Fanfics

ep40

14:31, 12 December 2023

တစ်ညလုံး‌ဆိုတဲ့စကားအတိုင်း အချိန်တွေက နောက်မနက်ထိပါ ကူးလူးပြီး ခန္ဓာကိုယ်နှီးနှောခြင်းကို မရပ်တန့်နိုင်ခဲ့။ ဆေးအရှိန်ကြောင့် သူ့ဆန္ဒတွေမရပ်တန့်နိုင်ခဲ့တာဆိုလျှင်တောင် ဆော့ဂျင်ကတော့ သူ့အထိအတွေ့တွေကို မလွန်ဆန်နိုင်တာပင်.. ခန္ဓာကိုယ်နှစ်ခုက ထိတွေ့လိုက်သည်နှင့် အံ့ဩဖွယ်ကောင်းလောက်အောင် တောက်လောင်လာတော့ကာ အထိအတွေ့တစ်ခုကနေစပြီး ရှည်လျားတဲ့ ဆက်နွယ်မှုတွေဖြင့် မိုးစင်စင် လင်းခဲ့ကြရသည်။ သူတို့ ဘယ်အချိန်မှ ရပ်တန့်ခဲ့ကြလဲ မသိခဲ့ရ။ သူပင်ပန်းလွန်းလို့ အိပ်ပျော်သွားခဲ့တာဖြစ်သည်။

သူနိုးလာတော့ သူ့ခန္ဓာကိုယ်တွင် အားတစ်စက်မှ မကျန်လောက်တော့ဘူးလို့ ထင်မှတ်မိသည်။ သူ့တစ်ကိုယ်လုံးကို ကြမ်းကြမ်းတမ်းတမ်း ဖက်တွယ်ထားတဲ့ လက်တွေကြားက သူတစ်စက်လေးမှတောင် မရုန်းနိုင်။ အသံပြုဖို့ရာလည်း သူ့လည်ချောင်းက ကွဲအက်လို့နေပြီး အတန်‌ကြာအောင်ထိ ချောက်ကပ်ကပ်လည်ချောင်းကို တံတွေးဖြင့် စိုစွတ်အောင် လုပ်ခဲ့ရသည်။

" မင်း ထတော့.. "

ဆော့ဂျင်သူ့လက်တွေကို ပင့်မြှောက်ရင်း သူ့ရင်ဘတ်ကို အနည်းငယ်အားသုံးပြီး တွန်းလိုက်သည်။ ကြည့်ရတာ သူ့လုပ်ရက်က သူ့ကိုယ်ပေါ် ပုရွက်ဆိတ်တက်နေရုံလောက်ပဲ ထင်စေတယ်။ ဆော့ဂျင်သူ့ခန္ဓာကိုယ်ရဲ့ စေးကပ်တဲ့အထိအတွေ့နဲ့ အနံ့အသက်တွေကြောင့် သူသန့်စင်ချင်လှပြီ။ သူအခု တော်တော်လေး ညစ်ပတ်နေသည်ဟု ထင်မှတ်တာကြောင့် ရေချိုးပစ်ချင်နေပြီ။ သူ့ကိုဖက်တွယ်ထားတဲ့ ကိုယ်လုံးကြီးက နည်းနည်းလေးတောင် သတိဝင်လာမဲ့ပုံမပေါ်ဘူး။

ဆော့ဂျင်အိပ်မောကျနေတဲ့ ဂျွန်ဂျောင်ဂုကို မော့ကြည့်လိုက်သည်။ သူက သုံးညလောက်ဆက်တိုက် မအိပ်ထားရသလို အိပ်မောကျခြင်းအမှုတွင် လုံးလုံးလျားလျားကြီး ပျော်ဝင်နေသည်။ ဒါပေမဲ့ သူတို့အိပ်နေလို့မဖြစ်သေး အချိန်အားဖြင့် နေ့လယ်ဘက်ကူးတော့မည်။ အပြင်ဘက်မှာလည်း မနေ့ကဖြစ်ခဲ့တဲ့ကိစ္စတွေက ရှင်းရအုံးမည်။ ဆော့ဂျင်သူ့ကို နှိုးဖို့ ရင်ဘတ်ပေါ်တင်ထားတဲ့ လက်တွေကို ငုံ့ကြည့်လိုက်သည်။ ထိုအခါမှ သူမြင်သည်။

သူ့ရဲ့ တင်းရင်းနေတဲ့ ရင်ဘတ်တွေပေါ်တွင် စေးကပ်လျက်ကျန်နေတဲ့ အဖြူစက်တွေ.. သူ့မျက်လုံးတွေ ပြူးကျယ်သွားပြီး တောင့်တောင့်တင်းတင်းဖြစ်သွားရသည်။ သူ့နားတွေ အငွေ့ထွက်လောက်သည်အထိ ထူပူနေပြီ။ ဒါတွေက တွေးကြည့်စရာပင်မလို့ သူ့ဆီကလာတဲ့ အညစ်အကြေးတွေပဲဖြစ်မှာပေါ့.. သူထိုအရာတွေကို မျက်နှာလွဲကာ သူ့ကိုယ်ပေါ်က ခြုံစောင်ဖြင့် ‌ဆွဲယူကာ ဖိသုတ်ပစ်လိုက်သည်။ စောင်၏လှုပ်ရှားမှုကြောင့် လေထုက ရောထွေးသွားပြီး အနံ့အသက်တချို့က ထွက်ပေါ်လာတော့ သူမျက်လုံးတွေကို မှိတ်ပစ်လိုက်တော့ပြီး သူ့ရင်ဘတ်ကို အားပါပါရိုက်ကာ နှိုးလိုက်သည်။ ထိုအခါတွင်တော့ အနည်းငယ်လှုပ်ရွသွားပေမဲ့ နိုးတော့မလာသေး.. ဆော့ဂျင်သူ့ရင်ဘတ်ကို လက်သည်းဖြင့် အားစိုက်ဆိတ်ဆွလိုက်ပြီး သူ့အမူအရာကို စောင့်ကြည့်လိုက်သည်။ ထိုအခါမှ နာကျင်မှုကြောင့် မျက်မှောင်တွေတွန့်ချိုးလာတာကို မြင်လိုက်ရသည်။

" ထတော့.. "

" အွန်း.. "

သူသူ့အမူအရာကို စောင့်ကြည့်နေပြီး ခပ်ဆတ်‌ဆတ်ပြောလိုက်တော့ သူကညည်းညူသံတစ်ခုသာပြုပြီး ခန္ဓာကိုယ်က လှုပ်လာခြင်းမရှိသေး။

" ခင်‌ဗျား ဘယ်လိုနေလဲ "

" မကောင်းဘူး ထပြီးရေချိုးဖို့လုပ်တော့ ငါ့အတွက် ရေနွေးသယ်ပေး "

ဆော့ဂျင်သူ့လက်တွေကို ဖယ်ချလိုက်ပြီး ခပ်ဖြည်းဖြည်းထလိုက်သည်။ လှုပ်လှုပ်ရှားရှားနဲ့ ထထိုင်လိုက်တာမလို့ သူ့ခါးရိုးနဲ့ တင်ပဆုံနားတစ်ဝှိုက်က နာကျင်မှုက စူးနစ်စွာ ထွက်ပေါ်လာ၍ သူခေတ္တမျှ ထိုင်နေမိသည်။ သူထိုင်လိုက်တဲ့အခါ သူ့ကိုယ်ပေါ်က စောင်က လျှောကျသွားတာမလို့ သူ့ကိုယ်ပေါ်တွင် ဘာအဝတ်အစားမျှ ရှိမနေဘူးဆိုတာ သိလိုက်သည်။ သူတင်မဟုတ် ဂျွန်ဂျောင်ဂုတွင်လည်း ဘာအဝတ်မှ ရှိမနေ။ သူတို့အဝတ်တွေသည် အခန်းတံခါးနားကနေခုတင်နားထိ တစ်နေရာစီမှာ ပြန့်ကြဲနေသည်။ သူအဝတ်အစားတွေကို တစ်ချက်မျှကြည့်ရင်း ဂျွန်ဂျောင်ဂုဆီ နောက်ပြန်လှည့်ကြည့်လိုက်သည်။ သူက အခုထိ အိပ်ရာမှ ထမလာသေး။ သူလှည့်ကြည့်တဲ့အခါ သူက အိပ်ရာထစ မျက်ဝန်းဖျော့ဖျော့တွေဖြင့် သူ့ကိုကြည့်နေခဲ့သည်။

" မင်းထတော့ ငါအခန်းသန့်ရှင်းရေးလုပ်ရအုံးမယ် "

" ဩော.. "

ထိုအခါမှ အသံတစ်ခုပေးပြီး ခါးကစောင်ကိုဖယ်လိုက်ကာ ထထိုင်လာသည်။ ခြေထောက်တွေကို ကြမ်းပြင်ပေါ်အရင်ချလိုက်ပြီး သူ့ကိုပြန်ကြည့်လာသည်။

" ခင်ဗျားခုနတုန်းက ဘာပြောတာလဲ "

ဆော့ဂျင်ခဏမျှပြန်ပြီး သူဘာပြောလဲ တွေးလိုက်မိသည်။ ထိုအခါသူက ထပ်ပြောလာသည်။

" နေလို့မကောင်းဘူးပြောတာလား "

" အများကြီးမဟုတ်ဘူး အဆင်ပြေတယ် မင်းမြန်မြန်ထတော့ ငါသန့်ရှင်းရေးလုပ်တော့မှာ "

သူက နည်းနည်းလောက်ငြိမ်နေခဲ့ပြီးမှ ပျင်းယွဲ့ယွဲ့နဲ့ အညောင်းဆန့်ရင်း ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။ ဆော့ဂျင်လည်း ခဏလောက် ထိုင်နေခဲ့ပြီးမှ အိပ်ရာပေါ်မှ ဆင်းလိုက်သည်။ သူအရင်ဆုံး အဝတ်အစားဗီရိုထဲမှ ရေချိုးဝတ်အသစ်တစ်ထည်ကို ထုတ်ဝတ်လိုက်သည်။ သူ့တစ်ကိုယ်လုံးလည်း စေးကပ်လို့ရှိနေပြီး သူ့အောက်ပိုင်းနေရာဆို လမ်းလျှောက်ရခက်အောင်ပင် နာကျင်မှုနဲ့ စေးကပ်ကပ်အရာတွေက ရောထွေးကာ သူ့ခြေထောက်တွေကို မနည်းအားပြုနေရသည်။ သူတဖြည်းဖြည်းချင်း မနေ့ညက ချွတ်ထားတဲ့ အဝတ်တွေကောက်သိမ်းကာ အိပ်ရာပေါ်တင်လိုက်ပြီး အိပ်ရာခင်းကို စောင်တွေနဲ့ ရောလိပ်ကာ ခုတင်ခြေရင်းတွင် ထားလိုက်သည်။ ပြီးတော့မှ အခန်းဆီးလိုက်ကာ‌တွေ ဖွင့်လိုက်ပြီး အိပ်ရာအသစ်တွေ ထုတ်လိုက်သည်။ သူထိုဟာတွေ ဖြည်းဖြည်းချင်း လုပ်နေတုန်း ရေချိုးခန်းတံခါးက ပွင့်လာခဲ့ပြီး ဂျွန်ဂျောင်ဂုထွက်လာခဲ့သည်။ သူထွက်လာတော့ ဆော့ဂျင်မြန်မြန်ပဲ ရေချိုးခန်းထဲ ဝင်လိုက်သည်။ ရေချိုးခန်းထဲ ဝင်ပြီးမှ သူတံခါးပြန်ဖွင့်ကာ,

" ရေနွေးမြန်မြန်ယူလာပေး "

" ... "

သူတစ်ခုမှ မပြောနိုင်ခင် ဆော့ဂျင်တံခါးကို ပြန်ပိတ်လိုက်သည်။ ဆော့ဂျင်သူ့ကို တမင်ခိုင်းလိုက်တာဖြစ်သည်။ အခုချိန်မှာ ရေနွေးရနိုင်ဖို့ သူတစ်ယောက်တည်းကို ခိုင်းစရာရှိတာဖြစ်ပေမဲ့ သူရေအေးနဲ့ သည်းခံသန့်ရှင်းရေးလုပ်ပြီးမှ အောက်ထပ်က အလုပ်သမားတစ်ယောက်ယောက်ကို ခိုင်းလိုက်ရင် ရပါသေးသည်။ သူ့ကို တမင် ခိုင်းချင်လို့သာ ဖြစ်သည်။

သူရေချိုးခန်းထဲ ခဏလောက်မျက်နှာသစ်သွားတိုက်နဲ့ အချိန်ကုန်လိုက်ပြီးနောက် ရေချိုးခန်းတံခါးပွင့်လာပြီး အငွေ့တွေတထောင်းထောင်း ထနေတဲ့ ရေပုံးနဲ့ ဂျွန်ဂျောင်ဂုက ဝင်လာသည်။ သူက သူ့ကိုကြည့်လိုက်ပြီး အငွေ့တထောင်းထောင်းထနေတဲ့ ရေပူတွေကို ရေချိုးကန်ထဲသို့ လောင်းချလိုက်သည်။ ပြီးတော့ သူက သူရပ်နေတဲ့နား ဖြည်းဖြည်းလျှောက်လာပြီး ပြုံးစစကြည့်လာသည်။

" ကျုပ်စပ်ပေးဖို့ရော လိုသေးလားမရီး "

" ကောင်းသားပဲ မြန်မြန်လုပ်လိုက်လေ "

သူက ဆော့ဂျင်ကို စနောက်ဟန်ပြော‌နေပေမဲ့ သူအမူမထားဘဲ အတည်ပြန်ပြောလိုက်သည်။သူပြန်ပြောလိုက်တော့ သဘောကျရယ်နေပြီး သူ့နားကပြန်သွားလိုက်ကာ ရေချိုးကန်ထဲ ရေအေးတွေ ရောစပ်ပေးလာသည်။ ဆော့ဂျင်သူလုပ်နေတာကို ရပ်ကြည့်နေလိုက်သည်။

" ကျုပ်ကို ဒီလိုမျိုးအကူအညီကို တောင်းပြီး မရီးစိတ်ထဲမှာ ဘာများတွေးနေလဲ "

" မင်းကအရမ်းကောင်းတဲ့သူဆို မင်းက သိပ်ကိုအနွံတာခံပြီး‌ သိတတ်တဲ့ယောကျာ်းပါဆိုလို့.. သိပ်ကို ယောကျာ်းကောင်းပီသနေတဲ့သူကို ဒီလောက်လေးခိုင်းတာလောက်တော့ မပြောပလောက်ဘူးမလား.. မင်းမနေ့က ဘာပြောခဲ့လဲ မှတ်မိတယ်မလား ငါ့အမြင်တော့ မင်း မနေ့ကချွတ်ထားခဲ့တဲ့အဝတ်တွေနဲ့ ပေစွန်းသွားတဲ့ အိပ်ရာတွေပါ လျှော်သင့်သေးတယ် ဟုတ်တယ်မလား "

ဂျောင်ဂုက သူ့ကို ဘာမှမပြောနိုင်ဟန် ကြည့်နေသည်။ မနေ့က သူပဲ အဲလိုမျိုးပြောခဲ့တယ်မလား သူ့ကိုတော့ သူ့အတွက် တာဝန်ကျေကျေဖြည့်ဆည်းပေးရင် သူက အကုန်ကောင်းပေးပါ့မယ်ဆိုပြီးလေ။ သူတစ်ညလုံးတောင်မက နောက်နေ့ကူးတော့မည်အထိ သူ့ဆန္ဒအတိုင်း ပူးပေါင်းဆောင်ရွက်ပေးခဲ့တာပဲ ဆော့ဂျင်ဆန္ဒလည်းပါအုံးတော့ အထိုက်အလျောက်ပဲလေ သင့်ရုံတန်ရုံဆို သူကိုယ်တိုင်လည်း ဆိုးဆိုးဝါးဝါးကြီး ခံစားနေရမှာမဟုတ်ဘူး။ မနက်ရောက်တော့ ဒီဒဏ်တွေ ဘယ်သူကခံရလဲ.. သူပဲခံရတဲ့အပြင် ဒီသန့်ရှင်းတွေကိုရော သူကပဲ လုပ်နေရအုံးမည်လား..

" ငါအခု မင်းကြောင့် ခြေထောက်တစ်ချောင်းကတောင် အားမရှိလို့ ဘာမှမလုပ်နိုင်တော့ဘူး မင်းကြောင့်ဆိုတာ ပြောနေစရာ မလိုတော့ဘူးမလား အဲတော့ ငါမလုပ်နိုင်တော့တဲ့အလုပ်တွေ မင်းလုပ်ပေးသင့်တယ်မဟုတ်ဘူးလား "

" ဟားဟား.. မရီးကတကယ်ပဲ ပြော ဒါဆိုကျုပ်က မရီးနဲ့အိပ်ရာဝင်ပြီးတိုင်း မရီးရဲ့‌ ဒီ ..ကိစ္စအဝဝကို လိုက်လုပ်ပေးစေချင်တယ်ပေါ့ "

ဂျွန်ဂျောင်ဂုက ခဏမျှရယ်နေခဲ့ပြီး သူ့နားလျှောက်လာကာ လက်တွေက သူ့ခါးကနေ တစ်ကိုယ်လုံးကို ဆွဲယူလာပြီး သူနားနားကပ်ကာ လေသံဖြင့် ပြောလာသည်။ ဆော့ဂျင်သဘောတူတဲ့ပုံစံဖြင့် ပြန်ကြည့်လိုက်သည်။ သူ့ကိုရေသယ်ခိုင်းတာက အရမ်းကို ကြီးကျယ်တဲ့ ကိစ္စဖြစ်သွားပုံပါပဲ။

" တကယ်ပဲ မြို့တော်ရဲ့အထူးချွန်ဆုံးဗိုလ်လောင်းကို ဒီလိုမျိုး လက်တိုလက်တောင်းတွေ ခိုင်းစေချင်နေတယ်ပေါ့လေ "

ဆော့ဂျင်သူ့ကိုတွန်းလိုက်ပြီး အလျှော့မပေးလိုဟန် အေးဆေးပြောလိုက်သည်။

" မြို့တော်ရဲ့အထူးချွန်ဆုံးဗိုလ်မှူးကပဲ ဒီလိုပြောခဲ့တာလေ မင်းမလုပ်ချင်ဘူးဆိုလည်း မလုပ်နဲ့ပေါ့ အိမ်တော်မှာလည်း အလုပ်သမားတွေရှိနေတာပဲ သူတို့ထဲက တစ်ယောက်ယောက်ကိုခေါ်ပြီး ရေသယ်ခိုင်း အဝတ်လျှော်ခိုင်းလို့ရနေတာပဲ ပြီးကြရင် လုပ်တဲ့အခါကြရင်လည်း သူတို့ကိုပဲ မင်းအစား.. "

" မရီး! တော်တော့ အဓိပ္ပာယ်မရှိတာတွေ .. ဘယ်သူကမလုပ်ပေးချင်ဘူးပြောနေလို့လဲ "

သူ့စကားမဆုံးခင် ဖြတ်ပြောလာတော့ ဆော့ဂျင်နှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး သူ့ကိုမျက်ခုံးပင့်ကာ ကြည့်လိုက်သည်။ ဂျွန်ဂျောင်ဂုက အနည်းငယ်သည်းမခံနိုင်ဖြစ်နေပြီး ခုနကသူ့အပြောကြောင့် ဒေါသအနည်းငယ်ထွက်ချင်နေသည်။ သူမသိမသာပြန်ချေပလိုက်သည်။

" အဲဒါအဓိပ္ပာယ်မရှိဘူးပေါ့ "

" ပြောကြည့် ကျုပ်မိန်းမတွေကို အိမ်ခေါ်အိပ်လိုက်ရင်ရော အဓိပ္ပာယ်ရှိအုံးမလား "

" သွားတော့ မင်းထွက်တော့ ငါ့ရေတွေ အေးတော့မယ် "

ဆော့ဂျင်နှုတ်ခမ်းတွေ တည်သွားပြီး သူ့ကိုမောင်းထုတ်လိုက်သည်။ ဆော့ဂျင်အတွက်တော့ သူပြောခဲ့တာတွေက ဒီအတိုင်း အဓိပ္ပာယ်မရှိတဲ့ စကားသက်သက်လောက်ပဲဖြစ်ပေမဲ့ သူပြောတာတွေကတော့ သူတကယ်မလုပ်ဘူးလို့ မပြောနိုင်ဘူး။ သူ့အတွက် မိန်းမတွေနဲ့ ဆက်ဆံတာက လွယ်လွယ်နဲ့ ဖြစ်လာနိုင်တဲ့ကိစ္စပဲ.. ‌ဆော့ဂျင်ထိုအတွက်နဲ့ အမြင်မကြည်တော့ဘဲ သူ့ကို အခန်းပြင် မောင်းထုတ်လိုက်တော့သည်။

" ရေတွေအေးကုန်ရင် အသစ်ပြန်သယ်ပေးမယ်မရီး "

သူမောင်းထုတ်လိုက်တော့ ဂျွန်ဂျောင်ဂုက ရယ်ရယ်မောမောဖြင့် အခန်းပြင်ထွက်သွားသည်။ အခန်းပြင်ရောက်တဲ့အထိ သူ့ရယ်သံသောသောကို ကြားနေရတုန်း..

_________________________________

နေ့လယ်ခင်းရောက်တော့ သူ့အခန်းသန့်ရှင်းရေးလုပ်တာနဲ့ မနေ့ကညစ်စွန်းသွားတဲ့ အပေတွေ လျှော်ဖွတ်တာတွေ အကုန်ပြီးသွားတော့သည်။ တကယ်‌တမ်းအဝတ်လျှော်ဖွတ်ဖို့ရာ သူ့ကိုပြောခဲ့တာက ဒီအတိုင်းစကားသက်သက်ပဲ ပြောခဲ့တာဖြစ်ပေမဲ့ တကယ်တမ်းသူက အကုန်လုပ်ပေးသွားခဲ့သည်။ ဆော့ဂျင်ခန္ဓာကိုယ်က ပင်ပန်းနေသေးတာကြောင့် ရေအကြာကြီးထိမိရင် အဖျားဝင်လာနိုင်တာမလို့ သူ့ကိုပဲ ဘယ်လိုမျိုးလုပ်ရမယ်ဆိုတာ ဘေးကနေ ညွှန်ကြားပြီး သင်ပြပေးခဲ့ရသည်။ သူ့ကို သင်ကြားပေးရပေမဲ့ သူ့ရဲ့ စိတ်ကြီးဝင်ကြွားဝါတဲ့ စကားတွေကိုတော့ သူ့နားနဲ့အပြည့် နားထောင်ခဲ့ရသည်။ ဥပမာ သူ့လိုလူက သယ်ပေးတဲ့ရေချိုးရတဲ့သူက ကံကောင်းပြီးတော့ ကမ္ဘာမှာသူ့တစ်ယောက်တည်း အခွင့်အရေးရှိပြီး မိန်းကလေးတိုင်းက သူ့ကိုအားကျနေရတယ်ဆိုတဲ့အကြောင်းမျိုးပေါ့.. ဆော့ဂျင်ကတော့ သူ့ကြွားဝါတဲ့စကားတွေလျစ်လျှူရှုထားပေမဲ့ အမှန်လို့ခံစားနေရသည်။ သူ့လိုတစ်မိုးအောက်တစ်ယောက်ဖွားလိုလူက အခုလို လိုလိုချင်ချင်လုပ်ပေးတာက သူကံကောင်းသည်ပြောရမည်။

သူတို့အခန်းသန့်ရှင်းရေးကိစ္စပြီးသွားတော့ ဗိုက်အနည်းငယ်ဖြည့်ဖို့ အောက်ထပ်သို့ ပထမဆုံးအကြိမ်အဖြစ် ဆင်းလာခဲ့ကြသည်။ ခြံထဲကပြင်ဆင်ထားတဲ့အပြင်အဆင်တွေ အားလုံးကတော့ သိမ်းဆည်းလို့ ပြီးသွားပြီဖြစ်သည်။ သူတို့အောက်မဆင်းလာခင် မနေ့ကကိစ္စကို ဘယ်လိုကိုင်တွယ်ချင်လဲ ဆွေးနွေးမိတော့ သူက သူ့ညီမအကြောင်းတွေးမိ၍ထင် ဆော့ဂျင်အပေါ် ထိုကိစ္စကို လွှဲပေးလာသည်။ သူ့ကိုကိုင်တွယ်ခိုင်းလိုက်သည်ပင်။

စားသောက်ပြီးနောက် သူက စစ်တပ်ကို ခဏပြန်သွားသည်။ ဆော့ဂျင်လည်း သူထွက်သွားပြီးသည်နှင့် ဂျယ်နီနဲ့ ဟယ်လင်ကို စကားပြောဖို့ရာ ဧည့်ခန်းထဲခေါ်လိုက်သည်။ ဟယ်လင်ပါတော့ မစ္စမာရင်းကပါ အလိုအလျောက်ပါလာသည်။ ထိုသားအမိက သူခေါ်လိုက်လို့ အလုပ်ရှုပ်ဟန်ဖြင့် မျက်နှာပေါ်တွင် စိတ်မရှည်မှုများ ဖော်ပြနေသည်။ ဂျယ်နီကတော့ ဘာအမူအရာမှ များများစားစားမရှိ။

" ဂျယ်နီနဲ့ဟယ်လင်ကို ခေါ်လိုက်တာက မနေ့ကကိစ္စအကြောင်းပြောဖို့ "

" နင်ကဘာအဆင့်နဲ့ ဒီလိုခေါ်ပြောဖို့တောင် လူစုရတာလဲ ငါ့သမီးကိုနင်က ဘာစွပ်စွပ်စွဲစွဲလုပ်ချင်သေးလို့လဲ မနေ့က သခင်လေးအမြင်ပဲ နင့်ညီမအားလုံးကို ကြံစည်ထားတာ ငါတို့ဟယ်လင်နဲ့ ဘာမှမဆိုင်ဘူး "

ဆော့ဂျင် မစ္စမာရင်းပြောနေသမျှကို သည်းခံစောင့်ပေးလိုက်သည်။ ပြီးမှ သူတစ်ခုချင်းစီကို အေးအေးဆေးဆေးပြောလိုက်သည်။

" သခင်လေးဂျွန်က ဒီကိစ္စကို ကျွန်တော့်ဆီအပ်သွားတယ် ကျွန်တော်ကြိုက်သလိုစစ်ဆေးလို့ရတယ် သခင်လေးဂျွန်က ဘယ်သူလုပ်ပါတယ်ဆိုပြီး တစ်ခွန်းမှမပြောထားဘူး နှစ်ယောက်စလုံးက တစ်ချိန်တည်းချဉ်းကပ်လာခဲ့တာလို့ပဲ ပြောထားတယ် "

" နင် ငါမယုံဘူး သခင်လေးဂျွန်က နင့်ကို ဒီလိုမျိုး တာဝန်ပေးခဲ့တာဆိုတာ ဘယ်မှာလဲသက်သေ သက်သေမရှိဘဲ ငါတို့ကို လာအမိန့်ပေးချင်မနေနဲ့ "

" မနေ့က တစ်ညလုံးအတူရှိနေခဲ့တာတောင် သက်သေပြဖို့ လိုသေးတာလား "

" နင်! "

ထိုသားအမိကို ‌ပြောင်ပြောင်ရှင်းရှင်းပင် ပြောလိုက်တော့ ထိုသားအမိ ဘာမှပြန်မချေပနိုင်တော့။ သူထိုသားအမိဆီက အကြည့်လွဲလိုက်ပြီး သူပြဿနာကို ဖြေရှင်းဖို့ရာ ဂျယ်နီဘက် လှည့်လိုက်သည်။

" ကင်မ်ဂျယ်နီ မင်းအမှန်အတိုင်းပြောချင်လား "

ဂျယ်နီက ဘာမှမပြောဘဲ သူ့ကို အမူအရာမရှိ ပြန်ကြည့်နေသည်။ ဂျယ်နီနှုတ်ဆိတ်နေတာက တကယ်လုပ်ခဲ့လို့ပဲဆိုတာ ထင်ရှားစေသည်။ သူဂျယ်နီလုပ်ခဲ့တယ်ဆိုရင်တောင် ရည်ရွယ်ချက်ရှိရှိ၊ဒါမှမဟုတ်ရင် မတော်တဆဖြစ်သွားတာပါလို့ ဖြေရှင်းလာဖို့ မျှော်လင့်နေမိတုန်း..

" တွေ့လား သူဘာမှမပြောနိုင်တာ သူလုပ်ခဲ့လို့ပဲ သူကိုယ်တိုင် အရက်ခွက်ယူလာတာ သခင်လေးလည်း သိတယ် နင်က နင့်ညီမဘက်က ကာကွယ်ပေးချင်လို့ ငါတို့ဟယ်လင်ကို လာဆွဲထည့်ချင်နေတာလား သခင်လေးက နင့်ကိုယုံလို့ တာဝန်ပေးထားတဲ့ကိစ္စကို နင်က နင့်ညီမကို အပြစ်က လွှတ်စေချင်လို့ အခုလိုမျိုး ဘက်လိုက်ချင်နေတာမလား နင်မတရားလုပ်လို့ကတော့ ငါတို့သခင်လေးကို ပြန်တိုင်ရမှာပဲ "

" ဂျယ်နီ.. "

ဆော့ဂျင်မစ္စမာရင်းတို့ကို လျစ်လျှူရှုထားလိုက်ပြီး မတုန်မလှုပ်ရှိနေသေးတဲ့ ဂျယ်နီ့ကိုသာ ခပ်ဖွဖွ ခေါ်လိုက်သည်။

" ကိုကိုကအဲလိုပဲ ထင်နေတယ်မလား ဂျယ်နီလုပ်တယ်လို့ "

ဂျယ်နီ့အသံက ခပ်အေးအေးထွက်လာပြီး သူ့မျက်ဝန်းတွေထဲ အသေးစိတ်ကြည့်နေသည်။

" ကိုကို.. ကိုကိုအခုထိ.. "

ဆော့ဂျင်ရဲ့သံသယတွေက တစ်ဝက်တစ်ဝက်စီပဲ။ ဂျွန်ဂျောင်ဂုနဲ့ သက်သေတွေက ဂျယ်နီလုပ်ပါတယ်လို့ ပြောနေပေမဲ့ အင်ဟယ်လင်ကလည်း အပြစ်ကင်းနေတယ်လို့ သူမထင်ဘူး။ သူတို့သားအမိက ဂျယ်နီထက်ပင် မဟုတ်တာလုပ်ထားပုံ ပေါ်နေသေးသည်။

" ကိုကိုလည်း အဲလိုပဲထင်နေတယ်မလား "

" ... "

" ဒါဆိုကိုကိုထင်တာမှန်တယ် ကိုကိုထင်တဲ့အတိုင်း မှန်တယ် "

ဂျယ်နီက ဘာမှမတုံ့ပြန်နိုင်တဲ့ သူ့ကိုကြည့်ကာ ဖြည်းဖြည်းချင်း ထပ်ပြောလာသည်။ ဂျယ်နီက ဝန်ခံနေပေမဲ့ သူဝန်ခံနေတယ်လို့ မခံစားရဘူး။ အဲဒီအစား စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေသလိုမျိုး ဘယ်လောက်ထိ ယုံကြည်မှုရှိလဲဆိုတာ စမ်းသပ်နေသလိုမျိုး.. ဂျယ်နီ့အမူအရာသည်လည်း အပြစ်လုပ်ထားတာမျိုးမရှိသလို အေးဆေးဖြစ်နေပြီး အဲဒီအစား မစ္စမာရင်းတို့ကသာ မီးခဲခုထိုင်ထားသလို အပူမိနေပုံပေါ်နေသည်။ ခုနက ဂျယ်နီဝန်ခံသလို ပြောလိုက်တော့ သူတို့ဆီက သက်ပြင်းချသံထွက်ပေါ်လာသေးသည်။ သူသေချာဆုံးဖြတ်ချက်ချဖို့လိုနေသည်။ ဒီဟာက သူကတရားခံကို သံသယဝင်နေပေမဲ့ တရားခံက သူ့ကိုပြန်ပြီး စစ်ဆေးနေပုံပေါက်နေသည်။

" ကိုကိုထင်တဲ့အတိုင်းပဲ ကိုကိုဖြေရှင်းလိုက် ဂျယ်နီ့ကို ဘယ်လိုအပြစ်မျိုး ပေးချင်လဲ အိမ်ကထွက်သွားပေးရမလား "

" မဟုတ်ဘူး! ကိုကိုမင်းလုပ်တယ်လို့ မထင်ဘူး "

သူဆုံးဖြတ်ချက်ချပြီး သံသယဝင်နေတဲ့သူ့အတွေးတွေကို ယုံကြည်ချက်အဖြစ် ပြောင်းလဲပစ်လိုက်ပြီး ဂျယ်နီ့ကို အကဲခတ်ကြည့်လိုက်သည်။ ဂျယ်နီ့မျက်လုံးတွေက ရွေ့လျားသွားသည်။ စိတ်လှုပ်ရှားသွားသလိုမျိုး.. သူထပ်ပြောလိုက်သည်။

" ကိုကို့ညီမလေးကို ကိုကိုယုံတယ် ဂျယ်နီက ဘာလို့‌ဒီလိုမျိုးလုပ်ရမှာလဲ ယောကျာ်းတစ်ယောက်ကို ဒီလိုမျိုးလုပ်တာက ကိုယ့်ဟာကိုယ်ယုံကြည်မှုမရှိတဲ့သူတွေပဲလုပ်တာ ဟုတ်တယ်မလား သခင်လေးဂျွန်ကလည်း နှစ်ယောက်စလုံးကို သံသယရှိတယ်လို့ပဲပြောခဲ့တယ် ဂျယ်နီကိုကို့ကိုပြော ဂျယ်နီဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့ ဂျယ်နီကကိုကို့ညီမလေးပဲ ဂျယ်နီလုပ်ခဲ့တယ်ဆိုရင်တောင် ကိုကိုက အကြောင်းအရင်းကို မေးပြီး ‌အစ်ကိုတစ်ယောက်အနေနဲ့ နောက်မလုပ်ရအောင် ဆုံးမပေးမှာပဲရှိတယ် ညီမလေးကို ဘယ်တော့မှ တွန်းထုတ်မှာမဟုတ်ဘူး ညီမလေးက ကိုကို့ရဲ့တစ်ဦးတည်းသော ဆွေမျိုး ကိုကို့ဘဝအတွက် အရေးအကြီးဆုံးသူတစ်ယောက်ပဲလေ ကိုကိုက မလုပ်သင့်တာ၊ မလုပ်ရမဲ့ဟာတွေကို ငယ်ငယ်တည်းက သင်ပြလာခဲ့တယ်မလား ကိုကို့မှာ ဆွေမျိုးရင်းချာဆိုလို့ မင်းတစ်ယောက်တည်းရှိတာလေ မင်းဘယ်လောက်ပဲ ကြီးလေးတဲ့အပြစ်တွေ ကျူးလွန်ထားအုံး အဲဒါကိုကို့အပြစ်လည်း မကင်းဘူး ကိုကိုဆုံးမမှုညံ့ဖျင်းလို့ ဖြစ်ရတာပဲ ကိုကိုက ကိုယ်စားအပြစ်ခံယူဆိုလည်း ခံယူနိုင်တယ် "

" ကိုကို.. "

" ဟင့် "

" တောင်းပန်ပါတယ် ဂျယ်နီတောင်းပန်ပါတယ် ဂျယ်နီ ဂျယ်နီ.. "

" ဟုတ်ပြီ ဂျယ်နီ ဂျယ်နီတောင်းပန်တာကို ကိုကိုက ခွင့်လွှတ်တယ် ဘာမှမဖြစ်ဘူးနော် ဘာမှမဖြစ်ဘူး "

ဂျယ်နီက သူ့ကိုပြေးဖက်လာပြီး တရှုတ်ရှုတ်ငိုပါတော့သည်။ သူသူ့ထံခိုဝင်လာတဲ့ ဂျယ်နီ့ကိုပြန်ဖက်ထားလိုက်ပြီး ကျောပြင်ကို တဖွဖွပုတ်ပေးလိုက်သည်။ ဂျယ်နီမငိုခဲ့တာကြာပြီ။ သိတတ်စအရွယ်ကတည်းက ဂျယ်နီငိုတယ်ဆိုတာရှားတယ်။ သူတို့မောင်နှမနှစ်ယောက်စလုံးက ဘယ်လောက်ခက်ခဲခက်ခဲငိုတယ်ဆိုတာ ရှားတယ် ဒီလိုမျက်နှာချင်းဆိုင်ဖက်ငိုကြတာက ပိုလို့ပင် ရှားသေးသည်။

" ဘာမှမဖြစ်ဘူး ကိုကိုရှိတယ် ကိုကိုရှိတယ် ဂျယ်နီဘာပဲလုပ်ခဲ့လုပ်ခဲ့ ကိုကိုခွင့်လွှတ်တယ် ကိုကိုကခွင့်လွှတ်တယ်နော် ကိုကို့အပြစ်တွေပါ ကိုကိုက ညီမလေးကို ပစ်ထားခဲ့မိတာ ကိုကို့အမှားပါ "

သူဂျယ်နီ့ကို ယုံကြည်ပေးလိုက်တာ မှန်သည်။ ဂျယ်နီက သူမှားမှားမှန်မှန် အပြစ်လုပ်ထားသည်ဖြစ်စေ သူ့ဘက်က ရပ်တည်စေချင်ခဲ့တာ.. ဂျယ်နီက သူလုပ်ရင် သူဝန်ခံတတ်တဲ့ မလိမ်ညာတတ်တဲ့ကလေးပဲ သူကဒါကိုဝန်ခံမှာဖြစ်ပေမဲ့ ဆော့ဂျင်သာ သူ့ဘက်ကရှိမနေဘူးဆိုရင် ပိုဆိုးသွားမှာက သူနှင့်ဂျယ်နီရဲ့ မောင်နှမဆက်ဆံရေး.. အခုသူက ယုံကြည်လိုက်တဲ့အခါ ဂျယ်နီက သူ့ကိုမှီခိုလာခဲ့သည်။ အရာအားလုံးကို ပြောပြဖို့အဆင်သင့်ဖြစ်နေခဲ့ပြီ..

" ကိုကို.. "

" ဂျယ်နီလုပ်ခဲ့တာမှန်ပေမဲ့.. တစ်ယောက်တည်းလုပ်ခဲ့တာမဟုတ်ဘူး "

ဂျယ်နီအကြည့်တွေက ဟယ်လင်ဆီရောက်သွားသည်။ ထိုအခါ ဟယ်လင်က မျက်နှာပျက်ပျက် ဖြစ်သွားပြီး ဆောက်တည်ရာမရ ဖြစ်သွားတော့သည်။

" နင်ဘာစကားပြောတာလဲ နင်ကငါ့ကိုပါ ဆွဲထည့်ချင်နေတယ်ပေါ့ နင်ကိုယ်တိုင်အရက်ခွက်ကို သခင်လေးကိုတိုက်ခဲ့တာ အကုန်လုံးအသိပဲ နင်က နင့်အစ်ကိုကို မနာလိုပြီး သခင်လေးကို အပိုင်သိမ်းချင်တာလေ မောင်နှမအချင်းချင်းကို မနာလိုဖြစ်နေတာ နင်လေ စောက်ရူးမရဲ့ နင်ကငါ့ကိုလာလွဲချချင်နေသေးတယ် နင့်အစ်ကိုကို ငါတို့က ကြောက်မယ်များထင်နေလား "

" ဂျယ်နီအခုထိ ဘယ်သူလဲဆိုတာ မပြောရသေးဘူး ဒါပေမဲ့ အခုတော့ မင်းဆိုတာ ဝန်ခံလိုက်သလိုပဲ ဂျယ်နီအားလုံးကို အမှန်အတိုင်းပြောပြလိုက် "

" ဂျယ်နီသူနဲ့ ပြိုင်ဖို့အတွက် သူ့အကြံအစည်တွေကို လက်ခံခဲ့တယ် ဂျယ်နီဘက်က သခင်လေးဂျွန်ကို ထိခိုက်အောင်လုပ်ဖို့ စိတ်ကူးသေးသေးလေးမှ မရှိဘူး။ သူ့အစီအစဉ်ကို လက်ခံလိုက်တာကလည်း အားလုံးကို ဖျက်ဆီးချင်လို့ပဲ.. ဒါပေမဲ့ အမှားဘက်ကို ရောက်သွားသလို ဖြစ်သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အကြံအစည် မအောင်မြင်သွားတာမလို့ ဝမ်းသာတယ် ဂျယ်နီဒီအစီအစဉ်ထဲ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တဲ့အတွက် ကိုကိုကြိုက်သလိုအပြစ်ပေးလို့ရတယ် ဂျယ်နီကိုယ့်အမှားကိုယ်ဝန်ခံတယ်။ နောက်မလုပ်တော့ဘူးလို့လည်း ကိုကို့ကိုကတိပေးတယ် "

" ‌ဟုတ်ပြီ ကိုကိုအပြစ်ကျူးလွန်တဲ့သူတွေအားလုံးကို သေချာအပြစ်ပေးလိုက်မယ် "

" ဟဲ့ ရူးမနေနဲ့ နင်ကများ ငါတို့ကို အပြစ်ပေးအုံးမယ် ဟုတ်လား အဆင့်အတန်းမရှိတဲ့ အပျော်မယ်ကောင်ကများ ယောကျာ်းတကာကို ပတ်မြူဆွယ်ထားပြီး ငါတို့လို အိမ်တော်က မိသားစုဝင်တွေကိုတောင် အပြစ်ပေးချင်သေးတယ် နင့်ကိုယ်နင်ဘာများထင်နေလဲ သခင်လေးကို ဒီကိစ္စပြောကို ပြောအုံးမှာ ငါတို့ဟယ်လင်စွပ်စွဲခံရတယ်ဆိုတာ သခင်လေးသိတယ် နင်က နင့်ညီမအပြစ်လွှတ်အောင် ငါတို့ကို လွှဲချချင်နေတယ်ဆိုတာ သခင်လေးကို ပြောအုံးမှာ နင်ကများ ငါတို့ကို အပြစ်‌ပေးအုံးမယ် ရူးသွားပုံပဲ ဟမ် "

မစ္စမာရင်းကသာ လက်သီးလက်မောင်းတန်းအော်ဟစ်ဆဲဆိုနေပေမဲ့ သူ့သမီးကတော့ လက်သည်းတစ်ကိုက်ကိုက်နဲ့ ထိတ်လန့်လို့နေသည်။ ဒါကသေချာပေါက် ထိုသားအမိအကြံအစည်တွေပဲဆိုတာ သူမျက်စိမှိတ် လက်ခံနိုင်သွားပြီ။ သူတို့အကြံအစည်ကို ဂျယ်နီ့ကို ဓားစာခံလုပ်ပြီး ခေါင်းခံစေချင်နေတာ ဘာပဲဖြစ်ဖြစ် သူတော့ ဂျယ်နီအခုလို သူ့အပေါ်ပွင့်ပွင့်လင်းလင်းနဲ့ ဝန်ခံခဲ့တာကို အလွန်ပျော်ရွှင်သွားမိသည်။ တကယ်လို့ ဂျယ်နီရည်ရွယ်ချက်ရှိရှိနဲ့ တကယ်လုပ်ခဲ့ရင်တောင် သူဂျယ်နီကို အရမ်းကြီးပစ်ပစ်ခါခါ ပြောနိုင်မှာမဟုတ်ဘူး။ မစ္စမာရင်းတို့သားအမိကိုတော့ ဒီတစ်ခေါက်ကိစ္စနဲ့ပတ်သက်ပြီး ကောင်းကောင်းပညာပြမှ ဖြစ်တော့မည်။ အခုကိစ္စမှာ သူသာရှိမနေရင် သူတို့အကြံအစည်တွေက မအောင်မြင်နိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒီကိစ္စက ဂျွန်ဂျောင်ဂုအတွက် ဘာမှမဟုတ်ရင်တောင် သူကတော့ ဒီအတိုင်း ကျော်ပေးမသွားနိုင်ဘူး။

___________TBC

မြို့တော်ရဲ့ အထူးချွန်ဆုံး ဗိုလ်လောင်းကြီးကွ တစ်ခါခိုင်းပဲရမယ် 😡 နောက်တစ်ခါဆို အလိုက်သတိလုပ်ပြီးသားပဲ 😌 ခ်ခ်

_________________________

ယောဒေါဘွန်း😭 လွမ်းနေတာ အူးဝါး တစ်ပတ်မပြည့်ခင်လေး ရောက်လာခဲ့ပြီလို့ လိုင်းမရတာပါ ㅠㅠㅠㅠခုမှ တယ်လီနောလိုင်း ပြန်ရလို့ မကောင်းမကန်းကြားက တင်လိုက်ရတာ ဝူး ပစ်ထားတယ်တေ မကြောကြပါနက် အိုင်ကိုယ်တိုင်တောင် တလောကလုံး ပစ်ထားတာ ခံလိုက်ရသလိုပဲ တစ်ပတ်လုံး ကန်ဒီခရက်နဲ့ တီဗွီနဲ့ပဲ ဖြတ်‌သန်းနေရတယ် ဝူး တွေးရင်းတောင် နိုချင်လာပြီ 😢 ကိုယ့်ပိုက်ဆံနဲ့ကိုယ် သုံးချင်တောင်သုံးမရတဲ့ ငလူးဘွရီးပါ။ 😭စိတ်ထိခိုက်လိုက်တာ ရီဒါတို့ရယ် 😢ဘယ်အချိန်ဘယ်အခါထိ ပြန်ရပြီး ပြန်ပျက်အုံးမလဲ မသိသေးပါဘူး ရမ်းတေစိတ်ထိခိုက်နေဘီ!!!!!

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories