5💔
09:57, 20 June 2025"Ai Wi မနေ့က ငါ အကိုနဲ့တွေ့ခဲ့တယ်"
Fotတို့အချိန်ကျဆရာထွက်သွားတာနဲ့ ဘေးကသူငယ်ချင်းWillaimကိုစကားစလိုက်သည်
"ဟုတ်လား မင်းစာအေးဆေးလုပ်ချင်တယ်ဆိုလို့ ငါမခေါ်တော့တာမနေ့က၊ဒါနဲ့ဘယ်လိုတွေ့တာလဲ"
Willaimအမေးကြောင့်Fotမနေ့ကအကိုနဲ့ဖြစ်ပျက်ခဲ့သမျှအကုန်ပြောပြလိုက်သည်
"ဟူးးး ဘာမှအားမငယ်နဲ့သူငယ်ချင်း၊ရေခဲတုံးတောင်အပူပေးရင်ပျော်သေးတာ၊အကိုကအဲ့လောက်မအေးပါဘူး၊မင်းသာဇွဲရှိရှိလိုက်၊မင်းဘက်မှာငါရှိတယ်နော်"
Fotပြောပြတာတွေနားထောင်ကာစိတ်မကောင်းဖြစ်သွားတဲ့Willaim က အားပေးစကားပြောလာသည်Fotတွက်တကယ်ကောင်းတဲ့သူငယ်ချင်းလေးကိုFotအရမ်းချစ်သည်
"ကျေးဇူးသူငယ်ချင်း ဒါပေမယ့် ငါ ငါ့ကိုမချစ်ပါဘူးဆိုတဲ့အကို့ကိုအတင်းကပ်တွယ်နေရင် အကိုစိတ်ဆင်းရဲမှာလဲ ဆိုးတယ်"
Fotအကို့ဘက်ကငြိုငြင်မှာလဲဆိုးတာကြောင့်ပြောလိုက်သည်
"မင်းကလဲကွာ၊အေးပါ မင်းသဘော မင်းဘာပဲလုပ်လုပ်၊ မှတ်ထားနော် ငါကအမြဲမင်းဘက်ကပဲ"
"ကျေးဇူးပါ ချစ်တယ်နော်သူငယ်ချင်း"
"ဟားးဟားးးအေးပါ ငါလဲချစ်တယ်"
Willaim Fotကိုဖက်ကာနှစ်သိမ့်ပေးလိုက်သည် ဒီသူငယ်ချင်းလေးတွက် သူအစွမ်းကုန်ကူညီပေးမည်ဟုလဲတွေးထားလိုက်သည်
___________________________________
"လာ သူငယ်ချင်း ငါတို့ကန်တင်းသွားမယ် ငါဝယ်ကျွေးပါ့မယ်ကွ"
အတန်းချိန်ပြီးတာနဲ့WillaimကFotကိုပြောလာသည်
"တကယ်နော်"
ခုလိုဂွင်မျိုးကို လက်လွတ်ခံစရာလားFotကလိုက်ပြီးသားပဲ
"အေးပါကွ"
ထို့နောက်နှစ်ယောက်သားကန်တင်းဘက်ထွက်လာခဲ့ကြသည်
"အာ့ "
ကန်တင်းသွားရာလမ်းကွေ့တနေရာတွင် Fotလူတစ်ယောက်နဲ့တိုက်မိသွားသည်
"ရရဲ့လားဗျ တောင်းပန်ပါတယ်နော်"
"ဟုတ် ရပါတယ် ဒါပေမယ့်နောက်တော့ဆင်ခြင်ပေါ့"
တဖက်ကတောင်းပန်လာတာမို့Fotရကြောင်းပြောကာ သတိပါပေးလိုက်သည်
"ဟုတ် ဟို ကျွန်တော်က Poonပါ၊ဒီကဂတုံးလေးကရော"
"ဘာဗျ"
"ဟို ကျွန်တော်ကWillaimပါ၊သူကFotတဲ့သူ့ကိုဂတုံးလို့ခေါ်ရင် သူကမကြိုက်ဘူဗျ ၊"
စိတ်တိုသွားတဲ့ သူ့သူငယ်ချင်းကြောင့်Willaimကပဲကြားဝင်မိတ်ဆက်လိုက်ရသည်
"အာ စိတ်မရှိပါနဲ့ ကျွန်တော်ကဘာရယ်မဟုတ်ဘူး ရင်းရင်းနှီးနှီးခေါ်လိုက်တာပါ၊တောင်းပန်ပါတယ်နော် Fot"
"ရပါတယ် မလိုပါဘူး"
"ကျွန်တော်တို့ ကန်တင်းထမင်းစားသွားမလို့လေ၊Poonရော လိုက်ချင်လား"
Willaimသူငယ်ချင်းအသစ်လေးကိုပါခေါ်လိုက်တော့ Fotကမျက်စောင်းထိုးလာသည်
"ဟုတ် လိုက်ခဲ့မယ်လေ"
ထို့နောက် သုံးယောက်သားအတူတူထွက်လာခဲ့ကြသည်
"မင်းသဘောမကျဘူးလား သူ့ကို"
Willaimတစ်ယောက်Fotနားနားကပ်ကာ တိုးတိုးမေးလိုက်တော့ Fotကတိုးတိုးပြန်ပြောလာသည်
"ဂတုံးလို့ခေါ်ထားတာမကျေနပ်ဘူး"
"မင်းကလည်းသူတောင်းပန်ပြီးပြီကို"
"အေးပါ ငါကျေအေးလိုက်ပါမယ်"
နှစ်ယောက်သားတိုးတိုး တိုးတိုးပြောနေတဲ့Willaimနဲ့Fotကို Poonအသဲယားစွာကြည့်လိုက်မိသည်
*အဟိ လိုက်ဖက်လိုက်ကြတာ Perfectပဲ shipပြီကွ*
Poonတစ်ယောက်စိတ်ထဲကနေထိုနှစ်ယောက်ကိုပေးစားနေမိသည်
ဟုတ်ပါတယ် Poonက Fudanshiတစ်ယောက်ကောင်လေးနှစ်ယောက် ပူးကပ်နေတာမြင်ရင်စိတ်ကအလိုလို ရှစ်ပြီပဲ ဟိုနှစ်ယောက်ကသူ့အတင်းပြောနေတာမသိဘဲရှစ်နေတဲ့Poonကတော့ ပြုံးဖြီးနေတာပဲ
"ဘာစားမှာလဲ Poonငါဝယ်ကျွေးမယ် သူငယ်ချင်းဖြစ်တဲ့အထိမ်းမှတ်နဲ့ပေါ့"
Willaimကစကားစပြောမှ ကန်တင်းရောက်ပြီဆိုတာသတိဝင်တော့တဲ့PoonကိုFotကလဲ မျက်မှောင်ကုပ်ကာကြည့်နေတာကြောင့် သွားအမြန်ဖြဲပြကာ ပြောလိုက်ရသည်
"ကျေးဇူးသူငယ်ချင်း ဘာဖြစ်ဖြစ်ရတယ်၊ငါကအကုန်စားတယ်"
"ဟေးးးWi ကိုကို့ကို ဒီနေ့လာမတွေ့တာလဲမပြောဘူး ကိုကိုကမျှော်နေတာကို"
သူတို့ စားနေချိန် အနားရောက်လာကာပြောလာတဲ့ Estကြောင့် Willaimပြုံးလိုက်ကာ ရင်ခွင်ထဲဆွဲသွင်းလိုက်သည်
"ကျွန်တော် စာပို့ထားတာ ကိုကိုမတွေ့ဘူးလား"
"ဟင့်အင်းမကြည့်ရသေးဘူး"
"ကြည့်ကိုကိုကတော့၊ အော် Phi Geminiရောပါတာလား"
"ကိုကိုခေါ်လာတာလေ"
Willaim Estကိုအသည်းစွာပြောပြီးနောက်ကGemini ကိုမြင်တာကြောင့်မေးလိုက်တော့ Estကပြန်ပြောလာခဲ့သည်
"ဘာစားနေတာလဲ ချာတိတ်"
"အာ ထမင်းကြော်ပါဗျ"
Geminiတစ်ယောက် သူကိုမြင်ပြီးကတည်းက ခေါင်းကိုဖော်မလာတော့ပဲ ထမင်းသာငုံ့စားနေသူကြောင့်မေးလိုက်တော့ ပြန်ဖြေလာသူလေးကသူ့ကိုမော့မကြည့်သေး
"စားပြီးရင် အကိုနဲ့တနေရာလိုက်ခဲ့မလား"
"ဘယ်လဲဗျ"
"လိုက်ခဲ့ရင်သိမယ်"
"ဟုတ်"
Poonသူရှေ့ကဖြစ်ပျက်နေတာတွေတစ်ခုမှနားမလည်ပါ၊သူတွဲပေးထားတဲ့Shipလေးကရော အခုကသူ့ကိုရှိတယ်လို့တောင်ထင်ကြသလားမသိပါ၊ထို့ကြောင့် အလကားရတဲ့ထမင်းကြော်သာ အားရပါးရစားနေလိုက်သည်
____________________________________
"အကို ကျွန်တော့်ကို ဘယ်ခေါ်လာတာလဲဗျ"
Fotတစ်ယောက်ရှေ့မှသွားနေတဲ့Geminiကိုမေးလိုက်သည်
"ချာတိတ်က လေတအားပေါတာပဲ"
"ဟွန့်"
Fotအပြောခံလိုက်ရ၍စိတ်ထဲအလိုမကျဖြစ်သွားရသည်
"စာကြည့်စရာတွေရှိတယ်ဆို နားမလည်တာရှိကိုယ့်ကိုမေးလို့ရတယ်သိလား"
"ဗျာ"
"ဟားးးနားမလည်ဘူးလား"
အကို့ဆီကစကားကြောင့်Fotအံ့ဩကာပြန်မေးမိတော့ အကိုကစိတ်မရှည်သလိုပြောလာပြန်သည်
"ရပါတယ် ကျွန်တော်လိုက်နိုင်ပါတယ်"
"အင်းးအကို့ကိုတစ်ခုေလာက်ဝိုင်းကူပေးမလား"
Fotတို့အခုရောက်နေတာစာကြည့်တိုက်ဖြစ်ပြီးအကိုကသူ့ကိုကူရန်ပြောလာသည်ဒါဆိုအကိုသူ့ကိုခေါ်လာတာက အကူညီတောင်းမလို့ပေါ့လေ
"ဘာများလဲဗျ"
"ဒီမှာတွေ့လား ဒီစာအုပ်နဲ့ပုံစံတူတဲ့ စာအုပ်ကိုထပ်ရှာရမှာ အကို့ကိုဝိုင်းရှာပေးအူး"
"ဟုတ် အကို"
ပြောပြီးတာနဲ့Fotတစ်ယောက် အကို့ပြတဲ့စာအုပ်နဲ့ပုံစံတူကိုလိုက်ရှာတော့သည်
အကို့ကလည်းတဖက်ကနေရှာနေသည်
Fotစာအုပ်ရှာနေရင်းအကို့ကိုခိုးခိုးကြည့်မိသည်
အကိုကဘယ်လိုနေနေအရမ်းကြည့်ကောင်းသည်ထင်းနေတဲ့မေးရိုးနဲ့ကုပ်ထားတဲ့မျက်မှောင်တချို့ကဆွဲဆောင်လွန်းအားကြီးသည်
တလေတခါ ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့အကိုကနေတတ်သေးသည်
Fotသတိလက်လွတ်ငေးကြည့်နေမိတာ အကိုကလည်းသူ့ကိုပြန်ကြည့်နေတာသတိမထားမိလိုက်
"စာအုပ်ကိုရှာခိုင်းတာ၊အကို့ကိုပဲကြည့်နေရင်စာအုပ်က တွေ့မှာမဟုတ်တော့ဘူးနော် ချာတိတ်"
အကို့ပြောသံကြားမှသတိဝင်လာတဲ့Fotရှက်သွားရကာ ပြာပြာသလဲမျက်နှာလွှဲလိုက်ရသည်
"အကို့ကိုမကြည့်ပါဘူးနော်"
ပြောင်လိမ်နေတဲ့ ချာတိတ်လေးကိုပြန်ပြောမနေတော့ဘဲ Gemပြုံးကာသာနေလိုက်သည်
အချိန်အတော်တန်ကြာသော်
"တွေ့ပြီ အကို ဒီမှာပဲ"
Fotကစာအုပ်တွေ့ကြောင်း Gemကိုလှမ်းအော်ပြောကာ စဉ်အမြင့်ပေါ်ကစာအုပ်ကိုမမှီမကမ်းလှမ်းယူနေသည်
Fotအရမ်းကြိုက်တဲ့ အကို့ရဲ့ကိုယ်သင်းနံ့နဲ့အတူ သူ့ကြောပြင်မှ ရင်အုပ်ကျယ်ကျယ်ရဲ့အထိတွေ့၊သူ့လက်တွေနဲ့မမှီတဲ့ စာအုပ်လေးက တခြားသူလက်ထဲပါသွားရသည်
Fotလှည့်မကြည့်လဲ အကိုဆိုတာ သိနေပါသည် သို့သော် Fotနောက်ကို လှည့်ကြည့်မိတော့ သူ့ကိုပြန်ကြည့်နေတဲ့အကိုနဲ့အကြည့်ချင်းဆုံသွားသည်
Geminiတစ်ယောက် Fotရဲ့မျက်နှာကို အနီးကပ်ကြည့်မိသည်
ဝက်ခြံလေးအနည်းငယ်ရှိတာကလွဲရင်ဖွေးဥနေတဲ့အသားရေနဲ့ ပါးပေါ်ကမှဲ့နက်ကလေး၊နှာတံဘေးမှာပါမှဲ့ကလေးပါသေးသည်အရာရာက အရမ်းကိုကြည့်ကောင်းလွန်းသည်
အထူးသဖြင့် နှုတ်ခမ်းဖူးဖူးလေးကိုအကြည့်မလွဲနိုင်ဖြစ်ရသည်
ဘာလို့ယောက်ျားလေးတစ်ယောက်ကဒီလောက်လှရသလဲဟုGemတွေးနေမိသည်
ထို့နောက် ထိန်းသိမ်းမရတဲ့စိတ်တွေကိုလွှတ်ထုတ်ကာ မလုပ်သင့်တဲ့အပြုမူကို Gemလုပ်လိုက်မိသည်ထိုအရာက သူ့ကိုရင်ခုန်လာစေသည်မလုပ်သင့်ဘူးဆိုရင်တောင် ထိုနှုတ်ခမ်းလေးတွေရဲ့အရသာကိုGemစွဲလမ်းမိသွားခဲ့သည်
___________________________________
ဖတ်ရတာပေါ့နေကြလားဟင်
Vote commentပေးကြပါအူးခ
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




