုတ်လေးကို လှမ်းပိတ်လိုက်ပြီး ခပ်မြန်မြန်ပဲ ဖြေလိုက်သည်။
"အိပ်ပြီ ဦးလေးရေ"
"ပြတင်းပေါက်တံခါး သေချာပိတ်အိပ်နော်"
အမြဲတမ်း ပြတင်းပေါက်ကို ဖွင့်အိပ်လေ့ရှိသည့် သူ့ကို ဦးလေးက စိုးရိမ်တကြီးမှာသည်။ဒီရက်ပိုင်း ရာသီဥတုက အအေးဓာတ်ဝင်လာပြီ။
စောင်ထူထူကို ပခုံးအထိ ဆွဲခြုံလိုက်ရင်း ပြတင်းပေါက် ကနေ တစ်ဝက်တစ်ပျက်ကျနေသော လရောင်ကို ငေးမိသည်။
ခုညတော့ ကြယ်တွေစုံလို့ပါလား။
ညိုမှိုင်းမှိုင်း ဟိုးကောင်းကင်မှာ တစ်ခါတစ်ရံ လင်းလက်လာတဲ့ အစ်ကို့အပြုံးတွေ..တိမ်ယံတွေ ဖုံးသွားရင်တောင် ကျွန်တော်တမ်းတလို့ ဆုံးမှာမဟုတ်ဘူး။
𖧷. 𖧷. 𖧷
"အစ်ကို့ "
ကားပေါ်က ဆော့ဂျင် ဆင်းလိုက်သည်နှင့် ဂျောင်ကု ဆိုင်ရှေ့က ခုံတန်းတွေပေါ်ထိုင်နေရာကနေ အပြေးလေးသွားသည်။
"ညကလေ ဖုန်းဆက်တာ စက်ပိတ်ထားတယ်တဲ့။နေကောင်းရဲ့လား"
ဆိုင်ထဲရောက်သည့်တိုင် မျက်နှာအရိပ်အကဲကို ကြည့်ပြီး တဖွဖွမေးနေသော သူ့ကို ဘာတုံ့ပြန်စကားမှမဆိုပါ။သာမန်ထက် ပိုတည်ပြီး မျက်မှောင်တွေတွန့်ချိုးထားသော အစ်ကိုသည် တစ်ခုခုကိုအလိုမကျသလိုပုံစံနှင့်။
စိတ်ဆိုးနေတာလား။
ရုတ်တရက် လွန်ခဲ့သောလတွေက အစ်ကို့နောက်ကို ဇွတ်တရွတ် လိုက်ခဲ့တုန်းက အချိန်ကာလတွေကို ပြန်ရောက်သွားသလိုမျိုး။
ဟင့်အင်း။ကျွန်တော် ဒီလိုထပ်အဖြစ်ခံမှာ မဟုတ်ဘူး။ဒီအခြေအနေထိရောက်အောင် ကျွန်တော်ဘယ်လောက် တောင့်တခဲ့ရသလဲ။မဖြစ်ရဘူး..လုံးဝပဲ။
"စကားပြောပါဦး။ကျွန်တော့်ကို စိတ်ဆိုးနေတာလား"
ရောက်တာနဲ့ ကောင်တာနောက်မှာ ထိုင်ပြီး အလုပ်ရှုပ်ချင်ဟန်ဆောင်နေသော အစ်ကိုသည် သူ့စကားကြောင့် လက်တွေရုတ်တရက်ရပ်တန့်သွားသည်။ပြီးတော့ သက်ပြင်းတစ်ချက်ချကာ ဆိုင်အပြင်ဘက်က ဖြတ်သွားဖြတ်လာ တစ်ယောက်စ၊နှစ်ယောက်စ ကိုငေးကြည့်နေခဲ့သည်။
"အခုရက်ထဲ ငါ့မျက်စိရှေ့ပေါ်မလာလို့ မရဘူးလား။ငါတစ်ယောက်တည်း နေချင်တယ်"
အစ်ကို့စကားကြောင့် သူ့ရင်ဘတ်တွေ အနည်းငယ်အောင့်သွားပေမယ့် ဘာမှမဖြစ်သလို ချက်ချင်း အခြေအနေကိုပြောင်းဖို့ကြိုးစားလိုက်သည်။
အရင်လိုပဲ အစ်ကို့နောက်ကျောကို ဖွဖွလေးသိမ်းဖက်ပြီး သူတို့နှစ်ယောက်ကြားက စိမ်းသက်နေသော အခြေအနေကိုနွေးထွေးသွားအောင် ဖန်တီးမိသည်။
"စိတ်ဆိုးနေတာပဲ။ကျွန်တော့်ကို ပွင့်ပွင့်လင်းပြောပါ အစ်ကိုရယ်"
သူ့ရင်ခွင်ထဲ အလိုက်သင့်ပါမလာဘဲ ခပ်တောင့်တောင့်ရပ်နေဆဲ အစ်ကိုက နီးကပ်ခြင်းကိုမလိုလားစွာ တံတောင်နဲ့တွန်းထုတ်သည်။
သူ့ မျက်လုံးတွေ ဝိုင်းသွားသည်။
တစ်ခုခုတော့မှားနေပြီ။
"မင်းကို မြင်ရင် ငါပင်ပန်းလို့ ဟုတ်ပြီလား။ပြန်တော့"
ငါတွေ မင်းတွေ သုံးနှုန်းသည့်နာမ်စားဟာ ချက်ချင်းဆိုသလို ခက်ထန်ခြင်းအသွင်သို့ ကူးပြောင်းသွားသည်။စက္ကန့်အနည်းငယ်မျှသော တိတ်ဆိတ်သွားခြင်းက သူတို့နှစ်ယောက်ကြားက လေထုကို အအေးစက်ဆုံးအခြေအနေသို့ တွန်းပို့သည်။
ဂျောင်ကု ဘာမှထပ်မပြောတော့ပါ။
ရွာတော့မယ့် မိုးလိုချက်ချင်း ပျက်ယွင်းကျသွားတဲ့ မျက်နှာအမူအရာကိုတောင် ဟန်ဆောင်ပြီး မထိန်းချုပ်နိုင်တဲ့ ကောင်လေးဟာ အစ်ကို့ရဲ့ စကားလုံးတွေကို ဘယ်မှာခံနိုင်ရည်ရှိမလဲကွယ်။
အမြဲရင့်ကျက်ချင်ယောင် ဆောင်ထားပေမယ့် ဂျွန်ဂျောင်ကု ဆိုတာ ကင်ဆော့ဂျင်နဲ့ဆို တစ်ခါတစ်လေ ကလေးဆိုးလေးပဲမဟုတ်လား။
"ဟိုရှေ့မှာ ထိုင်နေလို့ရော ဖြစ်တယ်မလား"
ဆိုင်ရှေ့က ခုံတန်းပေါ်တွေပေါ် လက်ညှိုးညွှန်ပြသည့်ပုံက ငိုတော့မယ့် ဆဲဆဲဝက်ဝံပေါက်စလေးလို။
ဆော့ဂျင် လှည့်မကြည့်ပေမယ့် ဒီကောင်လေး အတော်မျက်နှာပျက်နေပြီဆိုတာ သိသည်။
ဖြစ်တည်မှုကို ရွေးချယ်လို့မရတဲ့ ကံကြမ္မာစက်ဝန်းမှာ မင်းက အဲဲ့ဒီလူရဲ့ သားအဖြစ်မွေးဖွားလာကိုက မှားယွင်းနေခဲ့တာ။အခုလောလောဆယ် မင်းနဲ့စကားပြောချင်စိတ်မရှိတဲ့ ငါ့ကိုနားလည်ပေးပါ ကောင်လေးရေ။
ခါတိုင်းဆို ဆိုင်ရောက်ပြီဆိုတာနဲ့ ကလူကျီစယ်နေသော သူတို့နှစ်ယောက် သိသိသာသာကြီး တိတ်ဆိတ်သွားတော့ ဆိုင်ဝန်ထမ်းကောင်လေးကလည်း မျက်နှာမကောင်းပါ။တစ်ယောက်တည်း ခေါင်းငိုက်စိုက်ထိုင်နေတဲ့ ဆိုင်ရှေ့က ကောင်လေးကို ကြည့်လိုက်၊ဒီနေ့မှ အရမ်းအလုပ်များနေပုံရသော ဆိုင်ပိုင်ရှင်ကောင်လေးကိုကြည့်လိုက်နှင့် သက်ပြင်းတွေသာ အခါခါချမိနေတော့သည်။
𖧷 . 𖧷. 𖧷
"ကောင်လေး ဘာလို့အပြင်မှာထိုင်နေတာလဲ အထဲဝင်လေ"
ယွန်းဂီနဲ့ဂျီမင်းတို့ လက်ချင်းတွဲကာ ဆိုင်ထဲဝင်မလို့ လုပ်တုန်း ခေါင်းငိုက်စိုက်ချပြီး ထိုင်နေတဲ့ကောင်လေးကြောင့် ဆိုင်ဝမှာတင်ရပ်သွားခဲ့သည်။
မော့ကြည့်လာတဲ့ ကောင်လေးရဲ့မျက်လုံးတွေက စိုစွတ်နေပြီး နှာခေါင်းထိပ်ဖျားတွေ နီရဲနေသည်။ယွန်းဂီ ကြည့်လိုက်တာနဲ့ တစ်ခုခုဖြစ်ထားပြီဆိုတာ သိလိုက်သည်။ရန်ဖြစ်ထားတာလား။ဆူထားတာလား...တစ်ခုခုပေါ့။
"ဘာဖြစ်လို့လဲ..ကိုကိုက ဆူထားလို့လား"
"စ မနေနဲ့ဗျာ။ခင်ဗျား သူငယ်ချင်းကိုသာ မေးကြည့်"
"စကားပြောပုံက...ငါလုပ်လိုက်ရ"
ယွန်းဂီ စ လိုက်ပေမယ့် ခါတိုင်းလို ရန်မထောင်ပဲ ဒူးခေါင်းနှစ်ဖက်ပေါ် မျက်နှာမှောက်ကာ ပြန်ငြိမ်သွားပုံက အဆူခံထိထားသော ယုန်လေးတစ်ကောင်နှယ်။
