10 အချစ်နဲ့မိသားစု
19:15, 5 October 2025Dew အိမ်ကနေစထွက်ကတည်းကပြုံးပြီးအလုပ်ကိုသွားပါတယ်။ အိမ်ကအလုပ်သမားတွေတောင်အံ့ဩနေကြတယ်။အန်တီဝါကတော့ တခုခုကိုရိပ်မိသလို ရယ်နေမိပါတယ်။ အိမ်ကလူတွေက တီးတိုးပြီး
- ငါတို့သခင်ကြီးဒီနေ့လိုအမြဲဖြစ်နေရင်ကောင်းမယ်- ဟုတ်တယ် သခင်ကြီးကရယ်ပြုံးနေရင် တကယ်ရက်ရာဇာပဲ သိလား - အေးလို့ ဟဲ့ အဲ့တာသူ အကိုလေးနဲ့ပြန်အဆင်ပြေတာလား မသိ - ဖြစ်နိုင်တယ် ဟီး ငါတော့လေ သူတို့ကိုပြေလည်စေချင်တယ် တယောက်နဲ့တယောက်ချစ်နေတာ ဘေးကငါတို့တောင်မြင်ရတယ်- ဟုတ်ပါ့ ________- Pop - kha boss - ဒီနေ့ဘာအစီစဉ်ရှိလဲ- ဒီနေ့နေ့လည် ကာစီနိုဝိုင်းဘက်ကို check လုပ်ရပါမယ်။ ဟိုတယ်ဘက်ကလည်း အဆင်ပြေပြေရှိနေပါတယ်။ ဘော်ဒီဂတ်သင်တန်း training နဲ့ သေနတ်ပစ်ပညာ၊ ကိုယ်ခံပညာသင်ကြားရေးကတော့ လူသစ်ထပ်ခေါ်ဖို့ရှိပါတယ်။- ဒီနေ့အလုပ်တွေကိုမင်းဆီအပ်ခဲ့မယ်။ ဝယ်ခိုင်းထားတဲ့ ကွန်ဒိုကော ရပြီလား။- ဟုတ်ကဲ့ဗျ - Teeradech နာမည်နဲ့မလား- ဟုတ်ကဲ့ဗျ - အေး တော်တယ် ဒီလိုလုပ် ဒီနေ့ဂိုဏ်းကအဖွဲ့သားအားလုံးကိုစောစောနားခိုင်းလိုက်ပါ။ ပြီးတော့လူတိုင်းကို Bonus ငွေသားပေးလိုက်။ မင်းလည်းယူလိုက်။ - kha boss ကျေးဇူးပါဗျ- အေး
Dew ထိုင်ခုံကနေထပြီး ရုံးခန်းကအထွက်- ဒါနဲ့ Pop ငါ့ဂိုဏ်းမှာ ရှိတဲ့ အိမ်ထောင်သည်တွေကို လိုအပ်တာမေးပြီး ထပ်ထောက်ပံ့ပေးလိုက် အပိုဆောင်း- Kha Boss _______Tee ရေမိုးချိုးပြီး အိမ်အောက်ဆင်းလာပါတယ်။ သူ့ခြေလှမ်းတွေကိုရပ်တန့်စေတဲ့အရာက
- အကို Ree
သူ့အကိုကသူ့ကိုစာဖတ်ခန်းထဲဆွဲခေါ်သွားတယ်။
- Tee ငါမင်းကိုပြောစရာရှိတယ်- ဘာပြောမလို့လဲ- မင်း ပန်ကိုမချစ်တာ ငါသိတယ်
Tee အနည်းငယ်လန့်သွားပါတယ်။ ဒါမဲ့ဟန်ဆောင်ပြီး
- မင်းငါ့ကိုဒီလိုလာပြောနေတာ ဘာလိုချင်တာလဲ- ပန်ကိုငါချစ်နေတာ မင်းလည်းသိတာပဲ ငယ်ငယ်ထဲက မင်းကငါ့ထက်အမြဲ ကောင်းတာရတယ်။ အခုဆို ပန်ရဲ့ မျက်လုံးကမင်းဆီပဲ ငါ့ဆိုမချစ်ဘူး ငါ့ဘက်မှာမရှိဘူး။ အဲ့တော့ မင်းနောက်ဆုတ်ပေး- ဒီမှာ P'Ree နားထောင် ငါတကယ်ပန်ကိုလုယူချင်စိတ်မရှိဘူး အဘိုးတို့ကြောင့် ငါက- မင်းစဉ်းစားစမ်း ငါကမင်းအကို မင်းဘာသာ လူဆိုးလုပ်ပီး ပန်ကို လမ်းခွဲ ငါ့ဆီကိုပေး အေး မဟုတ်ရင် မင်း Gay ဖြစ်ကြောင်း ငါအဘိုးကိုတိုင်ပြောပစ်မယ်။
Tee အတော်လေးရှော့ခ်ရသွားတယ်။ သူဘယ်လိုသိတာပါလိမ့်။ မေမေနဲ့သူရယ် perth ရယ်ပဲသိတဲ့ကိစ္စမလား။ Ree ကဟက်ဟက်ပက်ပက်ရယ်ကာ
- ဘယ့်နှယ့်လဲ ငါ့ကောင် အရာရာ ပြည့်စုံနေတဲ့အဘိုးရဲ့မြေးလေး သူ့မြေးကဘာကောင်လဲဆိုတာသာ သိရင် သူရူးမတတ်ဖြစ်နေမှာပဲ ဟား ဟား- P'Ree - ငါဝမ်းသာတယ် Tee မင်းအားနည်းချက်ကိုငါသိနေလို့ အဲ့တော့ ငါပြောတာ စဉ်းစားထား မဟုတ်ရင် လစ်တော့
Ree က Tee ကို လည်ပင်းဖြတ်တဲ့ပုံစံ လက်နဲ့လုပ်ပြကာ အခန်းထဲကထွက်သွားပါတယ်။ Tee အတော်လေး ဟန်မပျက်အောင် ထိန်းထားပေမဲ့ ခြေတောင်မခိုင်ချင်တော့။ ထိုချိန် ဖုန်းဝင်လာတာမို့ အသံကိုထိန်းကာ
- Hello - TeeTee ကိုယ်စောင့်နေတာ ကြာပြီ မလာသေးဘူးလား-------- Hello Hello TeeTee ကိုယ်ပြောတာကြားလား- အင်း - Tee အဆင်ပြေရဲ့လား တခုခုဖြစ်နေတာလား- ဟင့်အင်း
ဟင့်အင်းသာ ပြောနေတာ ဖုန်းကိုင်ထားတဲ့ လက်ကတုန်နေပါပြီ။ ဒါမဲ့ အားတင်းကာ
- ခင်များ ဘယ်မှာလဲ _______
Tee ချိန်းထားတဲ့ ကွန်ဒိုကိုရောက်တော့ Dew ကတံခါးဖွင့်ပေးတယ်။ သူကဝင်လာပြီး Dew ကို ဖက်ထားလိုက်တယ်။ ဘာစကားမှမပြောဘဲ။ Dew အနည်းငယ် မင်သက်မိပေမဲ့ ပြန်ဖက်ထားပေးကာ ကျောလေးကိုပုတ်ပေးရင်း
- TeeTee ဘာဖြစ်လာတာလဲ
Tee ကဖက်ထားရင်းနဲ့ပဲ ဘာမှမဖြစ်ကြောင်း အသာလေးခေါင်းရမ်းပြတယ်။ Dew ပြာယာခတ်သွားကာ ဖက်ရာမှ အသာလေး ခွာကာ ပါးလေးကို ဖွဖွလေး ကိုင်ရင်း အသံချိုချိုလေးနဲ့
- ဘာမှမဖြစ်တာ မဟုတ်ဖူး လိမ်နေတာ ပြောပါ ဘယ်သူမင်းကိုဘာလုပ်တာလဲ ကိုယ်ရှင်းပေးမယ် ပြော ကိုယ့်ကိုပြောပါ - ဘယ်သူမှမလုပ်ဖူး ကိုယ့်ဘာကိုယ် တွေးနေတာ- ဘာတွေးတာလဲ ဟင် ပြောပါ ကိုယ်စိတ်ပူလာပြီ- အိမ်ကဘိုးဘိုးက - အင်း ပြော- ကျတော့် ဘာလဲ ဆိုတာ မသိသေးဘူး အဲ့တာ သိရင် ခင်များနဲ့ ဝေးရလောက်တယ်- အဲ့တော့- ဘာ အဲ့တော့ လဲ။ ခင်များ စိတ်မပူဖူးလား။ တခါမှမတွေးကြည့်ဖူးလား။ - ကိုယ်တွေးနေပါတယ်။- ဘာတွေးတာလဲ။- မင်းအိမ်ကလက်ခံလာအောင် ကိုယ်လုပ်ပါ့မယ်။ - ပြောရင် လွယ်ပါ့။ အဘိုးကတကယ်မရဘူး။ စိတ်ကြီးတယ်။ သူဒေါသထွက်ရင်လေ တကယ်မသိလို့ သူက...
Tee ကသာစိုးရိမ်တကြီးပြောနေတာ Dew ကသူ့မျက်နှာပဲစိုက်ကြည့်နေတာမို့
- ခွန် ကျတော်ပြောနေတာ ကြားလား။ ကျတော့မျက်နှာပဲငေးမနေနဲ့။- ချစ်လို့လေ
Tee တကယ်စိတ်ပိန်လာပါတယ်။ တကယ်အရူးကျလို့။
- ခွန် မနောက်နဲ့ကွာ စိတ်တိုလာပြီ။ ပြောနေတာ နားထောင်- နားထောင်ေနပါတယ် ဘိုးဘိုးကဘာဖြစ်တယ်ဆိုလား- ဟာ စိတ်တိုလာပြီ လက်သီးနဲ့ထိုးမှာဗျ - ထိုးလေ ကိုယ်လည်းပြန်ထိုးမယ်။ လက်သီးနဲ့မဟုတ်ဘူး နှုတ်ခမ်းနဲ့- ခွန် ဂျီရာဝပ် - ဗျာ - တော်ပြီ ပြန်မယ်
Tee ပြန်လှည့်တော့ သူက လက်လေးကိုဆွဲကာ - အိုကေ အိုကေ မစတော့ဘူး ကတိ ကတိ
Tee ရုတ်တရက်ဟန်ပုံစံပြောင်းကာ ပြံုးပြရင်း
- ထားပါ အခုပြောနေလည်း အသုံးမဝင်ဘူး။ အချစ်ရူးနေလို့
Tee တစ်ယောက်စူစောင့်ရင်း Dew ခြေထောက်ကို ဖွဖွလေးနင်းသွားပါသေးတယ်။_______ညရောက်သော် Tee က TV ရှေ့မှာ ထိုင်ရင်းသီချင်းနားထောင်နေပါတယ်။ Dew ကရေမိုးချိုးလာပြီး မှန်ရှေ့မှာ သူ့ဗလသူ ကြည့်ကာ 💪 ဂုဏ်ယူနေတာပေါ့။😆 တကိုယ်လုံး ရေမွှေးပုလင်းမှောက်ချမတတ် ရေမွှေးဖြန်းထားပြီး Tee အနားသွားပါလေရဲ့။ ဟိုက သူ့ကိုမမြင် စိတ်တောင်မဝင်စား။ နောက်ဆုံး စိတ်မရှည်ဘဲ Tee ပေါင်ပေါ် ခေါင်းတင်လှဲလိုက်ပါတယ်။ Tee ကအေးဆေးပဲ သူ့ကိုပြုံးပြကာ TV ပေါ်က အဆိုတော်တွေ ပဲပြန်ကြည့်နေပါတယ်။ Jirawat တို့ မနေတတ်တော့ပါ။ အူတိုလာပါပြီ။
- TeeTee- ဟင်
ပြန်သာထူးနေတာ သူ့ကိုမကြည့်ပါ။ TV ထဲကိုပျော်ဝင်လို့ သူစိတ်ရှုပ်ကာ TV ရီမုကိုယူကာ ပိတ်ပစ်ပါတယ်။ အဲ့တော့ Tee ကနှုတ်ခမ်းလေးစူပြီး
- ကြည့်နေတာကို ဘာလုပ်တာလဲ- မကြည့်ရဘူး- ခွန်ဂျီရာဝပ် ပြန်ဖွင့်လို့ - မဖွင့်ဘူး မင်းနဲ့အတူအချိန်ကုန်ဆုံးချင်လို့ ပါဆို ကိုယ့်ကိုမကြည့်ဘဲ TV ပဲကြည့်နေတာ - ခင်များကလည်း အခုလည်းတူတူအချိန်ကုန်နေရတာပဲကို- TeeTee- ဟင်- ကိုယ်တို့ပျော်စရာလေးလုပ်ကြမလား- omm ဘာလုပ်ကြမလဲ- ကိုယ့်အထင်。。。。- သိပြီ ကျတော် ခင်များကို ပုံပြင်ပြောပြမယ်______Jirawat တို့မျှော်လင့်ချက်တွေရိုက်ချိုးခံလိုက်ရပါပြီ။ Tee က သူ့ကို ရင်ခွင်ထဲသွင်းကာ ကလေးငယ်ကို အမေကချော့သိပ်သလိုလေး ချော့မြူရင်း
- ဟိုးရှေးရှေးတုန်းကပေါ့ကွယ် ရွာကြီးတစ်ရွာမှာ 。。。。🤣
Tee ပုံပြောပြပြီးချော့သိပ်တာကို မကျေမချမ်းပေမဲ့ ငြိမ်နေရင်း နာရီဝက်ေလာက်ေနေတာ့ အချစ်ရူး မာဖီးယားေလး Dew ကတော့ Tee ရင်ခွင်ထဲ အိပ်ပျော်သွားပါပြီ။ ________Tee တစ်ယောက်အိမ်ကလူတွေအားလုံးကို ခေါ်ကာ သတ္တိရှိတဲ့ မျက်နှာထားနဲ့ ဧည့်ခန်းမှာထိုင်နေပါတယ်။ သူ့အမေက ရင်တထိတ်ထိတ်မျက်နှာနဲ့ပေါ့။
- အားလုံးကိုကျတော်အသိပေးစရာရှိလို့ပါ ကျတော် ပန်နဲ့ လုံးဝ လက်မထပ်နိုင်ပါဘူး။
အားလုံးရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်။ သူ့အမေက သူ့ကိုကြည့်ရင်း မျက်လုံးတွေကစကားပေြာနေဟန်။ သူ့အဒေါ်နဲ့ Ree ကတော့ထိုင်လျက်။
- ဘာပြောတယ် ငါ့မြေး ပြောပါအုံး သားမှာ ရည်ရွယ်ထားတဲ့သူရှိလို့လား။ - ကျတော် ချစ်တဲ့သူရှိပါတယ် ဘိုးဘိုး အကုန်လုံးကို မိတ်ပျက်စေဖို့ မရည်ရွယ်ပါဘူး။ သားကိုနားလည်ပေးပါ။ - နေပါအုံး သားရဲ့ ပန်က အေးချမ်းတယ် ထက်မြတ်တယ် လှတယ် လိုလေးသေးမရှိဘူး။ သားချစ်တဲ့ကောင်မလေးက သူ့နီးနီးမီှရင် အဘိုးတို့ဖက်က စဉ်းစားပေးမယ်။ ခေါ်ခဲ့
ထိုအချိန် သူ့အဒေါ်က ကြားဝင်ဖျက်ကာ
- အဖေရယ် အစထဲက သမီးပြောသားပဲ ဒီကောင်လေးက ပန့် အပေါ် ခံစားချက်မရှိပါဘူးလို့ အစထဲက Ree နဲ့စေ့စပ်ခဲ့သင့်တာ- ဘာကွ တော်စမ်း Ree ကဘာကိစ္စပါလာတာလဲ- ဟုတ်တယ်လေ အဖေရယ် အဖေက အဖေ့မြေးငယ်လေးဆို သိပ်အကဲပိုတာပဲ။ Ree ကိုဆိုနေရာမပေးဘူး။ အမြဲသူ့အတွက်ပဲစဉ်းစားနေတယ်။- နင်ပြောနေတာ နင့်တူပါ။ မိသားစုချင်း မနာလိုမနေနဲ့။- သမီးကမနာလိုတာ မဟုတ်ဖူး။ အဖေ့ကိုအမြင်မှန်ရအောင် ပြောပြနေတာ။ - ငါကငါ့မြေးတွေကိုအတူတူချစ်တာ။ အမြဲအောင်မြင်စေချင်တာ။ငါနင့်သားကိုလည်း လုပ်ငန်းခွဲပေးထားတာပဲ။ Tee လိုပဲ သူလည်းCEO ပဲလေ။ ဒါပေမဲ့ ဘာဖြစ်လဲ ထင်သလောက်မအောင်မြင်ဘူးမလား။
Tee တို့သားမိခေါင်းကိုက်လာပါပြီ။ မုန်တိုင်းကကြမ်းချက်။
- မြေး Tee ပြော သားချစ်သူက ဘယ်သူလဲ။ ဘယ်ကလဲ။ မျိုးရိုးမြင့်လား။ ဘယ်အိမ်က မိန်းကလေးလဲ။- သားချစ်သူက
Tee သူ့အမေကို တချက်ကြည့်ရင်း
- Dew Jirawat ပါ သားကယောက်ျားေလးတစ်ေယာက်ကို ချစ်တဲ့သူတစ်ယောက်ပါ။ သားကိုခွင့်လွှတ်ပါ ဘိုးဘိုး
သူ့အဘိုးသွေးနားထင်ရောက်သွားကာ ဒေါသဆူလျက်
- ဘာကွ Teeradech အမိုက်ကောင် အရိုင်းစိုင်း ငါတို့မိသားစုကို ဒုက္ခပေးခဲ့ဖူးတဲ့သူကိုမှ မင်းမလို့ ငါကွာ တောက်ခ် ဟဲ့ နင်ရောသိလား နင့်သားအခြေနေကို
Tee အမေက မျက်ရည်ကျလျက်။ အဖြေကမျက်နှာမှာပေါ်နေတယ်။ သူ့အဒေါ်နဲ့ Ree ကလည်း ဒီလိုပြောမယ်မထင်ပေမဲ့ ထပြောလို့ စပရိုက်ဖြစ်နေရော။ Tee ကသူ့အဘိုးနားသွားကာ ဒူးထောက်ရင်း
- သားကိုခွင့်လွှတ်ပါ ဘိုးဘိုး
သူ့အဘိုးကသူ့ကိုရိုက်ဖို့ တုတ်ကောက်နဲ့ ရွယ်လိုက်ပေမဲ့ ချစ်ရပါသောမြေးလေးမို့ မရိုက်ရက်။ ဒေါသထွက်လျက်
- ငါတို့မိသားစုကို သိက္ခာချတဲ့ကောင် မျိုးရိုးတုံးအောင်လုပ်မဲ့ကောင် ငါ့မြေးလို့ပြောရမှာ ငါသိပ်ရှက်တယ်။ အဲ့ကောင်နဲ့အဆက်ဖြတ် ပန်နဲ့လက်ထပ်ရမယ်။ မနက်ဖြန်ပဲ ချက်ချင်း- ကျတော့်ကိုအတင်းကြပ်မလုပ်ပါနဲ့ လက်မခံပါရစေနဲ့ ဘိုးဘိုး- ဟဲ့ နိဆာ မြင်လား။ နင့်သား ငါ့ကိုခံပြောနေတာ ကြားလား။ - သမီးတောင်းပန်ပါတယ် ဖေဖေ သားလေးကို- တော်စမ်း မင်းအဲ့ကောင်ကိုချစ်လားဖြေစမ်း ငါမေးတာ
Tee အသာလေး ခေါင်းညိတ်ပြတယ်။
- အားလုံး မှတ်ထားကြ ဒီနေ့ကစပြီး ငါ့မိသားစုထဲမှာ teeradech vitheepanich ဆိုတာ မရှိတော့ဘူး။ သေသွားပြီ။ ထွက်သွား နောက်ဘယ်တော့မှ ငါ့အိမ်ရိပ်ကို မနင်းနဲ့- ဘိုးဘိုး- အဖေ- တော်ကြစမ်း ငါ့ကိုအဘိုးလို့မသတ်မှတ်နဲ့ မခေါ်နဲ့ ငါရွံလို့ နိဆာ နင်လည်း နင့်သားကိုမခွဲနိုင်ရင် လိုက်သွား ဆွဲမထားဘူး။ ကိုယ့်လမ်းကိုရွေးတဲ့ဟာတွေ
Tee မျက်ရည်ကျလျက် ကျောခိုင်းထားတဲ့ သူ့အဘိုးကို ထိုင်ကန်တော့ကာ ထထွက်သွားပါတော့တယ်။ သူ့အမေက ရင်ကွဲပက်လက် ခြံဝထိ ပြေးလိုက်ကာ
- သား မေမေ့သားလေး မသွားပါနဲ့သားရယ် ဘိုးဘိုးကစိတ်ဆိုးလို့ပြောတာပါ။ တောင်းပန်လိုက်နော် သား။ ပန်နဲ့ယူလိုက်ပါသားရယ်။ မေမေ့ကို သနားပါအုံး။ မေမေ သားမရှိဘဲမနေနိုင်ဘူး သားရဲ့
Tee သူ့အမေကို တင်းတင်းဆွဲဖက်ကာ
- မေမေ ကျန်းမာရေးဂရုစိုက်နော် သားမကြာမကြာဆက်သွယ်မယ် သားရဲ့အချစ်ကို သက်သေပြနိုင်တဲ့ တနေ့ သားမေမေ့ဆီပြန်လာမယ်။
သူ့အမေကို ထိုင်ကန်တော့ရင်း
- သားကို ခွင့်လွှတ်ပါမေမေ ဒီလိုပုံစံနဲ့မွေးဖွားခဲ့လို့ပါ
သူ့အမေမျက်ရည်မဆည်နိုင်ခင်ပဲ Tee အိမ်ထဲကနေ ပြေးထွက်လာခဲ့ပြီ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ မိုးတွေက ရွာနေပါတယ်။ ပြိုလဲချင်သူအဖို့ အားဖြည့်ပေးနေသလိုပါပဲ။ _______Perth အိမ်ကိုရေစိုဝတ်နဲ့ရောက်လာသူကတော့ Tee ပါပဲ။ Perth အတော်လေး လန့်သွားကာ
- ဟာ ဟျောင့် Tee စိုရွှဲလို့ ပြာနှမ်းနေပြီ။ ဘာဖြစ်လာတာလဲ။ လာ အိမ်ထဲဝင် လာ လာ- ငါအိမ်ကပြေးထွက်လာတာ Perth သူငယ်ချင်း ငါ့ကို ကူညီပါအုံး- အေးပါကွာ လာ လာအရင်ထိုင် ရော့ သဘတ် ရေသုတ်အုံး ငါကော်ဖီပူပူဖျော်လာခဲ့မယ်
ဒီလိုနဲ့ဖြစ်ေကြာင်းကုန်စင်ရှင်းပြလိုက်ပါတယ်။
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




