Part 10(end)
15:15, 23 August 2025ဒီနေ့ကတော့ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေရဲ့ နောက်ဆုံးစာမေးပွဲနေ့ပါ ဒါနဲ့ ဟိုနေ့ညက အကြောင်းလေဆက်ရအောင်..
ထိုနေ့ညတွင်..
ညရောက်တော့ joongက dunkကိုဖုန်းဆက်လာပါတယ်
တီ.တီ..တီ
Dunkလဲစာလုပ်နေရင်းဘေးကဖုန်းမြည်လာသံကြောင့် ကြည့်လိုက်တော့ ကို ဖြစ်နေတာကြောင့် ချက်ချင်းကိုင်လိုက်တယ်
Joong-အချစ်လေးရေ ဘာလုပ်နေလဲစာလုပ်နေလား
Dunk-ဟုတ်တယ် ကို ခလေးစာလုပ်နေတာ
Joong-စာတွေကိုလုပ်တာကလုပ် ထမင်းရောစားပြီးပြီလား
Dunk-စားပြီပြီး ကို ရော
Joong-ကို ရောစားပြီးပြီ ကို လွမ်းလို့ဖုန်းဆက်လိုက်တာ
Dunk-ခလေးလဲ လွမ်းပါတယ် ကို လဲစာကိုလုပ်အုံးနော် စာမေးပွဲပီးရင် ခရီးတွေထွက်ကြမယ်
Joong-ဟုတ်ပါပြီဗျ စာတွေဘဲဖိလုပ်မနေနဲ့အုံး အိပ်လဲအိပ်အုံးနော်
Dunk-ဟုတ် ကို ရောဘဲ အိပ်နော်
Joongဟုတ်ပါပြီဗျ ဘိုင်း²
Dunk-ဘိုင်း²
Joongလဲdunkနဲ့ဖုန်းပြောပြီး စာဆက်လုပ်ပါတယ်-----------------------------------------------------------အခုချိန်တော့ စာမေးပွဲနောက်ဆုံးရက်ကိုရောက်လာခဲ့ပြီး တစ်ချို့ကကြတော့လဲ ကန်တင်မှာ စာလုပ်တဲ့သူကလုပ် စာမေးပွဲပီးရင် ခရီးသွားဖို့တိုင်ပင်နေတဲ့သူတွေကတိုင်ပင် တစ်ချို့ နောက်ဆုံးနှစ်တွေကျ သူတို့ဂျူနီယာတွေနဲ့ စကားတွေဖောင်ဖွဲ့ပြောဆိုနေကြတယ်
Joongdunk pondphuwinတို့ကတော့ ကန်တင်းမှာ စာလုပ်ရင်းခရီးသွားဖို့အကြောင်းတွေးပြောလိုက်နဲ့ အဆင်ပြေနေကြပါတယ် သူတို့လဲ စာမေးပွဲနောက်ဆုံးရက်ဆိုတော့ ပျော်ကြတာပေါ့
ဒီလိုနဲ့ အချိန်တွေကတဖြေးဖြေးကုန်လာပြီး စာမေးပွဲတွေတောင်ဖြေဆိုပြီးကုန်ပြီ..
စာမေးပွဲပီးချိန်တွင်
Dunk-ရေးးးးစာမေးပွဲပြီးပြီကွ
Pond-ပျော်လိုက်တာကွာ
Phuwin-ပျော်သလို တစ်ဖက်မှာလဲ ဝမ်းနည်းစိတ်လိုမျိုးကြီး ဘာလို့လဲမသိဘူး တစ်ခုခုကိုခွဲရတော့မလိုနဲ့
Dunk-မင်းကလဲ မသိရင်ငါတို့က ခွဲရတော့မှာကျနေတာဘဲ ငါတို့ဒီ ပိတ်ရက်တွေအကုန်တူတူရှိနေမှာပါ ပြီးတော့ခရီးတွေတူတူသွားကြမယ်လေ ပျော်"နေစမ်းပါ
Pond-ဟုတ်တယ်လေ အချစ်ကလဲ လာပါအုံးကိုကိုနား
Phuwinလဲ သူ့ကိုကိုpondနား ခေါင်းလေးတိုးဝင်ပြီး ချွဲနေပါတယ် joongdunkကတော့ ပြုံးပြုံးဘဲကြည့်နေပါတယ်
Joong-အော်ဒါနဲ့ လာမဲ့စနေနေ့ အသင့်ပြင်ထားကြနော် မနက်စောစောသွားကြမယ်
Ppw-kha
Dunk-ခလေးလဲပြင်ဆင်စရာရှိတာပြင်ဆင်အုံးမယ် လာကြပြန်ကြတာပေါ့
Joong-အပြန်ဘယ်သွားချင်တာရှိသေးလဲ
Dunkမရှိတော့ဘူး ကို
Joong-ဟုတ်ပြီ အာ့ဆို ကို ခလေးအိမ်ပို့ပေးမယ်နော်
Dunk-ဟုတ် ကို
Joongလဲdunkကို အိမ်ပြန်ပို့ပေးပြီး သူလဲသူ့အိမ်ပြန်ပြီး ခရီးသွားဖို့ပြင်ဆင်စရာရှိတာတွေပြင်ဆင်နေပါတယ်
Pondနဲ့phuwinကတော့ အတူတူအဝတ်ထုပ်နေကြတယ်(အဝတ်ဘဲတူတူထုပ်တာနော် တူတူမနေသေးဘူး)
Pond-အချစ်ရေ တောင်ပေါ်တက်မှာဆိုတော့ အနွေထည်ထည့်ရမှာပေါ့
Phuwin-ထည့်ရမှာပေါ့
Pond-ဒါဆိုဒါထည့်လိုက်မယ်
Phuwin-ကိုကို အဲ့ဒါက နည်းနည်းပါးသေးတယ် ထူထူလေးထည့်လေ
Pond-ရပါတယ် အရမ်းအေးလာရင် ကိုကိုအချစ်ကလေးကို ဖက်မှာပေါ့
Phuwin-ဟူးးးကြိုက်သလိုသာလုပ်တော့
Pondphuwinလဲ ချစ်လိုက်အဝတ်ထည့်လိုက်နဲ့ အဆင်ကိုပြေနေကြပါတယ်
စနေနေ့မနက် စောတွင်
Joongအိမ်မှာဘဲ အကုန်လုံးစုကြပါတယ်
Joong-အကုန်ရောက်ပြီနော်
Ppw D-ရောက်ပြီ
Joong-အိုခေသွားကြတာပေါ့ စောစောသွားတော့ပိုကောင်းတယ်
Dunk-ဟုတ်တယ်ရေးးးးသွားကြမယ်
ဒီထဲမှာ phuwinနဲ့Dunkကအပျော်ဆုံးဖြစ်နေပါတယ်
Joongတို့လဲဒီလိုနဲ့ခရီးဆက်ခဲ့ကြပါတယ် သွားရင်းလမ်းမှာလဲ စကားတွေဖောင်ဖွဲ့ပြောဆိုရင်း joongနဲ့pondကတော့ တစ်ယောက်တစ်လှည့်ဆီကားမောင်းကြပါတယ်
ထိုသို့ တဖြေးဖြေးကားမောင်လာကြရင်း ခရီးကိုရောက်ရှိလာကြပါတယ်
Pond-ဝူးးဟူးးးနောက်ဆုံးတော့ရောက်ခဲ့ပြီ
ဒီလိုနဲ့dunkနဲ့phuwinလဲ အပြင်ကိုပြေးဆင်းသွားကြတယ်
သူတို့ပစ္စည်းတွေကိုတော့ နောက်ကနှစ်ယောက်ကသယ်လာရတာပေါ့
ဒီလိုနဲ့သူတို့လဲ တောင်ပေါ်ရဲ့အလှတရားကို ခံစားပြီး နေဖို့နေရာဆီသွားကြပါတယ် joongအဆင်သင့် bookingတင်ထားတဲ့ hotelက အတွဲနှစ်တွဲအတွက် နှစ်ယောက်တစ်ခန်းဆီအခန်လေးတွေစီအတွဲနှစ်တွဲဝင်ပြီး ပစ္စည်းတွေချနေကြပါတယ်
Joong-ရတယ်ခလေး ကို ဘဲလုပ်လိုက်မယ် သွားရေးချိုးချင်ချိုး တူတူချိုးချင်ရင်ခဏစောင့်
Dunk-ရ...ရတယ်တစ်ယောက်ထဲချိုးမယ်
Joong-ခလေးကလဲကွာ သဘော²
Dunkလဲတစ်ယောက်ထဲရေချိုးခန်းထဲ အေးဆေးရေချိုးနေတုန်း joongကတော့ ပစ္စည်းတွေချနေရပါတယ်
Pondphuwinဘက်တွင်
Pond-အချစ် ဗိုက်ဆာပြီလား ကိုကိုမှာမုန့်ပါတယ်
Phuwin-စားမယ်ပေး
Pond-အချစ်ရယ် မငြင်းဘူးနော်
Phuwin-ငြင်းစရာလား ဘာလဲငြိုငြင်တာလား
Pond-မဟုတ်ရပါဘူး ဒီမှာထိုင်းပြီးစားနေ ကိုကိုရေသွားချိုးအုံးမယ် တူတူချိုးချင်လိုက်ခဲ့
Phuwin-တူတူချိုးစရာလား နှာဗူးသွား
Pond-အချစ်ကလဲ
ဒီလိုနဲ့အတွဲနှစ်တွဲဟာ ရေးချိုးပြီးအကုန်ပြင်ဆင်ပြီးကြပြီး ညနေခင်းတွင် တောင်ပေါ်ဒေသရဲ့ သဘာဝအလှ လေးတွေကြည့်ရင် လေးညှင်းလေးခံရင်း လမ်းလျှောက်ထွက်ကြပါတယ်
Joong-ဟေ့ ခဏနေကျရင် မီးပုံပွဲအသေးလေးရှိတယ်နော် ဟိုဘက်မှာ ခဏနေ စ လုပ်ကြမှာသွားကြမလား
Pond-သွားမယ်လေphi လာ အချစ်
Phuwin-အင်း
Pondလဲphuwinလက်ကိုဆွဲပီးအရှေ့ကနေပြေးသွားပါတယ်
Joong-လာခလေးရောသွားမယ်
Dunk-ဟုတ်ကို
ဒီလိုနဲ့သူတို့လေးယောက်လဲ မီးပုံပွဲရှိရာကိုသွားကြတယ် ဒေသခံတွေနဲ့ နိုင်ငံခြားသားတစ်ချို့လဲပါတယ် မီးပုံပွဲဆိုပေမဲ့ အသေလေးပါဘဲ အရမ်းကြီးကျယ်တာတွေမရှိပါဘူး
ဒေသခံထဲက လူသုံးလေးယောက်လောက်က ဂီတာတွေယူလာကြပြီး
-ဂီတာလေးတွေဘယ်သူတီးတတ်လဲဗျ
Pond-ဟို..ကျွန်တော်တီးတော့တီးတတ်ပေးမဲ့အရမ်းကျွမ်းတာတော့မဟုတ်ဘူး
-ရတယ်ရော့ ယူလိုက်
Pondလဲဂီတာတစ်လတ်ကိုယူပြီး မီးပုံပွဲဘေးမှာထိုင်ရင်း ဂီတာ စ တီးပါတယ်
Joongdunkလဲ သံစဥ်နောက်လိုက်ရင်း သီချင်းလေးတွေဆိုနေကြပါတယ်
Phuwinလေးကလဲ သူ့ကိုကို ကိုကြည့်ပြီးပြုံးလိုက်ဆိုလိုက်နဲ့..
ဒီလိုနဲ့ သူတို့သူငယ်ချင်းလေးယောက်ဟာ မီးပုံပွဲဘေးမှာ ပျော်ရွှင်စွာ သီဆိုနေကြပါတယ် ဒေသခံအချို့ကလဲပျော်ရွှင်နေကြပြီး နိုင်ငံခြားသားတွေကလဲ သီချင်းလိုက်မဆိုနိုင်ပေမဲ့ ခေါင်းလေးတွေယမ်းကာ သီချင်းလေးကိုနားထောင်းနေကြပါတယ်
Joongdunk pondphuwinဆိုတဲ့ အတွဲလေးနှစ်တွဲခေါ် သူငယ်ချင်းလေးယောက်ကလဲ ပျော်ရွှင်နေကြပြီး သူတို့ရဲ့ အပြုံတွေဟာ တကယ်ပျော်ကြောင်း စစ်မှန်ကြောင်းတွေ့ရပါတယ် သူတို့အတူတူရှိလာခဲ့တဲ့ နှစ်တွေထဲမှာ ဒီနှစ်ကတော့ တကယ့်အမှတ်တရအပြည့်ဖြစ်နေတော့မှာပါဘဲ...
--------------------------------------------------------------ဇာတ်သိမ်းက နည်း"ပေါ့သွားသလိုခံစားရတယ်ဒါမဲ့ဘယ်လိုဆက်ရေးရမလဲမသိတော့လို့ခေါ်ထို့ခ
ဇာတ်လေးကို အစအဆုံးဖတ်ပေးတဲ့တစ်ယောက်ချင်းစီးကိုကျေးဇူးတင်ပါတယ်ရှင့်🤍
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




