2💔
09:44, 2 June 2025"ဘာတွေလုပ်နေတာလဲဗျ"
ညရောက်တော့ ကျွန်တော် အကို့ဆီ စာပို့လိုက်တယ်
မထင်ထားစွာ အကိုကစာပြန်လာခဲ့တယ်
"လိုင်းသုံးနေတာပါ"
တဲ့ ကျွန်တော်အရမ်းပျော်သွားတယ် အကို့နဲ့စကားတွေအများကြီးပြောချင်ပေမယ့် ကျွန်တော်ကိုယ်တိုင်ကစကားနဲတဲ့သူဆိုတော့ ဘာပြောရမယ်မသိဘူးဖြစ်နေသည်
အဲ့ဒါနဲ့အကို့ကြောင်းတွေစပ်စုကြည့်လိုက်သည်
"ဟုတ် အကို ကျွန်တော်မေးချင်လို့ရမလား"
"ဘာမေးမလို့လဲ မေး"
"ဟို အကိုစိတ်မဆိုးရဘူးနော်"
"မေးပါ"
"အကိုစိတ်မဆိုးဘူးဆိုမှမေးရဲမှာ"
"အော် 🙄အာ့ဆိုမေးမနေနဲ့"
ကျွန်တော်အကို့ကိုနဲနဲတော့စိတ်အချဥ်ပေါက်သွားတယ်
"အကိုကလည်းနော် 😑"
"စိတ်ဆိုးစိတ်ကောက်တတ်တဲ့ထဲအကိုမပါဘူး"
ကျွန်တော်ပြုံးမိသွားရသည် အကိုကတအားလူကြီးဆန်တာပဲအဲ့တာနဲ့ကျွန်တော်ဆက်မေးလိုက်သည်
"ဟုတ် မေးမယ်၊အကို့ကိုလေ ယောက်ျားလေးတစ်ယောက်က ရည်းစားစကားပြောရင် အကိုဘယ်လိုတုံ့ပြန်မလဲ'
ကျွန်တော် အားတင်းပြီးမေးလိုက်ပေမယ့် အကိုဘယ်လိုဖြေမလဲသိချင်နေမိသည်
"ဟ ယောက်ျားချင်း စိတ်ဝင်စားမဲ့ရုပ်လား😏"
"😁"
အကို့စာကကျွန်တော့်ရင်ဘတ်ကိုအောင့်စေပါသည် ဒါပေမယ့်အကို သံသယဝင်မှာစိုးလို့ ပြုံးနေတဲ့အီမိုဂျီလေးပြန်ပို့လိုက်သည်
"အကိုအဲ့လိုလာပြောရင် သေချာပေါက် ဘလော့ပစ်မိမှာ၊ဘာမှဆက်ပြောနေမှာမဟုတ်တော့ဘူး"
"ဟုတ်ကဲ့ပါ၊သိချင်လို့မေးကြည့်ရုံပါ၊တမျိုးမထင်ပါနဲ့"
"အင်း"
အကိုတမျိုးထင်မှာဆိုးရသေးတာမို့ပြောပြလိုက်တော့ အင်းတလုံးထဲပို့လာသည် ကျွန်တော်လဲသိချင်တာဆက်မေးမိသည်
"ဒါနဲ့ အကို ဘာလို့ကောင်မလေးမထားတာလဲ"
"ခနခနplayခံနေရလို့ ထားချင်စိတ်မရှိသေးဘူး"
"အော် အကိုအရင်က ကျွန်တော်တို့အတန်းက Primဆိုတဲ့ကောင်မလေးနဲ့တွဲခဲ့ဖူးတယ်မလား"
"ဘယ်လိုသိ"
ကျွန်တော်ကမလိမ်တတ်တော့အမှန်တိုင်းပြောပြမိသည်
"အဲဟို Willaimပြောပြတာပါ"
"အင်း ဟုတ်တယ် တစ်လကျော်လောက်ပါပဲ"
"အော် ဘာလို့ပြတ်သွားကြတာလဲဗျ"
"မသိဘူးလေ သူကထားခဲ့တာပဲ သူ့မေးကြည့်လေ တစ်တန်းထဲမှတ်လား"
"ဟုတ် မခင်ပါဘူးသူနဲ့က ၊ဟို အကိုသူ့ကိုတကယ်ချစ်ခဲ့လား"
"တအားချစ်တာတော့မဟုတ်ပါဘူး၊ပထမဆုံးရည်းစားထားဖူးတာဆိုတော့ နဲနဲတော့ခံစားရတာပေါ့"
"အော် သူကအချစ်ဦးပေါ့"
"အဲ့လိုပဲထားလိုက်ပါ"
"ဟုတ်"
"အင်းမှတ်ထား ချာတိတ်၊ကောင်မလေးတွေထားမယ်ဆို ကိုယ့်ဘက်ကတအားမချစ်မိစေနဲ့ "
အကိုကကျွန်တော့်ကိုချာတိတ်တဲ့ ကျွန်တော့်ရင်ထဲလှုပ်ခတ်သွားသည် ပီးတော့အကိုက ကျွန်တော့်ကိုဆုံးမနေသည်လေ
"ဟုတ် အကိုစိတ်ချပါဗျ"
"အင်း"
"ဟုတ် အကိုကျွန်တော့်ကိုတမျိုးမထင်နဲ့နော်"
"ဘာကို"
"အော် အကို့ကို စကားလာလာပြောနေလို့လေ၊ကျွန်တော်က ပျင်းလို့စကားပြောဖော်ရှာနေတာမို့ပါ၊ဘာရည်ရွယ်ချက်မှမရှိဘူး"
"အင်းပါ အာ့ဆိုရတယ်"
တခြားရည်ရွယ်ချက်ဆိုမရဘူးဆိုတဲ့သဘောလား
"ဟုတ်"
"အင်းနေ့လည်က မင်းကိုအနိုင်ကျင့်သလိုဖြစ်သွားရင်Sorry၊အကိုက အဲ့လိုပဲပြောတတ်တာမို့"
"ဟုတ် ကျွန်တော်စိတ်ထဲမထားပါဘူး"
"အင်း အိပ်တော့မယ်"
"ဟုတ် Good nightပါနော် အကို"
"အင်း Gn"
ကျွန်တော်အရမ်းပျော်နေသည် အကိုနဲ့ပိုရင်းနှီးလာသလိုခံစားရသည်လေ
ထိုညကအပျော်တွေအတူနဲ့ Fotအိပ်စက်ခဲ့သည်
******* ***** *********
Willaimက အကို့ဆီသွားဖို့ခေါ်လို့ ကျွန်တော်လဲလိုက်ချင်လို့ပေါ့ ကျွန်တော်တို့ အတန်းလစ်ပြီး အကိုတို့ဆီလာခဲ့ကြသည်
တွေ့ပါပြီ ကျွန်တော်ချစ်ရတဲ့ အကိုက ကျောင်းဝတ်စုံခန့်ခန့်ညားညားနဲ့အမြဲတောက်ပနေတာ
ကျွန်တော်အကြည့်ချင်းဆုံတော့ပြုံးပြလိုက်သည်အကိုဘက်ကဘာလို့ပြန်မပြုံးလဲမသိပါကျွန်တော်ရင်ထဲတော့ဝမ်းနည်းသွားမိသည်
"Wi ခနခနလာနေတာပဲ အိမ်မှာလဲတွေ့နေရတာကို"
Phi Estပြောတာလဲမလွန် တအိမ်ထဲနေတဲ့သူတို့နှစ်ယောက်ကိုမိဘတွေလဲသဘောတူထားကြတာဖြစ်လို့ လွပ်လပ်စွာချစ်ခွင့်ရကြသည်
"တွေ့ချင်လို့လေ ကိုကိုရ"
"ဟုတ်ပါပြီ"
ချစ်တီတူးနေတဲ့နှစ်ယောက်ကိုဂရုမစိုက်စွာ တခြားနေရာကိုကြည့်နေတဲ့အကို့ကိုကျွန်တော် ငေးကြည့်နေမိသည်
အကိုကြည့်နေတာ တခြားတော့မဟုတ် အရမ်းလှတဲ့ကောင်မလေးတစ်ယောက်ဖြစ်နေသည်
ကျွန်တော်ရင်ထဲနေရခက်သွားပေမယ့် အကိုကယောက်ျားလေးလေ မိန်းကလေးတစ်ယောက်ကိုကြည့်တာသဘာဝပဲမို့လား
"Ai Fotနေခဲ့အုံးနော်"
ဟောထားခဲ့ပြန်ပြီWillimက ကျွန်တော့်တွက်ရှောင်သွားပေးတယ်ဆိုတာသိပေမယ့် အကိုနဲ့နှစ်ယောက်ထဲကျန်နေရတာ ကျွန်တော်နေရခက်သည်လေ
"ထိုင်လေချာတိတ် ဘာရပ်လုပ်နေတာလဲ"
အခုထိမထိုင်သေးဘဲ မျက်နှာကြီးငုံ့ကာ အတွေးလွန်နေပုံရတဲ့ချာတိတ်ကို ကျွန်တော်ပြောလိုက်တော့ ပုခုံးလေးတွန့်သွားတာတွေ့လိုက်သည်
လန့်သွားတာတဲ့လား တမျိုးလေးနဲနဲအင်းးးနဲနဲသဘောကျစရာလေးလို့ကျွန်တော်ထင်မိသည်
"ဟုတ် ဟုတ်အကို"
ပုံမှန်ဆို ဒီလိုရင်နှီးတဲ့အခေါ်ဝေါ်မျိုးမသိတဲ့သူဆီကအခေါ်မခံချင် အခုတော့စိတ်ထဲမှာနှစ်သက်သလိုရှိတာမို့ Gemဘာမှမပြောတော့ဘဲ သူ့ရှေ့ကအအေးကိုသာမော့သောက်နေလိုက်သည်
Fotအကို့ကိုကြည့်နေချိန်မှာပဲ အအေးသောက်နေတဲ့အကို့ရဲ့လည်စေ့ကလှုပ်ခတ်သွားပုံ၊စိုစွတ်နေတဲ့နှုတ်ခမ်း ထိုအရာတွေကိုကြည့်ကာ တံတွေးမြိုချမိသွားရသည်
*အကိုက အရမ်းကြည့်ကောင်းတာပဲ*
သူငမ်းနေတုန်းမှာပဲ အကိုသူ့ကိုပြန်ကြည့်နေတာသတိမထားမိလိုက်
"ဘာကြည့်နေတာလဲ သောက်ချင်လို့လား"
"ဗျ ဗျာ အဲ မဟုတ်ပါဘူး"
"အင်း"
*ဘာအင်းတာလဲလို့😑*စိတ်ထဲကပြောနေပေမယ့်အပြင်တော့ထုတ်မပြောရဲပါ
"ဟုတ် အကို"
"ပြောစရာရှိလို့လား"
*ကျွန်တော်အကို့ကိုချစ်တယ် ၊အရမ်းချစ်တယ်*"ဟို မရှိပါဘူး"
ပါးစပ်ကထုတ်ပြောဖို့မရဲတဲ့စကားလေးကိုစိတ်ထဲကပဲပြောနေမိတယ် အကိုရယ်
အကိုကိုကြည့်လိုက်သက်ပြင်းချလိုက်နဲ့Fotအလုပ်ရှုပ်နေပေမယ့် အကိုကတော့ဂရုမစိုက်စွာ ဂိမ်းသာဆော့နေသည်
********။ *********။ *******
အခုကျွန်တော် အကိုနဲ့ပန်းခင်းကြီးထဲရောက်နေသည်
ပန်းခင်းကြီးကအရမ်းလှပတာပဲ အရောင်တေလဲစုံသလိုအနံ့တွေလဲမွှေးတယ်
ကျွန်တော်ကြည့်ပြီးပြုံးနေချိန်မှာပဲ ရုတ်တရက်အကိုကနောက်ကနေခါးကိုလာဖက်သည်
ကျွန်တော်လန့်သွားပြီး ရင်တွေလည်းအရမ်းခုန်နေသည်ပြီးတော့အကိုဆီကစကားသံချိုချိုလေးတွေထွက်လာသည်
"ချာတိတ် ကိုယ်မင်းကိုချစ်တယ်၊မင်းလဲချစ်နေတာသိတယ် ကိုယ့်ချစ်သူဖြစ်ပေးနော်"
ထို့နောက်အကိုကကျွန်တော့်စကားကိုမစောင့်ပဲ ကျွန်တော့်ကိုယ်ကို သူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်သည်
နောက်အကို့မျက်နှာတဖြေးဖြေးကျွန်တော့်မျက်နှာနားနီးလာခဲ့သည်
ပြီးတော့ကျွန်တော်နူးညံ့မှုကိုခံစားလိုက်ရသည်
ဟုတ်တယ် အဲ့ဒါ ကျွန်တော့်နှုတ်ခမ်းတွေကိုစုပ်ယူနေတဲ့အကို့နှုတ်ခမ်းရဲ့နူးညံ့မှုပဲ
"ဖြန်းးးး"
"အာ့မလေး "
"သောက်ကျိုးနဲ အိပ်မက်ထဲမှာ ဘယ်လင်ကိုနမ်းနေလို့ နှုတ်ခမ်းက ဒီလောက်ဆူထွက်နေရတာလဲ"
သူ့ရဲ့အဆဲသန်တဲ့အကိုကြီးPhuwinရဲ့ရိုက်ချက်ကြောင့်အိပ်ယာမှနိုးလာတဲ့Fotပါလေ နိုးနိူချင်းခေါင်းပေါ်မှာ ကော်ရှင်မက်တွေတန်းစီနေေလသည်
"?????"*အိပ်မက်တဲ့လား*
---------------------------------------------------------
သဘောကျကြရဲ့လား ချစ်တို့ရေ 🥰
နဲနဲကြာသွားတယ်😑
Vote&commentနော်ခ
"ဘာတှလေုပျနတောလဲဗြ"
"😁"
******* ***** *********
---------------------------------------------------------
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