"တော်ပါ..gigiရာ ကောင်လေးကို စ မနေနဲ့။ငိုနေပါဦးမယ်။စိတ်အခန့်မသင့်လို့ နေမှာပါ။လာပါ အထဲဝင်ရအောင်"
ယွန်းဂီ ပါးစပ်ကသာ ပိတ်ဟောက်လိုက်ပေမဲ့ ဂျောင်ကုကိုတော့ ညီငယ်လေးတစ်ယောက်လို ချစ်ပါသည်။သူလေး ဒီနေ့ထူးထူးခြားခြား ငြိမ်နေတော့ စိတ်မကောင်းဖြစ်မိသွားသည်။သူငယ်ချင်းအတွဲ ရန်ဖြစ်တာ ကိုယ့်ချစ်သူနဲ့ ရန်ဖြစ်ထားသလိုမျိုး ဘေးကသူတောင် စိတ်ထဲစနိုးစနောင့်နဲ့။
"ဟေ့ကောင် ဆော့ဂျင်"
"ဘာလဲ"
ကိတ်မုန့်တွေပြင်ဆင်နေသော ဆော့ဂျင်က ဘာမှထွေထွေထူးထူး မရှိသလို ပုံမှန်အတိုင်းပင် ပြန်ဖြေသည်။
ယွန်းဂီ ဆိုင်ရှေ့ကို မေးငေါ့ပြလိုက်ပြီး
"ဆူထားတာလား။ ကလေးက တော်တော်မျက်နှာမကောင်းနေဘူး"
"ဒီရက်ပိုင်း သူနဲ့မတွေ့ချင်လို့ "
ဆော့ဂျင် အဖြေကြောင့် ယွန်းဂီ စိတ်ပျက်လက်ပျက်နဲ့ နဖူးပေါ်က ဆံပင်တွေကို ခပ်ကြမ်းကြမ်း သပ်ပြီးလျှင် သက်ပြင်းရှည်ကြီးမှုတ်ထုတ်ပစ်သည်။
"ဘာဖြစ်ပြန်ပြီလဲကွာ။မင်းတို့ကလည်း...မနက်ကတည်းက အဲ့ကောင်လေး ထိုင်နေတာမလား။တစ်ခုခု ကျွေးလိုက်ဦး။ဗိုက်အောင့်နေဦးမယ်"
"ဆာရင် သူ့ဘာသာ သွားစားလိမ့်မယ်။အဖြစ်သည်းပြမနေနဲ့ ယွန်းဂီ။သူက ၅နှစ်သားလေးမဟုတ်ဘူး"
"မင်းကတော့ တကယ်ပဲ"
ယွန်းဂီ ဘာမှမပြောတော့ဘဲ 'စံပဲ' ဟူသော မျက်နှာပေးနှင့် ဆော့ဂျင် ခပ်စောင်စောင်ကြည့်သည်။
"မချစ်တာလည်း မဟုတ်ဘဲနဲ့...အလကား"
"ငါတစ်ယောက်တည်း နေချင်တယ်..ယွန်းဂီ sorry"
ဆော့ဂျင် သွေးအေးရင် တကယ်ကြောက်ဖို့ကောင်းပါသည်။ဥပေက္ခာပြုနိုင်သည့် နေရာတွင်လည်း ဆရာတစ်ဆူပင်။ဆော့ဂျင် အကြီးအကျယ်စိတ်ဆိုးတာကို တစ်ခါခံဖူးသော ယွန်းဂီက ဒါကိုကောင်းကောင်းသိသည်။
"အင်းပါကွာ...ဘာကြောင့်မှန်းမသိပေမယ့် အချိန်ယူပြီး သေချာပြန်စဥ်းစားဦး"
ဆော့ဂျင် ခေါင်းငြိမ့် ြပလိုက်ပြီး အပြင်ဘက်ကို မသိမသာခိုးကြည့်လိုက်သည်။ကြေကွဲရိပ်သန်းနေသော မျက်လုံးဝိုင်းတစ်စုံနှင့် အကြည့်ချင်းဆုံမိလေလျှင် သူ ကပြာကယာပဲ မျက်လွှာချမိလိုက်သည်။
𖧷. 𖧷. 𖧷
"အစ်ကို နေပါဦး။တစ်ခုခုပြောစရာမရှိတော့ဘူးလား"
ဆိုင်တံခါးကို သော့ခတ်နေတုန်း ထိုကောင်လေးသည် မဝံ့မရဲနှင့် အနားကို တိုးကပ်လာကာ ခပ်တိုးတိုးမေးသည်။
"ပြောပြီးပြီလေ..မင်းနဲ့စကားပြောချင်စိတ်မရှိဘူးလို့"
မျက်ရည်ကြည်တွေ ပြည့်နေသော ထိုမျက်လုံးဝိုင်းများက ဆော့ဂျင်ကို မမှိတ်မသုန်ငေးရင်း မငိုရပါဘဲ မျက်ရည်တွေကျလာသည်။
"မနေ့ကမှ အကောင်းသားကြီးကိုဗျာ။ဘာအကြောင်းပြချက်မှ မရှိဘဲ အစ်ကို့ကိုရုတ်တရက် ကျွန်တော်ထားသွားရင်ရော အစ်ကိုနေနိုင်ပါ့မလား။တစ်ခုခုတော့ပြောမှပေါ့။တစ်နေ့လုံး စကားလည်းမပြော။ဂရုလည်း မစိုက်ဘူး။ကျွန်တော် ရူးတော့မယ် သိလား"
"မင်း တစ်ယောက်တည်းပဲ ပင်ပန်းနေတယ် မထင်နဲ့။ငါလည်း မင်းမျက်နှာကို မြင်ရင် အရမ်းပင်ပန်းတယ်"
ဆော့ဂျင် စိတ်ပေါက်ပေါက်နဲ့ အော်ပစ်လိုက်သည်။အလွန်တရာမှ အကြောတင်းသော ထိုကောင်လေးသည် ယခင်ပုံစံတွေနဲ့ ခြားနားစွာ နင့်နင်းသည်းသည်း ငိုသည်။
"မင်းနဲ့ငါ ရှေ့ဆက် လက်တွဲဖို့ ငါပြန်စဥ်းစားရတော့မယ်"
"အကြောင်းအရင်းကို ပြောလေဗျာ။ဘာဖြစ်လို့ ကျွန်တော့်ကို...."
စကားဆုံးအောင် မပြောနိုင်ခင် ဂျောင်ကုအသံတွေ တိမ်ဝင်သွားသည်။ပြီးတော့ ဆော့ဂျင် အကျီကော်လံစနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကာ နဖူးနဲ့ ဆော့ဂျင်ရင်ဘတ်ကို လာတိုက်ြပီး ကျောပြင်ကျယ်တွေက တသိမ့်သိမ့် တုန်သည်အထိ ကြိတ်ပြီး မျက်ရည်ကျရှာသည်။
"ပြောတာ နားလည်တယ်မလား။သွားတော့ တစ်နေ့လုံးလည်း ဘာမှမစားထားဘူးမလား"
အကျီကော်လံပေါ်က လက်တွေကို အတင်းတွန်းလွှတ်ပြီး ဆော့ဂျင် ဇွတ်တရွတ်ပင် ထွက်လာခဲ့သည်။
နာကျင်ခြင်း၊သနားခြင်းနှစ်ရပ်၏ လွန်ဆွဲခြင်းကြားမှာ နှလုံးသားက ဗိုင်းရပ်စ်ဝင်လာသလိုမျိုး ချက်ချင်းကြီး ဆတ်ဆတ်ခါလာသည်။နင့်သည်းသော ထို ေဝဒနာ၏ အဖြေကို ဆော့ဂျင် ကိုယ်တိုင် မရှာဖွေနိုင်သေးပါ။
ဂျောင်ကု ထိုနေရာမှာ အချိန်အတော်ကြာအောင် ရပ်နေခဲ့ပါသည်။
တစ်ချိန်လုံး မျှော်လင့်နေခဲ့တဲ့ စိတ်ကူးယဥ် ကမ္ဘာလေးဟာ ခဏလေးအတွင်းမှာ ဖျက်ဆီးခံလိုက်ရသလိုမျိုး။အကြောင်းအရင်းကို မသိရဘဲ ရုတ်တရက်ကြီး ဖြတ်ရိုက်ချခံရသလို ခံစားချက်ကြီး။
လိုချင်လား၊မလိုချင်လား မသိဘဲနဲ့ ဂရုစိုက်မှုတွေကို ဖောဖောသောသော ပေးနေမိခဲ့တယ်။
ကျွန်တော်တို့နှစ်ယောက် ဆက်ဆံရေးတွေ ပြောင်းလဲသွားပြီပဲ ထင်ခဲ့တာ။နောက်ဆုံးတော့ တစ်ဖက်သတ်က တစ်ဖက်သတ်ပါပဲ။
အစ်ကို့ စိတ်ကြိုက်သာ ဆုံးဖြတ်ပါ။ကျွန်တော်က အစ်ကို့အနားမှာ အမြဲတွယ်ကပ်နေမယ့် အသည်းမာတဲ့ ကပ်ပါးကောင်တစ်ကောင်ပဲ မို့လို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
AN/// ဒီ fic လေးကြောင့် စာဖတ်သူတွေကို ငိုရအောင်မလုပ်ပါဘူးနော်။မသကာ နည်းနည်းလေး စိတ်မကောင်းဖြစ်ရုံလောက်ပါပဲ။ယုံကြည်တယ် မဟုတ်လား🥺
ကတိအတိုင်း one shortလေးလည်း ရေးနေပါတယ်။ပြီးတော့မှာမို့ ခဏလောက်ပဲစောင့်ပေးပါ💙
Thanks for your reading & voting
Riona 🌼.....
Zawgyi_______
Unicode_______
"အထဲ ဝင္ဖို႔မဖိတ္ေတာ့ဘူးလား"
ခနဲ႔တဲ့တဲ့ အသံၾကားမွ ေဆာ့ဂ်င္ အသိျပန္ဝင္လာရကာ စူးရဲစြာျပန္ေမာ့ၾကည့္လိုက္သည္။ဒီလူ႕မ်က္စိေအာက္မွာ ဘယ္ေတာ့မွ သိမ္ငယ္ဟန္ ေၾကာက္ရံြ႕ဟန္ျပဖို႔ မလိုသလို ႐ိုက်ိဳးေနဖို႔လည္း မလိုပါ။ဂြၽန္ေဂ်ာင္ကု အေဖ ျဖစ္ေနခဲ့ရင္ေတာင္ေပါ့။
"ဝင္ပါ "
တစ္ခြန္းသာေျပာၿပီး ေနာက္လွည့္မၾကည့္ေတာ့ဘဲ ေဆာ့ဂ်င္ဦးေဆာင္ၿပီး အိမ္ထဲျပန္ဝင္လိုက္သည္။ပုံမွန္ဆို မိမိအိမ္ ဧည့္သည္လာလွ်င္ အနည္းဆုံး ေကာ္ဖီတစ္ခြက္ ခ်ေပးမိမွာ မွန္ေပမယ့္ ထိုသူ႕ကိုေတာ့ ေရတစ္စက္ေလးမွေတာင္ တိုက္ဖို႔ဆႏၵ မ႐ွိပါ။ ၅ ႏွစ္ေက်ာ္ၾကာခဲ့ေပမယ့္ ရင္ထဲက ဒဏ္ရာက ခုထိအနာမွ မက်က္ေသးတာ။အမာ႐ြတ္ ခပ္ႀကီးႀကီးနဲ႔ ေသရာပါဒဏ္ရာအျဖစ္ တစ္စုံတစ္ေယာက္ကို ျမင္တိုင္း လတ္လတ္ဆတ္ဆတ္ ဒဏ္ရာအသစ္ သဖြယ္ ေရာဂါေဟာင္းက ျပန္ထလာေနတုန္း။
"ငါတို႔ေဂ်ာင္ကုေလး ဒီေလာက္စြဲလမ္းေနတာ အံဩစရာေတာ့မ႐ွိပါဘူး။မ်က္ႏွာက ျပည့္စုံတယ္"
တျခားတစ္ေယာက္သာဆို ေက်းဇူးတင္ စကားဆိုမိမွာေပမယ့္ အခုေတာ့ျဖင့္ ေဆာ့ဂ်င္မွာ တုပ္တုပ္မွ်ပင္မလႈပ္ပါ။ထိုသူၾကည့္သလိုပင္ ခပ္စူးစူးျပန္ၾကည့္ေပးလိုက္သည္။
"ေျပာပါဦး။မိဘ..အလုပ္အကိုင္.. ပညာေရး"
"အိမ္အထိေတာင္ ေရာက္လာၿပီးမွေတာ့ ဘာလို႔ မသိခ်င္ေယာင္ေဆာင္ေမးေနေသးတာလဲ။အားလုံး သိၿပီးၿပီထင္တယ္"
မထင္မွတ္ထားေသာ တုံ႔ျပန္မႈေၾကာင့္ ဂြၽန္ဂ်ယ္အင္း တစ္ေယာက္ ႐ုတ္တရက္ အံဩသြားရာမွ ဟက္ကနဲ ရယ္သြမ္းေသြးဟန္ျပဳကာ ခ်က္ခ်င္းေျပာင္းလဲပစ္လိုက္သည္။ဘဝတစ္ေလွ်ာက္လုံး တရားသူႀကီးဟူေသာ အ႐ွိန္အဝါျဖင့္ အျမင့္မွာေနခဲ့သမွ် ဒီေကာင္ေလးနဲ႔က်မွ ပထမဦးဆုံးအႀကိမ္ တစ္ခုခု သိမ္ငယ္သလိုခံစားသြားရသည္။
သို႔ေသာ္ မိမိသည္ အသက္ ၅၀ေက်ာ္အ႐ြယ္ တရားသူႀကီး။
'ဒီေလာက္ကေတာ့ အေပ်ာ့ပါ'ဟူေသာ အၾကည့္ တို႔ျဖင့္ ေ႐ွ႕က ပန္းပု႐ုပ္သဖြယ္ ေခ်ာေမာခန္႔ညားေသာ မ်က္ႏွာပိုင္႐ွင္ကို ျပန္ၾကည့္လိုက္သည္။
"အဟက္ မေခဘူးပဲ"
မိုးေရထိထားေသာ စိုထိုင္းထိုင္း ဆံပင္တို႔ကို နဖူးေပၚ လွန္တင္ထားတာမို႔ မဟာဆန္ေသာ နဖူးျပင္က မက်ဥ္းမက်ယ္ႏွင့္ က်က္သေရ႐ွိစြာ ခန္႔ညားလြန္းသည္။ပခုံးက်ယ္က်ယ္ႏွင့္ လိုက္ဖက္စြာ ျမင့္မားေသာ အရပ္၊အခ်ိဳးအဆစ္က်နလြန္းေသာ ခႏၶာကိုယ္ အခ်ိဳးအစားႏွင့္ထိုေကာင္ေလးကို သူ႕သား ဂြၽန္ေဂ်ာင္ကုလို အေပအေတေလးက ဘယ္လိုလိုက္ခဲ့သည္ေတာ့မသိ။
အိမ္မွာဆို ခံမေျပာနားမေထာင္ ေကာင္ေလးသည္ ေဆာ့ဂ်င္ ေ႐ွ႕ေရာက္လွ်င္ေတာ့ ခ်စ္စရာေကာင္းၿပီး ျဖဴစင္လြန္းေသာ ကေလးေလး၊တစ္ခါတစ္ရံက်လွ်င္ေတာ့ ဂ်ီတိုက္တတ္သည့္ ေကာင္ဆိုးေလးအျဖစ္ ႐ွိေနခဲ့တာကိုေတာ့ ဂြၽန္ဂ်ယ္အင္း တစ္ေယာက္ မ်က္ျမင္ကိုယ္ေတြ႕မ႐ွိခဲ့ပါ။
"အင္းေပါ့ေလ ဂြၽန္အိမ္ေတာ္ရဲ႕ မိသားစုဝင္ျဖစ္လာမယ့္သူပဲ ဒီေလာက္ေတာ့႐ွိရမွာေပါ့ "
အေသအခ်ာ အပိုင္သေဘာျဖင့္ ေျပာေနေသာ ထိုလူႀကီးကို ၾကည့္ျပီး ေဆာ့ဂ်င္ ႏႈတ္ခမ္းတြန္႔႐ုံမွ် ျပဳံးလိုက္သည္။
"မွားေနၿပီထင္တယ္။ခင္ဗ်ားသားကို လက္ထပ္ဖို႔ စိတ္ကူးမ႐ွိေသးဘူး "
သူ မ်က္ႏွာကြက္ကနဲ တစ္ခ်က္ပ်က္သြားၿပီးမွ ခပ္ၾကာၾကာ မ်က္လုံးေတြ ေမွးစင္းၾကည့္လာသည္။ဒီမ်က္ႏွာကို တစ္ေနရာရာမွာ ျမင္ဖူးသလို႐ွိေပမယ့္ ဘယ္ေနရာမွာ ျမင္ဖူးေနမွန္းလဲ စဥ္းစားလို႔မရ။ထားပါေတာ့ေလ.. ခ်ာတိတ္တစ္ေယာက္အတြက္ ေခါင္းစားမေနသင့္ဘူး။
"Ok ေစာင့္ၾကည့္ၾကတာေပါ့"
ဂြၽန္ဂ်ယ္အင္း နည္းနည္းေတာ့ ရင္ခံသြားသည္။ကိုယ့္သားက ဆိုးတာေပတာ မွန္ေပမယ့္ ထိုေကာင္ေလးကိုေတာ့ ေတာ္ေတာ္ေလးစြဲလမ္းသည့္ပုံ။ႏွစ္ေယာက္လုံး အခ်စ္ႀကီးခ်စ္ေနၾကတာလို႔ထင္ခဲ့ေပမယ့္ အထင္နဲ႔အျမင္က တက္တက္စင္ေအာင္လြဲေနၿပီ။ေကာင္ေလးက ေဂ်ာင္ကုကို အေပ်ာ္တြဲဟန္တူသည္။
"ေကာင္းေသာညပါ ေကာင္ေလး"
ေဆာ့ဂ်င္ အိမ္ေ႐ွ႕အထိလည္း လိုက္မပို႔ေတာ့ပါ။ဝတၱရားေက်႐ုံ ေခါင္းတစ္ခ်က္သာ ၿငိမ့္ျပၿပီး အိမ္ေ႐ွ႕က ကားသံၾကားၿပီးသည္ ျခံတံခါးေရာ အိမ္တံခါးပါ အၿပီးေသာ့ခတ္ပစ္လိုက္သည္။
ထို႔ေနာက္ အားအင္ေတြ ႐ုတ္တရက္ စုပ္ယူခံထားရသလို ေျခကုန္လက္ပမ္းက်ကာ တစ္ကိုယ္လုံး လႈပ္ႏိုင္စြမ္းေတာင္မ႐ွိေတာ့။ရန္သူေဟာင္းကို ျပန္ေတြ႕လိုက္ရသည့္ လူတစ္ေယာက္လို သူ႕ရင္ထဲ ခံစားခ်က္မ်ိဳးစုံ ေရာႁပြန္းေနသည္။ခံျပင္းမႈေရာ ဝမ္းနည္းမႈေရာပါ တစ္ဟုန္ထိုးတိုးဝင္လာသည္။
