Fanfics

ep17

14:31, 9 October 2023

" သခင်လေးဂျွန်.. လည်ဆွဲအတွက် ကျေးဇူးတင်ပါတယ်.. "

" အာ.. အဲဒါ အကြိုက်တွေ့ရဲ့လား မိန်းက‌လေးဟယ်လင် "

" ဟယ်လင်အရမ်းကိုမှ နှစ်သက်ပါတယ် သခင်လေးဂျွန်က ပေးတဲ့လက်ဆောင်မလို့ ဟယ်လင်ပိုနှစ်သက်ရပါတယ်သခင်လေးဂျွန် "

" ဒီလိုဆို မိန်းကလေးဟယ်လင်အတွက် မကြာမကြာ လက်ဆောင်ပစ္စည်းတွေ ပေးရတော့မယ် နှစ်သက်တယ်ဆိုရင်.. "

" ဟယ်လင် ဝမ်းသာအားရ လက်ခံမှာပါ သခင်လေးဂျွန်ဆီက ရတဲ့လက်ဆောင်က ဘယ်လောက်အဖိုးတန်ပြီး တန်ဖိုးရှိလဲ ဟယ်လင်သာ ဒီအကြောင်းအရာကို တခြားမိန်းကလေးတွေကို ပြောပြလိုက်ရင် သူတို့ဘယ်လောက် အားကျနေမလဲသိလား ဟယ်လင်က ကံကောင်းတာပါ "

" ဟားဟား အဲလောက်တောင်ပဲလား.. "

" အဲထက်တောင် ပိုပါအုံးမယ် "

" ဟားဟား ဟုတ်ပါပြီ မိန်းကလေးဟယ်လင်ကြိုက်တယ်ဆိုရင် ကျုပ်ကလည်း ဝမ်းသာပါတယ် "

သူတို့စကားတပြောပြောနဲ့ မနက်ခင်းလေ့ကျင့်ခန်းက ပြန်ရောက်လာကြသည်။ အိမ်တော်ထဲ လမ်းလျှောက်ဝင်လာရင်း ဥယျာဉ်ဘေးကအဖြတ်တွင် လတ်ဆတ်တဲ့ ပန်းအနံ့က လေအဝှေ့တွင် တိုးဝင်လာခဲ့တော့ သူ့နှာခေါင်းက အလိုအလျောက် ရှူရှိုက်အနံ့ခံမိသွားသည်။ သူအနံ့လာရာဘက် ကြည့်မိတော့ ပန်းပင်တွေက ပေါင်းစုံပြီး ဘာပန်းအနံ့မှန်းတောင် မခွဲခြားတတ်ပေမဲ့ မနေ့ကရတဲ့ ခပ်သင်းသင်းရနံ့နဲ့တော့ ဆင်တူသည်။ ထိုအနံ့လေးကိုရတော့ ထိုအနံ့ကို သယ်ဆောင်လာတဲ့သူကိုပါ တစ်စပ်တည်းသတိရမိသွားသည်။ မနေ့က သူ့ဆီမှ ထိုလိုအမွှေးရနံ့သင်းသင်းကို ရပြီး အိပ်ရာထဲတွင်လည်း စွဲကျန်နေခဲ့သည်။ ဒါကြောင့် သူဒီအနံ့လေးကို စွဲနေတာဖြစ်သည်။

သူတို့အိမ်တော်ထဲ ဝင်လာတော့ ဧည့်ခန်းနားတွင်လည်း ထိုအမွှေးရနံ့မျိုး ထပ်ရပြန်သည်။ အပြင်ကရတဲ့အနံ့ထက် ယခုအနံ့သည် မနေ့ကရခဲ့တဲ့ အနံ့နှင့် ပို၍ဆင်တူသည်။ သူနှာခေါင်းရှုံ့ရင်း အကြည့်တွေက သိသိသာသာ ထိုအနံ့ကို လိုက်ရှာနေမိသည်။

ကင်မ်ဆော့ဂျင်ရဲ့လက်ထောက် ဒန်ဆိုတဲ့ ကောင်လေး ဧည့်ခန်းထဲဝင်လာမှ သူထိုအနံ့ဘယ်ကထွက်နေမှန်း သိလိုက်သည်။ စားပွဲပေါ်က ရှုံ့အိတ်လေးတွေမှ ထိုအနံ့တွေ ထွက်နေတာဖြစ်သည်။ ထိုကောင်လေးက ထိုအိတ်လေးတွေကို ကောက်သိမ်းပြီး သူ့ကိုအရိုအသေပေးကာ သူ့ရှေ့ကနေ ထွက်သွားသည်။ ထိုပစ္စည်းတွေနဲ့ ထွက်သွားသည့်တိုင် အနံ့တွေက သင်းကျန်ခဲ့နေတုန်း.. သူထိုအနံ့လေးတွေနောက် မျှော်ကြည့်ရင်း ဒန်အပေါ်ထပ်ဆီ တက်သွားတာကို မြင်လိုက်ရသည်။

အနံ့အသက်တွေကို ကောင်းသည်ဆိုးသည် တစ်ခါမှ ဂရုမစိုက်ခဲ့ဖူးပေမဲ့ ထိုအနံ့လေးကိုတော့ သူ့စိတ်ထဲဘဝင်တွေ့နေမိကာ သတိတရလည်း ရှိနေမိသည်။ သူ့အိပ်ရာထဲမှာလည်း ထိုအနံ့လေးတွေဆိုတာ သူသေချာမှတ်မိနေသည်။ အရင်ကရော သူအနံ့သင်းတဲ့အသုံးအဆောင်တွေ သုံးခဲ့ဖူးလား နှစ်သက်ဖူးလား သေချာမမှတ်မိတော့ဘူး။ အထူးသဖြင့် အမွှေးရနံ့တွေအများဆုံးက မိန်းမတွေကိုယ်မှ ရသည်။ ဘယ်မိန်းကလေးက ဘယ်လိုအနံ့သုံးလဲ သိပ်တော့ သေချာသတိထား မရှူရှိုက်ခဲ့ဖူးဘူးလား သူအနံ့နှင့် ပတ်သက်ပြီး သိပ်ပြီး အမှတ်တရရှိမနေခဲ့ဘူး။ ဒီဟာမှလည်း သူဘက်က ထူးထူးခြားခြား ရှိလာစရာ မလိုဘူးမလား.. ရိုးရိုးအမွှေးရနံ့တစ်ခုပဲလေ..

_______________________________

" အစ်ကို ထပြီလား နေမကောင်းဘူးဆိုရင်လည်း အပြည့်အဝအနားယူပါအုံးလား.. "

" ထပြီ ငါသိပ်ပြီးမလှဲနိုင်ဘူး နေမကောင်းတာလည်းမဟုတ်ပါဘူး ကိုယ်တွေလက်တွေနာနေတာ.. ပေး အဲဒါတွေငါ့ကို.. မင်းအတွက်လိုရင်လည်း ယူသွားလေ "

သူ့ရဲ့ အောက်ထပ်မှာကျန်နေခဲ့တဲ့ အမွှေးနံ့သာအိတ်တွေကို မနက်မှ သတိရပြီး ဒန်ကိုယူခိုင်းရသည်။ မနေ့က ဘာမှပင် သတိမရတော့အောင် အိပ်ပျော်သွားခဲ့တာ မနက်ရောက်တော့လည်း ထနေကြအချိန်မှာ မထနိုင် ဒန်လာနှိုးမှပဲ နိုးတော့သည်။ ဒန်က သူ့ကိုခေါ်မရတော့ နေမကောင်းဘူးထင်ပြီး အခန်းထဲထိ ရောက်လာခဲ့တာဖြစ်သည်။ ဒန်လာနှိုးတော့မှ သူလည်း ထနေကြအချိန်ကျော်နေပြီဆိုတာ သိတော့သည်။

" အစ်ကို အလုပ်သွားအုံးမှာလား "

" ဒီနေ့ နေ့လယ်မှပဲ စက်ရုံကို လာခဲ့မယ် မြေကိစ္စနဲ့ရုံးသွားဖို့နဲ့ အယ်ရိုသင်တန်းကိစ္စ သွားမေးဖို့လည်း ရှိသေးတယ်.. အယ်ရိုက ကျောင်းပြိုင်ပွဲမှာ သေနတ်ပစ်ဝင်ပြိုင်ချင်တယ်တဲ့ မင်းသိမလားမသိဘူး မြို့တော်ရဲ့တပ်မဟာမှာ အမှတ်အများဆုံးနဲ့ ထိပ်တန်းဝင်ထားတဲ့ အရာရှိက.. "

" အဲဒါ သခင်လေးဂျွန်မဟုတ်ဘူးလား "

" အိုး.. မင်းသိနေတယ်.. ဒါကတကယ်ပဲလား ငါအဲသတင်းကို ကြားခဲ့ပေမဲ့ မယုံနိုင်ဘူးဖြစ်နေတာ အယ်ရိုက သူနဲ့သင်ချင်တာတဲ့လေ.. "

ဒန်ပါသိနေတယ်ဆိုတော့ သူမအံ့ဩဘဲမနေနိုင်တော့။ တကယ်ပဲ အဲဒါက အမှန်ပေါ့လေ.. ဂျွန်ဂျောင်ဂုက ထိပ်တန်းစစ်သားတစ်ယောက်ပေါ့လေ

" အဲဒီသတင်းက စစ်တပ်မှာ တော်တော်ပျံ့သွားတဲ့အကြောင်းအရာပါပဲ သခင်လေးဂျွန်က အမှတ်အများဆုံးထိပ်တန်းဖြစ်ရုံမကဘဲ ဘယ်အရာရှိမှ မရထားသေးတဲ့ စံချိန်သစ်လည်း ဖြစ်သေးတယ်။ သခင်လေးအယ်ရိုသာ သခင်လေးဂျွန်သင်ပေးရင် အမှတ်ကောင်းကောင်းနဲ့ အနိုင်‌ရနိုင်လောက်တယ် "

" မင်းလည်း သူ့ကို အထင်ကြီးနေပုံပဲ "

" ‌မဟုတ်တာ ကျွန်တော်က.. "

ဆော့ဂျင်နှာခေါင်းရှုံ့လိုက်သည်။ ဒန်က ငြင်းနေပေမဲ့ ထိုအကြောင်းပြောနေတုန်းက သိသိသာသာပဲ အာပေါင်အာရင်း ပြောနေ‌သည်။ ဂျွန်ဂျောင်ဂုကို အထင်ကြီးနေတာ အသိသာကြီး.. ဘာများအထင်ကြီးစရာရှိလို့လဲ စစ်သားပဲ သင်တန်းအလုံအလောက်နဲ့ အချိန်အလုံအလောက်ပေး လေ့ကျင့်သင်ကြားပေးပြီး သေနတ်ပစ် တော်နေတာက အဆန်းလို့မထင်ပါဘူး။

ဆော့ဂျင်ရဲ့ သိသိသာသာငြင်းဆန်သွားပုံကြောင့် ဒန်က မျက်နှာငယ်လေးနဲ့ဖြစ်သွားသည်။ သူက သူဂျွန်ဂျောင်ဂုကို ကြည့်မရဖြစ်နေတာ သိလျက်ကြားက ဂျွန်ဂျောင်ဂုကို အထင်ကြီးမိသွားတဲ့ ပုံရိပ်တွေ သူ့ရှေ့ပြမိသွားတော့ သူ့စိတ်ဆိုးသွားမှာ စိုးရိမ်သွားသည်။ တကယ် ကလေးစိတ်ပဲ သူကအဲလိုကလေးဆန်ဆန် လိုက်ပိတ်ပင်နေပါ့မလား..

" မင်းရော သေနတ်ပစ်သင်ချင်လား "

သူရုတ်တရက် လှည့်မေးလိုက်တော့ ဒန်က သတိအနေအထားနဲ့ ပျာပျာသလဲ လက်ခါငြင်းတော့သည်။

" မသင် မသင်ချင်ပါဘူးအစ်ကို မသင်ချင်ပါဘူး "

" တတ်ထားသင့်တယ်မဟုတ်ဘူးလား မြို့တော်ရဲ့ အခြေအနေတွေက မတည်ငြိမ်သေးဘူး ငါတို့စက်ရုံကိစ္စနဲ့ မြို့ပြင်တွေ သွားရတဲ့အခါမျိုးဆို လမ်းခရီးမှာ အန္တရာယ်များတယ် မင်းရော ငါရော ခြင်တောင် ကောင်းကောင်းမရိုက်တတ်ဘူး "

ဒါက အမှန်တကယ်လည်း လိုအပ်တဲ့အရာဖြစ်သည်။ သူတို့မြို့တွင် စစ်ပွဲတွေက မရပ်သေးဘူး။ ညဘက်မြို့ပြင်ဘက် လမ်းခရီးတွေက သူခိုးဓားပြတွေနဲ့ အန္တရာယ်များသည်။ သူတို့လို ကားနှင့်သွားလာနေတဲ့ လူချမ်းသာတွေကို အဓိကထား ချုံခိုတိုက်ခိုက်နေတဲ့ ဓားပြအုပ်စုတွေ ပေါများသည်။ အစိုးရက အဲအတွက် ဖြေရှင်းဖို့လုပ်နေပေမဲ့ စစ်ပွဲကလည်း အရေးကြီးနေတာမလို့ ဓားပြတွေက ပိုသောင်းကျန်းနေသည်။ ဒန်ကလည်း ကိုယ်ခံပညာသင်ဖို့ စိတ်ဝင်စားနေတာ သူသိသည်။ ‌သူတို့အလုပ်က အရမ်းရှုပ်နေတာမလို့သာ တခြားမလိုအပ်တာတွေအတွက် အကောင်အထည်မဖော်ဖြစ်သေးတာ။ အခုတော့ သူတို့စက်ရုံအသစ်ကလည်း မြို့နှင့်အလှမ်းဝေးတာမလို့ သူတို့အနေနဲ့ သတိရှိဖို့ လိုသည်။ တတ်ထားသင့်တာ ကောင်းသည်။

" ကျွန်တော် လိုအပ်တယ်ဆိုရင် သင်ပါ့မယ် အစ်ကို "

" ကောင်းတယ် အယ်ရိုကို သင်တန်းအပ်ပေးတဲ့အခါ မင်းကိုပါတစ်ခါတည်း ခေါ်သွားမယ် မဟုတ်မှ မင်းလည်း သခင်လေးဂျွန်နဲ့ သင်ချင်နေတာမလား.. "

" အစ်ကိုကလည်း.. "

____________________________

သူအောက်ဆင်းလာတော့ ပုံမှန်ထက်နောက်ကျနေတာမလို့ အိမ်တော်တွင် မည်သူမှမရှိတော့။ ကိုယ်စီအလုပ်ကို ထွက်ခွာကြကုန်ပြီထင်.. သူစားဖိုဆောင်ဘက် ထွက်ခဲ့တော့ တံခါးဘက်ကို ကျောပေးထားတဲ့ ကျောပြင်တစ်ခုနဲ့ သတင်းစာဖတ်နေတဲ့သူတစ်ယောက်ကို မြင်လိုက်ရသည်။ ဂျွန်ဂျောင်ဂု.. ဘေးတွင်လည်း အလုပ်သမားကောင်မလေးနှစ်ယောက်က သူ့ကိုစောင့်ပေးနေရသည်။ စားပြီးရင်လည်း ထမသွားဘဲ ဒါမှမဟုတ်လည်း သူ့ဘေးကအလုပ်သမားလေးတွေကို ရပ်မနေဖို့ ပြောလိုက်သင့်ပါတယ်။ အခုက သူကဘာမှမပြောတော့ ကောင်မလေးနှစ်ယောက်က ဒီအတိုင်းသာ သူထသည်အထိ ရပ်စောင့်နေရသည်။

သူဝင်လာတာမြင်မှ ကောင်မလေးတွေက အနေအထားပြင်ရပြီး သူ့အတွက် မနက်စာပြင်ဆင်ပေးသည်။ ဂျွန်ဂျောင်ဂုက သတင်းစာဖတ်နေလျက်ကနေ အာရုံရှိပုံမရ ပတ်ဝန်းကျင်ကို မေ့လျော့လျက် စာဖတ်ခြင်းကိုသာ အာရုံရောက်နေသည်။ သူသူ့မနက်စာအတွက်ရသည်နှင့် အလုပ်သမားတွေကို လုပ်စရာရှိတာသွားလုပ်လို့ရပြီဖြစ်ကြောင်း ပြောလိုက်သည်။ ကောင်မလေးနှစ်ယောက်ထွက်သွားတော့ အခန်းထဲတွင် သူနှင့်ဂျွန်ဂျောင်ဂုသာ ကျန်ခဲ့ပြီး တိတ်ဆိတ်လို့နေသည်။ သူမနက်စာကို တိတ်တဆိတ်သာ စားနေရင်း ဂျွန်ဂျောင်ဂုက သတင်းစာဖတ်နေတာ ပြီးသွားပြီထင်ပါရဲ့ သူက လက်ထဲကသတင်းစာကို ခေါက်လိုက်ပြီး သူ့ကိုနှုတ်ဆက်လာသည်။

" မရီးနေမကောင်းဘူးထင်တယ် "

" ငါနေကောင်းတယ် "

" ညက.. "

ဆော့ဂျင် သူစကားမဆုံးခင် မော့ကြည့်မိသွားသည်။ ဂျွန်ဂျောင်ဂုက သူ့ကိုပြုံးယောင်သန်းသန်းဖြင့် ကြည့်နေသည်။ ထိုအခါမှ သူအကြည့်ပြန်လွဲလိုက်ပြီး လက်ဖက်ရည်ကို မော့သောက်လိုက်သည်။

" ညက မရီးဆီက ရတဲ့အနံ့လေးက သိပ်ကောင်းလို့ ကျုပ်ဘယ်မှာများ ထပ်ရနိုင်အုံးမလဲ မရီး.. "

" မရီးပြန်သွားတဲ့အထိ ကျုပ်အိပ်ရာထဲမှာ အနံ့တွေက ကျန်နေတုန်းပဲ.. ကျုပ်သံသယလည်း ဝင်မိသေးတယ် မရီးများ ကျုပ်ကိုဆွဲဆောင်ဖို့အတွက် အဲလိုလွန်ကဲတဲ့ အမွှေးရနံ့တွေနဲ့ .. "

" မင်းလိုချင်ရင် မင်းအတွက် ယူလာခဲ့ပေးမယ် "

ဆော့ဂျင်သူ့စကားတွေကို ဖြတ်ပြောပြီး ‌လက်ဖက်ရည်ခွက်ကို ချလိုက်သည်။ ပြီးတော့ ပဝါဖြင့် ပေကျံနေတဲ့လက်နှင့် ပါးစပ်ကို သုတ်သင်ပြီး ထရပ်လိုက်သည်။ သူထရပ်လိုက်ပြီးမှ သတိရသည်..

" မင်းကို အယ်ရိုလာပြောသေးလား သူမင်းဆီက သေနတ်ပစ်သင်ယူချင်တယ်ဆိုတာ "

" အင်း.. ပြောတယ် "

" ဘယ်လိုလဲ မင်းသင်ပေးနိုင်မှာလား "

" သင်ပေးလို့တော့ ရပါတယ် အဖိုးအခ ကောင်းကောင်းပေးရင်ပေါ့ "

သူက သူ့နည်းတူ ထရပ်လိုက်ပြီး သူ့မျက်နှာနား တိုးကပ်၍ မျက်နှာချင်းဆိုင် ပြောလာတော့ ဆော့ဂျင်မျက်မှောင်ကုတ်ရင်း သူ့မျက်နှာနှင့် ခွာလိုက်သည်။ အခုက အများဆိုင်တဲ့နေရာမှာ.. ဘယ်သူမဆို ဝင်လာနိုင်ပြီး သူတို့ရဲ့ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးကို မြင်သွားနိုင်သည်။ ဂျွန်ဂျောင်ဂုက သူ့အပြုအမူကြောင့် နှုတ်ခမ်းတွန့်ရုံ ပြုံးသည်။ သူကသူ့အနား ပိုမိုကပ်လာပြီး လက်တွေက သူ့ခါးကို ဆွဲယူလာတော့ သူ့ကိုယ်ကိုနောက်ရို့ရင်း သူ့ကိုလည်းတွန်းကာ ရှောင်လိုက်မိသည်။

" မင်း လွှတ်စမ်း.. တစ်ယောက်ယောက်မြင်သွားစေချင်တာလား "

" ဘယ်သူမြင်မှာလဲ အိမ်တော်မှာ ဘယ်သူမှမရှိဘူး.. မရီးက ဘာကိုစိုးရိမ်လွန်းနေတာလဲ ကျုပ်က ဒီအိမ်တော်ရဲ့ အရှင်သခင်ပဲမဟုတ်ဘူးလား အားလုံး ကျုပ်အမိန့်အောက်မှာ နေရမှာပဲလေ ကျုပ်ဘယ်သူနဲ့ ဘာပဲဖြစ်နေနေ ဘယ်သူက ဝင်ပြောရဲမှာလဲ ဟုတ်တယ်မလား "

" မဟုတ်ဘူး! မင်းနဲ့ငါနဲ့ ဘယ်လိုပတ်သက်လဲသိရဲ့လား.. "

" သိလို့ပဲ မရီးလို့ ခေါ်နေတာပေါ့ မနေ့ကပဲ ကျုပ်တို့အတူလုပ်ခဲ့ကြပြီးပြီးကို မရီးက ဘယ်လိုတော်ချင်နေသေးတာလဲ "

" မင်း!.. တော်ပြီ မင်းနဲ့အဲလိုအကြောင်းတွေ မပြောချင်တော့ဘူး။ အယ်ရိုကို သင်ပေးနိုင်မလားဘဲ ပြောလိုက် သူက မင်းနဲ့သင်ချင်နေတာ မင်းတတ်နိုင်ရင် သူ့အတွက်စဉ်းစားပေးလိုက် "

" မရီးက လွယ်လွန်းမနေဘူးလား ကျုပ်နဲ့အတူအိပ်ပြီးသွားလို့ မရီးအခုလိုလွယ်လွယ်ကူကူ တောင်းဆိုတတ်နေတာများလား "

" မင်းအပိုတွေမပြောနဲ့ မင်းလုပ်မလား မလုပ်ဘူးလားဘဲပြော "

" ဟက်.. အဲဒါမရီးပေါ်မှာပဲ မူတည်တယ် "

_____________________________

ဆော့ဂျင်စက်ရုံကပြန်ရောက်တော့ အိမ်တော်ရှေ့တွင် ကားတစ်စီးက ဆိုက်ရပ်ထားပြီး လက်ထောက်ကိန်းဝပ်က ကားကို သန့်ရှင်းရေးလုပ်နေသည်။ ညအချိန်ဖြစ်တာကြောင့် ကားကို ဂိုထောင်ထဲမသွင်းသေးဘဲ ဖုန်သုတ်နေသည်က သွားစရာရှိသေးလို့ပဲလား.. ဂျွန်ဂျောင်ဂုက ညအပြင်ထွက်လေ့ရှိပေမဲ့ ဒီလိုအပြင်အဆင်ကို တသသပြင်တတ်တဲ့ သူမျိုးမဟုတ်ပါဘူး။ သူကားပေါ်က ဆင်းလာတာမြင်တော့ လကါထောက်ကိန်းဝပ်က သူ့ကိုတစ်ချက်အရိုအသေပေးသည်။ သူပြန်ခေါင်းညိတ်ပြလိုက်ရင်း အိမ်ထဲဝင်လာခဲ့သည်။ အိမ်ထဲဝင်လာတော့ဧည့်ခန်းတွင် ဟယ်လင်တို့သားအမိက အပြင်သွားဖို့ အသင့်ဖြစ်နေသလို ဟယ်လင်က ဝတ်ကောင်းစားလှတွေ ဝတ်ပြီး ကြွကြွလေးထိုင်နေသည်။ သူ့ကိုမြင်တော့ သားအမိနှစ်ယောက်စလုံးက မကြည်သလို မျက်စောင်းခဲသွားကြတော့ သူလည်း အခြေအနေတွေကို လိုက်မမီ။ သူတို့ဒီရက်ပိုင်း မျက်နှာချင်းတောင် မဆိုင်ဖြစ်တာကိုလေ..

" ဟွန့် "

ခဏနေတော့ ပိုဆိုးရွားစွာ သိသိသာသာ မကြိတ်မခဲနိုင် ဖြစ်သွားကြတော့ သူပင် နားမလည်နိုင်ဖြစ်သွားသည်။ နောက်မှ ဧည့်ခန်းတစ်ဖက်ဆီမှ ဂျယ်နီထွက်လာ၍ဆိုတာ သဘောပေါက်သွားသည်။ ဂျယ်နီသည်လည်း ဟယ်လင့်နည်းတူ လှပကြွရွစွာ အလှပြင်ထားသည်။ မင်းသမီးလေးတစ်ပါးလို ဂါဝန်နီနီလေးနဲ့ ဂျယ်နီက တစ်မူထူးခြားစွာ လှပလို့နေသည်။ နေပါအုံး ဂျယ်နီက ဘာလို့အလှတွေပြင်ထားရတာလဲ သူ ဂျယ်နီကိုရော ဟယ်လင့်ကိုပါ ပြန်ကြည့်မိသည်။ နှစ်ယောက်စလုံးက အပြိုင်အဆိုင် ဝတ်စားပြင်ဆင် ခြယ်မှုန်းထားကြသည်။

" ဂျယ်နီ.. ဘယ်သွားမလို့လဲ အချိန်မရှိမှ.. "

" ကိုကို ဂျယ်နီတို့ ပြဇာတ်သွားကြည့်မလို့ ဈေးပွဲတော်လည်း လျှောက်ပတ်ရင်း‌လေ.. "

ဂျယ်နီက ဟယ်လင်တို့ဘက် တစ်ချက်ကြည့်ရင်း ပြောလာတော့ သူတောင် ယောင်နနဖြစ်သွားသည်။ ထူးထူးဆန်းဆန်း ပြဇာတ်သွားကြည့်မယ်။ ဒီမတည့်တူနေ သားအမိနဲ့လေ.. ဒါပေမဲ့ သူပြန်မေးခွန်းမထုတ်တော့ဘဲ အံ့အားသင့်ရင်းသာ ဘာနှင့်သွားမလဲ ပြန်မေးခွန်းထုတ်လိုက်သည်။

" ဟုတ်လား.. ဒန်ကိုလိုက်ပို့ခိုင်းမလို့လား ဒန်က.. "

" မဟုတ်ပါဘူး သခင်လေးဂျွန်က ဂျယ်နီ့ကိုဖိတ်လို့လေ ဂျယ်နီအိမ်မှာရောက်ကတည်းနဲ့ အပြင်လိုက်မပို့ဖြစ်ဘူးဆိုလို့လေ "

" နင်လျှောက်မပြောနဲ့ သခင်လေးဂျွန်က ငါနဲ့နှစ်ယောက်တည်းသွားမှာကို နင်လာနှောင့်ယှက်တာ နင့်အကြံမသိဘူးများ ထင်နေလား "

" ဟယ်လင် နင်ဘာတွေလာပြောနေတာလဲ နင့်ရှေ့မှာတင် ငါ့ကိုခေါ်နေတာ နင်မမြင်ဖူးလား မပြောနိုင်ဘူးလေ သခင်လေးဂျွန်က နင့်အကြံတွေသိလို့ နင်နဲ့နှစ်ယောက်တည်း မသွားချင်လို့ခေါ်တာလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့ "

" ဘာပြောတယ် ငါတို့ကို နင်တို့လိုများမှတ်နေလား သခင်လေးဂျွန်နဲ့ငါက ရင်းနှီးပြီးသား ငါတို့က မျိုးရိုးတူအဆင့်အတန်းလည်းတူ နင်တို့လို ယုတ်ညံ့တဲ့လမ်းနည်းနဲ့ ဒီလိုဘဝမျိုး ရလာတဲ့သူတွေမဟုတ်ဘူး "

" ဟုတ်တာပေါ့ မျိုးရိုးမြင့်ရေ အဆင့်အတန်းရှိလွန်းတဲ့သူရေ နင်နဲ့ငါတို့နဲ့က မတူဘူးနော် မတူဘူး ငါတို့က ကိုယ့်အစ်မယောကျာ်းကို ပြန်ယူချင်တဲ့သူတွေတော့ မဟုတ်ဘူး နင်ရောဟုတ်လား "

" နင်!! "

" စိတ်မပူနဲ့ ယူချင်‌လည်း မရလိုက်ဘူး အခုလည်း နင်ရမှာမဟုတ်ဘူး မပူနဲ့ "

" နင်!! "

" တော်ကြစမ်း တော်ကြစမ်း အရှက်မရှိ ဘယ်လိုဖြစ်နေကြတာလဲ "

သူဝင်တားတော့မှ စကားနာထိုး တိုက်ခိုက်နေကြတာတွေ ငြိမ်ကျသွားတော့သည်။ မစ္စမာရင်းက လူကြီးဖြစ်ပြီး ထိုအခြေအတင် စကားများနေတာကို လုံးဝဝင်မတား သူကပင် ဘေးက မြှောက်ထိုးပင့်ကော် ရှိနေသည်။ ပြီးတော့ နေပါအုံး ပြဇာတ်သွားကြည့်ကြမှာ ဂျွန်ဂျောင်ဂုက ဖိတ်ထားသည်ဆိုပဲ နှစ်ယောက်သားက မတည့်ပါဘူးဆို တစ်ပြိုက်နက်ခေါ်ချိန်းတာက ဘာလုပ်တာလဲ..

" ဂျယ်နီ မလိုက်သွားနဲ့တော့ သူတို့ချင်းသွားကြပါစေ ပြဇာတ်ကြည့်ချင်ရင် ကိုကိုလိုက်ပို့ပေးမယ် "

" မဟုတ်ပါဘူး သခင်လေးဂျွန်ကိုယ်တိုင်က ဂျယ်နီ့ကို လိုက်စေချင်တာ ဂျယ်နီက မလိုက်ဘဲနေလိုက်ရင် သခင်လေးကို ရိုင်းပြရာကျမှာပေါ့ "

" နင်ကိုယ့်နင် သိပ်အရေးပါလှပြီ ထင်မနေနဲ့ နင့်ကို သခင်လေးက မကောင်းတတ်လို့ ခေါ်တာ ဟက်.. ကိုယ့်ကိုယ်ကိုယ် အရေးပေးခံလှရပြီ ထင်မနေနဲ့ ရယ်စရာပဲ "

" နင့်ကမှ ရှက်စရာကောင်းတာ ဘေးကနေ လိုက်တွယ်ကပ်နေတာ မိန်းကလေးတန်မဲ့ ရှက်စရာ ဟိုကကြိုက်ရင် နင်အခုလို တွယ်ကပ်ပြနေစရာတောင်မလိုဘူး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင် နေတတ်စမ်းပါ "

" နင်! "

" တော် တော်ပါတော့ဆို ဒီလောက်ရန်ဖြစ်ချင်နေတာ နှစ်ယောက်အတူဘယ်လိုလွှတ်ရမှာလဲ.. ဂျယ်နီ.. မတည့်ဘဲနဲ့ အတူမသွားနဲ့ မလိုက်သွားနဲ့တော့ ဘာမှခမ်းနားကြီးကျယ်တဲ့ နေရာလည်းမဟုတ်ဘူး သွားမနေနဲ့ "

" ဂျယ်နီက အစတည်းက သွားချင်နေတာမဟုတ်ဘူး။ သခင်လေးဂျွန်က တကူးတကလာဖိတ်လို့ အခုတော့ ဒီကောင်မကိုလည်း ကြည့်မရလို့ သွားမှကိုဖြစ်မှာ "

" နင်! "

ဘယ်လိုမှတည့်လာမဲ့အနေအထားမရှိတော့ သူဖျန်ဖြေနေလည်း ခဏသာ။ တစ်ယောက်နှင့်တစ်ယောက် ရရင်ရသလို စောင်းချိတ်ချင်နေကြသည်။ သူဂျယ်နီကို မလိုက်သွားဖို့ ဘယ်လိုနားချရမလဲ စဉ်းစားရင်း အကြည့်တွေက အပေါ်ထပ်ဆီ ရောက်သွားတဲ့အခါ ဝရန်တာပါ်တွင် တင်ရုံထိုင်ပြီး သူတို့ရှိရာဆီ ကြည့်နေတဲ့ ဂျွန်ဂျောင်ဂု! သူသည်လည်း အဝတ်အစားအပြည့်ဖြင့် အဆင်သင့်ဖြစ်နေပြီး ထိုနေရာကနေ သူတို့ဖြစ်နေတဲ့ အဖြစ်အပျက်အစုံကို ကြည့်နေတာဖြစ်သည်။ သူသူ့ကိုမြင်သွားတဲ့အခါမှာတော့ သူက ပမာမခန့်ပြုံးနဲ့ ထိုနေရာမှ ထလာသည်။

သူက တမင်မဆင်းလာဘဲ အောက်ထပ်ကရန်ပွဲကို အပေါ်စီးကနေ အေးအေးလူလူ ကြည့်နေခဲ့သည်။ အဲလိုဆိုတော့ သူဂျယ်နီ့ကိုပဲ ပိုဒေါသထွက်မိသည်။ သူအခုလို ဟယ်လင်နဲ့ပြိုင်ငြင်းနေတာက ဘယ်လောက်အရှက်မဲ့လဲ။ ယောကျာ်းတစ်ယောက်အတွက်နဲ့ မိန်းကလေးနှစ်ယောက်က စကားများရန်ဖြစ်နေတယ် ထိုယောကျာ်းကလည်း အခြေအနေအားလုံးကို သိပြီး အေးအေးလူလူ ပွဲကြည့်ပရိတ်သတ်လုပ်နေတယ်။ သူက ဒီလိုဖြစ်အောင်ပဲ တမင် ဂျယ်နီနဲ့ဟယ်လင်ကို အသုံးချနေတာ ။ဂျယ်နီ့ကို အတူလိုက်ဖို့ခေါ်တယ်ဆိုတာလည်း တမင်သက်သက်လုပ်နေတယ်ဆိုတာ သူသိသည်။

ထိုကောင်က လှေကားမှ စတိုင်ကျကျ ဆင်းလာခဲ့သည်။ ဖိနပ်သံတဂွပ်ဂွပ်ကြောင့် အားလုံးက လှေကားရှိရာဆီ ကြည့်လိုက်ကြသည်။ ထိုအခါ ထိုကောင်ကတော့ အခုမှ ရောက်လာတဲ့သူလို မျက်နှာမှာ ဗလာချိတ်ဆွဲထားသည်။ သူက အနားရောက်လာပြီး အားလုံးကို ယဉ်ယဉ်ကျေးကျေး ပြုံးပြနှုတ်ဆက်နေသည်။ သူအမြင်ကတ်လွန်းလို့ မျက်နှာလွဲပစ်လိုက်တော့သည်။

သူက သူအကြည့်လွဲလိုက်တဲ့အနား တမင်ပင် သူ့မြင်ကွင်းထဲထိအောင် ရောက်လာခဲ့သေးသည်။

" မိန်းကလေးဟယ်လင်နဲ့ မိန်းကလေးဂျယ်နီတို့က အဆင်သင့်ဖြစ်နေကြပြီပဲ ဒါဆိုကျုပ်တို့ သွားကြမလား "

" ခဏလေး.. ဂျယ်နီ.. ဂျယ်နီ့ကိုမခေါ်သွားလို့ ရတယ်မလား "

" ကိုကို! "

" ဘာလို့လဲမရီး မိန်းကလေးဂျယ်နီလိုက်ဖို့ ပြဿနာလေးတွေရှိနေလို့လား "

" မဟုတ် မရှိပါဘူး.. ကိုကို ဂျယ်နီလိုက်သွားမှာ "

" ဂျယ်နီ.. ကိုကိုအလုပ်တွေများနေလို့ ဂျယ်နီ့ကို ကူလုပ်ခိုင်းရမလားလို့ ညဘက်လည်းဖြစ်နေပြီလေ စိတ်မချဘူး အန္တရာယ်များတယ် တလောကမှ ညဘက်လုယက်ခံရတဲ့အမှုတွေ ဆက်တိုက်ထွက်နေတာလေ မသွားတာက အကောင်းဆုံးပေါ့ "

သူဂျယ်နီ့ကို ဆွဲတားရင်း ရလိုရငြား ဖျောင်းဖျကြည့်သည်။ ထိုအခါ သူ့ဘေးမှ ရယ်သံလိုတုံ့ပြန်သံက အရင်ထွက်လာပြီး ဂျွန်ဂျောင်ဂုက သူ့ကိုတည့်တည့်ကြည့်လာသည်။

" မရီးက စိုးရိမ်လွန်နေပြန်ပါပြီ ကျုပ်လို တပ်မတော်မှာ အထူးချွန်ဆုံးထိပ်တန်းဗိုလ်‌လောင်းပါတဲ့ကားကို ဘယ်ခိုးဆိုးဓားပြက လာနှောင့်ယှက်ရဲမှာလဲ "

ဆော့ဂျင် သူတားချင်ဇောတွေကြောင့် ဘာမှန်းညာမှန်းတောင် မတွေးတော့မိဘူး။ ဂျွန်ဂျောင်ဂုက ဂျယ်နီလက်တွေကို ကိုင်ထားတဲ့ သူ့လက်ကောက်ဝတ်တွေကို ကိုင်လာပြီး ပြောလာတဲ့အခါမှာတော့ သူဂျယ်နီလက်တွေကို လွှတ်လိုက်မိသည်။ သူလွှတ်လိုက်ပေမဲ့ ဂျွန်ဂျောင်ဂုက သူ့လက်တွေကို လွှတ်မပေးသေးဘဲ ဆက်ကိုင်ထားပြီး သူ့အနားပို တိုးကပ်လာသလို ခံစားလာရတော့ သူ့ခန္ဓာကိုယ်သည် သတိအနေအထားနဲ့ တောင့်တောင့်တင်းတင်းဖြစ်သွားသည်။ သူက သူ့မျက်နှာနားထက်က သူ့နားနားတွင် ငုံ့ကိုင်းလာကာ တီးတိုးပြောလာသည်။

" မရီးစိတ်ပူနေတယ်ဆိုရင်.. ကျုပ်မရီးညီမလေးကို သေချာစောင့်ရှောက်လိုက်ပါ့မယ် မရီးစိတ်ချရအောင် "

_____________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories