9💔
15:28, 6 July 2025သက်သာနေပြီဖြစ်တာမို့ ညမအိပ်တော့ဘဲFotတစ်ယောက်ဆေးရုံကဆင်းလာလိုက်သည်
သူငယ်ချင်းဖြစ်တဲ့ Willaimနဲ့Poonကသူ့ကိုအိမ်ထိရောက်အောင်လိုက်ပို့ပေးကြသည်
Phi Phuwinနဲ့သူ့ကောင်လေးကတော့အလုပ်ကိစ္စရှိတာမို့ Fotကိုနှုတ်ဆက်ကာပြန်သွားကြသည်Phi Phuwinကတာ့ အကို့ကိုအခုချိန်ထိမကျေမနပ်ဖြစ်ကာ တွေ့တာနဲ့ထိုးမယ်တကဲကဲ ကျိမ်းနေတာမို့ Fotမနဲဖြောင့်ဖြထားရသည်
ပြီးတော့ Phi Pondနဲ့လည်းမိတ်ဆက်ပေးကာ သူ့ချစ်သူဆိုတာပါပြောပြလာသည်Fotကတော့ Phi Phuwinရွေးချယ်တဲ့ဘယ်သူမဆိုလက်ခံဖို့ အစောကတည်းကတွေးထားပြီးသားမို့ Phi Pondကိုလည်း လိုလိုလားလားလက်ခံပေးခဲ့သည်သူ့အကိုကြီး စိတ်ချမ်းသာမယ်ဆိုFotလည်းစိတ်ချမ်းသာသည်
အလုပ်မအားတဲ့မိဘတွေကြောင့် ဒီအကိုကြီးPhuwinကပဲ Fotကိုထိန်းလာခဲ့တာမို့ Phi Phuwinကို Fotအရမ်းချစ်သည်
"Fot Fot ရောက်ပြီလေ ဘာတွေတွေးနေတာလဲ"
ဘေးနားမှAi Poonကပြောလာတာကြောင့်Fotတစ်ယောက်အတွေးစတို့ပျက်ကာ သူငယ်ချင်းကိုပြုံးပြလိုက်သည်
"မင်းတို့ အိမ်ထဲဝင်ကြအူးနော် ငါတိုင်ပင်စရာရှိလို့"
"ဘာအကြောင်းလဲ Ai Fot"
Fotအပြောကြောင့် ကားရှေ့ခန်းကWillaimကပါစိတ်ဝင်စားစွာမေးလာခဲ့သည်
"အထဲရောက်မှပြောမယ် လာကြ"
Fotပြောပြီးရှေ့ဆုံးမှနေအိမ်ထဲဝင်လာခဲ့လိုက်သည်
"မင်းမိဘတွေမရှိကြဘူးလား FotFot"
"သူ့မိဘတွေက တနေကုန်ရုံးမှာေလ၊ဝန်ထမ်းဆိုတော့ ရုံးဆင်းချိန်ညနေမှပြန်ရောက်တာ၊စိတ်ပူနေမှာဆိုးလို့ ငါလဲ သူ့အကိုကိုပဲပြောပြီးသူ့မိဘတွေမပြောတော့တာ"
Fotတို့မိသားစုအေကြာင်းကိုမသိေသးတဲ့Poonရဲ့အမေးကို သိပြီးသားဖြစ်တဲ့Willaimကပဲရှင်းပြလိုက်သည်
"ထိုင်ကြအူးမင်းတို့ ငါကော်ဖီဖျော်လိုက်အူးမယ်"
"ဟာ ဘာမှလုပ်မနေနဲ့ ငါတို့ကဧည့်သည်မှမဟုတ်တာ"
"အေးလေ မင်းကလည်း"
Fotကထပြီးကော်ဖီမယ်အလုပ် သူငယ်ချင်းဖြစ်သူတွေကတားလာကြသည်
"ငါတို့ပြောရမှာ ရှည်မယ်ထင်တယ် မင်းတို့ရေဆာနေမှာစိုးလို့လေ"
"အာ့ဆိုလဲ ထိုင်နေ ငါသွားယူမယ် မင်းအိမ်ငါသိနေတာပဲ"
Fotကအတွန့်တက်ကာပြောလိုက်တော့Willaimမှပြောလာကာ သူကိုယ်တိုင် ရေခဲသေတ္တာဆီသွားတော့သည်
"ဟွန့် ငါ့ကိုဗိုက်ကြီးသည်လိုဆက်ဆံနေကြတာပဲ မင်းတို့က"
"တကယ်လည်းဟုတ်နေတာပဲလေ"
"Ai Poon....."
"ဟားးဟားးးFotFotနော်အတင်းမလုပ်နဲ့ ဗိုက်ကိုသတိထားအူး"
Fotကလိုက်ရိုက်နေတာကြောင့်Poonကထပ်စလိုက်တော့ ဒေါသတွေအတုံးလိုက်အတစ်လိုက်ထွက်လာတဲ့Fotကအသေလိုက်ရိုက်တော့သည်
"ခွေးကောင် Poonလမ်းဘက်ထိမပြေးနဲ့လေ ၊မိလို့ကတော့အသေပဲမင်း"
"ရပ်လိုက်နော် FotFot ဆက်လိုက်မလာနဲ့တော့၊မဟုတ်ရင်ဗိုက်ထဲကကလေးလေးနာသွားလိမ့်မယ်"
"မင်းကိုအရင်နာအောင်လုပ်မှာ ခွေးကောင်ရဲ့ အွန့် "
လမ်းဘက်ပြေးသွားတဲ့Poonတစ်ယောက်ဘယ်ရောက်သွားလဲမသိပေမယ့် Fotကတော့ လူတစ်ယောက်ရဲ့ရင်ခွင်ထဲရောက်နေသည်
ဟုတ်ပါတယ် ဘယ်ကနေဘယ်လိုရောက်လာလဲမသိတဲ့ Phi Geminiရဲ့ရင်ခွင်ထဲမှာပါ၊Fotမထင်ထားတာကြောင့် အံ့ဩနေကာ အကို့ဆီကအကြည့်မလွှဲနိုင်ဖြစ်နေချိန် အကို့ရဲ့ ခေါင်းကတဖြေးဖြေးငုံ့လာနေတာ ကိုသတိထားမိမှ အကို့ကိုတွန်းထုတ်မိသည်
"ဟို Phi Gemini ဘယ်လိုဖြစ်ပြီးရောက်လာတာလဲဗျ"
"အကိုလို့ပြန်ခေါ်ပါလား ချာတိတ်၊အကို မင်းရဲ့ အဲ့ဒီနာမ်စားလေးကိုလွမ်းနေတာ"
အကို့ရဲ့အပြောကြောင့်Fot ရင်ထဲမှာအဆမတန်ခုန်လာမိပေမယ့် သူအကို့ကို စိတ်ဆိုးနေတာမို့ မြန်မြန်ပြေပေးလိုက်လို့မဖြစ်ပါ
"ကျွန်တော်တို့ အဲ့လိုခေါ်ဖို့ထိမရင်းနီးကြဘူးထင်ပါတယ်ဗျ၊ပြီးတော့ ကိစ္စမရှိရင် လမ်းကြုံလို့ရောက်လာတာဆို ပြန်လိုက်ပါဗျ၊ကျွန်တော်မကြိုဆိုပါဘူး"
*အဟင့် ပြောသာပြောလိုက်ရတာ အကိုစိတ်မကောင်းများဖြစ်သွားမလားမသိဘူး၊*
Fotကိုယ်ဘာကိုပြောပြီးစိတ်ထဲကနေလည်းတွေးနေမိသည်
"ကိုယ်တောင်းပန်ပါတယ် ချာတိတ်ရယ်၊ကိုယ်လေ မင်းကိုတခြားသူဆီပါသွားမှာစိုးရိမ်မိလို့ အဲ့လိုလုပ်မိသွားတာပါကွာ၊ကိုယ် မင်းကိုနာကျင်စေဖို့မရည်ရွယ်ပါဘူး"
Fotအကို့ကိုမော့ကြည့်မိတော့ အကို့ရဲ့မျက်ဝန်းတွေကအသနားခံမှုတွေ လုံးဝကိုအသက်ဝင်နေသည်
*အားးးးးဒီအကြည့်ေတွနဲ့ကြည့်မှေတာ့စိတ်ဆိုးပြေတော့မှာပေါ့လို့*
"ချာတိတ် ဖြေအူးလေ"
"ဟမ် ဘာမေးလိုက်တာလဲ"
"ကိုယ့်ကိုခွင့်လွှတ်ပေးနိုင်မလား လို့"
"အဲ့ အာ့တော့ စဉ်းစားရအူးမယ်၊မသိသေးဘူး"
*ဟူးးးတော်သေးတယ် အကြည့်တွေမှာပျော်ဝင်ပြီး စိတ်ဆိုးပြေမိတော့မလို့*
"ချာတိတ်ကြိုက်သလိုစဉ်းစားပါ ၊ကိုယ်စောင့်နိုင်တယ်၊ချာတိတ်ခွင့်လွှတ်မှုကိုရအောင် ကိုယ်အစွမ်းကုန်ကြိုးစားမှာပါ"
"အခုတော့ပြန်လိုက်ပါ ၊ကျွန်တော် နားချင်ပြီမို့"
"ဟုတ်ပါပြီ အေးဆေးအနားယူပါနော် အော်ခန"
Fotကိုပြောပြီး အကိုကသူ့ကားနားကိုလျှောက်သွားသည်
ပြီးတော့ လက်ဆွဲအိတ်နဲ့အထုပ်တစ်ထုပ်ယူကာပြန်လှည့်လာတာမို့Fotအမြန်အကြည့်လွှဲလိုက်ရသည်
"ဒါ ကိုယ်ချာတိတ်တွက်မုန့်တွေဝယ်လာတာ ၊ချာတိတ်ကြိုက််တဲ့ ကြက်သားပီဇာလေ၊လက်ခံပေးပါနော်"
"အဟမ်းးးအင်း"
"အဟက် ကိုယ်အာ့ဆို မနက်ဖြန်မှလာခဲ့တော့မယ်နော်၊ညကျစာပို့လိုက်မယ် ကိုယ့်ကိုစာပြန်နော်"
"မသိသေးဘူး"
"ချာတိတ်စိတ်ချမ်းသာသလိုလုပ်ပါ ကိုယ်သွားပြီနော် အင့်"
အကိုက နှုတ်ဆက်သည့်အနေဖြင့်Fotရဲ့နှဖူးလေးကိုနမ်းသွားတာမို့ Fotလန့်သွားရသည်
အကိုကတော့ ကားမောင်းပြီးထွက်သွားပြီဆိုပေမယ့်Fotကသူ့နှဖူးသူကိုင်ပြီးပြုံးနေမိတုန်းပင်
"အဟင်း အဟမ်း၊တချို့များနော် စိတ်ဆိုးပြေတာလဲမြန်လိုက်တာ၊ဟိုကရောင့်တက်ပြီး လိုချင်တိုင်းတောင်းနေမှမပေးနိုင်ဖြစ်နေမယ်"
"ခွေးကောင် မင်းစကားကဘာအဓိပ္ပါယ်လဲ"
Fotတစ်ယောက်ထဲပြုံးနေတာကိုကြည့်ပြီးပြောလာတဲ့Poonကို Fotအဆဲလေးနဲ့ပြန်ပြောလိုက်သည်
"အာ ဦးနှောက်ရှိတဲ့လူဆို စဉ်းစားတတ်တယ်ကွ ၊WiWiမင်းရောဘယ်လိုထင်လဲ "
"ဟားးဟားးငါ့အထင်တော့ Ai Fotပေးနိုင်လောက်မှာပါ"
Poonကဘယ်ချိန်ထဲကအိမ်ထဲကထွက်လာမှန်းမသိတဲ့Willaimကိုပါအဖော်စပ်ပြီးမေးနေသည်
"မင်းတို့ဘာတွေပြောနေကြတာလဲ ငါနားကိုမလည်ဘူး"
"လာပါမင်းနားလည်စရာမလိုသေးဘူး၊အိမ်ထဲသွားကြမယ်"
Ai Wiကပြောကာ Fotရဲ့ပုခုံးကိုဖက်ကာအိမ်ထဲခေါ်လာခဲ့သည်
နောက်မှPoonတစ်ယောက်ကတော့ Fotနဲ့သူ့ဘဲကြီးGeminiရဲ့ bad senceတွေကိုစိတ်ကူးထဲပုံဖော်ကြည့်ကာ ပြုံးပြုံးကြီးလိုက်လာတော့သည်
…………………………………………………………"အင်းးးးမင်းပြောပုံအရဆိုရင်တော့Phi Geminiကိုမင်းထပ်ဆွဲထားလိုက်အူး"
"သူ့ကိုမင်းစမ်းသပ်ကြည့်ကွာ မင်းကိုတကယ်ချစ်သလား၊ဘယ်လောက်ချစ်လဲဆိုတာရောပေါ့"
Fotတိုင်ပင်ချင်တဲ့ကိစ္စနဲ့ရောက်လာကြတဲ့သူငယ်ချင်းတွေဟာ Fotကိုအကြံကောင်းများပေးလာတော့သည်
"အင်း ငါကဘယ်လို စမ်းရမှာလဲကွ"
"ကိုယ့်ကိုယ်ကိုသတ်သေပြလို့ပြောလိုက်လေ၊သူတကယ်လုပ်ရင်မင်းကိုချစ်လို့ပဲ"
Fot အမေးကိုပြန်ပြောလာတဲ့သူငယ်ချင်းဖြစ်သူPoonကြောင့်စိတ်လေသွားရသည်
"သူ့စကားနားမထောင်နဲ့ ငါခိုင်းတဲ့တိုင်းသာလုပ်"
Willaimအပြောကြောင့်Fotမေးလိုက်သည်
"ဘယ်လိုလဲ"
"ဟင်းဟင်း"
Willaimတစ်ယောက်သူ့အကြံနဲ့သူပြုံးလိုက်ေတာ့သည်
အားတုန်းလေးရေးရတာမို့ တိုသွားတာတောင်းပန်ပါတယ်နော်ထုခွန်🥺
နောက်ပိုင်းကြရှည်ရှည်ရေးပေးပါ့မယ်ခ🥰
"Ai Poon....."
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




