Fanfics

4💔

08:42, 17 June 2025

"Gem ...ပြန်တွဲရအောင်နော်ရှင့်.....Primမှားခဲ့တာတွေတွက်တောင်းပန်ပါတယ်နော်၊ခွင့်လွှတ်ပေးနိုင်မလားရှင့် နော်ရှင့် နော် နော် ....."

"ချီးးးရားးးးး"

Fotစာအေးဆေးလုပ်ချင်လို့ အကိုတို့ကျောင်းဘက်က သစ်ပင်ကြီးအောက်မှာတစ်ယောက်ထဲစာလုပ်နေတာဖြစ်သည်

သစ်ပင်ရဲ့အနောက်ဘက်က အတွဲတစ်တွဲရောက်နေတာမသိလိုက်ကောင်မလေးကချော့နေရပုံပါပဲဟုတောင် Fotတွေးနေလိုက်သေးသည် Gemဆိုတဲ့နာမည်မကြားခင်ထိပေါ့

ထိုနာမည်ကြားတာနဲ့ နှုတ်ကဆဲမိသွားသည်တိုးတိုးပေါ့ အကျယ်ကြီးမဆဲရဲပါဘူးFotကိုပြဿနာရှာမှာကြောက်ပါတယ်

Fotလဲ အကိုဘက်ကဘာပြန်ပြောမလဲတိတ်တိတ်လေးနားထောင်နေမိသည်ကျေးဇူးပြုပြီးအကိုငြင်းလိုက်လို့ရမလားဗျာစိတ်ထဲကဆုတောင်းနေမိသော်လည်း သူ့လိုကံဆိုးတဲ့သူရဲ့ဆုတောင်းကပြည့်နိုင်ပါ့မလားFotသေချာမသိပါ

"ကိုယ်........"

Geminiရဲ့အသံကြားချိန်Fotရင်တွေတလှပ်လှပ်နဲ့စောင့်စားနေမိသည်အကိုလက်ခံလိုက်မှာများလား

"မင်းကို မချစ်တော့ဘူး၊ပြီးတော့ ထွေးပြီးသားပီကေကိုပြန်မဝါးတတ်ဘူး"

GemစကားကြားမှFotရင်ဘတ်ထဲကအလုံးကြီးကျသွားတော့သည်တော်ပါသေးတယ် တစ်ကိုယ်ကောင်းဆန်သလိုဖြစ်သွားပေမယ့် Fotကတော့တကယ်ပျော်သွားသည်

ဒါနဲ့တဖက်ကဘာပြန်ပြောသေးလဲမသိလို့ဆက်နားထောင်နေမိသည်

"အဟင့် အီးးးGemရက်စက်တယ်၊မိန်းကလေးဘက်ကပြန်တွဲဖို့ပြောတာကိုငြင်းရက်တယ်"

"တွဲဖို့ပြောတဲ့သူတိုင်းကိုလက်ခံနေရအောင် ငါကအပေါစားယောက်ျားမဟုတ်ဘူး ရှင်းလား"

"Gemတကယ်ချစ်တဲ့သူတွေ့တဲ့ခါ Primဝဠ်တွေမလည်ပါစေနဲ့နော်"

"အဟက် "

ပြောကာPrimကထွက်သွား‌ေတာ့သည်Fotချောင်းကြည့်နေရင်း ဘယ်လိုမှမနေနိုင်စွာ နှာချေမိသွားသည်

"ဟက် ဟက်ချီး"

*အွေးးးသွားပြီ*

"ဘယ်သူလဲ"

Fotအသံကြားသွားတဲ့Geminiကသစ်ပင်နောက်ကိုသွားကြည့်လိုက်တဲ့ခါတွေ့လိုက်ရသူကြောင့် စိတ်ရှုပ်သွားမိသည်

*ကျစ် ရုပ်ဆိုးလေးက ဘာလို့ငါ့နောက်အမြဲလိုက်နေတာလဲကွာ *

"မင်းကဘာလုပ်ပြန်တာလဲ ဒီမှာ၊ငါ့ကို့အဲ့လောက်ကြိုက်တာလားဟမ်၊ငါ့ရဲ့ကိုယ်ရေးကိုယ်တာ အထိပါ အကုန်လိုက်ချောင်းနေတာတော့ ငါလက်မခံနိုင်ဘူးနော်ချာတိတ်"

"အကိုဘာတွေပြောနေတာလဲဗျ"

Gemကရုတ်တရက်အတင်းဆူငေါက်နေတာကြောင့်Fotကြောက်လဲကြောက် နားလဲမလည်နိုင်ဖြစ်မိသည်

"မင်းကဗြောင်လိမ်ချင်တာပဲ ၊ငါ့ကိုလိုက်ချောင်းနေတာငါမသိဘူးထင်နေတာလား၊မင်းငါ့ကိုကြိုက်နေတာငါမသိဘူးမထင်နဲ့နော်၊ပြီးတော့ငါက မင်းလိုရုပ်ဆိုးတဲ့သူကိုမကြိုက်ဘူး၊ငါကမိန်းကလေးတွေပဲကြိုက်တာ"

"ဟက် အကိုပြောလို့ပြီးပြီလား၊ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါအုံးဗျ"

အကိုရဲ့စကားတွေကနာကျင်ရသည်၊အရမ်းကိုနာကျင်ရပါသည်၊Fotဘာအမှားမှမလုပ်ပဲစွပ်စွဲတာရော၊Fotဖွင့်တောင်မပြောရဲသေးပေမယ့် ငြင်းခံရတာရောရင်ဘက်ထဲကနာလွန်းလို့ Fotအကို့ကိုစိတ်ဆိုးပါသည်

"နေအုံး မင်း"

Fotစာအုပ်တွေသိမ်းပြီးထွက်သွားဖို့အလုပ် လက်ကိုဆွဲလာတဲ့အကိုကြောင့်

"လွှတ်ပါ အကို ကျွန်တော်လိုရုပ်ဆိုးကောင်ရဲ့လက်ကိုထိရင် အကို့ရဲ့ ဖြူစင်သန့်ရှင့်တဲ့လက်ချောင်းလေးတွေ ညစ်ပေသွားပါ့မယ်ဗျ"

"မင်းဘာလို့မျက်ရည်ကျနေတာလဲ၊ငါဒီလိုပြောတာ ငိုစရာလား၊မင်းယောက်ျားမဟုတ်ဘူးလား"

"ကျွန်တော့်ကိုသွားခွင့်ပြုပါဗျ"

"နေအုံး"

*Fotရင်တွေအရမ်းနာလို့ လွပ်လွပ်လပ်လပ်ငိုချင်နေတယ် လွှတ်ပါအကိုရယ်၊ Fotအရမ်းမွန်းကြပ်နေလို့ပါ *

"စာလုပ်နေတာလား ဒီနေရာမှာ"

အကို့အမေးကိုFotခေါင်းသာငြိမ့်ပြလိုက်တော့သည်

"ဒါနဲ့ မင်းဘာလို့ငိုနေတာလဲ"

"အကို ကိုယ်ချစ်တဲ့သူကကိုယ့်ကိုငြင်းတာကို ကျွန်တော်ပျော်နေရမှာလားဗျ၊ပြီးတော့ သူ့ဆီကအနှိမ်ခံရတယ်၊စွပ်စွဲခံရတယ်၊အကိုပြော ယောက်ျားတွေက ငိုခွင့်မရှိဘူးလား"

FotစကားတွေကGemကိုပိုးစိုးပက်စက်နောင်တရစေသည်Gemမသိဘဲနဲ့ရမ်းပြောလိုက်မိတာမှားသွားသည်

အဲ့ကောင်လေးပေါ် နှိမ်ချင်တာမျိုးတွေ တကယ်မရှိခဲ့ပါ၊Gemက သူ့ကိုယ်ရေးကိုယ်တာထိ လိုက်နှောင့်ယှက်တယ်ထင်မိပြီး ဒေါသထွက်သွားတာဖြစ်သည်အခုတော့ သူ့ကြောင့်ထိုကလေးဝမ်းနည်းသွားရသည်လေ

"ကိုယ် တောင်းပန်ပါတယ် ချာတိတ် ၊ကိုယ်ပြောတာလွန်သွားတယ်"

"ရပါတယ် အကိုပြောသလိုလဲမှန်တာပဲလေ၊ကျွန်တော်စိတ်မဆိုးပါဘူး"

"မင်ပြန်တော့မယ်ဆို ကိုယ်လိုက်ပို့မယ်နော်"

"ကျေးဇူးပါဗျ"

Gemနဲ့Fotတို့အတူတူလမ်းလျှောက်ကာFotတို့ကျောင်းဘက်ထွက်လာခဲ့ကြသည်

အတွေးကိုယ်စီနဲ့တစ်ယောက်မှ စကားမစဖြစ်ကြတော့ လေထုကတိတ်ဆိတ်နေသည်

Fotစိတ်ထဲမှာမတင်မကျဖြစ်နေသည်၊အကိုက သူချစ်နေတာသိပေမယ့် ခုနကပြောခဲ့တဲ့စကားတွေကလွဲသူ့ကို ရှောင်ဖယ်သွားတာမျိုး၊ရွံတာမျိုးမရှိပေ

*လုပ်ကွာ*

Fotစိတ်ထဲကိုယ့်ကိုကိုယ် အားပေးကာ အကို့ကိုမေးလိုက်သည်

"အကို ဟို....."

"အင်း ဘာလဲ ချာတိတ်"

Fotခေါ်လိုက်တော့ Fotနဲ့အတူခြေလှမ်းတွေကိုရပ်လိုက်တဲ့အကိုက ပြန်ပြောလာခဲ့သည်

"အကို ကျွန်တော့်ကို မရွံဘူးလား"

"ဘာဖြစ်လို့"

"ဟို အကိုက ယောက်ျားတွေစိတ်မဝင်စားဘူးမဟုတ်လား၊ကျွန်တော်က အကို့ကိုချစ်နေတာသိတော့ ရွံနေမှာပေါ့"

"ချာတိတ် မင်းမသိဘူးလားကိုယ့်သူငယ်ချင်းEstကလဲ ကောင်လေးနဲ့တွဲနေတာလေ၊ကိုယ်က အဲ့လိုအတွဲတွေကို ရွံမုန်းနေတာမျိူမရှိပါဘူး၊ဒီတိုင်းကိုယ်တိုင်လိုက်မလုပ်ချင်ရုံပဲ"

"ဟုတ်အကို အာ့ဆို အကိုကျွန်တော့်ကိုဆက်ခင်ချင်သေးရဲ့လား၊အကို့တွက်စိတ်ရှုပ်စရာဖြစ်နေရင် ကျွန်တော်ဝေးဝေးနေပါ့မယ်"

"မဖြစ်ပါဘူး ၊ဒါပေမယ့် မင်းသဘောပါ"

အကိုကထိုသို့ပြောကာ ရှေ့မှထွက်သွားတော့သည်

*ဘာလဲဟ သဘောပါဆိုတာက ဝေးဝေးနေချင်နေဆိုတဲ့သဘောပေါ့၊ဟွန့် ဒါပေမယ့် မရှုပ်ဘူးလို့လဲပြောတာပဲ၊ဆိုလိုတာက ခင်လို့ရသေးတယ့်သဘောပေါ့ ဟီးးး*

"အခုထိမလာသေးဘူးလား ချာတိတ်"

"အာ လာပြီဗျ"

Fotတစ်ယောက်ထဲရပ်ကာ တွေးနေခိုက်အကိုကလှမ်းခေါ်တာကြောင့် အကို့ဆီအမြန်လေးပြေးသွားလိုက်တော့သည်

________________________________

At WilliamEst's home

"ကိုကို့"

"‌ဗျာ့...."

"ချစ်လားဗျ"

"ချစ်တာပေါ့"

"အဟီးးးကျွန်တော်လဲချစ်တယ်"

"Wiနော် အရမ်းကိုကဲတာပဲ"

Estသူ့ရင်ခွင်ထဲဝင်ပြီးချွဲနေတဲ့Wiကိုပြောလိုက်တော့ လည်ပင်းကိုနမ်းရှိုက်လာသူက

"ကိုကို့ကိုချစ်လို့လေဗျာ၊ဒါနဲ့ကိုကို Phi Geminiက Ai Fotကိုကြိုက်မယ်ထင်လား"

"အင်းးးးလွယ်မယ်တော့မထင်ဘူး၊ဒါပေမယ့် Ai Gemကစိတ်ထားတကယ်ကောင်းပါတယ်၊ယောက်ျားတွေကိုမကြိုက်တာပဲရှိတာ"

"ဟူးးးကျွန်တော်တို့ Fotကို ကူညီကြရအောင်နော် Phi Geminiပြန်ကြိုက်လာအောင်လေ"

"Ok ကိုယ်တို့ကြိုးစားတာပေါ့"

"ဟုတ်  ကိုကို ဟို......"

Willaimကပြောရင်းနဲ့ သူ့နဲ့အကြည့်ချင်းဆုံကာ သူ့တင်ပါးကိုညစ်လာတော့ Estပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်သူဒီကလေးလေးကိုချစ်တာ အရာရာပေးဆပ်ဖို့တွက်ပဲမို့ ကလေးလေးပျော်ဖို့ သူအကုန်အလိုလိုက်မည်

"ချစ်တယ် ကိုကို ကိုကိုကကျွန်တော့်အပိုင်ပဲ"

"အင်းးးကိုယ်ကကလေးလေးအပိုင်"

ထိုညလေးဟာ သူတို့တွက် လှပတဲ့အပြာရောင်ညလေးဖြစ်ခဲ့သည်

__________________________________

"ဟို ဝိုင်လာပို့တာပါဗျ"

Phuwinသူဆင်းနေကြ ဘားမှာ အချနိပိုင်းဝင်လုပ်နေတာဖြစ်သည်အခုလဲ VIPခန်းကို ဝိုင်ပို့ခိုင်းတာကြောင့် လာပို့ခြင်းဖြစ်သည်

'ချလောက်'

တံခါးဖွင့်သံနဲ့အတူ အခန်းထဲက အပေါ်ပိုင်းဗလာနဲ့အမျိုးသားတစ်ဦးထွက်လာသည်အောက်ပိုင်းတော့ တဘက်ပက်ထားလို့တော်သေးသည်

"ဝင်ခဲ့"

ပြောကာထိုလူကပြန်ဝင်သွားတော့ Phuwinလဲလိုက်ဝင်ကာ တံခါးပြန်ပိတ်ခဲ့လိုက်သည်

" ခွန် ကျွန်‌တော် ဒီ‌စားပွဲပေါ်တင်ထားခဲ့ပါပြီဗျ"

"အာ့ဘယ်လဲ"

Phuwinဝိုင်ပုလင်းထားကာ ပြန်ထွက်ဖို့အလုပ် ထိုလူကမေးလာတာကြောင့်  ကြောင်သွားရသည်

"ကျွန်တော် သောက်စရာလာပို့တာမို့ အခုပို့ပြီးတာမို့သွားတော့မလို့ပါဗျ"

"ဟူးးးးကျွန်တော်နဲ့အဖော်နေပေးပါအူး"

"ဗျာ မရဘူးဗျ ကျွန်တော် တခြားလုပ်စရာတွေရှိသေးလို့ပါ"

"ခင်ဗျားလိုချင်သလောက်ပြောလိုက်၊အဖော်နေပေး‌ရုံပဲ ဘာမှမလုပ်ဘူး ဘယ်လိုလဲ"

"မင်း"

Phuwinသူ့ကို‌ေငွစကား‌ေပြာလာသူ‌ေကြာင့်ဒေါသထွက်သွားပေမယ့် ပြန်ထိန်းလိုက်ရသည်သူ့ရှေ့ကလူကသူ့ထက်ငယ်ပုံပေါက်ပေမယ့် ရင့်ကျက်ပုံတော့ရသည် ပြီးတော့Phuwinငွေလိုတယ်၊ဒီလတွက်ကျောင်းစရိတ်ကို ဆရာမကလဲတောင်းလှပြီသူတောင်းပန်ထားရပြီးလကုန်ပေးပါမယ် ကတိပေးထားသည် အမေတို့ဆီလဲမတောင်းရက်ဘူးဆိုတော့

*ဟူးးးး အဖော်နေပေးယုံပါပဲလေ*

"ကောင်းပြီ "

Phuwinပြောကာ ထိုလူပေးတဲ့စာရွက်ထဲ ဂဏာန်းတချို့ရေးလိုက်သည်

'5000ဘတ််'

"အဟက် ဒီလောက်လေးပဲလား"

ငွေပမာဏနဲ့နေတာကြောင့် ထိုလူကရယ်ကာ‌ေပြာလာသည်Phuwinလဲ သူလိုတာထက်ပိုမတောင်းချင်တာကြောင့်လိုသလောက်သာချရေးပေးလိုက်တာဖြစ်သည်

"Ok ထိုင်ပါအူး ခွန် ကျွန်တော်ကPondပါ ပထမနှစ်က"

*အိုးးးအိမ်ကအငယ်လေးနဲ့ရွယ်တူပဲပေါ့ ငါ့ထက်ငယ်တာပဲ*

"ကျွန်တော်က Phuwinပါ ဒုတိယနှစ်"

"ကျွန်တော့်ထက်ကြီးတာပဲ ကောလို့ခေါ်မယ်နော်"

"ဗျာ"

"အော် ကျွန်တော်ကတရုတ်လူမျိုးစပ်လေ အာ့ကြောင့်ပါ"

"ရပါတယ်အဆင်ပြေသလိုခေါ်ပါဗျ"

"ဟုတ် ကော ကျွန်တော့နဲ့အတူသောက်ပါ"

သူ့တွက်ဝိုင်ငှဲ့ပေးကာပြောလာတဲ့ကောင်လေးကိုPhuwinကြည့်လိုက်သည်

*ချောတာတော့တကယ်ချောတာပဲ၊ဆံပင်နဲနဲရှည်တာလဲ သူနဲ့လိုက်တယ်၊အရပ်အမောင်း ခန္ဓာကိုယ်လဲမိမိုက်တယ်၊တကယ့်ပျိုတိုင်းကြိုက်ခံရမယ့်လူချောလေးပဲ*

"ကော ကော "

Phuwinအတွေးလွန်နေခိုက် ကောင်လေးအသံကြားမှအသိဝင်သည်

"ဟမ် အာ ဟုတ်"

"အဟက် ကျွန်တော် အရမ်းကြည့်ကောင်းတာလား"

"ဗျာ အဲ ခွန်ကတကယ်ချောပါတယ်"

"ရှဲရှဲဗျ"

ကောင်လေးကအစကမာနကြီးမလိုလိုနဲ့ တကယ်ကပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူတစ်ယောက်ဆိုတာစကားပြောရင်းသိလာရသည်

ထိုညကPhuwinတို့ စကားတွေပြောလိုက်သောက်လိုက်နဲ့ တစ်ညတာ ဘယ်လိုကုန်သွားမှန်းမသိလိုက်တော့ပါ

__________________________________

အကြာကြီးပစ်ထားတာ လိုင်းတေပျက်နေလို့ပါနော်ခ

Wifiရတဲ့နေရာမှတင်ရတာမို့ပါနားလည်ပေးကြပါနော်ချစ်တို့ရေ

Vote commentပေးခဲ့ကြပါအူးခ
































































________________________________

At WilliamEst's home

















__________________________________








































__________________________________




There are no comments yet. Log in to be the first to leave a review!

Similar stories