~ 9 ~
14:53, 26 August 2021Unicode_______
အနောက်ဘက် ကောင်းကင်မှ လိမ္မော်ရင့်ရောင် တိမ်စိုင်တစ်ချို့ ပါးလျနီစွေးနေသည်။အလင်းပျောက်လုပျောက်ခင် ပတ်ဝန်းကျင်ကို တိုးလျစွာတိုက်ခတ်လာသော လေနုအေးက သိမ်းသွင်းနေပြန်၏။
အပေါ်ထပ် ဝရန်တာကို လက်ထောက်မှီထားသည့် ကောင်လေးမှာ ကော်ဖီတစ်ခွက်ကို စိမ်ပြေနပြေသောက်နေလေသည်။လေ၏ ပွတ်ထိုးကျီစယ်မှုကြောင့် အဖြူရောင်ရှပ်အကျီကော်လံစမှာ တလူလူတိုက်ခတ်နေသည်။သွေးကြောစိမ်းများ ယှက်သန်းနေသည့် လက်ဖျံဖြူဖြူဖွေးဖွေးက အဖြူရောင်အကျီနှင့် လိုက်ဖက်လွန်းသည်။
"ဟယ်လို "
တတီတီမြည်နေသော ဖုန်းသံကြောင့် ကော်ဖီခွက်ကို လက်တစ်ဖက်က ကိုင်ရင်း ဖုန်း screen ကို ကြည့်လိုက်တော့ သူ့ရဲ့ နှစ်ယောက်မရှိနိုင်တဲ့ လူဆိုးလေး။
"အစ်ကို "
"အင်း...ပြော "
အသံကို နှိမ့်ထားလိုက်ရင်း အနည်းငယ် ခုန်နေသော ရင်ကိုတည်ငြိမ်အောင် ထားပြီး ပြန်ထူးသည်။
"ညနေက ပြောတာ တကယ်နော်"
"ဘာကိုလဲ "
"တွဲမယ်ဆိုတာလေ "
"အင်းလေ..သိရဲ့သားနဲ့ ဘာဖြစ်လို့ထပ်မေးနေတာလဲ"
"မဟုတ်ပါဘူး။ကျွန်တော်တကယ် မယုံနိုင်သေးလို့"
ဆော့ဂျင် ကော်ဖီတစ်ငုံထပ်သောက်သည်။လေနုအေးက တသုန်သုန်မြူးလျက် မှောင်ရီပျိုးစ ည၏ ပျိုမျစ်ခြင်းကိုဖော်ကျူးနေသည်။
"အခု အစ်ကို ဘာလုပ်နေလဲ"
" ဝရန်တာမှာ ကော်ဖီသောက်နေတယ် "
"ဒဏ်ရာ သက်သာလား။ကျွန်တော်လာခဲ့ရမလား"
"မလာနဲ့ "
"မရတော့ဘူး။အခု အစ်ကိုအိမ်ရှေ့နားရောက်တော့မယ်"
"ဘာ...မင်း....အဟွတ်"
လည်ချောင်းထဲက ကော်ဖီရည်တစ်ချို့က ကန့်လန့်ဆန်စွာစီးဝင်သွားသည်။တဖြူးဖြူးတိုက်နေသော လေတောင်ဘယ်ရောက်သွားမှန်းမသိတော့။ရည်းစားနှင့် ခိုးတွေ့ခါနီး ဆယ်ကျော်သက်လေးလို ခုန်နေသည့်နှလုံးအစုံကိုလည်း စိတ်ထဲကနေ ကျိန်ဆဲမိသည်။
"ဟယ်လို ဂျောင်ကု...ဂျောင်ကု "
အထပ်ထပ်ခေါ်ပါသော်လည်း တစ်ဖက်က ဖုန်းချသွားခဲ့လေပြီ။မတတ်နိုင်တော့။ဒီကောင်လေးက သူလုပ်ချင်တာကို လုပ်ရမှ ကျေနပ်သည်လေ။
မကြာမီပင် ဆော့ဂျင် အိမ်ရှေ့ကို ဆိုင်ကယ်တစ်စီး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။ဆိုင်ကယ်ဦးထုပ်ကို ချွတ်ပြီး ဖွာလန်ကျဲသွားသော ဆံပင်တို့ကို ဘယ်ညာဝေ့ပြီး ရှင်းထုတ်နေသည်။သားရေ ဂျာကင်အနက်ရောင်က ညမီးရောင်အောက်မှာ ထင်းနေ၏။
"အစ်ကို "
ဝရန်တာမှာ ရပ်နေတဲ့ဆော့ဂျင်ကို မြင်တော့ပြုံးစစနဲ့ လက်လှမ်းပြသည်။ပြီးတော့ အကျီအိတ်ထဲက ဖုန်းကိုထုတ်ပြီး လှမ်းဆက်သည်။
"ဟယ်လို...အစ်ကို..ကျွန်တော်အိမ်ထဲမဝင်တော့ဘူးနော်"
" ဘာလာလုပ်တာလဲ"
လမ်းသရဲလေးလို ပြုမူနေေသာ ကောင်ဆိုးလေးကို ဆော့ဂျင် အနည်းငယ်ဒေါဖောင်းနေသည့်အလျောက် ခပ်ဆတ်ဆတ်ပင်ပြန်မေးလိုက်သည်။
မေးလိုက်ကာမှ ဆိုင်ကယ်ကို ခပ်လျှောလျှောမှီထိုင်လိုက်သည့် ဂျောင်ကုက မျက်လုံးတစ်ဖက်မှိတ်ပြသည်။
"အစ်ကို့မျက်နှာလေးကို လာကြည့်တာ၊လွမ်းလို့ "
ဆော့ဂျင် ပြောစရာစကား ပျောက်ရှသွားသည်။
ဆိုင်က ပြန်လာတာ နှစ်နာရီပင်မပြည့်တတ်သေးသော ထိုအချိန်ခဏလေးအတွင်းမှာ လွမ်းလို့ဆိုတာ ဖြစ်နိုင်ပါ့မလား။
"ပြန်တော့လေ..မိုးချုပ်နေပြီ"
သူသာ မနှင်ရင် တစ်ညလုံး သူ့အိမ်ရှေ့မှာအခြေချတော့မည့်ပုံပင်။ကောင်လေးက ဆံပင်တွေကြားထဲလက်ထိုးဖွရင်း ပြုံးပြသည်။ပြီးတော့ နှုတ်ခမ်းပါးတွေကိုစုချွန်ပြီး kiss ပေးဟန်ပြုသည်။
"မင်း....."
ဆော့ဂျင် ယောင်ယမ်းပြီး ဝရန်တာက လက်ကိုင်သံတိုင်တွေကို ဆုပ်မိသွားသည်။ကောင်လေးရဲ့ ဒီလို အပြုအမူတွေကို မြင်တိုင်း သူ့ရင်ထဲ ကတုန်တယင်နဲ့။တစ်ခါမှ ရည်းစားမထားဖူးတဲ့ လူငယ်လေးတစ်ယောက်လို သူ့ရင်ဘတ်က တဆတ်ဆတ်ခုန်နေသည်။
"ချစ်လိုက်ရတာ အစ်ကိုရာ"
တိုးဖျသော ညည်းသံသဲ့သဲ့ က ရှိရှိသမျှခံစားချက်တွေကို မနိုင်းမနင်း ထိန်းချုပ်ထားဟန်ရှိသည်။ဒီအချိန် ဆော့ဂျင်သာ ခြံရှေ့အထိ အတင့်ရဲပြီး ထွက်သွားလျှင်မူ အသည်းယားနေသော ယုန်ဆိုးလေး၏ အနမ်းကိုမချိမဆန့်ခံနိုင်ဖွယ်ရာရှိသည်။
"ကျွန်တော့်ကို ချစ်လား "
ဂျောင်ကုအသံက တိုးညှင်းသော်လည်း ဆော့ဂျင်ကောင်းကောင်းကြားရန် လုံလောက်သည်။
"မသိဘူး "
ဆော့ဂျင် ခပ်တိုးတိုး ပြန်ဖြေမိသည်။မီးရောင်အောက်က မျက်လုံးနက်တွေက သူ့နှလုံးသားဆီ ထွင်းဖောက်ကြည့်နေသလိုပင်။တကယ်လည်း ကောင်လေးမျက်လုံးတွေနဲ့ မျက်လုံးချင်းဆုံအောင် မကြည့်ချင်ပါ။
ခေါင်းငုံ့ပြီး မပွင့်တပွင့် ဖြေလိုက်သော ဆော့ဂျင်မှာ ထိုအပြုအမူက ယုန်ဆိုးလေးကို ဘယ်လောက်ထိ အသည်းယားသွားနိုင်ကြောင်း သတိထားမိဟန်မတူ။
"ဟာဗျာ...အဲ့လိုလေး မလုပ်ပါနဲ့။ဒီမှာ ချစ်လွန်းလို့ ရူးတော့မယ်"
"ဟမ်...ငါ ဘာလုပ်မိလို့လဲ"
ဆော့ဂျင် ရုတ်တရက် ကြောင်သွားသည်။နေရင်းထိုင်ရင်း ခဏခဏ အသည်းအယားခံနေရသည့်အဖြစ်။
"ဘာမှမလုပ်ပဲနဲ့တောင် အစ်ကို့ကို မချစ်ဘဲနေဖို့က ခက်တယ်"
ဆော့ဂျင်သာ ဖယောင်းခဲတစ်ခဲဖြစ်ခဲ့လျှင် ဂျွန်ဂျောင်ကု၏ ပြင်းပြသော အချစ်စကားများအောက်ဝယ် အရည်ပျော်ကျသွားနိုင်သည်။
"ပြန်တော့...မနက်ဖြန်ကျမှ ဆိုင်မှာတွေ့မယ်"
"အင်း ပြန်မယ်..ဝရန်တာမှာရပ်နေတာကြာပြီမဟုတ်လား။အထဲဝင်တော့နော်။အေးနေမှာစိုးလို့ "
"အင်း..မင်းလည်း ပြန်တော့"
"ချစ်တယ် အစ်ကို..."
ဖုန်းချခါနီး ခပ်တိုးတိုးပြောသွားသည်။
ပြီးတော့ ဆိုင်ကယ်ဦးထုပ်ကို ပြန်ကောက်စွပ်ကာ ဆိုင်ကယ်မထွက်မချင်း မပြီးနိုင်မစီးနိုင် လက်လှမ်းပြနေသေးသည်။ဆော့ဂျင် လက်သီးတစ်ချက်ပြလိုက်မှ ရယ်သွားကာ ဆိုင်ကယ်စက်နှိုးသည်။
"ဟူး..."