"ဘာလို႔လဲ... သူက ဘာလို႔ ေဂ်ာင္ကုအေဖျဖစ္ေနရတာလဲ။တျခားမဟုတ္ဘဲ ငါ့ခ်စ္သူရဲ႕ အေဖတဲ့လားကြာ"
ကုတင္ ေျခရင္းမွာပင္ သူထိုင္ခ်လိုက္ရင္း ထိုစကားကိုပဲ အထပ္ထပ္ဆိုေနမိသည္။အၿမဲတမ္း သူ႕မ်က္ႏွာရိပ္မ်က္ႏွာကဲ ၾကည့္ေနတတ္သည့္ ေဂ်ာင္ကုႏွင့္ ထိုသူ႕မ်က္ႏွာကို တြဲျမင္ေယာင္မိသည့္အခါ ေခါင္းေတြ သြက္သြက္ခါေအာင္ ခါရမ္းပစ္လိုက္သည္။
ဘယ္လိုပဲ ျဖစ္ေနပါေစ သူတို႔ေတြက ေသြးသားေတာ္စပ္ေနသည့္ သားအဖပဲမဟုတ္လား။
𖧷 . 𖧷. 𖧷
လြန္ခဲ့ေသာ ၅ ႏွစ္~~~~
တကၠသိုလ္ ေက်ာင္းသားတစ္ေယာက္ ျဖစ္ေသာ ေဆာ့ဂ်င္သည္ တ,တိုင္းရသည့္ ဘဝမဟုတ္ေပမယ့္ လိုေလေသးမ႐ွိေအာင္ အေတာ္ေလး ဂ႐ုစိုက္ခံရေသာ မိသားစုအသိုင္းအဝိုင္းမွ ေပါက္ဖြားလာခဲ့ပါသည္။
ေဆာက္လုပ္ေရး ကုမၸဏီ၏ မန္ေနဂ်ာ ဖခင္ျဖစ္သူႏွင့္ အိမ္မႈကိစၥ ႏိုင္နင္းေသာ အိမ္ေထာင္႐ွင္မေကာင္း မိခင္ျဖစ္သူ၏ အုပ္ထိန္းမႈေအာက္တြင္ သူ၏ ဆယ္ေက်ာ္သက္ေန႔ရက္မ်ားသည္ ေ႐ႊေရာင္လႊမ္းခဲ့သည္။သူႏွင့္ ၆ႏွစ္ကြာေသာ ညီငယ္ေလးကလည္း ဆိုးသြမ္းသည့္အထဲတြင္ မပါေပမယ့္ ေခတ္လူငယ္ပီပီ အေသာက္အစား အေပ်ာ္အပါး နည္းနည္း ႐ွိတာကလြဲလို႔ မိဘႏွစ္ပါးလုံးအတြက္ ဂုဏ္ယူစရာ သားေကာင္းမ်ားျဖစ္ခဲ့ပါသည္။
ထိုအေျခအေနအားလုံးကို ေျပာင္းျပန္လွန္ပစ္ခဲ့သည္က ကံဆိုးမႈမ်ားကို သယ္ေဆာင္လာခဲ့ေသာ မိုးသည္းသည့္ေန႔တစ္ေန႔ျဖစ္ခဲ့သည္။
ထိုေန႔က ေဆာ့ဂ်င္ ေက်ာင္းက အိမ္ကိုအျပန္အလာ အေမ့ငိုသံကိုပထမဆုံးအႀကိမ္ ၾကားခဲ့ရျခင္း။
လူမွန္းသိတတ္စ ကတည္းက အေမငိုတာ သူမေတြ႕ခဲ့ဖူးပါ။အၿမဲတမ္း စိတ္ဓာတ္ၾကံ့ခိုင္ၿပီး သားႏွစ္ေယာက္၏ စံျပမိခင္အျဖစ္႐ွိေပးခဲ့ေသာ အေမသည္ ထိုေန႔ညေနက သည္းသည္းထန္ထန္ငိုေႂကြးခဲ့သည္။
"ေမေမ ဘာျဖစ္လို႔လဲဟင္ "
သူ႕ အသံၾကားေသာအခါ အေမသည္ သူ႕လက္ကို အားကိုးတႀကီးဆုပ္ကိုင္ၿပီး ခ်က္ခ်င္းစကားမေျပာႏိုင္ဘဲမ်က္ရည္မဆည္ႏိုင္ေအာင္ ႐ွိေနခဲ့သည္။
"သား...သား.....ေဖေဖ့ကို ရဲေတြလာဖမ္းသြားၿပီ"
"ဟမ္!!! ဘာ...ဘာလို႔လဲ...ဘာျဖစ္လို႔လဲ"
"လူ...လူသတ္မႈတဲ့"
"မျဖစ္...မျဖစ္ႏိုင္တာ "
ေဖေဖ ဘယ္ေလာက္႐ိုးသားသလဲ ဆိုတာ သူအသိဆုံး။သားႏွစ္ေယာက္ကိုေတာင္ တစ္ခါမွ မာမာထန္ထန္မေျပာခဲ့ဖူးေသာ စိတ္ႏွလုံး ႏူးညံ့ေသာ အေဖက လူသတ္သည္တဲ့။ရယ္စရာေတာ့ ေကာင္းသား။
"ေသသြားတဲ့ သူက ဘယ္သူလဲ"
"သူ...တို႔...သူေဌး....."
"မျဖစ္ႏိုင္တာဗ်ာ...မျဖစ္ႏိုင္တာေတြ"
အေဖနဲ႔ သူေဌးနဲ႔က ငယ္ငယ္ကတည္းက လည္ပင္းေပါင္းဖက္လာတဲ့ သူငယ္ခ်င္းေတြ။တကၠသိုလ္တက္ေတာ့လည္း အတူတူ၊စီးပြားေရးလုပ္ေတာ့လည္း လက္တြဲညီညီနဲ႔ ႀကိဳးစားမႈေၾကာင့္ ဒီေလာက္ထိ စီးပြားျဖစ္လာခဲ့တာ။သူေဌး နဲ႔မန္ေနဂ်ာဆက္ဆံေရးထက္ အလြန္ခ်စ္ခင္ရင္းႏွီးေသာ ညီအစ္ကိုသဖြယ္။ဒီလို လူမ်ိဳးကို အေဖက သတ္သည္တဲ့။
"စိတ္မပူနဲ႔ေနာ္ ေမေမ။ ေမေမက လဲသြားလို႔မျဖစ္ဘူး။ညီေလးသိသြားရင္ ပိုအားငယ္လိမ့္မယ္ေနာ္။ဒီကိစၥ ကြၽန္ေတာ္ေသခ်ာသိေအာင္ လုပ္မယ္။ေဖေဖ့အမႈအတြက္ ႐ွိသမွ် ပိုက္ဆံသုံးၿပီး အေကာင္းဆုံးေ႐ွ႕ေနငွားၾကမယ္ဗ်ာ..ေနာ္"
သားအႀကီးဆုံးဟူေသာ ဘြဲ႕ကိုခံယူထားေသာ သူသည္ မိခင္ျဖစ္သူကို အထပ္ထပ္အားေပးကာ ဖခင္၏ အမႈအတြက္ တတ္ႏိုင္သေလာက္ ဉာဏ္စြမ္း႐ွိသမွ် ႀကိဳးစားခဲ့ပါသည္။
အေတာ္ဆုံး ေ႐ွ႕ေနကိုငွားကာ အေဖ့အမႈအတြက္ႀကိဳးစားခဲ့ေပမယ့္ အရာမထင္ခဲ့ပါ။အစပိုင္းတုန္းက အားတက္သေရာ ႀကိဳးစားေပးခဲ့ေသာ ေ႐ွ႕ေန သည္ ေနာက္ပိုင္းတြင္ အခ်ိဳးေျပာင္းသြားကာ ထိေရာက္ေသာ ကာကြယ္မႈမ်ိဳးမေပးခဲ့ေပ။ဘာေၾကာင့္လဲ ဆိုတာ သူ နားမလည္ခဲ့။အဆိုးဆုံးက ဖခင္ျဖစ္သူကို ဖမ္းခ်ဳပ္ထားသည့္ေန႔ကစၿပီး မိသားစုဝင္မ်ားႏွင့္ေတြ႕ခြင့္မေပးျခင္းျဖစ္သည္။တရား႐ုံးမွာ အမႈၾကားနာခ်ိန္ခဏသာ ျမင္ေတြ႕ခြင့္ရၿပီး စကားေျပာခြင့္၊ေတြ႕ခြင့္မေပးခဲ့။
ေနာက္ဆုံး အားကိုးစရာ ေကာက္႐ိုးတစ္မွ်င္ေလးအျဖစ္ သူ ေနာက္ဆုံး ေမွ်ာ္လင့္ခဲ့သည္က သူ႕ဘဝမွာ တိတ္တိတ္ေလး အားက်ေနခဲ့ရေသာ 'တရားသူႀကီးဂြၽန္ဂ်ယ္အင္း'။
ေဆာ့ဂ်င္တို႔ ေက်ာင္းသားဘဝကတည္းက ဆိုးလ္ၿမိဳ႕မွာ တရားသူႀကီးဂြၽန္ ဟု ဆိုလွ်င္မသိတဲ့သူမ႐ွိေလာက္တဲ့အထိ နာမည္ႀကီးသည္။အက်င့္ သိကၡာေကာင္းမႈ၊သနားညႇာတာတတ္မႈ၊တရားနည္းလမ္းက်က် ညီညီမွ်မွ် ဆုံးျဖတ္ဆင္ျခင္ႏိုင္သည့္ ေနရာတြင္ တရားသူႀကီးဂြၽန္သည္ အၿမဲတမ္းနံပါတ္တစ္ေနရာက ျဖစ္သည္။ေဆာ့ဂ်င္ အိမ္မက္က တရားသူႀကီး ဂြၽန္လို အက်င့္သိကၡာေကာင္းၿပီး လူအမ်ားေလးစားရတဲ့ တရားသူႀကီးတစ္ေယာက္ျဖစ္လာဖို႔။
ေနာက္ဆုံး ၾကံရာမရတဲ့မဆုံး အရဲကိုးၿပီး သူတစ္ေခါက္ေလာက္ေတာ့ စြန္႔စားၾကည့္ခ်င္ခဲ့သည္။အေဖ့အမႈအတြက္ အေထာက္အကူရလိုရျငားေပါ့။
"တရားသူႀကီးမင္း.....ကြၽန္ေတာ္က အမႈသည္ရဲ႕သားပါ။ေဖေဖက မတရားေခ်ာက္ခ်ခံရတာပါ။သနားေသာ အားျဖင့္ ကူညီေပးပါေနာ္"
ထို႔ေနညေနက ႐ွိသမွ် သိကၡာေတြ မာနေတြအကုန္ခဝါခ်ကာ အစြယ္က်ိဳးေသာ ေႁမြတစ္ေကာင္လို သူဒူးေထာက္ေတာင္းပန္ခဲ့သည္။တရားသူႀကီးဂြၽန္၏ ကားေပၚတက္လုဆဲဆဲ ေျခေထာက္ေတြက သူ႕ေ႐ွ႕မွာ။႐ႈးဖိနပ္ထိပ္ေျပာင္ေျပာင္က သူ႕မ်က္ႏွာႏွင့္ ထိလုမတတ္။
"ဆြဲထုတ္သြားၾကစမ္း..အာ႐ုံေနာက္တယ္ "
"တရားသူႀကီး...တရားသူႀကီးမင္း တစ္ခါေလာက္ေလးပဲ ျဖစ္ျဖစ္ အမႈကိုျပန္စစ္ေဆးေပးပါ"
"အသုံးမဝင္ဘူး ခ်ာတိတ္။မင္းအေဖက အမိႈက္လိုေကာင္မို႔လို႔ အမိႈက္တစ္စကို႐ွင္းပစ္ခဲ့႐ုံေလာက္ပဲ"
သူ႕နားနားကပ္ၿပီး ေျပာသြားေသာ စကားသံတိုးတိုးသည္ ဗုံးတစ္လုံးထက္ပင္ ေပါက္ကြဲအားျပင္းခဲ့သည္။ၾကက္သီးထစရာ ေအးစက္ေသာ ထိုေလသံအဆုံးမွာ သူ႕ဆံပင္ေတြ ပူကနဲျဖစ္သြားသည္။ၿပီးေတာ့ ႏွာေခါင္းထဲမွာ ေညႇာ္နံ႔ေတြ။လက္နဲ႔စမ္းၾကည့္မိေတာ့ စီးကရက္ျပာပူပူေတြ။
သူ ေသြးသားေတြ ဆူပြက္သြားရကာ ေသြးေၾကာေတြထဲ ဖ်ဥ္းကနဲျဖစ္သြားသည္။အခ်ိန္အၾကာႀကီး ဒူးေထာက္ခဲ့ရေသာ သူ႕ဒူးေခါင္းေတြကလည္း စပ္ဖ်ဥ္းဖ်ဥ္းနဲ႔။ဆတ္ကနဲ ေခါင္းေမာ့ၿပီး မ်က္လုံးလွန္ၾကည့္ေတာ့ အၿမဲျမင္ေတြ႕ေနက် ျပဳံးေနတတ္သည့္ မ်က္ႏွာႏွင့္ဆန္႔က်င္ေနေသာ သေရာ္ျပဳံးတစ္ခု။ေအးစက္ေနေသာ ထိုေလွာင္ျပဳံးကို ႏွစ္ေတြအမ်ားႀကီး ၾကာသည့္တိုင္ေအာင္ သူမေမ့ခဲ့ပါ။
အလကား..မင္းသားမ်က္ႏွာဖုံးစြပ္ထားတဲ့ မေကာင္းဆိုးဝါး။
"ဖေအေရာ သားေရာ တုံး အ လိုက္ပုံက တစ္ပုံစံတည္းပဲ"
"ငါက ႐ိုးသားတဲ့သူဆို သိပ္မုန္းတယ္ "
သူ တတ္ႏိုင္သည္က လက္သီးႏွစ္ဖက္လုံး က်စ္က်စ္ပါေအာင္ ဆုပ္ၿပီး ေအာက္ႏႈတ္ခမ္းတစ္ခုလုံး ေပါက္ထြက္မတတ္ ဖိကိုက္ေနခဲ့မိသည္။ထိုသူ႕ အျပဳအမူေတြကိုေရာ စကားလုံးေတြကိုေရာ သူ႕ရင္ထဲ အသည္းထဲကအထိ မွတ္မိေနခဲ့သည္။
ေနာက္ဆုံးေတာ့ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ က်ခံခဲ့ရေသာ အေဖသည္ သိပ္မၾကာခင္မွာပဲ ေထာင္ထဲမွာပင္ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ ေသဆုံးသြားခဲ့ရေလသည္။
ေ႐ႊေတာင္ႀကီးၿပိဳလဲသြားေသာ သူတို႔မိသားစုေလးသည္ ဒီအေျခအေနထိေရာက္ေအာင္ ခက္ခက္ခဲခဲ ျပန္တည္ေဆာက္ခဲ့ရသည္။ေဆာ့ဂ်င္ဆိုလွ်င္ မလုပ္ဖူးသည့္ အလုပ္ကခပ္႐ွား႐ွား။ဘြဲ႕ရသည္အထိ အခ်ိန္ပိုင္းအလုပ္မ်ိဳးစုံႏွင့္ လုံးလည္ခ်ပ္ျပား က်င္လည္ခဲ့ရသည္။သူႀကိဳးစားခဲ့သမွ်အားလုံး အရာထင္ခ်ိန္မွာေတာ့ ေမေမႏွင့္ တစ္ဦးတည္းေသာ ညီေလးကလည္း သူ႕ကိုထားခဲ့ျပန္သည္။
အျဖစ္အပ်က္ေတြက မေန႔တစ္ေန႔က အတိုင္း။မိသားစုဝင္မ႐ွိ သူငယ္ခ်င္းမ်ားမ်ားစားစားမ႐ွိေသာ သူ႕ဘဝတြင္ အထီးက်န္မႈႏွင့္ေနသားတက်႐ွိခဲ့သည္။ေနာက္ထပ္ ထားသြားခံရမွာကို သူ ေသမေလာက္ေၾကာက္သည္။တစ္စုံတစ္ေယာက္ကို ထပ္ခ်စ္မိမွာကိုလည္း ေၾကာက္သည္။
ထို႔ေၾကာင့္ ေဂ်ာင္ကုကို သူအသည္းအသန္ျငင္းခဲ့သည္။ခါးခါးသီးသီး ေမာင္းထုတ္ခဲ့ဖူးသည္။မခ်စ္မိဖို႔ အတန္တန္ထိန္းခ်ဳပ္ခဲ့သည္။
ဘယ္လိုပဲ ျငင္းဆန္ခဲ့ပါေစ...ညိႇဳ႕ငင္အားေကာင္းေသာ ထိုမ်က္လုံးဝိုင္းေတြကိုေတာ့ ေ႐ွာင္လို႔တိမ္းလို႔မရခဲ့ပါ။အခ်ိန္ယူၿပီး ေသခ်ာစဥ္းစားၿပီးမွ သူ႕ႏွလုံးသားတစ္ခုလုံးက ပုံအပ္လိုက္မိသူက သူရံြ႐ွာမုန္းတီးေသာ သူ၏ သားအရင္းတဲ့ေလ။
ဘယ္ေလာက္ေတာင္ ဆိုးဝါးလြန္းတဲ့ ကံၾကမၼာပါလိမ့္။
အဆုံးမွာေတာ့ ထို မ်က္လုံးဝိုင္းတစ္စုံကို ဥေပကၡာျပဳပစ္ဖို႔ အေၾကာင္းဖန္လာခဲ့ေလၿပီ။
𖧷 . 𖧷 . 𖧷
"အစ္ကိုက ႏွာေခါင္း႐ႈံ႕တတ္တဲ့ အက်င့္႐ွိၿပီး တစ္ခုခုကို စဥ္းစားရင္ မ်က္လုံးေလး အေပၚလွန္ၿပီး ႏႈတ္ခမ္းေလးလည္း စူသြားတတ္ေသးတယ္"
"႐ွက္ရင္ နား႐ြက္ေလးေတြ ရဲတက္သြားေရာ"
"ေဒါသထြက္ရင္ မ်က္ေတာင္ အဖြင့္အပိတ္ခဏခဏလုပ္တတ္တယ္"
"လက္သီးအားျပင္းေပမယ့္ လက္ကေလးေတြက သြယ္သြယ္ေလးေတြနဲ႔ အရမ္းအသည္းယားစရာေကာင္းတယ္"
"ေက်ာက္ပုစြန္ထုပ္၊ေခါက္ဆြဲေအး၊ၾကက္သား အရမ္းႀကိဳက္တယ္"
"RJ ႐ုပ္ေလးေတြကိုလည္း ႀကိဳက္တယ္"
ေဂ်ာင္ကု မွတ္စုစာအုပ္ေလးထဲ ေရးထားသမွ် စာေၾကာင္းေတြကို ေနာက္ထပ္တစ္ေခါက္ အသံထြက္ဖတ္လိုက္ရင္း ျပဳံးလိုက္သည္။
ဒါက အစ္ကိုနဲ႔ ပတ္သက္သမွ် သတိထားမိတာေလးေတြ။မ်က္ႏွာအရိပ္အကဲတၾကည့္ၾကည့္နဲ႔ ခ်စ္ေနသူအဖို႔ ကိုယ့္ခ်စ္သူရဲ႕ အေၾကာင္းေလးေတြ မွတ္တမ္းတင္ထားရတာေလာက္ ၾကည္ႏူးစရာေကာင္းတာမ႐ွိေတာ့။ဘယ္အခ်ိန္ ျပန္ဖတ္ဖတ္ ရင္ခုန္စရာအတိ။
ေနာက္ဆုံးတစ္ေၾကာင္း သူထပ္ျဖည့္လိုက္သည္။
"အစ္ကိုက ငါနဲ႔ မိုးေရထဲ အတူေလွ်ာက္သြားရတာကို သေဘာက်တယ္"
ၿပီးေတာ့ စာအုပ္ေလးကိုပိတ္လိုက္ၿပီး ကုတင္ေပၚ လွဲခ်လိုက္သည္။တစ္ေန႔တာကို အစ္ကိုနဲ႔ စၿပီး အစ္ကိုနဲ႔ပဲအဆုံးသတ္ခ်င္တယ္။အစ္ကို႔အေၾကာင္းေတြပဲ အၿမဲေတြးေနခ်င္တယ္။
ကြၽန္ေတာ္ ေကာင္းေကာင္းအိပ္ေပ်ာ္ဖို႔ အိပ္ယာဝင္ပုံျပင္ေတြမလိုဘူး။အစ္ကို႔အသံက ကြၽန္ေတာ္႕ကို စိတ္သက္သာရာ ရေစတယ္။တစ္ခါတစ္ေလ မာမာထန္ထန္ေျပာတတ္ေပမယ့္ စြဲညိႇဳ႕စြမ္းအားတစ္မ်ိဳးပါဝင္ေနၿပီး ခ်ိဳခ်ိဳ႐ွ႐ွေလးပါပဲ။
အစ္ကို႔ဆီမွာ ကြၽန္ေတာ္မႀကိဳက္တဲ့အရာ ဘာတစ္ခုမွမ႐ွိဘူး။ကြၽန္ေတာ္႕ မ်က္လုံးထဲမွာ အစ္ကိုက အၿမဲအျပစ္ကင္းၿပီး ေလးစားအထင္ႀကီးမႈေတြပါ ေရာယွက္ေနတဲ့ ဘယ္သူနဲ႔မွမတူတဲ့ အခ်စ္မ်ိဳးနဲ႔ ခ်စ္ခဲ့မိတာ။
"ဒီအခ်ိန္ဆို အိပ္မ်ားေနၿပီလား။ဖုန္းေခၚၾကည့္ရင္ ေကာင္းမလား"
လုပ္သင့္ မလုပ္သင့္ အေတြးေတြ လြန္ဆြဲေနတုန္း ေနာက္ဆုံး အစ္ကို႔အသံကို ၾကားခ်င္စိတ္ကပဲ ႀကီးစိုးသြားကာ ဖုန္းနံပါတ္တစ္ခ်ိဳ႕ကို ေခၚလိုက္သည္။contact name မွာေပၚလာတာက အသည္းပုံေလး ႏွစ္ခုၾကားမွာ "seokjinnie " တဲ့။
သူ အရမ္းေခၚခ်င္ေနခဲ့တဲ့ နာမည္ေလး။
ဖုန္း wallpaper မွာလည္း သူတို႔ႏွစ္ေယာက္ အတူ dateတုန္းက မရမက ႐ိုက္ထားသည့္ လက္ခ်င္းဆုပ္ကိုင္ထားတဲ့ပုံေလးက ေနရာယူထားသည္။
"ဟင္!ဘာလဲဟ...စက္ပိတ္ထားတာလား"
"ေနမ်ား မေကာင္းလို႔လား။ညေနက မိုးမိသြားလို႔မ်ားလား"
ညေနက မိုးေရထဲမွာ အရမ္းေပ်ာ္ေနပုံရေသာ အစ္ကိုမ်က္ႏွာကို ျမင္ေယာင္မိေတာ့ စိုးရိတ္စိတ္ေတြ ဂယက္ထသြားသည္။
"႐ွက္သြားတာမ်ားလား"
အမ်ိဳးမ်ိဳးေတြးေနေသာ သူ႕အာ႐ုံထဲ ညေနက အနီးကပ္ျမင္လိုက္ရသည့္ စိုရဲရဲ ႏႈတ္ခမ္းလုံးေတြကို ျပန္ျမင္ေယာင္ေတာ့ ႏွလုံးခုန္သံေတြ ႏွစ္ဆတိုးသြားသည္။စိတ္ထဲက အႀကိမ္ႀကိမ္ပစ္မွားေနမိခဲ့ေသာ ထိုႏႈတ္ခမ္းေလးက လွတာထက္ပိုလြန္းခဲ့သည္။ႏူးညံ့အိစက္ေနေသာ စေတာ္ဘယ္ရီသီးတစ္လုံးရဲ႕ အရသာလိုမ်ိဳး။
"အား!ငါ...ဘာေတြ ေတြးေနမိတာလိမ့္။မနက္က်မွပဲ ဆိုင္ကိုေစာေစာသြားေတာ့မယ္။အစ္ကို ေနေကာင္းေလာက္မွာပါ"
"ေဂ်ာင္ကု မအိပ္ေသးဘူးလား"
အခန္းတံခါးဝက ဦးေလးရဲ႕အသံေၾကာင့္ အခန္းမီးခလုတ္ေလးကို လွမ္းပိတ္လိုက္ၿပီး ခပ္ျမန္ျမန္ပဲ ေျဖလိုက္သည္။
"အိပ္ၿပီ ဦးေလးေရ"
"ျပတင္းေပါက္တံခါး ေသခ်ာပိတ္အိပ္ေနာ္"
အၿမဲတမ္း ျပတင္းေပါက္ကို ဖြင့္အိပ္ေလ့႐ွိသည့္ သူ႕ကို ဦးေလးက စိုးရိမ္တႀကီးမွာသည္။ဒီရက္ပိုင္း ရာသီဥတုက အေအးဓာတ္ဝင္လာၿပီ။
ေစာင္ထူထူကို ပခုံးအထိ ဆြဲျခဳံလိုက္ရင္း ျပတင္းေပါက္ ကေန တစ္ဝက္တစ္ပ်က္က်ေနေသာ လေရာင္ကို ေငးမိသည္။
ခုညေတာ့ ၾကယ္ေတြစုံလို႔ပါလား။
ညိဳမိႈင္းမိႈင္း ဟိုးေကာင္းကင္မွာ တစ္ခါတစ္ရံ လင္းလက္လာတဲ့ အစ္ကို႔အျပဳံးေတြ..တိမ္ယံေတြ ဖုံးသြားရင္ေတာင္ ကြၽန္ေတာ္တမ္းတလို႔ ဆုံးမွာမဟုတ္ဘူး။
𖧷 . 𖧷. 𖧷
"အစ္ကို႔ "
ကားေပၚက ေဆာ့ဂ်င္ ဆင္းလိုက္သည္ႏွင့္ ေဂ်ာင္ကု ဆိုင္ေ႐ွ႕က ခုံတန္းေတြေပၚထိုင္ေနရာကေန အေျပးေလးသြားသည္။
"ညကေလ ဖုန္းဆက္တာ စက္ပိတ္ထားတယ္တဲ့။ေနေကာင္းရဲ႕လား"
ဆိုင္ထဲေရာက္သည့္တိုင္ မ်က္ႏွာအရိပ္အကဲကို ၾကည့္ၿပီး တဖြဖြေမးေနေသာ သူ႕ကို ဘာတုံ႔ျပန္စကားမွမဆိုပါ။သာမန္ထက္ ပိုတည္ၿပီး မ်က္ေမွာင္ေတြတြန္႔ခ်ိဳးထားေသာ အစ္ကိုသည္ တစ္ခုခုကိုအလိုမက်သလိုပုံစံႏွင့္။
စိတ္ဆိုးေနတာလား။
႐ုတ္တရက္ လြန္ခဲ့ေသာလေတြက အစ္ကို႔ေနာက္ကို ဇြတ္တ႐ြတ္ လိုက္ခဲ့တုန္းက အခ်ိန္ကာလေတြကို ျပန္ေရာက္သြားသလိုမ်ိဳး။
ဟင့္အင္း။ကြၽန္ေတာ္ ဒီလိုထပ္အျဖစ္ခံမွာ မဟုတ္ဘူး။ဒီအေျခအေနထိေရာက္ေအာင္ ကြၽန္ေတာ္ဘယ္ေလာက္ ေတာင့္တခဲ့ရသလဲ။မျဖစ္ရဘူး..လုံးဝပဲ။
"စကားေျပာပါဦး။ကြၽန္ေတာ္႕ကို စိတ္ဆိုးေနတာလား"
