10💔
09:57, 13 July 2025"Ai Wi အဆင်ပြေပါမလားကွ အဲ့လိုကြီးက"
"ငါပြောသလိုသာလုပ်ပါ ၊ငါတို့မင်းကိုကာကွယ်ပေးမယ်၊မင်းကသာ ငါ့စကားနားထောင်"
"ငါလဲထောက်ခံတယ်"
Willaimရဲ့အကြံကတော့ ဒီရက်ပိုင်းFotကGemကိုရှောင်နေရမှာဖြစ်တယ်Gemသာတကယ်ချစ်ရင် သူFotနဲ့တွေ့ဖို့ မရရအောင်ကြိုးစားလိမ့်မယ်
အဲ့တော့Fotကရည်းစားလေးကိုအတင်းတွေစိတ်ဆိုးပြေချင်ပေမယ့် အချိန်နဲနဲေတာ့ထပ်စောင့်ရလိမ့်မည်
……………………………………………………………
"ငါ ကိုကို့ဆီဒီနေ့မသွားဘူးနော် ငါတို့နေ့လည်စာကို ငါတို့ကန်တင်းမှာပဲစားကြမယ်၊Ai Fotဒါမှ မင်းလဲသူနဲ့မတွေ့ရမှာ"
"ဟုတ်တယ် သူမနေနိုင်လို့လာရှာရင် ငါတို့အတွေ့မခံဘူးနော်"
"အေးပါကွာ မင်းတို့ကလည်း ဆရာမလာနေပြီ စာကိုအာရုံစိုက်ရအောင်"
Willaimနဲ့ Poonရဲ့ သူ့တွက်ပြောနေတဲ့စကားကြောင့် Fot ပြန်ပြောလိုက်သည်
"ကျောင်းသားအားလုံး မကြာခင်ချိန်မှာ ပထမဆုံးစာမေးပွဲစတင်တော့မှာမို့ အရင်ကထက်စာပိုလုပ်ရမယ်နော်၊အခုထဲကအမှတ်ကောင်းအောင်ကြိုးစားမှ မင်းတို့တက္ကသိုလ်ကောင်းကောင်းကို တက်ခွင့်ရမှာ ၊နားလည်ကြလား အားလုံး "
"နားလည်ပါတယ်ဗျ၊ရှင့်"
"အိုကေ စာဆက်သင်ကြမယ်"
ရှေ့ကအတန်းပိုင်ဆရာမသင်နေတဲ့စာ ကို Fotသေချာအာရုံစိုက်ပြီးလိုက်မှတ်နေသည်
သူစာကြိုးစားမှ သူ့မိဘတွေကို ပြန်ထောက်ပံ့နိုင်မဲ့အလုပ်မျိုးရမှာမို့ Fourthက စာကိုပိုကြိုးစားဖို့ဆုံးဖြစ်ထားသည်
"ကလင်ကလင်ကလင်"
"အားးးဒီနေ့အတန်းကအရမ်းပျင်းစရာကောင်းတာပဲ၊ ငါတော့ အရမ်းအိပ်ငိုက်နေပြီ"
"ဟုတ်တာပေါ့ ထိုင်းဘာသာဆိုတော့ပိုဆိုးသေး အိပ်ငိုက်မကျသွားအောင်မနဲထိန်းမေရတာ"
Poonရဲ့အပြောကို Willaimကပါပျင်းရိစွာထောက်ခံလိုက်သည်
"မင်းတို့နော် စာမကြိုးစားရင် တက္ကသိုလ်ကို ငါနဲ့တူတူတက်ရမယ်မထင်နဲ့"
"ဘယ်သူကမင်းနဲ့တက်ချင်နေလို့လဲ"
"အေးလေ"
ပျင်းရိနေတဲ့ သူငယ်ချင်းနှစ်ယောက်ကိုFotပြောလိုက်တော့ ပြန်ပြောလာတဲ့သူတို့ကြောင့် Fotနင်သွားရကာစိတ်ထဲမှဆဲလိုက်သည်
*ကျက်သရေမရှိတဲ့ကောင်တွေ*
"သွားမယ် ကန်တင်း ကို၊Ai Fot ငါတို့မင်းတွက်ဝယ်ခဲ့မယ် အပြင်မထွက်ခဲ့နဲ့နော် "
"အောင်းးးဝ် ဘာလို့လဲ "
"ငါ့စကားနားထောင်မယ်လို့မင်းပြောထားသလိုပဲနော်"
"ဟူးးးပြီးရော"
Willaimအပြောကို ဘေးကPoonကပါ ခေါင်းငြိမ့်ထောက်ခံနေတာကြောင့် Fotသူတို့စကားနားထောင်ကာ အတန်းထဲမှာပဲ အိပ်နေလိုက်တော့သည်
……………………………………………………………
Geminiတစ်ယောက် ၁၂တန်းဘက်ကကန်တင်းဆီထွက်လာခဲ့လိုက်သည် Estကတော့ မအားတာမို့မခေါ်ခဲ့တော့ဘဲ တစ်ယောက်ထဲထွက်လာတာဖြစ်သည်ချာတိတ်သူ့ကိုစိတ်ဆိုးပြေဖို့တွက် သူဆက်ကြိုးစားရအုံးမည်ဒီချိန်က ချာတိတ်တို့အတန်းတွေထမင်းစားနားနေမှာသေချာသည်
Geminiကန်တင်းကိုရောက်တော့ ချာတိတ်ရဲ့ သူငယ်ချင်းနှစ်ယောက်ကိုသာတွေ့ရသည်
Gemထိုနားသွားပြီး ချာတိတ်ကိုမတွေ့တာကြောင့်သူတို့ကိုမေးလိုက်သည်
"Fot ရော"
"ဗျာ အော် သူကျောင်းမလာဘူးဗျ"
Gemမေးလိုက်တော့ ချာတိတ်သူငယ်ချင်းWillaimကပြောလာသည်
"သူဘာဖြစ်လို့လဲ၊နေမကောင်းဘူလား"
"အင်းးးအဲ့လိုပဲပြောရမှာပဲဗျ၊သူ့အကိုကြီးက သူ့ကိုကျောင်းခနနားခိုင်းထားတာ"
"ဟူးးးကောင်းပြီ ကိုယ်သူ့အိမ်လိုက်သွားလိုက်မယ်"
"ဟို "
Geminiတစ်ယောက် Willaimကိုပြောကာလှည့်ထွက်ဖို့အလုပ် ဘေးကPoonဆိုတဲ့ကောင်လေးက ခေါ်လာတာကြောင့်ေပြာဆိုတဲ့သေဘာနဲ့မေးငေါ့ပြလိုက်သည်
"Phi Geminiဗျ ကျွန်တော်တို့ သူငယ်ချင်းကို တကယ်မချစ်ဘူးဆိုရင် သူနဲ့ဝေးဝေးနေပေးလို့ရမလားဗျ၊သူ့ကိုမခံစားရစေချင်ဘူး"
Poonအပြောကိုကြားတော့Gemအလိုမကျစွာမျက်မှောင်ကုပ်မိသွားသည်
ဒီကောင့်ကို Fotနဲ့တပူးတွဲတွဲရှိနေကတည်းကကြည့်မရတာဖြစ်သည်အခုဒီကောင်က သူ့ကိုဆရာလာလုပ်နေတာက ဒီကောင်Fotကိုကြိုက်နေလို့မဟုတ်လားအဟက် Fotကိုမင်းမရရေဘူး Ai Poon
"ကိုယ်မချစ်ရင် ကိုယ်သူ့ကိုလိုက်ကပ်နေမှာမဟုတ်ဘူး၊ပြီးတော့ မင်း ကိုယ့်ဆီကနေ ချာတိတ်ကိုလုယူဖို့ကြိုးစားနေတာရပ်လိုက်၊ချာတိတ်က က်ိုယ့်အပိုင်ပဲ၊နားလည်လား"
Poonဆိုတဲ့ကောင်ရဲ့ အကျီကော်လံကိုဆွဲကာGemပြောလိုက်သည်ထို့နောက် ချာတိတ်ရဲ့အိမ်ကိုသွားရှာရန်ထွက်လာလိုက်တော့သည်
"ချီးးးရားးးလုံးဝအမိုက်စားပဲ၊Mafiaတွေထဲက seme ကိုအပြင်မှာမြင်လိုက်ရသလိုပဲကွာ၊ဒီလူမျိုးနဲ့ ငါ့သူငယ်ချင်းလေးကို အရမ်းသဘောတူနေပြီလို့ အီးးးး"
Phi Geminiထွက်သွားတာနဲ့ ငုတ်တုပ်ကြောင်အနေရစ်တဲ့PoonကိုWillaimစိုးရိမ်စွာမေးမယ်အလုပ် ထိုFudanshiကောင်ဆီမှ ကြားရတဲ့စကားကြောင့် မနိုင်ဘူးဟူသာ ခေါင်းခါလိုက်ရသည်စိတ်ပူမိတဲ့သူ့ကိုယ်သူသာ ဖြတ်ရိုက်လိုက်ချင်သည်
……………………………………………………………
Fotတစ်ယောက်ကျောင်းဆင်းတာနဲ့အိမ်ကိုပဲတန်းပြန်လာခဲ့လိုက်သည်၊
"ပြန်လာပြီလား အငယ်လေး"
"ဟုတ်ကိုကြီး ဒီနေ့ Phi pondဆီသွားမအိပ်ဘူးလား"
နှုတ်ဆက်လာတဲ့Phi phuwinကိုFotပြန်မေးလိုက်သည်
"မသိရင် ကိုကြီးက Pondဆီနေ့တိုင်းသွားအိပ်နေတာကျနေတာပဲ"
"မသိဘူးလေ အဲ့လိုပဲမဟုတ်ဘူးလား"
"အဟီးးး အာ့ဆို ကိုကြီး ဒီနေ့သွားအိပ်မယ်နော်၊တစ်ယောက်ထဲနေလို့ရရဲ့လား"
"ရပါတယ်ဗျာသွားပါ၊နေလို့ရပါတယ်"
"တံခါးတွေလုံအောင်ပိတ်နော် ၊ဟိုလူရမ်းကားလာရင်လဲဖွင့်မပေးနဲ့၊ဘယ်သူလာလာမဖွင့်နဲ့ အမေတို့အဖေတို့ကလဲ ခရီးကပြန်လာသေးတာမဟုတ်ဘူး၊အကိုကြီးစိတ်မချဘူး"
Phi Phuwinက အကိုသူ့ဆီလာမှာလဲစိုးရိမ်နေပုံသည်၊ချစ်သူဆီလဲသွားချင်၊ညီကိုစိတ်မချနဲ့ စိတ်နှစ်ခွဖြစ်နေတာမျိုးကိုFotနားလည်တာမို့ သူ့အကိုကြီးကိုစိတ်မပူဖို့သေချာဖြေင့်ဖြလိုက်သည်
"သွားပါ အမေတို့အဖေတို့ ခရီးသွားတုန်ပဲ ကိုကြီးက ချစ်သူနဲ့သွားအိပ်လို့ရမှာ၊ပြန်လာလို့ရင် အိပ်လို့ရမှာမဟုတ်တော့ဘူးလေ၊မေးခံနေရမှာဆိုတော့၊ညီလေးနေရဲတယ်နော်"
"ကိုကြီးညီလေးကိုအရမ်းချစ်တယ်နော်"
"ဟုတ်ပါပြီ တူတူပဲ၊သွားသွားနောက်ကျနေမယ်"
"သွားပြီနော်"
ထွက်သွားတဲ့ Phi Phuwinခြံဝထိကိုလိုက်ပို့ပြီးနောက်Fotတံခါးတွေအကုန်ပိတ်လိုက်သည်ထို့နောက်သူ့ရဲ့အခန်းလေးဆီအိပ်စက်ရန်သွားလိုက်သည်
အခန်းထဲရောက်တာနဲ့ သူ့ရဲ့silentလုပ်ထားတဲ့ Phoneကိုထုတ်ကြည့်လိုက်တော့ အကို့ဆီမှ miss callပေါင်းများစွာတွေရသည်
သူဖုန်းမကိုင်လို့ထင်တယ် စာတွေလဲပို့ထားသေးသည်
'ချာတိတ် ကိုယ့်ဖုန်းကိုကိုင်ပါအူးကွာ '
'ကိုယ်ကိုအခွင့်ရေးထပ်ပေးပါအ်န်းနော်'
'ကိုယ်တကယ်မင်းကိုချစ်တာပါ'
'ကိုယ်မင်းကိုလက်ထပ်ပါရစေနော်'
'ကိုယ်မင်းအိမ်ထိလိုက်လာမှာနော်'
'ချာတိတ်ဖုန်းကိုင်လို့'
'လွမ်းတယ်'
'မျက်နှာလေးတွေ့ချင်တယ်ကွာ'
'ကိုယ်မင်းကိုအရမ်းချစ်တယ် ချာတိတ်'
အစောင်ပေါင်းများစွာသော အကို့ဆီကပို့ထားတဲ့စာတွေကိုဖတ်ပြီး Fotရင်ထဲကြည်နူးမိသည်
တော်သေးတာပေါ့ ဖုန်းကိုsilentလုပ်ထားလို့ ဟိုလိုဆို စိတ်မထိမ်းနိုင်ဘဲ ကိုင်မိအုန်းမှာ၊အဲ့တာဆို အခုလို သူ့ကိုရင်ခုန်စေမဲ့စာလေးတွေတွေ့ရမှာမဟုတ်တော့ဘူး
ကောင်ကင်ကြီးကအရမ်းမှောင်မဲပြီး မိုးရွာတော့မယ်အခြေနေတွေ့ရသည်
Fotကမိုးရေတွေကိုချစ်သည်မိုးရွာရင် မိုးရေထဲမှာဆော့ကစားချင်သည်
မကြာပါဘူး မိုးဖွဲလေးတွေကနေ မိုးကတတဖြည်းဖြည်းသည်းထန်စွာရွာလာတော့သည်
"ချာတိတ် ကိုယ့်ကိုထွက်တွေ့ပါအုန်းကွာ"
"ချာတိတ် "
Fotမိုးရေထွက်ချိုးဖို့ပြင်နေတုန်းမှာပဲ အောက်ထပ်မှ အကို့ရဲ့အသံကိုကြားကာေခြလှမ်းေတွတုန့်ေနှးလိုက်ရသည်
အကိုက သူ့ဆီတကယ်ကြီးလာတာလား၊အခုကမိုးရွာနေပြီလေ အကိုကမိုးရေထဲကနေသူ့ကိုလှမ်းခေါ်နေပေမယ့် Fotသွားရမလား မသွားရဘူးလား တွေဝေနေမိသည်
နောက်ဆုံးသူဆုံးဖြတ်ချက်ချလိုက်တော့သည်
…………………………………………………………
အကြးကြီးပစ်ထားတယ်မထင်ပါနဲ့နော် ထုခွန်ခ အားတဲ့ခါမှရေးရလို့ အပ်ဒိတ်ကြာတာခွင့်လွှတ်ပါနော်🥺
အဂ်ါနေ့ကျနောက်တပိုင်းအပ်ပါ့မယ်နော် 🥰
မျှော်နေတဲ့သူလေးတွေကိုတကယ်အားနာပါတယ်ခ ဇာတ်သိမ်းဖို့လည်းမလိုတော့ဘူးးနော်ခ🤗
……………………………………………………………
……………………………………………………………
……………………………………………………………
…………………………………………………………
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




