Fanfics

~ 7 ~

16:49, 17 July 2021

«Unicode»

အိမ်ရှေ့က သစ်ရွက်ဖျားတွေမှာ မိုးရေစက်တွေက ခိုတွဲ စီးကျနေသည်။မနက်မိုးလင်းကတည်းက အမျှင်မပြတ်နိုင်အောင် ရွာလိုက်သည့်မိုး။သွန်ချသလို ရွာတာမဟုတ်ဘဲ ဖြေးဖြေးချင်းစီ မျှင်းပြီး ရွာနေပုံက အိပ်ရာထဲမှာ တစ်နေ့လုံးကွေးနေချင်သည် အထိပင်။ယွန်းဂီတစ်ယောက် ဧည့်ခန်းထဲက sofa bed ပေါ်မှာ အကျောဆန့်ပြီး တစ်ချက်သမ်းဝေနေတုန်း အိမ်ထဲကို လူတစ်ယောက်ဝင်လာသည်။

"Gigi! အရမ်းသတိရနေတာ။Gigi မို့လို့ ပစ်ထားရက်တယ်နော်"

ဝင်လာသူက တခြားမဟုတ်။သူ့ရဲ့ ချစ်လှစွာသော Baby ဂျီမင်း ဖြစ်သည်။ညှိုးနွမ်းနေသော မျက်နှာလေးနှင့် တဖြည်းဖြည်း ရှေ့တိုးလာပြီး သူလှဲနေရာ sofa bed ပေါ်သို့ ကားယားခွကာ လည်ပင်းကို လာဖက်သည်။

"Baby! ဟို..."

ရုတ်တရက်မို့ ဘာပြောရမှန်းမသိဘဲ အလိုက်သင့်ပြန်ဖက်ဖို့ ဟန်ပြင်လိုက်စဥ် သူ့လည်ပင်းပေါ်က ဂျီမင်းလက်တွေက တင်းကြပ်လာသည်။

"အ့..Baby. ..အဟွတ်...အဟွတ်.."

တဖြည်းဖြည်း နာကျင်လာသောကြောင့် ထိုလက်တွေကို ပြန်ဖယ်ရှားပစ်ဖို့ ကြိုးစားပေမယ့် မရ။ရုန်းကန်နေသော သူ့ခြေထောက်တွေအပေါ်ကို လေးလံသောအရာတစ်ခုက ဖိထားသလိုပင်။

"သေစမ်း..မင်ယွန်းဂီ။ငမွှေကောင်။ဂျွန်ဂျောင်ကုက မင်းယောက်ဖ မို့လို့ ငါ့ဖုန်းနံပါတ်တွေ အိမ်လိပ်စာတွေသွားပေးရတာလားကွ"

ဟင်..ဒါက Baby အသံ ချိုချိုလေးမှ မဟုတ်ဘဲ။

နောက်ဆုံးအသိတစ်ချက်မှာ ယွန်းဂီ ကျိန်းစပ်နေသော မျက်လုံးနှစ်လုံးကို အားယူဖွင့်ကြည့်လိုက်တော့ သူ့အပေါ် ခွပြီး အားရပါးရ လည်ပင်းဖျစ်နေသူမှာ အချစ်ဆုံး သူငယ်ချင်းကြီး ကင်ဆော့ဂျင်တည်း။

"အဟွတ်...အဟွတ်...သေပြီ ပူတင်းလုံးကောင်ရ။သေကြောင်းကြံနေတာလား..ငါ့ကို...အဟွတ်..."

ရင်ဝကို ဒူးနဲ့ တွန်းထိုးလိုက်တော့မှ လည်ပင်းပေါ်က လက်တွေဖြုတ်ချသွားပြီး မကျေနပ်သေးသည့် မျက်နှာပေးနှင့် ခါးထောက်ရပ်နေသည်။

"ငါ့မှာတော့ အိမ်မက်ထဲမှာ baby လေးနဲ့သာယာမယ်ကြံတုန်းရှိသေး..မင်းမျက်ခွက်ကြီးပေါ်လာရော"

မျက်ထောင့်နီကြီးနဲ့ မတ်တပ်ရပ်နေသည့် ဆော့ဂျင်က ကြမ်းပြင်ပေါ်ပြုတ်ကျနေတဲ့ ခေါင်းအုံးကို ကောက်ယူပြီး သူ့ရင်ဘတ်ကိုအားနဲ့လာရိုက်သည်။

"ကဲကွာ..သေစမ်း.."

"ဘုန်း...ဘုန်း...ဘုန်း"

"မိအောင်လိုက်စမ်း ပူတင်းလုံးရေ"

"မင်ယွန်းဂီ ကာလနဂါး၊ ငမွှေထိုးကောင်"

နာမည်အရင်းကြီးတွေ ခေါ်ပြီး ငယ်ကျိုးငယ်နာတွေဖော်နေသော သူတို့နှစ်ယောက် sofa bed ကို လှည့်ပတ်ပြီး တစ်ယောက်ကပြေး၊တစ်ယောက်က အနောက်က ခေါင်းအုံးနဲ့လိုက်ရိုက်နဲ့ အတော်လေးကိုပွဲစည်သွားသည်။

အရှေ့က ယွန်းဂီက လျှာထုတ်ပြောင်ပြလေ၊ကင်ဆော့ဂျင်တစ်ယောက် ဒေါဖောင်းလေ။နောက်ဆုံး နှစ်ယောက်လုံး ခြေကုန်လက်ပမ်းကျပြီး ကြမ်းပြင်ပေါ်မှာ အတုံးအရုန်းလှဲချကာ အမောဖြေသည်။

"ဟေ့ကောင် ဗိုက်ဆာတယ်၊မင်း အိမ်မှာ ဘာရှိလဲ"

"ငါတောင် ဆိုင်မှာသွားစားတာ သုံးရက်ရှိပြီ။ရေခဲသေတ္တာထဲ ရေတောင်မရှိဘူး"

"ဘယ်လိုတောင် ပစ္စလက်ခတ်နေရတာလဲ၊ပတ်ဂျီမင်း လမ်းခွဲလည်း ခွဲချင်စရာပဲ"

ဆော့ဂျင် လှဲနေရင်းပင် ခြေထောက်တစ်ဖက်နဲ့ ယွန်းဂီကို လှမ်းကန်သည်။ဟိုကလည်း အနိုင်မခံ၊အရှုံးမပေး ပြန်ကန်သည်။နောက်ဆုံး ပွဲသိမ်းအဖြစ် တစ်ယောက်တစ်ချက်ကန်ပြီး ကျေနပ်လိုက်ကြ၏။

ယွန်းဂီက အရင်ထသွားပြီး စားစရာလိုက်ရှာသည်။နောက်ဆုံး ရေခဲသေတ္တာထဲက လက်ကျန်ရှိစုမဲ့စု ရေဘူးလေးတစ်ဘူးကို ဆော့ဂျင် ကို လှမ်းပေးသည်။

"ဂျွန်ဂျောင်ကုက မင်း ဖုန်းကို ဆက်လို့လား"

"ဆက်ရုံတင်မကဘူး။အိမ်ရှေ့အထိပါ လိုက်လာတယ်"

"လိုက်လာတော့လည်း ထွက်တွေ့လိုက်ပေါ့ကွာ။မင်းကလည်း အရမ်းမရက်စက်ပါနဲ့။ကောင်လေး သနားပါတယ် "

ဆော့ဂျင် ရေဘူးတစ်ဝက်ကျသွားသည်အထိ မော့ချလိုက်ပြီး အဖုံးကိုပြန်ပိတ်ကာ ယွန်းဂီကို မကျေမနပ်ကြည့်သည်။

"နေစမ်းပါဦး။ဂျွန်ဂျောင်ကုက မင်းကို ရှေ့နေလိုက်ခ ဘယ်လောက်ပေးထားလို့ မင်းက သူ့ဘက်တော်သားဖြစ်သွားရတာလဲ"

ထိုစကားကိုကြားတော့ ယွန်းဂီက လက်ဖျောက်တစ်ချက်တီးကာ ပြုံးဖြီးဖြီးလုပ်ပြသည်။ဂုဏ်ယူဝင့်ကြွားသော အသံကြီးဖြင့် အူလှိုက်အသည်းလှိုက် ပြော၏။

"ဒါက ဘယ်လိုပြောရမလဲဆိုတော့.. အဟမ်း...ငါ့ရဲ့ လူကဲခတ်စွမ်းရည်လို့ပြောရမယ်။အပွေးမြင် အပင်သိကွ။ကောင်လေးက မင်းကိုလုံးဝကြွေနေတာ အသိသာကြီး"

"အဲ့ဒီလောက် သဘောကျနေရင် မင်းနှမနဲ့ပေးစား လိုက်ပါလား"

"အဟက်..ငါ့မှာ နှမ မရှိလို့ ဟောဒီက အချစ်ဆုံးသူငယ်ချင်း ကြီး နဲ့ ကြည်ဖြူနေရတာပေါ့ကွာ"

"သူငယ်ချင်းကလည်းကွာ..မကောင်းတဲ့လူဆိုရင် ငါက ဒီလောက်တိုက်တွန်းနေပါ့မလား။ငါ စုံစမ်းပြီးပြီ။ကောင်လေးက အပေအတေပုံစံပေမယ့် ပညာတတ် ဘွဲ့ရလေးပါကွာ။မိဘမဲ့ ဂေဟာတွေမှာလည်း အချိန်ပိုင်းဆရာလုပ်ပေးတယ်။မင်းကိုလည်း တော်တော်လေး ချစ်ပုံရတယ်။မင်းလို သံမဏိခဲဘေးမှာ တွယ်ကပ်နေတာပဲ ကြည့်တော့"

"ဂျွန်ဂျောင်ကုတရား လာဟောနေပါ့လား။ဂျွန်ဂျောင်ကု ကိုအတော်လေး သဘောကျနေပုံပဲ အဟက်"

ဆော့ဂျင်က အမြင်ကပ်ကပ်နဲ့ နှုတ်ခမ်းကိုတွန့်ကာ မချိပြုံး ပြုံးသည်။နှုတ်ခမ်းက ပြုံးနေပေမယ့် အကြည့်တွေက ဝါးစားမတတ်။

"တော်ပြီ ပြန်ပြီ...ဟေ့ကောင်။ငါ့ဆိုင်ကို မင်းတစ်သက်လုံး မလာခဲ့နဲ့"

"ငါ့သူငယ်ချင်းကြီး..အရွေးမမှားစေနဲ့နော်။ဂျွန်ဂျောင်ကုဘက်မှာ ငါက တစ်မဲရှိတယ်နော်"

ဆော့ဂျင် မခံနိုင်မှန်းသိလို့ အော်ပြီး လှမ်း စ တော့ ဟိုက လက်ခလယ်ထောင်ပြသွားသည်။ပြီးတော့ အိမ်ရှေ့မှာရပ်ထားခဲ့တဲ့ကားကို ဒေါကြီးမောကြီး မောင်းထွက်သွားတော့သည်။

"ဟား..ဟား...တစ်သက်လုံး တည်တည်ငြိမ်ငြိမ် နေလာတဲ့ ကင်ဆော့ဂျင်က ဂျွန်ဂျောင်ကုနဲ့ပတ်သက်လာရင် လုံးဝဆတ်ဆတ်ထိမခံ။အချစ်နဲ့အမုန်းမှာ နံရံပါးပါးလေးတစ်ချပ်ပဲ ခြားတယ်ဆိုတာ ငါ့ကောင်ကြီး မသိသေးပါလား"

"ဟူး!!ရှုပ်ထွေးလှတဲ့ သိုင်းလောကမှာ အိပ်နေတာပဲကောင်းတယ်"

အပြောကပင် နောက်ကျသေးသည်။လူက sofa bedပေါ် ရောက်နှင့်နေပြီ။မကြာခင် ပျင်းတိပျင်းလွဲကျနေသော မိုးရေကျသံတွေကို ထိုးဖောက်ကာ မင်ယွန်းဂီ ၏ ဟောက်သံက ကျယ်လောင်စွာထွက်ပေါ်လာလေတော့သည်။

᯽ • ᯽ • ᯽

"ဆရာ (......) သတင်းစာတိုက်ရဲ့ အယ်ဒီတာချုပ် တွေ့ခွင့်တောင်းနေပါတယ်"

လူယုံတော် ယောင်မင်း၏ စကားကြောင့် ဂျွန်ဂျယ်အင်း သောက်မည့်ဆဲဆဲ ကော်ဖီခွက်ကို ချပြီး မျက်မှန်ကိုကျော်ကြည့်သည်။အဆက်အစပ်မရှိ ဘာကိစ္စလဲ။ဘာကြောင့် တွေ့ချင်ရတာလဲ။

"ပြန်လွှတ်လိုက်"

"ဟို...မတွေ့ရင်..နောင်..နောင်တရမယ်လို့ ပြောပါတယ် ဆရာ"

"စိတ်ဝင်စားသွားပြီ။ဝင်လာခိုင်းလိုက်"

ဆိုဖာခုံပေါ် ကျောမှီချလိုက်ပြီး လက်တန်းပေါ်လက်တင်ကာ ခပ်လျှောလျှော အနေအထားဖြင့် ဝင်လာသူကို မခိုးမခန့်ကြည့်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်။ကျွန်တော်က (.....) သတင်းစာတိုက်ရဲ့ အယ်ဒီတာချုပ်ပါ"

"ကိစ္စက..."

တရားသူကြီးဂျွန်၏ စကားအဆုံးမှာ အယ်ဒီတာချုပ်ဆိုသူက ရှေ့တည့်တည့်က စားပွဲပေါ်ကို အထုပ်တစ်ထုပ် ပစ်တင်ပေးသည်။

"ကြည့်လိုက်ပါ တရားသူကြီး "

ကျွတ်ကျွတ်အိပ်အမည်းကို ဖြေလိုက်တော့ အတွင်းက ဓာတ်ပုံတွေအထပ်လိုက်ထွက်လာသည်။အမှုသည်ရဲ့ သမီးဖြစ်သူနဲ့ ပျော်ပါးခဲ့သော ညက ပုံများဖြစ်သည်။တိုက်ခန်းလှေကားထစ်တွေကနေ ကားပေါ်တက်သွားသည်အထိ ဟာကွက်မရှိအောင်ရိုက်ထားပုံက ပညာသားပါသည်။အထင်ရှားဆုံးက မျက်နှာတွေ။ဘယ်သူဘယ်ဝါတွေဆိုတာ မြင်ရုံနှင့်သိသည်။

"ဘယ်လောက်လိုချင်တာလဲ"

လက်သီးကိုတင်းတင်းဆုပ်ပြီး အံကြိတ်မေးလိုက်တော့ အယ်ဒီတာချုပ်က ကျေကျေနပ်နပ်နဲ့ ရယ်သည်

"သဘောပေါက်လွယ်သားပဲ။မများပါဘူး။ဝမ်(.......) လောက်ပဲ"

"ဘာ!ဒီလောက်များတဲ့ ပမာဏကို"

"အဆင်မပြေရင်လည်း ရပါတယ်။ခေါင်းကြီးပိုင်း သတင်းတစ်ပုဒ်အနေနဲ့ ဖော်ပြပေးပါ့မယ်"

"တောက်!မင်းလိုချင်တဲ့ ပမာဏ ယူသွား၊ဓာတ်ပုံတွေ ထားခဲ့လိုက်။ပြီးတော့ မင်းပါးစပ်ပေါက်ကို ထာဝရပိတ်ထားလိုက်ရင် ကောင်းမယ်"

"ဟဲဟဲ..ဒီအတွက်တော့ စိတ်ချပါခင်ဗျ။လိုအပ်တာက ပိုက်ဆံပဲ"

လက်မနဲ့လက်ညှိုးကို ကွင်းကာ မခန့်လေးစားလုပ်နေတဲ့ ရှေ့ကကောင်ကို စိတ်ရှိလက်ရှိ ထိုးပစ်လိုက်ချင်သည်။ဂျွန်ဂျယ်အင်းကို လာထိတဲ့ ဘယ်လိုလူမျိုးမဆို လားရာမကောင်းမှန်း ဒီလူက သိပုံမရ။

"ဒါဆို သွားလိုက်ပါဦးမယ် တရားသူကြီးမင်း"

အခန်းထဲက ထိုသူထွက်သွားတာနဲ့ အရှေ့က ဓာတ်ပုံတွေကို လက်နဲ့ဆွဲဖြဲကာ ဒေါသတကြီးပစ်ပေါက်သည်။ဒေါသအခိုးအငွေ့တွေ​ကြောင့် နီရဲနေသည့် မျက်နှာ၊ဖားဖိုကြီး တစ်ခုလိုနိမ့်ချည်မြင့်ချည် လှိုက်ဖိုနေသော ရင်ဘတ်ကိုဖိထားရင်း လူယုံတော်ကို လှမ်းခေါ်လိုက်သည်။

"ယောင်မင်း..အခုည အဲ့ဒီကောင်ကို သင်ခန်းစာကောင်းကောင်းပေးလိုက်"

"ကောင်းပါပြီ ဆရာ"

နှစ်ရှည်လများ ဘေးမှာ နေခဲ့သော ယောင်မင်းက သူ့ဆရာရဲ့ မျက်လုံးတွေ၊မျက်နှာရိပ်မျက်နှာကဲကို ကြည့်တာနဲ့ ဘာဖြစ်ချင်လဲဆိုတာ ချက်ချင်း သဘောပေါက်သည်။မျက်ရစ်မရှိသော မျက်လုံးတို့သည် ပိုပြီးမှေးကျဥ်းသွားကာ သားကောင်လိုက်မည့် မုဆိုးကဲ့သို့ အရောင်ပြောင်းသွား၏။

᯽ • ᯽ • ᯽

"အစ်ကို့ ဘာတွေလုပ်"

လူက ဆိုင်ထဲမရောက်သေး။အသံက အရင်ကြားရပြီ။Helmet ကို လက်က ပိုက်ပြီး ဆိုင်ကယ်သော့ကို လက်ညှိုးမှာစွပ်ပြီး မွှေ့ဝင်လာတဲ့ ကောင်လေး။ပြီးတော့ ကြက်ဥဖောက်ထည့်နေသည့် ဆော့ဂျင်ဘေးကို အပြေးတစ်ပိုင်းနဲ့လာရပ်သည်။

"ကျွန်တော် ဘာတွေကူလုပ်ပေးရဦးမလဲ"

ဆော့ဂျင်က မသိကျိုးကျွံပြုကာ လုပ်စရာရှိတာတွေ တစ်ခုပြီးတစ်ခု လုပ်သည်။ဂျောင်ကု နှုတ်ခမ်းစူချင်နေပြီ။အစ်ကိုက အရေးမလုပ်ဘူး။

"ဘာလဲ..ညက နမ်းတာကို စိတ်ဆိုး..."

စကားမဆုံးခင်မှာ ကောင်လေးရဲ့ပါးစပ်ကို ကိတ်မုန့်တုံးတစ်ခုနဲ့ အတင်းထိုးပိတ်လိုက်တဲ့ ဆော့ဂျင်။တင်းမာနေသော မျက်နှာကတော့ နည်းနည်းမှ မလျော့နေပေ။အစ်ကိုက သိပ်ပြုံးခဲတယ်။

ဟုတ်တယ်လေ။နမ်းလို့နမ်းတယ် ပြောတာကို စိတ်ဆိုးစရာလား။ပါးလေးကို ထိရုံလေးပဲ နမ်းခဲ့တာကို။

"မင်း ပါးစပ်လေးပိတ်ပြီး ငြိမ်ငြိမ်လေးသွားထိုင်နေ"

"ဟုတ်ကဲ့ စကားနားထောင်ပါ့မယ်ဗျ"

ဂျောင်ကု အခြေအနေမဟန်မှန်းသိလို့ ဘာမှမပြောတော့ဘဲ ပါးစပ်လေးပိတ်ပြီး မလှမ်းမကမ်းက စားပွဲမှာသွားထိုင်သည်။ပြီးတော့ စားပွဲပေါ်မေးထောက်ပြီး ဆော့ဂျင်ရဲ့ လှုပ်ရှားမှုမှန်သမျှကို မျက်တောင်မခတ်လိုက်ကြည့်သည်။

"အ့.."

အပူခံလက်အိတ်မသုံးဘဲ oven ထဲက မုန့်တွေကို လက်နဲ့သွားထိတော့ ဆော့ဂျင် လက်ညှိုးတစ်ချောင်း ပူကနဲဖြစ်သွားသည်။

"အစ်ကို ဘာဖြစ်သွားလဲ။တော်တော်ပူသွားလား"

ဂျောင်ကုက ဝုန်းကနဲ ထရပ်ကာ ချက်ချင်းအနားကိုရောက်လာသည်။အပူလောင်သွားသော လက်ကို ဆွဲယူတော့ ဆော့ဂျင်က ပုတ်ချပစ်သည်။

"ရတယ်။နည်းနည်းပဲ ထိတာ"

"ဆေးလိမ်းလိုက်ပါလား။ကျွန်တော်ကူလုပ်ပေးမယ်"

"ရတယ်လို့ ပြောနေတယ်လေ"

ခပ်တင်းတင်း ပိတ်ဟောက်လိုက်တော့ ဂျောင်ကု နှုတ်ဆိတ်ငြိမ်သက်သွားသည်။အပူငွေ့ရိုက်ပြီး ချက်ချင်းညှိုးရော်သွားသော ရွက်နုစိမ်းတစ်ရွက်လို နွမ်းသွားတော့ ဆော့ဂျင် နည်းနည်းလွန်သွားပြီဖြစ်ကြောင်း ကိုယ့်ဘာသာသိသည်။

"ကူလုပ်ချင်ရင် ကြက်ဥတော့ ဖောက်တတ်တယ်မဟုတ်လား"

"ဟုတ်"

"ဟောဟိုဘက်မှာ ကြက်ဥတွေရှိတယ်၊ဒီပန်းကန်လုံးထဲ ဖောက်ထည့်"

"ဟုတ်"

ချက်ချင်း ကြည်စင်ဝင်းပသွားသော မျက်နှာပေးနှင့် သွက်သွက်လက်လက်ပင် ကြက်ဥ ခြင်းကိုသွားယူပြီး ပန်းကန်လုံးထဲဖောက်ထည့်သည်။ဒီတော့မှ ဆော့ဂျင် ပင့်သက်ခိုးရှိုက်မိတော့သည်။

သည်လိုပုံစံမျိုးနဲ့ ဘယ်လောက်ကြာကြာ ရှေ့ဆက်သွားရဦးမှာလဲ။ဂျောင်ကုနဲ့ ပတ်သက်လာရင် မုန်းတာရော သနားတာရော ရောပြွန်းနေသည့် ကိုယ့်စိတ်ကိုလည်း အားမရ။ပြတ်ပြတ်သားသား ပြောဆိုပစ်ဖို့ ကြံလိုက်တိုင်း အဲ့ဒီမျက်လုံးဝိုင်းတွေ ညှိုးသွားတာကိုက သူ့ရင်ဘတ်ကိုလာထိခိုက်စေတာ။မင်းနဲ့တော့ ခက်ပြီ ကောင်လေးရေ။

customer ခပ်ကျဲကျဲသာရှိသည့် မိုးရာသီမနက်ခင်းမှာ ဆိုင်လေးက ငြိမ်သက်အေးချမ်းနေသည်။ထိုအေးချမ်းမှုက မင်ယွန်းဂီ ဆိုသည့် ကိုယ်တော်ချော ရောက်မလာခင်သာဖြစ်သည်။

"အမယ်လေး ပြောလိုက်ရင် 'မုန်းတယ်' ဆိုတာက ပါးစပ်ကမချဘူး။အခုကျတော့...အဟက်"

အသံစွာကျယ်ကျယ်နဲ့ တံခါးကိုတွန်းဖွင့်ပြီး ဝင်လာသော သကောင့်သားက ဆော့ဂျင်နဲ့ ဂျောင်ကု ယှဥ်ရပ်နေတာမြင်တော့ မထိတထိလှမ်းစသည်။

"ဟေ့ကောင်၊ငါ့ဆိုင်မလာနဲ့လို့ ပြောထားတယ်လေ"

"မင်းမလာနဲ့ဆိုတိုင်း ငါကမလာဘဲနေရမှာလားကွ၊ငါ့ baby လေးရဲ့အငွေ့အသက်လေးတွေ ဒီဆိုင်လေးထဲမှာရှိနေတုန်းပဲ။ပြောရင်းဆိုရင်း သတိရလိုက်တာကွာ"

"အကို ယွန်းဂီ အသည်းကွဲနေတာလား၊အခုထိ အဆင်မပြေကြသေးဘူးပေါ့"

ငိုချင်ရဲ့ လက်တို့ ဖြစ်နေသော ယွန်းဂီတစ်ယောက် ဂျောင်ကုစကားကြောင့် ချက်ချင်းလွမ်းရိပ်သန်းသွားကာ ဆိုင်အပြင်ဘက် အဝေးတစ်နေရာကို ငေးကြည့်နေသည်။ပြီးမှ ဒီဘက်ပြန်လှည့်လာကာ...

"ကင်ဆော့ဂျင် ဗိုက်ဆာတယ်။မုန့်နည်းနည်းကျွေး"

"နောက်ဆုံးတော့ ဒါပဲ။ငါသိတယ်...ရော့..ဒီမှာလာယူ"

"ငါ့သယ်ရင်းကြီးက အကောင်းဆုံး"

ဆော့ဂျင်ပေးသော ကိတ်မုန့်ပန်းကန်နဲ့ စတော်ဘယ်ရီဖျော်ရည်ခွက်ကို ယူကာ ယွန်းဂီတစ်ယောက်အပြတ်အသတ်လွေးတော့သည်။အသည်းကွဲတာက ကွဲတာပဲ။အအိပ်နှင့် အစားတော့ပုံမှန်ဖြစ်နေပါစေ။

"ဂျွန်ဂျောင်ကု...ဒီရဲ့ဟာလေးကိုပါ လာယူပြီး....."

"အစ်ကို ခဏ please! !"

စကားမဆုံးခင် အလန့်တကြားအော်ဟစ်တားလိုက်သော ဂျောင်ကုကြောင့် ဆော့ဂျင် ဂျုံမှုန့်နယ်လက်စ လက်တွေရပ်ကာ 'ဘာလဲ'ဆိုသည့် မျက်နှာပေးနှင့်ကြည့်သည်။ယွန်းဂီကလည်း သောက်လက်စ ပိုက်တန်းလန်းကြီးနဲ့ သူတို့နှစ်ယောက်ရှိရာကို ငေးကြည့်သည်။နှစ်ယောက်လုံးက ဂျွန်ဂျောင်ကု ဘာပြောမလဲဆိုတဲ့စကားအပေါ်မှာ အာရုံတွေစုပြုံကျလျက်..။

"ကျေးဇူးပြုပြီး ဒီရဲ့ဟာလေး လို့မပြောပါနဲ့။ဒီဟာလေး လို့ပဲ ပြောပါ"

"ဟမ် ဘာဖြစ်လို့... "

"အသည်းယားလို့ "

"ခွီး!"

ဂျောင်ကု စကားဆုံးသည်နှင့် မင်ယွန်းဂီ ပါးစပ်က တော့လျက်သား ပိုက်တန်းလန်းကြီးကျွတ်ကျသွားကာ အချိုရည်တွေ နှာခေါင်းထဲက ပြန်ထွက်ကုန်သည်။

"အကို ယွန်းဂီရလား။တစ်ရှုးယူမလား"

ဂျောင်ကုက ပြူးပြူးပြာပြာမေးလိုက်ပေမယ့် ယွန်းဂီခမျာ လက်ကာပြကာ သူ့ဘာသာ တစ်ရှုးတွေယူသုတ်သည်။ဆော့ဂျင်ကတော့ ဘာမှမပြော။ဂျောင်ကုကိုသာ မျက်စောင်းတစ်ချက်ထိုးကြည့်သည်။

"အဟွတ်...အဟွတ်...အမယ်လေး...ငါ့နှယ်.."

စကားစကို မဆက်နိုင်သေးဘဲ တစ်ရှုးတွေယူကာ သုတ်လိုက်ပြီးမှ..

"အရှက်မရှိတဲ့နေရာမှာတော့ ဂျွန်ဂျောင်ကုအပြင် နောက်ထပ်မရှိတော့ဘူးထင်ပါရဲ့"

"အသည်းယားလို့ ဆိုပဲ။ငါ့ဘာသာ မုန့်လာစားတာ။သူတို့နှစ်ယောက် ro တာကိုသက်သက်လာကြည့်နေရသလိုပဲ"

"အသည်းယားလို့ အသည်းယားတယ်ပြောတာကို ကျွန်တော်ဘာမှားလို့လဲ"

ဂျောင်ကုက မကျေမနပ်နှင့် အထွန့်တက်လိုက်သေးသည်။

"အေးပါ၊မင်းမမှားပါဘူး။ငါပဲ မှားတာပါ"

"သြော်..ဒါနဲ့ ပြောရဦးမယ်။ဂျွန်ဂျောင်ကု မင်းလူ မင်းထိန်းစမ်း။မနက်က စောစောစီးစီး ငါအိပ်နေတုန်း မပြောမဆိုနဲ့ ငါ့လည်ပင်းကိုလာဖျစ်တယ်"

"ဟင် တကယ်လား"

မျက်လုံးတွေ ဝိုင်းသွားပြီး ကိတ်မုန့်ဖုတ်နေသူ ဆော့ဂျင်ရှေ့ကို သွားရပ်ကာ မျက်နှာတွေ လက်တွေခြေထောက်တွေကို ဒဏ်ရာဒဏ်ချက်ရှိသလား လိုက်ကြည့်သည်။

"ဘယ်လိုဖြစ်နေတာလဲ"

ဆော့ဂျင် ခပ်တိုးတိုး မာန်လိုက်တော့မှ ကောင်လေးက ဒဏ်ရာရှာခြင်းအလုပ်ကို ရပ်စဲတော့သည်။

"ဟေ့ကောင်!လည်ပင်းအဖျစ်ခံရတာက ငါနော်။မင်းလူကြီးကို ငါလက်ဖျားနဲ့တောင်မတို့ဘူး"

"ပြီးရော။အစ်ကိုဆော့ဂျင်ကို မထိရင်ပြီးတာပဲ"

"အစ်ကို့ကို ထိရင်တော့ ကျွန်တော့်ကို ငြိတာပဲ"

"အဟွတ်!"

ဒီတစ်မနက်ထဲမှာတင် မင်ယွန်းဂီ အချိုရည်သီးရတာ များနေပြီ။အရင်က ဂျီမင်းနဲ့အတူ ဒီဆိုင်လေးကိုလာကာ ချစ်ကြည်နူးတစ်တီတူး လုပ်ခဲ့သမျှ ပြန် ဝဋ်လည်သလား အောက်မေ့ရသည်။ဂျွန်ဂျောင်ကုကို တကယ်မနိုင်တော့ဘူး။

"ဆော့ဂျင် ကြားတယ်နော်။မင်းဟာလေး ဘယ်လောက်တောင် အချိုးမပြေလဲလို့"

"နှစ်ယောက်လုံး တော်တော့။ငါ့ဆိုင်ကိုလာပြီး သက်သက်စကားများနေကြတယ်"

"မင်းကပါ ဂျွန်ဂျောင်ကုကို ပြောရင်မကြိုက်ဘူးမလား။ပြောလိုက်ရင် 'မုန်းလှပါချည်ရဲ့နဲ့"

"မင်ယွန်းဂီ...မင်း..."

အချိုရည်ထည့်သည့် ကော်ဗူးခွံတစ်ချို့ သူ့ခေါင်းပေါ် ဝဲလာတော့ ယွန်းဂီမတ်တပ်ထရပ်လိုက်သည်။ကြာကြာဆက်နေရင် ကင်ဆော့ဂျင်ရဲ့ ပန်းကန်ပြားပျံတွေပါ ဆက်လာကိန်းရှိသည်။

"မင်းဆိုင်လည်း နောက်မလာတော့ဘူး ဟေ့ကောင်။အားကိုးရှိတော့ လုပ်ထားကြပေါ့ကွာ။မိုးကောင်းတုန်း ရွာထားကြပေါ့"

ဟက်ကနဲ တစ်ချက်ရယ်ကာ နှစ်ယောက်လုံးကို ငြိုးသွားသော ယွန်းဂီ။နောက်မလာတော့ဘူး ဆိုပြီး နောက်ထပ် ဘယ်နှစ်ခေါက်လာဦးမယ်မသိ။မင်ယွန်းဂီ ရည်းစားနဲ့ အဆင်မပြေရင် ပါးစပ်ထဲပေါက်ပန်းလေးဆယ် လျှောက်ပြောတတ်သော အကျင့်ကိုသိထားသော ဆော့ဂျင်က ထွေထွေထူးထူး စိတ်ဆိုးမနေတော့ပေ။

"အေး မလာခဲ့နဲ့။ခေါင်းအုံးနဲ့ ညားမယ့်ကောင်။တစ်သက်လုံးသာ အိပ်နေလိုက်တော့"

သူ့စကားကြောင့် ခွီကနဲ ကြိတ်ရယ်နေသော ဂျောင်ကုကိုလည်း ထိပ်ကိုတစ်ချက်ထုလိုက်ကာ နှာခေါင်းထိပ်ကို ဂျုံမှုန့်နဲ့တို့လိုက်သည်။

ဒီလို ရယ်မောနေရတဲ့ အချိန်တွေက ဘယ်လောက်ထိ ကြာရှည်ခံမှာတဲ့လဲ။ဂျွန်ဂျောင်ကုဆိုတဲ့ ကောင်လေး မိန်းကလေး တစ်ယောက်ယောက်နဲ့ လက်မထပ်ခင် အချိန်အထိလား။နောက်ဆို ဒီကောင်လေးဟာ သူ့ထက်အသက်ကြီးတဲ့ လူတစ်ယောက်ကို အရူးအမူးစကားလုံးတွေနဲ့ ကြွေပြမိတာကို နောင်တရ မဆုံးဖြစ်နေမှာပါ။

᯽ • ᯽ • ᯽

ညက မိုးအသည်းအထန်ရွာကာ လျှပ်စီးလက်၊လေပြင်းတွေပါတိုက်တော့ ဂျောင်ကုတစ်ညလုံး အိပ်မပျော်။အစ်ကိုရော အဆင်ပြေပါ့မလား ဆိုသည့်စိတ်ကသာ ကြီးစိုးနေသည်။

မနက်လင်းလင်းချင်း အစ်ကို့ဆိုင်ကိုသွားကြည့်တော့ တံခါးပိတ်ထားသည်။၇ နာရီတီးသည့်တိုင် အစ်ကိုရောက်မလာတော့ ဂျောင်ကု စိတ်ပူရချေပြီ။

မိုးရွာထားသောကြောင့် ဆိုင်ကယ်ကိုထိန်းမောင်းကာ အစ်ကို့ခြံရှေ့အရောက် ရပ်သည်။ညက လေပြင်းကြောင့် လမ်းပေါ်မှာ ရွက်ကြွေတွေ မနည်းမနော။ရာသီဥတုကြည်လင်နေပေမယ့် နေရောင်မရသေးတော့ အေးစက်စက်ရှိလှသည်။

"အစ်ကိုရှိလား"

ခြံရှေ့ကနေ အော်ခေါ်တော့ သိပ်မကြာခင်မှာ ဆော့ဂျင် ထွက်လာကာ တံခါးလာဖွင့်သည်။

"ဘာလာလုပ်တာလဲ"

မျက်နှာထား တည်တည်နဲ့ လိုက်ဖက်သည့် အေးစက်စက်အသံ။

"ဆိုင်မဖွင့်တော့ စိတ်ပူလို့"

"ဘာမှ မဖြစ်ဘူး။ပြန်တော့.."

"အစ်ကိုကလည်း ဒီအထိတောင်ရောက်လာပြီးမှ အိမ်ထဲတော့ ခဏဝင်ပါရစေ"

"၁၀ မိနစ်ပြည့်ရင် ထွက်သွား"

ဒီလို တုံးတိတိအပြောအတွေကိုပဲ တစ်နေ့မကြားရရင် မနေနိုင်အောင်စွဲလန်းနေတာကိုက ကိုယ့်အားနည်းချက်ဖြစ်သည်။

ဧည့်ခန်းထဲရောက်တော့ စားပွဲပေါ်ပုံထားသည့် စားလက်စ ပန်းကန်လုံးတွေ။ပန်းကန်ပြားတွေက အထပ်လိုက်။ညက မဆေးဖြစ်တာတွေပဲ ထင်သည်။

"အစ်ကို ဒီပန်းကန်တွေ ကျွန်တော်ဆေးလိုက်မယ်နော်"

သူ အော်ပြောပေမယ့် ဆော့ဂျင်အသံက တိတ်နေသည်။ဘယ်ရောက်သွားသည်တော့မသိ။

ဂျောင်ကု သွက်သွက်လက်လက်ပင် အကျီလက်စတွေကို မတင်ပြီး ပန်းကန်တွေကိုသယ်သည်။ပြီးတော့ ဘေစင်မှာ တစ်ချပ်ပြီး တစ်ချပ်ရေဆေးသည်။ပန်းကန်ထဲက စားကြွင်းစားကျန်တွေ ကို အောက်က အမှိုက်ပုံးထဲ သွန်အချမှာ ပတ်တီးလိပ်ဖြူဖြူစတွေက ပုံးထဲ ပြည့်နေ၏။

ဆေးလက်စ ပန်းကန်တွေကို ချထားကာ တုန်ရင်နေသော လက်အစုံဖြင့် အမှိုက်ပုံးထဲ မွှေနှောက်ရှာတော့ သွေးစွန်းနေသော တစ်ရှုးစများ၊ပတ်တီးလိပ်များက အထွေးလိုက်ပင်။

ဒါ..ဒါတွေက ဘာတွေလဲ။

ဂျောင်ကု အံကိုတင်းတင်းကြိတ်ကာ ဆော့ဂျင်ကို အိမ်အနှံ့လိုက်ရှာသည်။

"အစ်ကို...ဘယ်မှာလဲ..အစ်ကို.."

"ဘာလို့ အော်ဟစ်ခေါ်နေတာလဲ"

အိပ်ခန်းထဲက ထွက်လာသော ဆော့ဂျင်ကိုမြင်တော့ လက်ကောက်ဝတ်ကနေ ဆွဲခေါ်ကာ နီးစပ်ရာ ထိုင်ခုံပေါ်ထိုင်ချစေသည်။အကျီကြယ်သီးတွေကို အတင်းဖြုတ်ဖို့ကြိုးစားတော့ သူ့လက်တွေကိုပုတ်ချကာ မတ်တပ်ထ ရပ်သည်။

"ဘာလုပ်တာလဲ"

"ငြိမ်ငြိမ်နေ အစ်ကို။အစ်ကို အကျီတွေစုတ်ပြဲ မသွားချင်ရင် ခဏထိုင်နေပေး"

မျက်လုံးအကြည့်စူးစူးတွေနဲ့ စိုက်ကြည့်လိုက်တော့ ဆော့ဂျင် ဘာမှမပြောတော့ဘဲ ငြိမ်သက်စွာ ထိုင်သည်။အကျီကြယ်သီး တစ်လုံးချင်းစီကို ဖြုတ်ပြီး ဂျောင်ကု အကြမ်းပတမ်းပင် ဆွဲချွတ်လိုက်သည်။ဖြူဖွေးနေသော ရင်အုပ်ကျယ်ကျယ်တွေ အောက်က ဗိုက်သားချပ်ချပ်ကို ကြည့်မိတော့ ဂျောင်ကု မျက်လုံးတွေပြူးသွားရသည်။

"အစ်ကို ဒါက...."

ဝမ်းဗိုက်နံဘေးမှ ကြီးမားသော ဓားဒဏ်ရာ။မကြာသေးမီကပင် လောလောလတ်လတ် ရ ထားဟန်တူသည်။သွေးစတို့ပင် မခြောက်သေးပေ။

"ပြောလေ..ခင်ဗျား ဒီဒဏ်ရာက ဘယ်ကရလာတာလဲ ပြော။ဘယ်ကောင်လုပ်လိုက်တာလဲ..ပြော"

ဆော့ဂျင် ဝမ်းဗိုက်က ဓားဒဏ်ရာက သူ့နှလုံးသားထဲထိလာစိုက်သည်။ချက်ချင်းပင် မျက်ရည်ပူတွေအိုင်ထွန်းလာကာ ဒေါသကြောင့် မျက်နှာတွေနီရဲကုန်သည်။လက်ဖျားနဲ့ပင် မထိရက်ခဲ့သော မြတ်နိုးရသူအပေါ် ဘယ်သူက ထိခိုက်စေခဲ့တာတဲ့လဲ။

"လက်ဖယ်တော့။ငါ့အတွက် မစိုးရိမ်နဲ့"

"မရဘူး။အခု ဆေးရုံသွားမယ်"

"အပိုတွေ မလုပ်စမ်းနဲ့ ဂျွန်ဂျောင်ကု။မစိုးရိမ်နဲ့လို့ ပြောပြီးပြီလေ"

"မစိုးရိမ်လို့ ရမလား။ခင်ဗျားအပေါ် ကိုယ့်အသက်လောက်နီးနီး ချစ်နေတဲ့ ကျွန်တော့်ကိုလည်း နည်းနည်းလောက်လှည့်ကြည့်ပါဦး။ကျွန်တော်လုပ်နေသမျှတွေကို အပိုတွေလို့ ထင်နေတုန်းပဲလား"

ရင်ထဲက ဝမ်းနည်းစိတ်၊စိုးရိမ်စိတ်တွေ ရောပြွန်းလုံးထွေးပြီး နာကျင်လာကာ ဂျောင်ကု အော်ပစ်လိုက်မိသည်။အကျီစနှစ်ဖက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသည့် သူ့လက်နှစ်ဖက်က ဆော့ဂျင်က ဖယ်ပစ်သည်။

စိမ်းသက်နေသော မျက်ဝန်းသေတွေနဲ့ ကြည့်လာကာ...

"၁၀ မိနစ်ပြည့်ပြီ။ပြန်တော့"

ပြောပြီးသည်နှင့် အခန်းထဲဝင်သွားကာ အထဲက lock ချသံကို ကြားရသည်။

"အဲ့ဒီ ဒဏ်ရာကြီးနဲ့ ဆေးရုံမသွားမချင်း ကျွန်တော်မပြန်ဘူး။အစ်ကို အပြင်ထွက်မလာမချင်း တစ်ညလုံး စောင့်နေမယ်"

အစ်ကို ကြားအောင် အော်ပြောလိုက်ရင်း ခုနက ထိုင်ခုံပေါ်မှာ ထိုင်ချသည်။မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ထားရင်း သူ့ကျောပြင်တွေ တစ်ချက် တစ်ချက်လှုပ်ခါသွားသည်။

မလိုအပ်တော့ဘူးဆိုရင်တောင် ကျွန်တော်မရှိရင် မဖြစ်ဘူးလို့ လိုရာဆွဲတွေးတတ်တာမျိုး။ကျွန်တော်က အစ်ကို့အတွက် ခပ်တုံးတုံးကောင်ပါဗျာ။

᯽ • ᯽ • ᯽

A/N- စိတ်ရောလူပါ အတော်လေးပင်ပန်းနေကြပြီမလားဟင်?သိပ်မလိုတော့တဲ့ ပန်းတိုင်အတွက် အားတင်းထားကြပါ။ပေးဆပ်သွားရတဲ့ အသက်တွေကို အားနာသောအားဖြင့်၊လေးစားသောအားဖြင့် အရင်ကထက် နှစ်ဆ ပိုပြီးအားတင်းကြရအောင်နော်။

•One short အတွက် စိတ်ကြည်နူးစရာကောင်းတဲ့ plotလေးတွေ စဥ်းစားနေပါတယ်။ရေးလည်းရေးပေးပါဦးမယ်။ဒီကာလမှာ ဒီလောက်နိုင်ငံရေးမကောင်းနေတာတောင် စာတွေရေးနိုင်သေးတယ်လို့ မထင်စေချင်ဘူး။ လူကိုယ်တိုင် အကူအညီပေးလို့ မရတဲ့အခြေအနေမှာ တစ်ထောင့်တစ်နေရာကနေ စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်ပေးချင်တဲ့ ရည်ရွယ်ချက်တစ်ခုတည်းပဲရှိပါတယ်။

• updateကတော့ ဘယ်နှစ်ရက်တစ်ခါလဲလို့ အတိအကျမပြောနိုင်ပါဘူး။တကယ်လို့ ဝေဖန်အကြံပြုချင်တာတွေရှိရင် ပေးလို့ရပါတယ်။ဖတ်ချင်တဲ့ ပုံစံလေးတွေရှိရင်လည်း ရေးပေးသွားပါနော်။

Thanks for your reading & voting

Riona🌼

....

« Zawgyi »

အိမ္ေ႐ွ႕က သစ္႐ြက္ဖ်ားေတြမွာ မိုးေရစက္ေတြက ခိုတြဲ စီးက်ေနသည္။မနက္မိုးလင္းကတည္းက အမွ်င္မျပတ္ႏိုင္ေအာင္ ႐ြာလိုက္သည့္မိုး။သြန္ခ်သလို ႐ြာတာမဟုတ္ဘဲ ေျဖးေျဖးခ်င္းစီ မွ်င္းၿပီး ႐ြာေနပုံက အိပ္ရာထဲမွာ တစ္ေန႔လုံးေကြးေနခ်င္သည္ အထိပင္။ယြန္းဂီတစ္ေယာက္ ဧည့္ခန္းထဲက sofa bed ေပၚမွာ အေက်ာဆန္႔ၿပီး တစ္ခ်က္သမ္းေဝေနတုန္း အိမ္ထဲကို လူတစ္ေယာက္ဝင္လာသည္။

"Gigi! အရမ္းသတိရေနတာ။Gigi မို႔လို႔ ပစ္ထားရက္တယ္ေနာ္"

ဝင္လာသူက တျခားမဟုတ္။သူ႕ရဲ႕ ခ်စ္လွစြာေသာ Baby ဂ်ီမင္း ျဖစ္သည္။ညိႇဳးႏြမ္းေနေသာ မ်က္ႏွာေလးႏွင့္ တျဖည္းျဖည္း ေ႐ွ႕တိုးလာၿပီး သူလွဲေနရာ sofa bed ေပၚသို႔ ကားယားခြကာ လည္ပင္းကို လာဖက္သည္။

"Baby! ဟို..."

႐ုတ္တရက္မို႔ ဘာေျပာရမွန္းမသိဘဲ အလိုက္သင့္ျပန္ဖက္ဖို႔ ဟန္ျပင္လိုက္စဥ္ သူ႕လည္ပင္းေပၚက ဂ်ီမင္းလက္ေတြက တင္းၾကပ္လာသည္။

"အ့..Baby. ..အဟြတ္...အဟြတ္.."

တျဖည္းျဖည္း နာက်င္လာေသာေၾကာင့္ ထိုလက္ေတြကို ျပန္ဖယ္႐ွားပစ္ဖို႔ ႀကိဳးစားေပမယ့္ မရ။႐ုန္းကန္ေနေသာ သူ႕ေျခေထာက္ေတြအေပၚကို ေလးလံေသာအရာတစ္ခုက ဖိထားသလိုပင္။

"ေသစမ္း..မင္ယြန္းဂီ။ငေမႊေကာင္။ဂြၽန္ေဂ်ာင္ကုက မင္းေယာက္ဖ မို႔လို႔ ငါ့ဖုန္းနံပါတ္ေတြ အိမ္လိပ္စာေတြသြားေပးရတာလားကြ"

ဟင္..ဒါက Baby အသံ ခ်ိဳခ်ိဳေလးမွ မဟုတ္ဘဲ။

ေနာက္ဆုံးအသိတစ္ခ်က္မွာ ယြန္းဂီ က်ိန္းစပ္ေနေသာ မ်က္လုံးႏွစ္လုံးကို အားယူဖြင့္ၾကည့္လိုက္ေတာ့ သူ႕အေပၚ ခြၿပီး အားရပါးရ လည္ပင္းဖ်စ္ေနသူမွာ အခ်စ္ဆုံး သူငယ္ခ်င္းႀကီး ကင္ေဆာ့ဂ်င္တည္း။

"အဟြတ္...အဟြတ္...ေသၿပီ ပူတင္းလုံးေကာင္ရ။ေသေၾကာင္းၾကံေနတာလား..ငါ့ကို...အဟြတ္..."

ရင္ဝကို ဒူးနဲ႔ တြန္းထိုးလိုက္ေတာ့မွ လည္ပင္းေပၚက လက္ေတြျဖဳတ္ခ်သြားၿပီး မေက်နပ္ေသးသည့္ မ်က္ႏွာေပးႏွင့္ ခါးေထာက္ရပ္ေနသည္။

"ငါ့မွာေတာ့ အိမ္မက္ထဲမွာ baby ေလးနဲ႔သာယာမယ္ၾကံတုန္း႐ွိေသး..မင္းမ်က္ခြက္ႀကီးေပၚလာေရာ"

မ်က္ေထာင့္နီႀကီးနဲ႔ မတ္တပ္ရပ္ေနသည့္ ေဆာ့ဂ်င္က ၾကမ္းျပင္ေပၚျပဳတ္က်ေနတဲ့ ေခါင္းအုံးကို ေကာက္ယူၿပီး သူ႕ရင္ဘတ္ကိုအားနဲ႔လာ႐ိုက္သည္။

"ကဲကြာ..ေသစမ္း.."

"ဘုန္း...ဘုန္း...ဘုန္း"

"မိေအာင္လိုက္စမ္း ပူတင္းလုံးေရ"

"မင္ယြန္းဂီ ကာလနဂါး၊ ငေမႊထိုးေကာင္"

နာမည္အရင္းႀကီးေတြ ေခၚၿပီး ငယ္က်ိဳးငယ္နာေတြေဖာ္ေနေသာ သူတို႔ႏွစ္ေယာက္ sofa bed ကို လွည့္ပတ္ၿပီး တစ္ေယာက္ကေျပး၊တစ္ေယာက္က အေနာက္က ေခါင္းအုံးနဲ႔လိုက္႐ိုက္နဲ႔ အေတာ္ေလးကိုပြဲစည္သြားသည္။

အေ႐ွ႕က ယြန္းဂီက လွ်ာထုတ္ေျပာင္ျပေလ၊ကင္ေဆာ့ဂ်င္တစ္ေယာက္ ေဒါေဖာင္းေလ။ေနာက္ဆုံး ႏွစ္ေယာက္လုံး ေျခကုန္လက္ပမ္းက်ၿပီး ၾကမ္းျပင္ေပၚမွာ အတုံးအ႐ုန္းလွဲခ်ကာ အေမာေျဖသည္။

"ေဟ့ေကာင္ ဗိုက္ဆာတယ္၊မင္း အိမ္မွာ ဘာ႐ွိလဲ"

"ငါေတာင္ ဆိုင္မွာသြားစားတာ သုံးရက္႐ွိၿပီ။ေရခဲေသတၱာထဲ ေရေတာင္မ႐ွိဘူး"

"ဘယ္လိုေတာင္ ပစၥလက္ခတ္ေနရတာလဲ၊ပတ္ဂ်ီမင္း လမ္းခြဲလည္း ခြဲခ်င္စရာပဲ"

ေဆာ့ဂ်င္ လွဲေနရင္းပင္ ေျခေထာက္တစ္ဖက္နဲ႔ ယြန္းဂီကို လွမ္းကန္သည္။ဟိုကလည္း အႏိုင္မခံ၊အ႐ႈံးမေပး ျပန္ကန္သည္။ေနာက္ဆုံး ပြဲသိမ္းအျဖစ္ တစ္ေယာက္တစ္ခ်က္ကန္ၿပီး ေက်နပ္လိုက္ၾက၏။

ယြန္းဂီက အရင္ထသြားၿပီး စားစရာလိုက္႐ွာသည္။ေနာက္ဆုံး ေရခဲေသတၱာထဲက လက္က်န္႐ွိစုမဲ့စု ေရဘူးေလးတစ္ဘူးကို ေဆာ့ဂ်င္ ကို လွမ္းေပးသည္။

"ဂြၽန္ေဂ်ာင္ကုက မင္း ဖုန္းကို ဆက္လို႔လား"

"ဆက္႐ုံတင္မကဘူး။အိမ္ေ႐ွ႕အထိပါ လိုက္လာတယ္"

"လိုက္လာေတာ့လည္း ထြက္ေတြ႕လိုက္ေပါ့ကြာ။မင္းကလည္း အရမ္းမရက္စက္ပါနဲ႔။ေကာင္ေလး သနားပါတယ္ "

ေဆာ့ဂ်င္ ေရဘူးတစ္ဝက္က်သြားသည္အထိ ေမာ့ခ်လိုက္ၿပီး အဖုံးကိုျပန္ပိတ္ကာ ယြန္းဂီကို မေက်မနပ္ၾကည့္သည္။

"ေနစမ္းပါဦး။ဂြၽန္ေဂ်ာင္ကုက မင္းကို ေ႐ွ႕ေနလိုက္ခ ဘယ္ေလာက္ေပးထားလို႔ မင္းက သူ႕ဘက္ေတာ္သားျဖစ္သြားရတာလဲ"

ထိုစကားကိုၾကားေတာ့ ယြန္းဂီက လက္ေဖ်ာက္တစ္ခ်က္တီးကာ ျပဳံးၿဖီးၿဖီးလုပ္ျပသည္။ဂုဏ္ယူဝင့္ႂကြားေသာ အသံႀကီးျဖင့္ အူလိႈက္အသည္းလိႈက္ ေျပာ၏။

"ဒါက ဘယ္လိုေျပာရမလဲဆိုေတာ့.. အဟမ္း...ငါ့ရဲ႕ လူကဲခတ္စြမ္းရည္လို႔ေျပာရမယ္။အေပြးျမင္ အပင္သိကြ။ေကာင္ေလးက မင္းကိုလုံးဝေႂကြေနတာ အသိသာႀကီး"

"အဲ့ဒီေလာက္ သေဘာက်ေနရင္ မင္းႏွမနဲ႔ေပးစား လိုက္ပါလား"

"အဟက္..ငါ့မွာ ႏွမ မ႐ွိလို႔ ေဟာဒီက အခ်စ္ဆုံးသူငယ္ခ်င္း ႀကီး နဲ႔ ၾကည္ျဖဴေနရတာေပါ့ကြာ"

"သူငယ္ခ်င္းကလည္းကြာ..မေကာင္းတဲ့လူဆိုရင္ ငါက ဒီေလာက္တိုက္တြန္းေနပါ့မလား။ငါ စုံစမ္းၿပီးၿပီ။ေကာင္ေလးက အေပအေတပုံစံေပမယ့္ ပညာတတ္ ဘြဲ႕ရေလးပါကြာ။မိဘမဲ့ ေဂဟာေတြမွာလည္း အခ်ိန္ပိုင္းဆရာလုပ္ေပးတယ္။မင္းကိုလည္း ေတာ္ေတာ္ေလး ခ်စ္ပုံရတယ္။မင္းလို သံမဏိခဲေဘးမွာ တြယ္ကပ္ေနတာပဲ ၾကည့္ေတာ့"

"ဂြၽန္ေဂ်ာင္ကုတရား လာေဟာေနပါ့လား။ဂြၽန္ေဂ်ာင္ကု ကိုအေတာ္ေလး သေဘာက်ေနပုံပဲ အဟက္"

ေဆာ့ဂ်င္က အျမင္ကပ္ကပ္နဲ႔ ႏႈတ္ခမ္းကိုတြန္႔ကာ မခ်ိျပဳံး ျပဳံးသည္။ႏႈတ္ခမ္းက ျပဳံးေနေပမယ့္ အၾကည့္ေတြက ဝါးစားမတတ္။

"ေတာ္ၿပီ ျပန္ၿပီ...ေဟ့ေကာင္။ငါ့ဆိုင္ကို မင္းတစ္သက္လုံး မလာခဲ့နဲ႔"

"ငါ့သူငယ္ခ်င္းႀကီး..အေ႐ြးမမွားေစနဲ႔ေနာ္။ဂြၽန္ေဂ်ာင္ကုဘက္မွာ ငါက တစ္မဲ႐ွိတယ္ေနာ္"

ေဆာ့ဂ်င္ မခံႏိုင္မွန္းသိလို႔ ေအာ္ၿပီး လွမ္း စ ေတာ့ ဟိုက လက္ခလယ္ေထာင္ျပသြားသည္။ၿပီးေတာ့ အိမ္ေ႐ွ႕မွာရပ္ထားခဲ့တဲ့ကားကို ေဒါႀကီးေမာႀကီး ေမာင္းထြက္သြားေတာ့သည္။

"ဟား..ဟား...တစ္သက္လုံး တည္တည္ၿငိမ္ၿငိမ္ ေနလာတဲ့ ကင္ေဆာ့ဂ်င္က ဂြၽန္ေဂ်ာင္ကုနဲ႔ပတ္သက္လာရင္ လုံးဝဆတ္ဆတ္ထိမခံ။အခ်စ္နဲ႔အမုန္းမွာ နံရံပါးပါးေလးတစ္ခ်ပ္ပဲ ျခားတယ္ဆိုတာ ငါ့ေကာင္ႀကီး မသိေသးပါလား"

"ဟူး!!႐ႈပ္ေထြးလွတဲ့ သိုင္းေလာကမွာ အိပ္ေနတာပဲေကာင္းတယ္"

အေျပာကပင္ ေနာက္က်ေသးသည္။လူက sofa bedေပၚ ေရာက္ႏွင့္ေနၿပီ။မၾကာခင္ ပ်င္းတိပ်င္းလြဲက်ေနေသာ မိုးေရက်သံေတြကို ထိုးေဖာက္ကာ မင္ယြန္းဂီ ၏ ေဟာက္သံက က်ယ္ေလာင္စြာထြက္ေပၚလာေလေတာ့သည္။

᯽ • ᯽ • ᯽

"ဆရာ (......) သတင္းစာတိုက္ရဲ႕ အယ္ဒီတာခ်ဳပ္ ေတြ႕ခြင့္ေတာင္းေနပါတယ္"

လူယုံေတာ္ ေယာင္မင္း၏ စကားေၾကာင့္ ဂြၽန္ဂ်ယ္အင္း ေသာက္မည့္ဆဲဆဲ ေကာ္ဖီခြက္ကို ခ်ၿပီး မ်က္မွန္ကိုေက်ာ္ၾကည့္သည္။အဆက္အစပ္မ႐ွိ ဘာကိစၥလဲ။ဘာေၾကာင့္ ေတြ႕ခ်င္ရတာလဲ။

"ျပန္လႊတ္လိုက္"

"ဟို...မေတြ႕ရင္..ေနာင္..ေနာင္တရမယ္လို႔ ေျပာပါတယ္ ဆရာ"

"စိတ္ဝင္စားသြားၿပီ။ဝင္လာခိုင္းလိုက္"

ဆိုဖာခုံေပၚ ေက်ာမွီခ်လိုက္ၿပီး လက္တန္းေပၚလက္တင္ကာ ခပ္ေလွ်ာေလွ်ာ အေနအထားျဖင့္ ဝင္လာသူကို မခိုးမခန္႔ၾကည့္သည္။

"ေတြ႕ရတာ ဝမ္းသာပါတယ္။ကြၽန္ေတာ္က (.....) သတင္းစာတိုက္ရဲ႕ အယ္ဒီတာခ်ဳပ္ပါ"

"ကိစၥက..."

တရားသူႀကီးဂြၽန္၏ စကားအဆုံးမွာ အယ္ဒီတာခ်ဳပ္ဆိုသူက ေ႐ွ႕တည့္တည့္က စားပြဲေပၚကို အထုပ္တစ္ထုပ္ ပစ္တင္ေပးသည္။

"ၾကည့္လိုက္ပါ တရားသူႀကီး "

ကြၽတ္ကြၽတ္အိပ္အမည္းကို ေျဖလိုက္ေတာ့ အတြင္းက ဓာတ္ပုံေတြအထပ္လိုက္ထြက္လာသည္။အမႈသည္ရဲ႕ သမီးျဖစ္သူနဲ႔ ေပ်ာ္ပါးခဲ့ေသာ ညက ပုံမ်ားျဖစ္သည္။တိုက္ခန္းေလွကားထစ္ေတြကေန ကားေပၚတက္သြားသည္အထိ ဟာကြက္မ႐ွိေအာင္႐ိုက္ထားပုံက ပညာသားပါသည္။အထင္႐ွားဆုံးက မ်က္ႏွာေတြ။ဘယ္သူဘယ္ဝါေတြဆိုတာ ျမင္႐ုံႏွင့္သိသည္။

"ဘယ္ေလာက္လိုခ်င္တာလဲ"

လက္သီးကိုတင္းတင္းဆုပ္ၿပီး အံႀကိတ္ေမးလိုက္ေတာ့ အယ္ဒီတာခ်ဳပ္က ေက်ေက်နပ္နပ္နဲ႔ ရယ္သည္

"သေဘာေပါက္လြယ္သားပဲ။မမ်ားပါဘူး။ဝမ္(.......) ေလာက္ပဲ"

"ဘာ!ဒီေလာက္မ်ားတဲ့ ပမာဏကို"

"အဆင္မေျပရင္လည္း ရပါတယ္။ေခါင္းႀကီးပိုင္း သတင္းတစ္ပုဒ္အေနနဲ႔ ေဖာ္ျပေပးပါ့မယ္"

"ေတာက္!မင္းလိုခ်င္တဲ့ ပမာဏ ယူသြား၊ဓာတ္ပုံေတြ ထားခဲ့လိုက္။ၿပီးေတာ့ မင္းပါးစပ္ေပါက္ကို ထာဝရပိတ္ထားလိုက္ရင္ ေကာင္းမယ္"

"ဟဲဟဲ..ဒီအတြက္ေတာ့ စိတ္ခ်ပါခင္ဗ်။လိုအပ္တာက ပိုက္ဆံပဲ"

လက္မနဲ႔လက္ညိႇဳးကို ကြင္းကာ မခန္႔ေလးစားလုပ္ေနတဲ့ ေ႐ွ႕ကေကာင္ကို စိတ္႐ွိလက္႐ွိ ထိုးပစ္လိုက္ခ်င္သည္။ဂြၽန္ဂ်ယ္အင္းကို လာထိတဲ့ ဘယ္လိုလူမ်ိဳးမဆို လားရာမေကာင္းမွန္း ဒီလူက သိပုံမရ။

"ဒါဆို သြားလိုက္ပါဦးမယ္ တရားသူႀကီးမင္း"

အခန္းထဲက ထိုသူထြက္သြားတာနဲ႔ အေ႐ွ႕က ဓာတ္ပုံေတြကို လက္နဲ႔ဆြဲၿဖဲကာ ေဒါသတႀကီးပစ္ေပါက္သည္။ေဒါသအခိုးအေငြ႕ေတြ​ေၾကာင့္ နီရဲေနသည့္ မ်က္ႏွာ၊ဖားဖိုႀကီး တစ္ခုလိုနိမ့္ခ်ည္ျမင့္ခ်ည္ လိႈက္ဖိုေနေသာ ရင္ဘတ္ကိုဖိထားရင္း လူယုံေတာ္ကို လွမ္းေခၚလိုက္သည္။

"ေယာင္မင္း..အခုည အဲ့ဒီေကာင္ကို သင္ခန္းစာေကာင္းေကာင္းေပးလိုက္"

"ေကာင္းပါၿပီ ဆရာ"

ႏွစ္႐ွည္လမ်ား ေဘးမွာ ေနခဲ့ေသာ ေယာင္မင္းက သူ႕ဆရာရဲ႕ မ်က္လုံးေတြ၊မ်က္ႏွာရိပ္မ်က္ႏွာကဲကို ၾကည့္တာနဲ႔ ဘာျဖစ္ခ်င္လဲဆိုတာ ခ်က္ခ်င္း သေဘာေပါက္သည္။မ်က္ရစ္မ႐ွိေသာ မ်က္လုံးတို႔သည္ ပိုၿပီးေမွးက်ဥ္းသြားကာ သားေကာင္လိုက္မည့္ မုဆိုးကဲ့သို႔ အေရာင္ေျပာင္းသြား၏။

᯽ • ᯽ • ᯽

"အစ္ကို႔ ဘာေတြလုပ္"

လူက ဆိုင္ထဲမေရာက္ေသး။အသံက အရင္ၾကားရၿပီ။Helmet ကို လက္က ပိုက္ၿပီး ဆိုင္ကယ္ေသာ့ကို လက္ညိႇဳးမွာစြပ္ၿပီး ေမႊ႕ဝင္လာတဲ့ ေကာင္ေလး။ၿပီးေတာ့ ၾကက္ဥေဖာက္ထည့္ေနသည့္ ေဆာ့ဂ်င္ေဘးကို အေျပးတစ္ပိုင္းနဲ႔လာရပ္သည္။

"ကြၽန္ေတာ္ ဘာေတြကူလုပ္ေပးရဦးမလဲ"

ေဆာ့ဂ်င္က မသိက်ိဳးကြၽံျပဳကာ လုပ္စရာ႐ွိတာေတြ တစ္ခုၿပီးတစ္ခု လုပ္သည္။ေဂ်ာင္ကု ႏႈတ္ခမ္းစူခ်င္ေနၿပီ။အစ္ကိုက အေရးမလုပ္ဘူး။

"ဘာလဲ..ညက နမ္းတာကို စိတ္ဆိုး..."

စကားမဆုံးခင္မွာ ေကာင္ေလးရဲ႕ပါးစပ္ကို ကိတ္မုန္႔တုံးတစ္ခုနဲ႔ အတင္းထိုးပိတ္လိုက္တဲ့ ေဆာ့ဂ်င္။တင္းမာေနေသာ မ်က္ႏွာကေတာ့ နည္းနည္းမွ မေလ်ာ့ေနေပ။အစ္ကိုက သိပ္ျပဳံးခဲတယ္။

ဟုတ္တယ္ေလ။နမ္းလို႔နမ္းတယ္ ေျပာတာကို စိတ္ဆိုးစရာလား။ပါးေလးကို ထိ႐ုံေလးပဲ နမ္းခဲ့တာကို။

"မင္း ပါးစပ္ေလးပိတ္ၿပီး ၿငိမ္ၿငိမ္ေလးသြားထိုင္ေန"

"ဟုတ္ကဲ့ စကားနားေထာင္ပါ့မယ္ဗ်"

ေဂ်ာင္ကု အေျခအေနမဟန္မွန္းသိလို႔ ဘာမွမေျပာေတာ့ဘဲ ပါးစပ္ေလးပိတ္ၿပီး မလွမ္းမကမ္းက စားပြဲမွာသြားထိုင္သည္။ၿပီးေတာ့ စားပြဲေပၚေမးေထာက္ၿပီး ေဆာ့ဂ်င္ရဲ႕ လႈပ္႐ွားမႈမွန္သမွ်ကို မ်က္ေတာင္မခတ္လိုက္ၾကည့္သည္။

"အ့.."

အပူခံလက္အိတ္မသုံးဘဲ oven ထဲက မုန္႔ေတြကို လက္နဲ႔သြားထိေတာ့ ေဆာ့ဂ်င္ လက္ညိႇဳးတစ္ေခ်ာင္း ပူကနဲျဖစ္သြားသည္။

"အစ္ကို ဘာျဖစ္သြားလဲ။ေတာ္ေတာ္ပူသြားလား"

ေဂ်ာင္ကုက ဝုန္းကနဲ ထရပ္ကာ ခ်က္ခ်င္းအနားကိုေရာက္လာသည္။အပူေလာင္သြားေသာ လက္ကို ဆြဲယူေတာ့ ေဆာ့ဂ်င္က ပုတ္ခ်ပစ္သည္။

"ရတယ္။နည္းနည္းပဲ ထိတာ"

"ေဆးလိမ္းလိုက္ပါလား။ကြၽန္ေတာ္ကူလုပ္ေပးမယ္"

"ရတယ္လို႔ ေျပာေနတယ္ေလ"

ခပ္တင္းတင္း ပိတ္ေဟာက္လိုက္ေတာ့ ေဂ်ာင္ကု ႏႈတ္ဆိတ္ၿငိမ္သက္သြားသည္။အပူေငြ႕႐ိုက္ၿပီး ခ်က္ခ်င္းညိႇဳးေရာ္သြားေသာ ႐ြက္ႏုစိမ္းတစ္႐ြက္လို ႏြမ္းသြားေတာ့ ေဆာ့ဂ်င္ နည္းနည္းလြန္သြားၿပီျဖစ္ေၾကာင္း ကိုယ့္ဘာသာသိသည္။

"ကူလုပ္ခ်င္ရင္ ၾကက္ဥေတာ့ ေဖာက္တတ္တယ္မဟုတ္လား"

"ဟုတ္"

"ေဟာဟိုဘက္မွာ ၾကက္ဥေတြ႐ွိတယ္၊ဒီပန္းကန္လုံးထဲ ေဖာက္ထည့္"

"ဟုတ္"

ခ်က္ခ်င္း ၾကည္စင္ဝင္းပသြားေသာ မ်က္ႏွာေပးႏွင့္ သြက္သြက္လက္လက္ပင္ ၾကက္ဥ ျခင္းကိုသြားယူၿပီး ပန္းကန္လုံးထဲေဖာက္ထည့္သည္။ဒီေတာ့မွ ေဆာ့ဂ်င္ ပင့္သက္ခိုး႐ိႈက္မိေတာ့သည္။

သည္လိုပုံစံမ်ိဳးနဲ႔ ဘယ္ေလာက္ၾကာၾကာ ေ႐ွ႕ဆက္သြားရဦးမွာလဲ။ေဂ်ာင္ကုနဲ႔ ပတ္သက္လာရင္ မုန္းတာေရာ သနားတာေရာ ေရာႁပြန္းေနသည့္ ကိုယ့္စိတ္ကိုလည္း အားမရ။ျပတ္ျပတ္သားသား ေျပာဆိုပစ္ဖို႔ ၾကံလိုက္တိုင္း အဲ့ဒီမ်က္လုံးဝိုင္းေတြ ညိႇဳးသြားတာကိုက သူ႕ရင္ဘတ္ကိုလာထိခိုက္ေစတာ။မင္းနဲ႔ေတာ့ ခက္ၿပီ ေကာင္ေလးေရ။

customer ခပ္က်ဲက်ဲသာ႐ွိသည့္ မိုးရာသီမနက္ခင္းမွာ ဆိုင္ေလးက ၿငိမ္သက္ေအးခ်မ္းေနသည္။ထိုေအးခ်မ္းမႈက မင္ယြန္းဂီ ဆိုသည့္ ကိုယ္ေတာ္ေခ်ာ ေရာက္မလာခင္သာျဖစ္သည္။

"အမယ္ေလး ေျပာလိုက္ရင္ 'မုန္းတယ္' ဆိုတာက ပါးစပ္ကမခ်ဘူး။အခုက်ေတာ့...အဟက္"

အသံစြာက်ယ္က်ယ္နဲ႔ တံခါးကိုတြန္းဖြင့္ၿပီး ဝင္လာေသာ သေကာင့္သားက ေဆာ့ဂ်င္နဲ႔ ေဂ်ာင္ကု ယွဥ္ရပ္ေနတာျမင္ေတာ့ မထိတထိလွမ္းစသည္။

"ေဟ့ေကာင္၊ငါ့ဆိုင္မလာနဲ႔လို႔ ေျပာထားတယ္ေလ"

"မင္းမလာနဲ႔ဆိုတိုင္း ငါကမလာဘဲေနရမွာလားကြ၊ငါ့ baby ေလးရဲ႕အေငြ႕အသက္ေလးေတြ ဒီဆိုင္ေလးထဲမွာ႐ွိေနတုန္းပဲ။ေျပာရင္းဆိုရင္း သတိရလိုက္တာကြာ"

"အကို ယြန္းဂီ အသည္းကြဲေနတာလား၊အခုထိ အဆင္မေျပၾကေသးဘူးေပါ့"

ငိုခ်င္ရဲ႕ လက္တို႔ ျဖစ္ေနေသာ ယြန္းဂီတစ္ေယာက္ ေဂ်ာင္ကုစကားေၾကာင့္ ခ်က္ခ်င္းလြမ္းရိပ္သန္းသြားကာ ဆိုင္အျပင္ဘက္ အေဝးတစ္ေနရာကို ေငးၾကည့္ေနသည္။ၿပီးမွ ဒီဘက္ျပန္လွည့္လာကာ...

"ကင္ေဆာ့ဂ်င္ ဗိုက္ဆာတယ္။မုန္႔နည္းနည္းေကြၽး"

"ေနာက္ဆုံးေတာ့ ဒါပဲ။ငါသိတယ္...ေရာ့..ဒီမွာလာယူ"

"ငါ့သယ္ရင္းႀကီးက အေကာင္းဆုံး"

ေဆာ့ဂ်င္ေပးေသာ ကိတ္မုန္႔ပန္းကန္နဲ႔ စေတာ္ဘယ္ရီေဖ်ာ္ရည္ခြက္ကို ယူကာ ယြန္းဂီတစ္ေယာက္အျပတ္အသတ္ေလြးေတာ့သည္။အသည္းကြဲတာက ကြဲတာပဲ။အအိပ္ႏွင့္ အစားေတာ့ပုံမွန္ျဖစ္ေနပါေစ။

"ဂြၽန္ေဂ်ာင္ကု...ဒီရဲ႕ဟာေလးကိုပါ လာယူၿပီး....."

"အစ္ကို ခဏ please! !"

စကားမဆုံးခင္ အလန္႔တၾကားေအာ္ဟစ္တားလိုက္ေသာ ေဂ်ာင္ကုေၾကာင့္ ေဆာ့ဂ်င္ ဂ်ံဳမႈန္႔နယ္လက္စ လက္ေတြရပ္ကာ 'ဘာလဲ'ဆိုသည့္ မ်က္ႏွာေပးႏွင့္ၾကည့္သည္။ယြန္းဂီကလည္း ေသာက္လက္စ ပိုက္တန္းလန္းႀကီးနဲ႔ သူတို႔ႏွစ္ေယာက္႐ွိရာကို ေငးၾကည့္သည္။ႏွစ္ေယာက္လုံးက ဂြၽန္ေဂ်ာင္ကု ဘာေျပာမလဲဆိုတဲ့စကားအေပၚမွာ အာ႐ုံေတြစုျပဳံက်လ်က္..။

"ေက်းဇူးျပဳၿပီး ဒီရဲ႕ဟာေလး လို႔မေျပာပါနဲ႔။ဒီဟာေလး လို႔ပဲ ေျပာပါ"

"ဟမ္ ဘာျဖစ္လို႔... "

"အသည္းယားလို႔ "

"ခြီး!"

ေဂ်ာင္ကု စကားဆုံးသည္ႏွင့္ မင္ယြန္းဂီ ပါးစပ္က ေတာ့လ်က္သား ပိုက္တန္းလန္းႀကီးကြၽတ္က်သြားကာ အခ်ိဳရည္ေတြ ႏွာေခါင္းထဲက ျပန္ထြက္ကုန္သည္။

"အကို ယြန္းဂီရလား။တစ္႐ႈးယူမလား"

ေဂ်ာင္ကုက ျပဴးျပဴးျပာျပာေမးလိုက္ေပမယ့္ ယြန္းဂီခမ်ာ လက္ကာျပကာ သူ႕ဘာသာ တစ္႐ႈးေတြယူသုတ္သည္။ေဆာ့ဂ်င္ကေတာ့ ဘာမွမေျပာ။ေဂ်ာင္ကုကိုသာ မ်က္ေစာင္းတစ္ခ်က္ထိုးၾကည့္သည္။

"အဟြတ္...အဟြတ္...အမယ္ေလး...ငါ့ႏွယ္.."

စကားစကို မဆက္ႏိုင္ေသးဘဲ တစ္႐ႈးေတြယူကာ သုတ္လိုက္ၿပီးမွ..

"အ႐ွက္မ႐ွိတဲ့ေနရာမွာေတာ့ ဂြၽန္ေဂ်ာင္ကုအျပင္ ေနာက္ထပ္မ႐ွိေတာ့ဘူးထင္ပါရဲ႕"

"အသည္းယားလို႔ ဆိုပဲ။ငါ့ဘာသာ မုန္႔လာစားတာ။သူတို႔ႏွစ္ေယာက္ ro တာကိုသက္သက္လာၾကည့္ေနရသလိုပဲ"

"အသည္းယားလို႔ အသည္းယားတယ္ေျပာတာကို ကြၽန္ေတာ္ဘာမွားလို႔လဲ"

ေဂ်ာင္ကုက မေက်မနပ္ႏွင့္ အထြန္႔တက္လိုက္ေသးသည္။

"ေအးပါ၊မင္းမမွားပါဘူး။ငါပဲ မွားတာပါ"

"ေၾသာ္..ဒါနဲ႔ ေျပာရဦးမယ္။ဂြၽန္ေဂ်ာင္ကု မင္းလူ မင္းထိန္းစမ္း။မနက္က ေစာေစာစီးစီး ငါအိပ္ေနတုန္း မေျပာမဆိုနဲ႔ ငါ့လည္ပင္းကိုလာဖ်စ္တယ္"

"ဟင္ တကယ္လား"

မ်က္လုံးေတြ ဝိုင္းသြားၿပီး ကိတ္မုန္႔ဖုတ္ေနသူ ေဆာ့ဂ်င္ေ႐ွ႕ကို သြားရပ္ကာ မ်က္ႏွာေတြ လက္ေတြေျခေထာက္ေတြကို ဒဏ္ရာဒဏ္ခ်က္႐ွိသလား လိုက္ၾကည့္သည္။

"ဘယ္လိုျဖစ္ေနတာလဲ"

ေဆာ့ဂ်င္ ခပ္တိုးတိုး မာန္လိုက္ေတာ့မွ ေကာင္ေလးက ဒဏ္ရာ႐ွာျခင္းအလုပ္ကို ရပ္စဲေတာ့သည္။

"ေဟ့ေကာင္!လည္ပင္းအဖ်စ္ခံရတာက ငါေနာ္။မင္းလူႀကီးကို ငါလက္ဖ်ားနဲ႔ေတာင္မတို႔ဘူး"

"ၿပီးေရာ။အစ္ကိုေဆာ့ဂ်င္ကို မထိရင္ၿပီးတာပဲ"

"အစ္ကို႔ကို ထိရင္ေတာ့ ကြၽန္ေတာ္႕ကို ၿငိတာပဲ"

"အဟြတ္!"

ဒီတစ္မနက္ထဲမွာတင္ မင္ယြန္းဂီ အခ်ိဳရည္သီးရတာ မ်ားေနၿပီ။အရင္က ဂ်ီမင္းနဲ႔အတူ ဒီဆိုင္ေလးကိုလာကာ ခ်စ္ၾကည္ႏူးတစ္တီတူး လုပ္ခဲ့သမွ် ျပန္ ဝဋ္လည္သလား ေအာက္ေမ့ရသည္။ဂြၽန္ေဂ်ာင္ကုကို တကယ္မႏိုင္ေတာ့ဘူး။

"ေဆာ့ဂ်င္ ၾကားတယ္ေနာ္။မင္းဟာေလး ဘယ္ေလာက္ေတာင္ အခ်ိဳးမေျပလဲလို႔"

"ႏွစ္ေယာက္လုံး ေတာ္ေတာ့။ငါ့ဆိုင္ကိုလာၿပီး သက္သက္စကားမ်ားေနၾကတယ္"

"မင္းကပါ ဂြၽန္ေဂ်ာင္ကုကို ေျပာရင္မႀကိဳက္ဘူးမလား။ေျပာလိုက္ရင္ 'မုန္းလွပါခ်ည္ရဲ႕နဲ႔"

"မင္ယြန္းဂီ...မင္း..."

အခ်ိဳရည္ထည့္သည့္ ေကာ္ဗူးခြံတစ္ခ်ိဳ႕ သူ႕ေခါင္းေပၚ ဝဲလာေတာ့ ယြန္းဂီမတ္တပ္ထရပ္လိုက္သည္။ၾကာၾကာဆက္ေနရင္ ကင္ေဆာ့ဂ်င္ရဲ႕ ပန္းကန္ျပားပ်ံေတြပါ ဆက္လာကိန္း႐ွိသည္။

"မင္းဆိုင္လည္း ေနာက္မလာေတာ့ဘူး ေဟ့ေကာင္။အားကိုး႐ွိေတာ့ လုပ္ထားၾကေပါ့ကြာ။မိုးေကာင္းတုန္း ႐ြာထားၾကေပါ့"

ဟက္ကနဲ တစ္ခ်က္ရယ္ကာ ႏွစ္ေယာက္လုံးကို ၿငိဳးသြားေသာ ယြန္းဂီ။ေနာက္မလာေတာ့ဘူး ဆိုၿပီး ေနာက္ထပ္ ဘယ္ႏွစ္ေခါက္လာဦးမယ္မသိ။မင္ယြန္းဂီ ရည္းစားနဲ႔ အဆင္မေျပရင္ ပါးစပ္ထဲေပါက္ပန္းေလးဆယ္ ေလွ်ာက္ေျပာတတ္ေသာ အက်င့္ကိုသိထားေသာ ေဆာ့ဂ်င္က ေထြေထြထူးထူး စိတ္ဆိုးမေနေတာ့ေပ။

"ေအး မလာခဲ့နဲ႔။ေခါင္းအုံးနဲ႔ ညားမယ့္ေကာင္။တစ္သက္လုံးသာ အိပ္ေနလိုက္ေတာ့"

သူ႕စကားေၾကာင့္ ခြီကနဲ ႀကိတ္ရယ္ေနေသာ ေဂ်ာင္ကုကိုလည္း ထိပ္ကိုတစ္ခ်က္ထုလိုက္ကာ ႏွာေခါင္းထိပ္ကို ဂ်ံဳမႈန္႔နဲ႔တို႔လိုက္သည္။

ဒီလို ရယ္ေမာေနရတဲ့ အခ်ိန္ေတြက ဘယ္ေလာက္ထိ ၾကာ႐ွည္ခံမွာတဲ့လဲ။ဂြၽန္ေဂ်ာင္ကုဆိုတဲ့ ေကာင္ေလး မိန္းကေလး တစ္ေယာက္ေယာက္နဲ႔ လက္မထပ္ခင္ အခ်ိန္အထိလား။ေနာက္ဆို ဒီေကာင္ေလးဟာ သူ႕ထက္အသက္ႀကီးတဲ့ လူတစ္ေယာက္ကို အ႐ူးအမူးစကားလုံးေတြနဲ႔ ေႂကြျပမိတာကို ေနာင္တရ မဆုံးျဖစ္ေနမွာပါ။

᯽ • ᯽ • ᯽

ညက မိုးအသည္းအထန္႐ြာကာ လွ်ပ္စီးလက္၊ေလျပင္းေတြပါတိုက္ေတာ့ ေဂ်ာင္ကုတစ္ညလုံး အိပ္မေပ်ာ္။အစ္ကိုေရာ အဆင္ေျပပါ့မလား ဆိုသည့္စိတ္ကသာ ႀကီးစိုးေနသည္။

မနက္လင္းလင္းခ်င္း အစ္ကို႔ဆိုင္ကိုသြားၾကည့္ေတာ့ တံခါးပိတ္ထားသည္။၇ နာရီတီးသည့္တိုင္ အစ္ကိုေရာက္မလာေတာ့ ေဂ်ာင္ကု စိတ္ပူရေခ်ၿပီ။

မိုး႐ြာထားေသာေၾကာင့္ ဆိုင္ကယ္ကိုထိန္းေမာင္းကာ အစ္ကို႔ျခံေ႐ွ႕အေရာက္ ရပ္သည္။ညက ေလျပင္းေၾကာင့္ လမ္းေပၚမွာ ႐ြက္ေႂကြေတြ မနည္းမေနာ။ရာသီဥတုၾကည္လင္ေနေပမယ့္ ေနေရာင္မရေသးေတာ့ ေအးစက္စက္႐ွိလွသည္။

"အစ္ကို႐ွိလား"

ျခံေ႐ွ႕ကေန ေအာ္ေခၚေတာ့ သိပ္မၾကာခင္မွာ ေဆာ့ဂ်င္ ထြက္လာကာ တံခါးလာဖြင့္သည္။

"ဘာလာလုပ္တာလဲ"

မ်က္ႏွာထား တည္တည္နဲ႔ လိုက္ဖက္သည့္ ေအးစက္စက္အသံ။

"ဆိုင္မဖြင့္ေတာ့ စိတ္ပူလို႔"

"ဘာမွ မျဖစ္ဘူး။ျပန္ေတာ့.."

"အစ္ကိုကလည္း ဒီအထိေတာင္ေရာက္လာၿပီးမွ အိမ္ထဲေတာ့ ခဏဝင္ပါရေစ"

"၁၀ မိနစ္ျပည့္ရင္ ထြက္သြား"

ဒီလို တုံးတိတိအေျပာအေတြကိုပဲ တစ္ေန႔မၾကားရရင္ မေနႏိုင္ေအာင္စြဲလန္းေနတာကိုက ကိုယ့္အားနည္းခ်က္ျဖစ္သည္။

ဧည့္ခန္းထဲေရာက္ေတာ့ စားပြဲေပၚပုံထားသည့္ စားလက္စ ပန္းကန္လုံးေတြ။ပန္းကန္ျပားေတြက အထပ္လိုက္။ညက မေဆးျဖစ္တာေတြပဲ ထင္သည္။

"အစ္ကို ဒီပန္းကန္ေတြ ကြၽန္ေတာ္ေဆးလိုက္မယ္ေနာ္"

သူ ေအာ္ေျပာေပမယ့္ ေဆာ့ဂ်င္အသံက တိတ္ေနသည္။ဘယ္ေရာက္သြားသည္ေတာ့မသိ။

ေဂ်ာင္ကု သြက္သြက္လက္လက္ပင္ အက်ီလက္စေတြကို မတင္ၿပီး ပန္းကန္ေတြကိုသယ္သည္။ၿပီးေတာ့ ေဘစင္မွာ တစ္ခ်ပ္ၿပီး တစ္ခ်ပ္ေရေဆးသည္။ပန္းကန္ထဲက စားႂကြင္းစားက်န္ေတြ ကို ေအာက္က အမိႈက္ပုံးထဲ သြန္အခ်မွာ ပတ္တီးလိပ္ျဖဴျဖဴစေတြက ပုံးထဲ ျပည့္ေန၏။

ေဆးလက္စ ပန္းကန္ေတြကို ခ်ထားကာ တုန္ရင္ေနေသာ လက္အစုံျဖင့္ အမိႈက္ပုံးထဲ ေမႊေႏွာက္႐ွာေတာ့ ေသြးစြန္းေနေသာ တစ္႐ႈးစမ်ား၊ပတ္တီးလိပ္မ်ားက အေထြးလိုက္ပင္။

ဒါ..ဒါေတြက ဘာေတြလဲ။

ေဂ်ာင္ကု အံကိုတင္းတင္းႀကိတ္ကာ ေဆာ့ဂ်င္ကို အိမ္အႏွံ႔လိုက္႐ွာသည္။

"အစ္ကို...ဘယ္မွာလဲ..အစ္ကို.."

"ဘာလို႔ ေအာ္ဟစ္ေခၚေနတာလဲ"

အိပ္ခန္းထဲက ထြက္လာေသာ ေဆာ့ဂ်င္ကိုျမင္ေတာ့ လက္ေကာက္ဝတ္ကေန ဆြဲေခၚကာ နီးစပ္ရာ ထိုင္ခုံေပၚထိုင္ခ်ေစသည္။အက်ီၾကယ္သီးေတြကို အတင္းျဖဳတ္ဖို႔ႀကိဳးစားေတာ့ သူ႕လက္ေတြကိုပုတ္ခ်ကာ မတ္တပ္ထ ရပ္သည္။

"ဘာလုပ္တာလဲ"

"ၿငိမ္ၿငိမ္ေန အစ္ကို။အစ္ကို အက်ီေတြစုတ္ၿပဲ မသြားခ်င္ရင္ ခဏထိုင္ေနေပး"

မ်က္လုံးအၾကည့္စူးစူးေတြနဲ႔ စိုက္ၾကည့္လိုက္ေတာ့ ေဆာ့ဂ်င္ ဘာမွမေျပာေတာ့ဘဲ ၿငိမ္သက္စြာ ထိုင္သည္။အက်ီၾကယ္သီး တစ္လုံးခ်င္းစီကို ျဖဳတ္ၿပီး ေဂ်ာင္ကု အၾကမ္းပတမ္းပင္ ဆြဲခြၽတ္လိုက္သည္။ျဖဴေဖြးေနေသာ ရင္အုပ္က်ယ္က်ယ္ေတြ ေအာက္က ဗိုက္သားခ်ပ္ခ်ပ္ကို ၾကည့္မိေတာ့ ေဂ်ာင္ကု မ်က္လုံးေတြျပဴးသြားရသည္။

"အစ္ကို ဒါက...."

ဝမ္းဗိုက္နံေဘးမွ ႀကီးမားေသာ ဓားဒဏ္ရာ။မၾကာေသးမီကပင္ ေလာေလာလတ္လတ္ ရ ထားဟန္တူသည္။ေသြးစတို႔ပင္ မေျခာက္ေသးေပ။

"ေျပာေလ..ခင္ဗ်ား ဒီဒဏ္ရာက ဘယ္ကရလာတာလဲ ေျပာ။ဘယ္ေကာင္လုပ္လိုက္တာလဲ..ေျပာ"

ေဆာ့ဂ်င္ ဝမ္းဗိုက္က ဓားဒဏ္ရာက သူ႕ႏွလုံးသားထဲထိလာစိုက္သည္။ခ်က္ခ်င္းပင္ မ်က္ရည္ပူေတြအိုင္ထြန္းလာကာ ေဒါသေၾကာင့္ မ်က္ႏွာေတြနီရဲကုန္သည္။လက္ဖ်ားနဲ႔ပင္ မထိရက္ခဲ့ေသာ ျမတ္ႏိုးရသူအေပၚ ဘယ္သူက ထိခိုက္ေစခဲ့တာတဲ့လဲ။

"လက္ဖယ္ေတာ့။ငါ့အတြက္ မစိုးရိမ္နဲ႔"

"မရဘူး။အခု ေဆး႐ုံသြားမယ္"

"အပိုေတြ မလုပ္စမ္းနဲ႔ ဂြၽန္ေဂ်ာင္ကု။မစိုးရိမ္နဲ႔လို႔ ေျပာၿပီးၿပီေလ"

"မစိုးရိမ္လို႔ ရမလား။ခင္ဗ်ားအေပၚ ကိုယ့္အသက္ေလာက္နီးနီး ခ်စ္ေနတဲ့ ကြၽန္ေတာ္႕ကိုလည္း နည္းနည္းေလာက္လွည့္ၾကည့္ပါဦး။ကြၽန္ေတာ္လုပ္ေနသမွ်ေတြကို အပိုေတြလို႔ ထင္ေနတုန္းပဲလား"

ရင္ထဲက ဝမ္းနည္းစိတ္၊စိုးရိမ္စိတ္ေတြ ေရာႁပြန္းလုံးေထြးၿပီး နာက်င္လာကာ ေဂ်ာင္ကု ေအာ္ပစ္လိုက္မိသည္။အက်ီစႏွစ္ဖက္ကို တင္းတင္းက်ပ္က်ပ္ ဆုပ္ထားသည့္ သူ႕လက္ႏွစ္ဖက္က ေဆာ့ဂ်င္က ဖယ္ပစ္သည္။

စိမ္းသက္ေနေသာ မ်က္ဝန္းေသေတြနဲ႔ ၾကည့္လာကာ...

"၁၀ မိနစ္ျပည့္ၿပီ။ျပန္ေတာ့"

ေျပာၿပီးသည္ႏွင့္ အခန္းထဲဝင္သြားကာ အထဲက lock ခ်သံကို ၾကားရသည္။

"အဲ့ဒီ ဒဏ္ရာႀကီးနဲ႔ ေဆး႐ုံမသြားမခ်င္း ကြၽန္ေတာ္မျပန္ဘူး။အစ္ကို အျပင္ထြက္မလာမခ်င္း တစ္ညလုံး ေစာင့္ေနမယ္"

အစ္ကို ၾကားေအာင္ ေအာ္ေျပာလိုက္ရင္း ခုနက ထိုင္ခုံေပၚမွာ ထိုင္ခ်သည္။မ်က္ႏွာကို လက္ႏွစ္ဖက္ႏွင့္ အုပ္ထားရင္း သူ႕ေက်ာျပင္ေတြ တစ္ခ်က္ တစ္ခ်က္လႈပ္ခါသြားသည္။

မလိုအပ္ေတာ့ဘူးဆိုရင္ေတာင္ ကြၽန္ေတာ္မ႐ွိရင္ မျဖစ္ဘူးလို႔ လိုရာဆြဲေတြးတတ္တာမ်ိဳး။ကြၽန္ေတာ္က အစ္ကို႔အတြက္ ခပ္တုံးတုံးေကာင္ပါဗ်ာ။

᯽ • ᯽ • ᯽

A/N- စိတ္ေရာလူပါ အေတာ္ေလးပင္ပန္းေနၾကၿပီမလားဟင္?သိပ္မလိုေတာ့တဲ့ ပန္းတိုင္အတြက္ အားတင္းထားၾကပါ။ေပးဆပ္သြားရတဲ့ အသက္ေတြကို အားနာေသာအားျဖင့္၊ေလးစားေသာအားျဖင့္ အရင္ကထက္ ႏွစ္ဆ ပိုၿပီးအားတင္းၾကရေအာင္ေနာ္။

•One short အတြက္ စိတ္ၾကည္ႏူးစရာေကာင္းတဲ့ plotေလးေတြ စဥ္းစားေနပါတယ္။ေရးလည္းေရးေပးပါဦးမယ္။ဒီကာလမွာ ဒီေလာက္ႏိုင္ငံေရးမေကာင္းေနတာေတာင္ စာေတြေရးႏိုင္ေသးတယ္လို႔ မထင္ေစခ်င္ဘူး။ လူကိုယ္တိုင္ အကူအညီေပးလို႔ မရတဲ့အေျခအေနမွာ တစ္ေထာင့္တစ္ေနရာကေန စိတ္ပိုင္းဆိုင္ရာ အားေပးႏွစ္သိမ့္ေပးခ်င္တဲ့ ရည္႐ြယ္ခ်က္တစ္ခုတည္းပဲ႐ွိပါတယ္။

• updateကေတာ့ ဘယ္ႏွစ္ရက္တစ္ခါလဲလို႔ အတိအက်မေျပာႏိုင္ပါဘူး။တကယ္လို႔ ေဝဖန္အၾကံျပဳခ်င္တာေတြ႐ွိရင္ ေပးလို႔ရပါတယ္။ဖတ္ခ်င္တဲ့ ပုံစံေလးေတြ႐ွိရင္လည္း ေရးေပးသြားပါေနာ္။

Thanks for your reading & voting

Riona 🌼

There are no comments yet. Log in to be the first to leave a review!

Similar stories