Fanfics

ep15

16:32, 29 September 2023

" သူကမုဆိုးဖိုတစ်ယောက်ပဲ သားသမီးတွေလည်း ရှိသေးတယ် အနည်းဆုံးတော့ သက်ကြီးကောင်လောက်ပဲ ထင်ထားတာ အခုတော့ တကယ့်လူအိုကြီးပါလား "

ဂျောင်ဂုက ကိန်းဝပ်ယူလာတဲ့ မြေတိုင်းဦးစီးယွန်ဆိုတဲ့သူရဲ့ အချက်အလက်တွေကို ဖတ်ရှုရင်း မှတ်ချက်ချလိုက်သည်။ ထိုလူက သူ့အစ်ကိုနဲ့အသက်အရွယ်တူ အိမ်ထောင်တစ်ခါကြဖူးပြီး သားတစ်ယောက်သမီးတစ်ယောက်လည်း ရှိသေးသည်။ ဇနီးကတော့ လွန်ခဲ့တဲ့နှစ်တွေကပဲ ဆုံးပါးသွားခဲ့သည်။

ကင်မ်ဆော့ဂျင်လက်ထပ်ပြီးနောက်ပိုင်းရော ဝန်ကြီးချုပ်သေဆုံးပြီးနောက်ပိုင်းရော အသွားအလာအဆက်အသွယ်ရှိကြသည်။ သူအချက်အလက်တွေကို ကျော်ခွလှန်လောဖတ်လိုက်သည်။ တခြား သူ့လိုမျိုး ကိစ္စအဆက်အဆံရှိဖူးလား ရှိနေလား သူသိချင်တာပဲ။ သူ့မရီးက ငွေမျက်နှာကြည့်ပြီး သူ့အပြင်ဘယ်သူတွေနဲ့ အဆက်အဆံရှိနေ‌သေးလဲ သူသိထားဖို့လိုသည်။ သူ့အတွက် ထိုဟာက အရေးကြီးသည်။

လောလောဆယ် ကင်မ်ဆော့ဂျင်နဲ့ ပျော်ပါးရသည်က သူ့အတွက်‌ ကျေနပ်စရာကောင်းနေသည်။ သူကျွမ်းဝင်ခဲ့ဖူးတဲ့မိန်းမတွေနဲ့ ခွဲထွက်စွာ ကင်မ်ဆော့ဂျင်က သူ့အတွက် ရသတစ်မျိုးပေးနေသည်။ ကင်မ်ဆော့ဂျင်ရဲ့ ထိုမျက်နှာက သူ့အတွက် ခံစားချက်အသစ်တစ်မျိုးပဲ သူ့ကိုမြင်ရင် အနှောင့်အယှက်ဖြစ်သွားသလို ထိုမျက်နှာပေး.. သူ့ကိုမကြည်ဖြူတဲ့သူကို အတင်းအကြပ် မလိုချင်မှန်းသိလျက် အတင်းအရယူပြီး လိုက်လျောစေခိုင်းလိုက်ရတဲ့အချိန်က သူ့အတွက် တော်တော်လေး စိတ်ကျေနပ်စရာကောင်းနေသည်။ သူအနိုင်ရလိုက်သလို ခံစားလိုက်ရသည်။ ထိုလူရဲ့မကြည်ဖြူတဲ့အရာအားလုံးကို သူကကျူးကျော်လိုက်ရတဲ့အခါ၊ မသက်သာဘဲ လိုက်လျောလိုက်ရတဲ့အချိန်၊ ထိုအချိန်တွေက သူ့အတွက်တော့ စိတ်ကျေနပ်စရာကောင်းလှသည်။

သူ့ကိုဘယ်လောက် ငြင်းဆန်ပြပြီး မနှစ်မြို့ချင်အုံးတော့ အရာအားလုံးကို သူကအလွယ်တကူပဲ လုပ်နိုင်လိုက်တယ်လေ.. သူဘယ်လောက်ပဲ သူ့ကိုမနှစ်မြို့စေအုံးတော့ နောက်ဆုံး သူ့လက်ထဲရောက်လာတာပဲမလား သူစေစားရာနေရာ နေရတာပဲမလား သူမနှစ်မြို့တဲ့သူအောက် ဝပ်တွားရတာပဲမလား.. ဟက် မရီးနဲ့ ရှေ့ဆက်လုပ်ရမဲ့ကိစ္စတွေက တွေးရင်းတောင် ပျော်စရာပဲ.. မရီးရဲ့ ငြင်းဆန်ပြီး မကြည်ဖြူပုံပေါက်နေတာက ကျုပ်ကိုနှိုးဆွနိုင်စေတယ်။ ကျုပ်အခုတောင် မရီးနဲ့ စိတ်လှုပ်ရှားစရာကိစ္စလေးတွေလုပ်ဖို့ မစောင့်နိုင်တော့ဘူး။

သူထိုသက်ကြီးကောင်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ချထားလိုက်ပြီး စားပွဲအံဆွဲထဲမှ စာအိတ်အညိုတစ်အိတ်ကို ထုတ်လိုက်သည်။ ဒါက သူတို့သွားကြည့်ခဲ့တဲ့ မြေကွက် စာချုပ်ပင်..

" ဒါ စာချုပ် ကင်မ်ဆော့ဂျင်ကိုပေးလိုက် အရေးကြီးတယ် သူ့လက်ထဲကိုယ်တိုင်ပေးခဲ့ "

" ဟုတ်ကဲ့ "

ကိန်းဝပ်ထွက်သွားပြီးနောက် သူလည်း အချက်အလက်တချို့ သိမ်းဆည်းပြီး ရေချိုးဖို့ရာ သူရေချိုးခန်းဆီ ထွက်လာခဲ့သည်။

______________________________

" ကျွန်တော် ကျောင်းကဘက်စုံလူရည်ချွန်ပြိုင်ပွဲမှာ ဝင်ပြိုင်ချင်တယ် "

သူဧည့်ခန်းတွင် အမွှေးနံ့သာအိတ် လုပ်နေတုန်း အယ်ရိုက သူ့အနားတိတ်တဆိတ်ရောက်လာပြီး တုံးတိလာပြောသည်။ သူအလုပ်ထဲဈာန်ဝင်နေ၍ အယ်ရိုအနားရောက်လာမှန်းမသိ အသံကြောင့် မော့ကြည့်လိုက်တော့ အယ်ရိုက သူ့ကိုမကြည့်ဘဲ ခြေထောက်တစ်ဖက်က ခြေမလေးကိုဖိစိုက်ရင်း ကြမ်းပြင်ပေါ်ဝှိုက်ရွေ့နေပြီး သူ့တုံ့ပြန်မှုကို စောင့်နေသည်။ အယ်ရိုနဲ့သူက သူတို့ပတ်သက်မှုလောက် ရင်းနှီးမှုမရှိ။ သူကဒီအိမ်ရောက်လာတာ နှစ်နှစ်မကတော့ပေမဲ့ သူ့အလုပ်နဲ့သူသာ လည်ပတ်ရှုပ်နေ၍ သူ့တွင် အိမ်မှာနေချိန် သိပ်မရှိ။ အယ်ရိုနဲ့လည်း ဝန်ကြီးချုပ်ရှိစဉ်ကအတိုင်းပင် လိုအပ်ကာမှ ခေါ်ပြောလုပ်ဖြစ်သည်။ အခုလည်းအယ်ရိုက မသက်သာလို့သာ သူ့ကိုအခုလို လာပြောရသည်ပင်။

" အဲတော့.. မင်းဘယ်ဟာကို ဝင်ပြိုင်ချင်တာလဲ မင်းအားသန်တဲ့ဟာက ဘာလဲ.. "

" ကျွန်တော် သေနတ်ပစ်ဝင်ပြိုင်ချင်တယ် "

ဆော့ဂျင်လုပ်လက်စရပ်လိုက်ရင်း အယ်ရိုကို ပြန်ကြည့်မိသွားသည်။ အယ်ရိုက သူလုပ်ချင်ကြောင်း သိသာနေသည်။ သူက သူသာအရမ်းစိတ်ဝင်စားမနေရင် သူ့ကိုအခုလိုတောင် လာပြောမည်မဟုတ်ဘူး။ မျိုးရိုးမြင့်သခင်လေးတစ်ယောက်ဖြစ်တဲ့အပြင် မျိုးရိုးထဲမှာကလည်း ဗိုလ်ချုပ်တွေချည်းများတာမလို့ အယ်ရိုဝါသနာပါတာက အဆန်းတော့မဟုတ်..

" သေချာဆုံးဖြတ်ပြီးသွားရင် စိတ်ပါဝင်စားသင်ယူပါ။ မင်းလေ့ကျင့်ဖို့အတွက် သင်တန်းကောင်းကောင်း တွေ့ထားပြီလား "

" ဟင့်အင်း ကျွန်တော် ဦးလေးငယ်နဲ့သင်ချင်တာ.. မြို့တော်ရဲ့တပ်မက အတော်ဆုံးထိပ်တန်း ဗိုလ်လောင်းတွေရဲ့ သေနတ်ပစ်စွမ်းရည်အမှတ်စာရင်းမှတ်တမ်းကို ကြည့်ခဲ့ပြီးပြီ။ ဦးလေးငယ်ရဲ့အမှတ်တွေက အမြင့်ဆုံးပဲ.. ကျွန်တော်ဦးလေးငယ်နဲ့သင်ချင်တယ် "

