Fanfics

3💔

09:29, 7 June 2025

"သောက်ကျိုးနဲ အိပ်မက်ထဲမှာ ဘယ်လင်ကိုနမ်းနေလို့ နှုတ်ခမ်းက ဒီလောက်ဆူထွက်နေရတာလဲ"

Fotကြောင်နေတုံးမှာပဲဖြန်းခနဲရိုက်ခံလိုက်ရပြန်တဲ့ သူ့ရဲ့ဦးခေါင်း‌ကြောင့်အသိတွေအလုံးစုံပြန်ဝင်လာခဲ့သည်

"ဖြန်းးးးး အခုထိထိုင်ရက်အိပ်နေပြန်တာလား ဂတုံးရဲ့"

"အားးးPhuwinနော်၊မင်းလွန်နေပြီ ဂတုံးကိုမကိုင်နဲ့လို့ပြောထားတယ်မဟုတ်ဘူးလား"

အကိုဆိုပေမယ့် အသက်ကလပိုင်းပဲကွာတာမို့ တလေတခါFotက နာမည်တပ်ခေါ်တတ်သည်

"မင်းကလည်း ကိုယ့်အကိုကကိုင်တာပဲ ဘာဖြစ်လဲ ဂတုံးရဲ့ကိုင်တယ်ကွာ"

Fotမကြိုက်မှန်းသိ၍ကိုPhuwinကပိုကိုင်ပေးလိုက်သည်

ဂတုံးကိုလိုက်ပွတ်နေတဲ့ Phuwinကြောင့် နှုတ်ခမ်းစူထွက်ကာစိတ်ကောက်နေပြီဖြစ်တဲ့Fotကိုကြည့်ပြီး Phuwinအားရပါးရရယ်လိုက်သည်

"ဟားးးးဟားးးးဟားးးအမလေး စိတ်ကောက်နေတာပေါ့လေ အဲ့ဒါ"

"မစနဲ့ Phiရာ ကျွန်တော့်ရဲ့အိပ်မက်လှလှလေး Phiကြောင့်ပျက်စီးသွားပြီဗျ"

"ပြောပါအူး ကိုယ့်ရဲ့ညီငယ်လေးက ဘယ်လိုအိပ်မက်မျိုးမက်လို့လဲ"

Phuwinအမေးကြောင့်နားရွက်ဖျားလေးတွေထိရဲတက်ကာရှက်နေတဲ့ ညီငယ်လေးကြောင့် Phuwinပြုံးကာ ပြောလိုက်သည်

"ကိုယ့်ကိုအကုန်ပြောလို့ရတယ်နော် ၊ကိုယ်ကFotရဲ့အကိုရင်းတစ်‌ယောက်ဖြစ်သလိုတိုင်ပင်ဖော်တိုင်ပင်ဘက်လဲဟုတ်တယ်၊ဘယ်အရာမှ သိုဝှက်မထားပဲ ပြောပြပါ"

အမြဲစနောက်ကာအဆဲသန်သည့်သူ့အကိုဟာ လေးလေးနက်နက်စကားပြောလာရင်လဲ Fotတို့နာခံရစမြဲပင်

"ဟုတ်Phi ၊တကယ်က စီနီယာတစ်ယောက်ကိုသဘောကျနေတာပါ၊အဲ့ထက်ပြောရရင်ချစ်မိနေတာထင်တယ်"

"ဟုတ်လား ကိုယ့်ရဲ့ညီငယ်လေးတောင်အရွယ်ရောက်လာပြီပဲ"

ပြောကာအထိမခဲတဲ့Fot ခေါင်းလေးကိုပွတ်သပ်လိုပ်သည်

"Phiနော် မကြိုက်ပါဘူးဆို"

"တော်ပါ သူ့လင်ကပွတ်ရင်ဖြင့် ခွေးပေါက်လေးလိုငြိမ်ခံနေမှာများ၊အကိုရင်းကျ ဂတုံးဝါဝါလေးကိုပွတ်ချင်တာကို ခနခနညူဆူနေတာပဲ"

"တူမလားဗျ ချစ်တာကို"

"ငါစိတ်ပိန်တယ်ဟယ်"

"မိန်းမကြီးကျနေရောပွစိပွစိနဲ့ မနက်စာပြင်ထားနော် ရေချိုးပြီးလာခဲ့မယ်"