ကောင်လေး ပြန်သွားမှ ဆော့ဂျင်အခန်းထဲဝင်ပြီး ကုတင်ပေါ်ခြေပစ်လက်ပစ် ပစ်လှဲမိတော့သည်။မျက်လုံးအစုံကို မှိတ်လိုက်လေလျှင် ထိုကောင်လေး၏ ပုံရိပ်တွေ မြင်ယောင်လာသည်။
သူ့နှုတ်ခမ်းထောင့်စွန်းတွေ ကွေးတက်သွားကာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးသည်။ဖူးနေသော နှုတ်ခမ်းအစုံ တစ်ယောက်တည်းကြားသာရုံမျှ ခပ်တိုးတိုးရေရွတ်သည်။
"ချစ်တယ်...ဂျောင်ကု "
~𖧷 • 𖧷 •𖧷~
ကျောပိုးအိတ်ကိုယ်စီနဲ့ ရယ်သံ၊စကားပြောသံ လွင်လွင်လေးတွေ ကြားမိတော့ ယွန်းဂီ ငိုက်နေရာမှ မျက်လုံးကိုပြူးပြဲဖွင့်လိုက်သည်။Baby တို့ကျောင်းဆင်းချိန်တောင် ရောက်ပြီ။အရွယ်တူကျောင်းသားလေးတွေ သူ့အုပ်စုနဲ့သူ ကျောင်းထဲက ထွက်လာကြသည်။
ဂျောင်ကု၏ အကြံအစည်အတိုင်း အကောင်အထည်ဖော်သည်မှာ သုံးရက်မြောက်နေ့ဖြစ်သည်။
ဂျီမင်းတို့ကျောင်း အသွားအပြန်လမ်းက ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ ညာဘက်အစွန်ဆုံးထောင့်မှာ တစ်သမတ်တည်းနေရာယူပြီး စောင့်ကြည့်ဖြစ်သည်။
တစ်ရက်၊နှစ်ရက်မှာ လုံးဝမထူးခြားတော့ သူဆောက်တည်ရာမရတော့။
ဂျောင်ကုပြောထားသလို သူ့အပေါ်လုံးဝ စိတ်မဝင်စားတော့သည့်သဘောလား။
သူစောင့်ကြည့်နေတာကို မသိလို့လည်းမဖြစ်နိုင်။ဘာကြောင့်ဆို ထိုညာဘက်ထောင့်စွန်က စားပွဲသည် သူတို့နှစ်ယောက် ထိုင်ပြီးကလူကျီစယ်နေကျ နေရာလေးတစ်ခုဖြစ်သည်။
"ဟော...လာပြီ"
တစ်ကိုယ်တည်း ခပ်တိုးတိုး ရေရွတ်ရင်း လက်ကျန်ကော်ဖီတွေကို မော့သောက်ပစ်လိုက်သည်။အကြည့်တစ်ချက်မလွှဲစေဘဲ Babyရဲ့ ခြေလှမ်းတစ်လှမ်း လှမ်းတာကအစ သူလိုက်ကြည့်သည်။မတွေ့ရ မမြင်ရတာကြာလို့လားတော့မသိ။အရင်ကထက် ပိုကြည့်ကောင်းနေသော ဂျီမင်းကိုမြင်တော့ အတင်းဖိနှိပ်ထားရသော ရင်ခုန်သံက တစ်ဖန်ပြန်ပြီး မင်းမူလာသည်။စိတ်နာနာနှင့် ပြောခဲ့သောစကားတို့သည် ကြက်ပျောက်ငှက်ပျောက်။
ဂျီမင်းသာ နောက်တစ်ကြိမ်ပြန်လာလျှင်မူ သူ့ရင်ခွင်ကို အဆင်သင့်ဖွင့်ပြီး စောင့်ကြိုနေနိုင်သည်။
"ဟော!ဒီနေ့လည်း သတိတောင်မထားမိဘူးထင်ပါရဲ့"
ထုံးစံအတိုင်းပဲ ဒီနေ့လည်း သူရှိရာကို မျက်လုံးလေးပင်စွေမကြည့်ပါ။ခပ်တည်တည်လမ်းလျှောက်သွားသော ဂျီမင်းကိုကြည့်ရင်း သူ့ရင်တွေကွဲမတတ်။
သုံးရက်နှင့်အဖြေပေါ်လျှင်ပေါ်၊မပေါ်လျှင် Baby အချစ်ကိုရရန် တစ်နည်းနည်းနှင့်ကြိုးစားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ငါးရက်မြောက်နေ့ဖြစ်သည်။
ဒီနေ့တော့ ထိုစားပွဲမှာမထိုင်တော့ဘဲ ဆိုင်အကွယ်တစ်နေရာက နေရာယူပြီး baby ဖြတ်အသွားကို အသက်ပင်မရှုရဲအောင် စောင့်နေလိုက်သည်။မကြာခင် ဂျီမင်းလာပါတော့သည်။
ရှေ့တည့်တည့်ကိုသာ ကြည့်လျှောက်တတ်သော ဂျီမင်းခြေလှမ်းတို့က ဆိုင်ရှေ့အရောက်မှာ ရုတ်တရက် နှေးသွားသည်ဟုခံစားလိုက်ရ၏။ယွန်းဂီ အသက်ပင်မရှုရဲပါ။
နောက်ဆုံးတော့ မိုးနတ်မင်းက သနားစရာ မင်ယွန်းဂီကို ကြည့်ရှုစောင်မတော်မူလေပြီ။
သူထိုင်နေကျ နေရာဆီကို ဂျီမင်းအကြည့်တွေ ဝေ့ကနဲရောက်လာချိန်မှာတော့ သူ့ရင်ထဲ ဆူနာမီငလျင်အသေးစားတစ်ခု လှုပ်ခတ်သွားလေတော့သည်။
"အစ်ကို ဒီမှာ ခါတိုင်း ထိုင်နေကျလူ ဒီနေ့လာသေးလား"
ဆိုင်ထဲ ဝင်လာရုံသာမက စားပွဲထိုးကောင်လေးထံမှာ သူ့အကြောင်းစုံစမ်းနေသည်။
သေချာပြီပေါ့။
အဆတစ်ရာ မြူးထူးပျော်ပါးသွားသော ယွန်းဂီမှာ ဂျွန်ဂျောင်ကုကို တစ်ချိန်လုံး ခေါင်းပေါ်တင်ထားချင်စိတ်ဖြစ်မိတော့သည်။ကျေးဇူးရှင်သကောင့်သားလေးကြောင့် အရာရာစိုပြေလေပြီ။
"ဒီနေ့မလာဘူးဗျ။accident ဖြစ်ပြီး ဆေးရုံရောက်နေတယ်လို့ ကြားတယ်"
အားကိုးရသော စားပွဲထိုးလေးကလည်း ယွန်းဂီ သင်ပေးထားသည့်အတိုင်း တသွေမတိမ်းပြောရှာသည်။
"ဗျာ..ဘယ်..ဘယ်ဆေးရုံမှာလဲ..ဘာဖြစ်တာတဲ့လဲ"
"ကျွန်တော်လည်းသေချာမသိဘူးဗျ။ဒီမနက် သူများတွေပြောနေသံကြားလို့။(......) ဆေးရုံမှာအရေးပေါ်ရောက်နေတယ်လို့တော့ကြားတယ်"
"ကျေး..ကျေးဇူးတင်ပါတယ်...ကျွန်တော်လိုက်သွားလိုက်ဦးမယ်"
မင်ယွန်းဂီ အကွယ်တစ်နေရာကနေ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်ရင်း ကားပေါ် တက်လိုက်တော့သည်။
~𖧷 • 𖧷 •𖧷~
မြင်ကွင်းက သူ့ရင်ကို ဆို့ကနဲ နင့်တက်သွားသည်။ပတ်တီးအဖြူဖွေးဖွေးတွေအပြည့်ရှိနေသော ဦးခေါင်းက ခေါင်းအုံးပေါ်မှာ ငြိမ်သက်စွာ လဲလျောင်းနေသည်။ချောင်ကျသွားသော မျက်နှာဖြူဖြူက သူ့အပြစ်မကင်းသလို ခံစားရစေသည်။တကယ်ဆို ဘာမဟုတ်တဲ့ အကြောင်းပြချက်လေးနဲ့ စိတ်ကောက်ရာကနေ လက်တွဲဖြုတ်ပစ်ဖို့ အထိ ရွေးချယ်ခဲ့တာ။အခုလိုပုံစံနဲ့ ပြန်မြင်ရမယ်လို့ ဂျီမင်းဘယ်တုန်းကမှ စိတ်မကူးခဲ့ပါ။
"မင်ယွန်းဂီ..."
"Baby ?"
သူ့ခေါ်သံ ကြောင့် ပတ်တီးပုံတွေကြားထဲက ယဲ့ယဲ့လေးပြုံးပြသည်။လက်တစ်ဖက်က လှုပ်ရွလာကာ သူ့လက်ဖဝါးကို ဆုပ်ကိုင်လာ၏။
"ဘယ်လိုဖြစ်ရတာလဲ။အခုရော နေလို့သက်သာလား"
"အင်း babyကို မြင်တော့ရောဂါတစ်ဝက်ပျောက်သွားသလိုပဲ"
"ဒီလိုအချိန်မှာတောင် နောက်နိုင်သေးတယ်နော်။ကျွန်တော်ဘယ်လောက်စိတ်ပူသွားရလဲ သိလား။ခင်ဗျားတကယ် မကောင်းဘူး"
"Baby ကမှ ကိုယ့်ကိုဂရုမစိုက်တာ"
ခေါင်းမှာသာ ပတ်တီးဖွေးနေတာ မျက်လုံးတွေက လူကောင်းတစ်ယောက်လို အရောင်တောက်နေသည်။မသက်ာစရာ ရနံ့များ ရစ်သိုင်းလာ၏။
"Baby ဘာကြည့်နေတာလဲ။ကိုယ့်ပတ်တီးတွေ ဖြည်ကြည့်မလား"
"ဟင့်အင်း မဖြည်ရဲဘူး။Gigi ဒဏ်ရာကြီးက ဘယ်လောက်ထိထားတယ်မှမသိတာ"
"လုပ်ပါ...ဖြည်ကြည့်လိုက်စမ်းပါ"
ပြုံးစိစိနဲ့ မင်ယွန်းဂီ ရုပ်ကိုမြင်လေ မသက်ာလေ။
တွေ့မယ်။ညာလို့ကတော့..ပတ်ဂျီမင်း အကြောင်း ကောင်းကောင်းသိစေရမယ်။
ဂျီမင်း ပတ်တီးစတွေကို တစ်ရစ်ပြီးတစ်ရစ် ခပ်ဖွဖွလေး ဖြည်ကြည့်လိုက်သည်။ပြုံးနေသော လူနာရုပ်က accident ဖြစ်ထားပါတယ်ဟု ပြောရင် ယုံနိုင်စရာမရှိတော့။
"ဟင်! ပတ်တီးတွေကများလိုက်တာ"
မသက်ာသလို မျက်မှောင်ကြုတ်ပြောရင်း နောက်ဆုံးတစ်ရစ်ကို ဖြေပြီး ဆံပင်တွေကြားထဲ ဒဏ်ရာကို ဖြဲခွဲရှာသည်။ကောက်ရိုးပုံကြားထဲ အပ်ပျောက်ရှာသလို ရှာပြီးနောက် လှည့်စားခံလိုက်ရပြီ ဖြစ်ကြောင်း ကောင်းကောင်းသိလိုက်ရတော့သည်။
"ဟား!!!ကလေးရယ် လွမ်းနေခဲ့တာ"
ဂျီမင်း နောက်ကျသွားချေပြီ။ခုနကပဲ မလှုပ်ရှားနိုင်သလို အသံတိုးတိုးလေးပြောနေသည့် လူနာက သူ့ကိုဝုန်းကနဲထဖက်သည်။မလှုပ်နိုင်တာရော၊မရုန်းကန်ချင်တာကြောင့်ပါ နားရွက်တွေနီရဲလာပြီး သူ့ရင်ခွင်ထဲ ခိုဝင်မိ၏။လွမ်းနေတာ Gigi တစ်ယောက်တည်းမှ မဟုတ်တာ။သူလည်း လွမ်းနေခဲ့တာလေ။
"အား! ခင်ဗျားကြီး တော်တော်ဆိုးတယ်။ဆရာဝန်ကပါ အလိုတူအလိုပါလား"
"ဟီး...ဆရာဝန်က ဆော့ဂျင်ကောင်လေးရဲ့အသိလေ"
"လွှတ်တော့ဗျာ။ဆေးရုံကြီးမှာ..သူများတွေကြည့်ကုန်ဦးမယ်"
"ကြည့်ကြည့်ကွာ။ကိုယ် ဘယ်လောက်တောင်သတိရနေလဲ သိလား။ကိုယ့်ကို ချစ်လား"
"အင်း... ချစ်တယ်"
ရင်ဘတ်ထဲက ပါးဖောင်းဖောင်း ကောင်လေးကို ယွန်းဂီပိုတိုးဖက်လိုက်တော့ နွေးထွေးအိစက်သော အထိအတွေ့က ပျောက်ဆုံးနေသော ရတနာကို ပြန်လည်တွေ့ရှိသွားခဲ့သလိုပင်။
လွမ်းခဲ့ရသမျှ အတိုးချ ချစ်ရင်း ဂျွန်ဂျောင်ကုထက်သာအောင် Ro လိုက်မည်ဟု စိတ်ထဲတွင်တေးမှတ်ထားလိုက်တော့သည်။
~𖧷 • 𖧷 •𖧷~
တဝေါဝေါတိုက်ခတ်နေသော လေမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို ခြောက်ခြားစေသည်။သစ်ရွက်ခြောက်တွေ ပေပွနေသည့် ထိုအခန်းလေးထဲဝယ် ပင့်ကူတွေကလည်း အားကျမခံ အိမ်ဖွဲ့ထားပြန်သည်။မီးလုံးခပ်မှိန်မှိန်အောက်တွင်ကား လူတစ်ယောက်နံရံကိုမှီကာ မှေးနေသည်။ဟောင်းနွမ်းပြီး ညစ်ပတ်နေပြီဖြစ်သော လိုက်ကာစကို ဆော့ဂျင် လက်နဲ့အသာလိပ်တင်လိုက်၏။မျက်နှာတခြမ်းနှင့် မျက်လုံးပေါက်တွေပိတ်သည်အထိ ဖူးယောင်နေသော ထိုလူမှာ အလင်းရောင်ကြောင့် မျက်လုံးတွေဖွင့်လာသည်။
"နာမည်က? ? "
ဆော့ဂျင် ဒူးတစ်ဖက်ထောင် တစ်ဖက်လှဲအနေအထားဖြင့် ထိုသူ့မျက်နှာကို စေ့စေ့ကြည့်ကာမေးသည်။
"ချာအွန်း..ယော့"
နာမည်ကိုပင် မနည်းအားယူပြီး ဖြေနေရသည်။မသေရုံတမယ် နှိပ်စက်ခံထားရသော ခန္ဓာကိုယ်က လှုပ်မရအောင်နာကျင်လွန်းသည်။ဆော့ဂျင် လက်ချက်ကြောင့်တော့မဟုတ်။တရားသူကြီး၏ လူယုံတော်များ လက်စာမိထားတာဖြစ်သည်။
"ကိုယ့်အပြစ်ကို သိတယ်မဟုတ်လား"
"သိ...သိပါတယ်....ကျွန်တော်...နောင်..တ ရနေပါ..ပြီ"
"ခင်ဗျားသာ လောဘဇောမတက်ဘဲ သတင်းစာထဲထည့်လိုက်ရင် အရာအားလုံး အေးဆေးပဲ ပြီးသွားမှာ။အခု အဲ့ဒီ ဓာတ်ပုံတွေနဲ့ video file ဘယ်ရောက်သွားပြီထင်လဲ။ရဲမှူးဆီရောက်သွားပြီ"
"တောင်း..တောင်းပန်ပါတယ်။အစ်ကိုလေး သက်သာလား။အစ်ကိုလေးက ကျွန်တော့်ရဲ့အသက်သခင်ပါ"
လွန်ခဲ့သည့် နှစ်ရက်က ထိုသူ့ကို ကယ်ရင်း ရခဲ့သည့် ဝမ်းဗိုက်က ဒဏ်ရာကိုရည်ညွှန်းပြီး ပြောဟန်တူသည်။ဓားချက်နှစ်ချက်စာ မိသွားသော ဝမ်းဗိုက်သည် အနည်းငယ်သာ မရှောင်တိမ်းလိုက်မိလျှင် သေကွင်းသေကွက်ကို တိုက်ရိုက်ထိနိုင်သည်။
"ထားလိုက်တော့...အဲ့ဒီအတွက် ခင်ဗျား ကျုပ်ကိုတစ်ခု ပြန်ပေးဆပ်ရမယ်"
"ပြော..ပြောပါ အစ်ကိုလေး "
"ဆိုးလ်ကို ဘယ်တော့မှ ခြေမချနဲ့တော့။တောရွာတစ်ရွာမှာသွားပြီး ဇာတ်မြှပ်နေလိုက်ပါ။ခင်ဗျားအသက်ရှင်နေမှန်း သိရင် ဂျွန်ဂျယ်အင်းက ဒီအတိုင်း ငြိမ်နေမယ်ထင်နေလား။အခု video fileက သူ့လက်ထဲရောက်နေလောက်ပြီ။တစ်ခုတည်းသော သက်သေဖြစ်တဲ့ ခင်ဗျားကိုရှင်းပစ်မှာအသေအချာပဲ။ကျုပ်ပြောတာ သဘောပေါက်လား"
"ပေါက်..ပေါက်ပါတယ် အစ်ကိုလေး"
"ကောင်းပြီ။သန်ဘက်ခါကျရင် ခင်ဗျားထွက်သွားဖို့ အဆင်သင့်လုပ်ထား"
ခပ်မာမာပြောပြီးသည်နှင့် ထရပ်လိုက်သည်။သဲမှုန်တစ်ချို့ရှိနေသော ကြမ်းခင်းပြင်ဝယ် ဖိနပ်သံတရှပ်ရှပ်က တိတ်ဆိတ်နေသော ညကို ဖြိုခွင်းဝင်ရောက်လာသည်။
"ဘာလို့ကျွန်တော့်အသက်ကို ကယ်ရတာလဲ"
ချာအွန်းယော့၏ အသံက ဖိနပ်သံတွေကို ရပ်တန့်သွားစေသည်။
"လူသတ်တာကို မုန်းလို့ "
အမှောင်ရိပ်ထဲ ဖျတ်ကနဲ ပျောက်ကွယ်သွားသော ထိုနောက်ကျောပြင်ကို တစ်ဆုံးငေးရင်း ချာအွန်းယော့ ပဟေဠိ ပေါင်းမြောက်များစွာဖြင့် ကျန်ရှိခဲ့သည်။
လွန်ခဲ့သော လပိုင်းခန့်က ဓာတ်ပုံတစ်ထပ်၊video file တစ်ခုစာတိုက်မှတစ်ဆင့် အယ်ဒီတာချုပ် ချာအွန်းယော့ ဆီကိုရောက်ရှိလာခဲ့သည်။
တရားသူကြီးဂျွန် ခြေရှုပ်ထားသော ထိုပုံများနှင့် videoကို သတင်းစာထဲ ထည့်လိုက်လျှင် ကိုရီးယားနိုင်ငံ၏ သတင်းလောကကို တုန်လှုပ်သွားလိုက်မည့်ဖြစ်ခြင်း။အဘယ်ကြောင့်ဆိုသော် ကိုရီးယားနိုင်ငံဥပဒေလောကတွင် တရားသူကြီး ဂျွန်ကိုမသိသူမရှိသလောက်နာမည်ကျော်ကြားသည်။
ရိုးသားဖြောင့်မတ်ပြီး သမာသမတ်ရှိသော ထိုတရားသူကြီးသည် ဤကဲ့သို့သော အမှုကိစ္စများကို ကျူးလွန်သည်ဆိုတာ ယုံနိုင်ဖွယ်ရာတော့မရှိ။သက်သေဖြစ်သည့် ဓာတ်ပုံများနှင့် videoကို အသုံးချပြီး ချာအွန်းယော့ မိုက်မဲခဲ့မိ၏။အစွယ်ဖွက်ထားသော ကျားကိုသွားနှိုးမိသလိုပင်။
သတင်းစာခေါင်းကြီးပိုင်းမှာ ထိုသတင်းကိုဖော်ပြမယ့်အစား ငွေကြေးမြောက်များစွာဖြင့် အလဲအလှယ်လုပ်မိခဲ့သည်။ရလာဒ်က မသေရုံတမယ် ဒဏ်ရာဒဏ်ချက်များသာဖြစ်သည်။ထိုညက အစ်ကိုလေးသာ ဝင်မကယ်ခဲ့လျှင် အသက်နှင့်ကိုယ် အိုးစားကွဲရမည်မှာ မုချပင်ဖြစ်သည်။
အခင်းဖြစ်ရာ ထိုနေရာကို ရဲကားများတစ်စီးပြီး တစ်စီးရောက်လာခဲ့သည့်အချိန်တွင် သူတို့အသက်လုပြီးပြေးခဲ့ရသည်။သက်သေဖြစ်သည့် ဓာတ်ပုံနှင့် video fileသည် ထိုနေရာမှာပင် ကျကျန်ခဲ့သည်။
သူ့အတွေးများကို ပြန်လည်စုစည်းမိချိန်တွင် တိုက်အဟောင်းရှေ့က ကားသံသဲ့သဲ့ကြားရသည်။
~𖧷 • 𖧷 •𖧷~
"အစ်ကို ဘယ်က ပြန်လာတာလဲ၊မိုးချုပ်နေပြီကို "
အိမ်ရှေ့မှာ ကားထိုးရပ်ရပ်ချင်း ဆိုင်ကယ်ကိုမှီပြီး စူပုပ်ပုပ်ရပ်နေသော ကိုယ်တော်ချောက ဆူပူတော့သည်။
ဆော့ဂျင် နဖူးပေါ်က ဆံပင်တွေကိုသပ်တင်ရင်း ခြံတံခါးသော့ကိုဖွင့်လိုက်သည်။ပြီးမှ နောက်ကိုပြန်ကြည့်ကာ..
"မင်း တစ်နေကုန်အားနေပုံပဲ။နေ့ဘက်ကျ ဆိုင်ကိုလာတယ်။ညဘက်လည်း ငါ့ဆီလာတယ်။အိမ်မှာ ဆူမယ့်ပူမယ့်သူ မရှိဘူးလား"
"မရှိပါဘူး။ရှိလည်း ဂရုမစိုက်ဘူး"
"ဂျွန်ဂျောင်ကု..အပြောကိုပြင်စမ်း။အဲ့ဒီလို ဂျစ်ကန်ကန်အပြောတွေကို ငါမကြိုက်ဘူး"
"အစ်ကိုကလည်း.."
ဂျောင်ကု ဘာမှဆက်မပြောတော့ဘဲ ဝယ်လာသောစားစရာအထုပ်တွေကိုဆွဲကာ အိမ်ထဲဝင်လိုက်လာသည်။
"ဘာတွေလဲ"
"ဝက်ခေါက်ကင်နဲ့ ဆိုဂျူ"
ဂျောင်ကု မီးဖိုခန်းထဲ သွက်သွက်လက်လက်နဲ့ ဝင်ကာ စားစရာတွေကို နေရာချသည်။ဆိုဂျူပုလင်းတွေကို စားပွဲပေါ်တင်ရင်း ယွန်းဂီနဲ့ဂျီမင်းတို့အဆင်ပြေသွားပြီဖြစ်ကြောင်း ရှင်းပြသည်။
"ဒါတွေအားလုံး မင်းစနက်ပဲ မဟုတ်လား"
"သိတယ်မလား..ကျွန်တော်က မြားနတ်မောင်လေ"
မျက်လုံးတစ်ဖက် မှိတ်ပြပြီး ရွှတ်နောက်နောက်နဲ့ဆိုသည်။
"ဒါမျိုးကျ တတ်တယ်"
ဆော့ဂျင် မသိမသာပြုံးလိုက်ရင်း ကောင်လေးနဖူးကိုမနာအောင် ဖွဖွလေးထုသည်။
အစ်ကို့ဆီကသာ ဤကဲ့သို့ ချစ်စရာကောင်းသော အပြုအမူလေးကို ခံယူရမည်ဆိုလျှင် ဂျောင်ကု ဘာပဲလုပ်ရလုပ်ရ ကျေနပ်သည်။အဆမတန် အသည်းယားသွားရသော သူ့မှာ ထိန်းချုပ်ဖို့ရာ မဖြစ်နိုင်တော့။
"အစ်ကို"
နောက်ကျောဆီမှ ဖွဖွလေးသိုင်းဖက်ကာ ပခုံးပေါ်မေးတင်လာသော အထိအတွေ့ကြောင့် ဆော့ဂျင် ကြက်သီးမွှေးညှင်းလေးတွေ ထသွားရသည်။
"ကိုယ့်ကို ချစ်လား"
ဆွဲငင်အားကောင်းစွာဖြင့် ညှို့ငင်နိုင်သော ေဂျာင်ကုအသံက သံလိုက်ဓာတ်တွေ ပျော်ဝင်နေခဲ့သည်။
"ပြောပါဦး။ကိုယ့်ကို ချစ်လား"
ပိုပြီးတင်းတင်းကြပ်ကြပ်ဖက်ကာ ဆော့ဂျင်၏ နားရွက်ဖျားအထိ တိုးကပ်ကာမေးသည်။ဂျောင်ကု၏ အတင့်ရဲသောအပြုအမူက ခုနကအထိ ပုံမှန်ဖြစ်နေသည့် ဆော့ဂျင်ကို ပြောင်းလဲသွားစေသည်။
"ရှက်နေတာလား။ပါးလေးကို ရဲနေတာပဲ"
ဆော့ဂျင် ခေါင်းယမ်းပြသည်။ရင်ခွင်ကျယ်ထဲက ထွက်ဖို့ ရုန်းကြည့်သည်။သို့သော် အချည်းအနှီးသာ။
"အင်းပါ..ကိုယ်မမေးတော့ဘူးနော်။ဖြေချင်တဲ့စိတ်ရှိမှ ဖြေပါ။ခံစားချက်ဆိုတာ သူ့အလိုလို ဖြစ်လာမှ သဘာဝကျပြီးစစ်မှန်မှာပေါ့။အတင်းကြိုးစားယူလို့မှ မရတာ"
ဂျောင်ကု ဖြေးညှင်းစွာ လွှတ်ပေးလိုက်ရင်း သူ့နေရာမှာ ပြန်ထိုင်သည်။ဆိုဂျူတစ်ခွက် မော့သောက်ပြီး အပြင်ဘက်ကိုငေးသည်။နည်းနည်းတော့ စိတ်ထိခိုက်သွားသည်။သူမေးတိုင်း အစ်ကိုက မဖြေဘူး။
အစ်ကိုက တကယ်ချစ်ရဲ့လား ဆိုသည့် မေးခွန်းကို စိတ်ထဲယောက်ယက်ခတ်နေအောင် အပြေးအလွှားအဖြေရှာမိသည်။အဖြေကား ရှာမတွေ့။စားရသောက်ရတာတောင် အရသာမတွေ့ချင်တော့။ရင်ထဲပူလောင် တင်းကြပ်လာသည်။
"အဲ့ဒါဆို ကိုယ်ပြန်တော့မယ်"
"ဂျောင်ကု"
သူ ထရပ်လေလျှင် အစ်ကိုက မော့ကြည့်လာသည်။
"ဗျာ"
"ခုနကတည်းက ပြောမလို့ "
"အင်း "
"ချစ်တယ်လို့ "
ဂျောင်ကုရင်ထဲ အင်အားပြင်းသော လေပြင်းမုန်တိုင်းအကြီးစားတစ်ခုတိုက်ခတ်သွားသည်။
"ဘယ်သူ့ကိုလဲ "
မျက်လုံးတွေ ဝိုင်းကာ ပြန်မေးလျှင် အစ်ကိုက သူ့ကိုမကြည့်ပါ။ဝက်ခေါက်ကင်ပန်းကန်ထဲကို တူတစ်ချောင်းနဲ့ အကြောင်းမဲ့ မွှေနေသည်။
"မင်းကိုလေ.."
"အား...."
ဂျောင်ကု၏ ရင်ထဲမှ အသံတိတ်အော်မြည်သံတစ်ခု ထွက်ပေါ်လာရသည်။
ထိုသို့မပွင့်တပွင့်ပြောတတ်သော အပြုအမူလေးသည် ရူးချင်စရာကောင်းအောင် ပြုစားလွန်းသည်။
"ပြန်တော့လေ။ဆိုဂျူတွေသောက်ပြီး ဆိုင်ကယ်မမောင်းနဲ့"
"နားထောင်ပါ့မယ်ဗျ"
သူ့ရင်ထဲ သံသယအမှုန်အမွှားလေးတောင်ရှိမနေတော့။ဘာအပူအပင်မှမရှိသော ကလေးငယ်တစ်ယောက်လို လွတ်လပ်ပေါ့ပါးသွားသည်။အပြန်လမ်းသည် အပျော်တွေနဲ့ပြည့်နှက်သည်။
အစ်ကို့ရဲ့ မေတ္တာကို လက်ခံရရှိတဲ့ နေ့က ရူးသွပ်မှုဟာ ရင်ထဲအပြည့်။ပျော်လို့မျက်ရည်ကျတယ် ဆိုတာ တကယ်မယုံနိုင်စရာ။အဲဲ့ဒီနေ့မှာပဲ လောကကြီးက တစ်စုံတစ်ခုကိုသတ်မှတ်ချက်ပေးခဲ့တယ်။
'ကျွန်တော်ဟာ အစ်ကို့ကိုချစ်ဖို့ မွေးဖွားလာတယ် ဆိုတာ'
~~~~~~~~~~~~~~//~~~~~~~~~~~~~~~~
AN-အခုကိုယ်ရောက်နေတဲ့နေရာက အင်တာနက်မရတစ်ချက်၊ရတစ်ချက်မို့ reply တွေပြန်တာနောက်ကျရင် ခွင့်လွှတ်ပါ။
အားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေ။
မတရားမှုကျူးလွန်နေတဲ့ လူ့တိရစ္ဆာန်မှန်သမျှ ကျဆုံးပါစေ။
Thanks for your reading & voting.
Riona 🌼
......Zawgyi______
အေနာက္ဘက္ ေကာင္းကင္မွ လိေမၼာ္ရင့္ေရာင္ တိမ္စိုင္တစ္ခ်ိဳ႕ ပါးလ်နီေစြးေနသည္။အလင္းေပ်ာက္လုေပ်ာက္ခင္ ပတ္ဝန္းက်င္ကို တိုးလ်စြာတိုက္ခတ္လာေသာ ေလႏုေအးက သိမ္းသြင္းေနျပန္၏။
အေပၚထပ္ ဝရန္တာကို လက္ေထာက္မွီထားသည့္ ေကာင္ေလးမွာ ေကာ္ဖီတစ္ခြက္ကို စိမ္ေျပနေျပေသာက္ေနေလသည္။ေလ၏ ပြတ္ထိုးက်ီစယ္မႈေၾကာင့္ အျဖဴေရာင္႐ွပ္အက်ီေကာ္လံစမွာ တလူလူတိုက္ခတ္ေနသည္။ေသြးေၾကာစိမ္းမ်ား ယွက္သန္းေနသည့္ လက္ဖ်ံျဖဴျဖဴေဖြးေဖြးက အျဖဴေရာင္အက်ီႏွင့္ လိုက္ဖက္လြန္းသည္။
"ဟယ္လို "
တတီတီျမည္ေနေသာ ဖုန္းသံေၾကာင့္ ေကာ္ဖီခြက္ကို လက္တစ္ဖက္က ကိုင္ရင္း ဖုန္း screen ကို ၾကည့္လိုက္ေတာ့ သူ႕ရဲ႕ ႏွစ္ေယာက္မ႐ွိႏိုင္တဲ့ လူဆိုးေလး။
"အစ္ကို "
"အင္း...ေျပာ "
အသံကို ႏွိမ့္ထားလိုက္ရင္း အနည္းငယ္ ခုန္ေနေသာ ရင္ကိုတည္ၿငိမ္ေအာင္ ထားၿပီး ျပန္ထူးသည္။
"ညေနက ေျပာတာ တကယ္ေနာ္"
"ဘာကိုလဲ "
"တြဲမယ္ဆိုတာေလ "
"အင္းေလ..သိရဲ႕သားနဲ႔ ဘာျဖစ္လို႔ထပ္ေမးေနတာလဲ"
"မဟုတ္ပါဘူး။ကြၽန္ေတာ္တကယ္ မယုံႏိုင္ေသးလို႔"
ေဆာ့ဂ်င္ ေကာ္ဖီတစ္ငုံထပ္ေသာက္သည္။ေလႏုေအးက တသုန္သုန္ျမဴးလ်က္ ေမွာင္ရီပ်ိဳးစ ည၏ ပ်ိဳမ်စ္ျခင္းကိုေဖာ္က်ဴးေနသည္။
"အခု အစ္ကို ဘာလုပ္ေနလဲ"
" ဝရန္တာမွာ ေကာ္ဖီေသာက္ေနတယ္ "
"ဒဏ္ရာ သက္သာလား။ကြၽန္ေတာ္လာခဲ့ရမလား"
"မလာနဲ႔ "
"မရေတာ့ဘူး။အခု အစ္ကိုအိမ္ေ႐ွ႕နားေရာက္ေတာ့မယ္"
"ဘာ...မင္း....အဟြတ္"
လည္ေခ်ာင္းထဲက ေကာ္ဖီရည္တစ္ခ်ိဳ႕က ကန္႔လန္႔ဆန္စြာစီးဝင္သြားသည္။တျဖဴးျဖဴးတိုက္ေနေသာ ေလေတာင္ဘယ္ေရာက္သြားမွန္းမသိေတာ့။ရည္းစားႏွင့္ ခိုးေတြ႕ခါနီး ဆယ္ေက်ာ္သက္ေလးလို ခုန္ေနသည့္ႏွလုံးအစုံကိုလည္း စိတ္ထဲကေန က်ိန္ဆဲမိသည္။
"ဟယ္လို ေဂ်ာင္ကု...ေဂ်ာင္ကု "
အထပ္ထပ္ေခၚပါေသာ္လည္း တစ္ဖက္က ဖုန္းခ်သြားခဲ့ေလၿပီ။မတတ္ႏိုင္ေတာ့။ဒီေကာင္ေလးက သူလုပ္ခ်င္တာကို လုပ္ရမွ ေက်နပ္သည္ေလ။
မၾကာမီပင္ ေဆာ့ဂ်င္ အိမ္ေ႐ွ႕ကို ဆိုင္ကယ္တစ္စီး ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာသည္။ဆိုင္ကယ္ဦးထုပ္ကို ခြၽတ္ၿပီး ဖြာလန္က်ဲသြားေသာ ဆံပင္တို႔ကို ဘယ္ညာေဝ့ၿပီး ႐ွင္းထုတ္ေနသည္။သားေရ ဂ်ာကင္အနက္ေရာင္က ညမီးေရာင္ေအာက္မွာ ထင္းေန၏။
"အစ္ကို "
ဝရန္တာမွာ ရပ္ေနတဲ့ေဆာ့ဂ်င္ကို ျမင္ေတာ့ျပဳံးစစနဲ႔ လက္လွမ္းျပသည္။ၿပီးေတာ့ အက်ီအိတ္ထဲက ဖုန္းကိုထုတ္ၿပီး လွမ္းဆက္သည္။
"ဟယ္လို...အစ္ကို..ကြၽန္ေတာ္အိမ္ထဲမဝင္ေတာ့ဘူးေနာ္"
" ဘာလာလုပ္တာလဲ"
လမ္းသရဲေလးလို ျပဳမူေနေသာ ေကာင္ဆိုးေလးကို ေဆာ့ဂ်င္ အနည္းငယ္ေဒါေဖာင္းေနသည့္အေလ်ာက္ ခပ္ဆတ္ဆတ္ပင္ျပန္ေမးလိုက္သည္။
ေမးလိုက္ကာမွ ဆိုင္ကယ္ကို ခပ္ေလွ်ာေလွ်ာမွီထိုင္လိုက္သည့္ ေဂ်ာင္ကုက မ်က္လုံးတစ္ဖက္မွိတ္ျပသည္။
"အစ္ကို႔မ်က္ႏွာေလးကို လာၾကည့္တာ၊လြမ္းလို႔ "
ေဆာ့ဂ်င္ ေျပာစရာစကား ေပ်ာက္႐ွသြားသည္။
ဆိုင္က ျပန္လာတာ ႏွစ္နာရီပင္မျပည့္တတ္ေသးေသာ ထိုအခ်ိန္ခဏေလးအတြင္းမွာ လြမ္းလို႔ဆိုတာ ျဖစ္ႏိုင္ပါ့မလား။
"ျပန္ေတာ့ေလ..မိုးခ်ဳပ္ေနၿပီ"
သူသာ မႏွင္ရင္ တစ္ညလုံး သူ႕အိမ္ေ႐ွ႕မွာအေျခခ်ေတာ့မည့္ပုံပင္။ေကာင္ေလးက ဆံပင္ေတြၾကားထဲလက္ထိုးဖြရင္း ျပဳံးျပသည္။ၿပီးေတာ့ ႏႈတ္ခမ္းပါးေတြကိုစုခြၽန္ၿပီး kiss ေပးဟန္ျပဳသည္။
"မင္း....."
ေဆာ့ဂ်င္ ေယာင္ယမ္းၿပီး ဝရန္တာက လက္ကိုင္သံတိုင္ေတြကို ဆုပ္မိသြားသည္။ေကာင္ေလးရဲ႕ ဒီလို အျပဳအမူေတြကို ျမင္တိုင္း သူ႕ရင္ထဲ ကတုန္တယင္နဲ႔။တစ္ခါမွ ရည္းစားမထားဖူးတဲ့ လူငယ္ေလးတစ္ေယာက္လို သူ႕ရင္ဘတ္က တဆတ္ဆတ္ခုန္ေနသည္။
"ခ်စ္လိုက္ရတာ အစ္ကိုရာ"
တိုးဖ်ေသာ ညည္းသံသဲ့သဲ့ က ႐ွိ႐ွိသမွ်ခံစားခ်က္ေတြကို မႏိုင္းမနင္း ထိန္းခ်ဳပ္ထားဟန္႐ွိသည္။ဒီအခ်ိန္ ေဆာ့ဂ်င္သာ ျခံေ႐ွ႕အထိ အတင့္ရဲၿပီး ထြက္သြားလွ်င္မူ အသည္းယားေနေသာ ယုန္ဆိုးေလး၏ အနမ္းကိုမခ်ိမဆန္႔ခံႏိုင္ဖြယ္ရာ႐ွိသည္။
"ကြၽန္ေတာ္႕ကို ခ်စ္လား "
ေဂ်ာင္ကုအသံက တိုးညႇင္းေသာ္လည္း ေဆာ့ဂ်င္ေကာင္းေကာင္းၾကားရန္ လုံေလာက္သည္။
"မသိဘူး "
ေဆာ့ဂ်င္ ခပ္တိုးတိုး ျပန္ေျဖမိသည္။မီးေရာင္ေအာက္က မ်က္လုံးနက္ေတြက သူ႕ႏွလုံးသားဆီ ထြင္းေဖာက္ၾကည့္ေနသလိုပင္။တကယ္လည္း ေကာင္ေလးမ်က္လုံးေတြနဲ႔ မ်က္လုံးခ်င္းဆုံေအာင္ မၾကည့္ခ်င္ပါ။
ေခါင္းငုံ႔ၿပီး မပြင့္တပြင့္ ေျဖလိုက္ေသာ ေဆာ့ဂ်င္မွာ ထိုအျပဳအမူက ယုန္ဆိုးေလးကို ဘယ္ေလာက္ထိ အသည္းယားသြားႏိုင္ေၾကာင္း သတိထားမိဟန္မတူ။
"ဟာဗ်ာ...အဲ့လိုေလး မလုပ္ပါနဲ႔။ဒီမွာ ခ်စ္လြန္းလို႔ ႐ူးေတာ့မယ္"
"ဟမ္...ငါ ဘာလုပ္မိလို႔လဲ"
ေဆာ့ဂ်င္ ႐ုတ္တရက္ ေၾကာင္သြားသည္။ေနရင္းထိုင္ရင္း ခဏခဏ အသည္းအယားခံေနရသည့္အျဖစ္။
"ဘာမွမလုပ္ပဲနဲ႔ေတာင္ အစ္ကို႔ကို မခ်စ္ဘဲေနဖို႔က ခက္တယ္"
ေဆာ့ဂ်င္သာ ဖေယာင္းခဲတစ္ခဲျဖစ္ခဲ့လွ်င္ ဂြၽန္ေဂ်ာင္ကု၏ ျပင္းျပေသာ အခ်စ္စကားမ်ားေအာက္ဝယ္ အရည္ေပ်ာ္က်သြားႏိုင္သည္။
"ျပန္ေတာ့...မနက္ျဖန္က်မွ ဆိုင္မွာေတြ႕မယ္"
"အင္း ျပန္မယ္..ဝရန္တာမွာရပ္ေနတာၾကာၿပီမဟုတ္လား။အထဲဝင္ေတာ့ေနာ္။ေအးေနမွာစိုးလို႔ "
"အင္း..မင္းလည္း ျပန္ေတာ့"
"ခ်စ္တယ္ အစ္ကို..."
ဖုန္းခ်ခါနီး ခပ္တိုးတိုးေျပာသြားသည္။
ၿပီးေတာ့ ဆိုင္ကယ္ဦးထုပ္ကို ျပန္ေကာက္စြပ္ကာ ဆိုင္ကယ္မထြက္မခ်င္း မၿပီးႏိုင္မစီးႏိုင္ လက္လွမ္းျပေနေသးသည္။ေဆာ့ဂ်င္ လက္သီးတစ္ခ်က္ျပလိုက္မွ ရယ္သြားကာ ဆိုင္ကယ္စက္ႏိႈးသည္။
"ဟူး..."
ေကာင္ေလး ျပန္သြားမွ ေဆာ့ဂ်င္အခန္းထဲဝင္ၿပီး ကုတင္ေပၚေျခပစ္လက္ပစ္ ပစ္လွဲမိေတာ့သည္။မ်က္လုံးအစုံကို မွိတ္လိုက္ေလလွ်င္ ထိုေကာင္ေလး၏ ပုံရိပ္ေတြ ျမင္ေယာင္လာသည္။
သူ႕ႏႈတ္ခမ္းေထာင့္စြန္းေတြ ေကြးတက္သြားကာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ျပဳံးသည္။ဖူးေနေသာ ႏႈတ္ခမ္းအစုံ တစ္ေယာက္တည္းၾကားသာ႐ုံမွ် ခပ္တိုးတိုးေရ႐ြတ္သည္။
"ခ်စ္တယ္...ေဂ်ာင္ကု "
~𖧷 • 𖧷 •𖧷~
ေက်ာပိုးအိတ္ကိုယ္စီနဲ႔ ရယ္သံ၊စကားေျပာသံ လြင္လြင္ေလးေတြ ၾကားမိေတာ့ ယြန္းဂီ ငိုက္ေနရာမွ မ်က္လုံးကိုျပဴးၿပဲဖြင့္လိုက္သည္။Baby တို႔ေက်ာင္းဆင္းခ်ိန္ေတာင္ ေရာက္ၿပီ။အ႐ြယ္တူေက်ာင္းသားေလးေတြ သူ႕အုပ္စုနဲ႔သူ ေက်ာင္းထဲက ထြက္လာၾကသည္။
ေဂ်ာင္ကု၏ အၾကံအစည္အတိုင္း အေကာင္အထည္ေဖာ္သည္မွာ သုံးရက္ေျမာက္ေန႔ျဖစ္သည္။
ဂ်ီမင္းတို႔ေက်ာင္း အသြားအျပန္လမ္းက ေကာ္ဖီဆိုင္တစ္ဆိုင္ရဲ႕ ညာဘက္အစြန္ဆုံးေထာင့္မွာ တစ္သမတ္တည္းေနရာယူၿပီး ေစာင့္ၾကည့္ျဖစ္သည္။
တစ္ရက္၊ႏွစ္ရက္မွာ လုံးဝမထူးျခားေတာ့ သူေဆာက္တည္ရာမရေတာ့။
ေဂ်ာင္ကုေျပာထားသလို သူ႕အေပၚလုံးဝ စိတ္မဝင္စားေတာ့သည့္သေဘာလား။
သူေစာင့္ၾကည့္ေနတာကို မသိလို႔လည္းမျဖစ္ႏိုင္။ဘာေၾကာင့္ဆို ထိုညာဘက္ေထာင့္စြန္က စားပြဲသည္ သူတို႔ႏွစ္ေယာက္ ထိုင္ၿပီးကလူက်ီစယ္ေနက် ေနရာေလးတစ္ခုျဖစ္သည္။
"ေဟာ...လာၿပီ"
တစ္ကိုယ္တည္း ခပ္တိုးတိုး ေရ႐ြတ္ရင္း လက္က်န္ေကာ္ဖီေတြကို ေမာ့ေသာက္ပစ္လိုက္သည္။အၾကည့္တစ္ခ်က္မလႊဲေစဘဲ Babyရဲ႕ ေျခလွမ္းတစ္လွမ္း လွမ္းတာကအစ သူလိုက္ၾကည့္သည္။မေတြ႕ရ မျမင္ရတာၾကာလို႔လားေတာ့မသိ။အရင္ကထက္ ပိုၾကည့္ေကာင္းေနေသာ ဂ်ီမင္းကိုျမင္ေတာ့ အတင္းဖိႏွိပ္ထားရေသာ ရင္ခုန္သံက တစ္ဖန္ျပန္ၿပီး မင္းမူလာသည္။စိတ္နာနာႏွင့္ ေျပာခဲ့ေသာစကားတို႔သည္ ၾကက္ေပ်ာက္ငွက္ေပ်ာက္။
ဂ်ီမင္းသာ ေနာက္တစ္ႀကိမ္ျပန္လာလွ်င္မူ သူ႕ရင္ခြင္ကို အဆင္သင့္ဖြင့္ၿပီး ေစာင့္ႀကိဳေနႏိုင္သည္။
"ေဟာ!ဒီေန႔လည္း သတိေတာင္မထားမိဘူးထင္ပါရဲ႕"
ထုံးစံအတိုင္းပဲ ဒီေန႔လည္း သူ႐ွိရာကို မ်က္လုံးေလးပင္ေစြမၾကည့္ပါ။ခပ္တည္တည္လမ္းေလွ်ာက္သြားေသာ ဂ်ီမင္းကိုၾကည့္ရင္း သူ႕ရင္ေတြကြဲမတတ္။
သုံးရက္ႏွင့္အေျဖေပၚလွ်င္ေပၚ၊မေပၚလွ်င္ Baby အခ်စ္ကိုရရန္ တစ္နည္းနည္းႏွင့္ႀကိဳးစားေတာ့မည္ဟု ဆုံးျဖတ္လိုက္သည္။
ငါးရက္ေျမာက္ေန႔ျဖစ္သည္။
ဒီေန႔ေတာ့ ထိုစားပြဲမွာမထိုင္ေတာ့ဘဲ ဆိုင္အကြယ္တစ္ေနရာက ေနရာယူၿပီး baby ျဖတ္အသြားကို အသက္ပင္မ႐ႈရဲေအာင္ ေစာင့္ေနလိုက္သည္။မၾကာခင္ ဂ်ီမင္းလာပါေတာ့သည္။
ေ႐ွ႕တည့္တည့္ကိုသာ ၾကည့္ေလွ်ာက္တတ္ေသာ ဂ်ီမင္းေျခလွမ္းတို႔က ဆိုင္ေ႐ွ႕အေရာက္မွာ ႐ုတ္တရက္ ေႏွးသြားသည္ဟုခံစားလိုက္ရ၏။ယြန္းဂီ အသက္ပင္မ႐ႈရဲပါ။
ေနာက္ဆုံးေတာ့ မိုးနတ္မင္းက သနားစရာ မင္ယြန္းဂီကို ၾကည့္႐ႈေစာင္မေတာ္မူေလၿပီ။
သူထိုင္ေနက် ေနရာဆီကို ဂ်ီမင္းအၾကည့္ေတြ ေဝ့ကနဲေရာက္လာခ်ိန္မွာေတာ့ သူ႕ရင္ထဲ ဆူနာမီငလ်င္အေသးစားတစ္ခု လႈပ္ခတ္သြားေလေတာ့သည္။
"အစ္ကို ဒီမွာ ခါတိုင္း ထိုင္ေနက်လူ ဒီေန႔လာေသးလား"
ဆိုင္ထဲ ဝင္လာ႐ုံသာမက စားပြဲထိုးေကာင္ေလးထံမွာ သူ႕အေၾကာင္းစုံစမ္းေနသည္။
ေသခ်ာၿပီေပါ့။
အဆတစ္ရာ ျမဴးထူးေပ်ာ္ပါးသြားေသာ ယြန္းဂီမွာ ဂြၽန္ေဂ်ာင္ကုကို တစ္ခ်ိန္လုံး ေခါင္းေပၚတင္ထားခ်င္စိတ္ျဖစ္မိေတာ့သည္။ေက်းဇူး႐ွင္သေကာင့္သားေလးေၾကာင့္ အရာရာစိုေျပေလၿပီ။
"ဒီေန႔မလာဘူးဗ်။accident ျဖစ္ၿပီး ေဆး႐ုံေရာက္ေနတယ္လို႔ ၾကားတယ္"
အားကိုးရေသာ စားပြဲထိုးေလးကလည္း ယြန္းဂီ သင္ေပးထားသည့္အတိုင္း တေသြမတိမ္းေျပာ႐ွာသည္။
"ဗ်ာ..ဘယ္..ဘယ္ေဆး႐ုံမွာလဲ..ဘာျဖစ္တာတဲ့လဲ"
"ကြၽန္ေတာ္လည္းေသခ်ာမသိဘူးဗ်။ဒီမနက္ သူမ်ားေတြေျပာေနသံၾကားလို႔။(......) ေဆး႐ုံမွာအေရးေပၚေရာက္ေနတယ္လို႔ေတာ့ၾကားတယ္"
"ေက်း..ေက်းဇူးတင္ပါတယ္...ကြၽန္ေတာ္လိုက္သြားလိုက္ဦးမယ္"
မင္ယြန္းဂီ အကြယ္တစ္ေနရာကေန ေက်ေက်နပ္နပ္ႀကီး ျပဳံးလိုက္ရင္း ကားေပၚ တက္လိုက္ေတာ့သည္။
~𖧷 • 𖧷 •𖧷~
ျမင္ကြင္းက သူ႕ရင္ကို ဆို႔ကနဲ နင့္တက္သြားသည္။ပတ္တီးအျဖဴေဖြးေဖြးေတြအျပည့္႐ွိေနေသာ ဦးေခါင္းက ေခါင္းအုံးေပၚမွာ ၿငိမ္သက္စြာ လဲေလ်ာင္းေနသည္။ေခ်ာင္က်သြားေသာ မ်က္ႏွာျဖဴျဖဴက သူ႕အျပစ္မကင္းသလို ခံစားရေစသည္။တကယ္ဆို ဘာမဟုတ္တဲ့ အေၾကာင္းျပခ်က္ေလးနဲ႔ စိတ္ေကာက္ရာကေန လက္တြဲျဖဳတ္ပစ္ဖို႔ အထိ ေ႐ြးခ်ယ္ခဲ့တာ။အခုလိုပုံစံနဲ႔ ျပန္ျမင္ရမယ္လို႔ ဂ်ီမင္းဘယ္တုန္းကမွ စိတ္မကူးခဲ့ပါ။
"မင္ယြန္းဂီ..."
"Baby ?"
သူ႕ေခၚသံ ေၾကာင့္ ပတ္တီးပုံေတြၾကားထဲက ယဲ့ယဲ့ေလးျပဳံးျပသည္။လက္တစ္ဖက္က လႈပ္႐ြလာကာ သူ႕လက္ဖဝါးကို ဆုပ္ကိုင္လာ၏။
"ဘယ္လိုျဖစ္ရတာလဲ။အခုေရာ ေနလို႔သက္သာလား"
"အင္း babyကို ျမင္ေတာ့ေရာဂါတစ္ဝက္ေပ်ာက္သြားသလိုပဲ"
"ဒီလိုအခ်ိန္မွာေတာင္ ေနာက္ႏိုင္ေသးတယ္ေနာ္။ကြၽန္ေတာ္ဘယ္ေလာက္စိတ္ပူသြားရလဲ သိလား။ခင္ဗ်ားတကယ္ မေကာင္းဘူး"
"Baby ကမွ ကိုယ့္ကိုဂ႐ုမစိုက္တာ"
ေခါင္းမွာသာ ပတ္တီးေဖြးေနတာ မ်က္လုံးေတြက လူေကာင္းတစ္ေယာက္လို အေရာင္ေတာက္ေနသည္။မသက္ာစရာ ရနံ႔မ်ား ရစ္သိုင္းလာ၏။
"Baby ဘာၾကည့္ေနတာလဲ။ကိုယ့္ပတ္တီးေတြ ျဖည္ၾကည့္မလား"
"ဟင့္အင္း မျဖည္ရဲဘူး။Gigi ဒဏ္ရာႀကီးက ဘယ္ေလာက္ထိထားတယ္မွမသိတာ"
"လုပ္ပါ...ျဖည္ၾကည့္လိုက္စမ္းပါ"
ျပဳံးစိစိနဲ႔ မင္ယြန္းဂီ ႐ုပ္ကိုျမင္ေလ မသက္ာေလ။
ေတြ႕မယ္။ညာလို႔ကေတာ့..ပတ္ဂ်ီမင္း အေၾကာင္း ေကာင္းေကာင္းသိေစရမယ္။
ဂ်ီမင္း ပတ္တီးစေတြကို တစ္ရစ္ၿပီးတစ္ရစ္ ခပ္ဖြဖြေလး ျဖည္ၾကည့္လိုက္သည္။ျပဳံးေနေသာ လူနာ႐ုပ္က accident ျဖစ္ထားပါတယ္ဟု ေျပာရင္ ယုံႏိုင္စရာမ႐ွိေတာ့။
"ဟင္! ပတ္တီးေတြကမ်ားလိုက္တာ"
မသက္ာသလို မ်က္ေမွာင္ၾကဳတ္ေျပာရင္း ေနာက္ဆုံးတစ္ရစ္ကို ေျဖၿပီး ဆံပင္ေတြၾကားထဲ ဒဏ္ရာကို ၿဖဲခြဲ႐ွာသည္။ေကာက္႐ိုးပုံၾကားထဲ အပ္ေပ်ာက္႐ွာသလို ႐ွာၿပီးေနာက္ လွည့္စားခံလိုက္ရၿပီ ျဖစ္ေၾကာင္း ေကာင္းေကာင္းသိလိုက္ရေတာ့သည္။
"ဟား!!!ကေလးရယ္ လြမ္းေနခဲ့တာ"
ဂ်ီမင္း ေနာက္က်သြားေခ်ၿပီ။ခုနကပဲ မလႈပ္႐ွားႏိုင္သလို အသံတိုးတိုးေလးေျပာေနသည့္ လူနာက သူ႕ကိုဝုန္းကနဲထဖက္သည္။မလႈပ္ႏိုင္တာေရာ၊မ႐ုန္းကန္ခ်င္တာေၾကာင့္ပါ နား႐ြက္ေတြနီရဲလာၿပီး သူ႕ရင္ခြင္ထဲ ခိုဝင္မိ၏။လြမ္းေနတာ Gigi တစ္ေယာက္တည္းမွ မဟုတ္တာ။သူလည္း လြမ္းေနခဲ့တာေလ။
"အား! ခင္ဗ်ားႀကီး ေတာ္ေတာ္ဆိုးတယ္။ဆရာဝန္ကပါ အလိုတူအလိုပါလား"
"ဟီး...ဆရာဝန္က ေဆာ့ဂ်င္ေကာင္ေလးရဲ႕အသိေလ"
"လႊတ္ေတာ့ဗ်ာ။ေဆး႐ုံႀကီးမွာ..သူမ်ားေတြၾကည့္ကုန္ဦးမယ္"
"ၾကည့္ၾကည့္ကြာ။ကိုယ္ ဘယ္ေလာက္ေတာင္သတိရေနလဲ သိလား။ကိုယ့္ကို ခ်စ္လား"
"အင္း... ခ်စ္တယ္"
ရင္ဘတ္ထဲက ပါးေဖာင္းေဖာင္း ေကာင္ေလးကို ယြန္းဂီပိုတိုးဖက္လိုက္ေတာ့ ေႏြးေထြးအိစက္ေသာ အထိအေတြ႕က ေပ်ာက္ဆုံးေနေသာ ရတနာကို ျပန္လည္ေတြ႕႐ွိသြားခဲ့သလိုပင္။
လြမ္းခဲ့ရသမွ် အတိုးခ် ခ်စ္ရင္း ဂြၽန္ေဂ်ာင္ကုထက္သာေအာင္ Ro လိုက္မည္ဟု စိတ္ထဲတြင္ေတးမွတ္ထားလိုက္ေတာ့သည္။
~𖧷 • 𖧷 •𖧷~
တေဝါေဝါတိုက္ခတ္ေနေသာ ေလမွာ ပတ္ဝန္းက်င္ တစ္ခုလုံးကို ေျခာက္ျခားေစသည္။သစ္႐ြက္ေျခာက္ေတြ ေပပြေနသည့္ ထိုအခန္းေလးထဲဝယ္ ပင့္ကူေတြကလည္း အားက်မခံ အိမ္ဖြဲ႕ထားျပန္သည္။မီးလုံးခပ္မွိန္မွိန္ေအာက္တြင္ကား လူတစ္ေယာက္နံရံကိုမွီကာ ေမွးေနသည္။ေဟာင္းႏြမ္းၿပီး ညစ္ပတ္ေနၿပီျဖစ္ေသာ လိုက္ကာစကို ေဆာ့ဂ်င္ လက္နဲ႔အသာလိပ္တင္လိုက္၏။မ်က္ႏွာတျခမ္းႏွင့္ မ်က္လုံးေပါက္ေတြပိတ္သည္အထိ ဖူးေယာင္ေနေသာ ထိုလူမွာ အလင္းေရာင္ေၾကာင့္ မ်က္လုံးေတြဖြင့္လာသည္။
"နာမည္က? ? "
ေဆာ့ဂ်င္ ဒူးတစ္ဖက္ေထာင္ တစ္ဖက္လွဲအေနအထားျဖင့္ ထိုသူ႕မ်က္ႏွာကို ေစ့ေစ့ၾကည့္ကာေမးသည္။
"ခ်ာအြန္း..ေယာ့"
နာမည္ကိုပင္ မနည္းအားယူျပီး ေျဖေနရသည္။မေသ႐ုံတမယ္ ႏွိပ္စက္ခံထားရေသာ ခႏၶာကိုယ္က လႈပ္မရေအာင္နာက်င္လြန္းသည္။ေဆာ့ဂ်င္ လက္ခ်က္ေၾကာင့္ေတာ့မဟုတ္။တရားသူႀကီး၏ လူယုံေတာ္မ်ား လက္စာမိထားတာျဖစ္သည္။
"ကိုယ့္အျပစ္ကို သိတယ္မဟုတ္လား"
"သိ...သိပါတယ္....ကြၽန္ေတာ္...ေနာင္..တ ရေနပါ..ၿပီ"
"ခင္ဗ်ားသာ ေလာဘေဇာမတက္ဘဲ သတင္းစာထဲထည့္လိုက္ရင္ အရာအားလုံး ေအးေဆးပဲ ၿပီးသြားမွာ။အခု အဲ့ဒီ ဓာတ္ပုံေတြနဲ႔ video file ဘယ္ေရာက္သြားၿပီထင္လဲ။ရဲမႉးဆီေရာက္သြားၿပီ"
"ေတာင္း..ေတာင္းပန္ပါတယ္။အစ္ကိုေလး သက္သာလား။အစ္ကိုေလးက ကြၽန္ေတာ္႕ရဲ႕အသက္သခင္ပါ"
လြန္ခဲ့သည့္ ႏွစ္ရက္က ထိုသူ႕ကို ကယ္ရင္း ရခဲ့သည့္ ဝမ္းဗိုက္က ဒဏ္ရာကိုရည္ၫႊန္းၿပီး ေျပာဟန္တူသည္။ဓားခ်က္ႏွစ္ခ်က္စာ မိသြားေသာ ဝမ္းဗိုက္သည္ အနည္းငယ္သာ မေ႐ွာင္တိမ္းလိုက္မိလွ်င္ ေသကြင္းေသကြက္ကို တိုက္႐ိုက္ထိႏိုင္သည္။
"ထားလိုက္ေတာ့...အဲ့ဒီအတြက္ ခင္ဗ်ား က်ဳပ္ကိုတစ္ခု ျပန္ေပးဆပ္ရမယ္"
"ေျပာ..ေျပာပါ အစ္ကိုေလး "
"ဆိုးလ္ကို ဘယ္ေတာ့မွ ေျခမခ်နဲ႔ေတာ့။ေတာ႐ြာတစ္႐ြာမွာသြားၿပီး ဇာတ္ျမႇပ္ေနလိုက္ပါ။ခင္ဗ်ားအသက္႐ွင္ေနမွန္း သိရင္ ဂြၽန္ဂ်ယ္အင္းက ဒီအတိုင္း ၿငိမ္ေနမယ္ထင္ေနလား။အခု video fileက သူ႕လက္ထဲေရာက္ေနေလာက္ၿပီ။တစ္ခုတည္းေသာ သက္ေသျဖစ္တဲ့ ခင္ဗ်ားကို႐ွင္းပစ္မွာအေသအခ်ာပဲ။က်ဳပ္ေျပာတာ သေဘာေပါက္လား"
"ေပါက္..ေပါက္ပါတယ္ အစ္ကိုေလး"
"ေကာင္းၿပီ။သန္ဘက္ခါက်ရင္ ခင္ဗ်ားထြက္သြားဖို႔ အဆင္သင့္လုပ္ထား"
ခပ္မာမာေျပာၿပီးသည္ႏွင့္ ထရပ္လိုက္သည္။သဲမႈန္တစ္ခ်ိဳ႕႐ွိေနေသာ ၾကမ္းခင္းျပင္ဝယ္ ဖိနပ္သံတ႐ွပ္႐ွပ္က တိတ္ဆိတ္ေနေသာ ညကို ၿဖိဳခြင္းဝင္ေရာက္လာသည္။
"ဘာလို႔ကြၽန္ေတာ္႕အသက္ကို ကယ္ရတာလဲ"
ခ်ာအြန္းေယာ့၏ အသံက ဖိနပ္သံေတြကို ရပ္တန္႔သြားေစသည္။
"လူသတ္တာကို မုန္းလို႔ "
အေမွာင္ရိပ္ထဲ ဖ်တ္ကနဲ ေပ်ာက္ကြယ္သြားေသာ ထိုေနာက္ေက်ာျပင္ကို တစ္ဆုံးေငးရင္း ခ်ာအြန္းေယာ့ ပေဟဠိ ေပါင္းေျမာက္မ်ားစြာျဖင့္ က်န္႐ွိခဲ့သည္။
လြန္ခဲ့ေသာ လပိုင္းခန္႔က ဓာတ္ပုံတစ္ထပ္၊video file တစ္ခုစာတိုက္မွတစ္ဆင့္ အယ္ဒီတာခ်ဳပ္ ခ်ာအြန္းေယာ့ ဆီကိုေရာက္႐ွိလာခဲ့သည္။
တရားသူႀကီးဂြၽန္ ေျခ႐ႈပ္ထားေသာ ထိုပုံမ်ားႏွင့္ videoကို သတင္းစာထဲ ထည့္လိုက္လွ်င္ ကိုရီးယားႏိုင္ငံ၏ သတင္းေလာကကို တုန္လႈပ္သြားလိုက္မည့္ျဖစ္ျခင္း။အဘယ္ေၾကာင့္ဆိုေသာ္ ကိုရီးယားႏိုင္ငံဥပေဒေလာကတြင္ တရားသူႀကီး ဂြၽန္ကိုမသိသူမ႐ွိသေလာက္နာမည္ေက်ာ္ၾကားသည္။
႐ိုးသားေျဖာင့္မတ္ၿပီး သမာသမတ္႐ွိေသာ ထိုတရားသူႀကီးသည္ ဤကဲ့သို႔ေသာ အမႈကိစၥမ်ားကို က်ဴးလြန္သည္ဆိုတာ ယုံႏိုင္ဖြယ္ရာေတာ့မ႐ွိ။သက္ေသျဖစ္သည့္ ဓာတ္ပုံမ်ားႏွင့္ videoကို အသုံးခ်ၿပီး ခ်ာအြန္းေယာ့ မိုက္မဲခဲ့မိ၏။အစြယ္ဖြက္ထားေသာ က်ားကိုသြားႏိႈးမိသလိုပင္။
သတင္းစာေခါင္းႀကီးပိုင္းမွာ ထိုသတင္းကိုေဖာ္ျပမယ့္အစား ေငြေၾကးေျမာက္မ်ားစြာျဖင့္ အလဲအလွယ္လုပ္မိခဲ့သည္။ရလာဒ္က မေသ႐ုံတမယ္ ဒဏ္ရာဒဏ္ခ်က္မ်ားသာျဖစ္သည္။ထိုညက အစ္ကိုေလးသာ ဝင္မကယ္ခဲ့လွ်င္ အသက္ႏွင့္ကိုယ္ အိုးစားကြဲရမည္မွာ မုခ်ပင္ျဖစ္သည္။
အခင္းျဖစ္ရာ ထိုေနရာကို ရဲကားမ်ားတစ္စီးၿပီး တစ္စီးေရာက္လာခဲ့သည့္အခ်ိန္တြင္ သူတို႔အသက္လုၿပီးေျပးခဲ့ရသည္။သက္ေသျဖစ္သည့္ ဓာတ္ပုံႏွင့္ video fileသည္ ထိုေနရာမွာပင္ က်က်န္ခဲ့သည္။
သူ႕အေတြးမ်ားကို ျပန္လည္စုစည္းမိခ်ိန္တြင္ တိုက္အေဟာင္းေ႐ွ႕က ကားသံသဲ့သဲ့ၾကားရသည္။
~𖧷 • 𖧷 •𖧷~
"အစ္ကို ဘယ္က ျပန္လာတာလဲ၊မိုးခ်ဳပ္ေနၿပီကို "
အိမ္ေ႐ွ႕မွာ ကားထိုးရပ္ရပ္ခ်င္း ဆိုင္ကယ္ကိုမွီၿပီး စူပုပ္ပုပ္ရပ္ေနေသာ ကိုယ္ေတာ္ေခ်ာက ဆူပူေတာ့သည္။
ေဆာ့ဂ်င္ နဖူးေပၚက ဆံပင္ေတြကိုသပ္တင္ရင္း ျခံတံခါးေသာ့ကိုဖြင့္လိုက္သည္။ျပီးမွ ေနာက္ကိုျပန္ၾကည့္ကာ..
"မင္း တစ္ေနကုန္အားေနပုံပဲ။ေန႔ဘက္က် ဆိုင္ကိုလာတယ္။ညဘက္လည္း ငါ့ဆီလာတယ္။အိမ္မွာ ဆူမယ့္ပူမယ့္သူ မ႐ွိဘူးလား"
"မ႐ွိပါဘူး။႐ွိလည္း ဂ႐ုမစိုက္ဘူး"
"ဂြၽန္ေဂ်ာင္ကု..အေျပာကိုျပင္စမ္း။အဲ့ဒီလို ဂ်စ္ကန္ကန္အေျပာေတြကို ငါမႀကိဳက္ဘူး"
"အစ္ကိုကလည္း.."
ေဂ်ာင္ကု ဘာမွဆက္မေျပာေတာ့ဘဲ ဝယ္လာေသာစားစရာအထုပ္ေတြကိုဆြဲကာ အိမ္ထဲဝင္လိုက္လာသည္။
"ဘာေတြလဲ"
"ဝက္ေခါက္ကင္နဲ႔ ဆိုဂ်ဴ"
ေဂ်ာင္ကု မီးဖိုခန္းထဲ သြက္သြက္လက္လက္နဲ႔ ဝင္ကာ စားစရာေတြကို ေနရာခ်သည္။ဆိုဂ်ဴပုလင္းေတြကို စားပြဲေပၚတင္ရင္း ယြန္းဂီနဲ႔ဂ်ီမင္းတို႔အဆင္ေျပသြားၿပီျဖစ္ေၾကာင္း ႐ွင္းျပသည္။
"ဒါေတြအားလုံး မင္းစနက္ပဲ မဟုတ္လား"
"သိတယ္မလား..ကြၽန္ေတာ္က ျမားနတ္ေမာင္ေလ"
မ်က္လုံးတစ္ဖက္ မွိတ္ျပၿပီး ႐ႊတ္ေနာက္ေနာက္နဲ႔ဆိုသည္။
"ဒါမ်ိဳးက် တတ္တယ္"
ေဆာ့ဂ်င္ မသိမသာျပဳံးလိုက္ရင္း ေကာင္ေလးနဖူးကိုမနာေအာင္ ဖြဖြေလးထုသည္။
အစ္ကို႔ဆီကသာ ဤကဲ့သို႔ ခ်စ္စရာေကာင္းေသာ အျပဳအမူေလးကို ခံယူရမည္ဆိုလွ်င္ ေဂ်ာင္ကု ဘာပဲလုပ္ရလုပ္ရ ေက်နပ္သည္။အဆမတန္ အသည္းယားသြားရေသာ သူ႕မွာ ထိန္းခ်ဳပ္ဖို႔ရာ မျဖစ္ႏိုင္ေတာ့။
"အစ္ကို"
ေနာက္ေက်ာဆီမွ ဖြဖြေလးသိုင္းဖက္ကာ ပခုံးေပၚေမးတင္လာေသာ အထိအေတြ႕ေၾကာင့္ ေဆာ့ဂ်င္ ၾကက္သီးေမႊးညႇင္းေလးေတြ ထသြားရသည္။
"ကိုယ့္ကို ခ်စ္လား"
ဆြဲငင္အားေကာင္းစြာျဖင့္ ညိႇဳ႕ငင္ႏိုင္ေသာ ေဂ်ာင္ကုအသံက သံလိုက္ဓာတ္ေတြ ေပ်ာ္ဝင္ေနခဲ့သည္။
"ေျပာပါဦး။ကိုယ့္ကို ခ်စ္လား"
ပိုၿပီးတင္းတင္းၾကပ္ၾကပ္ဖက္ကာ ေဆာ့ဂ်င္၏ နား႐ြက္ဖ်ားအထိ တိုးကပ္ကာေမးသည္။ေဂ်ာင္ကု၏ အတင့္ရဲေသာအျပဳအမူက ခုနကအထိ ပုံမွန္ျဖစ္ေနသည့္ ေဆာ့ဂ်င္ကို ေျပာင္းလဲသြားေစသည္။
"႐ွက္ေနတာလား။ပါးေလးကို ရဲေနတာပဲ"
ေဆာ့ဂ်င္ ေခါင္းယမ္းျပသည္။ရင္ခြင္က်ယ္ထဲက ထြက္ဖို႔ ႐ုန္းၾကည့္သည္။သို႔ေသာ္ အခ်ည္းအႏွီးသာ။
"အင္းပါ..ကိုယ္မေမးေတာ့ဘူးေနာ္။ေျဖခ်င္တဲ့စိတ္႐ွိမွ ေျဖပါ။ခံစားခ်က္ဆိုတာ သူ႕အလိုလို ျဖစ္လာမွ သဘာဝက်ၿပီးစစ္မွန္မွာေပါ့။အတင္းႀကိဳးစားယူလို႔မွ မရတာ"
ေဂ်ာင္ကု ေျဖးညႇင္းစြာ လႊတ္ေပးလိုက္ရင္း သူ႕ေနရာမွာ ျပန္ထိုင္သည္။ဆိုဂ်ဴတစ္ခြက္ ေမာ့ေသာက္ၿပီး အျပင္ဘက္ကိုေငးသည္။နည္းနည္းေတာ့ စိတ္ထိခိုက္သြားသည္။သူေမးတိုင္း အစ္ကိုက မေျဖဘူး။
အစ္ကိုက တကယ္ခ်စ္ရဲ႕လား ဆိုသည့္ ေမးခြန္းကို စိတ္ထဲေယာက္ယက္ခတ္ေနေအာင္ အေျပးအလႊားအေျဖ႐ွာမိသည္။အေျဖကား ႐ွာမေတြ႕။စားရေသာက္ရတာေတာင္ အရသာမေတြ႕ခ်င္ေတာ့။ရင္ထဲပူေလာင္ တင္းၾကပ္လာသည္။
"အဲ့ဒါဆို ကိုယ္ျပန္ေတာ့မယ္"
"ေဂ်ာင္ကု"
သူ ထရပ္ေလလွ်င္ အစ္ကိုက ေမာ့ၾကည့္လာသည္။
"ဗ်ာ"
"ခုနကတည္းက ေျပာမလို႔ "
"အင္း "
"ခ်စ္တယ္လို႔ "
ေဂ်ာင္ကုရင္ထဲ အင္အားျပင္းေသာ ေလျပင္းမုန္တိုင္းအႀကီးစားတစ္ခုတိုက္ခတ္သြားသည္။
"ဘယ္သူ႕ကိုလဲ "
မ်က္လုံးေတြ ဝိုင္းကာ ျပန္ေမးလွ်င္ အစ္ကိုက သူ႕ကိုမၾကည့္ပါ။ဝက္ေခါက္ကင္ပန္းကန္ထဲကို တူတစ္ေခ်ာင္းနဲ႔ အေၾကာင္းမဲ့ ေမႊေနသည္။
"မင္းကိုေလ.."
"အား...."
ေဂ်ာင္ကု၏ ရင္ထဲမွ အသံတိတ္ေအာ္ျမည္သံတစ္ခု ထြက္ေပၚလာရသည္။
ထိုသို႔မပြင့္တပြင့္ေျပာတတ္ေသာ အျပဳအမူေလးသည္ ႐ူးခ်င္စရာေကာင္းေအာင္ ျပဳစားလြန္းသည္။
"ျပန္ေတာ့ေလ။ဆိုဂ်ဴေတြေသာက္ၿပီး ဆိုင္ကယ္မေမာင္းနဲ႔"
"နားေထာင္ပါ့မယ္ဗ်"
သူ႕ရင္ထဲ သံသယအမႈန္အမႊားေလးေတာင္႐ွိမေနေတာ့။ဘာအပူအပင္မွမ႐ွိေသာ ကေလးငယ္တစ္ေယာက္လို လြတ္လပ္ေပါ့ပါးသြားသည္။အျပန္လမ္းသည္ အေပ်ာ္ေတြနဲ႔ျပည့္ႏွက္သည္။
အစ္ကို႔ရဲ႕ ေမတၱာကို လက္ခံရ႐ွိတဲ့ ေန႔က ႐ူးသြပ္မႈဟာ ရင္ထဲအျပည့္။ေပ်ာ္လို႔မ်က္ရည္က်တယ္ ဆိုတာ တကယ္မယုံႏိုင္စရာ။အဲဲ႕ဒီေန႔မွာပဲ ေလာကႀကီးက တစ္စုံတစ္ခုကိုသတ္မွတ္ခ်က္ေပးခဲ့တယ္။
'ကြၽန္ေတာ္ဟာ အစ္ကို႔ကိုခ်စ္ဖို႔ ေမြးဖြားလာတယ္ ဆိုတာ'
~~~~~~~~~~~~~~~~~~//~~~~~~~~~~~~~~~~~
AN-အခုကိုယ္ေရာက္ေနတဲ့ေနရာက အင္တာနက္မရတစ္ခ်က္၊ရတစ္ခ်က္မို႔ reply ေတြျပန္တာေနာက္က်ရင္ ခြင့္လႊတ္ပါ။
အားလုံးေဘးအႏၲရာယ္ကင္း႐ွင္းၾကပါေစ။
မတရားမႈက်ဴးလြန္ေနတဲ့ လူ႕တိရစၧာန္မွန္သမွ် က်ဆုံးပါေစ။
Thanks for your reading & voting.
Riona 🌼
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