ဆော့ဂျင်ထိုအကြောင်းတွေမသိပေ။ ဂျွန်ဂျောင်ဂုစစ်ထဲရောက်တယ်ဆိုတာ ဝန်ကြီးချုပ်ဂျွန်ရဲ့ အတင်းခိုင်းစေမှုကြောင့်သာ သိထားပြီး နောက်ခံအင်းအား‌ တောင့်တင်းတာကြောင့် အရာရှိလောင်း ဖြစ်လာခဲ့သည်ပဲ ထင်နေခဲ့တာ။ ဂျွန်ဂျောင်ဂုကို စသိကတည်းက အထင်ကြီးစရာ ဒီအချက်ပဲ ရှိသေးတယ် ဒါလည်း မသေချာ.. သူတို့အရာရှိလူတွေအချင်းချင်း ပေါင်းလုပ်ရင် လုပ်လို့ရသေးသည်။

" မင်းဦးလေးငယ်က သင်ပေးချင်ရဲ့လားမသိဘူး။ မင်းသူ့ကိုအရင် ပြောကြည့်လိုက် သူမလုပ်ချင်ဘူးဆိုရင် မင်းအတွက် ဆရာတစ်ယောက်နဲ့ အပ်ပေးမယ်။ အမှတ်များတိုင်း အထင်ကြီးနေလို့မရဘူး။ စစ်တပ်မှာ အရည်အချင်းရှိတဲ့ အရာရှိတွေအများကြီး သူကအရာရှိတောင် ဖြစ်မလာသေးဘူး သင်ပေးတဲ့သူဘယ်လောက်တော်တော် ကိုယ်တိုင်က ကောင်းကောင်းသင်ယူနိုင်မှ တတ်မှာ ကိုယ်တိုင်ကလည်း ကောင်းကောင်းသင်ယူနိုင်မှ ဟုတ်ပြီလား "

" ဒီလိုတော်တဲ့သူက ဦးလေးငယ်ဖြစ်နေတော့ ဦးလေးငယ်ဆီက သင်တာက ပိုကောင်းတာပေါ့.. "

ဂျွန်အယ်ရိုက သူ့ဦးလေးငယ်ရဲ့ကျွမ်းကျင်မှုတွေကို အတန်းထဲမှာ ကြွားဝါထားပုံပါပဲ သူက စစ်တပ်ရဲ့ အမှတ်စာရင်းဇယားထိပ်ဆုံးမှာ ရှိနေတဲ့သူက သူ့ဦးလေးငယ်ဆိုတာ ကြွားဝါထားပြီး သူက ထိုတော်တဲ့သူ့ဦးလေးဆီကပဲ သင်ယူချင်နေပုံရသည်။ သူကတော့ ဂျွန်ဂျောင်ဂုက အယ်ရိုအထင်ကြီးနေသလောက်လည်း တော်မယ်မထင်ဘူး။ သူ့ပုံစံက သူမြင်သလောက် ဘယ်နားကမှ စံပြစစ်သားကောင်းတစ်ယောက်ပုံစံမှာမရှိ။ နံနက်တိုင်း လေ့ကျင့်ဖို့ဆိုပြီး ထွက်နေတာကလည်း သူ့အလေ့အကျင့်ကြောင့်လို့တော့ သူမထင်ပါဘူး မိန်းကလေးတွေအထင်ကြီးအောင် ဟန်ပြနေရုံသက်သက်ပါပဲ ဒါပေမဲ့ သူ့အထင်ကို အယ်ရိုကိုတော့ ပြောမနေတော့ပါဘူး။ အယ်ရိုက သူ့ဦးလေးငယ်ကို သူရဲကောင်းတစ်ယောက်လို လုံးဝအထင်ကြီးနေတာ..

" မင်းသင်ချင်တယ်ဆိုရင်လည်း သူ့ကိုအရင်ပြောလိုက် သူမသင်ချင်ဘူးဆိုရင် မင်းအတွက် ဆရာတစ်ယောက် ရှာပေးထားမယ် "

အယ်ရိုက ရအောင်ပြောဖို့ ခံယူချက်ပြင်းနေပြီး သူက သူ့နောက်စကားတွေကိုတောင် စိတ်မဝင်စားဘူး။ သူ့ဦးလေးငယ်ကို ရအောင်ပြောဖို့သာ စိတ်အားထက်သန်နေသည်။ အယ်ရိုထွက်သွားပြီးတော့ သူလုပ်လက်စ အမွှေးနံ့သာအိတ် ဆက်လုပ်နေခဲ့သည်။

