Fanfics

ep32

15:01, 12 November 2023

ပြန်ရောက်တာနဲ့ ဖမ်းဆီးထားခဲ့တဲ့ဓားပြတွေကို သူ့တပ်သားတွေကို ဖမ်းဆီးစေခဲ့ဖို့ ညွှန်ကြားလိုက်သည်။ ဓားပြတွေကို ဖမ်းဆီးထိန်းသိမ်းလာပြီးနောက် အကျဉ်းထောင်ထဲ အရင်ဆုံးချထားလိုက်ပြီး ရရှိထားတဲ့ ပစ္စည်းတွေကိုလည်း ယာယီထိန်းသိမ်းထားလိုက်သည်။ ထိုအကြောင်းတွေက စစ်တပ်တွင် ညတွင်းချင်းတော်တော်လေး ဂယက်ထသွားခဲ့သည်။ သတင်းတွေက တစ်စကနေတစ်စ စစ်တပ်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။ ကင်မ်ဆော့ဂျင်ဓားပြတွေဆီက ပြန်ပေးဆွဲခံရသည်နှင့် သူသည်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာဆွေးနွေးညွှန်ကြားချက်မှ မလုပ်ဘဲ အစီအစဉ်မရှိ တစ်ကိုယ်တော်သွားရောက်နှိမ်နင်းခဲ့သည်က သူထွက်သွားပြီးနောက် စစ်တပ်ထဲတွင် အကုန်အုတ်‌ဩသောင်းနင်းဖြစ်ကုန်သည်။

သူပြန်လာတော့ သူ့နောက်လိုက်ပြီး တပ်ဖြန့်ရှာဖို့ တပ်သားတွေကို အဆင်သင့်ပြင်ထားတာကို မြင်လိုက်ရသည်။ အစီအစဉ်မရှိဖြစ်သွားတဲ့အတွက် အရာရှိလူအိုကြီးတွေရဲ့ ဆူပူခြင်းကိုလည်း နားပူအောင် ခံလိုက်ရသေးသည်။ သူကတော့ လုပ်ချင်ရာလုပ်ခဲ့ပြီးပြီဆိုပြီး ငြိမ်ခံနေမည်ထဲတွင်တော့မပါ။ လူအိုကြီးတွေနဲ့ အပြိုင်အဆိုင်ငြင်းခုံနေခဲ့ပြီးနောက် အားလုံးကို တာဝန်ယူမည်ဖြစ်ကြောင်း ပြောကြားပြီး စကားဝိုင်းကို အဆုံးသတ်ခဲ့သည်။

သူထိုညတွင်းချင်းပဲ ကိစ္စတချို့ကို အဆုံးသတ်ပြီးနောက် အစီရင်ခံစာကို ရေးသားပြီးစီးချိန်တွင် အလင်းရောင်ထွက်ပြုစပြုလာပြီ။ သူအညောင်းအနည်းငယ်ဆန့်ထုတ်ပြီးနောက် ကင်မ်ဆော့ဂျင်ရှိရာဆီသို့ ရောက်လာခဲ့သည်။ ကင်မ်ဆော့ဂျင်က တစ်လမ်းလုံးအိပ်ပျော်လာခဲ့ပြီး ပြန်ရောက်သည်အထိ တစ်ချက်မှနိုးမလာခဲ့။ တအားတွေ အိပ်ရေးပျက်နေတာထင်ပါရဲ့.. သူဒဏ်ရာရထားခြေထောက်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် နောက်တစ်ကြိမ်ဆေးပြန်လိမ်းပေးပြီး နှိပ်နယ်ပေးလိုက်တော့ အသံသေးသေးလေးတွေထွက်ကာ ညည်းညူလာခဲ့သည်။ သူဆေးလိမ်းပြီးနောက် ကင်မ်ဆော့ဂျင်အိပ်ပျော်နေခဲ့တာကို ခဏမျှ ကြည့်နေခဲ့ပြီး သူလည်းခဏလောက်အနားယူဖို့ရာ စဉ်းစားမိရင်း ဘေးတွင် ဝင်လှဲလိုက်သည်။

.......

ဆော့ဂျင်နိုးလာတော့ မျက်လုံးတွေဖွင့်ဖွင့်ခြင်း အလင်းရောင်နဲ့ မတူညီတဲ့ အခန်းအပြင်အဆင်တွေကို မြင်လိုက်ရပြီးနောက် သူခဏမျှ တွေးတောလိုက်ပြီး မနေ့ကအဖြစ်အပျက်တွေ ခေါင်းထဲ အစီအရီ ပေါ်လာခဲ့သည်။ ပြဇာတ်ဆန်တဲ့ အဖြစ်အပျက်တွေကို သူတကယ်ကြုံတွေ့လိုက်ရသည်ကို တွေးနေရင်း လက်တွေ့မဆန်လိုက်တာဟု ထပ်တွေးနေမိသည်။ ညက ဂျွန်ဂျောင်ဂုသူ့ကို ကယ်ထုတ်လာတာကို အတွေးထဲရောက်လာတဲ့အခါ သူဘေးဘီကို လိုက်ရှာလိုက်မိတော့ ဂျွန်ဂျောင်ဂုလည်း သူ့ဘေးတွင် အိပ်‌နေသည်ကို တွေ့လိုက်ရသည်။ သူခဏမျှကြည့်နေခဲ့ပြီး အချိန်မနည်းတော့ကြောင်း သတိပြုမိတော့ အိပ်ရာမှ ထဖို့ပြင်လိုက်သည်။

" နိုးပြီလား "

သူအိပ်ရာက ထဖို့တောင် လှုပ်ရှားမှုသိပ်မလုပ်လိုက်ရသေး သူက နိုးလာခဲ့သည်။ သူ့ခါးကို ဖက်တွယ်ထားတဲ့ လက်တွေက တင်းကြပ်ပြီး အိပ်ရာထစ အသံအက်အက်နှင့် မျက်လုံးတွေပွတ်သပ်ကာ သူ့အားကြည့်လာသည်။

" နေလို့ကောင်းလား ခြေထောက်ကို လှုပ်ကြည့်အုံး "

ဆော့ဂျင် သူသတိပေးမှ သူ့တွင် ဒဏ်ရာရနေသည့် ခြေထောက်ရှိနေသေးသည်ကို သတိရပြီး ခြေကျင်းဝတ်ကို အနည်းငယ်ယမ်းကြည့်လိုက်သည်။ သူအများကြီးယမ်းလို့မရဘူး။ ဂျွန်ဂျောင်ဂုရဲ့ လက်တွေခြေထောက်တွေက သူ့ကိုယ်ပေါ်မှ နေရာယူထား၍ သူလှုပ်ရှားလိုက်တော့မှ သူ့ကိုယ်ပေါ်မှ ဖယ်ခွာသွားကာ သူက အိပ်ရာက ထလိုက်သည်။

" ချက်ချင်းကြီးတော့ ကောင်းအုံးမှာမဟုတ်ဘူး ခြေထောက်ကို သိပ်အားပြုမလျှောက်နဲ့ "

" အင်း.. "

သူခြေထောက်တွေကို စစ်ဆေးနေရင်း အသံပြန်ပြုတော့ သူအခန်းထဲကထွက်သွားပြီး တံခါးပိတ်သံကြားလိုက်ရသည်။ သူထိုမှ မော့ကြည့်ရင်း သူလည်း ခုတင်ပေါ်မှ ဆင်းလိုက်ပြီး အပြင်လိုက်ထွက်လိုက်သည်။ ခြေထောက်က ခြေချလိုက်တော့ အနည်းငယ်နာကျင်နေသေးသည်။ သူကြမ်းပြင်ပေါ် ဖွဖွနင်းချလိုက်ပြီး အခန်းပြင်သို့ ထွက်လာခဲ့သည်။

အပြင်ရောက်တော့ ဂျွန်ဂျောင်ဂုကို မတွေ့ရ၍ သူပတ်ရှာမိသည်။ ဒီနေရာက သူပထမတစ်ခါ ရောက်တုန်းကထက် ‌အနည်းငယ်ပြောင်းလဲပြီး ရှုပ်ထွေးမှုအနည်းငယ်ရှိနေသည်။ သူခဏမျှ စူးစမ်းနေပြီးနောက် တံခါးပိတ်သံနှင့်အတူ ခြေသံကြောင့် အသံကြားရာ လှည့်ကြည့်လိုက်သည်။ ဂျွန်ဂျောင်ဂုက ရေပုံးတစ်ခုကိုင်ထားပြီး အခန်းထဲမှ ထွက်လာသည်။

" ခင်ဗျားအတွက် အဝတ်အစားတွေကို လက်ထောက်ဒန်ကို လာပို့ခိုင်းထားတယ် ရေချိုးမယ်မလား "

" အင်း.. ဒန် ဒန်ကရော "

" သူ့ကို ပုံမှန်အတိုင်းပြန်လွှတ်လိုက်ပြီ အခုလောက်‌ဆို အရင်နေ့တွေအတိုင်း အလုပ်မှာရှိနေလိမ့်မယ် "

" ငါသူ့ကိုဆက်သွယ်ဖို့ တယ်လီဖုန်းသုံးလို့ရမလား "

" ဘာလုပ်ဖို့လဲ "

" ငါ.. "

သူက မျက်မှောင်ကုတ်ရင်းပြောတော့ ဆော့ဂျင်ပင် ရုတ်တရက် ဘာပြောရမှန်းမသိ။ ဒန်က အခြေအနေသိပြီးသွားရင်တောင် သူအဆင်ပြေကြောင်းနဲ့ တချို့ကိစ္စတွေ မှာကြားရအုံးမည်လေ။ သူနှင့်ဒန် ထိုနေ့က အတူရှ်ိနေခဲ့ပြီးမှ ကွဲကွာသွားရတာလေ သူအဆင်ပြေကြောင်းနဲ့ တခြားစကား နည်းနည်းပါးပါးပြောကြားသင့်သည်မဟုတ်လား..

" ခင်ဗျားအဆင်ပြေသွားပြီဆို‌ပေမဲ့ အနားယူသင့်တယ် လောလောဆယ် အလုပ်ကိစ္စတွေ ခဏလောက်ဖြစ်ဖြစ် မေ့ထားလိုက် "

" အင်း.. ငါ.. ဒါဆိုလည်း.. "

" ရေချိုးလိုက်တော့.. ရေချိုးခန်းထဲမှာ စောင့်နေ "

သူကပြောပြီး သူ့ရှေ့ကဖြတ်လျှောက်ကာ အပြင်ဘက်ကိုထွက်သွားသည်။ ဆော့ဂျင်က ထိုနေရာတွင်သာ တွေးတောရင်း ကျန်နေခဲ့သည်။ ရေချိုးခန်းထဲမှာစောင့်နေဆိုတာက မချိုးသေးဘဲ စောင့်နေစေချင်တာလား သူဘာကိုရည်ရွယ်ပြီး အဲလိုပြောသွားရတာလဲ.. ဆော့ဂျင်ရှုပ်ထွေးစွာ တွေးနေခဲ့ရင်း နောက်ဆုံး သူတွေးမိတာက သူနဲ့အတူချိုးဖို့ စောင့်နေစေချင်တာလား.. ဟမ်း..

သူရေချိုးခန်းထဲ တွေတွေဝေဝေနဲ့ ဝင်လာခဲ့သည်။ သူတို့အခုမှ ပြေလည်လားမသိတဲ့ဆက်ဆံရေးမှာ သူက သူနဲ့အဲလိုကိစ္စတွေ လုပ်ချင်ပါ့မလား.. သူတို့ အခုလို ပူးပူးကပ်ကပ်မနေရတာတော့ ကြာပြီပေမဲ့ ဟမ်း.. သူမတွေးတတ်တော့ဘူး။ တကယ်လို့ သူကလိုချင်တယ်ဆိုရင်တော့ ဆော့ဂျင်အနေနဲ့ ငြင်းဆန်ဖို့ရာ အခွင့်အရေးရှိမည်မှမဟုတ်တာ။ သူ့အခြေအနေကလည်း အဆိုးကြီးမှ ဟုတ်မနေတာ..

ကလစ်..

တံခါးဖွင့်သံကြောင့် သူလှည့်ကြည့်လိုက်တော့ ဂျွန်ဂျောင်ဂုက အငွေ့တထောင်းထောင်းထနေသည့် ရေပုံးကို ဆွဲကိုင်ရင်း အခန်းတံခါးကို ဖွင့်လိုက်သည်။ ဆော့ဂျင်အနည်းငယ်ကြောင်အ,သလို ကြည့်နေမိပြီး သူအခန်းထဲဝင်လာတာကို ကြည့်နေခဲ့သည်။သူက သယ်ယူလာတဲ့ရေကို ရေတစ်ဝက်ရှိပြီးသား ရေချိုးကန်ထဲသို့ ထည့်လိုက်သည်။

" ရေနွေးနဲ့စပ်ချိုးလိုက် အရမ်းအေးလွန်းတယ် မကြာစေနဲ့ "

ဆော့ဂျင်‌ဘာမှပြန်မဖြေရသေးခင် သူက အခန်းထဲမှ ပြန်ထွက်သွားခဲ့သည်။ သူအများကြီးတွေးတောမနေတော့ဘဲ အဝတ်အစားတွေကို ချွတ်ကာ ရေချိုးဖို့ လုပ်လိုက်သည်။ သူရေချိုးကန်ထဲကရေတွေကို သူ့ကိုယ်ပေါ်မတင်ခင် ရေထဲကို လက်ချောင်းတွေဖြင့် လှုပ်ခတ်နေရင်း သူ့နှုတ်ခမ်းတွေက အလိုအလျောက်ပြုံးစေလာခဲ့သည်။ တကယ်ဆို ဂျွန်ဂျောင်ဂုလိုလူက အသေးအဖွဲ့ကိစ္စတွေမှာဆို သူ့ဖိနပ်သူချွတ်ဖို့တောင် မလုပ်ချင်တဲ့လူစားမျိုးလေ.. သူကဘာလို့ ရေကိုကိုယ်တိုင်သယ်ပြီး သူရေချိုးဖို့ကို အလေးအနက်ရှိနေရတာလဲ.. ဟမ်း..

______________________________

သူရေချိုးပြီး အခန်းထဲကထွက်လာတော့ မနက်စာစားဖို့ရာ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ဒန်ယူလာပေးတဲ့ သူ့အဝတ်အစားတွေ ဝတ်ဆင်လိုက်ပြီး မနက်စာစားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သည်။ ထမင်းဝိုင်းတွင် ဟင်းလျာတွေက နှစ်ယောက်စာထက်တော့ များနေသည်။ ဟင်းတွေက အခုမှ ပူပူနွေးနွေးလေးတွေပဲ ရှိသေးသည်။ သူတို့မနက်စာကို တိတ်တဆိတ်စားရင်း အဆုံးသတ်လိုက်သည်။ စားပြီးတော့ သိမ်းဆည်းစရာလည်း မလိုတော့ ဆော့ဂျင်အတွက် ဘာမှလုပ်စရာရှိမနေ။ သူအခုအချိန်မှာ အကုန်လုံးအဆင်ပြေနေပြီမလို့ အိမ်တော်ပြန်ဖို့ရာ စတင်တွေးလိုက်သည်။ စစ်တပ်မှာ စစ်သားမဟုတ်တဲ့သူတွေအတွက်က နေရတာ သိပ်တော့အဆင်မပြေလှ။ သူ့ဘက်က အဆင်မပြေတာဖြစ်သည်။ အားလုံးက ကိုယ်စီအလုပ်တွေဖြင့် ရှုပ်ထွေးနေကြပြီး သူသာလျှင် အနာယူခြင်းခေါင်းစဉ်ဖြင့် ယောင်ချာချာဖြစ်နေမိ၍ သက်သောင့်သက်သာဖြစ်နေသော်လည်း ထိုသို့မနေချင်လှ။

သူခေတ္တမျှ ရောက်တတ်ရာရာ တွေးနေခဲ့ပြီးနောက် ဂျွန်ဂျောင်ဂုက သူ့ကို ခဏနေကြလျှင် အမှုအစီရင်ခံဖို့ အရာရှိတစ်ယောက်က လာတွေ့မည် အဆင်ပြေရဲ့လားလို့ မေးလာသည်။ သူအဆင်ပြေကြောင်း ပြန်ပြောလိုက်သည်။ မဟုတ်တောင် သူပျင်းနေတာမလို့ အဆင်ပြေလှသည်။ သူတို့အခုထိ ထိုညကကိစ္စအကြောင်း တစ်ခွန်းမှမဟကြသေး၍ အခြေအနေဘယ်လိုရှိလဲပင် မသိခဲ့ရ။

ခဏနေတော့ အရာရှိတစ်ယောက်ဝင်လာခဲ့သည်။ သူတို့တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ပြီး သူ့ကို ထိုနေ့ကကိစ္စအကြောင်း အနည်းငယ်မေးမြန်းပြီး ပြန်သွားသည်။ အချိန်အားဖြင့် ညနေပိုင်းသို့ ရောက်လာပြီဖြစ်တော့ သူလည်း ပြန်ရမလား စဉ်းစားပြီးနောက် အိမ်တော်ဆီ ပြန်တော့မည်ဖြစ်ကြောင်း ပြောလိုက်သည်။ ထိုအခါ သူက ဘာမှမပြောလာတော့ဘဲ သူ့ဆန္ဒအတိုင်း ပြန်ဖို့စီစဉ်ပေးလာသည်။

သူက လက်ထောက်ကိန်းဝပ်ကို သူ့ကိုလိုက်ပို့စေဖို့ စီစဉ်နေတာမလို့ သူအမြန်ငြင်းလိုက်သည်။

" ငါဒန်ကိုပဲခေါ်လိုက်လည်း ဖြစ်ပါတယ် အခုချိန် သူစက်ရုံမှာရှိနေလောက်မယ် ငါစက်ရုံကို ဆက်သွယ်လိုက်ရင် ရတယ် "

" မဟုတ်ဘူး ကိန်းဝပ်ကို ခင်ဗျားနဲ့ထည့်ပေးလိုက်မယ် ခင်ဗျားသူ့ကို လက်ထောက်အဖြစ် ခေါ်ထားလိုက်။ ခင်ဗျားလက်ထောက် ကိုယ်ခံပညာ လုံလုံလောက်လောက် တတ်မြှောက်တဲ့အချိန်အထိ.. အခုဖြစ်တဲ့ကိစ္စက ကျုပ်ကြောင့်ဆိုရင်တောင် မူလအရင်းအမြစ်က ခင်‌ဗျားလက်ထောက်က ခုခံဖို့ အခြေခံနည်းနည်းလေးတောင် မတတ်မြှောက်ထားလို့ အခုလိုဖြစ်ရတာ "

" မဟုတ်သေးဘူးလေ သူတို့မှာ အန္တရာယ်ရှိတဲ့ လက်နက်တွေပါသေးတယ်လေ .. ဒန်ကဘယ်လိုလုပ်.. "

ဆော့ဂျင်က ဒန်ကိုအပြစ်ဖို့ချင်နေတာကိုတော့ လက်မခံနိုင်ဘူး။ အကျိုးသင့်လို့ အကြောင်းဖြစ်သွားခဲ့ပေမဲ့ ဘယ်သူ့ကြောင့် ဆိုတာတော့ မဟုတ်သေးဘူးလေ။ ဒါက ဓားပြတွေအပြစ်ပဲ မဟုတ်ဘူးလား။ ဒန်က ကောင်းကောင်းခုခံတတ်တယ်‌‌ဆိုအုံးတော့ လက်နက်ကိုင်ထားတဲ့ သူတွေနဲ့ယှဉ်ရင် သူ့အတွက်လည်း အန္တရာယ်များတာပဲလေ

" သူတို့မှာလက်နက်ပါလည်း ကိန်းဝပ်သာဆို အခုလိုဖြစ်လာခဲ့မှာမဟုတ်ဘူး အဲဒါကြောင့် ခင်ဗျားလက်ထောက် ကျွမ်းကျွမ်းကျင်ကျင် မတတ်မြှောက်ခင်အထိ ကိန်းဝပ်ကိုခေါ်ထားလိုက် ကိန်းဝပ်က ခင်ဗျားကို အလုပ်သွားအလုပ်ပြန် ကြိုပို့ပေးလိမ့်မယ် "

ဆော့ဂျင်ဘာမှထပ်မပြောနိုင်တော့ဘဲ သူ့အစီအစဉ်အတိုင်းပဲ နာခံလိုက်ရသည်။

________________________________

အိမ်တော်ပြန်ရောက်တော့ အိမ်တော်ကသူတွေက အဖြစ်အပျက်အစုံကို အကြမ်းဖျင်းသိထားကြပြီ ဖြစ်ပြီး သူပြန်လာ‌တာမြင်တော့ ပျော်ရွှင်စွာ ကြိုဆိုကြသည်။ သူရောက်လာတော့ အိမ်တော်ရှိလူအားလုံးက ရောက်လာကြ၍ လူစုံတက်စုံဖြစ်သွားသည်။

" မဒမ်ကင်မ် မဒမ်ကင်မ် ဘာမှမဖြစ်ဘူးမလား မဒမ်ကင်မ်ကို စိတ်ပူနေခဲ့တာ ဘာဖြစ်သွားသေးလဲဟင် "

အားလုံးထဲတွင် အယ်ရိုက ပြေးထွက်လာပြီး သူနှင့် တစ်ခါမှမပြုမူခဲ့ဖူးတဲ့ ပွေ့ဖက်မှုဖြင့် သူ့ကိုပွေ့ဖက်ထားပြီး စစ်ဆေးမေးမြန်းလာသည်။ တကယ်စိတ်ပူနေတာမပြောရင်တောင် မျက်ဝန်းတွေထဲ အသေအချာ မြင်နေရသည်။ သူ့ကိုပွေ့ဖက်လာတဲ့ အယ်ရိုကို သူပြန်ဖက်တွယ်ထားလိုက်ပြီး အဆင်ပြေကြောင်း ပြောလိုက်သည်။

" ကိုကို.. "

ဂျယ်နီကလည်း အယ်ရိုနောက်နားတွင် ရှိနေပြီး သူ့ကိုတိုးတိုးလျလျခေါ်လာခဲ့သည်။ သူအယ်ရိုကို ခေါင်းပုတ်ပေးလိုက်ပြီး အားလုံးကို သူအဆင်ပြေတယ်ဆိုတဲ့အကြောင်း ထပ်ပြောလိုက်သည်။

" မဒမ်ကင်မ် ဦးလေးငယ်က ဓားပြတွေကို လက်နက်တောင်မပါဘဲ တစ်ယောက်တည်းဖမ်းခဲ့တာဆို ဓားပြတစ်ယောက်မှတောင် ဦးလေးငယ်ကို မထိနိုင်ခဲ့ဘူးဆို.. "

" အင်း.. "

ဆော့ဂျင်က ထိုအကြောင်းအရာတွေကို မျက်ဝါးထင်ထင်တွေ့ခဲ့တဲ့သူဖြစ်ပေမဲ့ ဘာထပ်ပြောရမှန်းမသိတော့။ သူဂျွန်ဂျောင်ဂုကို မချီးကျူးချင်ဘူးလေ.. သူပြောလိုက်ရင် သူ့ကိုအမွှမ်းတင်ပြောနေတဲ့ပုံစံ ပေါက်သွားလိမ့်မယ်..

" ကျွန်တော့်ကို အဲဒီအကြောင်း အသေးစိတ်ပြောပြပါလား ကျွန်တော်ဖြစ်ရပ်မှန် စာတမ်းတစ်ခုလုပ်မလို့ ကျွန်တော်သာ ဒါကိုရေးလိုက်ရင် ဝါး.. အတန်းထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်လာတော့မှာ.. မဒမ်ကျွန်တော့်ကိုပြောပြ "

" ဟေး ငါ့အစ်ကိုက အခုမှ အန္တရာယ်ကြားက လွှတ်မြှောက်လာတာကိုလည်း သတိရအုံး သူ့ကိုအနားယူဖို့ အရင်လုပ်ခိုင်းသင့်တယ် "

" ဟုတ်ကဲ့.. "

ဂျယ်နီက ပြောလိုက်တော့ အယ်ရိုက စိတ်မကောင်းဖြစ်သွားပြီး သူ့ကိုကြည့်ကာ ငြိမ်သွားသည်။ ဂျယ်နီက ဘယ်သူနဲ့မှ တည့်သူမဟုတ်၍ မည်သူ့ကိုမှ ဖော်ဖော်ရွေရွေ ပြောလေ့မရှိ။ သူမကပါးစပ်နည်းနည်း‌ဆိုးပြီး တည့်တိုးဆန်တာမလို့ ဒီအတိုင်းပဲ ပြောတတ်သည်။

" အမယ်လေးဟယ် အယ်ရိုရယ် ဒီအကြောင်းကိုများ အရေးတယူလုပ်လို့ လာစမ်းပါ နောက်နေ့မှ ဦးလေးငယ်ဆီလိုက်သွားပြီး မေးလည်းရသားပဲ ခခယယရှိနေတာ မသိရင် နတ်ပြည်က ပြန်လာတဲ့အတိုင်းပဲ.. "

" နတ်ပြည်ကမဟုတ်တာတောင် အန်တီမာရင်းက အန်တီ့သမီးနဲ့ အစားထိုးချင်နေတာမလား ငါတို့သမီးလေးသာ ဖြစ်လိုက်ရင် ကောင်းမှာဆိုပြီးတော့လေ.. "

" နင်! "

" ဘာပြောတယ် ဘာကောင်းလို့ ငါကငါ့သမီးကို အဲလိုအန္တရာယ်တွင်းထဲ ပို့ရမှာလဲ နင်ကဘာဖြစ်နေတာလဲ မိုးလားကဲလားနဲ့ သခင်လေးဂျွန်ကရော နင့်ကို ဘာတွေများပစားပေးနေလို့ အခုလိုဖြစ်နေရတာလဲ ဟင်းဟင်း ငါတို့ဟယ်လင်လောက် မျက်နှာသာအပေးမခံရလို့ မစားရတဲ့အမဲ သဲနဲ့ပက်တော့ မလုပ်ပါနဲ့ကွယ် "

" မပူနဲ့ အဲဒီအမဲကို အန်တီမာရင်းတို့လည်း စားရမှာမဟုတ်ဘူးမလို့ "

" နင်! "

" တော် တော်တော့ဂျယ်နီ အရည်မရ အဖတ်မရတွေ အလကားလျှောက်ပြောနေကြ လာ သွားရအောင်.. "

" ဟွန့် "

" အယ်ရို ငါမင်းကိုနောက်ကြရင် အေးဆေးပြောပြမယ် အခုတော့ အရင်ဆုံးအနားယူလိုက်အုံးမယ် "

" ဟုတ်ကဲ့ "

သူဝင်ဖျန်ဖြေပြောတော့မှ စကားနာထိုးတာတွေက အဆုံးသတ်သွားပြီး သူလည်း ဂျယ်နီ့ကိုခေါ်ပြီး အပေါ်သို့ တက်ခဲ့ကာ လူစုခွဲလိုက်သည်။ ဒါတောင် အောက်ထပ်မှာက ကျေနပ်ကြသေးတာမဟုတ်။

" အယ်ရို အယ်ရို မင်းဘာကိစ္စ အဲဒီကောင်ကို သွားသွားပတ်သက်နေရတာလဲ ဟမ် ဒီလောက်ပြောနေလျက်ကြားကကို မဒမ်ကင်မ် မဒမ်ကင်မ်နဲ့ ဘာဖြစ်နေရတာလဲ ဟမ် "

" ဖွားကလည်း.. ကျွန်တော်က သိချင်လို့ကို.. "

" သိချင်ရင် မင်းဦးလေးငယ်ကို မေးတောင် ရနေတာပဲ ဘာလို့သူ့ကို အပိုစကားတွေ ပြောနေရတာလဲ "

" ကျွန်တော်က စိတ်ပူလို့လေ တစ်အိမ်တည်းနေတဲ့သူချင်း အခုလိုမျိုးဖြစ်ပြီး ပြန်လာတဲ့အချိန် စိတ်မပူရဘူးလား.. ဖွားဖွားတို့က ဘာလို့ မဒမ်ကင်မ့်ကို မုန်းနေကြတာလဲ ဖွားဖွားတို့က မဒမ်ကင်မ်ကို နောက်ကွယ်မှာဆိုလည်း မကောင်းတဲ့စကားတွေပြောပြီး ဆဲဆိုနေတာ.. မဒမ်ကင်မ်က ဖွားဖွားတို့နောက်ကွယ်မှာ‌ဆိုရင်တောင် ဖွားဖွားတို့အကြောင်း တစ်ခါမှ မပြောဖူးဘူး ကျွန်တော့်ကို .. "

" အမယ်လေး အမယ်လေး ကြည့်စမ်း ဖွားအေကို မကောင်းမြင်နေလိုက်ပုံများ ဟိုကနင့်ကို အချိုသပ်နေတာလေ ဘယ်ပြောမလဲ နင်ကဘာသိတာလဲ အခုနင်တောင် သူ့စကားတွေကြား မျောနေပြီမလား အဲလိုဖြစ်အောင်ပဲ သူလုပ်နေတာ နင့်ကိုအချိုသပ်ပြီး စည်းရုံးဖို့လုပ်နေတာ နင့်ကို အဲဒါတွေ စိတ်ပူတာ.. သူနင့်ကို ဘယ်အထိအယုံသွင်းထားပြီလဲ ငါတွေးရင်း ရင်လေးမိတယ် ဂျွန်အယ်ရိုရဲ့ ဟယ်လင် နင့်တူကို ကြည့်ပြောအုံး "

" အယ်ရို မာမီ့စကားနားထောင် ငါတို့က နင့်သွေးသားအရင်းအချာတွေ ငါတို့က နင့်အတွက်စိတ်ပူလို့ပြောနေတာ အဲဒီမဒမ်က နင်နဲ့ငါတို့နဲ့လို ဘာမှတော်စပ်တာမဟုတ်ဘူး သိရဲ့လား.. ငါတို့က ငါတို့သွေးသားရင်းကို မဟုတ်တာသင်ပေးနေတယ်လို့ ပြောချင်နေတာလား အဲဒီကင်မ်ဆော့ဂျင်က နင့်ဒယ်ဒီကို ပိုက်ဆံမက်ပြီး ယူထားတာ လူတိုင်းသိတယ် သိရဲ့လား.. သူက နင်ရမဲ့အမွေတွေ လိုချင်လို့ နင့်ကိုကောင်းပြနေတာ နင့်ဒယ်ဒီကသိလို့ သူ့အတွက် အမွေတောင် ချန်မထားခဲ့တာ သိရဲ့လား.. "

" သူကအမွေတွေမရလိုက်လို့ အမွေတွေပိုင်တဲ့ နင်နဲ့သခင်လေးဂျွန်ကို မြှားဦးလှည့်လာတာ အဲဒါကိုသိရဲ့လား အမွေတွေရချင်လို့ နင့်ကိုအချိုသပ်ထားတာ သခင်လေးဂျွန်ကိုဆို သူမလုပ်နိုင်လို့လေ ဒါတောင် ပြောလို့ရတာမဟုတ်ဘူး အခုပဲကြည့် ပြန်ပေးဆွဲခံရတာကတော်တော် အခွင့်ကောင်းယူပြီး ပြန်မလာဘဲ ဘာလုပ်နေတာလဲ သူ့အရင်အကျင့်တွေ ပြန်ပေါ်လာပြီပဲနေမှာ သူကသခင်လေးဂျွန်က မျက်နှာသာမပေးလို့သာ ဒါတောင် အခွင့်အရေးရရင် ‌ဝန်ကြီးချုပ်လိုမျိုး ထပ်လုပ်မလားဆိုတာ မပြောနိုင်ဘူး "

" မဟုတ်ဘူး တီလေးတို့ဖွားဖွားတို့ အထင်မှားနေတာ မဒမ်ကင်မ်က ဖွားတို့ထင်သလို မကောင်းတဲ့သူမဟုတ်ဘူး မဟုတ်ဘူး အဲလိုသာဆို ဘာလို့ ဦးလေးငယ်က မဒမ်ကင်မ့်ကို ကောင်းကောင်းဆက်ဆံရတာလဲ ဦးလေးငယ်က တစ်ခါမှ မဒမ်ကင်မ့်ကို မကောင်းတာမပြောဖူးဘူး။ တကယ်လို့ မဒမ်ကင်မ်က တကယ်မကောင်းတဲ့သူဆိုရင် ဦးလေးငယ်နဲ့မဒမ်ကင်မ်လည်း ဆက်ဆံရေးကောင်းမှာမဟုတ်ဘူး။ ဦးလေးငယ်နဲ့မဒမ်ကင်မ်က အချင်းချင်းရင်းနှီးကြတယ် ကျွန်တော့်ကိုလည်း မဒမ်ကင်မ်နဲ့မပေါင်းဖို့ မပြောဘူး "

" မာမီ.. "

အယ်ရိုအပြောကြောင့် သားအမိနှစ်ယောက်စလုံးက ငြိမ်ကျသွားကာ အတွေးကိုယ်စီနဲ့ ဖြစ်သွားကြသည်။ ပုံမှန်ဆို စိတ်ထဲထားမိမှာ မဟုတ်ပေမဲ့ အခုအယ်ရိုရဲ့စကားတွေက ပုံမှန်မဟုတ်ဘူးလို့ ခံစားစေရသည်။ သူတို့တစ်ခါမှ သခင်လေးဂျွန်နဲ့ ကင်မ်ဆော့ဂျင်ရဲ့ ဆက်ဆံရေးကို သံသယမဝင်ခဲ့ကြဘူး ဘာလို့လဲဆိုတော့ တစ်ချိန်လုံး ကင်မ်ဂျယ်နီကိုသာ သူတို့ပြိုင်ဘက်ဆိုပြီး ထင်နေခဲ့ကြတာ။ ကင်မ်ဆော့ဂျင်ကလည်း သူ့ညီမနဲ့သခင်လေးဂျွန်ကို‌ ပေးစားချင်နေပြီး ကင်မ်ဂျယ်နီကလည်း သခင်လေးဂျွန်ကို စိတ်ဝင်စားနေသည်မလို့ သူတို့တစ်ခါမှ ကင်မ်ဆော့ဂျင်ဘက်ကို သံသယမဝင်ခဲ့ကြ။

သူတို့မေ့နေတာ ကင်မ်ဆော့ဂျင်ကမှ ဝန်ကြီးချုပ်ကို အပိုင်ကြံပြီး အိမ်တော်ထိတက်နေခဲ့တာ ဒုတိယသခင်လေးကိုလည်း အဲလိုမြူဆွယ်တာမျိုး မလုပ်နိုင်ဘူးလို့ ထင်နေခဲ့တာ.. သူတို့လျှော့တွက်နေခဲ့ကြတာမဟုတ်ဘူးလား.. ဝန်ကြီးချုပ်နဲ့သခင်လေးဂျွန်က အကွာကြီးပင်။ ကြွယ်ဝချမ်းသာမှုနဲ့ ကိုယ်ယာယစွမ်းဆောင်ရည်တွေမှာ တူညီအုံးတော့ ရုပ်ရည်ပိုင်းဆိုင်ရာနဲ့ ရေပန်းစားမှုမှာတော့ မတူညီနိုင်။ သခင်လေးဂျွန်က လူတိုင်းလိုချင်နေတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံပြီး မိန်းကလေးတိုင်းက သခင်လေးဂျွန်လှည့်ကြည့်လာဖို့ ဆန္ဒရှိကြသည်။ ထိုလိုလူကို ကင်မ်ဆော့ဂျင်ကရော မလိုချင်ဘူးများ ထင်နေခဲ့ကြသလား.. ဟမ်း..

ရုတ်တရက်သူတို့တွင် ပြိုင်ဘက်တစ်ယောက် တိုးလာပြီဆိုတာ နားလည်သွားကြပြီး သူတို့သားအမိနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ကင်မ်ဆော့ဂျင်က သူတို့လျှော့တွက်လို့ ရတဲ့သူမျိုးတော့မဟုတ်ဘူး။ သူတို့ဒဏ်ရာဟောင်းတွေ ရှိသေးတယ်။ သူနောက်တစ်ကြိမ်ထပ်ပြီးတော့ ကင်မ်ဆော့ဂျင်ဆီမှာ တူညီတဲ့အရှုံးမျိုးနဲ့ ပြန်မရှုံးချင်တော့ဘူး။

___________TBC

ရို့ ဒီတစ်ခါတော့ တမင်ပျောက်နာမဟုတ်ဘူးလို့ ༎ຶ⁠‿⁠༎ຶ တစ်ရက်လောက်နားပြီး တင်ပေးမလို့ဘဲ ငလူးလိုင်းနဲ့ဝိုင်ဖိုင်က ဖြတ်ထားတယ်။ အခုထိလည်းမရသေးဘူး ကြာအုံးမယ်ပြောတယ် ㅠㅠ တယ်လီနောက မဖြတ်တော့ ဒေတာဝယ်သုံးပြန်တော့လည်း ချီးလိုင်းက စုတ်ချက် ငလူး

မနေ့က အိမ်နောက်က မာလာရှမ်းကောဆိုင် သွားထိုင်တော့မှ သူတို့ဆိုင်က ဝိုင်ဖိုင်ပတ်ဝါ့မှတ်ပြီး ကြည့်တော့မှ နှစ်တုံးတော့တက်တယ် မဆိုးသေးဘူး။ ဒါမဲ့ အိပ်အပေါ်ထပ် ပြတင်းပေါက်ဖွင့်သုံးမှ သေချာမြင်ရတယ် ငလူး ညဆိုအေးခဲလို့ ‌လက်တွေတောင်တောင့်ပြီး အကြောကပ် လေဖြတ်လောက်တယ် အိုင့်ဒုက္ခကို ကွက်ကွက်ကွင်းကွင်းမြင်ကြရဲ့လား ငလူး ပြောရင်းနဲ့ဒေါသထွက်

အမှန်ဆို အိမ်ကဝိုင်ဖိုင်ပြန်ရတော့မှ အပ်ဒိတ်လုပ်မလို့ဘဲ ဒါမဲ့ လိုင်း‌ရတော့ ဝင်ကြည့်တော့လည်း မဖြစ်သေးပါဘူးလေလို့ တွေးလိုက်တယ် ယူတို့က အိုင်မူယာမာယာကူလီကူမာနဲ့မတင်ဘူးဘဲ ထင်နေကြမှာသိတယ် 😪အဲတော့အပ်ဒိတ်ကို ဝိုင်ဖိုင်ရမှပဲ အေးဆေးဖတ်ကြတာပေါ့ အခုလိုသောက်ချီးလိုင်းနဲ့ အပ်ဒိတ်ပေးစေချင်ရင်တော့ တော်တော်လေးစာနာမှုမရှိတာဘဲ မနက်က ဝမ်းလျှော့တင်တော့တောင် ဆယ်ခါလောက် တင်လိုက်ရတယ် လက်တွေကို လေထဲမှာပင့်မြှောက်ပြီး မရလို့ နောက်ဆုံး ဒေတာဖွင့်ပြီး ရှိစုမဲ့စုလေးနဲ့  တင်လိုက်ရတယ် ငလူးဘဝကြီး

ဒီလောက်ဆို တော်တော်စာနာသွားပြီမလား နားလည်သွားပြီမလား အိုခေတယ်နော် သဘောတူတယ်မလား ဝိုင်ဖိုင်ရမှနော် သဘောတူတယ်ဆို တံဆိပ်နှိပ်! အတင်းမပြောကြနဲ့နော် အတည်ဖြစ်နေတာ

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories