Fanfics

~ 13 ~

16:51, 17 July 2021

Unicode_______

ပြတင်းပေါက်ဘေးနံရံက တိုက်ကပ်နွယ်ပင်လေးတွေ အပေါ် ငှက်ကလေးတစ်ကောင်စ နှစ်ကောင်စ၏ ကျီကျီကျာကျာ အသံက အလင်းရောင်မကျတကျ နံနက်ခင်းကို ကြိုဆိုလျက်ရှိသည်။ Pajama နို့နှစ်ရောင်ဖြင့် ကောင်လေးကတော့အခန်းထဲတွင် အိပ်မောကျနေဆဲပင်။

သိပ်မကြာခင် ချစ်စဖွယ်ကောင်းသော တံခါးခေါက်သံက နှစ်ချက်ဆင့်ကာ ထွက်ပေါ်လာသည်။

"ဒီအချိန်ကြီး ဘယ်သူလဲ "

ဆော့ဂျင် အနည်းငယ်မို့နေသော မျက်ခွံနှစ်ဘက်ကို ဖိပွတ်ကာ တံခါးဖွင့်ပေးလိုက်သည်။

"Morning အစ်ကို "

တံခါးရှေ့မှာ ပြုံးစိစိနဲ့ ရပ်နေသော ဂျောင်ကုသည် အိပ်​ရေးမဝသေးသော ဆော့ဂျင်အတွက် ပိတ်ရိုက်ချင်စရာ ကောင်းသည်။သို့​ပေမဲ့ အနက်ရောင်စပို့ရှပ် လည်ပိတ် လက်ရှည်နှင့် ဂျင်းဘောင်းဘီအပြာရင့်တွဲဝတ်ထားသော ထိုကောင်လေးက မရိုက်ရက်စရာကောင်းလောက်အောင်ကို ချစ်စဖွယ်ပြုံးပြနေရှာသည်။

"ဘာလဲကွာ စော​စောစီးစီးကြီး"

"မနက်စာ အတူစားရအောင်လေ အစ်ကို"

"မင်းအိမ်မှာ မင်းစားပါလား"

ဆော့ဂျင် အိမ်ထဲလှည့်ဝင်တော့ သူပါလိုက်ဝင်ကာ ခါးကို အတင်းဝင်ဖက်တော့သည်။

"ဖယ်ပေးစမ်း ငါမျက်နှာ မသစ်ရသေးဘူး"

"ဟင့်အင်း ဘယ်အချိန်ပဲဖြစ်ဖြစ် အစ်ကိုက ကျွန်တော့်အတွက် အမြဲတမ်း ဆွဲဆောင်မှုရှိတယ်"

ဆော့ဂျင်ပြုံးလိုက်ရင်း ခါးပေါ်က ဂျောင်ကုလက်တွေကို သူ့လက်တွေနဲ့ ပြန်ဆုပ်ကိုင်ထားလိုက်သည်။

"အဲ့အပြောတွေနဲ့ပဲ လုပ်စားနေတာကြာပြီမလား"

"တကယ်ပါဆို "

အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ်ပြီး ပြောနေပုံက စိတ်ကောက်သွားသော ယုန်ကလေးနှင့်တူသည်။နှာခေါင်းလုံးလုံးလေးက အနီးကပ်ကြည့်မှ ကိုက်ဆွဲချင်စရာလေး။

"လွှတ်ဦး မျက်နှာသွားသစ်မလို့ "

"မလွှတ်ဘူးဗျာ တစ်ညလုံး လွမ်းနေတာ အိပ်လို့တောင် မပျော်ဘူး"

"ဘာကောင်လေးလဲ မသိဘူး။နေ့ရော ညရော ငါ့ဆီပဲလာနေတယ်။သွား...မီးဖိုခန်းထဲမှာ စောင့်နေ"

အဲ့ဒီတော့မှ မလွှတ်ပေးချင်ဘဲနဲ့ လွှတ်ပေးကာ ေရချိုးခန်းရှေ့အထိ စောင်ပေပေနှင့် လာရပ်နေသေးသည်။သူသာ မဆူပူလျှင်အကျီစ ဆွဲပြီး တကောက်ကောက်လိုက်နေမည့် ကောင်ဆိုးလေးပါပင်။

"မြန်မြန်လုပ်နော် အစ်ကို။ကျွန်တော် ဗိုက်ဆာတယ်"

ဂျောင်ကု ဘာမှထပ်မပြောတော့ဘဲ မီးဖိုခန်းထဲကပဲ စောင့်နေလိုက်သည်။

တစ်ယောက်တည်းသမားမို့ထင် မီးဖိုခန်းက ကျယ်လွန်းသည်တော့ မဟုတ်ဘဲ အနေတော်ကလေးဖြစ်သည်။မျက်နှာကျက်ရော ကြမ်းခင်းတွေပါ ဖိတ်ဖိတ်လက်ပြီး အပြာနုရောင်သန်းနေသည်။ပန်းကန်ခွက်ယောက်တွေ တင်သည့်စင်လေးကလည်း လူတစ်ရပ်မှီပဲ ဖြစ်ကာ ပုံစံမျိုးစုံ ၊အရွယ်အစားမျိုးစုံ အသုံးအဆောင်ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်နေရာချထားသည်။ပန်းကန်လုံးလေးတွေကို လက်နဲ့တစ်ချက် သပ်ပြီးကြည့်တော့ လက်မှာ ပကတိအတိုင်း ဘာအမှုန်အမွှားမှ ရှိမနေ။

ရေခဲသေတ္တာတံခါးမှာလည်း RJ ရုပ်စတစ်ကာလေးတွေအပြည့်နှင့်။ အစ်ကိုက တစ်ခါတစ်လေ ကလေးလေးများလားဟုတောင် ထင်ရပါသည်။RJ ရုပ်လေးတွေကိုတော့ အတော်နှစ်သက်သည့်ပုံစံပါ။အိပ်ယာထဲမှာလည်း RJ ရုပ်ခပ်တန်တန်လေး တစ်ရုပ်ထားတာ တွေ့သေးသည်။ည,ညဆို ထိုအရုပ်ကလေးကို ဖက်အိပ်သည်ထင်သည်။

ဂျောင်ကု ထိုင်နေသော ထမင်းစားပွဲဝိုင်း နောက်ဘက်က စားပွဲပုလေးတစ်လုံးရှိသည်။ထိုစားပွဲပုလေး၏ အပေါ်တွင် စတော်ဘယ်ရီသီးပုံစံ frame လေးဖြင့် ဘောင်ခတ်ထားသော ဓာတ်ပုံလေးတစ်ပုံ။ဦးထုပ်အပြန့်ကို ဆောင်းထားသော အစ်ကို သည်မျက်မှန်ဝိုင်းကလေးနှင့် စာကြမ်းပိုးရုပ်လေးဖြစ်သည်။တော်တော်ငယ်ဦးမည့် ပုံပါ။အလွန်ဆုံးရှိ အသက် ၁၅နှစ်လောက်ပဲရှိဦးမည်။

"ဘာရုပ်လေးလဲ မသိဘူး။ချစ်စရာလေးကွာ"

ေဂျာင်ကု တစ်ယောက်တည်းကြိတ်ပြုံးရင်း အသေအချာကြည့်မိတော့ ဓာတ်ပုံထဲက အစ်ကို့ပခုံးပေါ်မှာလက်တစ်ဖက်ရှိနေသည်။တစ်ယောက်ယောက်နှင့် ပခုံးချင်းဖက်ရိုက်ထားသည့်ပုံ။ထိုသူ၏ မျက်နှာဘက်ပိုင်းကတော့ ရှိမနေပါ။ဓာတ်ပုံအနားသားက တိတိရိရိပြတ်နေသည်။ကပ်ကြေးဖြင့် ညှပ်ယူထားသည့်ပုံစံဖြစ်သည်။

ဘယ်သူပါလိမ့်နော်။ကျောင်းတုန်းက အစ်ကို့သူငယ်ချင်းများလား။

"ဂျောင်ကု "

ခေါ်သံကြောင်​့ ထိုဓာတ်ပုံလေးကို နေရာတကျပြန်ချထားလိုက်ရင်း အစ်ကို့ဆီလျှောက်သွားလိုက်သည်။

"ကျွန်တော် ဘာကူလုပ်ပေးရမလဲ"

"ဘာမှမလုပ်နဲ့ ငြိမ်ငြိမ်လေးသာ ထိုင်နေ"

"ဟုတ်"

"ခိုင်းတာလေးတော့ ယူပေးပေါ့"

ဆော့ဂျင်စကားကြောင့် 'အစ်ကို့အတွက်ဆို ဟိုးကောင်းကင်ပေါ်က  တိမ်တွေကို ဆွတ်ခူးပေးမည်'ဟု ခံယူထားသော ဂျောင်ကုမှာ ပိုပြီးအားတက်သွားရကာ ဖင်မထိုင်တော့ဘဲ တိုက်ပွဲကိုအသင့်နွှဲမည့် စစ်သူကြီး တစ်ဦးလို အဆင့်သင့်အနေအထားရှိနေသည်။

"အမိန့်တော်ကို နာခံလျက်ပါ "

ဂျောင်ကုက ရွှတ်နောက်နောက်နှင့် ပြောလေတော့ ဆော့ဂျင်မသိမသာလေး မျက်စောင်းနှင့်ကြည့်လိုက်သည်။

"ဂျောင်ကု ..."

"ဗျ "

"ဒီရဲ့ဟာလေးကို လာယူပြီး ခပ်သေးသေးလေးတွေ လှီးပါ့လား"

အစ်ကို ညွှန်​ပြရာကို ကြည့်လိုက်တော့ မုန်လာဥနီလေးနှစ်လုံးက ပန်းကန်ပြားပေါ်မှာ အခန့်သား။

"မုန်လာဥနီ ဆို မုန်လာဥနီ ပြောပေါ့။ဘာကို' ဒီရဲ့ဟာလေး' လဲ။အသည်းယားပြီး သေအောင်လုပ်နေတာလား"

မချိတင်ကဲ သူ့စကားကြောင့် ဆော့ဂျင်တုန်ကနဲ ဖြစ်သွားကာ ပြန်ပြီးရန်မထောင်တော့ဘဲ ပါးစပ်လေးပိတ်သွားသည်။

ဂျွန်ဂျောင်ကု အသည်းယားလျှင် ဘာလုပ်မလဲဆိုတာ သိနေသောကြောင့်ဖြစ်သည်။

သူများ ချစ်သူစုံတွဲတွေ ဘယ်လိုပြုမူသည်တော့ မသိ။ဂျောင်ကုသည် ဆော့ဂျင်လက်လေးတွေကို အသည်းယားလို့ ဆိုသည့်အကြောင်းပြချက်ဖြင့် ခဏခဏကိုက်တတ်သည့် အကျင့်ရှိသည်။

အခုလည်းဆော့ဂျင် လက်ဖြူဖြူလေး နှစ်ဖက်သည် ယုန်ဆိုးလေး၏ ခံတွင်းဝအနားမှ ပွတ်ကာသီကာလေး လွဲသွားလေသည်။

"ဘယ်လိုလှီးရမလဲ "

"ဟိုလိုမျိုးလေ...လေးထောင့်ပုံ အတုံးသေးသေးလေးတွေ လှီး"

"လှီးတတ်တယ် ဟုတ်"

နှုတ်ခမ်းဖူးဖူးတွေ စူကနဲ ထော်ကနဲနေအောင် ညွှန်ကြားနေသည့် အစ်ကို့ကို 'ကျွန်တော်သိပါတယ် အစ်ကိုရေ ' ဟုဆိုကာ အတင်းဖက်နမ်းချင်စိတ်တွေ ပေါက်တော့သည်။

"အစ်ကိုကလည်း ဘယ်လိုလေးတွေပြောနေမှန်းမသိဘူး"

"မင်းဘာသာမင်း နေရင်းထိုင်ရင်း အသည်းယားနေတာ။ငါက ငါ့ဘာသာ နေတတ်သလိုနေတာ"

အစ်ကို့ရဲ့ အပြုအမူတိုင်းက ကိုယ်တိုင် သတိမထားမိဘဲ လွန်စွာမှ ရင်ခုန်ဖို့ကောင်းကြောင်း၊တစ်ကိုယ်လုံး မလှုပ်နိုင်အောင် ဖျစ်ညှစ်ပြီး ပါးကြီးတွေရဲသွားအောင်အထိ အတင်းဖက်နမ်းဖို့ထက်ပင် အသည်းယားစရာကောင်းကြောင်း နောက်မှ အေးအေးဆေးဆေး ရှင်းပြပါဦးမည်။

"ကိုယ့်ကိုယ်ကို ချစ်ဖို့ကောင်းမှန်းရော သိလား"

ဂျောင်ကု မေးလိုက်လျှင် ကြက်ဥခေါက်နေသော ဆော့ဂျင်၏ နားရွက်ဖျားနှစ်ဖက်လုံး ရဲကနဲ ဖြစ်သွားသည်။ပြီးတော့ ခေါင်းယမ်းပြသည်။

ဟောဗျာ။သူချစ်ဖို့ ကောင်းမှန်း မသိဘူးတဲ့လေ။

"အင်းပါ အခုတော့ ခဏထားလိုက်ဦးမယ်။ပြီးမှ အစ်ကို့အပြုအမူလေးတွေက ဘယ်လောက်ချစ်စရာကောင်းကြောင်း ကျွန်တော်လက်တွေ့ပြမယ်"