ပြောကာFotကတပက်တထည်ယူပြီးရေချိုးခန်းထဲပြေးဝင်သွားတော့သည်သူသိသည်လေ သူ့အကိုသူ့ကိုမိုးမွန်အောင်ဆဲတော့မည်ဆိုတာ

"ခွေးကောင်လေး Ai Fot၊ဟေ့ကောင်ဂတုံးပြန်လာခဲ့စမ်း ၊မင်းကိုငါသတ်မယ်၊မင်းကများ ငါ့ကငါ့မိန်းမကြီးလို့ပြောတယ်ပေါ့လေ ၊ဟမ် ခွေးသားလေး အကိုကို ခိုင်းဖို့ပဲသိတယ်"

"အဲ Phichaiနော် အဖေနဲ့အမေကိုခွေးနဲ့နှိုင်းတာပေါ့ "

ရေချိုးခန်းထဲကနေသူ့ကိုပြန်အော်နေတဲ့Fotကြောင့် Phuwinမှာ သွေးပင်ဆောင့်တက်ချင်သွားသည် သူ့ကိုသားမိုက်ဖြစ်အောင်ပါလုပ်သွားသေးသည့် သူ့ညီပါလေ

အပြောသာရှိတဲ့Phuwinဟာ Fotရေချိုးပြင်ဆင်ပြီးအောက်ဆင်းလာတာနဲ့အဆင်သင့် စားရန်မနက်စာပြင်ထားပေးပါသည်

အဖေနဲ့အမေကမနက်စောစောစားသွားတာမို့ ညီလေးနဲ့သူပဲကျန်ရစ်သည်သူတို့မိသားစုက သာမာန်ရုံးဝန်ထမ်းဝင်ငွေသာရှိတဲ့မိဘနှစ်ပါးနဲ့ ကျောင်းတက်  နေရတဲ့ သူတို့ညီအကိုကြောင့် လည်ပတ်ရုံသာရှိပြီး အပိုဝင်ငွေဆိုတာ သိပ်မရှိ ပြောရရင် ဆင်းရဲမနေတာတစ်ခုသာဖြစ်သည်၊သူကကျောင်းထွက်ပြီး အလုပ်လုပ်ချင်ပေမယ့် မိဘတွေကဘယ်လိုမှခွင့်မပြုတာကြောင့်သာ

"Phichai ခင်ဗျ ဗိုက်ဆာနေပြီနော်"

Phuwinတွေးနေတုန်းပဲ ညီငယ်လေးရဲ့အသံကိုကြားလာရသည်

"အဆင်သင့်ပါသခင်လေးခင်ဗျ"

"အဟီး ကိုကြီးကိုအရမ်းချစ်၊အားကြီးချစ်၊မွမွ"

"‌ေတာ်ပါခွေးကောင်လေးရယ် စားပါတော့ဟ "

Phuwinကိုဖက်ကာအတင်းလိုက်နမ်းနေတဲ့Fotကြောင့်Phuwinတားကာ စားသောက်ဖို့ပြောရသည် မဟုတ်ရင်ကျောင်းနောက်ကျတော့မည်

____________________________________

"Morning အကို"

"Morning"

"ဟုတ်"

Fotအတန်းထဲမှာဆရာမလာသေးတာကြောင့် အကို့ဆီစာပို့လိုက်တော့ တဖက်ကလဲ ဖုန်းကြည့်နေဟန်တူသည် တောက်လျှောက်စာပြန်လာခဲ့တာကြောင့် Fotရင်ထဲကြည်နူးသွားရသည်

ရပြီ ဒီလောက်ဆို အကို့ဆီက ပြန်စာလေးတစ်ခုထဲနဲ့ တနေ့တာကို ဖြတ်သန်းဖို့အားအင်တွေပြည့်သွားပြီဖြစ်သည်

Fotလဲ ဟုတ်ဟုသာပြောကာ ဆရာဝင်လာတာကြောင့် စာထဲသာအာရုံစိုက်လိုက်သည်

++++++++++++++

ဒီနေ့ Willaimကျောင်းမလာ နိုင်ငံခြားကပြန်လာတဲ့သူ့အမကို သွားကြိုရမည်ဟုပြောသည်

အဲ့တော့Fotတစ်ယောက်ထဲပျင်းနေရသည် အကို့ဆီသွားချင်ပေမယ့်တစ်ယောက်ထဲလဲမသွားရဲ

အတန်းဆင်းတော့လဲ ဘယ်သွားရမယ်မသိတာမို့ ဗိုက်ဆာဆာနဲ့ ကန်တင်းဘက်သာထွက်လာခဲ့သည်

"ထမင်းကြော်ကိုမှ ငုံးဥကြော်နဲ့ တစ်ပွဲပါဗျ"

Fotသူ့လက်ထဲက ဘတ်အနည်းငယ်သာရှိသည့် ငွေစက္ကူတချို့ကိုကြည့်ကာ ဈေးအနည်းဆုံး ငုံးဥထမင်းကြော်သာမှာလိုက်သည်

Fotကကိုယ့်ကိုကိုယ် ဆင်းရဲမှန်းသိတယ်၊ရုပ်ဆိုးမှန်းလဲသိတယ်၊ရုပ်ဆိုးပါတယ်ဆိုမှ အသစ်ထပ်ထပ်ပေါက်လာနေတဲ့ ဝက်ခြံတချို့ကပါဖြည့်စွက်ကာ ရုပ်ကိုပိုမိုအကြည်းတန်စေသည်၊ဒါ‌ပေမယ့် Fotမှာ ဆေးတွေဝယ်သုံးဖို့ပိုက်ဆံလည်းမရှိဘူးလေ သေစေနိုင်တဲ့ရောဂါမဟုတ်သရွေ့တော့ သူ့မိဘတွေရဲ့ ပိုက်ဆံကိုသူမဖြန်ချင်ပါ

အားငယ်လားဆို မငယ်ပါဘူး၊ကိုယ့်ဘဝကိုယ်ကျေနပ်တယ်၊ရှိတာနဲ့လဲရောင့်ရဲနိုင်တယ်၊သူများပစ္စည်းတွေကိုလည်းလောဘတက်ပြီးလိုချင်တာမျိုးမရှိဘူး၊အမြဲတမ်းလဲ ကိုယ့်ကိုကိုယ်နှိမ့်ချဆက်ဆံတတ်ပြီးသူတပါးကိုကူညီတတ်တဲ့ စိတ်ထားကောင်းတဲ့သူတစ်ယောက်ပါပဲ၊စကားနဲတာကလွဲရင်ပေါ့၊ဟုတ်ပါတယ် Fotကမိသားစုနဲ့ သူငယ်ချင်းတွေကလွဲရင်တခြားသူတွေကိုစပြီးစကားပြောရတာမျိုးတွေ မရှိဘူး ၊အကိုဆိုသူကတော့ချွင်းချက်ပေါ့၊ဒါတောင်ဖုန်းထဲပဲပြောရဲတာ၊အပြင်မှာတွေ့တဲ့ခါ ဘာပြောရမှန်းမသိဖြစ်နေတတ်သည်

"ရပါပြီ လူလေးရေ"

Fot အတွေးလွန်နေတုန်း ဆိုင်ရှင်အဘွားရဲ့အသံကြားမှသတိဝင်ကာ ကျသင့်ငွေရှင်းပြီး စားပွဲလွတ်တစ်ခုမှာဝင်ထိုင်ကာ စားသောက်နေလိုက်သည်

"ဟေးညီ "

Fotတစ်ယောက်ထဲစားနေချိန် အနားရောက်လာတဲ့ Phi Estက ခေါ်လိုက်တာကြောင့်လန့်သွားရသည်

အနောက်မှာလည်း အကိုကပါ ပါလာတာကြောင့် Fotရင်တွေပင်တဒိတ်ဒိတ်ခုန်နေရသည်

"ဟုတ် Phi Estနဲ့ အကိုပါလား ၊ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲဗျ"

"ဒီတိုင်းပဲလေ Wiက သူ့သူငယ်ချင်းလေးတစ်ယောက်ထဲ ထမင်းစားနေရမှာစိုးလို့တဲ့ အကိုတိုကိုအဖော်လွှတ်လိုက်တာ"

ပြောကာPhi Estက ခုံအလွတ်တစ်ခုမှာဝင်ထိုင်လိုက်တော့အကိုကပါ ဘေးကဝင်ထိုင်လာသည်ထို့နောက်Phi Estက သူတို့ဖို့ပါစားစရာတွေမှာလိုက်သည်

Fotမော့အကြည့် အကိုကသူ့ကိုကြည့်နေတာနဲ့စုံသွားတာကြောင့် ရင်တွေအဆမတန်ခုန်ကာအမြန်အောက်ပြန်ငုံ့လိုက်မိသည်

Gemသူ့အရှေ့က ကောင်လေးစားနေတာကိုကြည့်ပြီး စိတ်ထဲတမျိုးဖြစ်သွားရသည် သနားတာလား၊ဘာလား မဝေခွဲတတ်ပေမယ့် ဈေးအပေါဆုံးထမင်းကိုသာ မြိန်ရေယှက်ရေစားနေတဲ့ကောင်လေးက သူ့အတွက်ထူးဆန်းနေသည်

"ငါ့တွက် သူ့လိုဟာမှာပေး"

Estသူ့ဘေးနားကသူငယ်ချင်းကြီးGeminiရဲ့စကားကြောင့် ဆွံ့အသွားပေမယ့် သူပြောတဲ့အတိုင်းမှာပေးလိုက်ပါသည်ပါးစပ်ကတော့ပြောဖြစ်လိုက်သည်

"မင်းစားနိုင်လို့လား၊အရင်ကမစားပါဘူး"

"သူတောင်စားနိုင်သေးတာပဲ"

EstအမေးကိုFotဆီမေးငေါ့ကာပြောလာတဲ့Geminiကြောင့်Fotမှာ စားနေရတာပင်မြိုမကျချင်ဖြစ်သွားရသည်

"အရမ်းစားကောင်းတာလား အတင်းကို စားနေတာပဲ နင်တဲ့ထိကို"

ရေတစ်ခွက်ကမ်းပေးရင်း ပြောလာတဲ့ အကို့ကို Fotပြန်မပြောနိုင်စွာ ရေခွက်ကိုလှမ်းယူကာ တကျိုက်တည်းမော့သောက်လိုက်သည်

"ဖြေးဖြေးစားပါညီရယ်"

"ဟုတ်ကဲ့ဗျ"

Fotကိုကြည့်ကာPhi Estကပါပြောလာတာမို့ Fotခေါင်းငြိမ့်ကာပြန်ဖြေလိုက်သည်

အစားသောက်တွေရောက်လာတော့ အကိုက သူ့လိုဈေးပေါတဲ့ထမင်း‌ကြော်ကို မြည်းကြည့်ပြီးမှ

"မဆိုးပါဘူး စားဖြစ်ပါတယ်"

ဟုပြောလာတာကြောင့် Fotသူဌေးသားဖြစ်ဟန်တူသည့် အကို့ကို အံ့ဩနားမလည်နိုင်စွာငေးကြည့်မိသည်

တချိန်လုံးစားပြီးပြီ ဖြစ်တဲ့Fotက Phi Estပြောသမျှကို ‌စကားပြန်ပေးလိုက် ရှေ့ကနေစားနေတဲ့ အကို့ကိုခိုးကြည့်လိုက်ဖြင့် သာယာနေတော့သည်

*ဒီနေ့ မျက်နှလေးမမြင်ရတော့ဘူးထင်နေတာ၊ကိုယ်တိုင်ပါလာပြတာ ဖူးစာများလားနော်*

Fotတစ်ယောက်ထဲတွေးကာပြုံးပြီးငေးကြည့်နေမိသည်

တစ်စုံတစ်ယောက်ဟာလည်း သူ့ကိုသာ‌အသိစိတ်လွတ်ကာငေးနေသူကို မြင်ပေမယ့် မမြင်ဟန်ပြုကာ အစားကိုသာဆက်စား နေတော့သည်

++++++++++++++++++++++++++++

ကြာသွားလို့တောင်းပန်ပါတယ်နော် အသဲတို့ရေ

မအားလပ်တဲ့ကြားကရေးရတာမို့၊လိုင်းကလဲသိပါယ်မကောင်းလို့ပါ

Vote commentပေးခဲ့ကြပါအူးနော်



































____________________________________


"Morning"





++++++++++++++



































++++++++++++++++++++++++++++




There are no comments yet. Log in to be the first to leave a review!

Similar stories