Fanfics

12. Jဝင်တယ်

18:58, 12 October 2025

Dew တစ်ယောက်ဖူးခက်ကပြန်လာထဲကအလုပ်ရှုပ်နေတာ အိမ်တောင်မကပ်နိုင်ဘူး။ Tee ကလည်းအိမ်ကပ်ဖို့နေနေသာသာ ရှယ်ယာအမှုကိစ္စရော အလုပ်သစ်ထူထောင်ဖို့ကိစ္စရောနဲ့ရှုပ်နေတယ်။ တစ်ယောက်နဲ့တစ်ယောက်သေချာတောင်မဆုံမိကြ။ တစ်ခါတလေ‌ဆို Dew အပြင်မှာပဲအချိန်ကုန်သွားတာများတယ်။ အခုလည်း Pop ကသူ့ကိုကြည့်ကာ မသက်မသာ၊ ရှုပ်ပွနေတဲ့စားပွဲရယ်၊ အလုပ်မနားမနေလုပ်နေရတဲ့ ဝန်ထမ်းနဲ့ အားကုန်တော့မဲ့ ကွန်ပျူတာရယ်၊ ကုန်ခါနီး မဆေးရသေးတဲ့ ကော်ဖီခွက်ရယ်

- Boss ခဏနားလိုက်ပါလားဗျ ကြည့်ရတာနေမကောင်းသလိုပဲ

Dew ကိုက်နေတဲ့မျက်ရိုးကို ဖိနှိပ်ပြီး

- ရပါတယ် အခြေနေဘာထူးလဲ- ဘိလိယက်လုပ်ငန်းနဲ့ကာစီနိုလုပ်ငန်းကို လက်လွှဲယူမဲ့သူနဲ့ စာချုပ်ဆိုင်ရာကိစ္စညှိနှိုင်းပြီးပါပြီ။ Boss လက်မှတ်ထိုးဖို့နဲ့ဆွေးနွေးဖို့ပဲကျန်ပါတယ်။- တော်တယ် အလုပ်လုပ်တာ။ ဟိုတယ်ဘက်ကရော- ဝန်ထမ်းအကုန်လုံးကိုဟိုတယ်ဘက်ကိုရွှေ့ပြီးပါပြီ။ ဒူဘိုင်းကဟိုတယ်အခွဲဖွင့်ဖို့လည်း လိုအပ်တာစီစဉ်ပေးပြီးပါပြီ။ ကျန်တဲ့ဝန်ထမ်းတချို့ကိုအဲဒီဘက်ကိုပို့ပေးပါမယ်။- ကောင်းတယ်။ ဟက်ချိုး - Boss အိမ်ပြန်နားလိုက်ပါ။ ဒီကအလုပ်ကိစ္စလည်းပြီးသလောက်ဖြစ်နေပြီဆိုတော့ ကျနော်လိုက်ပို့ပေးပါမယ်

Dew အလုပ်များနေရတဲ့အကြောင်းကသူတရားမဝင်တဲ့ကာစီနိုနဲ့ဘိလိယက်ဆိုင်ရာလုပ်ငန်းအကုန်စွန့်ပြီး ဖြူစင်တဲ့လုပ်ငန်းလုပ်တဲ့လူတစ်ယောက်ဖြစ်ဖို့ပါပဲ။ Tee ကထုတ်မပြောပေမဲ့ သူဒီလိုအလုပ်တွေလုပ်တာကိုမနှစ်သက်ဘူးဆိုတာ သူသိနေပါတယ်။ လူသတ်တာ သွေးစွန်းပြီး ဥပဒေနဲ့မကင်းတဲ့အလုပ်လုပ်တယ်ဆိုတာ သူမကြိုက်ပါဘူး။Tee ကိုချစ်လို့သာသူ့ဘဝကြီးတစ်ခုလုံးပြောင်းလဲလိုက်တာ။________

သူမောမောပန်းပန်းအိမ်ပြန်ရောက်လာတယ်။ ထမင်းတောင်မစားနိုင်။ ကိုယ်တောင်ပူနေသလိုပဲ။ သူကုတင်ပေါ်ကိုခြေပစ်လက်ပစ်တက်အိပ်လိုက်တယ်။ ဘေးကစောင်ပုံလုံးလုံးလေးကို ဖက်ပြီး

- Tee အစောကြီးအိပ်နေတာလား ဟင် ကိုယ်ပင်ပန်းလာလို့ နည်းနည်းလောက်အားပေးပါအုံး Tee , Tee

စောင်ကိုဖယ်ကြည့်တော့မှ ဖက်လုံးဖြစ်နေပါတယ်။ သူလက်ကနာရီကိုကြည့်မိတော့ ညနေ ၆နာရီခွဲပြီ။

- Tee ဘယ်မှာလဲ

သူဖုန်းခေါ်ကြည့်တော့

- ဟလို Tee ဘယ်မှာလဲ- ကျတော် Perth အိမ်မှာ သူနေမကောင်းလို့ - aww ဒီညသူ့ဆီမှာနေမှာလား။ ဘာလို့ကိုယ့်ကို မပြောတာလဲ။- ခွန်ကဒီရက်ပိုင်းမအားတော့ မနှောက်ယှက်ချင်လို့ပါ။ မနက်ဖြန်ကျပြန်လာမယ်နော် - omm ကိုယ်စိတ်ချမယ်။ ချစ်တယ်။- ချစ်တယ် ဒါပဲနော်

ဖုန်းကိုပစ်ချပြီး လေးလံနေတဲ့မျက်ခွံကိုပိတ်ကာ အိပ်ဖို့အားယူရပါတယ်။ ဒီလိုအချိန်မှာ Tee ကိုအနားမှာရှိစေချင်ပေမဲ့ မတတ်နိုင်ဘူးလေ။ ညကျတော့ အဖျားတက်တော့တာပဲ။ တစ်ညလုံး တုန်ရီနေပြီး လူကမသက်မသာ။ Tee ကိုပဲတနေမိပါတယ်။________မနက်လင်းတော့ ဆေးသောက်ပြီး ထူထူထောင်ထောင်ရှိနေတုန်း Tee ကိုထပ်ဖုန်းဆက်လိုက်တယ်။ ဖုန်းကမအားပါ။ သူတွေ့ချင်နေပါပြီ။သူမတတ်သာပဲ Perth အိမ်ကိုကားမောင်းသွားတယ်။ အိမ်ရှေ့ကျ ဘဲလ်တီးမိတော့ Perth ကထွက်လာပြီး သူ့ကိုကြည့်ကာ

- ခွန် မနက်စောစောစီးစီးဘာကိစ္စရှိလို့လဲ

Dew အထင် Perth ကနေမကောင်းတဲ့သူနဲ့မတူပါ။ ဒါမဲ့

- Tee ဒီမှာရှိတယ်ဆိုလို့ လာခေါ်တာပါ

ဟိုဘက်ကကြောင်သွားကာ

- သူဒီမှာမရှိဖူးဗျ - သူပြောတာ ခွန်နေမကောင်းလို့ စောင့်ပေးတာတဲ့ - မဟုတ်ဖူးဗျ သူမနေ့‌ေန့လည်ကပဲပြန်သွားတာ

တခုခုတော့လွဲနေပါပြီ။ Dew အမြန်နှုတ်ဆက်ကာ Pop ကိုဖုန်းဆက်ပြီး

- Pop ငါ့ကိုတခုလောက်လုပ်ပေး________Dew အိမ်ထဲက ဧည့်ခန်းမှာ မိန့်မိန့်ကြီးထိုင်နေတယ်။ လူကဖျားနေတော့ မလန်းဆန်းဘူး။ မကြာပါဘူး Tee ပြန်လာပါပြီ။ Dew မျက်နှာမကောင်းပေမဲ့

- Tee ပြန်လာပြီလား

Tee ကဖြူစင်တဲ့ကလေးလေးလိုပဲ သူ့ရှေ့ကိုရောက်လာတယ်။ - omm ခင်များ ကြည့်ရတာဖြူဖျော့နေသလိုပဲ နေမကောင်းဘူးလား

Tee လက်လေးက သူ့နဖူးပေါ်အရောက် သူရှောင်ဖယ်ပြီး - မင်းသူငယ်ချင်းနေကောင်းပြီလား။ သူဘာဖြစ်တာလဲ။- ကောင်းသွားပြီ။ သူကရိုးရိုးအအေးမိတာပါ။- ဟုတ်လား

Dew မူမမှန်တာကို Tee သတိထားမိသွားတယ်။ အိမ်ကအလုပ်သမားတွေကလည်းစပ်စုနေကြတယ်။- ခွန် ဖျားနေတာလား။ ဆေးသောက်ထားလား။ ဘာစားထားလဲ။- မင်းကငါ့ကိုဂရုစိုက်သေးတာလား- စိုက်တာပေါ့ ဘယ်လိုပြောလိုက်တာလဲ။- Teeradech ဒါဘာလဲ ရှင်းပြစမ်း

Tee ရှေ့လွင့်လာသော Tablet ပေါ်ကပုံရိပ်ကြောင့်သူလန့်သွားတယ်။ Tablet ထဲမှာက Tee ရယ် တခြားအမျိုးသမီးတစ်ယောက်ရယ် ဟိုတယ်ခန်းကအတူထွက်လာတာပါပဲ။အဲဒီအမျိုးသမီးကပြည့်တန်ဆာလုပ်တဲ့နေရာမှာနာမည်ကြီးဆိုပါတော့။

- ဒါကဘာလဲ - ခွန် ကျတော်ရှင်းပြမယ် - မကြားချင်ဘူး မင်းကွာ လာခဲ့စမ်း

Tee ကိုပခုံးကနေထမ်းပြီး အပေါ်ခေါ်သွားကာ အခန်းထဲရောက်မှ တံခါးကိုလော့ချပြီး

- ပြောစမ်း ဘာအချိုးချိုးတာလဲ ဘာလို့ငါ့ကိုလိမ်တာလဲ ပြော မင်းသူနဲ့အိပ်ခဲ့တယ်မလား။ မင်းမှာသူရှိနေလို့ ငါ့ကိုငြင်းနေတာမလား ပြောစမ်း။ - ခင်များ မဟုတ်တာတွေမပြောနဲ့။ သူကကျတော့ သူငယ်ချင်း။ - သူငယ်ချင်းက ဟိုတယ်သွားလား သွားလားလို့ - ခင်များ ကျတော့ကို လာမအော်နဲ့ရှင်းပြမယ် နားထောင် - မရှင်းနဲ့ လုပ်ဇာတ်‌ေတွနားမထောင်ချင်ဘူး - ခွန် - ဘာလဲ - ကျတော်ခင်များကိုလိမ်ခဲ့တာမှန်တယ် ဒါပေမဲ့ သူနဲ့ကသူငယ်ချင်း သူကအခုကိုယ်ဝန်ကြီးနဲ့ဒုက္ခရောက်နေတာ သူ့မှာ ကူကယ်ရာမဲ့နေလို့ သတ်သေမယ်လုပ်နေလို့ မိတ်ဆွေအနေနဲ့ အားပေးပြီးဖြောင်းဖြနေတာ ဘာအကန့်မှမရှိဘူး - ဖြောင်းဖြတာ ဟိုတယ်မှာ ဖြောင်းဖြတာလား ဟုတ်လား - ကျတော့သိက္ခာကိုစော်ကားလွန်းနေပြီနော် ခင်များ - ငါကတော့ နေမကောင်းဘူး မင်းကိုတမ်းတနေတဲ့အချိန် မင်းကသူနဲ့တစ်ညလုံးရှိနေတာ ဘယ်လိုငါကနားလည်ရမှာလဲ။ ဟမ်

Tee ပြန်မပြောတော့ပါ။ ဆက်ပြောလည်းမထူးမှန်းသိပြီမို့ အခန်းထဲကထွက်မယ်အလုပ်DEW ကနောက်ပြန်ဆောင့်ဆွဲလိုက်ကာ ကုတင်ပေါ် တွန်းချပြီး အတင်းအကြပ်တက်ခွကာ Tee လက်ကိုချုပ်ရင်း

- ဘယ်သွားမလို့လဲ အဲ့မိန်းမဆီသွားမလို့လား- စကားတွေကမလွန်လာနဲ့ ခင်များ ခွန် သဝန်တိုနေတာမလား ကျတော်သိပါတယ် ဒါပေမဲ့ စိတ်ချ ကျတော်ခင်များကိုပဲချစ်တာ သူနဲ့ဘာမှမဆိုင်ဘူး အကယ်၍ဆိုင်ခဲ့ရင်ကွာ ကျတော်သေ...

Dew သူ့နှုတ်ခမ်းကို တစ်ချက်ဖိနမ်းလိုက်တယ်။ ပြီးမှ ပြန်ခွာပေးကာ နဖူးချင်းထိကပ်ရင်း

- Tee နောက်ကို သေဆိုတဲ့စကားမပြောပါနဲ့

Tee သက်ပြင်းချရင်း - ခင်များမှ ကျတော့ကိုမယုံတာ နောက်နေ့သူနဲ့တွေ့ပေးမယ် ရှင်းပြခိုင်းမယ်- မင်းတို့က ဇာတ်တိုက်ထားရင်ရော- ဟာ ခင်များ

Tee စကားမဆုံးခင် ဖုန်းကဝင်လာတာမို့ Tee ကကိုင်ကာ စပီကာဖွင့်လိုက်တယ်။ Dew ကအပေါ်ကနေမဖယ်သေးဘဲ စပ်စုနေတယ်။

- ဟလို ပြောပါ- Tee အိမ်ရောက်ပြီလား - ဟုတ်ကဲ့ ကျဲ - ကျဲတောင်းပန်တယ်နော် ကျဲကြောင့်မင်းမနေ့ကအချိန်ကုန်သွားရတယ်။ ဒါပေမဲ့ မင်းကိုကျေးဇူးတင်ပါတယ်မင်းကြောင့်ဘဝအဓိပ္ပါယ်ကိုတွေ့ခဲ့ရတာ။ အခုချိန်ကစပြီးသူ့ကိုတမ်းတမနေတော့ဘဲ ကလေးအတွက်အကောင်းဆုံးနေသွားမယ်။ လက်ရှိလုပ်နေတဲ့အလုပ်ကိုလည်းစွန့်လွတ်လိုက်မယ်။မိခင်ကောင်းတစ်ယောက်ဖြစ်အောင်နေမယ်။ ကျေးဇူးပါ Tee ကျဲကိုဘဝသစ်စနိုင်ဖို့ အားပေးခဲ့လို့ပါ။ - ရပါတယ်ကျဲ။ တစ်ခုခုလိုအပ်ခဲ့တာရှိရင်လည်းကျွန်တော့်ကိုပြောပါ။ ကျနော်တို့ကသူငယ်ချင်းတွေပဲ- ကျေးဇူးပါTee ရယ် - ရပါတယ်ဗျ

ဖုန်းချပြီးတော့Dewမျက်နှာကပြုံးစိစိ၊ သူမှားသွားပြီဆိုတဲ့အထာနဲ့ Tee ရင်ခွင်ထဲခေါင်းတိုးဝင်ကာ

- TeeTee ကိုယ်နေမကောင်းဘူး။ အားပေးပါအုံး

Tee ကသူ့ကျောကိုဖြတ်ကနဲရိုက်ချလိုက်ကာ

- ဘာလဲ ဆက်ပြောအုံးလေ ရန်ဖြစ်အုံးမယ် လာလေ ဘယ်သူနဲ့အိပ်တာ ပြောပါအုံး- ကိုယ်ကသဝန်တိုတတ်လို့ပါ တခါလေးမှားတာပါ- ဘာတခါလဲ ပြောအုံးလေ ခုနကရန်ဖြစ်နေတုန်းကကျတော့ နေမကောင်းမဖြစ်ဘူးမလား။ - Tee ရယ် ကိုယ်ကလေ ချစ်လို့ မှားသွားတာပါဆို ဆောရီးပါ နောက်မပြောတော့ပါဘူး အခုတော့ ကိုယ်ခေါင်းကိုက်နေပြီမို့ သဲလေးရယ် ကုပေးပါအုံး

သူချွဲချင်ရင်သဲလေးဖြစ်သွားရော အခုလည်း သူ့အရပ်ကြီးကလန်ကလားနဲ့ Tee ပေါ်တက်နေကာ ကလေးလေးလို ပြုမူနေတာ

- ခင်များကဆရာဝန်လေ ဆေးပညာတောင်မမေ့သေးဘူး ကွကိုယ်ကုလေ - ဟာ သဲလေးကလည်း ကိုယ်ကဆရာဝန်ဖြစ်ခဲ့တာကြာလှပြီ အခုတော့လူနာပဲ ကိုယ်က Tee ကုပေးမှပျောက်မှာ နော် နော်လို့- အာ့ဆို အရင်ဖယ် ရေပတ်တိုက်ပေးမယ် ပြီးရင်အစားစားရမယ် ဆန်ပြုတ်တိုက်မယ်ညကျဆေးတိုက်မယ်

Dew ကမဖယ်ပေးသေးဘဲ Tee အနားနားကပ်ကာ တိုးတိုးလေး

- TeeTee ကိုယ်အဖျားကျသွားအောင်တခြားနည်းနဲ့မကုသချင်ဖူးလား

Tee ကခဏအူကြောင်ကြောင်ဖြစ်ကာ

- ဘာနည်းလဲ- ကိုယ်တို့တရားဝင်တွဲတာတစ်လပြည့်တော့မယ်လေ အဲ့တာ ကိုယ်တို့တခါမှမချစ်ရသေးဘူး ချစ်ကြရအောင်

Tee အတင်းကုန်းရုန်းထကာ

-မရဘူးနော် ခင်များဖျားနေတာ မလိုအပ်ဘဲလျှောက်မလုပ်သင့်ဖူး ကျတော်ပါအဖျားကူးကုန်မှဖြင့် - သဲလေးကလည်း အဲ့ကိစ္စပြောရင် အမြဲဒီလိုပဲ ကိုယ့်ကိုမချစ်သလိုခံစားရတယ်

Tee က Dew ကိုသနားသလိုကြည့်ပြီးမှ

- ဒီလိုလုပ် ခင်များနေကောင်းသွားရင်ရော ဘယ်လိုလဲ ဟင်

Dew ထထိုင်ကာ

- တကယ်လား ကတိနော် ကတိ- ကတိ ကတိ

ဒီလိုနဲ့ပြေလည်သွားပါတယ်။

________Dew နေကောင်းကာစ ရုံးတက်ကာ ဟိုတယ်ဘက်လှည့်စစ်ရင်း

- Boss တွေ့ဖို့လူတစ်ယောက်ရောက်နေပါတယ် lobby ထဲမှာစောင့်နေပါတယ်။- ဘယ်သူလဲ- ဆရာသွားတွေ့လိုက်ပါဗျ ဆရာဝမ်းသာမိမှာအသေချာပဲ

Dew သွားလိုက်တော့ သူတကယ်ပြုံးယောင်ယောင်ဖြစ်သွားတယ်။

- Yok သူငယ်ချင်း- ဟေး ဘယ်လိုလဲ Surprise- မင်းကွာ လာမယ်ဆိုတာ ကြိုမပြောဘူး ငါပြင်ဆင်ထားတာပေါ့- အမယ် မင်းကမအားပါဘူး။ အချစ်ရူးနေလို့လေ- မင်းကလည်းကွာ သတင်းကမြန်လိုက်တာ ပြောပါအုံး အခုဘာလုပ်နေလဲ- ဆရာဝန်ဆိုတော့ ဆရာဝန်အလုပ်လုပ်ရတာပေါ့ ငါ့ကောင်ရဲ့

Yok က Dew နဲ့ဆေးကျောင်းထဲက သူငယ်ချင်းပါ။ သူ့ဘဝကိုနားလည်တဲ့နောက်တစ်ယောက်ပေါ့။

- အေးကွာ ကောင်းတာပေါ့

Dew မျက်နှာတောင်မကောင်းဖြစ်သွားတယ်။ တချိန်က ဆရာဝန်ဆိုတာ သူ့ဘဝရဲ့မြတ်နိုးရတဲ့အလုပ်ပဲလေ။ ဒါပေမဲ့ ရိုက်ခတ်မှုလည်းရှိတာပေါ့။

- ဟေ့ကောင် မင်းအခုလုပ်ငန်းပြောင်းနေတယ်ဆို ပြောင်းလက်စနဲ့ ဆရာဝန်ပြန်လုပ်ပါလားကွာ မင်းအခုထိမမေ့သေးဘူးမလား ပြန်လေ့လာရင်ရပါတယ်။ ငါလည်းရှိနေတာပဲကွာ ဘယ်လိုလဲ ဟျောင့်- တော်ပါပြီ ငါ့လက်တွေက မသန့်စင်တော့ဘူးလေ ခွဲစိတ်ဓားပြန်ကိုင်ဖို့က မလွယ်ပါဘူးကွာ ငါ့ကြောင့်အပြစ်မဲ့တဲ့သူတစ်ဦး အသက်ဆုံးခဲ့ရတာ‌ ငါကဆရာဝန်လုပ်ဖို့မထိုပ်တန်ပါဘူးကွာ ငါကဒီလိုမကောင်းတဲ့အလုပ်တွေလုပ်နေဖို့က ကံကြမာကသတ်မှတ်ထားတာလေ- မင်းအခုထိအဲ့စိတ်နဲ့နေတုန်းလား။ လွှတ်ချလိုက်ပါ‌ေတာ့ကွာ။ မင်းအမှားမဟုတ်ပါဘူး။

Dew မျက်ဝန်းတို့ဝေးလံတဲ့နေရာကိုပဲ ရောက်နေမိပါတော့တယ်။

--------------အိမ်ရောက်တော့ Tee ကအပြုံးလေးနဲ့ကြိုနေပါတယ်။

- ပင်ပန်းလာတာလား- နိုးပါ မင်းရော အလုပ်ကိစ္စအဆင်ပြေရဲ့လား- ပြေပါတယ် စစချင်းဆိုတော့ဖြေးဖြေးချင်းပေါ့

Tee ကပြောလည်းပြောရင်း သူ့အ‌ေပါ်ဝတ်အကျီကိုကူချွတ်ပြီး ချိတ်ချိတ်ပေးနေပါတယ်။ ပါးစပ်ကလည်း တဖွဖွနဲ့ တကယ့်ကို အိမ်ရှင်မကြီးလိုပဲ။အပြုအမူတိုင်းကသူ့ကို အသဲယားစေပါတယ်။

- ခွန်သိလား မနက်ကအလုပ်မသွားခင် မနက်စာလုပ်ပေးတာဘာလို့မစားတာလဲ မနက်စာစားရင်ဉာဏ်ကောင်းတယ်။ မစားတော့ဘယ်လိုလုပ်ရမလဲ အစာအိမ်ဖြစ်မှာပေါ့- တကယ်တော့ကိုယ်ကစားချင်ပါတယ်။ TeeTee မှမကျွေးတာ - ဘာစားမလဲပြော နောက်နေ့ချက်ကျွေးမယ်

Dew ချက်ချင်း Tee ကိုဆွဲဖက်ပြီး

- တကယ်လား ကိုယ်စားချင်တာက မင်းလေ

Tee အောက်နှုတ်ခမ်းကိုကိုက်ကာ စူပုတ်ရင်း နားရွက်ကလဲ ရဲတက်လာကာ

- ဟာ ဘာတွေပြောမှန်းမသိဘူး ခင်များက

Dew ကိုတွန်းထုတ်ရင်းထွက်သွားပါတယ်။ Dew ကကြည့်ရင်း အူယားလာပါတယ်။ သူ့ရဲ့ TeeTee လေးက  အရှက်အကြောက်ကြီးတဲ့အပြင် introvert လေးမို့ သူ့မှာမထိမကိုင်ရက်ဖြစ်ရပါတယ်။ အတိုဝတ်လည်း အူတိုရ၊ ဟိုပေါ်ဒီပေါ်ဆိုမကြိုက်ပါ။ ဒါပေမဲ့ ခက်တာက သူ့အဖြစ်က အချိန်အကြာကြီး အလှလေးနဲ့အတူရှိနေရပေမဲ့ မြင်သာမြင် မကြင်ရတော့ အနည်းငယ်တော့ရင်ခံပါတယ်။ အတင်းအကြပ်မလုပ်ချင်ဘူး ဘာလို့ဆို သူ့ကိုသိပ်တန်ဖိုးထားလို့ပါ။ သူခွင့်မပြုရင် ကိုယ်ဟာ တစ်လှမ်းတောင်မရွေ့ချင်သူပါ။ ဘာလို့ဆို Tee ကကိုယ့်ရဲ့ ဘဝကြီးမို့လေ

-------မနက်ခင်းသတင်းများ ထုတ်လွှင့်ချက်

- အခုဆို အာဖဂန်နစ္စတန်မှာ စစ်ပွဲတွေဖြစ်လာနိုင်ချေမြင့်တက်- ဘန်ကောက်မြို့ရှိ .....တွင် လူသတ်မှုဖြစ်သွား- ###

Tee အလုပ်မသွားခင် သတင်းများကို နားထဲကြားတစ်ချက် မကြားတစ်ချက်။ သူကလတ်တလော graphics နဲ့သက်ဆိုင်တဲ့ရုံးသေးသေးလေးဖွင့်ဖို့ ကြိုးပမ်းနေတာပင်။ သူက computer graphics ပိုင်းနဲ့ဘွဲ့ရတာဆိုတော့ အဆင်ပြေပြေရှိနေပါတယ်။

-  သားလေး

မေမေ့အသံကအမြဲနွေးထွေးနေတာပဲ

- မေမေ နေကောင်းလား ဒီရက်ပိုင်းပိန်သွားသလိုပဲ

Tee နဲ့သူ့အမေကတော့ အဆက်သွယ်မပြတ်ပါ။ အဘိုးလစ်တုန်းဆက်သွယ်ရ၊ဈေးသွားသလိုလိုနဲ့တွေ့ရနဲ့။ အခုလဲ Tee က သူ့အမေသွားနေကျ ဈေးဆိုင်ကနေစောင့်တွေ့ရတာပင်အဘိုးကသိပေမဲ့ မသိချင်ယောင်ဆောင်ပေးထားတယ်လို့တော့ Tee ထင်ပါတယ်လေ။______

Dew နေပြန်ကောင်းလာကတည်းက အထူးအဆန်းလုပ်နေတာပင်။ အရင်ထက်အားကစားလုပ်လာသလို တချိန်လုံး muscle and body ကို ဂရုစိုက်လာသလိုပဲ။ တခါတရံလည်း Tee ရှေ့မှာ Gentlemen လိုလို Protective Husband လိုလို လုပ်ပြနေရတာအမောပင်။ Pop တောင် ကြောင်နေလေပြီ။ သူ့ Boss ဘာဖြစ်နေတာလဲပေါ့။ တခါတလေလည်း ငါမိုက်လား။ မင်းသာTeeဆိုငါ့ကိုဘယ်လိုမြင်မလဲတို့ လျှောက်မေးနေတော့တာပင် 😆 တကယ် Boss မရူးဘဲ Pop ရူးချင်လာပြီဗျာ အကိုလေးရေ ကယ်တင်ပေးပါတော့ဗျာ______

(သနားစရာကိုဂျီရာလေးဆန္ဒကိုဖြည့်ပေးရမလား reader တို့ရေ😅 )

There are no comments yet. Log in to be the first to leave a review!

Similar stories