"ေပါက်ကရ ပြောနေမယ့်အစား အလုပ်ကိုသာတွင်အောင်လုပ်စမ်းပါ"

အစ်ကိုက ​ပြောလည်းပြော အလုပ်လုပ်တာကလည်း တကယ်မြန်ပါသည်။မျက်စိရှေ့မှာတင် အသီးအရွက်တွေကို လှီးဖြတ်သွားတာများ လှစ်ကနဲ။

ထို့နောက် ပန်းကန်ပြားပေါ်မှာ ကြက်သွန်နီ၊မုန်လာဥနီ၊ကြက်သွန်မြိတ်၊ခရမ်းချဥ်သီး၊ပန်းပွင့်အစိမ်းလေးတွေက တစ်ပုံစီ နေရာယူထားသည်။ကြက်ဥကိုတော့ ဖန်ပန်းကန်လှလှလေးထဲ ဖောက်ထည့်ပြီး ဂျောင်ကုကိုမွှေခိုင်းသည်။

ထမင်းအဖြူလက်သ​ီးဆုပ်လောက်ကိုလည်း ထောပတ်နည်းနည်း၊ဆားနည်းနည်းထည့်နယ်ထားသည်။ပြီးတော့ အားလုံးကိုရောကာ ဂျုံမှုန့်တွေနှင့် နယ်ပြီးအလုံးကလေးတွေ ဆုပ်ထား၏။

"စားကောင်းမဲ့ပုံပဲ။အဲ့ဒါ ဘာလို့ခေါ်လဲ အစ်ကို"

"တစ်ခါမှ မစားဖူးဘူးလား။ငါ့အမေဆို ငါ့ကိုလုပ်ကျွေးနေကျ။အမေက ငါ့ကို လမ်းဘေးဆိုင်တွေက မုန့်တွေ ဝယ်ကျွေးလေ့မရ​ှိဘူး။အိမ်မှာပဲ သူကိုယ်တိုင် လုပ်ကျွေးတယ်"

ဆော့ဂျင်က တခြားအချိန်တွေဆို သိပ်ပြီး စကား များများမပြောတတ်ပေမယ့် အမေ့အကြောင်းပြောသည့်အချိန်ဆိုရင်တော့ သူ့မျက်နှာက အလိုလိုပြုံးနေတတ်သည်။အမေက ငယ်ငယ်ကတည်းက ရွယ်တူကလေးတွေနဲ့ ယှဥ်လျှင် မျက်နှာမငယ်ရလေအောင် သူ့ကိုလိုလေးမရှိအောင် အရမ်းဂရုစိုက်ပေးခဲ့သည်ပဲ။

ဘာလိုလိုနဲ့ အမေ မရှိခဲ့တာတောင် ၂ နှစ်ကျော်ခဲ့ပြီ။

"မေမေက တော်လိုက်တာနော်။အဲ့ဒါကြောင့်လည်း ဒီလိုသားချောချောလေးကို ပြုစုပျိုးထောင်နိုင်ခဲ့တာ"

ဂျောင်ကု စကားကြောင့် သူ့အတွေးတွေ တိကနဲ ပြတ်ကျသွားသည်။

"အမယ် ဘယ်သူက မင်း မေမေလဲ"

"အစ်ကို့ မေမေကလည်း ကျွန်တော့်မေမေပဲ မဟုတ်ဘူးလား။နောင်တစ်ချိန် ယောက္ခမ တော်ရမှာပဲဟာ"

"မင်းကို ယူမယ်လို့ရော ဘယ်သူကပြောနေလို့လဲ"

ပိုင်စိုးပိုင်နင်း အခေါ်အဝေါ်တွေနဲ့ လျှာအရသာခံနေသော ကောင်လေးကို ဆော့ဂျင် အမြင်ကပ်ကပ်နှင့် ပိတ်ဟောက်လိုက်သည်။

"ခိုးပြေးမှာပေါ့"

"မင်းကပဲ "

"အဲ့တာကြောင့် အသည်းယားအောင် သိပ်မလုပ်နဲ့။ဘယ်နေ့ ခိုးပြေးမိမယ်တော့မသိဘူး"

ေပါင်းအိုးထဲ ခုနက လုံးထားသော မုန့်လုံးလေးတွေ ထည့်ပေါင်းနေတုန်း ဆော့ဂျင် ခါးကို နစ်နေအောင် လာဖက်ကာ ပခုံးပေါ်မေးလာတင်သည်။သူ့အုန်းသီးခေါင်းလုံးလုံးလေးနှင့် ဆော့ဂျင် လည်ပင်းအနှံ့လိုက်ပွတ်ကာ အတင်းလိုက်နမ်းတော့သည်။

"တော်တော်ဆိုးတဲ့ ကောင်လေး"

ဆော့ဂျင် လက်အိတ်တွေ ချွတ်လိုက်ကာ ထိုယုန်ပေါက်ခေါင်းက ဆံပင်တွေကို လျှောက်ဖွပစ်လိုက်သည်။ခါးပေါ်က လက်တွေက ပိုပြီးတင်းကြပ်လာကာ သူ့တစ်ကိုယ်လုံး ဂျောင်ကု ရင်ခွင်ထဲမှာ ပျောက်ကွယ်လုမတတ်။

"ဒီအပြုအမူတွေက အစ်ကိုတစ်ယောက်တည်း အတွက် သီးသန့်ပါ"

ဖြေလျှော့ထားသော မျက်ခုံးတန်းများနှင့် အစ်ကိုက ဒီတစ်ခါတော့ စိတ်လိုလက်ရ ပြုံးသည်။

"မရုန်းပါနဲ့နော်။ကျွန်တော့်မှာ စိတ်ချမ်းသာစရာဆိုလို့ အစ်ကိုပဲရှိတာ"

ခပ်တိုးတိုးလေး ရေရွတ်ကာ သူ့ပါး​ပြင်ပေါ် နွေးကနဲ  ခံစားမိပြီးသည့်နောက် ဆော့ဂျင် မျက်လုံးတွေ ရုတ်တရက် မှိတ်ချလိုက်မိတော့သည်။

𖧷 . 𖧷 .𖧷

"အစ်ကို ခဏ ..ဆံပင်တွေ ပွနေတယ်"

ဆိုင်ကယ်ပေါ်က ဆင်းဆင်းချင်း ဆိုင်ထဲဝင်ဖို့ပြင်နေတဲ့ ဆော့ဂျင်လက်တွေကို ဂျောင်ကုဖမ်းကိုင်လိုက်ကာ သူ့ဆီကို ပြန်ဆွဲယူလိုက်သည်။ပြီးတော့ မျက်နှာချင်းဆိုင်လိုက်ပြီး Helmet ကြောင့် အနည်းငယ်ရှုပ်သွားသော ဆံပင်တွေကို လက်နှင့်အသာရှင်းပေးသည်။

"သူများတွေ ကြည့်ကုန်ဦးမယ်"

"ကြည့်ကြည့်လေ...အရေးလုပ်ရမှာလား"

ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်တတ်သော ကောင်လေးက သူ့ဝသီအတိုင်းပင် ဘုဆတ်ဆတ်ပြန်ပြောသည်။ဆော့ဂျင်လက်ကောက်ဝတ်ကိုပင် ပိုဆုပ်ကိုင်ထားကာ ဆံပင်တွေကိုစိတ်ပါလက်ပါ ရှင်းပေးသည်။နဖူးပေါ်မှာ ဂျောင်ကုလက်ချောင်းတွေက တရိပ်ရိပ်ကူးသန်းနေ၏။ပြောမရတဲ့အဆုံး ဆော့ဂျင် ထပ်အထွန့်မတက်တော့ဘဲ မျက်လုံးမှိတ်ကာ ငြိမ်ပေးလိုက်တော့သည်။

"ရပြီ အစ်ကို။မျက်လုံးဖွင့်တော့"

သူ စိတ်ကြိုက်ထုဆစ်ထားသော ပန်းပုရုပ်တစ်ခုကို ကြည့်ပြီး ကျေနပ်နေသော ပန်းပုဆရာတစ်ဦး၏ ပီတိမျိုးဖြင့် ဆော့ဂျင်မျက်နှာကို တစိမ့်စိမ့် ကြည့်သည်။

"မင်းကလေ တစ်ကယ်ပဲ "

ဆူပူမလို့ ပြင်လိုက်စဥ်မှာပဲ နဖူးပြင်ကို ဖျတ်ကနဲ နမ်းလိုက်တာကြောင့် စကားသံက တစ်ဝက်တစ်ပျက်မှာပဲ ပျောက်ဆုံးသွားရသည်။

ေဆာ့ဂျင်အတွက် နှုတ်ပိတ်ဆေးက ဂျောင်ကု၏ အနမ်းပင်ဖြစ်သည်။ခဏခဏ နမ်းတတ်ပေမယ့် ဂျောင်ကုရဲ့ အထိအတွေ့တွေက သူ့အတွက် အမြဲတမ်းရင်ခုန်စရာအသစ်အဆန်းဖြစ်သည်။

"သွားမယ် လာ.."

ရှားရှားပါးပါး ဆိုင်ပိတ်ရက်လေး တစ်ရက်မှာ ဂျောင်ကုနဲ့သူ dateဖို့ သဘောတူလိုက်တာဖြစ်သည်။တစ်ရက်တစ်လေ အိမ်မှာနားချင်ပေမယ့် ကောင်ဆိုးလေးကို အလိုလိုက်ဖို့ ဆုံးဖြတ်လိုက်တာက ဆော့ဂျင်အတွက် ငါးပါးမှောက်တော့သည်။အခုလောလောလတ်လတ်ပဲ လူမြင်ကွင်းမှာ တစ်ကြိမ်အနမ်းခံရပြီးပြီ။နောက်ထပ်လည်း မထင်ရင်မထင်သလို အနမ်းခံရဖို့အစီအစဥ်ရှိသည်။

"အစ်ကို ဘာစားချင်လဲ "

"မင်းကြိုက်တာသာ မှာတော့။အိမ်မှာလည်း စားလာခဲ့ပြီးပြီကို "

"အဲ့ဒါဆို ကော်ဖီပဲသောက်ကြမလား"

"အင်း "

ထောင့်ကျကျ စားပွဲဝိုင်းမှာ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ထိုင်ပြီးပြီးချင်း သူ့လက်တစ်ဖက်ကို ဆွဲယူလိုက်သောကြောင့် ဆော့ဂျင်လန့်သွားသည်။

သူ့လက်ဖဝါးကြီးကြီးထဲမှာ ဆော့ဂျင်လက်နှစ်ဖက်လုံးကို မြုပ်နေအောင် အုပ်ထားကာ လက်ချောင်းအချင်းချင်းယှက်လိုက်၊ပြန်ဆုပ်ထားလိုက်နှင့် တစ်ယောက်တည်းအလုပ်ရှုပ်နေသည်။

'လွှတ်ပေး'ဟု တောင်းဆိုလျှင် 'အသည်းယား'လို့ ဟူသောအကြောင်းပြချက်ဖြင့် ပြန်လည်ချေပမည်ကို ကြိုသိနေသောကြောင့် ဆော့ဂျင် ဘာမှမပြောတော့ဘဲ ယုန်ဆိုးလေးကို ဘေးမဲ့ပေးထားလိုက်တာဖြစ်သည်။

"အစ်ကို သိလား။အရင်ကဆို ဒီကော်ဖီဆိုင်ရှေ့မှာ အစ်ကိုတွေ့ပြီး အစ်ကိုစ​ီးတဲ့ ကားပေါ်အထိတက်လိုက်ခဲ့တာ။​အဲ့တုန်းက အစ်ကိုက မောင်းထုတ်ခဲ့တယ်လေ။ မှတ်မိတယ်မလား"

"မှတ်မိတယ် "

"ပြောပါဦး။ကျွန်တော့်ကို မြင်မြင်ချင်း လူမိုက်လေးလို့ထင်သွားတာမလား"

"မင်းက အဲ့တုန်းက ဆံပင်စတိုင်ရော အဝတ်အစားတွေရောက တကယ့် ပြောမကောင်း ဆိုမကောင်းပုံလေးနဲ့။ငါ့နောက်တကောက်ကောက်  လျှောက်လိုက်တော့ ငါကလမ်းသရဲလေးလို့ ထင်သွားတာပေါ့"

"ဟား...ဟား...ထင်လည်းထင်စရာပဲ။ကျွန်တော် အစ်ကို့ကိုမြင်မြင်ချင်း အရူးအမူးဖြစ်သွားတာ။အစ်ကို့ လက်ချောင်းသွယ်တွေကအစ မျက်တောင်တစ်ချက်ခတ်လိုက်တာအဆုံး ကျွန်တော်မှတ်မိနေခဲ့တာ။အမြဲတမ်း အစ်ကို့ပုံရိပ်တွေပဲ လွှမ်းမိုးနေတာပဲ။အဲ့တုန်းက တကယ်အရူးလိုပဲ။ဦးလေးကတောင် ပြောတယ်။ရူးများရူးနေသလားတဲ့"

"တကယ်ကြီးလား"

ဂျောင်ကု ရူးနေမည့်ပုံကို ဆော့ဂျင်မျက်စိထဲမြင်ယောင်ကာ ရယ်တော့သည်။သူရယ်တော့ ဂျောင်ကုကပါ လိုက်ရယ်သည်။လက်ဖဝါးထဲက ဆော့ဂျင်လက်ကလေးကိုတော့ မလွှတ်ပေးသေးပါ။လက်ကိုင်ထားရင်း အချင်းချင်း စကားပြောပြီး အတူတူ ပေါ့ပေါ့ပါးပါး ရယ်မောဖြစ်သည်။

"အစ်ကို ကျွန်တော့်ကို ထိုးခဲ့တာမှတ်မိတယ် ဟုတ်။နှစ်ရက်လောက် ဆန်ပြုတ်သောက်လိုက်ရတယ်။ဒီလက်သေးသေးလေးက မထင်ရဘူးနော်။သိပ်အားပြင်းတာပဲ"

"အရမ်းနာနေခဲ့မှာပဲ ငါ့ကလေးလေး"

ဆော့ဂျင် ဂျောင်ကု ပါးရိုးတစ်လျှောက် လက်ကလေးဖြင့် ထိတွေ့လိုက်ရင်း စိတ်မကောင်းစွာဖြင့်ဆိုသည်။ထိုအပြုအမူကပဲ ယုန်ဆိုးလေး၏ ထောင်ချောက်အတွင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ဝင်ရောက်သွားသည် လားတော့မပြောတတ်။အတင့်ရဲ ပြီး သွားကိုင်သော ထိုလက်ကလေးခမျာမှာ အကိုက်ခံလိုက်ရတော့သည်။

"အ့..."

"ေခွးပေါက်လေး ကိုက်ပြန်ပြီ။မေ့လို့ သွားကိုင်မိပါတယ်"

"အဲ့တုန်းက အစ်ကို ရက်စက်ခဲ့သမျှ ကျွန်တော့်ကိုအတိုးချ ချစ်ပေးရမယ်နော်။ထားမသွားရဘူး"

"မင်း ဒီလို ခဏခဏကိုက်နေရင်တော့ ထားသွားမှာ "

"မကျေနပ်ရင် ကျွန်တော့်လက်ကို ပြန်ကိုက်လေ"

"ငါက မင်းလိုအစွယ်မှ မပေါက်နေတာ"

ဘယ်အချိန်ကတည်းက လာချသွားမှန်းမသိသော ကော်ဖီနှစ်ခွက်မှာလည်း အငွေ့သေနေပြီ။ထိုအချစ်နာလန်ထနေသော အတွဲကို စားပွဲထိုးလေးကလည်း လှည်ကြည့်,လှည့်ကြည့်နှင့်။

ဘေးဝိုင်းက အစ်မကြီးတစ်သိုက်ကလည်း ခဏခဏလှမ်း,လှမ်းကြည့်သေးသည်။ချစ်သူ ရှိသေးပုံမပေါ်သော ထိုအစ်မကြီးများသည် ကလူကျီစယ်နေသော စုံတွဲကြောင့် ကော်ဖီသောက်ဖို့ပင် ေမ့လျော့ကာ အချင်းချင်း စကားတွတ်ထိုးလိုက်၊လှည့်ကြည့်လိုက်နှင့်။

နှစ်ယောက်တစ်ကမ္ဘာတည်နေသော သူတို့နှစ်ယောက်သာ သတိမထားမိတာ။ကြည့်မိသူတိုင်း နောက်ထပ်လှည့်မကြည့်ရ မနေနိုင်အောင် ကောင်လေးနှစ်ယောက်ရုပ်ရည်ကလည်း ချောမောလိုက်ဖက်လွန်းနေတာ။

"ဒါနဲ့ အစ်ကို ခုနက ​ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာ"

"ဟင် ဘယ်လိုခေါ်လိုက်မိလို့လဲ"

သူကိုယ်တိုင် သတိလက်လွတ်ခေါ်မိသွားသော အခေါ်အဝေါ်ကို ဆော့ဂျင်အမှတ်တမဲ့ဖြစ်ရကာ ဂျောင်ကုပြန်မေးတော့ အူ​ကြောင်ကြောင်နှင့်။

"ကလေးလေးဆို... ငါ့ရဲ့ကလေးလေးတဲ့ "

"၅နှစ်တောင်ကွာတာ ကလေးမဟုတ်ဘူးလား"

"ကလေး မဟုတ်တဲ့အကြောင်း သက်သေပြရမလား"

ရုတ်တရက် မျက်လုံးဝိုင်း​ဝိုင်းလေးကနေ ညို့ငင်နိုင်သော ရီဝေဝေအကြည့်မျိုးဖြင့် နှုတ်ခမ်းပါးတွေကို လျှာဖြင့် တစ်ချက်သပ်ပြတော့ ဆော့ဂျင် ကျောချမ်းသွားသည်။

"ရတယ်...ေနာက်မခေါ်တော့ဘူး။ငါသိတယ်"

လက်တကာကာနဲ့ ဆော့ဂျင် ကော်ဖီတွေကို တစ်ကျိုက်တည်း ယောင်ရမ်းပြီး မော့ချလိုက်တော့ ကောင်လေးက တဟားဟား အော်ရယ်တော့သည်။

အလွန်တရာမှ လူကြီးလုပ်ချင်နေသော ကောင်လေးသည် မေးရိုးထင်းထင်းတွေသာ မရှိခဲ့ပါလျှင် ချစ်စရာကောင်းသော ယုန်ပေါက်ကလေးတစ်ကောင်နှင့်မခြားပါ။

"ပြန်ကြရအောင်လေ ဂျောင်ကု၊မိုးတွေ ညို့နေပြီ"

အစ်ကို ပြောကာမှ သူကြည့်လိုက်တော့ မိုးကောင်းကင်တွင် အညိုပုပ်ရောင်တိမ်စိုင်တစ်ချို့ ဖြတ်ပြေးနေသည်။ကြည်လင်နေသော ပတ်ဝန်းကျင်က တဖြည်းဖြည်း မှောင်ရိပ်သန်းလာကာ မိုးရနံ့ပါသော လေပြည်တွေ ခပ်ဖြေးဖြေးတိုက်လာပြီ။

"ထီးလည်း မပါဘူး"

ကော်ဖီဆိုင်လေးနဲ့ ဆိုင်ကယ်က လမ်းတစ်ဖက်ခြမ်းစီမှာရှိနေတာမို့ ဒီမိုးနဲ့ဆို လမ်းကူးဖို့တောင် လွတ်မှာမဟုတ်။

"ကျွန်​ေတာ် ့ဆိုင်ကယ်ပေါ်မှာတော့ မိုးကာအကျီပါလာတယ်"

"သွားကြရအောင် ဂျောင်ကု "

သူတို့နှစ်ယောက် ကျသင့်ငွေရှင်းပြီး ဆိုင်ရှေ့ရောက်စဥ်မှာပင် မိုးစက်မိုးပေါက်ကြီးတွေ တဖွဲဖွဲကျကာ ပြိုကျသလို သည်းကြီးမဲကြီး ရွာချလေတော့သည်။

"မိုးကလည်း စိတ်ပျက်လိုက်တာ။ လမ်းတစ်ဖက်ကူးအောင်တောင် မစောင့်ဘူး"

မိုးရေတွေကို ကြည့်ငေးရင်း ဆော့ဂျင်တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ ငြီးလေသည်။ချစ်စရာကောင်းအောင် ငြီးငြူနေသော အစ်ကို့ပါးလေး တစ်ဖက်ကို ဂျောင်ကု စိတ်မထိန်းနိုင်တော့ဘဲ ဆွဲဖျစ်လိုက်သည်။

"မိုးနတ်သားက ခင်ဗျားရဲ့ ချစ်သူ ဂျွန်ဂျောင်ကုမှ မဟုတ်တာပဲဗျာ။ခင်ဗျားလေး လမ်းကူးပြီးအောင်အထိ ဘယ်စောင့်ပါ့မလဲ"

"အခုဘယ်လို သွားတော့မလဲ။ဆောင်းစရာလည်းမရှိဘဲနဲ့"

ဆော့ဂျင် အကြံထုတ်နေတုန်းရှိသေး ဂျောင်ကုက အပေါ်ထပ်ဂျာကင်ကို ချွတ်ပြီးနေပြီ။ပြီးတော့ သူတို့နှစ်ဦးလုံးရဲ့ ခေါင်းတွေအပေါ်ခြုံလိုက်သည်။

"ကျွန်တော့်ခါးကို ဖက်ထား။အတူဆောင်းပြီး သွားရအောင်"

"မင်းဘာသာမင်း ဆောင်း။မိုးမိရင် နှာစေးနေဦးမယ်"

"လာဗျာ။ကိုယ့် ခါးကိုသာ ဖက်ထားစမ်းပါ"

ဂျောင်ကု စိတ်မရှည်တော့ဘဲ ဆော့ဂျင် လက်တစ်ဖက်ကို သူ့ခါးမှာဖက်တွယ်စေသလို သူကလည်း ဆော့ဂျင်ခါးကိုပြန်ဖက်လိုက်သည်။ပြီးတောင့် အကျီအစွန်းတစ်ဖက်စီကို ကိုင်ကာ လမ်းတစ်ဖက်ခြမ်းကို အပြေးလျှောက်သွားတော့သည်။

"အရမ်းစိုသွားလား။ဒီမှ မိုးကာအကျီဝတ်လိုက်..မနက်ကျ ဖျားနေဦးမယ်"

"ဂျောင်ကု "

"ဗျာ"

"ငါစိတ်ပြောင်းသွားပြီ။မိုးကာ မဝတ်ဘဲ ဒီအတိုင်း ပြန်ကြရအောင်"

"အစ်ကို နေမကောင်းဖြစ်နေဦးမယ်"

"ဟင့်အင်း မင်းနဲ့တူ မိုးရေထဲအတူလျှောက်သွားတဲ့ ခံစားချက်ကို သဘောကျလို့"

အစ်ကို့အပြောကြောင့် တစ်နှစ်ပတ်လုံး မိုးရွာပေးဖို့ မိုးနတ်သားကို ဂျောင်ကု တောင်းဆိုချင်လိုက်တော့သည်။အစ်ကိုက သူ့ခံစားချက်တွေကို တော်ရုံတန်ရုံ ထုတ်ပြောလေ့မှမရှိတာပဲ။

"အင်း...ဒါပေမဲ့ Helmet တော့ ခေါင်းလုံအောင်ဆောင်းရမယ်နော်"

ထို့နောက် ဆိုင်ကယ်နောက်မြီးပေါ် ဆော့ဂျင်ခွထိုင်လိုက်ရင်း ဂျောင်ကု ခါးကို တင်းနေအောင်ဖက်ထားလိုက်သည်။

"ဖြေးဖြေးမောင်းနော်"

"အင်း အစ်ကို ကျွန်တော့်ကိုဖက်ထားရင် ဖြည်းဖြည်း မောင်းမယ်။မဖက်ရင် အရမ်းမောင်းမယ်"

ရွှတ်နောက်နောက်နှင့် ပြောလိုက်လျှင် ခပ်ဖြူဖြူလက်သီးဆုပ်လေးတစ်ခုက ဂျောင်ကုကျောပြင်ကျယ်ပေါ် တဗုန်းဗုန်းကျရောက်သွားလေတော့သည်။

𖧷. 𖧷. 𖧷

ဆော့ဂျင် အိမ်ရှေ့ပြန်ရောက်ချိန်တွင် မိုးကအတော်လေး စဲသွားပြီ။တစ်ပေါက် နှစ်ပေါက်ခန့်သာကျတော့သည်။ညနေ၆ နာရီလောက်ရှိပြီမို့ ပတ်ဝန်းကျင် တစ်ခုလုံး အနည်းငယ်အမှောင်ရိပ်သန်းနေပြီ။လမ်းထဲက တစ်ချို့ အိမ်ကလေးတွေမှာ မီးရောင်ပျပျလေးတွေတောင် ထွန်းထားကြပြီ။

"အိမ်ကို တန်းပြန်တော့နော် ဂျောင်ကု။မိုးချုပ်ရင် ဆိုင်ကယ်မောင်းရတာ မကောင်းဘူး "

"အစ်ကို မှတ်မိလား။ဒီလိုမိုးတွေရွာနေတဲ့ ညမှာလေ အစ်ကို့ကိုကျွန်တော်တွေ့ခဲ့တာပေါ့။ကျွန်တော့်ဆိုင်ကယ်နဲ့ တိုက်မိမလိုဖြစ်သွားပြီး ဆိုင်ကယ်လဲသွားတာ"

ဆော့ဂျင်ရင်တွေ ဒိန်းကနဲ ခုန်သွားရကာ မျက်လုံးအစုံပါ ပြူးကျယ်သွားသည်။

"ဘာ....အဲ့တုန်းက မင်းလား"

"ဟုတ်တယ်လေ အစ်ကိုရဲ့ ။အဲ့ဒီကတည်းက ကျွန်တော် အစ်ကို့ကို ချစ်သွားတာ"

ဂျောင်ကုတစ်ယောက် အတိတ်ကို လွမ်းလွမ်းဆွေးဆွေး ပြောနေပေမယ့် ဆော့ဂျင်ကတော့ သိသိသာသာ မျက်နှာပျက်နေသည်။

"အစ်ကို ဘာဖြစ်လို့လဲ"

"ဘာ...ဘာမှ မဖြစ်ဘူး ။ပြန်တော့"

"နေပါဦး ရုတ်တရက်ကြီး ဘာလို့နှင်နေတာလဲ"

"မဟုတ်ဘူး...မိုးချုပ်သွားရင် အဲ့တုန်းကလို ဆိုင်ကယ်ထပ်မှောက်နေမှာစိုးလို့ ၊ ငါအထဲဝင်တော့မယ် ၊မင်းလည်းပြန်တော့"

အတင်းနှင်နေသော အစ်ကို့ကို ဂျောင်ကု စိတ်မရှည်တော့ဘဲ ခါးကနေ ဆွဲဖက်ကာ ခြံတံခါးဘေးက အုတ်နံရံမှာ ကပ်ပစ်လိုက်သည်။

"အိမ်ပြန်ခါနီး လက်ဆောင်လေးတစ်ခုလောက် မပေးချင်ဘူးလား"

ဆော့ဂျင် ရင်ထဲ ရှိန်းမြလှိုက်ဖိုသွားကာ အေးစက်သွားရသည်။ပြီးတော့ တဒိန်းဒိန်းရင်ခုန်သံတွေ ရင်တွင်းတရစပ်တိုးပျံ့ကာ နွေးထုံလာသည်။မျက်နှာကို ဘယ်လိုမှ မထားတတ်စွာ တစောင်းငဲ့ချထားရင်း နှုတ်ခမ်းကိုပဲ အကြောင်းမဲ့ဖိကိုက်ထားမိတော့သည်။

"ကျွန်တော် အစ်ကို့နှုတ်ခမ်းလေးကို တစ်ခါမှ မမြည်းစမ်းကြည့်ရသေးဘူးလေ"

"ဟင့်အင်း... ဖယ်ပါ"

"ဘာဖြစ်လို့လဲ"

"ဟို......"

စကားပင် ဆုံးအောင်ပြောခွင့်မရလိုက်ပါ။ဂျောင်ကုက လက်တစ်ဖက်တည်းနဲ့ ဆော့ဂျင် ခါးသိမ်သိမ်ကို ပိုပြီး ဆွဲကပ်လိုက်ကာ ကျန်လက်တစ်ဖက်က မေးစေ့ကနေ ပင့်မော့လိုက်သည်။

အန္တရာယ်သည် အသိပေးပြီးမှ ဝင်ရောက်လာသည်မဟုတ်။ထိုအကြည့်တွေကနေ အစပြုကာ ရုတ်တရက်ဝင်ရောက်လာတာမျိုး။ဆော့ဂျင် ခံစားမိချိန်မှာတော့ ရုန်းဖို့နောက်ကျသွားခဲ့ပြီ။သူ့ပုံစံက ယုန်ဆိုးလေး၏ ခံတွင်းဝအတွင်းသို့ ခုန်ဆင်းခါနီး မုန်လာဥနီလေးတစ်လုံးသဖွယ်ပင်။

တဖြည်းဖြည်း နီးကပ်လာသော သူ့ဝင်သက်ထွက်သက် နွေးနွေးတွေ။

ဆော့ဂျင် မျက်လုံးတွေကို မှိတ်ချပစ်လိုက်သည်။

"ကိုယ်တို့ နမ်းကြမလား"

သူက တိုးတိုးလေး ပြောသည်။

ဆော့ဂျင် မျက်လုံးတွေ ပိတ်ထားရင်းမှ မျက်နှာကို တစ်ဖက်လွှဲကာ ရှောင်လိုက်လျှင် နူးညံ့အိစက်နေသော သူ့နှုတ်ခမ်းသား အိအိသည် မိမိလည်တိုင်နှင့် မိတ်ဆက်သွားရသည်။

"အ့..."

တစ်ချက် ငုံစုပ်ပြီးတော့ သူက ပြန်လွှတ်ပေးသည်။

ပြီးတော့ ပါးနှစ်ဖက်ကနေ ညှပ်ကိုင်ပြီး ဖူးထွက်နေသော အိစက်စက်စိုရဲရဲ နှုတ်ခမ်းလေးကို ဖွဖွလေး ဆွဲငုံလိုက်သည်။အကြိမ်ကြိမ်တမ်းတနေမိခဲ့သော နူးညံ့သည့်အထိအတွေ့လေးကို ဂျောင်ကုလွှတ်မပေးတော့ပါ။စတော်ဘယ်ရီနံ့သင်းနေသည့် နှုတ်ခမ်းများ၏ အထိအတွေ့သည် ရူးချင်စရာကောင်းလောက်အောင် ဆွဲဆောင်လေသည်။

"အွန့်...ကု...."

မပီမသ နာမည်ခေါ်သံလေးသည် ဂျောင်ကု နှုတ်ခမ်းထဲတွင်ပင် ပျောက်ကွယ်သွားရကာ နက်ရှိုင်းမွတ်သိပ်သော အနမ်းများကသာ အစားထိုးဝင်ရောက်လာသည်။

"ကု....ငါ...မောတယ်"

သူ့ရင်ဘတ်ကို တအားတွန်းလွှတ်တော့မှ အသိပြန်ဝင်လာကာ နှုတ်ခမ်းနှစ်လွှာကြားက အိစက်စက်အရသာလေးကို မလွှတ်ချင်,လွှတ်ချင်နှင့် လွှတ်ပေးလိုက်ရတော့သည်။

"စတော်ဘယ်ရီ အရသာလေး"

ဂျောင်ကု နားနားကပ်ပြီး ပြောတော့ခေါင်းငုံ့ပြီး အမောဖြေနေသော ဆော့ဂျင်မှာ ပါးတွေရော နားရွက်တွေပါ ရဲရဲတွတ်သွားသည်။

"မင်း အရမ်းဆိုးတယ် "

"ကျွန်တော်ဆိုးတာ အစ်ကိုမသိဘူးလား"

ဂျောင်ကုစကားကြောင့် ရန်ထောင်မလို့ မော့ကြည့်လိုက်စဥ်စိုရွှဲပြောင်လက်နေသော သူ့နှုတ်ခမ်းတွေကိုကြည့်နေဆဲ ရီဝေဝေအကြည့်တွေနှင့်ရင်ဆိုင်လိုက်ရသည်။

ဆော့ဂျင် နောက်ထပ် ထပ်စမလာခင် အလျင်အမြန်ပဲ ပြန်နှင်လိုက်ရတော့သည်။

"သွားတော့နော်။ချစ်တယ်"

"ဆေးသောက်အိပ်နော် အစ်ကို။ခေါင်းတွေရေစင်အောင် သုတ်ဦး။သွားပြီ တာ့တာ"

မပြ​ီးနိုင်မစီးနိုင် fly kiss တစ်သီးတစ်သန်းကြီးကို ဆော့ဂျင် စိတ်ရှည်လက်ရှည် ခံယူကာ ကောင်လေး သူ့ုမြင်ကွင်းထဲက ပျောက်သွားတော့မှ ရင်ဘတ်ကိုဖိကာ ခြံတံခါးအတင်းဆွဲပိတ်လိုက်တော့သည်။

အိမ်ပေါ်ရောက်ရောက်ချင်း ဆိုဖာပေါ် ဝမ်းလျားမှောက်လိုက်ကာ ကောင်ဆိုးလေး၏ အနမ်းတွေကို ပြန်မြင်ယောင်ပြီး သူ့မျက်နှာတွေရဲရဲတွတ်နေ​ေတာ့သည်။

"အား...ကင်ဆော့ဂျင် ရူးသွားတာပဲ"

သူ့ရဲ့ First kiss ကို ဂျွန်ဂျောင်ကုဟူသော ကောင်လေးကို သူပေးလိုက်မိပြီ။'မချစ်ပါ'ဟု ကိုယ့်ကိုယ်ကို အတန်တန်ညာနေသည့် ကြားက နောက်ဆုံးတော့ ထိုကောင်လေးကိုပဲ သူ့နှလုံးသားတစ်ခုလုံးကို သူကိုယ်တိုင်တောင် မသိလိုက်မိဘဲ အပိုင်သားပေးအပ်လိုက်ခဲ့ပါပြီ။

"တီး....တောင်....တီး....တောင် "

မိုးရေကြောင့် အေးနေသော ခန္ဓာကိုယ်ကို အနွေးဓာတ်ပေးရန် ကော်ဖီပူပူတစ်ခွက်ဖျော်နေစဥ် အိမ်ရှေ့တံခါးဆီက ဘဲလ်တီးသံကြောင့် သူချက်ချင်း ခေါင်းထောင် ထ လိုက်သည်။ဘာလဲ..ဂျောင်ကု မပြန်သေးတာလား။

"ဒီကောင်လေးကတော့...."

သူ့စကားမဆုံးခင်မှာပင် တံခါးနောက်ကွယ်က မျက်နှာတစ်ခု။

"ဟင် "

သူ့လက်ထဲက ကော်ဖီခွက်သည် မြေကြီးပေါ်သို့ အစိတ်စိတ်အမြွှာမြွှာ ကွဲကျသွားသည်။သူ့ခေါင်းတွေ အိုးထိန်းစက်တစ်ခုလို ချာချာလည်ကာ ဒူးတွေညွှတ်ခွေမတတ်။

ထိုသူက နှုတ်ခမ်းတွန့်ရုံ ပြုံးသည်။

"ကင်ဆော့ဂျင်လား။ ငါက ဂျောင်ကုအဖေပါ"

ဂျောင်ကု အဖေက သူတဲ့လား။

ကမ္ဘာကြီးက တကယ်ကျဥ်းကျဥ်းလေးရယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီတစ်ပိုင်းရေးရတာ စျာန်မဝင်နေဘူးကွယ်။

အခုရက်ထဲ အကြည်ဓာတ်တွေရော အနောက်ဓာတ်တွေရော အကုန်ပျောက်ဆုံးနေတယ်🤦🏻

Thanks for your reading & votingRiona

......Zawgyi----------

ျပတင္းေပါက္ေဘးနံရံက တိုက္ကပ္ႏြယ္ပင္ေလးေတြ အေပၚ ငွက္ကေလးတစ္ေကာင္စ ႏွစ္ေကာင္စ၏ က်ီက်ီက်ာက်ာ အသံက အလင္းေရာင္မက်တက် နံနက္ခင္းကို ႀကိဳဆိုလ်က္႐ွိသည္။ Pajama ႏို႔ႏွစ္ေရာင္ျဖင့္ ေကာင္ေလးကေတာ့အခန္းထဲတြင္ အိပ္ေမာက်ေနဆဲပင္။

သိပ္မၾကာခင္ ခ်စ္စဖြယ္ေကာင္းေသာ တံခါးေခါက္သံက ႏွစ္ခ်က္ဆင့္ကာ ထြက္ေပၚလာသည္။

"ဒီအခ်ိန္ႀကီး ဘယ္သူလဲ "

ေဆာ့ဂ်င္ အနည္းငယ္မို႔ေနေသာ မ်က္ခြံႏွစ္ဘက္ကို ဖိပြတ္ကာ တံခါးဖြင့္ေပးလိုက္သည္။

"Morning အစ္ကို "

တံခါးေ႐ွ႕မွာ ျပဳံးစိစိနဲ႔ ရပ္ေနေသာ ေဂ်ာင္ကုသည္ အိပ္​ေရးမဝေသးေသာ ေဆာ့ဂ်င္အတြက္ ပိတ္႐ိုက္ခ်င္စရာ ေကာင္းသည္။သို႔​ေပမဲ့ အနက္ေရာင္စပို႔႐ွပ္ လည္ပိတ္ လက္႐ွည္ႏွင့္ ဂ်င္းေဘာင္းဘီအျပာရင့္တြဲဝတ္ထားေသာ ထိုေကာင္ေလးက မ႐ိုက္ရက္စရာေကာင္းေလာက္ေအာင္ကို ခ်စ္စဖြယ္ျပဳံးျပေန႐ွာသည္။

"ဘာလဲကြာ ေစာ​ေစာစီးစီးႀကီး"

"မနက္စာ အတူစားရေအာင္ေလ အစ္ကို"

"မင္းအိမ္မွာ မင္းစားပါလား"

ေဆာ့ဂ်င္ အိမ္ထဲလွည့္ဝင္ေတာ့ သူပါလိုက္ဝင္ကာ ခါးကို အတင္းဝင္ဖက္ေတာ့သည္။

"ဖယ္ေပးစမ္း ငါမ်က္ႏွာ မသစ္ရေသးဘူး"

"ဟင့္အင္း ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ အစ္ကိုက ကြၽန္ေတာ္႕အတြက္ အၿမဲတမ္း ဆြဲေဆာင္မႈ႐ွိတယ္"

ေဆာ့ဂ်င္ျပဳံးလိုက္ရင္း ခါးေပၚက ေဂ်ာင္ကုလက္ေတြကို သူ႕လက္ေတြနဲ႔ ျပန္ဆုပ္ကိုင္ထားလိုက္သည္။

"အဲ့အေျပာေတြနဲ႔ပဲ လုပ္စားေနတာၾကာၿပီမလား"

"တကယ္ပါဆို "

အလိုမက်ဟန္ျဖင့္ မ်က္ေမွာင္ၾကဳတ္ၿပီး ေျပာေနပုံက စိတ္ေကာက္သြားေသာ ယုန္ကေလးႏွင့္တူသည္။ႏွာေခါင္းလုံးလုံးေလးက အနီးကပ္ၾကည့္မွ ကိုက္ဆြဲခ်င္စရာေလး။

"လႊတ္ဦး မ်က္ႏွာသြားသစ္မလို႔ "

"မလႊတ္ဘူးဗ်ာ တစ္ညလုံး လြမ္းေနတာ အိပ္လို႔ေတာင္ မေပ်ာ္ဘူး"

"ဘာေကာင္ေလးလဲ မသိဘူး။ေန႔ေရာ ညေရာ ငါ့ဆီပဲလာေနတယ္။သြား...မီးဖိုခန္းထဲမွာ ေစာင့္ေန"

အဲ့ဒီေတာ့မွ မလႊတ္ေပးခ်င္ဘဲနဲ႔ လႊတ္ေပးကာ ေရခ်ိဳးခန္းေ႐ွ႕အထိ ေစာင္ေပေပႏွင့္ လာရပ္ေနေသးသည္။သူသာ မဆူပူလွ်င္အက်ီစ ဆြဲၿပီး တေကာက္ေကာက္လိုက္ေနမည့္ ေကာင္ဆိုးေလးပါပင္။

"ျမန္ျမန္လုပ္ေနာ္ အစ္ကို။ကြၽန္ေတာ္ ဗိုက္ဆာတယ္"

ေဂ်ာင္ကု ဘာမွထပ္မေျပာေတာ့ဘဲ မီးဖိုခန္းထဲကပဲ ေစာင့္ေနလိုက္သည္။

တစ္ေယာက္တည္းသမားမို႔ထင္ မီးဖိုခန္းက က်ယ္လြန္းသည္ေတာ့ မဟုတ္ဘဲ အေနေတာ္ကေလးျဖစ္သည္။မ်က္ႏွာက်က္ေရာ ၾကမ္းခင္းေတြပါ ဖိတ္ဖိတ္လက္ၿပီး အျပာႏုေရာင္သန္းေနသည္။ပန္းကန္ခြက္ေယာက္ေတြ တင္သည့္စင္ေလးကလည္း လူတစ္ရပ္မွီပဲ ျဖစ္ကာ ပုံစံမ်ိဳးစုံ ၊အ႐ြယ္အစားမ်ိဳးစုံ အသုံးအေဆာင္ပစၥည္းေတြကို သပ္သပ္ရပ္ရပ္ေနရာခ်ထားသည္။ပန္းကန္လုံးေလးေတြကို လက္နဲ႔တစ္ခ်က္ သပ္ၿပီးၾကည့္ေတာ့ လက္မွာ ပကတိအတိုင္း ဘာအမႈန္အမႊားမွ ႐ွိမေန။

ေရခဲေသတၱာတံခါးမွာလည္း RJ ႐ုပ္စတစ္ကာေလးေတြအျပည့္ႏွင့္။ အစ္ကိုက တစ္ခါတစ္ေလ ကေလးေလးမ်ားလားဟုေတာင္ ထင္ရပါသည္။RJ ႐ုပ္ေလးေတြကိုေတာ့ အေတာ္ႏွစ္သက္သည့္ပုံစံပါ။အိပ္ယာထဲမွာလည္း RJ ႐ုပ္ခပ္တန္တန္ေလး တစ္႐ုပ္ထားတာ ေတြ႕ေသးသည္။ည,ညဆို ထိုအ႐ုပ္ကေလးကို ဖက္အိပ္သည္ထင္သည္။

ေဂ်ာင္ကု ထိုင္ေနေသာ ထမင္းစားပြဲဝိုင္း ေနာက္ဘက္က စားပြဲပုေလးတစ္လုံး႐ွိသည္။ထိုစားပြဲပုေလး၏ အေပၚတြင္ စေတာ္ဘယ္ရီသီးပုံစံ frame ေလးျဖင့္ ေဘာင္ခတ္ထားေသာ ဓာတ္ပုံေလးတစ္ပုံ။ဦးထုပ္အျပန္႔ကို ေဆာင္းထားေသာ အစ္ကို သည္မ်က္မွန္ဝိုင္းကေလးႏွင့္ စာၾကမ္းပိုး႐ုပ္ေလးျဖစ္သည္။ေတာ္ေတာ္ငယ္ဦးမည့္ ပုံပါ။အလြန္ဆုံး႐ွိ အသက္ ၁၅ႏွစ္ေလာက္ပဲ႐ွိဦးမည္။

"ဘာ႐ုပ္ေလးလဲ မသိဘူး။ခ်စ္စရာေလးကြာ"

ေဂ်ာင္ကု တစ္ေယာက္တည္းႀကိတ္ျပဳံးရင္း အေသအခ်ာၾကည့္မိေတာ့ ဓာတ္ပုံထဲက အစ္ကို႔ပခုံးေပၚမွာလက္တစ္ဖက္႐ွိေနသည္။တစ္ေယာက္ေယာက္ႏွင့္ ပခုံးခ်င္းဖက္႐ိုက္ထားသည့္ပုံ။ထိုသူ၏ မ်က္ႏွာဘက္ပိုင္းကေတာ့ ႐ွိမေနပါ။ဓာတ္ပုံအနားသားက တိတိရိရိျပတ္ေနသည္။ကပ္ေၾကးျဖင့္ ညႇပ္ယူထားသည့္ပုံစံျဖစ္သည္။

ဘယ္သူပါလိမ့္ေနာ္။ေက်ာင္းတုန္းက အစ္ကို႔သူငယ္ခ်င္းမ်ားလား။

"ေဂ်ာင္ကု "

ေခၚသံေၾကာင္​့ ထိုဓာတ္ပုံေလးကို ေနရာတက်ျပန္ခ်ထားလိုက္ရင္း အစ္ကို႔ဆီေလွ်ာက္သြားလိုက္သည္။

"ကြၽန္ေတာ္ ဘာကူလုပ္ေပးရမလဲ"

"ဘာမွမလုပ္နဲ႔ ၿငိမ္ၿငိမ္ေလးသာ ထိုင္ေန"

"ဟုတ္"

"ခိုင္းတာေလးေတာ့ ယူေပးေပါ့"

ေဆာ့ဂ်င္စကားေၾကာင့္ 'အစ္ကို႔အတြက္ဆို ဟိုးေကာင္းကင္ေပၚက  တိမ္ေတြကို ဆြတ္ခူးေပးမည္'ဟု ခံယူထားေသာ ေဂ်ာင္ကုမွာ ပိုၿပီးအားတက္သြားရကာ ဖင္မထိုင္ေတာ့ဘဲ တိုက္ပြဲကိုအသင့္ႏႊဲမည့္ စစ္သူႀကီး တစ္ဦးလို အဆင့္သင့္အေနအထား႐ွိေနသည္။

"အမိန္႔ေတာ္ကို နာခံလ်က္ပါ "

ေဂ်ာင္ကုက ႐ႊတ္ေနာက္ေနာက္ႏွင့္ ေျပာေလေတာ့ ေဆာ့ဂ်င္မသိမသာေလး မ်က္ေစာင္းႏွင့္ၾကည့္လိုက္သည္။

"ေဂ်ာင္ကု ..."

"ဗ် "

"ဒီရဲ႕ဟာေလးကို လာယူၿပီး ခပ္ေသးေသးေလးေတြ လွီးပါ့လား"

အစ္ကို ၫႊန္​ျပရာကို ၾကည့္လိုက္ေတာ့ မုန္လာဥနီေလးႏွစ္လုံးက ပန္းကန္ျပားေပၚမွာ အခန္႔သား။

"မုန္လာဥနီ ဆို မုန္လာဥနီ ေျပာေပါ့။ဘာကို' ဒီရဲ႕ဟာေလး' လဲ။အသည္းယားၿပီး ေသေအာင္လုပ္ေနတာလား"

မခ်ိတင္ကဲ သူ႕စကားေၾကာင့္ ေဆာ့ဂ်င္တုန္ကနဲ ျဖစ္သြားကာ ျပန္ၿပီးရန္မေထာင္ေတာ့ဘဲ ပါးစပ္ေလးပိတ္သြားသည္။

ဂြၽန္ေဂ်ာင္ကု အသည္းယားလွ်င္ ဘာလုပ္မလဲဆိုတာ သိေနေသာေၾကာင့္ျဖစ္သည္။

သူမ်ား ခ်စ္သူစုံတြဲေတြ ဘယ္လိုျပဳမူသည္ေတာ့ မသိ။ေဂ်ာင္ကုသည္ ေဆာ့ဂ်င္လက္ေလးေတြကို အသည္းယားလို႔ ဆိုသည့္အေၾကာင္းျပခ်က္ျဖင့္ ခဏခဏကိုက္တတ္သည့္ အက်င့္႐ွိသည္။

အခုလည္းေဆာ့ဂ်င္ လက္ျဖဴျဖဴေလး ႏွစ္ဖက္သည္ ယုန္ဆိုးေလး၏ ခံတြင္းဝအနားမွ ပြတ္ကာသီကာေလး လြဲသြားေလသည္။

"ဘယ္လိုလွီးရမလဲ "

"ဟိုလိုမ်ိဳးေလ...ေလးေထာင့္ပုံ အတုံးေသးေသးေလးေတြ လွီး"

"လွီးတတ္တယ္ ဟုတ္"

ႏႈတ္ခမ္းဖူးဖူးေတြ စူကနဲ ေထာ္ကနဲေနေအာင္ ၫႊန္ၾကားေနသည့္ အစ္ကို႔ကို 'ကြၽန္ေတာ္သိပါတယ္ အစ္ကိုေရ ' ဟုဆိုကာ အတင္းဖက္နမ္းခ်င္စိတ္ေတြ ေပါက္ေတာ့သည္။

"အစ္ကိုကလည္း ဘယ္လိုေလးေတြေျပာေနမွန္းမသိဘူး"

"မင္းဘာသာမင္း ေနရင္းထိုင္ရင္း အသည္းယားေနတာ။ငါက ငါ့ဘာသာ ေနတတ္သလိုေနတာ"

အစ္ကို႔ရဲ႕ အျပဳအမူတိုင္းက ကိုယ္တိုင္ သတိမထားမိဘဲ လြန္စြာမွ ရင္ခုန္ဖို႔ေကာင္းေၾကာင္း၊တစ္ကိုယ္လုံး မလႈပ္ႏိုင္ေအာင္ ဖ်စ္ညႇစ္ၿပီး ပါးႀကီးေတြရဲသြားေအာင္အထိ အတင္းဖက္နမ္းဖို႔ထက္ပင္ အသည္းယားစရာေကာင္းေၾကာင္း ေနာက္မွ ေအးေအးေဆးေဆး ႐ွင္းျပပါဦးမည္။

"ကိုယ့္ကိုယ္ကို ခ်စ္ဖို႔ေကာင္းမွန္းေရာ သိလား"

ေဂ်ာင္ကု ေမးလိုက္လွ်င္ ၾကက္ဥေခါက္ေနေသာ ေဆာ့ဂ်င္၏ နား႐ြက္ဖ်ားႏွစ္ဖက္လုံး ရဲကနဲ ျဖစ္သြားသည္။ၿပီးေတာ့ ေခါင္းယမ္းျပသည္။

ေဟာဗ်ာ။သူခ်စ္ဖို႔ ေကာင္းမွန္း မသိဘူးတဲ့ေလ။

"အင္းပါ အခုေတာ့ ခဏထားလိုက္ဦးမယ္။ၿပီးမွ အစ္ကို႔အျပဳအမူေလးေတြက ဘယ္ေလာက္ခ်စ္စရာေကာင္းေၾကာင္း ကြၽန္ေတာ္လက္ေတြ႕ျပမယ္"

"ေပါက္ကရ ေျပာေနမယ့္အစား အလုပ္ကိုသာတြင္ေအာင္လုပ္စမ္းပါ"

အစ္ကိုက ​ေျပာလည္းေျပာ အလုပ္လုပ္တာကလည္း တကယ္ျမန္ပါသည္။မ်က္စိေ႐ွ႕မွာတင္ အသီးအ႐ြက္ေတြကို လွီးျဖတ္သြားတာမ်ား လွစ္ကနဲ။

ထို႔ေနာက္ ပန္းကန္ျပားေပၚမွာ ၾကက္သြန္နီ၊မုန္လာဥနီ၊ၾကက္သြန္ၿမိတ္၊ခရမ္းခ်ဥ္သီး၊ပန္းပြင့္အစိမ္းေလးေတြက တစ္ပုံစီ ေနရာယူထားသည္။ၾကက္ဥကိုေတာ့ ဖန္ပန္းကန္လွလွေလးထဲ ေဖာက္ထည့္ၿပီး ေဂ်ာင္ကုကိုေမႊခိုင္းသည္။

ထမင္းအျဖဴလက္သ​ီးဆုပ္ေလာက္ကိုလည္း ေထာပတ္နည္းနည္း၊ဆားနည္းနည္းထည့္နယ္ထားသည္။ၿပီးေတာ့ အားလုံးကိုေရာကာ ဂ်ံဳမႈန္႔ေတြႏွင့္ နယ္ၿပီးအလုံးကေလးေတြ ဆုပ္ထား၏။

"စားေကာင္းမဲ့ပုံပဲ။အဲ့ဒါ ဘာလို႔ေခၚလဲ အစ္ကို"

"တစ္ခါမွ မစားဖူးဘူးလား။ငါ့အေမဆို ငါ့ကိုလုပ္ေကြၽးေနက်။အေမက ငါ့ကို လမ္းေဘးဆိုင္ေတြက မုန္႔ေတြ ဝယ္ေကြၽးေလ့မရ​ွိဘူး။အိမ္မွာပဲ သူကိုယ္တိုင္ လုပ္ေကြၽးတယ္"

ေဆာ့ဂ်င္က တျခားအခ်ိန္ေတြဆို သိပ္ၿပီး စကား မ်ားမ်ားမေျပာတတ္ေပမယ့္ အေမ့အေၾကာင္းေျပာသည့္အခ်ိန္ဆိုရင္ေတာ့ သူ႕မ်က္ႏွာက အလိုလိုျပဳံးေနတတ္သည္။အေမက ငယ္ငယ္ကတည္းက ႐ြယ္တူကေလးေတြနဲ႔ ယွဥ္လွ်င္ မ်က္ႏွာမငယ္ရေလေအာင္ သူ႕ကိုလိုေလးမ႐ွိေအာင္ အရမ္းဂ႐ုစိုက္ေပးခဲ့သည္ပဲ။

ဘာလိုလိုနဲ႔ အေမ မ႐ွိခဲ့တာေတာင္ ၂ ႏွစ္ေက်ာ္ခဲ့ၿပီ။

"ေမေမက ေတာ္လိုက္တာေနာ္။အဲ့ဒါေၾကာင့္လည္း ဒီလိုသားေခ်ာေခ်ာေလးကို ျပဳစုပ်ိဳးေထာင္ႏိုင္ခဲ့တာ"

ေဂ်ာင္ကု စကားေၾကာင့္ သူ႕အေတြးေတြ တိကနဲ ျပတ္က်သြားသည္။

"အမယ္ ဘယ္သူက မင္း ေမေမလဲ"

"အစ္ကို႔ ေမေမကလည္း ကြၽန္ေတာ္႕ေမေမပဲ မဟုတ္ဘူးလား။ေနာင္တစ္ခ်ိန္ ေယာကၡမ ေတာ္ရမွာပဲဟာ"

"မင္းကို ယူမယ္လို႔ေရာ ဘယ္သူကေျပာေနလို႔လဲ"

ပိုင္စိုးပိုင္နင္း အေခၚအေဝၚေတြနဲ႔ လွ်ာအရသာခံေနေသာ ေကာင္ေလးကို ေဆာ့ဂ်င္ အျမင္ကပ္ကပ္ႏွင့္ ပိတ္ေဟာက္လိုက္သည္။

"ခိုးေျပးမွာေပါ့"

"မင္းကပဲ "

"အဲ့တာေၾကာင့္ အသည္းယားေအာင္ သိပ္မလုပ္နဲ႔။ဘယ္ေန႔ ခိုးေျပးမိမယ္ေတာ့မသိဘူး"

ေပါင္းအိုးထဲ ခုနက လုံးထားေသာ မုန္႔လုံးေလးေတြ ထည့္ေပါင္းေနတုန္း ေဆာ့ဂ်င္ ခါးကို နစ္ေနေအာင္ လာဖက္ကာ ပခုံးေပၚေမးလာတင္သည္။သူ႕အုန္းသီးေခါင္းလုံးလုံးေလးႏွင့္ ေဆာ့ဂ်င္ လည္ပင္းအႏွံ႔လိုက္ပြတ္ကာ အတင္းလိုက္နမ္းေတာ့သည္။

"ေတာ္ေတာ္ဆိုးတဲ့ ေကာင္ေလး"

ေဆာ့ဂ်င္ လက္အိတ္ေတြ ခြၽတ္လိုက္ကာ ထိုယုန္ေပါက္ေခါင္းက ဆံပင္ေတြကို ေလွ်ာက္ဖြပစ္လိုက္သည္။ခါးေပၚက လက္ေတြက ပိုၿပီးတင္းၾကပ္လာကာ သူ႕တစ္ကိုယ္လုံး ေဂ်ာင္ကု ရင္ခြင္ထဲမွာ ေပ်ာက္ကြယ္လုမတတ္။

"ဒီအျပဳအမူေတြက အစ္ကိုတစ္ေယာက္တည္း အတြက္ သီးသန္႔ပါ"

ေျဖေလွ်ာ့ထားေသာ မ်က္ခုံးတန္းမ်ားႏွင့္ အစ္ကိုက ဒီတစ္ခါေတာ့ စိတ္လိုလက္ရ ျပဳံးသည္။

"မ႐ုန္းပါနဲ႔ေနာ္။ကြၽန္ေတာ္႕မွာ စိတ္ခ်မ္းသာစရာဆိုလို႔ အစ္ကိုပဲ႐ွိတာ"

ခပ္တိုးတိုးေလး ေရ႐ြတ္ကာ သူ႕ပါး​ျပင္ေပၚ ေႏြးကနဲ  ခံစားမိၿပီးသည့္ေနာက္ ေဆာ့ဂ်င္ မ်က္လုံးေတြ ႐ုတ္တရက္ မွိတ္ခ်လိုက္မိေတာ့သည္။

𖧷 . 𖧷 .𖧷

"အစ္ကို ခဏ ..ဆံပင္ေတြ ပြေနတယ္"

ဆိုင္ကယ္ေပၚက ဆင္းဆင္းခ်င္း ဆိုင္ထဲဝင္ဖို႔ျပင္ေနတဲ့ ေဆာ့ဂ်င္လက္ေတြကို ေဂ်ာင္ကုဖမ္းကိုင္လိုက္ကာ သူ႕ဆီကို ျပန္ဆြဲယူလိုက္သည္။ၿပီးေတာ့ မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး Helmet ေၾကာင့္ အနည္းငယ္႐ႈပ္သြားေသာ ဆံပင္ေတြကို လက္ႏွင့္အသာ႐ွင္းေပးသည္။

"သူမ်ားေတြ ၾကည့္ကုန္ဦးမယ္"

"ၾကည့္ၾကည့္ေလ...အေရးလုပ္ရမွာလား"

ပတ္ဝန္းက်င္ကို သိပ္ဂ႐ုမစိုက္တတ္ေသာ ေကာင္ေလးက သူ႕ဝသီအတိုင္းပင္ ဘုဆတ္ဆတ္ျပန္ေျပာသည္။ေဆာ့ဂ်င္လက္ေကာက္ဝတ္ကိုပင္ ပိုဆုပ္ကိုင္ထားကာ ဆံပင္ေတြကိုစိတ္ပါလက္ပါ ႐ွင္းေပးသည္။နဖူးေပၚမွာ ေဂ်ာင္ကုလက္ေခ်ာင္းေတြက တရိပ္ရိပ္ကူးသန္းေန၏။ေျပာမရတဲ့အဆုံး ေဆာ့ဂ်င္ ထပ္အထြန္႔မတက္ေတာ့ဘဲ မ်က္လုံးမွိတ္ကာ ၿငိမ္ေပးလိုက္ေတာ့သည္။

"ရၿပီ အစ္ကို။မ်က္လုံးဖြင့္ေတာ့"

သူ စိတ္ႀကိဳက္ထုဆစ္ထားေသာ ပန္းပု႐ုပ္တစ္ခုကို ၾကည့္ၿပီး ေက်နပ္ေနေသာ ပန္းပုဆရာတစ္ဦး၏ ပီတိမ်ိဳးျဖင့္ ေဆာ့ဂ်င္မ်က္ႏွာကို တစိမ့္စိမ့္ ၾကည့္သည္။

"မင္းကေလ တစ္ကယ္ပဲ "

ဆူပူမလို႔ ျပင္လိုက္စဥ္မွာပဲ နဖူးျပင္ကို ဖ်တ္ကနဲ နမ္းလိုက္တာေၾကာင့္ စကားသံက တစ္ဝက္တစ္ပ်က္မွာပဲ ေပ်ာက္ဆုံးသြားရသည္။

ေဆာ့ဂ်င္အတြက္ ႏႈတ္ပိတ္ေဆးက ေဂ်ာင္ကု၏ အနမ္းပင္ျဖစ္သည္။ခဏခဏ နမ္းတတ္ေပမယ့္ ေဂ်ာင္ကုရဲ႕ အထိအေတြ႕ေတြက သူ႕အတြက္ အၿမဲတမ္းရင္ခုန္စရာအသစ္အဆန္းျဖစ္သည္။

"သြားမယ္ လာ.."

႐ွား႐ွားပါးပါး ဆိုင္ပိတ္ရက္ေလး တစ္ရက္မွာ ေဂ်ာင္ကုနဲ႔သူ dateဖို႔ သေဘာတူလိုက္တာျဖစ္သည္။တစ္ရက္တစ္ေလ အိမ္မွာနားခ်င္ေပမယ့္ ေကာင္ဆိုးေလးကို အလိုလိုက္ဖို႔ ဆုံးျဖတ္လိုက္တာက ေဆာ့ဂ်င္အတြက္ ငါးပါးေမွာက္ေတာ့သည္။အခုေလာေလာလတ္လတ္ပဲ လူျမင္ကြင္းမွာ တစ္ႀကိမ္အနမ္းခံရၿပီးၿပီ။ေနာက္ထပ္လည္း မထင္ရင္မထင္သလို အနမ္းခံရဖို႔အစီအစဥ္႐ွိသည္။

"အစ္ကို ဘာစားခ်င္လဲ "

"မင္းႀကိဳက္တာသာ မွာေတာ့။အိမ္မွာလည္း စားလာခဲ့ၿပီးၿပီကို "

"အဲ့ဒါဆို ေကာ္ဖီပဲေသာက္ၾကမလား"

"အင္း "

ေထာင့္က်က် စားပြဲဝိုင္းမွာ သူတို႔ႏွစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ ထိုင္လိုက္သည္။ထိုင္ၿပီးၿပီးခ်င္း သူ႕လက္တစ္ဖက္ကို ဆြဲယူလိုက္ေသာေၾကာင့္ ေဆာ့ဂ်င္လန္႔သြားသည္။

သူ႕လက္ဖဝါးႀကီးႀကီးထဲမွာ ေဆာ့ဂ်င္လက္ႏွစ္ဖက္လုံးကို ျမဳပ္ေနေအာင္ အုပ္ထားကာ လက္ေခ်ာင္းအခ်င္းခ်င္းယွက္လိုက္၊ျပန္ဆုပ္ထားလိုက္ႏွင့္ တစ္ေယာက္တည္းအလုပ္႐ႈပ္ေနသည္။

'လႊတ္ေပး'ဟု ေတာင္းဆိုလွ်င္ 'အသည္းယား'လို႔ ဟူေသာအေၾကာင္းျပခ်က္ျဖင့္ ျပန္လည္ေခ်ပမည္ကို ႀကိဳသိေနေသာေၾကာင့္ ေဆာ့ဂ်င္ ဘာမွမေျပာေတာ့ဘဲ ယုန္ဆိုးေလးကို ေဘးမဲ့ေပးထားလိုက္တာျဖစ္သည္။

"အစ္ကို သိလား။အရင္ကဆို ဒီေကာ္ဖီဆိုင္ေ႐ွ႕မွာ အစ္ကိုေတြ႕ၿပီး အစ္ကိုစ​ီးတဲ့ ကားေပၚအထိတက္လိုက္ခဲ့တာ။​အဲ့တုန္းက အစ္ကိုက ေမာင္းထုတ္ခဲ့တယ္ေလ။ မွတ္မိတယ္မလား"

"မွတ္မိတယ္ "

"ေျပာပါဦး။ကြၽန္ေတာ္႕ကို ျမင္ျမင္ခ်င္း လူမိုက္ေလးလို႔ထင္သြားတာမလား"

"မင္းက အဲ့တုန္းက ဆံပင္စတိုင္ေရာ အဝတ္အစားေတြေရာက တကယ့္ ေျပာမေကာင္း ဆိုမေကာင္းပုံေလးနဲ႔။ငါ့ေနာက္တေကာက္ေကာက္  ေလွ်ာက္လိုက္ေတာ့ ငါကလမ္းသရဲေလးလို႔ ထင္သြားတာေပါ့"

"ဟား...ဟား...ထင္လည္းထင္စရာပဲ။ကြၽန္ေတာ္ အစ္ကို႔ကိုျမင္ျမင္ခ်င္း အ႐ူးအမူးျဖစ္သြားတာ။အစ္ကို႔ လက္ေခ်ာင္းသြယ္ေတြကအစ မ်က္ေတာင္တစ္ခ်က္ခတ္လိုက္တာအဆုံး ကြၽန္ေတာ္မွတ္မိေနခဲ့တာ။အၿမဲတမ္း အစ္ကို႔ပုံရိပ္ေတြပဲ လႊမ္းမိုးေနတာပဲ။အဲ့တုန္းက တကယ္အ႐ူးလိုပဲ။ဦးေလးကေတာင္ ေျပာတယ္။႐ူးမ်ား႐ူးေနသလားတဲ့"

"တကယ္ႀကီးလား"

ေဂ်ာင္ကု ႐ူးေနမည့္ပုံကို ေဆာ့ဂ်င္မ်က္စိထဲျမင္ေယာင္ကာ ရယ္ေတာ့သည္။သူရယ္ေတာ့ ေဂ်ာင္ကုကပါ လိုက္ရယ္သည္။လက္ဖဝါးထဲက ေဆာ့ဂ်င္လက္ကေလးကိုေတာ့ မလႊတ္ေပးေသးပါ။လက္ကိုင္ထားရင္း အခ်င္းခ်င္း စကားေျပာၿပီး အတူတူ ေပါ့ေပါ့ပါးပါး ရယ္ေမာျဖစ္သည္။

"အစ္ကို ကြၽန္ေတာ္႕ကို ထိုးခဲ့တာမွတ္မိတယ္ ဟုတ္။ႏွစ္ရက္ေလာက္ ဆန္ျပဳတ္ေသာက္လိုက္ရတယ္။ဒီလက္ေသးေသးေလးက မထင္ရဘူးေနာ္။သိပ္အားျပင္းတာပဲ"

"အရမ္းနာေနခဲ့မွာပဲ ငါ့ကေလးေလး"

ေဆာ့ဂ်င္ ေဂ်ာင္ကု ပါး႐ိုးတစ္ေလွ်ာက္ လက္ကေလးျဖင့္ ထိေတြ႕လိုက္ရင္း စိတ္မေကာင္းစြာျဖင့္ဆိုသည္။ထိုအျပဳအမူကပဲ ယုန္ဆိုးေလး၏ ေထာင္ေခ်ာက္အတြင္းသို႔ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ဝင္ေရာက္သြားသည္ လားေတာ့မေျပာတတ္။အတင့္ရဲ ၿပီး သြားကိုင္ေသာ ထိုလက္ကေလးခမ်ာမွာ အကိုက္ခံလိုက္ရေတာ့သည္။

"အ့..."

"ေခြးေပါက္ေလး ကိုက္ျပန္ၿပီ။ေမ့လို႔ သြားကိုင္မိပါတယ္"

"အဲ့တုန္းက အစ္ကို ရက္စက္ခဲ့သမွ် ကြၽန္ေတာ္႕ကိုအတိုးခ် ခ်စ္ေပးရမယ္ေနာ္။ထားမသြားရဘူး"

"မင္း ဒီလို ခဏခဏကိုက္ေနရင္ေတာ့ ထားသြားမွာ "

"မေက်နပ္ရင္ ကြၽန္ေတာ္႕လက္ကို ျပန္ကိုက္ေလ"

"ငါက မင္းလိုအစြယ္မွ မေပါက္ေနတာ"

ဘယ္အခ်ိန္ကတည္းက လာခ်သြားမွန္းမသိေသာ ေကာ္ဖီႏွစ္ခြက္မွာလည္း အေငြ႕ေသေနၿပီ။ထိုအခ်စ္နာလန္ထေနေသာ အတြဲကို စားပြဲထိုးေလးကလည္း လွည္ၾကည့္,လွည့္ၾကည့္ႏွင့္။

ေဘးဝိုင္းက အစ္မႀကီးတစ္သိုက္ကလည္း ခဏခဏလွမ္း,လွမ္းၾကည့္ေသးသည္။ခ်စ္သူ ႐ွိေသးပုံမေပၚေသာ ထိုအစ္မႀကီးမ်ားသည္ ကလူက်ီစယ္ေနေသာ စုံတြဲေၾကာင့္ ေကာ္ဖီေသာက္ဖို႔ပင္ ေမ့ေလ်ာ့ကာ အခ်င္းခ်င္း စကားတြတ္ထိုးလိုက္၊လွည့္ၾကည့္လိုက္ႏွင့္။

ႏွစ္ေယာက္တစ္ကမ႓ာတည္ေနေသာ သူတို႔ႏွစ္ေယာက္သာ သတိမထားမိတာ။ၾကည့္မိသူတိုင္း ေနာက္ထပ္လွည့္မၾကည့္ရ မေနႏိုင္ေအာင္ ေကာင္ေလးႏွစ္ေယာက္႐ုပ္ရည္ကလည္း ေခ်ာေမာလိုက္ဖက္လြန္းေနတာ။

"ဒါနဲ႔ အစ္ကို ခုနက ​ကြၽန္ေတာ္႕ကို ဘယ္လိုေခၚလိုက္တာ"

"ဟင္ ဘယ္လိုေခၚလိုက္မိလို႔လဲ"

သူကိုယ္တိုင္ သတိလက္လြတ္ေခၚမိသြားေသာ အေခၚအေဝၚကို ေဆာ့ဂ်င္အမွတ္တမဲ့ျဖစ္ရကာ ေဂ်ာင္ကုျပန္ေမးေတာ့ အူ​ေၾကာင္ေၾကာင္ႏွင့္။

"ကေလးေလးဆို... ငါ့ရဲ႕ကေလးေလးတဲ့ "

"၅ႏွစ္ေတာင္ကြာတာ ကေလးမဟုတ္ဘူးလား"

"ကေလး မဟုတ္တဲ့အေၾကာင္း သက္ေသျပရမလား"

႐ုတ္တရက္ မ်က္လုံးဝိုင္း​ဝိုင္းေလးကေန ညိဳ႕ငင္ႏိုင္ေသာ ရီေဝေဝအၾကည့္မ်ိဳးျဖင့္ ႏႈတ္ခမ္းပါးေတြကို လွ်ာျဖင့္ တစ္ခ်က္သပ္ျပေတာ့ ေဆာ့ဂ်င္ ေက်ာခ်မ္းသြားသည္။

"ရတယ္...ေနာက္မေခၚေတာ့ဘူး။ငါသိတယ္"

လက္တကာကာနဲ႔ ေဆာ့ဂ်င္ ေကာ္ဖီေတြကို တစ္က်ိဳက္တည္း ေယာင္ရမ္းၿပီး ေမာ့ခ်လိုက္ေတာ့ ေကာင္ေလးက တဟားဟား ေအာ္ရယ္ေတာ့သည္။

အလြန္တရာမွ လူႀကီးလုပ္ခ်င္ေနေသာ ေကာင္ေလးသည္ ေမး႐ိုးထင္းထင္းေတြသာ မ႐ွိခဲ့ပါလွ်င္ ခ်စ္စရာေကာင္းေသာ ယုန္ေပါက္ကေလးတစ္ေကာင္ႏွင့္မျခားပါ။

"ျပန္ၾကရေအာင္ေလ ေဂ်ာင္ကု၊မိုးေတြ ညိဳ႕ေနၿပီ"

အစ္ကို ေျပာကာမွ သူၾကည့္လိုက္ေတာ့ မိုးေကာင္းကင္တြင္ အညိဳပုပ္ေရာင္တိမ္စိုင္တစ္ခ်ိဳ႕ ျဖတ္ေျပးေနသည္။ၾကည္လင္ေနေသာ ပတ္ဝန္းက်င္က တျဖည္းျဖည္း ေမွာင္ရိပ္သန္းလာကာ မိုးရနံ႔ပါေသာ ေလျပည္ေတြ ခပ္ေျဖးေျဖးတိုက္လာၿပီ။

"ထီးလည္း မပါဘူး"

ေကာ္ဖီဆိုင္ေလးနဲ႔ ဆိုင္ကယ္က လမ္းတစ္ဖက္ျခမ္းစီမွာ႐ွိေနတာမို႔ ဒီမိုးနဲ႔ဆို လမ္းကူးဖို႔ေတာင္ လြတ္မွာမဟုတ္။

"ကြၽန္​ေတာ္ ့ဆိုင္ကယ္ေပၚမွာေတာ့ မိုးကာအက်ီပါလာတယ္"

"သြားၾကရေအာင္ ေဂ်ာင္ကု "

သူတို႔ႏွစ္ေယာက္ က်သင့္ေငြ႐ွင္းၿပီး ဆိုင္ေ႐ွ႕ေရာက္စဥ္မွာပင္ မိုးစက္မိုးေပါက္ႀကီးေတြ တဖြဲဖြဲက်ကာ ၿပိဳက်သလို သည္းႀကီးမဲႀကီး ႐ြာခ်ေလေတာ့သည္။

"မိုးကလည္း စိတ္ပ်က္လိုက္တာ။ လမ္းတစ္ဖက္ကူးေအာင္ေတာင္ မေစာင့္ဘူး"

မိုးေရေတြကို ၾကည့္ေငးရင္း ေဆာ့ဂ်င္တစ္ေယာက္ စိတ္ပ်က္လက္ပ်က္နဲ႔ ၿငီးေလသည္။ခ်စ္စရာေကာင္းေအာင္ ၿငီးျငဴေနေသာ အစ္ကို႔ပါးေလး တစ္ဖက္ကို ေဂ်ာင္ကု စိတ္မထိန္းႏိုင္ေတာ့ဘဲ ဆြဲဖ်စ္လိုက္သည္။

"မိုးနတ္သားက ခင္ဗ်ားရဲ႕ ခ်စ္သူ ဂြၽန္ေဂ်ာင္ကုမွ မဟုတ္တာပဲဗ်ာ။ခင္ဗ်ားေလး လမ္းကူးၿပီးေအာင္အထိ ဘယ္ေစာင့္ပါ့မလဲ"

"အခုဘယ္လို သြားေတာ့မလဲ။ေဆာင္းစရာလည္းမ႐ွိဘဲနဲ႔"

ေဆာ့ဂ်င္ အၾကံထုတ္ေနတုန္း႐ွိေသး ေဂ်ာင္ကုက အေပၚထပ္ဂ်ာကင္ကို ခြၽတ္ၿပီးေနၿပီ။ၿပီးေတာ့ သူတို႔ႏွစ္ဦးလုံးရဲ႕ ေခါင္းေတြအေပၚျခဳံလိုက္သည္။

"ကြၽန္ေတာ္႕ခါးကို ဖက္ထား။အတူေဆာင္းၿပီး သြားရေအာင္"

"မင္းဘာသာမင္း ေဆာင္း။မိုးမိရင္ ႏွာေစးေနဦးမယ္"

"လာဗ်ာ။ကိုယ့္ ခါးကိုသာ ဖက္ထားစမ္းပါ"

ေဂ်ာင္ကု စိတ္မ႐ွည္ေတာ့ဘဲ ေဆာ့ဂ်င္ လက္တစ္ဖက္ကို သူ႕ခါးမွာဖက္တြယ္ေစသလို သူကလည္း ေဆာ့ဂ်င္ခါးကိုျပန္ဖက္လိုက္သည္။ၿပီးေတာင့္ အက်ီအစြန္းတစ္ဖက္စီကို ကိုင္ကာ လမ္းတစ္ဖက္ျခမ္းကို အေျပးေလွ်ာက္သြားေတာ့သည္။

"အရမ္းစိုသြားလား။ဒီမွ မိုးကာအက်ီဝတ္လိုက္..မနက္က် ဖ်ားေနဦးမယ္"

"ေဂ်ာင္ကု "

"ဗ်ာ"

"ငါစိတ္ေျပာင္းသြားၿပီ။မိုးကာ မဝတ္ဘဲ ဒီအတိုင္း ျပန္ၾကရေအာင္"

"အစ္ကို ေနမေကာင္းျဖစ္ေနဦးမယ္"

"ဟင့္အင္း မင္းနဲ႔တူ မိုးေရထဲအတူေလွ်ာက္သြားတဲ့ ခံစားခ်က္ကို သေဘာက်လို႔"

အစ္ကို႔အေျပာေၾကာင့္ တစ္ႏွစ္ပတ္လုံး မိုး႐ြာေပးဖို႔ မိုးနတ္သားကို ေဂ်ာင္ကု ေတာင္းဆိုခ်င္လိုက္ေတာ့သည္။အစ္ကိုက သူ႕ခံစားခ်က္ေတြကို ေတာ္႐ုံတန္႐ုံ ထုတ္ေျပာေလ့မွမ႐ွိတာပဲ။

"အင္း...ဒါေပမဲ့ Helmet ေတာ့ ေခါင္းလုံေအာင္ေဆာင္းရမယ္ေနာ္"

ထို႔ေနာက္ ဆိုင္ကယ္ေနာက္ၿမီးေပၚ ေဆာ့ဂ်င္ခြထိုင္လိုက္ရင္း ေဂ်ာင္ကု ခါးကို တင္းေနေအာင္ဖက္ထားလိုက္သည္။

"ေျဖးေျဖးေမာင္းေနာ္"

"အင္း အစ္ကို ကြၽန္ေတာ္႕ကိုဖက္ထားရင္ ျဖည္းျဖည္း ေမာင္းမယ္။မဖက္ရင္ အရမ္းေမာင္းမယ္"

႐ႊတ္ေနာက္ေနာက္ႏွင့္ ေျပာလိုက္လွ်င္ ခပ္ျဖဴျဖဴလက္သီးဆုပ္ေလးတစ္ခုက ေဂ်ာင္ကုေက်ာျပင္က်ယ္ေပၚ တဗုန္းဗုန္းက်ေရာက္သြားေလေတာ့သည္။

𖧷. 𖧷. 𖧷

ေဆာ့ဂ်င္ အိမ္ေ႐ွ႕ျပန္ေရာက္ခ်ိန္တြင္ မိုးကအေတာ္ေလး စဲသြားၿပီ။တစ္ေပါက္ ႏွစ္ေပါက္ခန္႔သာက်ေတာ့သည္။ညေန၆ နာရီေလာက္႐ွိၿပီမို႔ ပတ္ဝန္းက်င္ တစ္ခုလုံး အနည္းငယ္အေမွာင္ရိပ္သန္းေနၿပီ။လမ္းထဲက တစ္ခ်ိဳ႕ အိမ္ကေလးေတြမွာ မီးေရာင္ပ်ပ်ေလးေတြေတာင္ ထြန္းထားၾကၿပီ။

"အိမ္ကို တန္းျပန္ေတာ့ေနာ္ ေဂ်ာင္ကု။မိုးခ်ဳပ္ရင္ ဆိုင္ကယ္ေမာင္းရတာ မေကာင္းဘူး "

"အစ္ကို မွတ္မိလား။ဒီလိုမိုးေတြ႐ြာေနတဲ့ ညမွာေလ အစ္ကို႔ကိုကြၽန္ေတာ္ေတြ႕ခဲ့တာေပါ့။ကြၽန္ေတာ္႕ဆိုင္ကယ္နဲ႔ တိုက္မိမလိုျဖစ္သြားၿပီး ဆိုင္ကယ္လဲသြားတာ"

ေဆာ့ဂ်င္ရင္ေတြ ဒိန္းကနဲ ခုန္သြားရကာ မ်က္လုံးအစုံပါ ျပဴးက်ယ္သြားသည္။

"ဘာ....အဲ့တုန္းက မင္းလား"

"ဟုတ္တယ္ေလ အစ္ကိုရဲ႕ ။အဲ့ဒီကတည္းက ကြၽန္ေတာ္ အစ္ကို႔ကို ခ်စ္သြားတာ"

ေဂ်ာင္ကုတစ္ေယာက္ အတိတ္ကို လြမ္းလြမ္းေဆြးေဆြး ေျပာေနေပမယ့္ ေဆာ့ဂ်င္ကေတာ့ သိသိသာသာ မ်က္ႏွာပ်က္ေနသည္။

"အစ္ကို ဘာျဖစ္လို႔လဲ"

"ဘာ...ဘာမွ မျဖစ္ဘူး ။ျပန္ေတာ့"

"ေနပါဦး ႐ုတ္တရက္ႀကီး ဘာလို႔ႏွင္ေနတာလဲ"

"မဟုတ္ဘူး...မိုးခ်ဳပ္သြားရင္ အဲ့တုန္းကလို ဆိုင္ကယ္ထပ္ေမွာက္ေနမွာစိုးလို႔ ၊ ငါအထဲဝင္ေတာ့မယ္ ၊မင္းလည္းျပန္ေတာ့"

အတင္းႏွင္ေနေသာ အစ္ကို႔ကို ေဂ်ာင္ကု စိတ္မ႐ွည္ေတာ့ဘဲ ခါးကေန ဆြဲဖက္ကာ ျခံတံခါးေဘးက အုတ္နံရံမွာ ကပ္ပစ္လိုက္သည္။

"အိမ္ျပန္ခါနီး လက္ေဆာင္ေလးတစ္ခုေလာက္ မေပးခ်င္ဘူးလား"

ေဆာ့ဂ်င္ ရင္ထဲ ႐ွိန္းျမလိႈက္ဖိုသြားကာ ေအးစက္သြားရသည္။ၿပီးေတာ့ တဒိန္းဒိန္းရင္ခုန္သံေတြ ရင္တြင္းတရစပ္တိုးပ်ံ႕ကာ ေႏြးထုံလာသည္။မ်က္ႏွာကို ဘယ္လိုမွ မထားတတ္စြာ တေစာင္းငဲ့ခ်ထားရင္း ႏႈတ္ခမ္းကိုပဲ အေၾကာင္းမဲ့ဖိကိုက္ထားမိေတာ့သည္။

"ကြၽန္ေတာ္ အစ္ကို႔ႏႈတ္ခမ္းေလးကို တစ္ခါမွ မျမည္းစမ္းၾကည့္ရေသးဘူးေလ"

"ဟင့္အင္း... ဖယ္ပါ"

"ဘာျဖစ္လို႔လဲ"

"ဟို......"

စကားပင္ ဆုံးေအာင္ေျပာခြင့္မရလိုက္ပါ။ေဂ်ာင္ကုက လက္တစ္ဖက္တည္းနဲ႔ ေဆာ့ဂ်င္ ခါးသိမ္သိမ္ကို ပိုၿပီး ဆြဲကပ္လိုက္ကာ က်န္လက္တစ္ဖက္က ေမးေစ့ကေန ပင့္ေမာ့လိုက္သည္။

အႏၲရာယ္သည္ အသိေပးၿပီးမွ ဝင္ေရာက္လာသည္မဟုတ္။ထိုအၾကည့္ေတြကေန အစျပဳကာ ႐ုတ္တရက္ဝင္ေရာက္လာတာမ်ိဳး။ေဆာ့ဂ်င္ ခံစားမိခ်ိန္မွာေတာ့ ႐ုန္းဖို႔ေနာက္က်သြားခဲ့ၿပီ။သူ႕ပုံစံက ယုန္ဆိုးေလး၏ ခံတြင္းဝအတြင္းသို႔ ခုန္ဆင္းခါနီး မုန္လာဥနီေလးတစ္လုံးသဖြယ္ပင္။

တျဖည္းျဖည္း နီးကပ္လာေသာ သူ႕ဝင္သက္ထြက္သက္ ေႏြးေႏြးေတြ။

ေဆာ့ဂ်င္ မ်က္လုံးေတြကို မွိတ္ခ်ပစ္လိုက္သည္။

"ကိုယ္တို႔ နမ္းၾကမလား"

သူက တိုးတိုးေလး ေျပာသည္။

ေဆာ့ဂ်င္ မ်က္လုံးေတြ ပိတ္ထားရင္းမွ မ်က္ႏွာကို တစ္ဖက္လႊဲကာ ေ႐ွာင္လိုက္လွ်င္ ႏူးညံ့အိစက္ေနေသာ သူ႕ႏႈတ္ခမ္းသား အိအိသည္ မိမိလည္တိုင္ႏွင့္ မိတ္ဆက္သြားရသည္။

"အ့..."

တစ္ခ်က္ ငုံစုပ္ၿပီးေတာ့ သူက ျပန္လႊတ္ေပးသည္။

ၿပီးေတာ့ ပါးႏွစ္ဖက္ကေန ညႇပ္ကိုင္ၿပီး ဖူးထြက္ေနေသာ အိစက္စက္စိုရဲရဲ ႏႈတ္ခမ္းေလးကို ဖြဖြေလး ဆြဲငုံလိုက္သည္။အႀကိမ္ႀကိမ္တမ္းတေနမိခဲ့ေသာ ႏူးညံ့သည့္အထိအေတြ႕ေလးကို ေဂ်ာင္ကုလႊတ္မေပးေတာ့ပါ။စေတာ္ဘယ္ရီနံ႔သင္းေနသည့္ ႏႈတ္ခမ္းမ်ား၏ အထိအေတြ႕သည္ ႐ူးခ်င္စရာေကာင္းေလာက္ေအာင္ ဆြဲေဆာင္ေလသည္။

"အြန္႔...ကု...."

မပီမသ နာမည္ေခၚသံေလးသည္ ေဂ်ာင္ကု ႏႈတ္ခမ္းထဲတြင္ပင္ ေပ်ာက္ကြယ္သြားရကာ နက္႐ိႈင္းမြတ္သိပ္ေသာ အနမ္းမ်ားကသာ အစားထိုးဝင္ေရာက္လာသည္။

"ကု....ငါ...ေမာတယ္"

သူ႕ရင္ဘတ္ကို တအားတြန္းလႊတ္ေတာ့မွ အသိျပန္ဝင္လာကာ ႏႈတ္ခမ္းႏွစ္လႊာၾကားက အိစက္စက္အရသာေလးကို မလႊတ္ခ်င္,လႊတ္ခ်င္ႏွင့္ လႊတ္ေပးလိုက္ရေတာ့သည္။

"စေတာ္ဘယ္ရီ အရသာေလး"

ေဂ်ာင္ကု နားနားကပ္ၿပီး ေျပာေတာ့ေခါင္းငုံ႔ၿပီး အေမာေျဖေနေသာ ေဆာ့ဂ်င္မွာ ပါးေတြေရာ နား႐ြက္ေတြပါ ရဲရဲတြတ္သြားသည္။

"မင္း အရမ္းဆိုးတယ္ "

"ကြၽန္ေတာ္ဆိုးတာ အစ္ကိုမသိဘူးလား"

ေဂ်ာင္ကုစကားေၾကာင့္ ရန္ေထာင္မလို႔ ေမာ့ၾကည့္လိုက္စဥ္စို႐ႊဲေျပာင္လက္ေနေသာ သူ႕ႏႈတ္ခမ္းေတြကိုၾကည့္ေနဆဲ ရီေဝေဝအၾကည့္ေတြႏွင့္ရင္ဆိုင္လိုက္ရသည္။

ေဆာ့ဂ်င္ ေနာက္ထပ္ ထပ္စမလာခင္ အလ်င္အျမန္ပဲ ျပန္ႏွင္လိုက္ရေတာ့သည္။

"သြားေတာ့ေနာ္။ခ်စ္တယ္"

"ေဆးေသာက္အိပ္ေနာ္ အစ္ကို။ေခါင္းေတြေရစင္ေအာင္ သုတ္ဦး။သြားၿပီ တာ့တာ"

မျပ​ီးႏိုင္မစီးႏိုင္ fly kiss တစ္သီးတစ္သန္းႀကီးကို ေဆာ့ဂ်င္ စိတ္႐ွည္လက္႐ွည္ ခံယူကာ ေကာင္ေလး သူ႕ဳျမင္ကြင္းထဲက ေပ်ာက္သြားေတာ့မွ ရင္ဘတ္ကိုဖိကာ ျခံတံခါးအတင္းဆြဲပိတ္လိုက္ေတာ့သည္။

အိမ္ေပၚေရာက္ေရာက္ခ်င္း ဆိုဖာေပၚ ဝမ္းလ်ားေမွာက္လိုက္ကာ ေကာင္ဆိုးေလး၏ အနမ္းေတြကို ျပန္ျမင္ေယာင္ၿပီး သူ႕မ်က္ႏွာေတြရဲရဲတြတ္ေန​ေတာ့သည္။

"အား...ကင္ေဆာ့ဂ်င္ ႐ူးသြားတာပဲ"

သူ႕ရဲ႕ First kiss ကို ဂြၽန္ေဂ်ာင္ကုဟူေသာ ေကာင္ေလးကို သူေပးလိုက္မိၿပီ။'မခ်စ္ပါ'ဟု ကိုယ့္ကိုယ္ကို အတန္တန္ညာေနသည့္ ၾကားက ေနာက္ဆုံးေတာ့ ထိုေကာင္ေလးကိုပဲ သူ႕ႏွလုံးသားတစ္ခုလုံးကို သူကိုယ္တိုင္ေတာင္ မသိလိုက္မိဘဲ အပိုင္သားေပးအပ္လိုက္ခဲ့ပါၿပီ။

"တီး....ေတာင္....တီး....ေတာင္ "

မိုးေရေၾကာင့္ ေအးေနေသာ ခႏၶာကိုယ္ကို အေႏြးဓာတ္ေပးရန္ ေကာ္ဖီပူပူတစ္ခြက္ေဖ်ာ္ေနစဥ္ အိမ္ေ႐ွ႕တံခါးဆီက ဘဲလ္တီးသံေၾကာင့္ သူခ်က္ခ်င္း ေခါင္းေထာင္ ထ လိုက္သည္။ဘာလဲ..ေဂ်ာင္ကု မျပန္ေသးတာလား။

"ဒီေကာင္ေလးကေတာ့...."

သူ႕စကားမဆုံးခင္မွာပင္ တံခါးေနာက္ကြယ္က မ်က္ႏွာတစ္ခု။

"ဟင္ "

သူ႕လက္ထဲက ေကာ္ဖီခြက္သည္ ေျမႀကီးေပၚသို႔ အစိတ္စိတ္အႁမႊာႁမႊာ ကြဲက်သြားသည္။သူ႕ေခါင္းေတြ အိုးထိန္းစက္တစ္ခုလို ခ်ာခ်ာလည္ကာ ဒူးေတြၫႊတ္ေခြမတတ္။

ထိုသူက ႏႈတ္ခမ္းတြန္႔႐ုံ ျပဳံးသည္။

"ကင္ေဆာ့ဂ်င္လား။ ငါက ေဂ်ာင္ကုအေဖပါ"

ေဂ်ာင္ကု အေဖက သူတဲ့လား။

ကမ႓ာႀကီးက တကယ္က်ဥ္းက်ဥ္းေလးရယ္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီတစ္ပိုင္းေရးရတာ စ်ာန္မဝင္ေနဘူးကြယ္။

အခုရက္ထဲ အၾကည္ဓာတ္ေတြေရာ အေနာက္ဓာတ္ေတြေရာ အကုန္ေပ်ာက္ဆုံးေနတယ္🤦🏻

Thanks for your reading & votingRiona

There are no comments yet. Log in to be the first to leave a review!

Similar stories