ေရာက္တာနဲ႔ ေကာင္တာေနာက္မွာ ထိုင္ၿပီး အလုပ္႐ႈပ္ခ်င္ဟန္ေဆာင္ေနေသာ အစ္ကိုသည္ သူ႕စကားေၾကာင့္ လက္ေတြ႐ုတ္တရက္ရပ္တန္႔သြားသည္။ၿပီးေတာ့ သက္ျပင္းတစ္ခ်က္ခ်ကာ ဆိုင္အျပင္ဘက္က ျဖတ္သြားျဖတ္လာ တစ္ေယာက္စ၊ႏွစ္ေယာက္စ ကိုေငးၾကည့္ေနခဲ့သည္။
"အခုရက္ထဲ ငါ့မ်က္စိေ႐ွ႕ေပၚမလာလို႔ မရဘူးလား။ငါတစ္ေယာက္တည္း ေနခ်င္တယ္"
အစ္ကို႔စကားေၾကာင့္ သူ႕ရင္ဘတ္ေတြ အနည္းငယ္ေအာင့္သြားေပမယ့္ ဘာမွမျဖစ္သလို ခ်က္ခ်င္း အေျခအေနကိုေျပာင္းဖို႔ႀကိဳးစားလိုက္သည္။
အရင္လိုပဲ အစ္ကို႔ေနာက္ေက်ာကို ဖြဖြေလးသိမ္းဖက္ၿပီး သူတို႔ႏွစ္ေယာက္ၾကားက စိမ္းသက္ေနေသာ အေျခအေနကိုေႏြးေထြးသြားေအာင္ ဖန္တီးမိသည္။
"စိတ္ဆိုးေနတာပဲ။ကြၽန္ေတာ္႕ကို ပြင့္ပြင့္လင္းေျပာပါ အစ္ကိုရယ္"
သူ႕ရင္ခြင္ထဲ အလိုက္သင့္ပါမလာဘဲ ခပ္ေတာင့္ေတာင့္ရပ္ေနဆဲ အစ္ကိုက နီးကပ္ျခင္းကိုမလိုလားစြာ တံေတာင္နဲ႔တြန္းထုတ္သည္။
သူ႕ မ်က္လုံးေတြ ဝိုင္းသြားသည္။
တစ္ခုခုေတာ့မွားေနၿပီ။
"မင္းကို ျမင္ရင္ ငါပင္ပန္းလို႔ ဟုတ္ၿပီလား။ျပန္ေတာ့"
ငါေတြ မင္းေတြ သုံးႏႈန္းသည့္နာမ္စားဟာ ခ်က္ခ်င္းဆိုသလို ခက္ထန္ျခင္းအသြင္သို႔ ကူးေျပာင္းသြားသည္။စကၠန္႔အနည္းငယ္မွ်ေသာ တိတ္ဆိတ္သြားျခင္းက သူတို႔ႏွစ္ေယာက္ၾကားက ေလထုကို အေအးစက္ဆုံးအေျခအေနသို႔ တြန္းပို႔သည္။
ေဂ်ာင္ကု ဘာမွထပ္မေျပာေတာ့ပါ။
႐ြာေတာ့မယ့္ မိုးလိုခ်က္ခ်င္း ပ်က္ယြင္းက်သြားတဲ့ မ်က္ႏွာအမူအရာကိုေတာင္ ဟန္ေဆာင္ၿပီး မထိန္းခ်ဳပ္ႏိုင္တဲ့ ေကာင္ေလးဟာ အစ္ကို႔ရဲ႕ စကားလုံးေတြကို ဘယ္မွာခံႏိုင္ရည္႐ွိမလဲကြယ္။
အၿမဲရင့္က်က္ခ်င္ေယာင္ ေဆာင္ထားေပမယ့္ ဂြၽန္ေဂ်ာင္ကု ဆိုတာ ကင္ေဆာ့ဂ်င္နဲ႔ဆို တစ္ခါတစ္ေလ ကေလးဆိုးေလးပဲမဟုတ္လား။
"ဟိုေ႐ွ႕မွာ ထိုင္ေနလို႔ေရာ ျဖစ္တယ္မလား"
ဆိုင္ေ႐ွ႕က ခုံတန္းေပၚေတြေပၚ လက္ညိႇဳးၫႊန္ျပသည့္ပုံက ငိုေတာ့မယ့္ ဆဲဆဲဝက္ဝံေပါက္စေလးလို။
ေဆာ့ဂ်င္ လွည့္မၾကည့္ေပမယ့္ ဒီေကာင္ေလး အေတာ္မ်က္ႏွာပ်က္ေနၿပီဆိုတာ သိသည္။
ျဖစ္တည္မႈကို ေ႐ြးခ်ယ္လို႔မရတဲ့ ကံၾကမၼာစက္ဝန္းမွာ မင္းက အဲဲ႕ဒီလူရဲ႕ သားအျဖစ္ေမြးဖြားလာကိုက မွားယြင္းေနခဲ့တာ။အခုေလာေလာဆယ္ မင္းနဲ႔စကားေျပာခ်င္စိတ္မ႐ွိတဲ့ ငါ့ကိုနားလည္ေပးပါ ေကာင္ေလးေရ။
ခါတိုင္းဆို ဆိုင္ေရာက္ၿပီဆိုတာနဲ႔ ကလူက်ီစယ္ေနေသာ သူတို႔ႏွစ္ေယာက္ သိသိသာသာႀကီး တိတ္ဆိတ္သြားေတာ့ ဆိုင္ဝန္ထမ္းေကာင္ေလးကလည္း မ်က္ႏွာမေကာင္းပါ။တစ္ေယာက္တည္း ေခါင္းငိုက္စိုက္ထိုင္ေနတဲ့ ဆိုင္ေ႐ွ႕က ေကာင္ေလးကို ၾကည့္လိုက္၊ဒီေန႔မွ အရမ္းအလုပ္မ်ားေနပုံရေသာ ဆိုင္ပိုင္႐ွင္ေကာင္ေလးကိုၾကည့္လိုက္ႏွင့္ သက္ျပင္းေတြသာ အခါခါခ်မိေနေတာ့သည္။
𖧷 . 𖧷. 𖧷
"ေကာင္ေလး ဘာလို႔အျပင္မွာထိုင္ေနတာလဲ အထဲဝင္ေလ"
ယြန္းဂီနဲ႔ဂ်ီမင္းတို႔ လက္ခ်င္းတြဲကာ ဆိုင္ထဲဝင္မလို႔ လုပ္တုန္း ေခါင္းငိုက္စိုက္ခ်ၿပီး ထိုင္ေနတဲ့ေကာင္ေလးေၾကာင့္ ဆိုင္ဝမွာတင္ရပ္သြားခဲ့သည္။
ေမာ့ၾကည့္လာတဲ့ ေကာင္ေလးရဲ႕မ်က္လုံးေတြက စိုစြတ္ေနၿပီး ႏွာေခါင္းထိပ္ဖ်ားေတြ နီရဲေနသည္။ယြန္းဂီ ၾကည့္လိုက္တာနဲ႔ တစ္ခုခုျဖစ္ထားၿပီဆိုတာ သိလိုက္သည္။ရန္ျဖစ္ထားတာလား။ဆူထားတာလား...တစ္ခုခုေပါ့။
"ဘာျဖစ္လို႔လဲ..ကိုကိုက ဆူထားလို႔လား"
"စ မေနနဲ႔ဗ်ာ။ခင္ဗ်ား သူငယ္ခ်င္းကိုသာ ေမးၾကည့္"
"စကားေျပာပုံက...ငါလုပ္လိုက္ရ"
ယြန္းဂီ စ လိုက္ေပမယ့္ ခါတိုင္းလို ရန္မေထာင္ပဲ ဒူးေခါင္းႏွစ္ဖက္ေပၚ မ်က္ႏွာေမွာက္ကာ ျပန္ၿငိမ္သြားပုံက အဆူခံထိထားေသာ ယုန္ေလးတစ္ေကာင္ႏွယ္။
"ေတာ္ပါ..gigiရာ ေကာင္ေလးကို စ မေနနဲ႔။ငိုေနပါဦးမယ္။စိတ္အခန္႔မသင့္လို႔ ေနမွာပါ။လာပါ အထဲဝင္ရေအာင္"
ယြန္းဂီ ပါးစပ္ကသာ ပိတ္ေဟာက္လိုက္ေပမဲ့ ေဂ်ာင္ကုကိုေတာ့ ညီငယ္ေလးတစ္ေယာက္လို ခ်စ္ပါသည္။သူေလး ဒီေန႔ထူးထူးျခားျခား ၿငိမ္ေနေတာ့ စိတ္မေကာင္းျဖစ္မိသြားသည္။သူငယ္ခ်င္းအတြဲ ရန္ျဖစ္တာ ကိုယ့္ခ်စ္သူနဲ႔ ရန္ျဖစ္ထားသလိုမ်ိဳး ေဘးကသူေတာင္ စိတ္ထဲစႏိုးစေနာင့္နဲ႔။
"ေဟ့ေကာင္ ေဆာ့ဂ်င္"
"ဘာလဲ"
ကိတ္မုန္႔ေတြျပင္ဆင္ေနေသာ ေဆာ့ဂ်င္က ေထြေထြထူးထူး မ႐ွိသလို ပုံမွန္အတိုင္းပင္ ျပန္ေျဖသည္။
ယြန္းဂီ ဆိုင္ေ႐ွ႕ကို ေမးေငါ့ျပလိုက္ၿပီး
"ဆူထားတာလား။ ကေလးက ေတာ္ေတာ္မ်က္ႏွာမေကာင္းေနဘူး"
"ဒီရက္ပိုင္း သူနဲ႔မေတြ႕ခ်င္လို႔ "
