Fanfics

9 အချစ်ကိုသိချိန်

17:02, 3 October 2025

Tee တစ်နေ့တစ်နေ့ညီမ‌လေးပန်နဲ့အတူ အချိန်ကိုကုန်ဆုံးပေးနေရတာ ဒီရက်ပိုင်းထဲသူ့စိတ်နဲ့သူတောင်အသက်ရှင်ခွင့်မရသလိုခံစားနေရတယ်။

- သား မေမေပြောတာကြားလား သားတို့အဆင်ပြေရင် နောက်လထဲ သားတို့စေ့စပ်ဖို့ကိစ္စကို တိုင်ပင်ကြမယ် မြန်လေ ကောင်းလေပဲသားရယ်- နေပါအုံး မေမေ သားသိချင်တာက မေမေသားဘယ်အရာကိုတကယ်သဘောကျတယ်ဆိုတာ မေမေသိရဲ့သားနဲ့ဘာလို့ဒီလိုလုပ်တာလဲ။ - မေမေသိတာပေါ့ ဝစ်တို့မိသားစုကသားကိုမှလက်မခံနိုင်တာ သူတို့လက်မခံခဲ့တာကိုသားကပိုပြီးကောင်းတဲ့နေရာနဲ့ထိုက်တန်တယ်ဆိုတာကိုပြရမှာပေါ့။ - ဒါပေနဲ့သားက ပန်ကို ညီမလေးတစ်ယောက်ထက်ပိုပြီးတော့ဘယ်လိုမှမြင်ကြည့်လို့မရဘူး မေမေ နောက်မှအဆိုးတွေမဖြစ်ခင်တစ်ခါတည်းမိတ်ပျက်ရစေတော့ ဒီကိစ္စကိုဖျက်သိမ်းလိုက်ပါ။- Tee သား အခုအချိန်မှာဒီလိုမျိုးဖြစ်နေပေမယ့်အချိန်တွေကြာသွားလို့ရှိရင် သံယောဇဉ်ကနေ အချစ်ဖြစ်လာနိုင်တာပဲလေ - မေမေပြောသလိုဆိုရင် သား Dew နဲ့နေတဲ့ သုံးလကျော်မှာ သူ့အပေါ်သားလည်း သံယောဇဉ်ဖြစ်သွားမယ်လို့ မေမေတွေးပေးဖူးလား- Teeradech

မေမေ့စကားသံကတင်းမာနေပါတယ်။

- မေမေ မင်းကိုမွေးထားတာမင်းအကြောင်းအသိဆုံးပါ မင်းက ဝစ်ကိုတောင် ပြတ်သားနိုင်ခဲ့သေးတာ သူနဲ့ကျမှ ဘာလဲ ပျော့ညံ့သွားတာလား- မေမေ သားတောင်းပန်ပါတယ် သားကိုတခါလောက်ပျော်ခွင့်ပေးပါ ကိုယ့်ဘဝနဲ့ကိုယ် စိတ်ကြိုက်နေခိုင်းပါလား ဗျာ- အော် ဘယ်ကသတ္တိနဲ့ မအေကိုခံပြောနေတာလဲ။ မင်းကသာ ဒီလိုမျိုးဖြစ်နေတာ ဟိုဘက်ကောင်လေးက သားခံစားရသလို သူရောထပ်တူခံစားရပါတယ် ဆိုတာ သားသိလား။ သူသားကိုချစ်တယ်လို့ပြောလား။ တွဲရအောင်လို့ပြောလား။ ဟမ် သူကချစ်တယ်ပဲထားအုံး မာနထားတာလိုလို ဘာလိုလိုနဲ့ မပွင့်မလင်း သတ္တိကြောင်နေတာ အဲ့လိုလူမျိုး မာဖီးယားမကလို့ ဘာဖြစ်ဖြစ် မေမေ သဘောမတူဘူး။ ပိုချစ်ရင်ရှုံးတယ်တဲ့ ချစ်မှန်းသိရင်‌ေချတယ်တဲ့ ကိုယ့်တန်ဖိုးနဲ့ကိုယ်နေ နားလည်ထား

သူ့အမေဒေါသတကြီးပြောပြီးထွက်သွားပါတယ်။ Tee လည်း အဲ့တာကိုမကြိုက်တာပင် ‌Dew ကဘာလို့ မပွင့်လင်းရတာလဲ။ တစ်ခါတစ်လေ ငါ့အပေါ် အရမ်းကောင်း‌ေပးပြီး တခါတလေ ခက်ထန်တယ်။ သူ့အပြုအမူက ရိုးသားတယ်ဆိုတာ မဟုတ်ဖူး ဒါပေမဲ့  အချစ်လို့လည်း ပြောမရပြန်ဘူး။

-----------

Tee Club ထဲမှာလည်း အလုပ်ထဲမှာစိတ်မပါ။ စိတ်ကတောင်တွေး မြောက်တွေး။

- ငါသတိရသလို သူကော သတိရပါ့မလား။ မဖြစ်နိုင်တာပါလေ ငါကိုကအတွေးလွန်နေတာပါ။

Ring Ring Ring

ဖုန်းနံပါတ်အစိမ်း တစ်ခုကခေါ်လာတာမို့ Tee ကအလုပ်ကိစ္စအထင်နဲ့

- ဟလို အမိန့်ရှိပါ - Highlight club CEO Teeradech နဲ့ ပြောချင်လို့ပါ။- ဟုတ်ကဲ့ ကျတော်ပြောနေတာပါ

တစ်ဖက်ကခဏငြိမ်ကျသွားတယ်။ ဖုန်းလိုင်းမကောင်းဘူးအထင်နဲ့

- ဟလို ဟလို ပြောပါဗျာ- ခွန် Tee အခုပြောနေတာ အန်တီဝါ ပါ

Tee ထိုင်ခုံကိုမှီနေရာကနေ ကျောကိုမတ်နေအောင်ထိုင်လိုက်တယ်။

- ပြောပါဗျ

အန်တီဝါရဲ့အသံကသိပ်မကောင်း

- အိမ်ကို လာကြည့်ပေးလို့ရမလား သခင်ကြီးလည်းမရှိတော့ အန်တီ ဘာလုပ်ရမလဲမသိလို့-ဘာဖြစ်တာလဲ ပြောပါ- အိမ်ကိုသာ လာခဲ့ပေးလို့ရမလား

အစကတော့ တစ်ဖက်ကဆက်သွယ်လာရင်စိတ်ကိုတင်းပြီး ချေမလို့ပဲ တကယ်တမ်းကျတော့ သူ့မှာ ကမ္ဘာတွေကိုပျက်လို့ စိုးရိမ်ရပါတယ် ခွန် Dew ရယ်

----------Tee ရဲ့ကားလေး စံအိမ်ထဲကိုဝင်လာပြီး ရင်းနှီးနေတဲ့အတွက်အိမ်ထဲတန်းဝင်လိုက်တာ

- အန်တီဝါ ခွန်Dewရော သူဘာဖြစ်တာလဲ ဆရာဝန်ကရော ဘာပြောသေးလဲ ဒဏ်ရာသက်သာပြီလား ဆေးတွေ‌ေကာသောက်ရသေးလား- အကုန်အဆင်ပြေပါတယ် ပြန်ကောင်းနေပါပြီ ဒါပေမဲ့  အန်တီတော့ အရဲစွန့်ပြီး ခွန် Tee ကိုအကူညီတောင်းမလို့ပါ- ဘာကိစ္စလဲမသိဘူးဗျ- သခင်ကြီးကို မကွာရှင်းဘဲအရင်လိုပြန်နေလို့မရဘူးလား။ - ဗျာ

အန်တီဝါကခဏတွေးတောပြီးမှ

- အန်တီ အခုလို ပြောပြတယ်ဆိုတာ ခွန် Tee က သခင်ကြီးကို နောက်ကျောဓားနဲ့မထိုးလောက်ဘူးလို့ အန်တီ ထင်လို့ပါ။ တကယ်ဝောာ့ သခင်ကြီးက သနားစရာကောင်းပါတယ်။ သူ့ဘဝက ဆင်းရဲခက်ထန်ခဲ့တယ် သူ့အဖေဘယ်သူဆိုတာမသိရဘဲ ပတ်ဝန်းကျင် လက်ညှိုးထိုးမှု အောက်မှာရှင်သန်ခဲ့ရတယ်။ သူ့ညီမလေးနဲ့သူ့အမေက သူ့အတွက်ဘဝကြီးပဲ။ သူအသက်ဆယ်နှစ်‌ေရာက်တော့ သူ့အမေဆုံးသွားတယ်။ သူတို့မောင်နှမနှစ်ယောက် ဒီစံအိမ်ကြီးဆီမှာ ရောင်းစားခံလိုက်ရတယ်။

အန်တီဝါက ပြောပြရင်း ဝမ်းနည်းသံကအပြည့်ပဲ။ Tee လည်း နားထောင်နေရင်း ရင်ထဲနင့်‌ေန‌ေအာင်ခံစားရပါတယ်။

- ငယ်ငယ်ထဲက သူ့ညီမလေး အစားသူပဲ အပင်ပန်းခံတယ်။ သူပဲအလုပ်လုပ်တယ်။ စံအိမ်က သခင်ကြီးကသူ့ရဲ့ လုပ်ရည်ကိုင်ရည်ကိုသဘောကျပြီး တပည့်အဖြစ်မွေးပြီး ပညာစုံသင်ပေးတယ်။ ဒီလိုဒုစရိုက်သား ဘဝမရောက်ခင် သူက လူတွေကို ကယ်တင်ပြီး သူ့လက်မှာ ဘယ်သူ့သွေးမှ မစွန်းဖူးတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ခဲ့တယ်။ သခင်ကြီးမှာတနိုင်းဆိုတဲ့ တူအရင်းတယောက်ရှိတယ်။ သူက ဒီနေရာကိုလိုချင်တာ။ ဒါမဲ့ သခင်ကြီးကသူ့ထက် ခွန် Dew ကိုအရေးပေးတော့ သူမနာလိုဖြစ်ပြီး တစ်ချိန်လုံး တိုက်ခိုက်ခဲ့တာ။ နောက်ဆုံး သခင်ကြီးကို သတ်ပစ်တဲ့အထိပဲ။ အဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့ ခွန် Dew ကအတော်လေး စိတ်ချောက်ချားသွားတယ်။ ကျေးဇူးရှင်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ပေးတဲ့အနေနဲ့ သူက ဒီဂိုဏ်းထဲကို ရောက်လာခဲ့တာ။ သခင်ကြီးက ဆရာဝန်အလုပ်ကိုအရမ်းမြတ်နိုးခဲ့တာ သူ့ကြောင့် ပထမဆုံးသေဆုံးခဲ့ရတဲ့လူနာအပေါ်မှာ အခုထိ သူနောင်တရနေတုန်းပဲ။ သူမွေးနေ့မလုပ်တာကလည်း အဲ့နေ့က သူ ရောင်းစားခံလိုက်ရတဲ့နေ့မလို့ပဲ။ အန်တီဖြင့် သူ့ကိုအရမ်းသနားတယ်။ သူလူသတ်ရတယ်ဆိုတာ မကောင်းတဲ့ဆိုးဝါးတဲ့လူတွေကိုပဲ လုပ်တာပါ။ သူက တခြားသူတွေထင်ထားသလို လူယုတ်မာမဟုတ်ပါဘူး။

Tee မျက်ရည်တွေပါးပြင်ထက်လိမ့်ဆင်းလာပါတယ်။ ဘယ်လောက်တောင်ခံစားခဲ့ရမလဲ ခင်များရယ်။ အသက်ရှင်နေထိုင်လာခဲ့တဲ့တစ်လျှောက်လုံး ခင်များ တကယ်ရော ကိုယ့်စိတ်နဲ့ကိုယ် နေခွင့်ရခဲ့လားဗျာ🥹

Tee ဘာလုပ်ရမလဲမသိခင် Dew အိမ်ထဲဝင်လာတော့ သူအရမ်းအံ့ဩသွားကာ

- Teeradech မင်းဒီကိုဘယ်လိုရောက်နေတာလဲ။

Tee သူ့စိတ်သူတောင်မသိလိုက်ဘဲသူ့ရဲ့ခြေလှမ်းတွေက Dew အနားကိုချဉ်းကပ်သွားခဲ့ပြီး

- ခွန် သေနတ်ထိတယ်ဆို အခုရော ဘယ်လိုနေသေးလဲ - ဒဏ်ရာကအပေါ်ယံရှပ်ထိတာပါ။ ငါပြန်ကောင်းနေပါပြီ ဒါနဲ့ မင်းက မပြန်သေးဘူးလား ဒီမှာဘာလုပ်နေတာလဲ။

ပြောချင်တာတခြားပြောလိုက်မိတာတစ်ခြား Dew တော့ သူ့ကိုယ်သူ တကယ့်ကိုစိတ်ပျက်မိပါတယ်။ အမှန်ကသူ Teeradech ကိုသတိရနေခဲ့တာ အခုလိုမျက်နှာလေးမြင်လိုက်ရတာကို တကယ်ပျော်နေတာလေ။

- ခင်များ သေနတ်ထိတယ်ဆိုလို့လာကြည့်တာ အခုကောင်းနေပြီပဲ ကျတော်ပြန်တော့မယ် - omm ကားကိုဂရုစိုက်မောင်းပြန်ပါ

Tee ကားကိုအရှိန်နဲ့မောင်းပြီးလမ်းဘေးမှာထိုးရပ်လိုက်တယ်။ စတီယာတိုင်ကို လက်နဲ့ရိုက်ပြီး အော်ဟစ်ကာ

- မကောင်းတဲ့လူ

တစ်ဖက်မှာလည်း Dew က ဖန်ခွက်တွေကို တစ်စစီဖြစ်အောင်ရိုက်ခွဲလိုက်ကာ သူ့ရဲ့ ပြောမထွက်တဲ့စိတ်ကို ဖြေသိမ့်လိုက်တယ်။

- ဘယ်လောက်ထိ အချိန်တွေ လွဲချော်နေဦးမှာလဲ

--------Club ထဲအထိလိုက်လာပြီး Tee ရဲ့လက်ကိုချိတ်ကာ သွားလာနေသူကတော့ ပန် ဖြစ်ပါတယ်။ Tee က စိတ်ကောင်းရှိတဲ့လူတစ်ယောက်ဆိုတော့ ပန် ကို ညီမလေးတစ်ယောက်လိုချစ်ပြီးဂရုစိုက်ပေးတာကလွဲရင် ကျန်တဲ့ မဆိုင်တဲ့ခံစားချက်တွေမပါ။ ညီမလေးပန်ကိုလည်း သူ့ဘက်ကစိတ်အခြေအနေကိုသိအောင်တစ်နည်းတစ်ဖုံနဲ့ ထုတ်ပြနေပေမယ့်တစ်ဖက်ကမသိချင်ယောင်ဆောင်တာလား။ တကယ်ပဲမသိတာလား။

- ကိုကို Tee  ပန်ခြေထောက်နာတယ်- ဟင် ခြေထောက်နာရင် ခဏထိုင်နေနော်- ဒေါင့်မြင့်ဖိနပ်ကြီးစီးထားလို့ထင်တယ် - အရမ်းနာနေလား ညီမလေး - အင်း ရတော့ရပါသေးတယ်- ဒီလိုလုပ်ပါလား ကိုယ့် ရုံးခန်းထဲမှာ အရံစီးဖို့ထားထားတဲ့ ဖိနပ်အပါးရှိတယ် ခဏယူစီးထားလိုက်လေ လာ- ဟိုလေ ကိုကို ချီသွားပေးပါလား လမ်းမလျှောက်နိုင်တော့ဘူး။

Tee ခဏငြိမ်သက်သွားပြီးမှ

- ဒါဆို ဒီမှာစောင့်နေ ကိုယ် သွားယူပေးမယ် - ဟုတ်ကဲ့ ______

Tee ဖိနပ်သွားယူဖို့ သူ့ရုံးခန်းထဲကိုအဝင် မီးကဖျတ်ကနဲ ပြတ်သွားပြီး နောက်ကနေသူ့ကိုဖက်လိုက်တာမို့ ရုန်းတော့မယ်အလုပ် အထိ‌အတွေ့က ရင်းနှီးနေတာကြောင့် မင်သက်သွားတယ်။ သူ့ရဲ့အတွေးတွေကိုပိုပြီးရှင်းလင်းစေတာက တဖက်သားရဲ့ ဩရှရှ နွေးထွေးတဲ့ အသံပါပဲ

- မလန့်သွားပါနဲ့ ကိုယ်ပါ- Dew- ဟုတ်တယ် ကိုယ်ပါ

Tee ခန္ဓာကိုယ်ကိုလှည့်ပြီးမျက်နှာချင်းဆိုင်အနေအထားနေလိုက်တယ်။ အရပ်ကသိပ်မကွာလှတာမို့ မှောင်ရိပ်ထဲကနေတောင် သူ့မျက်ဝန်းတွေကိုမြင်နေရသလိုပါပဲ။ Dew ရဲ့လက်က Tee ရဲ့ခါးပေါ်တင်ထားပြီး ခေါင်းက အသာလေး Tee ပခုံးပေါ်မှေးတင်ကာ သူ့နားရွက်လေးနားကို ကပ်ပြောလိုက်တာက

-အများကြီးလွမ်းနေခဲ့တာ

Tee ရင်တွေခုန်လွန်းလို့ ရူးမတတ်ပါပဲ။ မမျှော်လင့်ထားတဲ့စကားကိုကြားလိုက်ရတဲ့အတွက် ရင်ခုန်တာလည်းပါပါတယ်။

- ခွန် ကျနော့်ရုံးခန်းထဲကိုဘယ်လိုဝင်လာတာလဲ။ - ကိုယ်ဘယ်သူလဲဆိုတာမင်းမေ့နေတာလား။

Dew သူ့မျက်နှာကို Tee မျက်နှာအနားဆွဲကပ်လိုက်ပြီး နှာသီးဖျားလေးကို တချက်နမ်းရှိုက်ကာ

- မင်းရော ကိုယ့်ကို သတိရနေခဲ့လား- ဟင့်အင်း

Dew အခန်းမီးကို လက်တစ်ဖက်နဲ့ပဲ ပြန်ဖွင့်လိုက်ပြီး Tee မျက်နှာ‌ေလးကိုကြည့်ကာ

- မင်းလိမ်နေတာ - ဘယ်လိုသိလဲ- မြင်နေရတယ် မင်းမျက်ဝန်းတွေထဲမှာ- တော်ပါ သူများကို မောင်းထုတ်တုန်းကမောင်းထုတ်ပြီးတော့

Tee ရဲ့ စိတ်ကောက်နေတဲ့မျက်နှာလေးကို သူဆွဲဖျစ်ချင်လာပြီ။ တကယ့်ကလေးလေးလိုပဲ။ သူ့လက်လေးကိုဆွဲပြီး ရုံးခန်းထဲကဆိုဖာပေါ်ထိုင်ချကာ 

- TeeTee- ခင်များကျတော့ကိုဘယ်လိုခေါ်လိုက်တယ်- TeeTee ကိုယ်အရင်ကလူတစ်ယောက်ကို ချစ်တယ်ဆိုတာ ဘာလဲဆိုတာ မသိခဲ့ဘူး။ အချစ်ကိုလည်းအယုံကြည်မရှိဘူး။ ဘယ်အချိန်ကစဖြစ်တာလည်းတော့မသိဘူး။ မင်းကကိုယ့်စိတ်ထဲမှာ အချိန်တိုင်း စိုးမိုးနေတယ်။ မင်းကိုကိုယ်မထိခိုက်စေချင်ဘူး မနာကျင်စေချင်ဘူး။ ကိုယ်မင်းကိုချစ်နေတယ်ဆိုတာ သေချာသွားတဲ့အချက်က မင်းနဲ့ကိုယ် ကွာရှင်းပြီးတဲ့နောက် ကိုယ်မင်းကိုအရမ်းတွေ့ချင်နေတယ်။ မင်းသတင်းကိုကြားချင်နေတယ်။ ပိုပြီးသေချာသွားတာက မင်းကိုစေ့စပ်ပေးထားတဲ့သူရှိတယ်ဆိုတာ သိရတဲ့အချိန် ကိုယ်မင်းကို အဆုံးရှုံးမခံနိုင်ဘူး။ အဲ့တာ အချစ် လို့ကိုယ်ထင်တယ်။ ကိုယ့်ဘဝမှာ အချစ်ခံရတဲ့ မိသားစုကနေ ကြီးပြင်းလာတာမဟုတ်တော့ သူများကို ဘယ်လိုချစ်ပေးရမလဲ ဘယ်လိုဂရုစိုက်ရမလဲ မသိဘူး။ ဒါပေမဲ့ ကိုယ်ကတိပေးတယ်။ ကိုယ်အစွမ်းကုန်ကြိုးစားပြီး မင်းကို ချစ်ပေးပါ့မယ်။ ဟိုကောင်မလေးနဲ့မယူလိုက်ပါနဲ့ကွာ။ ကိုယ်ကမင်းကိုမိသားစုလေးမဖန်တီးပေးနိုင်ပေမဲ့ မင်းကို ပျော်အောင်ဖန်တီးပေးနိုင်ပါတယ်။ နော် ကိုယ့်ဆီ ပြန်လာပေးပါ Tee ရယ်

Tee ဝမ်းသာလွန်းလို့ မျက်ရည်တွေစို့တက်လာပါတယ်။

- ခွန် ဘယ်တုန်းကဒီလောက်စကားအရှည်ကြီး ပြောတတ်သွားတာလဲ- Tee ကိုယ့်ကိုပြန်ချစ်မယ်မလား - ဟင့်အင်း

Dew မျက်နှာလေးမှိုင်ကျသွားပါတယ်။ Tee ကရယ်ကျဲကျဲလုပ်ကာ Dew ရဲ့ပါးလေးကို နစ်ဝင်အောင်နမ်းလိုက်ပါတယ်။

- ဒါကျတော့ အဖြေပဲ ကျေနပ်လား ခွန် Dew ရဲ့

Dew ပါးချိုင့်ကြီးပေါ်အောင်ပြုံးလိုက်ပြီး Tee နှုတ်ခမ်းလေးကိုနမ်းဖို့အလုပ် Tee ကလက်နဲ့ကာကာ

- ဟိုး ဆရာ မလုပ်ရဘူးလေ- ဘာလို့လဲ ချစ်သူတွေဖြစ်ပြီမလား- ဟင် ချစ်သူဖြစ်တိုင်း ကိုယ်ထိလက်ရောက်မှုမကျူးလွန်ပါနဲ့  မကြိုက်ဘူး - မရရင် ရတာယူမယ်ကွာ မကြိုက်ရင် ‌ကြိုက်တဲ့ထိနမ်းပြမယ် နှုတ်ခမ်းမရရင် ရတာနမ်းမယ်ကွာ လာထား

Dew သူ့လက်နဲ့ Tee မျက်နှာလေးကိုကိုင်ကာ ပါးပြင်အနှံ့ အာဘွားများ တဖွဖွပေးကာ ယုန်ပေါက်လေးကို ရင်ခွင်ထဲ ထည့်သိမ်းထားပါတော့တယ်။ နှစ်ဦးသားလုံး ရယ်သံတွေကလည်း အခန်းထဲလွင့်ပျံလျက်....

-------ဖိနပ်ကိုစောင့်နေတဲ့ ညီမလေး ပန်ကတော့ Dew လက်ချက်နဲ့ ဖျော်ရည်ထဲအိပ်ဆေးမိကာ ဖိနပ်တောင် မစီးနိုင်တော့ဘူးလေ။

There are no comments yet. Log in to be the first to leave a review!

Similar stories