Fanfics

37

22:34, 30 August 2025

" phi .... phi Perth ! "

တိတ်ဆိတ်နေသော ဆေးရုံခန်းထဲတွင် ခပ်တိုးတိုးခေါ်သံလေးက သိသိသာသာ ထွက်ပေါ်လာသည် ။ သို့သော် ခပ်လှမ်းလှမ်းက ခုံတွင် အိပ်ပျော်နေသော ခင်ပွန်းဖြစ်သူက မနိုးပေ ။

" phi Perth ! "

အနည်းငယ် ခပ်ကျယ်ကျယ်လေး ခေါ်တော့လည်း ဟင်း ဟုသာ အသံထွက်လာပြီး လူကနိုးမလာ ။ အချိန်တိုင်းနီးပါး မအိပ်ဘဲ အရိပ်တကြည့်ကြည့်နေတတ်သူမို့ ယခုအိပ်ပျော်ချိန်တွင် နက်နက်ခြိုက်ခြိုက်ဖြစ်နေပုံပေါ်သည် ။ သို့သော် မနိုး၍မရ ။ ပြချင်တာ ရှိ၏ ။

" phi ! .... ယောက်ျား !! "

" ဟင် Tata ဘာဖြစ်လို့လဲ ! "

ထိုအခါမှ အိပ်ချင်မူးတူးဖြင့် ငေါက်ခနဲထထိုင်သူက စိုးရိမ်တကြီး ကြည့်လာသည် ။ Santa ခေါင်းအသာခါရင်း သဘောတကျ ပြုံးမိသည် ။

ယောက်ျားလို့ ခေါ်မှ နိုးသတဲ့ ။

" ဒီနား ခဏလာခဲ့ "

ဆိုတော့ ချက်ချင်းထလာသူက ကုတင်ဘေးတွင် အသာဝင်ထိုင်သည် ။ မျက်လုံးများကတော့ အိပ်ချက်မူးတူးဖြစ်နေပြီး အိပ်မှုံစုန်ဖွားဖြင့် ဒီယောက်ျားက တကယ်ပင် ချစ်ဖို့ကောင်းလွန်းနေ၏ ။

" ကျွန်တော်ကို ထူပေး "

" အင်း ဗိုက်နာလို့လား တစ်နေရာရာက နာလို့လား "

မေးရင်းဖြင့် အသာထူပေးကာ ကျောနောက်သို့ ခေါင်းအုံးခုပေးလာတာမို့ အသာမှီလိုက်တော့ သူ့အဖြေကို စောင့်စားနေသည့် ခင်ပွန်းဖြစ်သူက နဖူးကိုပါ လက်ဖြင့်စမ်းကြည့်လာသည် ။ နေမကောင်းလို့ နိုးလိုက်တယ်ထင်ပုံရပါသည် ။

" နေလို့ကောင်းတယ် phi ကို ပြစရာရှိလို့ "

" ပြစရာ ... "

" အင်း လက်ခဏပေး "

လက်ထုတ်ပေးလာတာကြောင့် ဆွဲယူပြီး လှုပ်ရှားမှုအသေးလေးရှိရာဆီသို့ ထင်လိုက်သည် ။ ထိုအခါ ဗိုက်ထဲက သားက သူ့ဒယ်ဒီကို သိသလို ပို၍လှုပ်ရှားလာတာမို့ phi Perth မှာ မျက်လုံးအဝိုင်းအသားဖြင့် သူ့ကိုမော့ကြည့်လာသည် ။ ပြီးနောက် ဗိုက်ထဲရှိ လှုပ်ခတ်နေသေး နေရာကို တစ်ဖန်ပြန်ကြည့်ကာ အံ့ဩနေသေး၏  ။

" Tata ... "

" phiသားက ဒီရက်ပိုင်း အရမ်းဆော့တယ် "

ထိုအခါ ပိတိဖြစ်စွာပြုံးလာကာ သူ့သား၏လှုပ်ရှားမှုကို သဘောတကျတို့ထိကြည့်နေသည့်လူက မျက်လုံးတွေကအစ အရောင်လဲ့နေ၏ ။

" သားဆော့ရင် နာလား "

" ဟင် "

" သားကန်တဲ့အခါ နာမယ်ထင်တယ်နော် "

လှုပ်ရှားနေသော ဗိုက်နေရာအား ခပ်ဖွဖွပွတ်ရင်း စိုးရိမ်နေသော မျက်ဝန်းလေးဖြင့်ကြည့်ကာ ပြောလာသည့် ခင်ပွန်းကြောင့် Santa တဘောတကျ ထပ်ပြုံးမိပြန်သည် ။ ထို့ကြောင့် phi Perth ၏လက်ပေါ် အုပ်ကိုင်လိုက်ရင်း

" သားက အားသန်တော့ တစ်ချက်တစ်ချက်တော့ နာတယ် ၊ ဟိုနေ့ကတည်းက ပြောပြမလို့ အဲ့တုန်းက သားက ဒီလောက်ကြီးမဆော့ဘူးလေ တစ်ချက် နှစ်ချက်ပြီးရင် ငြိမ်သွားတာ ဒါပေမယ့် သားက ကျွန်တော့်ဗိုက်ထဲမှာ ကျန်းကျန်းမာမာရှိနေတာ သိရတော့ နာရင်တောင် သဘောကျမိတယ် "

* ပြွတ်စ်!*

စကားသံအဆုံး နဖူးလေးအား မနေနိုင်စွာ နမ်းလိုက်တော့ မျက်ဝန်းဝိုင်းလေးများဖြင့် မော့ကြည့်လာသော ဗိုက်ပူလေးက ချစ်စရာအတိ ။ တစ်နေ့တစ်နေ့ အချစ်ပိုးရလွန်းလို့ ဘယ်လိုလုပ်ရမလဲမသိ ။ ဗိုက်ပူလေးဖြစ်နေတာတောင် တစ်ရက်ထက်တစ်ရက် ပိုပိုလှလာတာလည်း ခက်သား ။ အခုလိုလေး ဖခင်တစ်ယောက်လို ပြောဆိုနေတော့ သူအမြဲမြင်ခဲ့ရတဲ့ ကလေးသာသာကောင်လေးမဟုတ်တော့မှန်း ပိုပြီးခံစားလာရတယ် ။ အဲ့ဒီလို ခံစားရတော့ ဒီကောင်လေးအပေါ် ပိုပြီးမြတ်နိုးလာမိတယ် ။ သူ့ရင်သွေးလေးကို အခက်အခဲတွေကြားက လွယ်ပေးထားတယ်ဆိုတဲ့အသိနဲ့တင် ဒီကောင်လေးအတွက် ဘာနေနေလုပ်ပေးချင်လာတယ် ။

မျက်ဝန်းဝိုင်းလေးတွေက အဲ့ဒီလောက်အထိကို အခုအချိန်ထိ အစွမ်းထက်တုန်း ။ လှနေတုန်း ။ ဘယ်တော့သောအခါမှ ရိုးအီမသွားမယ့် မြင်ကွင်းလှလှလေးက Santa Pongsapak ရဲ့ မျက်ဝန်းဝိုင်းလေးတွေဖြစ်မယ်ထင်တယ် ။

" လှတယ် .... "

" .... "

" သားကို လွယ်ထားတာတောင် လှနေတုန်းပဲ "

" မ ... မလှပါဘူး "

မျက်ဝန်းဝိုင်းလေးတွေကို စိုက်ကြည့်ကာပြောတော့ ခေါင်းငုံ့ကာဖြင့် အရှက်သည်းနေသည့် ကလေးအဖေပေါက်စလေးက တကယ်ပင် ဆွဲညှစ်ပစ်ချင်စရာကောင်းလွန်းလှ၏ ။ ဆံပင်လေးကလည်း သိသိသာသာကို ရှည်နေပြီမို့ အလှလေးကို ပိုပြီးပံ့ပို့ပေးနေသလိုပင် ။

" လှတယ် ၊ Tata က ဘယ်အချိန်ကြည့်ကြည့်လှတယ် "

" phi .... ! "

နှုတ်ခမ်းလေးကပါဆူချင်လာပြီမို့ ဆက်မစတော့ပဲ ဆံပင်လေးအား ဆွဲဖွလိုက်တော့မှ ဆူပုတ်ချင်နေသည့်နှုတ်ခမ်းလေးက ပြုံးလာ၏ ။

" အာ့ ! .. "

" ဘာဖြစ်တာလဲ "

" သား ... သားကန်လိုက်တာ "

ဆောင့်ကန်လိုက်သလားမှတ်ရအောင်ပင် ကန်ထည့်လိုက်သည့် သားကြောင့် Santa မျက်နှာလေးမှာ သိသိသာသာကို ရှုံ့မဲ့သွားရ၏ ။

" ဟေ့ ! ဗိုက်ထဲက ကောင်လေး ၊ မင်းပါပါးက သေးသေးလေးနော် အရမ်းမဆော့ရဘူး ၊ ဒီမှာ ပါပါးနာသွားပြီ ၊ ဒယ်ဒီရိုက်မှာနော် မလိမ္မာရင် ... "

ထိုသို့ပြောကာ ဗိုက်ပူပူလေးကို ထပ်မံပွတ်ပေးတော့ မျက်ဝန်းဝိုင်းလေးတွေဖြင့်လှည့်ကြည့်လာကာ မျက်နှာလေးက ပြန်ပြုံးလာ၏ ။ ထိုအခါမှ Perth လည်း လိုက်ပြုံးနိုင်ကာ ဗိုက်ပူပူလေးကို ပွတ်ပေးနေလိုက်သည် ။ သားကလည်း သူ့စကားကို နားလည်သည့်အလား မကန်တော့ဘဲ ငြိမ်ကျသွား၏ ။

" ဒီကောင်ကြီးလာရင် ဘောလုံးသမားလုပ်မယ်ထင်တယ် "

" phi နော် ... "

" အခုကတည်းက အကန်ကြမ်းနေပီလေ ၊ ကိုယ်တို့တော့ ဘောလုံးသမားရဲ့ဖေဖေတွေဖြစ်တော့မယ်ထင်တယ် "

ဗိုက်ကိုပွတ်ပေးလျက် ပြုံးကာဆိုနေသူ၏ မျက်နှာသည် ည၏အလင်းထက်တောင် တောက်ပနေပါသေးသည် ။ သားကလည်း သူ့ဒယ်ဒီပွတ်ပေးနေလို့ထင် ငြိမ်ကျသွားသည်မှာ အခုအချိန်အထိ ။ ထို့ကြောင့် Santa လက်ဖြင့် Perth ၏လက်ကို ပို၍ဆုပ်ကိုင်လိုက်တော့ ဗိုက်ထဲကသားကို ကြည့်နေရာမှ Santa ထံအကြည့်ရောက်လာသည် ။ နူးညံ့လွန်းသည့် မျက်ဝန်းများသည် အဓိပ္ပာယ်များစွာပါပြီး နွေးထွေးလှ၏ ။

" အိမ်ပြန်ရောက်ရင် မချိတ်ရသေးတဲ့ ဓာတ်ပုံလေးတူတူချိတ်ရအောင် ၊ သားရော ရှိနေမှာဆိုတော့ ပိုပြီးပျော်စရာကောင်းနေမှာ "

ပြောပြီးသည်နှင့် ထိုလက်ဖဝါးပြင်အားဆွဲယူကာ ပါး၌ကပ်လိုက်တော့ သူ့ပါးပြင်အား လက်မဖြင့်ခပ်ဖွဖွဖိပွတ်ကာ ချော့မြူလိုက်ခြင်းကြောင့် မျက်လုံးတွေပင် မှိတ်ထားမိသည်အထိကို ရင်ထဲနွေးထွေးမှုက လှိုက်တက်လာခဲ့သည် ။

" မိသားစု ဓာတ်ပုံတွေလည်း ထပ်ရိုက်မယ်လေ ၊ သားငယ်ငယ်ကတည်းက ဓာတ်ပုံတွေ video တွေ အများကြီးစုရင် ကြီးလာတဲ့အခါ အမှတ်တရတွေ အများကြီးဖြစ်နေမှာ "

" phi ငယ်ငယ်က Milo တောင်းတဲ့ video လိုလား "

Santa စကားကြောင့် Perth က အသံထွက်တဲ့အထိ သဘောတကျရယ်မော၏ ။

" Milo .... Milo ..... "

" Tata နော် "

Perth အတိုင်းလိုက်လုပ်ကာ စနေသည့် ကောင်လေးကြောင့် ပါးလေးကိုဆွဲညှစ်တော့ လျှာထုတ်ပြ၏ ။ ဒီလို မျက်နှာပြောင်တတ်တဲ့ကောင်လေးကို တကယ်လွမ်းနေခဲ့တာ ။

" စလို့ဝရင် အိပ်တော့ အချစ် ၊ မနက်နိုးရင် အိပ်ရေးမဝဘဲနေမယ် ပြွတ်စ်! "

ပြောပြီး နှုတ်ခမ်းလေးအား အနမ်းပေးလိုက်တော့ ပြုံးကာ ခေါင်းငြိမ့်ပြ၏ ။ ထို့ကြောင့် ကိုယ်ပေါ်သို့ စောင်လေးအားသေချာခြုံပေး၍ နေရာချပေးပြီး နဖူးလေရအား ပြန်နမ်းလိုက်ကာ ဆံပင်လေးတွေကို သတ်သင်ပေးတော့ မျက်လုံးလေးတွေမှိတ်ချသွားသည် ။ လက်တစ်ဖက်ကိုလည်း တင်းနေအောင်ဆုပ်ကိုင်ထားတာမို့ ကုတင်ဘေးက ခုံတွင်ထိုင်ကာ အိပ်ပျော်သည်အထိ စောင့်ပေးနေလိုက်သည် ။

အတန်ကြာမှ အသက်ရှုသံမှန်မှန်လေးဖြင့် အိပ်ပျော်သွားသည့်ကောင်လေးသည် ဆေးရုံဝတ်စုံလေးဝတ်ထားတာတောင် ချစ်စရာကောင်းလွန်းနေပြန်၏ ။ သို့နှင့်အတူ အတွေးကလွန်မိပြန်တော့ ခုဏကအထိ အပြုံးတို့သည် ဘယ်ဆီလွင့်သွားပြီမှန်းမသိ ။

သားရော မင်းရောကျန်းကျန်းမာမာနဲ့ ကိုယ့်အနားမှတစ်သက်လုံး နေပေးရမယ်နော် Tata .... ။

-----

" phi ..... နော်လို့ "

" နောက်နေ့မှဆိုရင်ရော ဒီနေ့ မင်းနေမကောင်းဘူးလေ Tata ရဲ့ "

အသံခပ်တိုးတိုးလေးဖြင့် ဖြစ်ချင်တာကို တောင်းဆိုလာပေမယ့် မလိုက်လျောချင်ပေ ။ အခန်းထဲမှနေရတာ ငြီးငွေ့လာပြီမို့ အပြင်ခဏထွက်ချင်ပါတယ်တဲ့ ။ ဖြစ်ချင်တော့ ဒီနှစ်ရက် သုံးရက်အတွင်းမှာ ခြေလက်တွေကပြန်ယောင်နေပြီး အယောင်မကျတဲ့အပြင် အဖျားကလည်း ရှိနေတော့ အပြင်ခေါ်မသွားချင် ။ အဲ့ဒီထက် မျက်နှာလေးကပါ ဖြူလျော့လျော့ဖြင့် အားမရှိလွန်းတာမို့ ဆေးလည်း ဆက်တိုက်ချိတ်ထားရသေး၏ ။

" Tata .... "

ခေါ်သော်လည်း လှည့်မကြည့် ။ တစ်ဖက်သို့ မျက်နှာလွှဲကာနေသည် ။  စိတ်ဆိုးသွားတာ ဖြစ်မည်မို့ Perth ဘယ်လိုချော့ရမှန်းမသိပါ ။ ဘေးမှာရှိနေသော မေမေတို့ကလည်း သူ့တို့ဆီ အကဲခတ်ကြည့်နေသည် ။

" Ta .... "

လက်ကလေးကိုပါ ကိုင်လိုက်တော့ ချက်ချင်းရုန်းကာ ပိုပြီးမျက်နှာလွှဲသည် ။ ဒီလိုဆိုတော့ ဘယ်သူက စိတ်ချမ်းသာမည်လဲ ။ ပြီးတော့ ဤမျှလောက် စိတ်ဆိုးတာမျိုးမမြင်ဖူးပေ ။ မဟုတ်ဘူး Tata က ဆေးရုံရောက်ပြီးမှ အခုလို စိတ်ဆိုးတာမျိုး မရှိဖူးပေ ။

Perth သက်ပြင်းယဲ့ယဲ့သာချနိုင်ပြီး ကုတင်ပေါ်က ကောင်လေးကို ကြည့်လျက်သာ ရပ်နေမိသည် ။ သူလည်း စိတ်မကောင်းဖြစ်မိပါသည် ။ ဒီအခန်းထဲမှာ ရက်တွေအကြာကြီးနေရခြင်းကို ဘယ်သူက နှစ်သစ်မှာတဲ့လဲ ။ သူဆိုလျှင်လည်း နေချင်မှာမဟုတ်ပေ ။

" သား ... ခဏလေးဖြစ်ဖြစ် ပို့ပေးလိုက်ပါလား "

မေမေက စိတ်မကောင်းဟန်ဖြင့် ပြောလာတာမို့ လှည့်ကြည့်လိုက်တော့ Dunk ပါရောက်နေသည် ။ ဘယ်ချိန်ရောက်နေမှန်းတောင် မသိလိုက်ပေ ။

" ဖြစ်ပါ့မလား ... "

Perth လည်း ဖြစ်နိုင်ရင် ချစ်ရသူ ဝမ်းနည်းနေတာမမြင်ချင်တဲ့လူမို့ Dunk ကို အားကိုးတကြီးမေးလိုက်သည် ။

" ဝီးချဲနဲ့ဆိုရင် ရမယ်ထင်တယ် ၊ Ta က လမ်းလျှောက်နိုင်မှာ မဟုတ်ဘူး ၊ ဆေးချိတ်ထားတာလည်း ဒီတစ်အိတ်ပြီးရင် ရပါပြီ "

" ကျေးဇူးတင်ပါတယ် "

" မဟုတ်တာ Ta လည်း အပြင်ထွက်ချင်မှာပေါ့ ၊ ခဏနေရင် ဝီးချဲလာပို့ခိုင်းလိုက်မယ် "

ပြီးနောက် Dunk က Tata ကို ခဏကြည့်ပေးပြီး ပြန်ထွက်သွားသည် ။ သိပ်မကြာလိုက် nurse တွေက ဝီးချဲလာပို့ပေးတာမို့ အပြင်ခဏထွက်ပေးဖို့ လုပ်ရသည် ။

" Tata .... ကိုယ် အပြင်လိုက်ပို့မယ်နော် "

ထိုအခါ ခေါင်းငြိမ့်ပြလာသည့် ကောင်ငယ်လေးသည် ခုဏကကဲ့သို့ စိတ်ဆိုးခြင်းမရှိတော့ပေ ။ ထို့ကြောင့် ဗိုက်လုံးလုံးလေးနှင့်ကိုယ်ငယ်လေးအား အသာပွေ့ချီကာ ဝီးချဲပေါ်တင်ပေးလိုက်သည် ။ ပြီးနောက် အခန်းပြင်သို့တွန်းလာခဲ့ပြီး လေကောင်းလေသန့်ရမည့် ဆေးရုံအောက်က မြက်ခင်းပြင်များရှိရာဆီသို့ ခေါ်လာခဲ့လိုက်သည် ။

ထိုနေရာတွင် အခြားလူအချို့လည်း ရှိနေတာမို့ ဆေးရုံခန်းနဲ့မတူဘဲ အတော်လေး ကောင်းမွန်၏ ။ နောက်မှီပါသည့်ခုံးတန်းလျားလေးအား ရွေးကာ Santa က တွဲလျက်ထိုင်စေပြီး ဘေးတွင် Perth က ဝင်ထိုင်ကာ မှီစေလိုက်သည် ။

" ပင်ပန်းနေပြီလား .... "

ပုခုံးပေါ် ခေါင်းလေးမှီတင်လာခြင်းနှင့်အတူ ကြားလိုက်ရသော စကားသံတိုးတိုးအား Perth ချက်ချင်းနားမလည်နိုင် ။ တကယ်ဆိုရင် ဒီမေးခွန်းက သူမေးရမည် မဟုတ်လား ။

" တောင်းပန်ပါတယ် ... ဒီထက်ပိုပြီး သန်မာနိုင်မယ်ထင်ခဲ့တာ ၊ အခုတော့ phi ကို အများကြီး အလုပ်ရှုပ်စေမိပြီ "

" Tata .... "

ပုခုံးတစ်ဖက်ပေါ်က ခေါင်းလေးထံ စောင်းငဲ့ကြည့်ကာခေါ်တော့ မော့မကြည့်ဘဲ ရှေ့ရှိ မြင်ကွင်းတို့ကိုသာ ငြိမ်လျက်စိုက်ကြည့်နေ၏ ။ ထိုမြင်ကွင်းတွင် ဆေးရုံဝတ်စုံလေးဖြင့် ဆော့ကစားနေသော ကလေးလေးနှင့် အတူလိုက်ဆော့ပေးနေသော မိဘတွေရှိ၏ ။

" phi ..... ကလေးလေးက နေမကောင်းဘူးထင်တယ်နော် "

" သူ့မိဘတွေနဲ့ ဆော့နေပုံထောက်ရင် သက်သာနေလောက်ပါပြီ "

" အင်း ကျွန်တော်လည်း သားနဲ့ဆော့ချင်သေးတယ် "

ထပ်ကြားလိုက်ရသည့် စကားကြောင့် Perth ရင်ထဲ ဆစ်ခနဲဖြစ်တဲ့အထိ အောင့်သက်သွားသည် ။

" ဘာတွေပြောနေတာလဲ ၊ ကိုယ်တို့နှစ်ယောက်လုံး သားနဲ့အတူတူ ဆော့လို့ရတာပဲလေ "

ထိုအခါ တိတ်ဆိတ်သွားပြီး ဘာမှပြန်မဖြေတော့ပေ ။ အတော်ကြာသည်အထိ တိတ်ဆိတ်နေခဲ့ပြီး Perth လည်း ဘာပြောလို့ပြောရမည်ကို မသိတော့ပေ ။ စကားတို့သည် ရှာမရ ။ ဘယ်လိုစကားမျိုးက အခုအချိန်မှာ အကောင်းဆုံးဖြစ်မည်လဲ ။ အဲ့ဒီလို မသိနေခြင်းက သူ့ရင်ကို အောင့်သက်လာစေသည် ။ ဘာမှမလုပ်ပေးနိုင်တဲ့အပြင် စကားလုံးလေးတစ်ခုတောင် မရှာနိုင်ခဲ့ဘူး ။

" သားက ချစ်စရာကောင်းမယ်လို့ထင်လား "

" ကိုယ်တို့သားလေးပဲ ချစ်စရာအကောင်းဆုံးဖြစ်မှာပေါ့ Tata ရဲ့ ၊ Tata နဲ့တူရင် ပိုတောင်ချစ်ဖို့ကောင်းအုံးမှာ "

" တကယ်တော့ သားကိုအိပ်မက်မက်ခဲ့သေးတယ် "

ထိုစကားကြောင့် Perth ထပ်မံ၍ စောင်းငဲ့ကာ ငုံ့ကြည့်လိုက်သည် ။ ဒီတစ်ခါလည်း ရှေ့ကိုသာ ငေးစိုက်နေတုန်းဖြစ်သည့် ကောင်ငယ်လေးသည် စကားဆက်ပြောဖို့ အားယူနေပုံပေါ်၏ ။

" သား ကျွန်တော်တို့ဆီ ရောက်မလာခင်တုန်းကထင်တယ် "

" ..... "

" အမှောင်ထဲမှာ ကလေးလေးတစ်ယောက်ငိုနေတာ ၊ ကျွန်တော်က ပြေးပြီးသွားချော့တော့ ကျွန်တော့်ကို ဖက်ပြီးငိုတယ် ၊ ကျွန်တော့်ကို ခေါ်သွားပေးပါတဲ့ ... "

" အဲ့တာ သားလား "

" ဟုတ်မယ်ထင်တယ် ၊ ကျွန်တော်သူ့ကို ခေါ်သွားပေးမယ်ပြောတော့ ပျော်နေတာ ၊ အဲ့ဒီမျက်နှာလေးအခုထိ မမေ့ဘူး ၊ ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားတဲ့ကလေးလေးက သူ့ကို ပစ်သွားမှာတော့ အရမ်းကြောက်နေတဲ့ပုံပဲ ၊ ကျွန်တော်ကတိပေးခဲ့သေးတယ် .... သူ့ကို မိသားစုလေးဆီ ခေါ်သွားပေးမယ်လို့ ၊ ပြီးတော့ သိပ်မကြာဘူး ကျွန်တော့်ဗိုက်ထဲကို သားရောက်လာတယ် "

ယဲ့ယဲ့လေးပြုံးကာ ဗိုက်ကလေးကို ကိုင်ပြီးပြောလိုက်သည့် နောက်ဆုံးအသံလေးမှာ မသိမသာ သိမ်ဝင်သွားသယောင်ရှိ၏ ။ ဘာကြောင့်ရယ်မသိ ။ ပျော်စရာကောင်းသည့် အိပ်မက်ကလေးဖြစ်နေပေမယ့် မပျော်ပဲ ဝမ်းနည်းမှုတွေ တရိပ်ရိပ်တက်လာခဲ့သည် ။ Tata လည်း ထိုသို့ ဝမ်းနည်းနေမည်လား ။ ဒါမှမဟုတ် သူကပဲ .... ။

" phi ..... "

အတွေးတို့သည် နာမည်ခေါ်သံလေးကြားမှ အဆုံးသတ်၏ ။

" ကျွန်တော့်ကို ကတိပေးမလား ၊ တစ်ခုခုဖြစ်သွားခဲ့ရင် .... သားကိုပဲ ရွေးပေးပါ "

" Tata !! "

ထိုအောင့်လာသည့် ရင်ဘတ်နှင့်အတူ ချက်ချင်းလေသံမာလိုက်မိသည် ။ Tata ဆီက ဒီလိုစကားကြားရခြင်းကို သူလုံးဝခံနိုင်ရည် မရှိဘူး ။ မဟုတ်ဘူး Tata ကို ဒီလိုမျိုးတွေ မတွေးစေချင်တာ ။ ဘာကြောင့် တစ်ခုခုဖြစ်ရမှာတဲ့လဲ ။ Tata က သန်မာခဲ့ပုံရှိပေမယ့် ဒီလိုအတွေးမျိုးတွေကိုလည်း တွေးနေခဲ့တာတဲ့လား ။

စို့တက်လာသည့် နာကျင်မှုနှင့် မွန်းကျပ်လာခြင်းကြောင့် လက်သီးကို တင်းနေအောင်ဆုပ်ထားတာတောင် မလုံလောက် ။ မျက်လမ်းစပ်တွေကြိမ်းစပ်လာပြီး အမြင်တွေဝေဝါးလာတာမို့ အကြည့်ကို ချက်ချင်းလွှဲချပစ်ရသည် ။

" phi .... "

" ..... "

" အင်း ကျွန်တော် မပြောတော့ပါဘူး "

ခပ်တိုးတိုးအသံလေးနှင့်အတူ လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်လာတာမို့ ထိန်းမထားနိုင်စွာ မျက်ရည်က ကျရပြန်သည် ။ အခုထိ သူသည် မသန်မာနိုင်သေးပေ ။ တစ်ဖက်ကို မျက်နှာလွှဲကာ လက်တစ်ဖက်ဖြင့် အုပ်ပြီး အံကိုကြိတ်ရင်း Tata မသိအောင် ကြိုးစားရ၏ ။

သေချာပေါက် ဒီကောင်လေးလည်းဝမ်းနည်းနေမှာ ....ဒါကို သူက ငိုပြနေလို့ မဖြစ်ဘူးမလား ။

တိတ်ဆိတ်သွားတယ် ။Tata ရော သူရောအတူရှိနေလျက်နှင့် အဝေးကြီးရောက်သွားကြသလိုတိတ်ဆိတ်သွားမှုမျိုးဖြစ်၏ ။

မဟုတ်ဘူး သူထွက်ပြေးသွားလိုက်ချင်တာTata ကိုရော သားလေးကိုရောထိခိုက်စေမည့် အရာအားလုံးကို အိတ်နဲ့ထည့်လွယ်ပြီးဟိုးအဝေးဆုံးမှာ သွားလွင့်ပစ်လိုက်ချင်တာမဟုတ်လည်း သူ့ဆီမှာပဲ အပြီးတိုင်ယူထားလိုက်ချင်တာ ။

" phi Perth ... "

" အင်း ကိုယ်နားထောင်နေတယ် "

" တာကိုရာကီ စားချင်တယ် ၊ သားကိုမွေးပြီးရင် ဝယ်ကျွေးနော် ၊ ဟိုးတစ်ခါက ဘန်ကောက်ပြန်ရောက်ရင် ဝယ်ကျွေးမယ်ဆိုပြီး phi မေ့နေတယ်မလား ၊ ဒီတစ်ခါတော့ မမေ့ပါနဲ့ "

" ဟုတ်ပြီ ... ကိုယ်ဝယ်ကျွေးမယ် ၊ Tata ကသာ နေကောင်းအောင်နေ "

" phi ... ပြီးတော့လေ wedding dinner တုန်းက ဆိုပြတဲ့သီချင်းလေး ပြန်နားထောင်ချင်တယ် "

" အင်း ကိုယ်ဆိုပြမယ် "

ပြောစရာတွေ အများကြီးကျန်သေးတယ်လို့ ခံစားရပေမယ့် တကယ်တမ်းပြောဖို့ရန် ခက်ခဲနေသလို ခံစားရပြန်၏ ။ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာလား ၊ ဒါမှမဟုတ် နှလုံးအိမ်ထဲကလား ။ ခွဲခြားမသိတော့ပဲ စကားပြောနေရင်း မျက်ရည်တွေဝဲတက်လာသည် ။ သို့ပေမယ့် ဘေးတွင် phi Perth ရှိနေတာမို့ မငိုလိုက်ချင်ပေ ။ စိုးရိမ်စိတ်များလွန်းတတ်သူက အများကြီး စိုးထိတ်သွားမှာလည်း စိုးသည် ။

" ပင်လယ်ကို ပြန်သွားပြီး .... ရေလည်းဆော့ကြမယ် "

" အင်း ကိုယ်ခေါ်သွားပေးပါ့မယ် "

" နောက်ကျရင် သားကိုလည်း ကျောင်းပို့ကျောင်းကြိုလုပ်ရအုံးမယ် .... သားက ကျောင်းပို့ရင် ငိုမယ်ထင်တယ် "

" .... "

"ပြီးတော့ ကျွန်တော် .... phi ကို ... "

ပြောနေရင်းပင် Santa မခံနိုင်လောက်အောင် မျက်ခွံတွေလေးလှံလာကာ အိပ်ချင်လာသည် ။ နှုတ်ခမ်းမှ ထိုစကားအားပြောထွက်ရန်ကြိုးစားပေမယ့် သူ့အသံထွက်ဖို့ပင် အားမရှိတော့လောက်အောင် အိပ်ပစ်ချင်စိတ်ရှိနေသည် ။

သူအိပ်လိုက်ရင် ဘာဖြစ်သွားမှာလဲ ။

ဟင့်အင်း အိပ်လို့မရဘူး ။ဒါကို သိနေတယ် သို့ပေမယ့် ....သို့ပေမယ့် သူ့အမြင်တွေ ဝေဝါးလာပြီး မျက်လုံးကို မှိတ်ချချင်စိတ်ပဲ ရှိတော့တယ် ။

တင်းတင်းဆုပ်ကိုင်ထားသည့်phi Perth ရဲ့ လက်မောင်းတွေကိုလည်းလွှတ်ချပစ်လိုက်ချင်နေတယ် သူ့လက်ချောင်းတွေမှာ အားမရှိတော့သလိုမျိုးလေ..သို့ပေမယ့် အဆုံးထိ ဖမ်းဆွဲထားနေဆဲပဲဒါပေမယ့် .... ဒါပေမယ့်သူ့လက်တွေမှာ ထိတွေ့ဆုပ်ကိုင်မှုမရှိဘဲတစ်ခုခုက လွတ်ကျသွားသလိုပြုတ်ကျသွားသလိုခံစားလိုက်ရတယ်

ပြီးတော့ ပင်ပန်းတယ်နာကျင်တယ် ဘာကပင်ပန်းပြီးဘာက နာကျင်နေတာလဲကိုပင်သူမသိတော့ပေ ခြေတွေ လက်တွေကလည်းသေလောက်အောင်ကိုက်ခဲလာသလိုလိုမဟုတ် နှလုံးသားကပဲ ကိုက်ခဲနေသလိုလို ...

အိပ်လိုက်မှ ဖြစ်တော့မယ်ထင်တယ်သား ....ပါပါးလေ ခဏလောက်တော့အိပ်မှ ဖြစ်မယ် ....ပါပါး အိပ်ပျော်သွားရင် သားဒယ်ဒီကစိတ်ပူနေပြန်အုံးမှာ ဒါပေမယ့် ....

" Tata !! ..... Tata ! "

စကားသံ ထပ်ထွက်မလာတာမို့ ငဲ့ကြည့်လိုက်စဉ် ကောင်​လေး၏ မျက်ဝန်းတွေက မှိတ်ကျနေခဲ့ပြီး လက်မောင်းအားဆုပ်ကိုင်ထားသော လက်ကလေးသည်လည်း အားပြတ်သလို ချက်ချင်းပြုတ်ကျသွားတာမို့ ချက်ချင်းဆိုသလို စိုးရိမ်မှုက ဝုန်းခနဲထတက်လာသည် ။ တစ်ပြိုင်နက်ထဲ ခေါ်သံအား တုံ့ပြန်မလာသည့် မျက်ဝန်းလေးတွေကြောင့် နှလုံးနေရာဆီ တိုက်ရိုက်ထိုး အောင့်လာသည် ။

" Tata .... !  "

ခန္ဓာကိုယ်ကို တစ်ဖက်လှည့်ပြီး ကိုယ်လုံးလေးအားဆွဲယူတော့ ရင်ခွင်ထဲ ချက်ချင်းပြိုကျလာတာမို့ အခြေအနေကို နားလည်စွာဖြင့် ထိုကိုယ်လုံးလေးအား ပွေ့ချီကာ ဆေးရုံးရှိရာဆီသို့ အရူးတစ်ယောက်လို ပြေးမိသည် ။

မှတ်ဉာဏ်တွင်လည်း ဘာမှ မမြင်တော့သလို ဘာမှမသိတော့ပေ။လက်ထဲက တုံ့ပြန်မှုကင်းမဲ့သော ကိုယ်ခန္ဓာလေးကိုသာ အားရုံရှိနေခဲ့ပြီး တစ်လမ်းလုံးမျက်ရည်စတွေ လွင့်စင်နေခဲ့မှာ သေချာ၏ ။

ဆေးရုံထဲရောက်ချိန်တွင် nurse နဲ့ doctor များက လျှင်မြန်စွာ အနားရောက်လာပြီး Tata ကို ခေါ်ယူကာမှ စိတ်နဲ့လူနဲ့ပြန်ကပ်သလိုရှိရင်း Tata ကိုသယ်သွားသော ကုတင်ပေးတွင် တုန်လှုပ်ခြောက်ခြားစွာ သူလိုက်လာမိသည် ။ သတိမရှိသော မျက်နှာငယ်လေးအား မြင်ရချိန်တွင် သူ့တစ်ကိုယ်လုံး မီးမြိုက်လိုက်သလို ပူလောင်နာကျင်လာရပြီး မည်သည့်စကားမျှ မဆိုဘဲ ငိုပဲငိုနေမိခဲ့သည် ။

သို့သော် ရင်ဘတ်ထဲ၌ နှုတ်မှထွက်မကျလာသောစကားတို့အား များစွာ ရေရွက်နေခဲ့မိ၏ ။

Tata .... !အဲ့လို မလုပ်ပါနဲ့ ၊ ခဏသတိမေ့သွားရုံမလားကိုယ့်ကို ရူးသွားစေချင်တာလား ...

မဖြစ်ဘူးနော်မင်းဘာမှ ဖြစ်လို့မရဘူးသားကို ကိုယ်တို့အတူတူ စောင့်ရှောက်ရအုံးမှာ ..

သားငိုတဲ့ အသံကိုလည်း အတူတူနားထောင်ရအုံးမယ်သားစကားပြောတတ်ဖို့ကိုလည်း တူတူတင်ပေးမယ် သားလမ်းလျှောက်တတ်တဲ့အခါ သားကျောင်းသွားတဲ့အခါအစစအရာရာကို ကိုယ်တို့မိသားစုလေး အတူတူလုပ်ရအုံးမှာမို့ မင်းရော သားရော ဘာမှဖြစ်လို့မရဘူးကွ !

သို့သော် ကုတင်ထက်ကကောင်ငယ်လေးသည်တုတ်တုတ်မျှပင်မလုပ် ...ထိုအချင်းအရာသည် သူ့ကို ထိုးသတ်နေသလိုနာကျင်မှုမျိုးပေးစွမ်းနိုင်သည် ။

နောက်ဆုံး အရေးပေါ်အခန်းထဲ ဝင်သွားပြီဆိုမှသာသူ့ခြေထောက်တွေ ယိုင်နဲ့ကာ ပြိုလှဲကျကုန်၏ ။ဆက်တိုက်စီးကျလာသည့် မျက်ရည်များသည်လည်း သူ၏နာကျင်စွာစိုးရိမ်မှုကို မဖြေသာ နိုင်တော့ပေ ။

ဘာမှမဖြစ်ပါနဲ့ ကလေးရယ်ကိုယ်တောင်းပန်ပါတယ် ....

" ဓာတ်ပုံတွေ အတူတူချိတ်မယ် ....တာကိုရာကီလည်း ဝယ်ကျွေးပါ့မယ်မင်းနဲ့သားက ဘာမှမဖြစ်ပါနဲ့ .... "

စို့နစ်စွာ ထွက်ပေါ်လာသော အသံသည် ကြေကွဲကာပြတ်ရှနေ၏ ။ ထိုစကားသံအဆုံး လက်ခုံဖြင့် ဖိသုတ်ခံလိုက်ရသော မျက်ရည်များဖြင့် ပိုဆိုးစွာ ထွက်ပေါ်လာသော ငိုရှိုက်သံ ။

ယောက်ျားတစ်ယောက်ဖြစ်ပါလျက်နဲ့ပြိုလှဲ၍ ကူကယ်ရာမဲ့စွာ ထိုအခန်းရှေ့ထိုင်ငိုနေခဲ့သည်က ဘယ်လောက်ကြာနေခဲ့သည်လဲ မသိ ။

* " ကျွန်တော့်ကို ကတိပေးမလား ၊ တစ်ခုခုဖြစ်သွားခဲ့ရင် .... သားကိုပဲ ရွေးပေးပါ *

ပြန်ကြားယောင်မိသော စကားသံငယ်လေးအဆုံး နှလုံးသားတစ်ခုလုံး စုတ်ပြတ်သတ်သွားခဲ့သည် ။

ရွေးရမယ်ဟုတ်လား .... တစ်ယောက်ယောက်ကိုရွေးရရင်ကိုယ်သေသွားရုံပဲရှိမှာ ။

မရွေးဘူး ။Tata နဲ့ သား နှစ်ယောက်ထဲကတစ်ယောက်ကို ရွေးရမယ့်အစားကိုယ်ပဲ အသေခံလိုက်ချင်တာ ။

တစ်ခါတစ်ရံမှာ အချစ်ဆိုတဲ့အရာက ကံကောင်းမှုတွေကို ဘေးဖယ်ထားတတ်တယ် ။ အဲ့ဒီလိုနဲ့ ကံဆိုးခြင်းတွေ စုပြုံလာခဲ့ရင်လည်း နှစ်ယောက်အတူ ရင်ဆိုင်ဖို့ လိုအပ်တယ် ။

ဒါပေမယ့် တစ်ချို့တွေကျတော့ချစ်ရတဲ့လူကို မထိခိုက် မနာကျင်စေလိုကြဘူး ။ချစ်ရတဲ့လူအတွက်ဆိုရင် ဘာနေနေဖြည့်ဆည်းပေးချင်ကြတယ် ။ ပေးဆပ်ချင်ကြတယ် ။

ကျွန်တော်တို့ လူသားတွေကလေအချစ်မှာ ရူးမိကြရင် အဆုံးစွန်ထိပါပဲ ။

-----

( ည ၉ နာရီလောက်ကတည်းကတင်ပေးမလို့လိုင်းက ဘယ်လိုမှ မကောင်းနေတာနဲ့ ညသန်းခေါင်မှ ထတင်လိုက်ပါတယ် )

There are no comments yet. Log in to be the first to leave a review!

Similar stories