ေဆာ့ဂ်င္ အေျဖေၾကာင့္ ယြန္းဂီ စိတ္ပ်က္လက္ပ်က္နဲ႔ နဖူးေပၚက ဆံပင္ေတြကို ခပ္ၾကမ္းၾကမ္း သပ္ၿပီးလွ်င္ သက္ျပင္း႐ွည္ႀကီးမႈတ္ထုတ္ပစ္သည္။
"ဘာျဖစ္ျပန္ၿပီလဲကြာ။မင္းတို႔ကလည္း...မနက္ကတည္းက အဲ့ေကာင္ေလး ထိုင္ေနတာမလား။တစ္ခုခု ေကြၽးလိုက္ဦး။ဗိုက္ေအာင့္ေနဦးမယ္"
"ဆာရင္ သူ႕ဘာသာ သြားစားလိမ့္မယ္။အျဖစ္သည္းျပမေနနဲ႔ ယြန္းဂီ။သူက ၅ႏွစ္သားေလးမဟုတ္ဘူး"
"မင္းကေတာ့ တကယ္ပဲ"
ယြန္းဂီ ဘာမွမေျပာေတာ့ဘဲ 'စံပဲ' ဟူေသာ မ်က္ႏွာေပးႏွင့္ ေဆာ့ဂ်င္ ခပ္ေစာင္ေစာင္ၾကည့္သည္။
"မခ်စ္တာလည္း မဟုတ္ဘဲနဲ႔...အလကား"
"ငါတစ္ေယာက္တည္း ေနခ်င္တယ္..ယြန္းဂီ sorry"
ေဆာ့ဂ်င္ ေသြးေအးရင္ တကယ္ေၾကာက္ဖို႔ေကာင္းပါသည္။ဥေပကၡာျပဳႏိုင္သည့္ ေနရာတြင္လည္း ဆရာတစ္ဆူပင္။ေဆာ့ဂ်င္ အႀကီးအက်ယ္စိတ္ဆိုးတာကို တစ္ခါခံဖူးေသာ ယြန္းဂီက ဒါကိုေကာင္းေကာင္းသိသည္။
"အင္းပါကြာ...ဘာေၾကာင့္မွန္းမသိေပမယ့္ အခ်ိန္ယူၿပီး ေသခ်ာျပန္စဥ္းစားဦး"
ေဆာ့ဂ်င္ ေခါင္းၿငိမ့္ ျပလိုက္ၿပီး အျပင္ဘက္ကို မသိမသာခိုးၾကည့္လိုက္သည္။ေၾကကြဲရိပ္သန္းေနေသာ မ်က္လုံးဝိုင္းတစ္စုံႏွင့္ အၾကည့္ခ်င္းဆုံမိေလလွ်င္ သူ ကျပာကယာပဲ မ်က္လႊာခ်မိလိုက္သည္။
𖧷 . 𖧷 .𖧷
"အစ္ကို ေနပါဦး။တစ္ခုခုေျပာစရာမ႐ွိေတာ့ဘူးလား"
ဆိုင္တံခါးကို ေသာ့ခတ္ေနတုန္း ထိုေကာင္ေလးသည္ မဝံ့မရဲႏွင့္ အနားကို တိုးကပ္လာကာ ခပ္တိုးတိုးေမးသည္။
"ေျပာၿပီးၿပီေလ..မင္းနဲ႔စကားေျပာခ်င္စိတ္မ႐ွိဘူးလို႔"
မ်က္ရည္ၾကည္ေတြ ျပည့္ေနေသာ ထိုမ်က္လုံးဝိုင္းမ်ားက ေဆာ့ဂ်င္ကို မမွိတ္မသုန္ေငးရင္း မငိုရပါဘဲ မ်က္ရည္ေတြက်လာသည္။
"မေန႔ကမွ အေကာင္းသားႀကီးကိုဗ်ာ။ဘာအေၾကာင္းျပခ်က္မွ မ႐ွိဘဲ အစ္ကို႔ကို႐ုတ္တရက္ ကြၽန္ေတာ္ထားသြားရင္ေရာ အစ္ကိုေနႏိုင္ပါ့မလား။တစ္ခုခုေတာ့ေျပာမွေပါ့။တစ္ေန႔လုံး စကားလည္းမေျပာ။ဂ႐ုလည္း မစိုက္ဘူး။ကြၽန္ေတာ္ ႐ူးေတာ့မယ္ သိလား"
"မင္း တစ္ေယာက္တည္းပဲ ပင္ပန္းေနတယ္ မထင္နဲ႔။ငါလည္း မင္းမ်က္ႏွာကို ျမင္ရင္ အရမ္းပင္ပန္းတယ္"
ေဆာ့ဂ်င္ စိတ္ေပါက္ေပါက္နဲ႔ ေအာ္ပစ္လိုက္သည္။အလြန္တရာမွ အေၾကာတင္းေသာ ထိုေကာင္ေလးသည္ ယခင္ပုံစံေတြနဲ႔ ျခားနားစြာ နင့္နင္းသည္းသည္း ငိုသည္။
"မင္းနဲ႔ငါ ေ႐ွ႕ဆက္ လက္တြဲဖို႔ ငါျပန္စဥ္းစားရေတာ့မယ္"
"အေၾကာင္းအရင္းကို ေျပာေလဗ်ာ။ဘာျဖစ္လို႔ ကြၽန္ေတာ္႕ကို...."
စကားဆုံးေအာင္ မေျပာႏိုင္ခင္ ေဂ်ာင္ကုအသံေတြ တိမ္ဝင္သြားသည္။ၿပီးေတာ့ ေဆာ့ဂ်င္ အက်ီေကာ္လံစႏွစ္ဖက္ကို ခပ္တင္းတင္းဆုပ္ကာ နဖူးနဲ႔ ေဆာ့ဂ်င္ရင္ဘတ္ကို လာတိုႀက္ပီး ေက်ာျပင္က်ယ္ေတြက တသိမ့္သိမ့္ တုန္သည္အထိ ႀကိတ္ၿပီး မ်က္ရည္က်႐ွာသည္။
"ေျပာတာ နားလည္တယ္မလား။သြားေတာ့ တစ္ေန႔လုံးလည္း ဘာမွမစားထားဘူးမလား"
အက်ီေကာ္လံေပၚက လက္ေတြကို အတင္းတြန္းလႊတ္ၿပီး ေဆာ့ဂ်င္ ဇြတ္တ႐ြတ္ပင္ ထြက္လာခဲ့သည္။
နာက်င္ျခင္း၊သနားျခင္းႏွစ္ရပ္၏ လြန္ဆြဲျခင္းၾကားမွာ ႏွလုံးသားက ဗိုင္းရပ္စ္ဝင္လာသလိုမ်ိဳး ခ်က္ခ်င္းႀကီး ဆတ္ဆတ္ခါလာသည္။နင့္သည္းေသာ ထို ေဝဒနာ၏ အေျဖကို ေဆာ့ဂ်င္ ကိုယ္တိုင္ မ႐ွာေဖြႏိုင္ေသးပါ။
ေဂ်ာင္ကု ထိုေနရာမွာ အခ်ိန္အေတာ္ၾကာေအာင္ ရပ္ေနခဲ့ပါသည္။
တစ္ခ်ိန္လုံး ေမွ်ာ္လင့္ေနခဲ့တဲ့ စိတ္ကူးယဥ္ ကမ႓ာေလးဟာ ခဏေလးအတြင္းမွာ ဖ်က္ဆီးခံလိုက္ရသလိုမ်ိဳး။အေၾကာင္းအရင္းကို မသိရဘဲ ႐ုတ္တရက္ႀကီး ျဖတ္႐ိုက္ခ်ခံရသလို ခံစားခ်က္ႀကီး။
လိုခ်င္လား၊မလိုခ်င္လား မသိဘဲနဲ႔ ဂ႐ုစိုက္မႈေတြကို ေဖာေဖာေသာေသာ ေပးေနမိခဲ့တယ္။
ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဆက္ဆံေရးေတြ ေျပာင္းလဲသြားၿပီပဲ ထင္ခဲ့တာ။ေနာက္ဆုံးေတာ့ တစ္ဖက္သတ္က တစ္ဖက္သတ္ပါပဲ။
အစ္ကို႔ စိတ္ႀကိဳက္သာ ဆုံးျဖတ္ပါ။ကြၽန္ေတာ္က အစ္ကို႔အနားမွာ အၿမဲတြယ္ကပ္ေနမယ့္ အသည္းမာတဲ့ ကပ္ပါးေကာင္တစ္ေကာင္ပဲ မို႔လို႔။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
AN/// ဒီ fic ေလးေၾကာင့္ စာဖတ္သူေတြကို ငိုရေအာင္မလုပ္ပါဘူးေနာ္။မသကာ နည္းနည္းေလး စိတ္မေကာင္းျဖစ္႐ုံေလာက္ပါပဲ။ယုံၾကည္တယ္ မဟုတ္လား🥺
ကတိအတိုင္း one shortေလးလည္း ေရးေနပါတယ္။ၿပီးေတာ့မွာမို႔ ခဏေလာက္ပဲေစာင့္ေပးပါ💙
Thanks for your reading & voting
Riona 🌼
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



