6💔
12:32, 25 June 2025Fotရဲ့ရင်တွေအဆမတန်ခုန်နေလို့Fotတစ်ယောက်မောဟိုက်နေသည်၊ထို့ပြင်အသက်ရှူလမ်းကြောင်းဖြစ်တဲ့ နှုတ်ခမ်းတွေကအထိတွေ့ကြောင့် အသက်ရှူပါအောင့်ထားမိသည်
အခုအကိုကသူ့ကိုနမ်းေနတာတဲ့လား၊ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊သူအိပ်မက်မက်နေတာများလား
"အာ sorry"
Fotတွေးလို့အပြီးသေးခင်မှာ လွတ်လပ်သွားတဲ့နှုတ်ခမ်းတွေနဲ့အတူ အကို့ဆီမှထွက်လာတဲ့စကားသံကိုကြားလိုက်ရသည်
"ဗျာ "
"အဟမ်းးး ကိုယ်မရည်ရွယ်ပါဘူး ဒီကိစ္စကိုမဖြစ်ခဲ့ဘူးလို့သဘောထားလိုက်ပါ၊ဒီနေ့ စာအုပ်ကူရှာပေးလို့ကျေးဇူးနော် ၊အကိုသွားနှင့်ပြီ"
ပြောကာထွက်သွားတဲ့အကို့ကြောပြင်ကိုသာFotသတိလက်လွတ်ငေးကြည့်နေမိသည်
မျက်ဝန်းထဲကကျလာတဲ့မျက်ရည်တွေကိုတောင် Fotသတိမထားမိ၊သူသတိထားမိတဲ့အချိန်မှာ ပါးပြင်တစ်ခုလုံးစိုရွှဲနေခဲ့ပြီဖြစ်သည်
အကိုကမေ့လိုက်တဲ့၊ဟင့်အင်းFotမမေ့နိုင်ပါဘူး ဒီအခိုက်တန့်လေးကို အမှတ်တရအနေနဲ့Fotရင်ထဲသိမ်းထားအုန်းမှာ၊အကိုကမေ့နိုင်ပေမယ့် ချစ်နေမိတဲ့ကျွန်တော်ရဲ့ခံစားချက်ကိုကျ တစ်ချက်လေးမှမငဲ့ကွက်ပဲ မေ့ခိုင်းရက်တယ်၊အကိုအရမ်းရက်စက်တာပဲ၊ရပါတယ် အကိုပျော်မယ်ဆို ကျွန်တော် အကို့ကိုမနှောင့်ယှက်တော့ပါဘူး ကျွန်တော်ကအကို့တွက်အရေးမဪါတဲ့ အရှုပ်ထုတ်တစ်ခုပါပဲ
'Ai Fot မင်းဘယ်မှာလဲ'
'ငါပြန်လာပြီ၊စိတ်မပူနဲ့'
Fotကိုယ့်အတွေးနဲ့ကိုယ် တစ်ယောက်ထဲထိုင်ငိုနေမိတာ ဘယ်လောက်ကြာသွားလဲမသိWillaimဆီမှမက်ဆေ့ဝင်လာမှ သတိဝင်ကာပြန်လာခဲ့သည်
…………………………………………………………
"ဟူးးးဒီကောင်ကတော့ လူကိုစိတ်ပူအောင်တအားလုပ်တာပဲ"
"Fot Fotကဘာတဲ့လဲ WiWi"
Willaimညည်းတွားလိုက်တော့ဘေးမှာထိုဂ်နေတဲ့Poonကမေးလာသည်ဒီကောင်ကလေးဆန်ပြီးခင်ဖို့ကောင်းတဲ့သူမို့ သူတို့နဲ့နာရီပိုင်းအတွင်းရင်နှီးလွယ်လာသည်
"ပြန်လာနေပြီတဲ့"
"ဟူးးးမင်းပြောတော့ငါ့မှာစိတ်ပူလို့blကားတောင်မကြည့်နိုင်ဘူး"
Phi Geminiကပြန်လာပြီးFotကပါမလာတော့WillaimကPhiGem Fotကိုတခုခုလုပ်လိုက်တယ်ထင်ပြီးစိတ်ပူနေကြတာဖြစ်သည်
အခုတော့တော်ပါသေးသည်Fotဘေးကင်းတာသိရလို့
"ကဲပါ သူဘေးကင်းတယ်၊မင်းကြည့်ချင်ကြည့်လေ "
"အင်းငါပြန်နှင့်မယ်အာ့ဆို ၊ဒီနေ့မြတ်ဆရာတို့ကားအပိုင်းသစ်ထွက်မှာလေ ငါမြန်မြန်သွားကြည့်အူးမယ်"
"အေးပါ Fotကိုငါစောင့်လိုက်မယ် ၊မင်းပြန်နှင့်ပါ"
"Bye bye friend"
"အင်း"
Poonပြန်သွားပြီးမကြာပါ Fotရောက်လာသည်
"အဆင်ပြေရဲ့လား Ai Fot၊Ohi Gemတစ်ခုခုလုပ်သေးလား"
မျက်နှာမသာမယာနဲ့ရောက်လာတဲ့FotကိုWillaimစိတ်ပူစွာမေးလိုက်သည်
"ငါအဆင်ပြေတယ် ပြန်ကြရအောင်၊ငါနားချင်နေပြီ"
"အင်းအင်း ပြန်ကြမယ်လေ"
သူ့သူငယ်ချင်းမပြောချင်တဲ့အရာကိုသူအတင်းမမေးချင်ပါ၊ေဘးကင်းတာမြင်တာနဲ့ပဲေကျနပ်ပါတယ်၊ထို့ကြောင့် Willaimသူ့ကားနဲ့ပဲFotကိုပြန်လိုက်ပို့ခဲ့လိုက်သည်
…………………………………………………………
Gemini အိပ်ဖို့ကြိုးစားပေမယ့် ဘယ်လိုမှအိပ်မရဖြစ်နေသည်ညကလည်းတဖြေးဖြေးနက်လာပေမယ့် သူအခုထိအိပ်လို့မရသေးချေ၊သူ့မျက်လုံးမှိတ်လိုက်တိုင်း ချာတိတ်နဲ့နမ်းခဲ့တဲ့မြင်ကွင်းပဲ ပေါ်ပေါ်လာသည်
သူဘယ်လိုဖျောက်ရမလဲမသိတဲ့အဆုံး ထိုမြင်ကွင်းကိုထဲမှာသာနစ်မြောနေမိသည်
တကယ်ကသူဘာကြောင့်နမ်းမိသွားလဲသူ့ကိုသူမသိခဲ့၊သူ့ကိုသူယုံလဲမယုံနိုင်ဖြစ်ရသည်၊ သူ့တသက်နဲ့တကိုယ် ယောက်ျားတစ်ယောက်နဲ့နမ်းနိုင်လိမ့်မယ်လို့မတွေးခဲ့မိတာအမှန်ပင်
သူကယောက်ျားလေးကိုကြိုက်တဲ့သူမှမဟုတ်တာ၊မဖြစ်ပါ သူသာဂေးသွားရင် သူ့မိဘတွေကလက်ခံမှာမဟုတ်၊သူ့မိဘတွေက Estရဲ့မိဘတွေလိုမဟုတ် ရှေးရိုးအရမ်းစွဲကြသူတွေဖြစ်သည်သူစိတ်တွေကိုပြန်ခေါ်ဖို့ သူမိန်းကလေးတစ်ယောက်နဲ့တွဲမှဖြစ်မည်
တကယ်ကသူ့ကိုချစ်ခွင့်ပန်ထားတဲ့မိန်းကလေးတစ်ယောက်ရှိသည်၊သူကမချစ်နိုင်ဘူးလို့ငြင်းထားပေမယ့် ပြန်ချစ်မယ့်အချိန်ထိစောင့်မယ်ဟုသူမကပြောထားသည်
အခုသူပြန်ချစ်ဖို့အချိန်ကျပြီဟုGemထင်သည်၊အဲ့လိုမှမဟုတ်ရင် သူ့ဘဝခရီးကသူများတွေလို ဖြောင့်ဖြူးမှာမဟုတ်ပါသူအချိန်ဆွဲမနေပဲ ချက်ခြင်းသူမဆီဖုန်းဆက်လိုက်သည်
'Hello Gem ....အခုချိန်ကြီးမှဆက်တာ ဘာဖြစ်လို့လဲ '
'Pahn ငါတို့တွဲရအောင်'
မနက်1နာရီးကြီးထဆက်တဲ့သူကိုအိပ်ချင်မူးတူးနဲ့ပြန်ဖြေလာတဲ့ Phanတစ်ယောက်Gemစကားကြားမှလန့်သွားရသည်
'ဘုရားရေ နင်ဒီချိန်ကြီးဆက်တာ အဲ့တာပြောဖို့လား'
'လျှာမရှည်နဲ့ တွဲမှာလားမတွဲဘူးလားပဲပြော'
လေကြောရှည်နေတဲ့သူကိုGemစိတ်မရှည်စွာပြောလိုက်သည်
'အေးပါဟယ် နင်ကလည်း စိတ်ကြီးပဲ၊တွဲမှာပေါ့လို့၊နင့်နဲ့တွဲရဖို့ ငါဘယ်လောက်...'
'မနက်မှတွေ့မယ် ဒါပဲ ငါအိပ်ချင်ပြီ'
'ဟယ်'
Pahnရဲ့စကားလေးဟာဖြတ်တောက်ခံလိုက်ရပြီး တဖက်ကဖုန်းချသွားခဲ့သည်
*Gemကတော့လေ၊အဟီး Gemဆီကအဖြေရပြီ၊ရေးးးးး*
Phanတစ်ယောက်အပျော်လွန်ကာအိပ်မရဖြစ်သွားတာကြောင့် လိုင်းဖွင့်ကာGem acc နဲ့သူ့accကို Rsချိတ်လိုက်တော့သည်
ဒါမှGemကသူ့ချစ်သူဆိုတာ တစ်ကျောင်းလုံးသိသွားကြမှာလေ
……………………………………………………………
"Fotသီတင်းတွေ့ပြီးပြီလား"
"အင်း၊ဒီလောက်လိုင်းပေါ်မှာနာမည်ကြီးနေတာပဲ"
Willaim အမေးကိုFotနာကျင်စွာပြန်ဖြေလိုက်သည်
"ငါတောင်းပန်ပါတယ်နော်၊ငါမင်းကို အစကတည်းက သူနဲ့မိတ်ဆက်မပေးခဲ့သင့်ဘူး"
"မဟုတ်တာ သူနဲ့သိခဲ့ရတဲ့အမှတ်တရလေးတွေက ငါ့ရင်ထဲမှာတစ်သက်လုံးသိမ်းထားချင်တဲ့ မန်မိုရီလေးပါ၊မင်းကိုကျေးဇူးတောင်တင်ပါတယ်၊သူနဲ့ခနတာလေး ရင်းနှီးခွင့်ရခဲ့လို့လေ"
"အိုးးးးမင်းရဲ့ဇာတ်လမ်းက Theory of loveကြည့်ရတာထက်တောင် ငိုချင်စရာကောင်းနေပြီနော် FotFot"
Willaimနဲ့Fotပြောနေတာကိုနားထောင်ပြီးPoonတစ်ယောက်ဘေးကနေထအော်လိုက်တာကြောင့် Fotဆီမှမျက်စောင်းထိုးခံလိုက်ရသည်
"မင်းကတမှောင့်"
"အောင်းဝ် FotFotနော်၊ငါကအကောင်းပြောတာ မင်းလိုချစ်စရာကောင်းတဲ့ဂတုံးလေးက၊လင်ကောင်းသားကောင်းရမှာ ငါ့ကိုယုံ ငါရှာပေးမယ်"
"ဂတုံးလို့မခေါ်နဲ့လို့"
"အေးပါမေ့လို့ ဟီးးး"
Fotစကားကြောင့်Poonမြန်မြန်သွားဖြီးကာပြောလိုက်သည်
"မင်းလင်ရှာပေးဖို့တွေးမနေနဲ့Ai Poon၊Fotကအခုလိုထပ်အသဲကွဲလို့မဖြစ်တော့ဘူး၊ကောင်မလေးပဲရှာပေးတော့မယ့်၊Fotငါ့ကိုယုံ မင်းချစ်စရာကောင်မလေးရစေရမယ်"
"အောင်းဝ် အခုတစ်ယောက်က အဖြောင့်မို့လို့FotFotအသဲကွဲရတာမလား၊စိတ်ချ ကွေးပြီးသားလူရှာပေးမယ်ငါက၊အမ်းးးးcoolheartဆိုရင်ရော သူကကမ်းအောက်လုပ်ထားတဲ့သူပဲ၊မင်းကြိုက်လား"
"သူ့မှာလင်ကြီးနဲ့လေ Ai Poon၊ထပ်ပြီးFotကသူများလင်ဆီကအထိုးခံနေရမှ"
"အာ အာ့ဆို Gmm tvက Aung Paoရော၊အဟီးbl မင်းသားရဲ့ချစ်သူဖြစ်ရရင်မဆိုးဘူးနော်FotFot"
"သူ့တွဲဖက် Phi Neoကသူ့ကောင်မလေးနဲ့ပျက်သွားပြီကွ၊ပြန်လာနိုင်ခြေရှိတာမသိဘူးလား၊မင်းကွာ Ai Poon bl fanရောဟုတ်ရဲ့လား၊သိတာကိုမရှိဘူး"
"ငါ ငါသတိမထားမိလို့ပါနော် ၊ဒါဆို Chimonရော သူကတစ်ယောက်ထဲနော် တွဲဖက်မရှိသေးဘူး၊ဘယ်လိုလဲ၊ဟူးးးပြောရင်းနဲ့တောင် PerthChimonကိုပြန်လွမ်းလာပြီ၊ဒါမယ့် မင်းနဲ့ဆို ငါသားလေးChimonကိုသဘောတူပါ့မယ်"
"မင်းသဘောတူတူမတူတူFotကယူမှာမဟုတ်ဘူး၊သူကကောင်မလေးပဲထားတော့မှကွ"
"မင်းတို့တော်ကြပါတော့၊ ငါ့အတွက်ဦးနှောက်ခြောက်ခံပြီးစဉ်းစားမနေကြနဲ့၊ငါတစ်ယောက်ထဲဘဲနေတော့မယ်လို့ ဆုံးဖြတ်ထားတယ်"
သူ့တွက်ရှာပေးရင်းငြင်းနေကြတဲ့Willaimနဲ့PoonကိုFotကြားဝင်ပြောရတော့သည် မဟုတ်ရင်သူ့မှာPoonလုပ်တာနဲ့GMMတစ်ရုံးလုံးနဲ့ညားကိန်းမြင်နေရသည်လေ
Poonဆိုတဲ့ကောင်ကိုလဲတော်တော်လက်လန်ပါသည်၊Fotမှာအသည်းကွဲနေတာတောင်ဘယ်ရောက်သွားမှန်းမသိတော့ပါ
"ငါတို့ကန်တင်းထမင်းသွားစားကြစို့၊ဗိုက်ဆာနေပြီ"
ဆရာတွေအစည်းဝေးရှိလို့စာမသင်တာနဲ့ သုံးယောက်သားလေထိုင်ပေါနေကြရင်းဗိုက်ဆာလာတာကြောင့်Fotပြောကာဦးဆောင်ထွက်လာခဲ့တော့သည်
……………………………………………………………
ကြာတာလေးတွေသည်းခံပါအူးးနော်ခ မအားတဲ့ကြားကအပ်ရလို့ပါနော်🥺
Vote ၊commentပေးသွားကြနော်ခ😍
…………………………………………………………
"Bye bye friend"
…………………………………………………………
……………………………………………………………
……………………………………………………………
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