သူက အနံ့မွှေးလေးတွေကြိုက်တတ်တဲ့သူမလို့ အမွှေးနံ့သာအိတ်ကိုလည်း ကိုယ်တိုင်လုပ်ဖြစ်သည်။ ဂေဟာမှာတုန်းကဆို အခန်းတိုင်းအတွက် အမွှေးအိတ်တွေကို သူကိုယ်တိုင်ပဲ ပြင်ဆင်ခဲ့တာ။ ဂျယ်နီကထိုအနံ့တွေကမကြိုက် သူမက အထက်တန်းလွှာတွေသုံးတဲ့ အမွှေးအကြိုင်နဲ့ ရေမွှေးနံ့သာတွေသာ နှစ်သက်သည်။ သူကတော့ ထိုအနံ့တွေလည်း ကြိုက်ပေမဲ့ သဘာဝကပေးတဲ့ရနံ့ကိုသာ ပိုနှစ်သက်၍ ကိုယ်တိုင်ပဲ လုပ်ပြီးအိပ်ရာခေါင်းရင်းတွင် ထားအိပ်ကာ တစ်ခန်းလုံးမွေးပျံ့နေစေသည်။ ရှေ့ရက်တွေတုန်းက မအားလို့ မလုပ်ထားရတာနဲ့ သူ့အခန်းထဲ အနံ့မရှိတော့တာကြာပြီ။

" မဒမ်.. ဒါလေး "

" စာချုပ်ပါ မြေစာချုပ် "

ဆော့ဂျင် ကိန်းဝပ်လာပေးတဲ့ စာချုပ်ဆိုသည့် အိတ်အညိုလေးကို လှမ်းယူလိုက်သည်။ ဒီတစ်ရက်နှစ်ရက်မှ စာချုပ်အကြောင်းလာမပြောရင် သူ‌သွားပြောမိတော့မလို့ဘဲ အခုလို ဆိုက်ဆိုက်မြိုက်မြိုက်လာပေးလာတော့ သူအနည်းငယ်ကျေနပ်သွားမိသည်။ ကိန်းဝပ်က‌ ပေးပြီးထွက်သွားတော့ သူထိုစာချုပ်ကို ချက်ချင်းထုတ်ကြည့်လိုက်သည်။

သူဂရုတစိုက်နဲ့ စာအိတ်ထဲက စာရွက်တွေကို ထုတ်ချလိုက်သည်။ သို့သော်..

" သခင်လေးဂျွန်ရဲ့အချစ်တော်မေရီမှ.. "

သူထိုစာကြောင်းကို အသံထွက်ဖတ်ရင်း မျက်မှောင်ကုတ်သွားမိသည်။ စာချုပ်ဆိုပြီး စာချုပ်နဲ့မသက်ဆိုင်တဲ့ အကြောင်းအရာကို တွေ့လိုက်ရပေမဲ့ သူဆက်ကြည့်နေမိသည်။ ဒါက စာချုပ်နဲ့လုံးဝမသက်ဆိုင်တဲ့ အချစ်စာစောင်တစ်ခုပဲ.. သူမျက်မှောင်ကျုံ့ရင်း နောက်စာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။ ထိုအခါတွင်လည်း နာမည်သာပြောင်းသွားတဲ့ အချစ်စာတစ်စောင်သာ ဖြစ်နေပြန်သည်။ စာအိတ်ထဲတွင် မြေကွက်အကြောင်းတစ်ခုမှမပါဝင်ဘဲ အချစ်စာလွှာတွေချည်းသာ ရှိနေသည်။ မှားပေးတာလား သူ့ကိုစနောက်ချင်တာလား..

သူအမွှေးနံ့သာအိတ်တွေကို ချထားခဲ့ပြီး စာချုပ်ဆိုသည့်စာအိတ်ကိုကိုင်ကာ အပေါ်ထပ်သို့ တက်လာခဲ့သည်။ သူ့ကိုစနောက်ချင်၍လား မှားပါလာလား မသိရ၍ သူဂျွန်ဂျောင်ဂုနဲ့ထိပ်တိုက်ပြောဖို့သာ သူ့အခန်းရှိရာ ထွက်လာခဲ့သည်။ သူအခန်းရှေ့ရောက်တော့ တံခါးခေါက်ကာ အသိပေးလိုက်သည်။ သူအကြိမ်အနည်းငယ် ခေါက်လိုက်ပေမဲ့ ပြန်မဖြေလာတော့ အခန်းထဲဝင်ဖို့သာ ပြင်လိုက်သည်။

တံခါးကို အသာဟရင်း အထဲကအခြေအနေကို အရင်လှမ်းကြည့်လိုက်သည်။ ထိုအခါ လူရိပ်မမြင်ရတဲ့ အခန်း.. လှမ်းမြင်နေရတဲ့မြင်ကွင်းကတော့ ဖြစ်ကတတ်ဆန်းချွတ်ကာ ပစ်ထားတဲ့ အဝတ်အစားဖိနပ်တွေဖြင့် ပစ်စလက်ခတ်ရှုပ်ပွလို့နေသည်။ သူတံခါးကို အဆုံးထိဖွင့်လိုက်ပြီး အခန်းထဲဝင်လာခဲ့သည်။ အခန်းထဲဝင်လိုက်သည်နှင့် သူနှာခေါင်းရှုံ့မိသည်။ အနံ့အသက်က လုံးဝမကောင်း ဖုန်နံ့၊မြေကြီးနံ့ ‌ရေစိုမခြောက်တဲ့စိမ်းရွှေရွှေအနံ့တွေဖြင့် အနံ့တွေအားလုံး ရောထွေးနေတဲ့ကြား သူထိုမကောင်းတဲ့အနံ့အသက်တွေကို ခွဲခြားအနံ့ခံနေမိသေးသည်။

ကလစ်..

