1💔
08:45, 28 May 2025"Morning"
ကျွန်တော်အိပ်ယာထတာနဲ့ သူ့ဆီစာပို့လိုက်တယ်
၆နာရီကပို့ခဲ့တဲ့စာကို၉နာရီ ထိုးတာတောင်မပြန်တဲ့သူကြောင့်ကျွန်တော်စိတ်ဓာတ်ကျစွာနဲ့ကျောင်းကိုလာခဲ့တယ်
"ဘယ်လိုလဲဟေ့ကောင်Fotညကအဆင်ပြေလား"
စက်ဘီးလေးထောက်ကာရှိသေး ဘယ်ချိန်ထဲကသူ့ကိုစောင့်နေလဲမသိတဲ့ Willaimကအနားရောက်လာကာမေးလာသည်
"အင်းးးဒီမနက်ငါစာပို့ထားတယ် သူမပြန်ဘူး"
ကျွန်တော်စိတ်မပါစွာပြောလိုက်သည်
"မင်းကလည်း လဒချီးမှန်ထားတဲ့ရုပ်နဲ့ ဖြစ်ပျက်မနေနဲ့ သူမအားလို့နေမှာပါ"
"အေပါ ငါ့ဆိုမှိုချိုးမျှစ်ချိုးပြောဖို့ပဲမင်းက"
"မင်းလုပ်ပုံကဟုတ်မနေတာလေ ငါပြောတဲ့တိုင်းပြောပါဆိုတာကို သူ့မသိဘူးသွားပြောတာ ခံလေ"
"ငါမှမလိမ်တတ်ပဲ ဟာ"
"ဟူးးးဒီလိုလုပ် ငါPhi Estဆီခနနေသွားတွေ့မှာ မင်းလိုက်ခဲ့"
"ငါက ဘာလို့"
"အ တယ်လို့ပြောရင်လဲငါ့အဆိုးဖြစ်အူးမယ် ဟိုကျPhi Estနားမှာ မင်းလူကြီးလဲရှိနေမှာလေ ငါမိတ်ဆက်ပေးမယ်မင်းတို့ကို"
"မင်းကလည်းးးငါ့လူကြီးမဟုတ်ပါဘူးကွ"
"တော်ပါ ပြုံးနေတဲ့မျက်နှာကြီးက လင်ရတော့မှာမို့ပျော်နေတဲ့ရုပ်"
"ငါက ပထမဆုံးယောက်ျားလေးကိုတွဲကြည့်မှာဆိုတော့ နဲနဲတော့စိတ်လှုပ်ရှားတာပေါ့ဟ"
"လာလာစာသင်တော့မယ် အတန်းရင်သွားရအောင်"
သူတို့လဲစာသင်ခန်းထဲအမြန်ဝင်ကာ ဆရာသင်သမျှကိုအာရုံစိုက်လိုက်ကြသည်
"ကဲ ဒီနေ့တော့ ဒီလောက်ပဲကလေးတို့၊သေချာမှတ်သားပြီး လေ့ကျင့်ခန်းတွေပြန်လုပ်ကြည့်ခဲ့ကြ ဟုတ်ပြီလား ဆရာသွားမယ်"
ဆရာကပြောပြီးအခန်းပြင်ထွက်သွားတော့သည်
Fourthသူ့ဖုန်းကnotiသံကြောင့်ဖွင့်ကြည့်လိုက်သည်
"Morning"
*အားးးးး*
Fourth စိတ်ထဲမှအော်လိုက်ခြင်းဖြစ်သည်အကိုက သူ့ကိုစာပြန်လာသည်လေ၊သူအရမ်းပျော်သွားတာဖြစ်သည်ခနနေရင် ဟိုကောင်နဲ့အတူလိုကိပီးအကိုနဲ့ရင်းနှီးရန်ကြိုးစားမည်ဟုလဲတွေးလိုက်သည်
"Ai Fotလာသွားကြမယ်"
Fotအတွေးမဆုံးခင်မှာပဲWillaimကသူ့ကိုလာခေါ်တာကြောင့် နှစ်ယောက်သား သူတို့ကျောင်းဘေးက တက္ကသိုလ် ကျောင်းဘက်သို့ထွက်လာလိုက်ကြသည်
သူတို့ရောက်တော့ ပျားပန်းခတ်မျှသွားလာလှုပ်ရှားနေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေကိုတွေ့ရသည်
သူတို့လဲအထက်တန်းအောင်တာနဲ့ ထိုကျောင်းကြီးကိုတတ်ခွင့်ရမှာဖြစ်သည်ကျောင်းကြီးကိုငေးပြီးတာနဲ့ Willaimကဦးဆောင်ကာ ဆေးကန်တင်းဘက်ကိုနှစ်ယောက်သားထွက်လာလိုက်ကြသည်
ဆေးကန်တင်းရောက်တာနဲ့ Williamကလူနှစ်ယောက်ထိုင်နေတဲ့ဝိုင်းကိုသွားနေတာကြောင့် Fotသူ့ နောက်ကစိတ်လှုပ်ရှားစွာပါသွားရသည်
"ကိုကို "
"အော် Wiရောက်လာပီလား"
"ဟုတ် ကိုကို ဒါကျွန်တော့်သူငယ်ချင်းလေ Fourthတဲ့ Fot ဒါ ငါ့ချစ်သူ Estလေ၊ဒီဘက်ကတော့ Phi Gemini"
Willaimကမိတ်ဆက်ပေးကာ သူ့ကိုမျက်လုံးမှိတ်ပြသည်
Fotရှက်သွားရကာ
" ဟုတ် အကိုတို့တွေ့ရတာ ဝမ်းသာပါတယ် Fourthပါဗျ"
"ရပါတယ်ညီ ရင်းရင်းနီးနီးသူငယ်ချင်းလုပ်ကြတာပေါ့"
Fourthကမိတ်ဆက်လိုက်တော့ ဖော်ရွေပုံရတဲ့Phi Estကပြန်ပြောလာသည်
Fourth Phi Geminiဘက်ကြည့်မိတော့ သူတို့အရေးမစိုက်စွာ သူ့ဖုန်းသူကြည့်နေတာဖြစ်သည်
Fotရင်ထဲနဲနဲတော့နာကျင်သွားရသည်အကိုကသူ့ကိုမှမသိတာပဲလေ၊ပြီးတော့သူလဲအကို့ကို အခုမှတွေ့ဖူးတာပင်အကိုကအရမ်းချောပြီးစွဲဆောင်မှုရှိတော့ Fotမြင်မြင်ချင်းပဲ အကို့ဆီနစ်ဝင်သွားခဲ့တာဖြစ်သည်
သို့ပေမယ့်အကိုကတော့ သူ့ကိုစိတ်ကိုမဝင်စားတာဖြစ်သည်
"Ai Fotတစ်ခုခုစားအူးလေ ဒီကန်တင်းကအစားအသောက်တွေက နာမည်ကြီးတွေကွ"
"အင်းးး"
စိတ်မပါစွာဖြေလာတဲ့FotကိုWillaimကြည့်ပြီးPhi Geminiကိုပါကြည့်လိုက်မိတော့ သူတို့ကိုရှိတယ်လို့တောင်မထင်တဲ့Phi ကသူ့ဂိမ်းကိုသာအတင်းမဲဆော့နေသည်
"Phi Gem ဒါကျွန်တော့်သူငယ်ချင်းလေ Fotတဲ့"
"အင်း"
Willaimပြောလိုက်တော့တချက်သာFotုကိုမျက်လုံးလှန်ကြည့်ပြီးသူ့ဂိမ်းသာပြန်ဆော့နေပြန်တဲ့Phi Gemကြောင့်Willaimဘာလုပ်ရမှန်းမသိတော့
သူ့ကလေးရဲ့အဖြစ်ကိုရိတ်မိတဲ့Estကပဲ ကြားထဲကနေဟိုရေခဲတုံးကောင်ကိုစကားစရတော့သည်
"Ai Gemဒီညီလေးက အခုမှရောက်ဖူးတာဆိုတော့ ဘာအစားသောက်မှာရမလဲမသိဘူးဖြစ်နေမှာ၊မင်းသူ့တွက်မှာပေးလိုက်အူး"
"မင်းမှာပေးလိုက်လေ"
"ငါမအားဘူး Wiနဲ့ငါ သွားစရာလေးရှိသေးလို့ ညီကိုမင်းနဲ့အပ်ခဲ့မယ်၊တခုခုဆို မင်းတာဝန် နော်ဟျောင့်"
"ကျစ်"
Gemကိုပြောကာထွက်သွားကြတဲ့ Willaimတို့အတွဲကြောင့် Gemစိတ်ရှုပ်သွားရသည်
"ဟို ...အဲ ....ဟိုဟာလေ "
"ညကငါ့ဆီစာပို့တာမင်းမလား"
"ဗျာ"
Fotဘာပြောရမှန်းမသိဖြစ်နေချိန်ထပြောတဲ့အကို့စကားကြောင့်Fotလန့်သွားမိသည်
"ဟို အဲ အဲဒါ"
"ဘာဖြစ်တာလဲ တဟိုဟို တအမ်အမ်နဲ့ အ နေတာလား"
"ဗျာ မဟုတ်ပါဘူး"
"ငါမေးတာဖြေလေ အာ့ဆို"
"ဟို ဟုတ် ညီပါ ညက အကို့ ဆီ စာ ပို့တာက"
အထစ်ထစ်အငေါ့ငေါ့ပြောလာပုံကြည့်ရတာ ဒီကလေးGemကိုကြောက်နေတာများလားဟုGemထင်သွားရသည်
"ရဲရဲတင်းတင်းပြောပါ ယောကျ်ားမဟုတ်ဘူးလား"
"ဟို မဟုတ်ပါဘူး အယ်ဟုတ်ပါတယ်"
"ကျစ် ဘယ်လိုဟာမှန်းမသိဘူး စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"
Gemသူ့ရှေ့က ဂတုံးကိုအရောင်ဆိုးထားတဲ့ကောင်လေးကို ကြည့်ကာတွေးမိသည်ကတော့ ရုပ်ဆိုးပြီးစိတ်ပျက်စရာကောင်းတဲ့ကောင်ပဲဟုသာ
"တောင်းပန်ပါတယ် ညီ့ကြောင့်စိတ်ရှုပ်စေမိရင် "
Fotသူ့ကိုမျက်မှောင်ကြုတ်ကာကြည့်နေတဲ့အကို့ကို အတော်လေးလဲကြောက်နေသည်ဖြစ်ရာ ရင်ဘက်ထဲကလဲ နာကျင်သွားရသည်
သူရုပ်ဆိုးတာမှန်ပေမယ့် Fotတော့သူ့ကိုယ်သူချောတယ်ထင်တာပါပဲ ဟိုတလောကမှသင်ကန်းဝတ်ထားတာမို့ဂတုံးကေဖြစ်နေပေမယ့် ကောင်မလေးတွေတောင် Fotကိုငေးသေး အကိုကတော့ သူ့ကိုရုပ်ဆိုးတယ်လို့ပါးစပ်ကထုတ်မပြောရုံပဲ
"ဟို ညီပြန်တော့မယ်"
"အဲ့တာဘယ်လဲ"
Fot ရှက်ရှက်နဲ့ထပြန်ဖို့ပြင်မိရာ အကို့စကားကြောင့်အကို့ကိုပြန်ကြည့်လိုက်မိသည်
"ပြန်ထိုင် ထရဲထကြည့် ငါ့အကြောင်းသိမယ်"
Gemသူ့ကိုကြောက်နေပုံရတဲ့ကောင်လေးကြောင့် စိတ်ထဲမှပိုအနိုင်ကျင့်ချင်လာရသည်
"ဟုတ် ဟုတ်ကဲ့"
Fotကိုပြောပြီးထသွားသူဟာ ခနနေတော့ လက်ထဲမှာ ထမင်းကြော်တစ်ပွဲနဲ့ အအေးဘူးကိုင်လာကာ သူ့ရှေ့ချပေးလာသည်
"စား မကုန်ရင်တွေ့မယ်"
"ဗျာ ဟုတ် ဟုတ်ကဲ့"
Gemသူ့ကိုတကယ်ကြောက်နေပုံတဲ့ကောင်လေးကိုစရင်း စိတ်ထဲမှရယ်ချင်လာရသော်လဲ သူ့ပုံစံမပျက်အောင် ဂိမ်းသာထိုင်ဆော့နေလိုက်သည်
Fotသူ့ရှေ့က ထမင်းကို ကုန်အောင်စားလိုက်သည် Fotတွက်ထမင်းတပန်းကန်ကဝတောင်မဝပါ အဲ့တာကို မကုန်ဘူးထင်နေတဲ့အကို့ကြောင့် အကိုကအစားနဲသူဖြစ်မည်ဟု Fotတွေးလိုက်သည်
"အကို ဟို ကုန်ပြီ"
"အင်း ကောင်းတယ် "
_______________________
ခနအကြာထွက်သွားတဲ့အတွဲကပြန်ရောက်လာသဖြင့်တိတ်ဆိတ်နေတဲ့လေထုဟာ အခုမှFotတွက် အသက်ရူချောင်သွားရသည်
"ဟျောင့် မင်းညီ့ကိုအနိုင်ကျင့်ထားသေးလားနော်"
"သိချင်သူ့မေးကြည့်"
"ဟမ့် ညီ ညီ့ကို သူအနိုင်ကျင့်သေးလား"
Phi Estအမေးကြောင့်Fotအကို့ဆီကြည့်လိုက်တော့ အေးစက်တဲ့မျက်ဝန်းတွေကစိုက်ကြည့်နေတာတွေ့ရသည်
Fotလဲ မသက်သာတဲ့အဆုံး
"ဟင့်အင်း Phi Est သူညီ့ကိုထမင်းတောင်ဝယ်ကျွေးထားပါတယ်"
"အေးပါ ညီအဆင်ပြေရင်ပြီးတာပဲ Wiနောက်ကျနေမယ် ပြန်ကြတော့နော် "
"ဟုတ်ကိုကို အာ့ဆိုသွားတော့မယ်နော် ချစ်တယ် အာဘွားAi Fotသွားမယ်လာ"
ထိုသို့ဖြင့်နှစ်ယောက်သားထွက်သွားကြတာကိုကြည့်ပြီးGemစိတ်တွေဘာကိုရှုပ်လို့ရှုပ်မှန်းမသိရှုပ်လာရသည်
"Ai Fot ဘယ်လိုလဲအဆင်ပြေလား"
"ဘယ်ကလာ ပြေလဲပြေလိုက်မှာ ငါအဲ့နားမှာမသေတာကံကောင်းတယ်"
အပြင်ရောက်တာနဲ့မေးလာတဲ့WillaimကိုFotစိတ်ညစ်စွာပြန်ဖြေလိုက်သည်
"မင်းကလဲ လွယ်လွယ်လက်မလျှော့နဲ့ဟ၊ဘဲကြီးကတစ်ဦးတည်းသောသား ရုပ်ကချော ပညာလဲတတ် မင်းအတွေးမမှားနဲ့၊မင်းကြိုးစားရင် သူကမင်းအပိုင်ဖြစ်လာမှာကွ"
"ငါ့လိုရုပ်ဆိုးပန်းဆိုး၊ဆင်းရဲသားက သူ့ကိုမှန်းနေတာ သူသိရင်လှောင်ရယ်နေလောက်မှာ"
"မင်းဘာလို့အဲ့လိုတွေတွေးရတာလဲ မင်းလဲလူ၊သူလဲလူပဲ အချစ်မှာရုပ်ရည်တွေ ပကာသနတွေမလိုဘူးကွ၊မင်းဘက်မှာငါအမြဲရှိတယ် သူငယ်ချင်း"
"ကျေးဇူးသူငယ်ချင်း"
"အေးပါ ရပါတယ်ကွ"
ထိုသို့နှယ် စိတ်ကူးကိုယ်စီနဲ့ သူငယ်ချင်းနှစ်ယောက်ဟာ လာရာလမ်းလေးအတိုင်းပြန်နေကြလေသည်
???????????????????????????????
Fourthဖြစ်လိုက် Fotဖြစ်လိုက်နဲ့ရှုပ်နေကြလားဟင် အတူတူပဲမို့ ဘယ်လိုရေးရေးအဆင်ပြေတယ်မလားဟင်😣
စတင်လိုက်ပါပြီ အချစ်တို့ရေ လိုက်ပါပေးခဲ့ကြပါအူးနော်😘
ဗို့တင်ကောမန့်ပေးခဲ့ကြ🤭
"Morning"
"Morning"
_______________________
???????????????????????????????
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




