~ 4 ~
14:45, 21 August 2021Unicode________
ညိုပြာရောင် တိမ်တိုက်တစ်ချို့က ထွက်ပေါ်လာမည့် နေမင်းကို ဖုံးကွယ်တားဆီးထားသည်။မိုးရနံ့ပါသော ခပ်စိမ်းစိမ်း လေတို့က ပတ်ဝန်းကျင် တစ်ခုလုံးကြီးစိုးနေ၏။အေးလိုက်သည့် ဖြစ်ခြင်း။
လက်က လက်ပတ်နာရီကိုငုံ့ကြည့်တော့ မနက် ၆ နာရီတိတိ။ကျယ်ပြန့်သော ပခုံးနှင့်လိုက်ဖက်ညီစွာ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ယုံကြည်မှုအပြည့်။ခေတ်လူငယ်ပီပီ ရှပ်အကျီကြည်ပြာရောင်၊style pant အနက်ရောင်ကို တွဲဖက်ဝတ်ဆင်ထားသော ဆော့ဂျင်ပုံစံက ဆိုးလ်နံနက်ခင်းနှင့် အပြိုင်နုပျိုလန်းဆန်းနေသည်။
Cake bakery ဆိုင်လေးကို ဖွင့်ထားသည်မှာ ၁ နှစ်ကျော်လောက်ပဲရှိသေး၏။အဖေမရှိတော့သည့် နောက်ပိုင်း စိတ်ပြေလက်ပျောက် သဘောမျိုးနှင့် ဖွင့်ခဲ့တာ ပေမယ့် customer အတော်များများ၏ အားပေးမှုကြောင့် အရင်ကထက် အာရုံစိုက်ကာ သူ့ဘဝတစ်ခုလုံးကို ကိတ်မုန့်ဖန်တီးခြင်းအပေါ်မှာပဲ နှစ်မြှုပ်ထားတော့သည်။
ဒီနေ့လည်း menu အသစ်အတွက် စမ်းသပ်ကြည့်ဖို့ ဒီလို အေးစက်နေတဲ့ မနက်ခင်းမှာတောင် ဇိမ်မယူနိုင်ဘဲ ဆိုင်ကိုစောစော ထွက်ခဲ့ခြင်း။ဆိုင်ရှေ့ ခုံတန်းတွေပေါ်က တစ်စုံတစ်ယောက်ကို မမြင်ခင်အချိန်အထိတော့ သူ့မျက်နှာပေါ် ကြည်နူးခြင်းတွေ အပြည့်နှင့် ဖြစ်သည်။
"အစ်ကို..."
ခပ်နွမ်းနွမ်း အပြုံးတစ်ပွင့်နှင့်အတူ ဆော့ဂျင် မျက်နှာကို ကြည့်ကာခေါ်သည်။မပြေချင်သေးသော ဒေါသတရားကို နောက်ထပ်တစ်ဖန်မမွေးဖွားလာခင် ဆိုင်ထဲအတင်းဝင်ပြီး အရှေ့က မှန်တံခါးကို အသေပိတ်ပစ်လိုက်သည်။
"အစ်ကို စိတ်ဆိုးမပြေမချင်း ကျွန်တော်မပြန်ဘဲ တောင်းပန်ပါ့မယ်"
ဒီကောင်လေး သိပ်အကြောတင်းသလို သိပ်လည်းခေါင်းမာတယ်။အဲ့ဒီလိုလူမျိုးတွေဆို သိပ်မုန်းတယ်။သူ့ဘာသာ ဘာဖြစ်ဖြစ်...လှည့်ကိုမကြည့်ချင်တာ။
Apron ကြိုးတွေကို ခါးမှာချည်လိုက်ပြီး ကိတ်မုန့်လုပ်ဖို့ပြင်ဆင်ရသည်။မိုးစက်တွေ တဖွဲဖွဲကျလာသည်။လေတစ်ချက်အဝှေ့တွင် ဆိုင်ရှေ့မှန်ချပ်တွေအပေါ် မိုးရေတွေ ဖြန်းကနဲ လာစင်သည်။ဆိုင်မှာ အကူခေါ်ထားတဲ့ ကောင်လေးက နေမကောင်းဆိုသည့် အကြောင်းပြချက်နှင့်ခွင့်တစ်ပတ်ယူထားသည်။ဆိုင်ဖွင့်တာကအစ ပိတ်တာအဆုံး ဆော့ဂျင်တစ်ယောက်တည်း သိမ်းကြုံးလုပ်နေ၍ ဒီရက်ပိုင်းအတော်ပင်ပန်းသည်။
ဆိုင်ရှေ့ခုံတန်းတွေအပေါ် မသိမသာအကဲခတ်ကြည့်တော့ ကောင်လေးက ခေါင်းငိုက်စိုက်ချကာ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေသည်။ဘေးတစ်စောင်းမြင်နေရသည့် မျက်နှာမှာ မိုးရေတွေ စီးကျနေသည်။မိုးကလည်း တော်တော်နှင့်အမျှင်မပြတ်နိုင်။တစ်နေ့လုံး တစိမ့်စိမ့် ရွာမယ့်ပုံ။
အပူခံလက်အိတ်ကို သုံးကာ ovenထဲက ကိတ်မုန့်တွေကို ထုတ်သည်။ကိုယ်တိုင် မြည်းကြည့်သည့် အနေနဲ့ တစ်ဇွန်းခပ်စားလိုက်တော့ လိမ္မော်နံ့သင်းသင်းသင်းမွှေးကာ အရမ်းအီမနေဘဲ လတ်ဆတ်သည့် ခံစားမှုကြောင့် ဆော့ဂျင် ကျေနပ်သွားသည်။မကြာမီ စားနေကျ ဖောက်သည်တွေ တဖွဲဖွဲရောက်လာကြသည်။
တစ်ချို့ကတော့ ဆိုင်အဝင်ဝမှာ ထီးတွေချိတ်ရင်း ရေတွေစက်စက်ကျနေသည့် ကောင်လေးကို အထူးအဆန်းသဖွယ်ကြည့်ကြသည်။သူတိူ့အချင်းချင်း တီးတိုးပြောသံတွေ ဟိုတစ်စ ဒီတစ်စ ခပ်သဲ့သဲ့ထွက်ပေါ်လာသည်။
ဘယ်သူမှ အရေးမလုပ်လည်း ဂျောင်ကုက ခပ်သာသာပင်။ဘယ်သူ့ကိုမှ လိုက်မကြည့်နေသလို နေရာမှာပဲ ငြိမ်ငြိမ်သက်သက်ထိုင်သည်။မေးစေ့အဖျားမှာ တွဲလွဲခိုနေသော ရေစက်တွေကို လက်နှင့် သပ်ချသည်။ဆော့ဂျင် သူ့အပေါ် စိတ်ဆိုးပြေဖို့ကသာလျှင် အရေးအကြီးဆုံးဖြစ်သည်။
ဆိုးလ်ရဲ့ မိုးရေစက်တွေက ဂျောင်ကုကို မညှာမတာ ရိုက်ခတ်သည်။ကျောပြင်ထဲက စိမ့်ကနဲ ခံစားရကာ ပူးယှက်ထားသော လက်နှစ်ဖက်က ထုံကျဉ်လာ၏။ဆိုင်ထဲမှာ အစ်ကိုက အလုပ်ရှုပ်နေပုံရသည်။သူ့ကို နည်းနည်းလေးမှ လှည့်မကြည့်ဘူး။
ချစ်ခြင်းမေတ္တာဆိုတာ ပျော်ရွှင်စရာလို့ ထင်မှတ်ခဲ့ပေမယ့် တကယ်တမ်းကြုံတွေ့လာရချိန်မှာတော့ နှလုံးသားမှာ ဒဏ်ရာတွေ ဗလပွနဲ့။
မမုန်းပါနဲ့လား အစ်ကိုရယ်။ကျွန်တော့်မှာ စိတ်ချမ်းသာစရာ ဆိုလို့ အစ်ကိုပဲရှိတာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဟေ့...ဆော့ဂျင်"
စားပွဲခုံတွေကို အဝတ်စတစ်ခုနဲ့ သန့်ရှင်းနေတုန်း ယွန်းဂီခေါ်သံကြောင့်လှည့်ကြည့်သည်။အိပ်ချင်မူးတူးရုပ်နဲ့ ဆံပင်တွေရှုပ်ပွနေပုံထောက်ရင်တော့ တစ်နေရာရာမှာ ခွေအိပ်လာပုံရသည်။
"ဘာလဲ"
ခပ်ဆတ်ဆတ်ပြန်ထူးတော့ သူ့နားနားကပ်ပြီး ဆိုင်အပြင်ဘက်ကို မေးငေ့ကာ တိုးတိုးလေး လာပြောသည်။
"ဟိုကောင်လေးမလား...ဘယ်အချိန်ကတည်းက ရောက်နေတာလဲ"
"မနက်ဆိုင်ဖွင့်ကတည်းက..."
"ဘာ!!!"
ယွန်းဂီအသံက ဆိုင်တစ်ဆိုင်လုံး ဟိန်းထွက်သွားသည်။မယုံနိုင်တဲ့အကြည့်တွေနှင့် ဆော့ဂျင်ကိုကြည့်ကာ နဖူးပေါ်က ဆံပင်တွေကိုသပ်တင်ပြီး လေပူတွေမှုတ်ထုတ်သည်။
"ဒါဆို မိုးရေထဲမှာ တစ်နေ့လုံးထိုင်နေတာပေါ့"
"အင်း!!!"
"Omo!!! ငါ့သူငယ်ချင်းကြီးက ရေခဲထက်တောင် အေးစက်လှချည့်လား..ဝါး...မထင်ရဘူး"
ဆော့ဂျင်က ခုံတွေအားလုံးသန့်ရှင်းရေးလုပ်အပြီး လက်အိတ်တွေကို ချွတ်ပြီး ဘေစင်မှာလက်သွားဆေးသည်။
ယွန်းဂီက ဆော့ဂျင်လုပ်သမျှ ပါးစပ်အဟောင်းသားနဲ့ လိုက်ကြည့်သည်။အတော်ကြာတော့ ဆိုင်အပြင်ဘက်ထွက်သွားသည်။
"ဟေ့ကောင်လေး....ကြည့်စမ်း အေးစက်နေတော့တယ်..လာ..လာ...ဆိုင်ထဲဝင်"
ဂျောင်ကုက သူရှေ့လာရပ်သူကို မော့ကြည့်သည်။အစ်ကိုနဲ့ လက်ထပ်မယ်ဆိုတဲ့သူ။အစ်ကို့ကို ပိုင်ဆိုင်ရမယ့်သူဆိုတဲ့ အသိကြောင့် သိပ်အမြင်မကြည်ချေ။ပခုံးပေါ်လာပုတ်တဲ့လက်တွေကို ဖယ်ချပစ်ရင်း ဘုကြည့်ကြည့်ပစ်လိုက်သည်။
"ဟေ့ကောင်လေး!ငါ့ကို ဘယ်လိုအကြည့်နဲ့ ကြည့်နေတာလဲ၊တောက်!!! ငါလုပ်လိုက်ရ"
ယွန်းဂီက လက်နဲ့ရွယ်လိုက်ပေမယ့် ပြုံးစိစိနဲ့။တကယ်တော့ သူမရိုက်ပါဘူး။သူ့ထက်ငယ်တဲ့ကောင်ဆိုးလေးတွေကိုဆို ဖြဲခြောက်တတ်တာ သူ့အကျင့်။
"ခင်ဗျားက အစ်ကို့ချစ်သူမလား"
"အေး ဟုတ်တော့ ဘာဖြစ်လဲကွ"
"အဲ့ဒါဆို ခင်ဗျားနဲ့ကျွန်တော်နဲ့ စကားပြောစရာအကြောင်းမရှိဘူး"
"အမယ်...အတော်လာတဲ့ကောင်လေးပါလား..ဆော့ဂျင်စိတ်ဆိုးမပြေခင် အအေးပတ်ပြီး မင်းအရင်သေမှာကွ"
"သေပစေ"
"ပြောရဆိုရ လက်ပေါက်ကပ်တဲ့ အကြောတင်းလေး..ငါပိတ်ရိုက်လိုက်ရ"
"ရိုက်ရဲရိုက်ကြည့်လေ"
"လူကြီးကို မလေးမခန့်နဲ့...မင်းတစ်နေ့လုံး မိုးရေထဲမှာ နေတာ မအေးဘူးလား"
ယွန်းဂီလက်က ချက်ချင်းဆိုသလို ဂျောင်ကုနဖူးပေါ် ရောက်သွားကာ စမ်းသပ်သည်။ဂျောင်ကုက အထိမခံ..လက်တွေကို ပုတ်ချသည်။
"မင်း အသားတွေပူနေတယ်..တစ်နေ့လုံးလည်း ဘာမှမစားရသေးဘူးမလား"
"ကဲပါ...လာစမ်းပါ...ဆော့ဂျင်က အဲ့လောက်အဆိုးကြီးမဟုတ်ပါဘူး..လာ...အထဲဝင်ရအောင်"
"အစ်ကို ခွင့်မပြုဘဲ မဝင်ချင်ဘူး"
ယွန်းဂီက စိတ်ရှုပ်လာဟန်ဖြင့် ဆံပင်တွေကို ဖွပစ်သည်။ရေခဲလိုအေးစက်တဲ့သူနဲ့ သံမဏိလို မာကြောတဲ့သူနဲ့ ထိပ်တိုက်တွေ့ပြီ။သူသိသော ဆော့ဂျင်က ဒီလောက်သွေးမအေးပါ။ဒီကောင်လေးနဲ့ကျမှသာ ဒီလောက်ခါးခါးသီးသီးဖြစ်နေတာ။
ပြောမရမယ့်အတူတူ အတင်းလက်ဆွဲခေါ်တော့ တစ်နေ့လုံး အေးစက်နေသည့်ခန္ဓာကိုယ်က သိပ်မရုန်းနိုင်တော့ဘဲ ယွန်းဂီခေါ်ရာနောက် ရုန်းရင်းဆန်ခတ်နှင့်ပါလာသည်။
"လာ...လာ...ဒီမှာထိုင်"
သူတို့နှစ်ယောက်ကို မြင်တော့ ဆော့ဂျင်မျက်နှာက ရုတ်တရက် ခက်ထန်သွားသည်။
"ယွန်းဂီ...ဘယ်သူ့ခွင့်ပြုချက်နဲ့ သူ့ကိုဆိုင်ထဲခေါ်သွင်းတာလဲ"
"ကဲပါကွာ...စိတ်လျှော့ပါဆော့ဂျင်ရာ...သူ့အသားတွေ ပူခြစ်နေတော့တယ်။တော်ကြာ တစ်ခုခုဖြစ်သွားရင် မင်းဆိုင်ရှေ့မှာမို့ အမှုပတ်နေလိမ့်မယ်"
"သူ့စိတ်နဲ့သူ လုပ်ချင်ရာကို လုပ်တာ။ငါနဲ့ ဘာမှမဆိုင်ဘူး"
ပြောရက်လိုက်တာ အစ်ကိုရာ။အစ်ကို ကျွန်တော့်ကို အရမ်းမုန်းနေတာပဲ။
လိမ့်ဆင်းလာတဲ့ မျက်ရည်စတွေက အဖျားရှိန်ကြောင့် ပူလောင်နေသော ရေနွေးစက်တွေ သဖွယ်။တစ်ကိုယ်လုံး ပူလောင်လာပြီး ခေါင်းထဲက ထိုးကိုက်လာည်။မတတ်နိုင်တော့တဲ့ အဆုံး စားပွဲပေါ် လက်တင်ပြီး ခေါင်းကိုမှောက်ချလိုက်ရတော့သည်။
"ကောင်လေး...ဘာဖြစ်တာလဲ..ငါ ထင်တယ်..ဒီလောက်နာရီတွေ အကြာကြီး မိုးရေထဲထိုင်နေတာ..ဖျားလိမ့်မယ်လို့"
ယွန်းဂီရဲ့ ပူညံပူညံ အပြောတစ်ချို့က ဂျောင်ကု နားထဲ မဝင်တစ်ချက် ဝင်တစ်ချက်နှင့်။အဖျားရှိန်ကြောင့် သူ့ရင်ဘတ်တစ်ခုလုံး မီးခဲတစ်ခုလို ပူလောင်နေသည်။
"ထနိုင်လား...ရော့..စားပြီး ပြန်တော့"
ဒါက အစ်ကို့ အသံဖြစ်သည်။မနူးညံ့သည့်တိုင်အောင် ခက်ထန်မှုမရှိသည့် အစ်ကို့အသံကို ဘယ်နေရာကပဲကြားရပါစေ၊ရင်ထဲအသည်းထဲက မှတ်မိသည်။
"ပါးစပ်ဟ.."
အပူခိုးတွေ ဝေနေသည့် မျက်လုံးတွေက အစ်ကို့ကို သဲသဲကွဲကွဲ မမြင်ရ။ပြီးတော့ နှုတ်ခမ်းနားရောက်လာသည့် ဆန်ပြုတ်ပူပူတစ်ဇွန်း။ယောင်ရမ်းပြီး မျိုချလိုက်တော့ ဖိတ်စင်ထက်ဝက်ပေသွားသော နှုတ်ခမ်းတွေအပေါ်ကို တစ်ရှုးစတစ်ခုနဲ့ ဖွဖွလာသုတ်သည်။
ဒါက အိမ်မက်ပဲ ဖြစ်မှာ။အစ်ကိုက သူ့ကို ဒီလောက်မုန်းနေတာ။အနားကပ်မခံနိုင်လောက်အောင်ကို ခါးခါးသီးသီးငြင်းနေတာ။အိမ်မက် မက်နေတာပဲ ဖြစ်မှာ။
"အစ်...အစ်ကိုယွန်းဂီလား"
"စကားမများနဲ့...ပြန်ပေတော့။မနက်ဖြန်လည်း ထပ်မလာနဲ့တော့"
"အစ်ကိုရာ..."
သေချာပါပြီ။ဒါ အိမ်မက်မဟုတ်ဘူး။
နူးညံ့မှု သေးသေးလေးကတောင် ဒီလောက်ရင်ခုန်ကြည်နူးစေတာ။နောက်ထပ် ဘယ်လိုအရာနဲ့မှ ထပ်မပြုစားရင်တောင် ဒီလူမှာ အရူးအမူးပါပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"မောင်ရင်..အဆင်ပြေရဲ့လား"
ကားတံခါးကို ပြန်ပိတ်လိုက်ရင်း 'အဆင်ပြေတယ်'ဆိုသည့်သဘောနှင့် လက်ကာပြသည်။အဖျားရှိန်ငွေ့ငွေ့ကြောင့် ခြေလှမ်းတွေက သိပ်တော့မမှန်ချင်။အိမ်ကြီးက တိတ်ဆိတ်ငြိမ်သက်နေသည်။အိမ်ဝကနေ ဆီးကြိုပေးမယ့်သူ မရှိ၊စောင့်မျှော်နေမယ့်သူလည်း မရှိ၊မီးတွေသာ ထွန်းမထားလျှင် တစ္ဆေခြောက်သည့် အိမ်ကြီးနှင့်တောင် တူလိမ့်မည်။
အပေါ်ထပ်လှေကားထစ်တွေကို တစ်ထစ်ချင်း အားယူပြီးတက်သည်။အခန်းမီးဖွင့်ပြီး အထဲသို့ဝင်ကာ ကုတင်ပေါ်ပစ်လှဲချလိုက်သည်။မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်း ရှုသွင်း၊ရှုထုတ်လုပ်သည်။
"ဖြောက်....ဖြောက်....ဖြောက်"
ရေချိုးခန်းထဲက ရေတစ်စက်စက်ကျသံကြောင့် မျက်လုံးတွေကို အတင်း အားယူပြီးဖွင့်သည်။
ဘယ်သူလဲ....အဖေရောက်နေတာလား။
မသက်ာမှုများစွာနှင့် မျက်နှာချင်းဆိုင် အခန်းထဲကိုကြည့်လိုက်တော့ မီးရောင်သဲ့သဲ့မြင်ရသည်။လွန်ခဲ့သော ၂ နှစ်ကျော်ကတည်းက ဘယ်သူမှမနေဘဲ အသေပိတ်ထားသော အခန်း။
ရုတ်တရက် ဒေါသစိတ်တွေ မွှန်ထူသွားကာ ထိုအခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။အသုံးအဆောင်ပစ္စည်းအတော်များများနှင့် တန်းလန်းချိတ်ထားသော ယောက်ျားဝတ်အကျီတွေက ဟိုတစ်စ ဒီတစ်စ ပျံ့ကျဲနေသည်။အခန်းနံရံက တစ်စုံတစ်ယောက်ရဲ့ ဓာတ်ပုံတွေနေရာမှာ နံရံကပ်စက္ကူအသစ်တွေက နေရာယူထားသည်။
"ကဲကွာ...."
"ဒုန်း!!!"
"ဘုန်း!!!"
အနားမှာထောင်ထားသော Golf ရိုက်တံကို ဆွဲယူပြီး မှန်တံခါးတွေကို ရိုက်ခွဲပစ်သည်။မှန်စတွေ ပျံ့ကျဲသွားသော ကြမ်းပြင်ထက်နင်းပြီး ချိတ်ထားသော အဝတ်တွေအကုန် ပြတင်းပေါက်ကနေ လွှင့်ပစ်သည်။အသုံးအဆောင်ပစ္စည်းအားလုံး ကြမ်းပြင်ထက် ဖွာလန်ကျဲကုန်သည်။ဒါတောင် သူ့ဒေါသက မပြေသေး။
"ဟေ့ကောင်!!! မင်းအခုဘာလုပ်နေတာလဲ"
ရေချိုးပြီးကာစ တဘက်ပိုင်းတစ်ထည်သာ ကိုယ်ပေါ်မှာ ပတ်ထားသော အဖေ။
နားထင်ကြောတွေ ထောင်ထလာသည်အထိ ဂျောင်ကုက ခပ်တင်းတင်း အံကြိတ်သည်။မျက်နှာပြင်တစ်ခုလုံး ရဲရဲတောက်ကာ သွေးရောင်လွှမ်းနေသည်။လက်ထဲက golfရိုက်တံကိုကား လွှတ်မချမိသေး။
"ဒီအခန်းကို ဘာကိစ္စထိတာလဲ၊အဖေ့မှာ ထိခွင့်ရှိလို့လား"
"အေး...ငါ့အိမ်မှာ ငါ့ဘာသာ ဘယ်အခန်းမှာနေနေပေါ့ကွ၊အဲ့လိုလုပ်နေလည်း သေတဲ့သူက ပြန်ရှင်မလာဘူးကွ"
"အံ့သြတယ်...တကယ်အံ့သြတယ်။အဖေပါးစပ်က ဒီလိုစကားမျိုးထွက်လာနိုင်တယ်နော်..မင်ဟိုအပေါ်နည်းနည်းလေးမှ အားနာစိတ်မရှိဘူးလား"
"မင်ဟိုဆိုတာ ငါ့ဘဝမှာမရှိဘူးကွ၊မင်းလည်း သေသွားတဲ့သူတစ်ယောက်ကို မေ့ပစ်လိုက်ဖို့ကောင်းပြီ"
"မင်ဟိုဓာတ်ပုံတွေ အခုပြန်ပေး...မပေးရင် ဒီကိစ္စတစ်ခုလုံးကို အစက ပြန်ဖော်ပစ်မှာ"
"တောက်!!!အရူးကောင်"
ဒေါသတကြီးထွက်သွားသော အဖေ့ကို နောက်ထပ်မကြည့်ချင်တော့။ဘာကြောင့်မို့ ဒီလောက်တောင် ရက်စက်ရတာလဲ အဖေရယ်။
"မင်ဟို!ခွင့်လွှတ်ပေးဖို့ မထိုက်တန်မှန်းသိပေမဲ့....ငါ....တောင်း...ပန်ပါတယ်"
မှန်ကွဲစများကြား ထိုင်ပြီး ငိုကြွေးနေသော ဂျောင်ကုရဲ့ ကျောပြင်ကျယ်က တသိမ့်သိမ့်တုန်ခါနေသည်။ရက်စက်ယုတ်မာမှုတွေနဲ့ ပြည့်နေတဲ့ လောကကြီးမှာ တစ်ခါတစ်လေ လူသားမဆန်တဲ့ လုပ်ရပ်မျိုးတွေလည်း ရှိတတ်တယ်မဟုတ်လား။သေသွားတဲ့သူ အဖို့ ခဏတာ နာကျင်ရပေမယ့် ကျန်နေခဲ့ရသူတွေမှာ နာကျင်မှုက တစ်သက်တာအတွက် တစိမ့်စိမ့်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Thanks for your reading & voting.Riona
.....Zawgyi________
ညိဳျပာေရာင္ တိမ္တိုက္တစ္ခ်ိဳ႕က ထြက္ေပၚလာမည့္ ေနမင္းကို ဖုံးကြယ္တားဆီးထားသည္။မိုးရနံ႔ပါေသာ ခပ္စိမ္းစိမ္း ေလတို႔က ပတ္ဝန္းက်င္ တစ္ခုလုံးႀကီးစိုးေန၏။ေအးလိုက္သည့္ ျဖစ္ျခင္း။လက္က လက္ပတ္နာရီကိုငုံ႔ၾကည့္ေတာ့ မနက္ ၆ နာရီတိတိ။က်ယ္ျပန္႔ေသာ ပခုံးႏွင့္လိုက္ဖက္ညီစြာ လွမ္းလိုက္သည့္ ေျခလွမ္းတိုင္းက ယုံၾကည္မႈအျပည့္။ေခတ္လူငယ္ပီပီ ႐ွပ္အက်ီၾကည္ျပာေရာင္၊style pant အနက္ေရာင္ကို တြဲဖက္ဝတ္ဆင္ထားေသာ ေဆာ့ဂ်င္ပုံစံက ဆိုးလ္နံနက္ခင္းႏွင့္ အၿပိဳင္ႏုပ်ိဳလန္းဆန္းေနသည္။
Cake bakery ဆိုင္ေလးကို ဖြင့္ထားသည္မွာ ၁ ႏွစ္ေက်ာ္ေလာက္ပဲ႐ွိေသး၏။အေဖမ႐ွိေတာ့သည့္ ေနာက္ပိုင္း စိတ္ေျပလက္ေပ်ာက္ သေဘာမ်ိဳးႏွင့္ ဖြင့္ခဲ့တာ ေပမယ့္ customer အေတာ္မ်ားမ်ား၏ အားေပးမႈေၾကာင့္ အရင္ကထက္ အာ႐ုံစိုက္ကာ သူ႕ဘဝတစ္ခုလုံးကို ကိတ္မုန္႔ဖန္တီးျခင္းအေပၚမွာပဲ ႏွစ္ျမႇဳပ္ထားေတာ့သည္။
ဒီေန႔လည္း menu အသစ္အတြက္ စမ္းသပ္ၾကည့္ဖို႔ ဒီလို ေအးစက္ေနတဲ့ မနက္ခင္းမွာေတာင္ ဇိမ္မယူႏိုင္ဘဲ ဆိုင္ကိုေစာေစာ ထြက္ခဲ့ျခင္း။ဆိုင္ေ႐ွ႕ ခုံတန္းေတြေပၚက တစ္စုံတစ္ေယာက္ကို မျမင္ခင္အခ်ိန္အထိေတာ့ သူ႕မ်က္ႏွာေပၚ ၾကည္ႏူးျခင္းေတြ အျပည့္ႏွင့္ ျဖစ္သည္။
"အစ္ကို..."
ခပ္ႏြမ္းႏြမ္း အျပဳံးတစ္ပြင့္ႏွင့္အတူ ေဆာ့ဂ်င္ မ်က္ႏွာကို ၾကည့္ကာေခၚသည္။မေျပခ်င္ေသးေသာ ေဒါသတရားကို ေနာက္ထပ္တစ္ဖန္မေမြးဖြားလာခင္ ဆိုင္ထဲအတင္းဝင္ၿပီး အေ႐ွ႕က မွန္တံခါးကို အေသပိတ္ပစ္လိုက္သည္။
"အစ္ကို စိတ္ဆိုးမေျပမခ်င္း ကြၽန္ေတာ္မျပန္ဘဲ ေတာင္းပန္ပါ့မယ္"
ဒီေကာင္ေလး သိပ္အေၾကာတင္းသလို သိပ္လည္းေခါင္းမာတယ္။အဲ့ဒီလိုလူမ်ိဳးေတြဆို သိပ္မုန္းတယ္။သူ႕ဘာသာ ဘာျဖစ္ျဖစ္...လွည့္ကိုမၾကည့္ခ်င္တာ။
Apron ႀကိဳးေတြကို ခါးမွာခ်ည္လိုက္ၿပီး ကိတ္မုန္႔လုပ္ဖို႔ျပင္ဆင္ရသည္။မိုးစက္ေတြ တဖြဲဖြဲက်လာသည္။ေလတစ္ခ်က္အေဝွ႔တြင္ ဆိုင္ေ႐ွ႕မွန္ခ်ပ္ေတြအေပၚ မိုးေရေတြ ျဖန္းကနဲ လာစင္သည္။ဆိုင္မွာ အကူေခၚထားတဲ့ ေကာင္ေလးက ေနမေကာင္းဆိုသည့္ အေၾကာင္းျပခ်က္ႏွင့္ခြင့္တစ္ပတ္ယူထားသည္။ဆိုင္ဖြင့္တာကအစ ပိတ္တာအဆုံး ေဆာ့ဂ်င္တစ္ေယာက္တည္း သိမ္းၾကဳံးလုပ္ေန၍ ဒီရက္ပိုင္းအေတာ္ပင္ပန္းသည္။
ဆိုင္ေ႐ွ႕ခုံတန္းေတြအေပၚ မသိမသာအကဲခတ္ၾကည့္ေတာ့ ေကာင္ေလးက ေခါင္းငိုက္စိုက္ခ်ကာ ေက်ာက္႐ုပ္တစ္႐ုပ္လို ၿငိမ္သက္ေနသည္။ေဘးတစ္ေစာင္းျမင္ေနရသည့္ မ်က္ႏွာမွာ မိုးေရေတြ စီးက်ေနသည္။မိုးကလည္း ေတာ္ေတာ္ႏွင့္အမွ်င္မျပတ္ႏိုင္။တစ္ေန႔လုံး တစိမ့္စိမ့္ ႐ြာမယ့္ပုံ။
အပူခံလက္အိတ္ကို သုံးကာ ovenထဲက ကိတ္မုန္႔ေတြကို ထုတ္သည္။ကိုယ္တိုင္ ျမည္းၾကည့္သည့္ အေနနဲ႔ တစ္ဇြန္းခပ္စားလိုက္ေတာ့ လိေမၼာ္နံ႔သင္းသင္းသင္းေမႊးကာ အရမ္းအီမေနဘဲ လတ္ဆတ္သည့္ ခံစားမႈေၾကာင့္ ေဆာ့ဂ်င္ ေက်နပ္သြားသည္။မၾကာမီ စားေနက် ေဖာက္သည္ေတြ တဖြဲဖြဲေရာက္လာၾကသည္။
တစ္ခ်ိဳ႕ကေတာ့ ဆိုင္အဝင္ဝမွာ ထီးေတြခ်ိတ္ရင္း ေရေတြစက္စက္က်ေနသည့္ ေကာင္ေလးကို အထူးအဆန္းသဖြယ္ၾကည့္ၾကသည္။သူတိူ႕အခ်င္းခ်င္း တီးတိုးေျပာသံေတြ ဟိုတစ္စ ဒီတစ္စ ခပ္သဲ့သဲ့ထြက္ေပၚလာသည္။
ဘယ္သူမွ အေရးမလုပ္လည္း ေဂ်ာင္ကုက ခပ္သာသာပင္။ဘယ္သူ႕ကိုမွ လိုက္မၾကည့္ေနသလို ေနရာမွာပဲ ၿငိမ္ၿငိမ္သက္သက္ထိုင္သည္။ေမးေစ့အဖ်ားမွာ တြဲလြဲခိုေနေသာ ေရစက္ေတြကို လက္ႏွင့္ သပ္ခ်သည္။ေဆာ့ဂ်င္ သူ႕အေပၚ စိတ္ဆိုးေျပဖို႔ကသာလွ်င္ အေရးအႀကီးဆုံးျဖစ္သည္။
ဆိုးလ္ရဲ႕ မိုးေရစက္ေတြက ေဂ်ာင္ကုကို မညႇာမတာ ႐ိုက္ခတ္သည္။ေက်ာျပင္ထဲက စိမ့္ကနဲ ခံစားရကာ ပူးယွက္ထားေသာ လက္ႏွစ္ဖက္က ထုံက်ဥ္လာ၏။ဆိုင္ထဲမွာ အစ္ကိုက အလုပ္႐ႈပ္ေနပုံရသည္။သူ႕ကို နည္းနည္းေလးမွ လွည့္မၾကည့္ဘူး။
ခ်စ္ျခင္းေမတၱာဆိုတာ ေပ်ာ္႐ႊင္စရာလို႔ ထင္မွတ္ခဲ့ေပမယ့္ တကယ္တမ္းၾကဳံေတြ႕လာရခ်ိန္မွာေတာ့ ႏွလုံးသားမွာ ဒဏ္ရာေတြ ဗလပြနဲ႔။
မမုန္းပါနဲ႔လား အစ္ကိုရယ္။ကြၽန္ေတာ္႕မွာ စိတ္ခ်မ္းသာစရာ ဆိုလို႔ အစ္ကိုပဲ႐ွိတာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ေဟ့...ေဆာ့ဂ်င္"
စားပြဲခုံေတြကို အဝတ္စတစ္ခုနဲ႔ သန္႔႐ွင္းေနတုန္း ယြန္းဂီေခၚသံေၾကာင့္လွည့္ၾကည့္သည္။အိပ္ခ်င္မူးတူး႐ုပ္နဲ႔ ဆံပင္ေတြ႐ႈပ္ပြေနပုံေထာက္ရင္ေတာ့ တစ္ေနရာရာမွာ ေခြအိပ္လာပုံရသည္။
"ဘာလဲ"
ခပ္ဆတ္ဆတ္ျပန္ထူးေတာ့ သူ႕နားနားကပ္ၿပီး ဆိုင္အျပင္ဘက္ကို ေမးေင့ကာ တိုးတိုးေလး လာေျပာသည္။
"ဟိုေကာင္ေလးမလား...ဘယ္အခ်ိန္ကတည္းက ေရာက္ေနတာလဲ"
"မနက္ဆိုင္ဖြင့္ကတည္းက..."
"ဘာ!!!"
ယြန္းဂီအသံက ဆိုင္တစ္ဆိုင္လုံး ဟိန္းထြက္သြားသည္။မယုံႏိုင္တဲ့အၾကည့္ေတြႏွင့္ ေဆာ့ဂ်င္ကိုၾကည့္ကာ နဖူးေပၚက ဆံပင္ေတြကိုသပ္တင္ၿပီး ေလပူေတြမႈတ္ထုတ္သည္။
"ဒါဆို မိုးေရထဲမွာ တစ္ေန႔လုံးထိုင္ေနတာေပါ့"
"အင္း!!!"
"Omo!!! ငါ့သူငယ္ခ်င္းႀကီးက ေရခဲထက္ေတာင္ ေအးစက္လွခ်ည့္လား..ဝါး...မထင္ရဘူး"
ေဆာ့ဂ်င္က ခုံေတြအားလုံးသန္႔႐ွင္းေရးလုပ္အၿပီး လက္အိတ္ေတြကို ခြၽတ္ၿပီး ေဘစင္မွာလက္သြားေဆးသည္။
ယြန္းဂီက ေဆာ့ဂ်င္လုပ္သမွ် ပါးစပ္အေဟာင္းသားနဲ႔ လိုက္ၾကည့္သည္။အေတာ္ၾကာေတာ့ ဆိုင္အျပင္ဘက္ထြက္သြားသည္။
"ေဟ့ေကာင္ေလး....ၾကည့္စမ္း ေအးစက္ေနေတာ့တယ္..လာ..လာ...ဆိုင္ထဲဝင္"
ေဂ်ာင္ကုက သူေ႐ွ႕လာရပ္သူကို ေမာ့ၾကည့္သည္။အစ္ကိုနဲ႔ လက္ထပ္မယ္ဆိုတဲ့သူ။အစ္ကို႔ကို ပိုင္ဆိုင္ရမယ့္သူဆိုတဲ့ အသိေၾကာင့္ သိပ္အျမင္မၾကည္ေခ်။ပခုံးေပၚလာပုတ္တဲ့လက္ေတြကို ဖယ္ခ်ပစ္ရင္း ဘုၾကည့္ၾကည့္ပစ္လိုက္သည္။
"ေဟ့ေကာင္ေလး!ငါ့ကို ဘယ္လိုအၾကည့္နဲ႔ ၾကည့္ေနတာလဲ၊ေတာက္!!! ငါလုပ္လိုက္ရ"
ယြန္းဂီက လက္နဲ႔႐ြယ္လိုက္ေပမယ့္ ျပဳံးစိစိနဲ႔။တကယ္ေတာ့ သူမ႐ိုက္ပါဘူး။သူ႕ထက္ငယ္တဲ့ေကာင္ဆိုးေလးေတြကိုဆို ၿဖဲေျခာက္တတ္တာ သူ႕အက်င့္။
"ခင္ဗ်ားက အစ္ကို႔ခ်စ္သူမလား"
"ေအး ဟုတ္ေတာ့ ဘာျဖစ္လဲကြ"
"အဲ့ဒါဆို ခင္ဗ်ားနဲ႔ကြၽန္ေတာ္နဲ႔ စကားေျပာစရာအေၾကာင္းမ႐ွိဘူး"
"အမယ္...အေတာ္လာတဲ့ေကာင္ေလးပါလား..ေဆာ့ဂ်င္စိတ္ဆိုးမေျပခင္ အေအးပတ္ၿပီး မင္းအရင္ေသမွာကြ"
"ေသပေစ"
"ေျပာရဆိုရ လက္ေပါက္ကပ္တဲ့ အေၾကာတင္းေလး..ငါပိတ္႐ိုက္လိုက္ရ"
"႐ိုက္ရဲ႐ိုက္ၾကည့္ေလ"
"လူႀကီးကို မေလးမခန္႔နဲ႔...မင္းတစ္ေန႔လုံး မိုးေရထဲမွာ ေနတာ မေအးဘူးလား"
ယြန္းဂီလက္က ခ်က္ခ်င္းဆိုသလို ေဂ်ာင္ကုနဖူးေပၚ ေရာက္သြားကာ စမ္းသပ္သည္။ေဂ်ာင္ကုက အထိမခံ..လက္ေတြကို ပုတ္ခ်သည္။
"မင္း အသားေတြပူေနတယ္..တစ္ေန႔လုံးလည္း ဘာမွမစားရေသးဘူးမလား"
"ကဲပါ...လာစမ္းပါ...ေဆာ့ဂ်င္က အဲ့ေလာက္အဆိုးႀကီးမဟုတ္ပါဘူး..လာ...အထဲဝင္ရေအာင္"
"အစ္ကို ခြင့္မျပဳဘဲ မဝင္ခ်င္ဘူး"
ယြန္းဂီက စိတ္႐ႈပ္လာဟန္ျဖင့္ ဆံပင္ေတြကို ဖြပစ္သည္။ေရခဲလိုေအးစက္တဲ့သူနဲ႔ သံမဏိလို မာေၾကာတဲ့သူနဲ႔ ထိပ္တိုက္ေတြ႕ၿပီ။သူသိေသာ ေဆာ့ဂ်င္က ဒီေလာက္ေသြးမေအးပါ။ဒီေကာင္ေလးနဲ႔က်မွသာ ဒီေလာက္ခါးခါးသီးသီးျဖစ္ေနတာ။
ေျပာမရမယ့္အတူတူ အတင္းလက္ဆြဲေခၚေတာ့ တစ္ေန႔လုံး ေအးစက္ေနသည့္ခႏၶာကိုယ္က သိပ္မ႐ုန္းႏိုင္ေတာ့ဘဲ ယြန္းဂီေခၚရာေနာက္ ႐ုန္းရင္းဆန္ခတ္ႏွင့္ပါလာသည္။
"လာ...လာ...ဒီမွာထိုင္"
သူတို႔ႏွစ္ေယာက္ကို ျမင္ေတာ့ ေဆာ့ဂ်င္မ်က္ႏွာက ႐ုတ္တရက္ ခက္ထန္သြားသည္။
"ယြန္းဂီ...ဘယ္သူ႕ခြင့္ျပဳခ်က္နဲ႔ သူ႕ကိုဆိုင္ထဲေခၚသြင္းတာလဲ"
"ကဲပါကြာ...စိတ္ေလွ်ာ့ပါေဆာ့ဂ်င္ရာ...သူ႕အသားေတြ ပူျခစ္ေနေတာ့တယ္။ေတာ္ၾကာ တစ္ခုခုျဖစ္သြားရင္ မင္းဆိုင္ေ႐ွ႕မွာမို႔ အမႈပတ္ေနလိမ့္မယ္"
"သူ႕စိတ္နဲ႔သူ လုပ္ခ်င္ရာကို လုပ္တာ။ငါနဲ႔ ဘာမွမဆိုင္ဘူး"
ေျပာရက္လိုက္တာ အစ္ကိုရာ။အစ္ကို ကြၽန္ေတာ္႕ကို အရမ္းမုန္းေနတာပဲ။
လိမ့္ဆင္းလာတဲ့ မ်က္ရည္စေတြက အဖ်ား႐ွိန္ေၾကာင့္ ပူေလာင္ေနေသာ ေရေႏြးစက္ေတြ သဖြယ္။တစ္ကိုယ္လုံး ပူေလာင္လာၿပီး ေခါင္းထဲက ထိုးကိုက္လာည္။မတတ္ႏိုင္ေတာ့တဲ့ အဆုံး စားပြဲေပၚ လက္တင္ၿပီး ေခါင္းကိုေမွာက္ခ်လိုက္ရေတာ့သည္။
"ေကာင္ေလး...ဘာျဖစ္တာလဲ..ငါ ထင္တယ္..ဒီေလာက္နာရီေတြ အၾကာႀကီး မိုးေရထဲထိုင္ေနတာ..ဖ်ားလိမ့္မယ္လို႔"
ယြန္းဂီရဲ႕ ပူညံပူညံ အေျပာတစ္ခ်ိဳ႕က ေဂ်ာင္ကု နားထဲ မဝင္တစ္ခ်က္ ဝင္တစ္ခ်က္ႏွင့္။အဖ်ား႐ွိန္ေၾကာင့္ သူ႕ရင္ဘတ္တစ္ခုလုံး မီးခဲတစ္ခုလို ပူေလာင္ေနသည္။
"ထႏိုင္လား...ေရာ့..စားၿပီး ျပန္ေတာ့"
ဒါက အစ္ကို႔ အသံျဖစ္သည္။မႏူးညံ့သည့္တိုင္ေအာင္ ခက္ထန္မႈမ႐ွိသည့္ အစ္ကို႔အသံကို ဘယ္ေနရာကပဲၾကားရပါေစ၊ရင္ထဲအသည္းထဲက မွတ္မိသည္။
"ပါးစပ္ဟ.."
အပူခိုးေတြ ေဝေနသည့္ မ်က္လုံးေတြက အစ္ကို႔ကို သဲသဲကြဲကြဲ မျမင္ရ။ၿပီးေတာ့ ႏႈတ္ခမ္းနားေရာက္လာသည့္ ဆန္ျပဳတ္ပူပူတစ္ဇြန္း။ေယာင္ရမ္းၿပီး မ်ိဳခ်လိုက္ေတာ့ ဖိတ္စင္ထက္ဝက္ေပသြားေသာ ႏႈတ္ခမ္းေတြအေပၚကို တစ္႐ႈးစတစ္ခုနဲ႔ ဖြဖြလာသုတ္သည္။
ဒါက အိမ္မက္ပဲ ျဖစ္မွာ။အစ္ကိုက သူ႕ကို ဒီေလာက္မုန္းေနတာ။အနားကပ္မခံႏိုင္ေလာက္ေအာင္ကို ခါးခါးသီးသီးျငင္းေနတာ။အိမ္မက္ မက္ေနတာပဲ ျဖစ္မွာ။
"အစ္...အစ္ကိုယြန္းဂီလား"
"စကားမမ်ားနဲ႔...ျပန္ေပေတာ့။မနက္ျဖန္လည္း ထပ္မလာနဲ႔ေတာ့"
"အစ္ကိုရာ..."
ေသခ်ာပါၿပီ။ဒါ အိမ္မက္မဟုတ္ဘူး။
ႏူးညံ့မႈ ေသးေသးေလးကေတာင္ ဒီေလာက္ရင္ခုန္ၾကည္ႏူးေစတာ။ေနာက္ထပ္ ဘယ္လိုအရာနဲ႔မွ ထပ္မျပဳစားရင္ေတာင္ ဒီလူမွာ အ႐ူးအမူးပါပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ေမာင္ရင္..အဆင္ေျပရဲ႕လား"
ကားတံခါးကို ျပန္ပိတ္လိုက္ရင္း 'အဆင္ေျပတယ္'ဆိုသည့္သေဘာႏွင့္ လက္ကာျပသည္။အဖ်ား႐ွိန္ေငြ႕ေငြ႕ေၾကာင့္ ေျခလွမ္းေတြက သိပ္ေတာ့မမွန္ခ်င္။အိမ္ႀကီးက တိတ္ဆိတ္ၿငိမ္သက္ေနသည္။အိမ္ဝကေန ဆီးႀကိဳေပးမယ့္သူ မ႐ွိ၊ေစာင့္ေမွ်ာ္ေနမယ့္သူလည္း မ႐ွိ၊မီးေတြသာ ထြန္းမထားလွ်င္ တေစၧေျခာက္သည့္ အိမ္ႀကီးႏွင့္ေတာင္ တူလိမ့္မည္။
အေပၚထပ္ေလွကားထစ္ေတြကို တစ္ထစ္ခ်င္း အားယူၿပီးတက္သည္။အခန္းမီးဖြင့္ၿပီး အထဲသို႔ဝင္ကာ ကုတင္ေပၚပစ္လွဲခ်လိုက္သည္။မ်က္လုံးေတြကို မွိတ္ထားလိုက္ၿပီး အသက္ကို ခပ္ျပင္းျပင္း ႐ႈသြင္း၊႐ႈထုတ္လုပ္သည္။
"ေျဖာက္....ေျဖာက္....ေျဖာက္"
ေရခ်ိဳးခန္းထဲက ေရတစ္စက္စက္က်သံေၾကာင့္ မ်က္လုံးေတြကို အတင္း အားယူၿပီးဖြင့္သည္။
ဘယ္သူလဲ....အေဖေရာက္ေနတာလား။
မသက္ာမႈမ်ားစြာႏွင့္ မ်က္ႏွာခ်င္းဆိုင္ အခန္းထဲကိုၾကည့္လိုက္ေတာ့ မီးေရာင္သဲ့သဲ့ျမင္ရသည္။လြန္ခဲ့ေသာ ၂ ႏွစ္ေက်ာ္ကတည္းက ဘယ္သူမွမေနဘဲ အေသပိတ္ထားေသာ အခန္း။
႐ုတ္တရက္ ေဒါသစိတ္ေတြ မႊန္ထူသြားကာ ထိုအခန္းတံခါးကိုဆြဲဖြင့္လိုက္သည္။အသုံးအေဆာင္ပစၥည္းအေတာ္မ်ားမ်ားႏွင့္ တန္းလန္းခ်ိတ္ထားေသာ ေယာက်္ားဝတ္အက်ီေတြက ဟိုတစ္စ ဒီတစ္စ ပ်ံ႕က်ဲေနသည္။အခန္းနံရံက တစ္စုံတစ္ေယာက္ရဲ႕ ဓာတ္ပုံေတြေနရာမွာ နံရံကပ္စကၠဴအသစ္ေတြက ေနရာယူထားသည္။
"ကဲကြာ...."
"ဒုန္း!!!"
"ဘုန္း!!!"
အနားမွာေထာင္ထားေသာ Golf ႐ိုက္တံကို ဆြဲယူၿပီး မွန္တံခါးေတြကို ႐ိုက္ခြဲပစ္သည္။မွန္စေတြ ပ်ံ႕က်ဲသြားေသာ ၾကမ္းျပင္ထက္နင္းၿပီး ခ်ိတ္ထားေသာ အဝတ္ေတြအကုန္ ျပတင္းေပါက္ကေန လႊင့္ပစ္သည္။အသုံးအေဆာင္ပစၥည္းအားလုံး ၾကမ္းျပင္ထက္ ဖြာလန္က်ဲကုန္သည္။ဒါေတာင္ သူ႕ေဒါသက မေျပေသး။
"ေဟ့ေကာင္!!! မင္းအခုဘာလုပ္ေနတာလဲ"
ေရခ်ိဳးၿပီးကာစ တဘက္ပိုင္းတစ္ထည္သာ ကိုယ္ေပၚမွာ ပတ္ထားေသာ အေဖ။
နားထင္ေၾကာေတြ ေထာင္ထလာသည္အထိ ေဂ်ာင္ကုက ခပ္တင္းတင္း အံႀကိတ္သည္။မ်က္ႏွာျပင္တစ္ခုလုံး ရဲရဲေတာက္ကာ ေသြးေရာင္လႊမ္းေနသည္။လက္ထဲက golf႐ိုက္တံကိုကား လႊတ္မခ်မိေသး။
"ဒီအခန္းကို ဘာကိစၥထိတာလဲ၊အေဖ့မွာ ထိခြင့္႐ွိလို႔လား"
"ေအး...ငါ့အိမ္မွာ ငါ့ဘာသာ ဘယ္အခန္းမွာေနေနေပါ့ကြ၊အဲ့လိုလုပ္ေနလည္း ေသတဲ့သူက ျပန္႐ွင္မလာဘူးကြ"
"အံ့ၾသတယ္...တကယ္အံ့ၾသတယ္။အေဖပါးစပ္က ဒီလိုစကားမ်ိဳးထြက္လာႏိုင္တယ္ေနာ္..မင္ဟိုအေပၚနည္းနည္းေလးမွ အားနာစိတ္မ႐ွိဘူးလား"
"မင္ဟိုဆိုတာ ငါ့ဘဝမွာမ႐ွိဘူးကြ၊မင္းလည္း ေသသြားတဲ့သူတစ္ေယာက္ကို ေမ့ပစ္လိုက္ဖို႔ေကာင္းၿပီ"
"မင္ဟိုဓာတ္ပုံေတြ အခုျပန္ေပး...မေပးရင္ ဒီကိစၥတစ္ခုလုံးကို အစက ျပန္ေဖာ္ပစ္မွာ"
"ေတာက္!!!အ႐ူးေကာင္"
ေဒါသတႀကီးထြက္သြားေသာ အေဖ့ကို ေနာက္ထပ္မၾကည့္ခ်င္ေတာ့။ဘာေၾကာင့္မို႔ ဒီေလာက္ေတာင္ ရက္စက္ရတာလဲ အေဖရယ္။
"မင္ဟို!ခြင့္လႊတ္ေပးဖို႔ မထိုက္တန္မွန္းသိေပမဲ့....ငါ....ေတာင္း...ပန္ပါတယ္"
မွန္ကြဲစမ်ားၾကား ထိုင္ၿပီး ငိုေႂကြးေနေသာ ေဂ်ာင္ကုရဲ႕ ေက်ာျပင္က်ယ္က တသိမ့္သိမ့္တုန္ခါေနသည္။ရက္စက္ယုတ္မာမႈေတြနဲ႔ ျပည့္ေနတဲ့ ေလာကႀကီးမွာ တစ္ခါတစ္ေလ လူသားမဆန္တဲ့ လုပ္ရပ္မ်ိဳးေတြလည္း ႐ွိတတ္တယ္မဟုတ္လား။ေသသြားတဲ့သူ အဖို႔ ခဏတာ နာက်င္ရေပမယ့္ က်န္ေနခဲ့ရသူေတြမွာ နာက်င္မႈက တစ္သက္တာအတြက္ တစိမ့္စိမ့္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Thanks for your reading & voting.Riona
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