သူအခန်းထဲလှည့်ပတ်ကြည့်နေတုန်း တံခါးဖွင့်သံကြောင့် လှည့်ကြည့်လိုက်မိတော့ ရေချိုးခန်းဆီမှဖြစ်သည်။

" အိုး.. ဧည့်သည်ရောက်နေပါလား.. "

ဆော့ဂျင်အမြန်အကြည့်လွဲလိုက်ရသည်။ ရေချိုးခန်းထဲက ထွက်လာတဲ့ကောင်က ရေစိုလက်စနဲ့ ဘာမှမပါ။ အောက်ပိုင်းတဘက်လေးတောင် ပတ်ထားခြင်းမရှိ။ သူရှက်ရွံ့မှုထက် မကြည့်ချင်တာနဲ့ အကြည့်လွဲလိုက်ပြီး မျက်နှာကိုသာ စိုက်ကြည့်လိုက်သည်။

" အခန်းထဲဝင်ခဲ့ရလို့တော့ စိတ်မရှိပါနဲ့ ငါတံခါးအကြာကြီးခေါက်ခဲ့သေးတယ် မင်းမကြားတာ "

" လူမရှိဘူးထင်ရင် လှည့်ပြန်သွားရမှာလို့ပဲ မရီးပဲခဏခဏသင်ခဲ့ပြီး.. အခုလို မရီးကိုမြင်လိုက်ရတော့ ကျုပ်ဖြင့်လန့်သွားတာပဲ.. ဆိုပါအုံး မရီးအခုလို ပိုင်ရှင်မရှိတဲ့အခန်းထဲထိ ဝင်လာခဲ့တယ်ဆိုတော့ ဘာအရေးကြီးကိစ္စများ ရှိလို့လဲ "

" မင်းအဝတ်အရင်ဝတ်သင့်တယ် "

ဆော့ဂျင်သူ့ရဲ့ ချိတ်စောင်းပြောချင်နေတဲ့ စကားတွေကို လျစ်လျှူရှုပြီး ပြောလိုက်သည်။ ထိုအခါ သူက အနေအထားကိုပြင်လိုက်ပြီး တံခါးကို နောက်မှီထားရာမှ မတ်မတ်ရပ်လိုက်သည်။

" အိုး.. ကျုပ်ရေချိုးလို့ မ‌ပြီးသေးဘူး ကျုပ်အာရုံအရ ခြေသံကြားလို့ ထွက်လာခဲ့တာ "

" ခြေသံကြားရင် တံခါးခေါက်သံလည်း ကြားသင့်တယ် "

သူစိတ်တိုနေတာကိုထိန်းရင်း ထိုမျှသာ ပြောလိုက်သည်။ ထိုအခါ ထိုကောင်က ခပ်ဖွဖွရယ်ပြီး သူ့ဘက်ဆီ လျှောက်လာသည်။ အဝတ်အစားမပါတဲ့သူ့ကို သူဘယ်လိုကိုင်တွယ်ရမလဲ လျှပ်တပြတ်စဉ်းစားလိုက်ရသည်။

" မရီးလက်ထဲကဘာလဲ စာချုပ်မလား လက်မှတ်ထိုးတော့မလို့လား.. "

" မဟုတ်ဘူး မင်းစာချုပ်က မှားနေတယ် "

" ဟုတ်လား ဘယ်လိုမှားတာလဲ "

" ဘာမှားလဲဆိုတာ မင်းစစ်ကြည့်သင့်တယ် ဒီလောက်အရေးကြီးတဲ့ကိစ္စကို မင်းက ဒီလိုမျိုး အပျော်အပါးအကြောင်းအရာတွေနဲ့ မှားလိုက်ရတယ်လို့ ငါမဟုတ်ဘဲ တခြားတစ်ယောက်သာဆို မင်းမျက်နှာပူစရာကိစ္စတွေ ဖြစ်လာတော့မှာ "

" ဘာမလို့လဲ.. "

ဂျောင်ဂုက အနားလျှောက်သွားလိုက်ပြီး လက်ထဲက စာအိတ်ကိုယူကာ မသိသလို ဖွင့်ကြည့်လိုက်သည်။ သူခဏမျှကြည့်လိုက်ပြီး အံ့ဩဟန်မပြဘဲ တစ်ချက်သာ ရယ်လိုက်သည်။

" အာ.. ဒီလိုမှားသွားတာပဲ.. ဒါများမရီးရယ် ကျုပ်ကဘာလို့ တခြားသူတွေနဲ့ဆို အရှက်ကွဲရမှာလဲ ဒါကကောင်းတဲ့ကိစ္စမဟုတ်ဘူးလား ဂုဏ်ယူစရာကောင်းတာလေ.. ကျုပ်ဘယ်လောက် မျက်နှာပွင့်ပြီး မိန်းမတွေဆီက ဘယ်လောက်တောင် စိတ်ဝင်စားမှုခံထားရလဲ.. သူတို့က ကျုပ်ကိုဘယ်လောက်ချစ်ပြီး သတိရကြောင်း ရေးထားတဲ့ဟာကို ကျုပ်ကဘာလို့ ရှက်ရမှာလဲ.. လိုက်တောင်ကြွားသင့်သေးတာ မဟုတ်ဘူးလား ယောကျာ်းတွေအတွက် အခုလို မိန်းမတွေဆီက အာရုံဖမ်းစားမှုခံရတာက ဂုဏ်ယူစရာလို့ သတ်မှတ်ထားတာမဟုတ်ဘူးလား.. မဟုတ်မှ မရီးက မနာလိုဖြစ်နေတာလား "

" မင်း!! "

သူ့ခပ်ရွတ်ရွတ်စကားတွေကြောင့် ကင်မ်ဆော့ဂျင်ကမျက်နှာတွေ နီရဲလို့ ဒေါသထွက်လာသည်။ သူက အခုအခြေအနေကို ဘယ်လိုမှသည်းမခံနိုင်ဖြစ်နေသည်။

" ငါ့အတွက်အဲဒါက ဂုဏ်ယူစရာကိစ္စမဟုတ်ဘူး။ ယောကျာ်းကောင်းတွေရဲ့လုပ်ရပ်လည်း မဟုတ်ဘူး။ မိန်းကလေးတွေရဲ့အချစ်ကို သက်သက်လှည့်စားယူနေတာ၊ မိန်းကလေးအများကြီးနဲ့ တစ်ပြိုင်နက်တည်း ပတ်သက်နေတာတွေက ‌ဂုဏ်ယူစရာမဟုတ်ဘူး။ အဲဒါက လုပ်ရပ်ကောင်းလည်း မဟုတ်ဘူး။ အဲတော့ မနာလိုစရာအကြောင်းလည်း မရှိဘူး။ အခုစာချုပ်မှားနေတာ မင်းသိပြီဆိုတော့ စာချုပ်အမှန်နဲ့လဲပေးနိုင်မလား ငါအဲအတွက်ပဲ လာခဲ့တာ "

ကင်မ်ဆော့ဂျင်က မျက်နှာတည်သွားပြီး သူ့စနောက်မှုတွေအပေါ် လုံးဝသည်းခံနိုင်စိတ် ကုန်နေပြီဖြစ်ကြောင်း ပြနေသည်။ ဒါပေမဲ့လည်း မရီးကပဲ သည်းခံနိုင်စွမ်း ကုန်သွားတာလေ ကျုပ်ဖြင့် အခုမှအစပျိုးလို့ ကောင်းနေတုန်းကို...

သူစာအိတ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ကင်မ်ဆော့ဂျင်နားသို့ တိုးကပ်သွားလိုက်သည်။ အနားတိုးကပ်သွားတာနဲ့ သိသိသာသာ ဝင်လာတဲ့ အမွှေးရနံ့လေး.. ခုနကတည်းက ပျံ့ပျံ့လေးရနေပေမဲ့ အခုအခါ ပိုလို့ သိသိသာသာ မွေးပျံ့လို့နေတော့ သူခပ်နက်နက် ရှူရှိုက်မိသွားသည်။ ကင်မ်ဆော့ဂျင်ကတော့ သူ့တိုးကပ်လာမှုကို မျက်မှောင်ကုတ်ရင်းသာ ကြည့်နေသည်။

" မရီးခဏစောင့်နေလို့ ရတယ်မလား ခုနကတည်းက ကျုပ်ပြောတယ်မလား ကျုပ်ရေချိုးလို့မပြီးသေးဘူးလို့ ကျုပ် ရေအရင်ချိုးပါရစေအုံး "

သူအနားနားကပ် ပြောလိုက်ပြီးနောက် ရေချိုးခန်းထဲ ပြန်ဝင်လာခဲ့သည်။ သူ့မရီးစွေ့စွေ့ခုန် ဒေါသထွက်နေမယ်ဆိုတာ လှည့်ကြည့်စရာပင် မလိုတော့ဘူးမလား။

သူရေချိုးခန်းထဲတွင် အကြာကြီး ဇိမ်ဆွဲနေခဲ့သည်။ ကင်မ်ဆော့ဂျင်ရဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်ရတာက ပျော်စရာ.. အခုလောက်ဆို သူ့ကိုဘယ်လောက် မကြိတ်မခဲဒေါသဖြစ်နေလောက်မလဲ..။ ဒါပေမဲ့..

သူရေချိုးခန်းထဲက ထွက်လာတဲ့အခါမှာတော့ သူ့အတွေးတွေနဲ့ ဆန့်ကျင်ဘက် မြင်ကွင်းမျိုးကိုသာ မြင်လိုက်ရသည်။ သူ့အခန်းသည် တစ်မျိုးအမြင်ဖြင့် ရှင်းလင်းနေပြီး နှာခေါင်းထဲ ခုနကရတဲ့ အနံ့သင်းသင်းက တိုးဝင်လာခဲ့သည်။ ကင်မ်ဆော့ဂျင်က သူ့စားပွဲနားမှာ ရှိနေပြီး သူထွက်လာတာမြင်တော့ မော့ကြည့်လာသည်။

" မင်းကိုစောင့်ရင်း အခန်းရှင်းပေးထားတာ မင်းပစ္စည်းတွေကို ရွှေ့ကိုင်ထားရလို့ နည်းနည်းတော့ နေရာပြောင်းနေမယ် "

" မင်းပြောတယ်မလား မင်းအခန်းကို သူစိမ်းဝင်တာမကြိုက်လို့ သန့်ရှင်းရေးသိပ်မလုပ်ဖြစ်ဘူးဆိုလို့.. အခု ငါရှင်းပေးထားတယ် "

ဂျောင်ဂုက ဒီလိုမြင်ကွင်းမျိုးကို မထင်မှတ်ထား၍ နည်းနည်းတော့ အံ့အားသင့်မိသွားသည်။ သူအဲတုန်းက ပြောလိုက်တယ်ဆိုတာ သူ့ကိုမလို့ တမင်ပြောလိုက်ရုံပဲ။ တကယ်က သူ့ပစ္စည်းတွေဆို ထိကိုင်တာမျိုးမကြိုက်။ ကိန်းဝပ်တစ်ယောက်သာလျှင် သူ့အခန်းနဲ့ သူ့ပစ္စည်းတွေကို ကိုင်တွယ်ခွင့်ပြုထားသည်။ ဒါကလည်း ရှုပ်ရှုပ်ယှက်ယှက် မကြိုက်လို့ပင်။ ဒါပေမဲ့လည်း အခုတော့ အ‌ဆင်ပြေနေသလိုပဲ ခံစားလိုက်ရသည်။ သူခေါင်းညိတ်လက်ခံလိုက်ပြီး ပုံမှန်အတိုင်း တုံ့ပြန်မှုတစ်ခု ရှာလိုက်သည်။

" အခုလိုဆိုတော့လည်း မရီးက ကျုပ်ဇနီးလောင်းနဲ့ တူမနေဘူးလား ခင်ပွန်းသည်ရဲ့သန့်‌ရှင်းရေးကို ဂရုတစိုက်တွေးပေးတဲ့ အလိုက်သိတဲ့ ဇနီးသည်လေးလေ "

" ဒါဆို ငါတို့စာချုပ်အကြောင်း ပြောကြတော့မလား "

ကင်မ်ဆော့ဂျင်ရဲ့ သိသိသာသာစကားလမ်းကြောင်းပြောင်းလိုက်ပုံကြောင့် သူရယ်သာရယ်လိုက်ပြီး ရေချိုးဝတ်တစ်ထည်နဲ့ သူ့ခန္ဓာကိုယ်ကို လုံရုံပတ်လိုက်ပြီး စားပွဲတွင် ဝင်ထိုင်လိုက်သည်။ အံဆွဲထဲမှ စာချုပ်အစစ်အမှန်ကို ထုတ်ယူလိုက်ပြီး သူ့မရီးရှေ့ ချပေးလိုက်သည်။ ကင်မ်ဆော့ဂျင်က သူ့အရှေ့ခုံတွင် ဝင်ထိုင်လိုက်ပြီး စာချုပ်ကို ချက်ချင်းယူကြည့်သည်။ စာချုပ်အစစ်အမှန်ကိုမြင်မှ ကျုံ့ဝင်နေတဲ့ မျက်မှောင်တွေက တဖြည်းဖြည်းပြေလျော့သွားပြီး နှုတ်ခမ်းတွေက အနည်းငယ်ပြုံးယောင်ယောင် ဖြစ်လာသည်။

အပြောင်းအလဲမြန်တဲ့ သူ့မရီးကိုကြည့်ရင်း သူပါလိုက်ပြုံးမိတော့မလို.. တကယ်ဆို သူ့အတွက် ဒီလိုမြင်ကွင်းတွေက ရိုးနေပြီးသား.. မိန်းမတွေက သူနဲ့အတူအိပ်ရာဝင်ဖူးပြီးသွားရင် လိုချင်တာပူ‌ဆာလာတတ်သည် သို့မဟုတ် သူဘက်ကအလိုက်တသိ လက်ဆောင်ပေးကမ်းတာမျိုးရှိသည်။ ထိုအချိန်မျိုးတွင်ဆို ထိုသို့ ချိုသာတဲ့အပြုံးမျိုး ပေးတတ်ကြသည်ပဲ.. သူ့မရီးနဲ့မှ အပြုံးတွေက ဘာလို့စိတ်တိုင်းကျစရာ ကောင်းနေရသည်လဲ..

" ဒါက မြေပိုင်‌ဆိုင်ကြောင်းဂရမ်ပေါ့ မင်းဒါကို ဘယ်လိုမျိုးအပိုင်ရခဲ့တာလဲ "

" အဲဒါ ကျုပ်စစ်တပ်မှာ တရားဝင်တာဝန်ထမ်းဆောင်ဖို့အတွက် အစိုးရက ချီးမြှင့်ပေးလိုက်တဲ့မြေကွက်လေ ကျုပ်အတွက်မလိုအပ်လောက်ဘူးထင်လို့ မရီးအတွက် စဉ်းစားပြီး အဆင်ပြေမဲ့နေရာကို လျှောက်လိုက်တာ "

ဆော့ဂျင်ခေါင်းညိတ်ထောက်ခံလိုက်သည်။ ဒါဆို ဒါက အရာရှိတွေရသင့်တဲ့ ဝေစုကို သူက စံအိမ်မဆောက်ဘဲ သူ့အတွက်ရွေးချယ်ပေးခဲ့သည်ပေါ့..ဆော့ဂျင်ဒီတစ်ခါတွင်တော့ ဂျွန်ဂျောင်ဂုကို အထင်ကြီးမိသွားသည်။ တစ်စပ်တည်းလည်း နှာခေါင်းရှုံ့မိသည်။ မိန်းမတစ်ယောက်အတွက်နဲ့လို့ စွပ်စွဲချင်ပေမဲ့ အဲလိုလည်း ဟုတ်မနေပြန်ဘူး။ တဏှာရူးချင်တဲ့အတွက်နဲ့လို့သာ တွေးလိုက်သည်။ ဒီလိုမျိုးအတွက်နဲ့ အဖိုးတန်တဲ့မြေနေရာကို နှမြောခြင်းမရှိ အလဲအထပ်လုပ်ရဲတယ်။ ဒါပေမဲ့လည်း အခုလိုစိတ်မျိုးရှိလို့ သူ့အတွက်ဖြစ်လာသည်က တစ်မျိုးကောင်းသည်ပဲလေ

" ကျုပ်က ကျုပ်မရီးအတွက် ဒီလိုမျိုး အကောင်းဆုံးစွန့်ကြဲပေးလိုက်တာ မရီးဘက်က သိတတ်ဖို့ပဲ ကျန်တော့တယ်.. ကျုပ်ကို ဘယ်လိုမျိုးကျေးဇူးပြန်ဆပ်မလဲ သိချင်မိတယ် "

" ငါစာချုပ်ကို သေချာလေ့လာပြီးသွားပြီမလို့ လက်မှတ်ထိုးကြတာပေါ့ "

ဆော့ဂျင်သူ့စကားတွေကို လျစ်လျှူရှုထားပြီး စာချုပ်တွင် လက်မှတ်ထိုးလိုက်သည်။ သူဘာလုပ်ရမယ်ဆိုတာ သူသိထားပြီးသားပေမဲ့ သူနဲ့အဲလို စကားဦးသန်းတာတွေ ဘာမှ ပြောချင်မပြောချင်။ အဓိကလုပ်ရမဲ့အလုပ်ကိုသာ လုပ်လိုက်ချင်သည်။ သူနဲ့သူ့မိန်းမများတွေလို တီတီတာတာ စကားအချိုတွေသုံးပြီး ကလူ၏မြူ၏ ပူးကပ်ချွဲနွှဲ့ လုပ်ရမှာမျိုးတော့ သူဘယ်တော့မှ လုပ်လိမ့်မည်မဟုတ်။ အဲဒီအစား သူ့အဝတ်တွေချွတ်ပြီး အိပ်ရာပေါ် တက်နေလိုက်တာမှ သူ့အတွက်သိက္ခာရှိအုံးမည်။

သူလက်မှတ်ထိုးပြီးသွားတော့ လွဲပြောင်းသူနေရာမှ ဂျွန်ဂျောင်ဂုကို ထိုးစေလိုက်သည်။ သူထိုးပြီးတာကို သေချာကြည့်ပြီးတော့မှ သူစာချုပ်ကို ပြန်ယူလိုက်ပြီး စာအိတ်ထဲ သေချာပြန်ထည့်လိုက်သည်။ ဒါကို တရားဝင် မှတ်ပုံတင်ပြီးသွားရင် မြေနေရာအတွက် သူ့အပိုင်ဖြစ်တာ တရားဝင်ပြီးစီးပြီ။ သူသူ့လက်ထဲက စာချုပ်‌ကိုကြည့်ရင်း သူ့တာဝန်တစ်ခုလျော့သွားသလို ခံစားလိုက်ရသည်။

" စာချုပ်ကိစ္စ ပြီးသွားပြီဆိုတော့ ကျုပ်တို့ကိစ္စ စသင့်ပြီမထင်ဘူးလား "

_______________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories