Fanfics

6 ကိုယ့်ရဲ့ခံစားချက်

18:24, 29 September 2025

- လူလေး လူလေးတို့

အသံကြားတော့ Dew ရော Tee ရော နိုးလာပါတယ်။ အိပ်ချင်‌မူးတူးနဲ့မို့ ရှေ့က အမျိုးသားကြီးနဲ့ လူတစ်စုကို မြင်ရတာမသဲမကွဲ

- လူလေးတို့

ထပ်ခေါ်မှ အသိဝင်ကာ လက်တွေ့ဖြစ်နေမှန်းသတိရပြီး

- ဟုတ်ကဲ့

ပြီးမှသိရတာက ဒီလူကြီးနာမည်က ဦးလေးပို ရွာသူကြီး အမဲလိုက်လာရင်း သူတို့နှစ်ယောက်ကိုတွေ့တော့ ဒုက္ခရောက်နေတဲ့သူတွေဖြစ်မယ်ဆိုပြီး ရွာကိုခေါ်လာပေးတာပင်။ မဟုတ်လည်း သူတို့အနေအထားနဲ့ပြန်ဖို့မသင့်တော့ လိုက်လာရတယ်။ ရွာကတောနဲ့အတော်လေးဝေးပါတယ်။ မြို့လမ်းမကြီးနဲ့တောနဲ့ကလည်းအတော်လေးဝေးပါတယ်။

______ရွာရောက်တော့ ရွာသူကြီးအိမ်မှာ

- ကဲ ငါ့တူတို့ ဒါကဦးလေးမိန်းမ ‌မို တဲ့ ရှင်မရေ ဒီလူငယ်လေးတွေက တောလမ်းမှာ ဓားပြတွေလိုက်လာတာ ဒုက္ခရောက်နေလို့ခေါ်လာတာ - ကောင်းတာပေါ့ ကူညီပေးသင့်လို့ ဆုံတွေ့ရတာပဲ အေးဆေးနားကြပါကွယ်

ရွာသူကြီးမိန်းမ အကဲဖြတ်မိတော့ Dew ရော  Tee ပါ အဝတ်အစား၊ဆံပင်တို့က စုတ်ပဲ့‌ေပ‌ေရနေပြီ။ ဒဏ်ရာသေးသေးလေးတွေလည်းရထားသေး

- ကဲ သားတို့ ဘာမှမပူနဲ့ ရေမိုးချိုးကြ ပြီးရင် ဗိုက်လဲဆာရောပေါ့ လုပ်ထားပေးမယ်နော်- ဟုတ်ကဲ့ ကျေးဇူးပါဗျ- အခုလိုဒုက္ခပေးမိလို့ အလုပ်ဂှုပ်စေမိလို့ တကယ်အားနာပါတယ်- အားမနာပါနဲ့ သားရယ် ကဲ ကဲ သွားကြ ဟိုနားက Neo လာအုံး သူတို့လိုတာ ကူပေးလိုက်

Neo က ရွာသူကြီးသားပါ။ ရိုးသားတယ် ဖြူစင်တယ်။ သူရဲ့ကူညီပေးမှုကြောင့် အဆင်ပြေသွားရတယ်။

ရေချိုးပြီးထွက်လာတော့ အဲ့ရွာက ပေးတဲ့ဝတ်စုံပဲ ဝတ်ထားရတယ်။ Tee က Dew ကိုကြည့်ပြီး ရယ်ချင်လာတယ်။ အရပ်ကအရှည်ကြီး ဒါမဲ့ အဝတ်ကသေးနေသေး၊ ခြေထောက်ကအရိုးက‌ေပါ်‌ေနပြီး ပုဆိုးကြမ်းကတိုနေသေး တကယ့်ဟာသ

- မင်း ဘာရယ်တာလဲ - ဘာမှမဟုတ်ဖူး - ဖြေစမ်း သေချင်နေတာလား- ခွန် အခုရောက်နေတာ သူများပိုင်နက်ထဲနော် သတ်ချင်ရင် နောက်မှသတ် အခုတော့ ဗိုက်ဆာနေပြီ လာ လူကြီးကိုစောင့်ရအောင် မလုပ်နဲ့

____ဟင်းတွေကစုံပြီး လက်ရာကကောင်းပါတယ်။ ဧည့်ဝတ်ကျေလွန်းလို့ ပြောမပြတတ်အောင်ပဲ ကျေးဇူးလည်းတင် အားလည်းနာရပါတယ်။ ထမင်းစားရင်း ရွာသူကြီးက

- လူလေးတို့ ဘယ်လိုဖြစ်ကြတာလဲကွယ် ဖာပွန်နဲ့တွေ့လာတာလား- ဘယ်ကဖာပွန်လဲဗျ - အော် ဖာပွန်က ဒီနယ်ဘက်က ဓားပြဗိုလ်လေ သူ့ကိုလူတိုင်း‌ေကြာက်ကြတယ် သူကရက်စက်တယ် ဒေါ်လေးတို့ဖြင့် အဲ့လိုအကြောင်းမရှိ သူများအသက်ကိုသတ်တာ အကြင်နာတရားမဲ့တာကို အရမ်းမုန်းတာပဲ

Dew မျက်နှာညှိုးသွားတာကို သတိထားမိတဲ့ Tee က စကားလမ်းကြောင်းလွှဲကာ

- ခွန် စားလေ ရော့ ဒီဟင်းကကောင်းတယ် ဒေါ်လေးက တကယ်ဟင်းချက်တော်တာပဲ- စား စား များများစား အားမနာနဲ့နော်

တောသူတောင်သားတို့ရဲ့ဖြူစင်တဲ့ စေတနာကိုတော့ သူတို့ရဲ့ အပြုမူမှာ အထင်းသား မြင်နေရပါတယ်။ _______

ထမင်းစားပြီး စကားဝိုင်းမှာ ရွာသူကြီးတို့မိသားစုအကုန်ရှိနေကြတယ်။ Dew က စပြီး

- ဦး‌ေလးပို ဒီမှာလေ ဖုန်းတို့ဘာတို့ရှိလား

ဦးလေးပိုကရယ်ပြီး

- ရှိတာတော့ ရှိပေမဲ့ ဘယ်သူမှမသုံးတတ်တော့ သုံးမနေကြဘူး သားတို့ဖုန်းဆက်ချင်ရင် Neo မှာတော့ရှိတယ် - အေး မင်းတို့ဆက်ချင်ရင်ငါပေးမယ် ဒါမဲ့ ဒီဘက်ကလိုင်းမမိဘူး တောင်ထိပ်နားဆိုမိတယ် မနက်ဖြန်ခေါ်သွားပေးမယ်- ကျေးဇူးပါကွာ

Tee ကဘာမှဝင်မပြောဘဲ ရေနွေးသာသောက်နေတယ်။ ဒါကိုသူကြီးမိန်းမက

- သားတို့နှစ်ယောက်ကညီအစ်ကိုတွေလား ရုပ်ချင်းဆင်တယ်နော် နာမည်လေးတွေကလည်းဘာ နေပါအုံး Dee Tew ဟုတ်လား- Dew Tee ပါအမေရာ လုပ်ပြီ

ဒေါ်လေးကရယ်ကာ

- အေးပါ Neoရယ် ငါလည်းရောသွားလို့ပါအေ- ဟုတ် သားတို့က သူငယ်ချင်းတွေပါ - အော်

သူကြီးမိသားစုက ခေါင်းတငြိမ့်ငြိမ့် Neo ကတော့ တခုခုသိသလို မျက်နှာထားနဲ့

- ဒါနဲ့ မင်းတို့က ဘန်ကောက်ဆိုတော့ ဘာလုပ်စားကြတာလဲ

Dew ရော Tee ရော ခဏငြိမ်သက်ပြီးမှ Tee က

- သူကဟိုတယ်အ‌ေသးစား‌ေလးဖွင့်ထားပါတယ် ကျတော်ကတော့ စားသောက်ဆိုင်အသေးလေးဖွင့်ထားတာပါ- ဟာ သူဌေးတွေပဲဟေ့ ဒေါ်လေးတို့တွေကိုမေ့မသွားရဘူးနော် - မမေ့ပါဘူးဗျာ ဘန်ကောက်ရောက်ရင်သာပြောပါဗျာ ‌- အေးပါ လာ မင်းတို့နားရမဲ့အိမ်ငါလိုက်ပို့မယ်______Neo DewTee သုံးယောက်သား အိမ်လေးတစ်လုံးစီရောက်လာပါတယ်။ ထရံကာနဲ့သစ်သားကြမ်းခင်း‌ေခြတံရှည်အိမ်လေးပါ။

- ဒါကငါ့အစ်မအိမ် လူမနေတာကြာပြီ အထဲမှာ‌လိုတဲ့ပစ္စည်းထဲ့ပေးထားတယ် အဆင်တော့ပြေမှာပါ တခုခုဆိုငါတို့ဘက်ပြေးလာခဲ့ အကူညီလိုရင်

Neo ကပြောပြနေတယ်။ Tee ကအိမ်ဘက်ကိုလှည့်ကြည့်နေရင်း

- မင်းအစ်မတို့ကရော အခုဘယ်မှာနေလဲ- ဆုံးပြီ သိပ်မကြာသေးဘူး ငါးလလောက်ပဲရှိသေးတယ်

Tee အတော်လေးလန့်သွားကာ ဟိုကြည့်ဒီကြည့်ဖြစ်နေတယ်။ Dew က Neo ဘက်လှည့်ကာ

- ကြားရတာစိတ်မကောင်းပါဘူး - ရပါတယ် အေးဆေးနေကြပါ ဒီမှာ ခြင်ဆေးခွေနဲ့ယပ်တောင်

ပြီးမှ Neo က Dew နားဖြေးဖြေးကပ်ကာ တိုးတိုးလေး

- ကိုယ့်လူ ငါ့အစ်မအိမ်ကကြာပြီနော် သိပ်မခံတော့ဘူး အိမ်အရမ်းလှုပ်ရင် ပြိုကျတတ်တယ် နော် သူငယ်ချင်း

Neo ပြောတာကြားပြီး Dew က ချောင်းတစ်ချက်ဟန့်ကာ

- နေပါအုံး ခွန်တခုခု အထင်မှားနေပြီ ကျတော်တို့က- သူငယ်ချင်းပါ ကျတော်သိတာပေါ့ ပြောချင်တာက အိမ်ကဆွေးနေပြီ ကြိုးခုန်တာတို့ ဒိုက်ထိုးတာတို့ ဘာတို့ မလုပ်ရဘူးလို့ပြောတာပါ ခွန်တို့ကို ကြည့်ရတာ အားကစားလိုက်စားမယ်ထင်လို့လေ

Neo ကတော့ ရယ်ကျဲကျဲလုပ်ကာ ထွက်သွားပါတယ်။ Dew ကတော့ မျက်နှာတောင်ပူလာသလိုလို Tee ကဘာမှမသိဘဲ အခုမှ Dew နားကပ်လာကာ

- ခွန် ခုနက သူဘာပြောသွားတာလဲ သရဲခြောက်တယ်တဲ့လား- အေး ဟုတ်တယ်

Dew စိတ်မရှည်ပဲမြန်မြန်ပြောပြီး အိမ်ပေါ်သာ တက်သွားပါတယ်။ Tee ကတော့ ဟိုကြည့်ဒီကြည့်နဲ့ပါပဲ လန့်နေပါပြီ😆

______ညကျတော့ ခွေးက အူပါတယ်။ Teeradech ကတော့ ခေါင်းမူးခြုံထားပေမဲ့ အိပ်မရ အတော်ကြောက်နေပါတယ်။

- ခွန် အိပ်ပြီလားဟင် - ဟင့်အင်း - ခွေးအူနေတာကြားလား- အေး ကြားတယ် - အဲ့တာကလေ ဟို ဟို

Dew စိတ်မရှည်တော့ပဲ ထထိုင်ကာ - Teeradech အပိုတွေတော်စမ်း အိပ်တော့ - ခွန်ကလည်း ကျတော်က ဒီတိုင်း ခွေးအူနေတာ ကြားလားလို့ပဲမေးတာကို လာအော်နေတယ်

Dew မှာ Teeအဖြစ်ကိုကြည့်ရင်း ရယ်ရမလို ငိုရမလိုပင် ယုန်ပေါက်လေးက တကယ်ကြောက်နေရှာတာ။ ကံတရားက Tee ဘက်မှာမရှိပါ ခွေးအူသံက ပိုဆိုးလာပြီ။ သူအလန့်လွန်ကာ တုန်ပါတုန်နေပြီ။ Dew ကအစက မသိယောင်ဆောင်ထားပေမဲ့ အခုကျ သူ့ကိုသနားလို့ အိမ်ပြတင်းပေါက်ကနေ ခွေးတွေကို ခြောက်လွှတ်လိုက်တယ်။ မရတဲ့အဆုံး သူကြီးပေးထားတဲ့ လေးခွယူကာ ပစ်ပါတော့တယ်။ ပြီးမှ

- Tee - ဟင် - အိပ်တော့ ခွေးတွေငါမောင်းလိုက်ပြီ မရှိတော့ဘူး - အော် omm ကျေးဇူးနော်- အင်း ___________Tee အိပ်ရာကနိုးတော့ ရွာသူကြီးအိမ်ဘက်သွားပြီး - ဦးလေးပို Dew ရောဗျ- အော် သားသူငယ်ချင်းက neo နဲ့တောင်ထိပ်သွားတယ် ဖုန်းဆက်မယ်ပြောတယ်- ကြာပြီလားဗျ- အေး ကြာပြီ ဟော ဟိုမယ် ပြောရင်းဆိုရင်းပြန်လာကြပြီ

Dew အနားကို Tee ကအားကိုးတကြီးသွားပြီး

- ခွန် ဘာတဲ့လဲ- pop ကိုခေါ်ထားတယ် သူလာလိမ့်မယ် - ဘယ်တော့လဲ - ရွာထဲထိကားဝင်မရတော့ ငါတို့တောလမ်းကနေပြန်ဖြတ်ရမယ် သူကြီးအကူညီနဲ့ လုပ်ရမှာ

သူကြီးကကြားဖြတ်ဝင်ပြီး- လူလေးတို့ ဘယ်တော့ပြန်မလဲကွဲ့ နေကြပါအုံးကွယ် ဦးလေးတို့ရဲ့ ရွာပွဲမှာ ပျော်သွားကြပါအုံး

Tee က- ပွဲနေ့ကဘယ်နေ့လဲဗျ- ဒီနေ့ညပဲ - aww

Dew က- ဦးလေးပို ကျတော်တို့ပြန်ဖို့က တောလမ်းကဖြတ်ရမှာလား- မဖြစ်ဘူး ဖြတ်ရင်ဖာပွန်နဲ့တိုးနေမှာစိုးတယ် ဒီလိုလုပ် ရွာသားတွေကို မြို့လမ်းမထိ ဆိုင်ကယ်နဲ့ လိုက်ပို့ပေးခိုင်းမယ် အဲ့ကဆက်သွားပေါ့- ဟုတ်ကဲ့ ထပ်ခါထပ်ခါ ဒုက္ခပေးမိနေပြီဗျာ ထပ်ပြီးကျေးဇူးပါဗျာ- ရပါတယ် လူလေးရယ် ဦးတို့က လုပ်ပေးရတာတင် ကျေနပ်နေတာကွဲ့ ဒီနေ့လည်ကိုလေ လူလေးတို့စားဖို့ ဝက်သားလေးချက်ပေးမယ် စားကြမယ်မလား သားပေါက်လေးဆိုတော့အတော်လေးမိုက်တယ် - သားပေါက်လေး

Tee ကြည့်မိဝောာ့ ဝက်ပေါက်လေးကို Neo ကဆွဲခေါ်လာတယ်။ ချစ်စရာဝက်ကလေးပါ။ သူအသတ်ခံရတော့မယ်။

- ရပါတယ် က‌ျတော်မစားဘူးဗျ ပြီးဝောာ့လေ သူ့ကိုမသတ်နဲ့နော် ကျတော့ကြောင့်သူသေမှာမလိုလားဘူး အဲ့လိုဆိုကျတော်စားမဝင်ဘူး မလုပ်ပါနဲ့ - တို့ဆီမှာတော့ဒီလိုပဲစားကြတာပဲ သူ့ကိုသတ်ရတာလွယ်ပါတယ် လူလေးရဲ့ - မလုပ်ပါနဲ့ သူ့ကိုဘယ်တော့မှမသတ်ပါနဲ့။ဒီတိုင်းပဲမွေးထားပေးပါ။ ဒီလိုလုပ်ပါလားကျတော်သူ့ကိုဝယ်မယ်လေ ဈေးပြောပါ-မလိုပါဘူးရပါတယ် လူလေးက မသတ်နဲ့ဆိုရင်မသတ်တော့ဘူး ခြံထဲပြန်ထားလိုက်မယ် - ဟုတ်ကဲ့ ကျေးဇူးပါနော် သူ့နာမည်ကဘာလဲ- နာမည်ကတော့မပေးရသေးဘူး။

Tee ကဝက်က‌ေလးအနားကိုသွားကာ ထိုင်ချပြီး ပွတ်ပေးရင်း

- BoBo ငါမင်းကိုဒီလိုနာမည်ပေးမယ်။ မင်းမကြောက်နဲ့တော့နော် ငါမင်းရဲ့အသက်ကိုကယ်လိုက်ပြီ။ ငါမင်းကိုမစားတော့ဘူး နော် BoBo

Dew က သူ့ရဲ့အပြုအမူတစ်ခုချင်းစီကိုလိုက်ကြည့်နေတယ်။ စိတ်ထဲမှာလည်း မင်းကဒီလောက်ထိတိရစ္ဆာန်လေးအပေါ်စိတ်ထားဖြူစင်တာသူ့ကိုတောင်မသတ်ရက်တာ လူတစ်ယောက်ကိုသတ်တယ်ဆိုတာမင်းဟန်ဆောင်နေတာလား။ ငါပဲတစ်ခုခုမှားနေတာလား။________ညဘက်ကျတော့ရွာသားတွေအားလုံးစုပြီးမီးပုံပွဲမှာ‌ေပျာ်ကြပါးကြစားကြသောက်ကြနဲ့ DewTee ၂ယောက်လုံးလည်းရှိနေကြတယ်။ Tee ကတော့ပျော်လို့ Dew ကတော့ သူကြီးတို့ဝိုင်းထဲမှာထိုင်နေတယ်။ တစ်ခွက်နှစ်ခွက်တော့သောက်ထားတယ်။ Tee ကတော့ ရွာသားတွေနဲ့အတူသွားကဲနေတယ်။ ရွာသားတစ်ယောက်ကသူ့ကို

- ဟေ့ သူငယ်ချင်း ကျုပ်တို့ရွာရဲ့အကောင်းစား အရက်ကိုသောက်ကြည့်ပါဦး။ ကြိုက်သွားစေရမယ် - တော်ပါ မသောက်တော့ပါဘူး ကျနော်ကမူးရင် ကိုယ့်အကြောင်းကိုယ်ပဲသိလို့ တကယ်အဆင်မပြေလို့ပါ - ဟာ တစ်ခွက်ပဲ ချကွာ ငါတို့ကိုတကယ်ခင်ရင်သောက်ရမယ် - တစ်ခွက်ပဲနော်- အေးပါ

Dew သူ့ရဲ့မြင်ကွင်းထဲကနေ Tee ပျောက်သွားတာမလို့ သူကြီးကိုခဏခွင့်တောင်းပြီးထွက်လာရှာတော့ လူအုပ်ကြီးထဲမှာလည်းမတွေ့ဘူး။ ဘယ်သူ့ကိုမေးမေးမမြင်ဘူးဆိုတော့ ရင်ထိတ်သွားပါတယ်။သူရှာရင်း နောက်ဆုံးတော့နွားတင်းကုတ်နားက ကွပ်ပျစ်မှာ လှဲနေတာကိုတွေ့ပါတယ်။

- Tee Tee Teeradech

ခေါ်မရတဲ့အဆုံးလှုပ်ပြီးတော့နှိုးလိုက်တယ်။ မူးနေပါပြီ မျက်လုံးတွေကရီဝေလို့ အသံကမူးနေတဲ့အသံက ပီပီပြင်ပြင်

- ဘယ်သူလဲ ဖယ် လာမခေါ်နဲ့- ငါပါ Dew- ဘယ်သူ- Dew- ငါသိတဲ့လူထဲမှာဒီလို လူမရှိဘူး ငါ့ကိုမလိမ်နဲ့နော်။ - Tee မင်းမူးနေပြီ အိမ်ပြန်ရအောင် လာ လမ်းလျှောက်နိုင်လား - နိုး နိုး မမူးဘူး

Dew အတော်လေးစိတ်ညစ်လာပါပြီ။ သူသေချာကြည့်နေတုန်း Tee ကသူ့လည်ပင်းကိုသိုင်းဖက်ကာ မျက်နှာကအနားတိုးကပ်ရင်း

- ခွန် ခုနကအိမ်သွားမယ်ဆိုတာဘယ်ကိုသွားမှာလဲ။ - ငါတို့နေတဲ့အိမ်ကိုသွားမှာ - နေအုံး ငါအခုမှသေချာကြည့်မိတယ် မင်းကလေ ကျားအိုကြီးနဲ့တူတယ်- ဘာ - ကျားလေ တိုက်ဂါးတောင်မသိဘူးလား ဂါး ဂါးလေ ဒါမဲ့ မင်းကကျားအိုကြီးထက်ပိုပြီး ချောတယ် ဟီး- ဘယ်ကကျားအိုကြီးလဲ။- ငါ့အိမ်ကအရှုပ်ထုတ် ချီးဇယား Dew Jirawat ဆိုတဲ့ကောင် ဟား ရှူး တိုးတိုး သူကြားသွားဦးမယ်။ တိုးတိုးနေ

Dew စိတ်တိုသွားကာ သူ့လက်ကို ဖယ်ထုတ်ပေမဲ့ ပိုမိုတွယ်ကပ်ကာ

- ခွန် ကျတော့ကို ကုန်းပိုးပြီးတော့ခေါ်သွားပေးပါနော် လမ်းတွေက ကျနော်ရဲ့မျက်လုံးထဲမှာ သုံးထပ်ဖြစ်နေပြီ ဟီး မပြန်တတ်တော့ဘူး

Dew က Tee ကို ကုန်းပိုးလာတဲ့တစ်လမ်းလုံးမှာလည်း Tee ကအငြိမ်မနေ သီချင်းအော်ဆိုလိုက် Dew ဆံပင်ကိုဆော့လိုက်နဲ့ နောက်ဆုံး အိမ်ရောက်တော့ Dew ကသူ့ကို အိပ်ရာပေါ်ကိုချပေးလိုက်တယ်။ ငြိမ်ငြိမ်လေးအိပ်သွားပြီ။

Dew သေချာကြည့်မိမှ သူ့ရဲ့မျက်နှာအစိတ်အပိုင်းအကုန်လုံးက လှတယ်။ အရက်မူးပြီးနီရဲနေတဲ့ မျက်နှာလေးရယ် နှုတ်ခမ်းလုံးလုံးလေးရယ်က ဆွဲဖြစ်ချင်စရာ အရမ်းဆွဲဆောင်နေတာမို့ Dew မကြည့်မိအောင် စိတ်ထိန်းရင်း စောင်သာခြုံပေးလိုက်တယ်။

Tee ကအငြိမ်မနေ စောင်ကိုပစ်ထုတ်ပြီး ထထိုင်ကာ Dew က ထိုင်နေတာမို့ သူ့ပေါင်ပေါ်တက်ခွကာ မျက်နှာကို လက်နှစ်ဖက်နဲ့ ဆွဲဖြစ်ရင်း

- ခွန် ကျတော်လေ Lily ကိုမသတ်ဘူးသိလား ယုံနော် ကျားအိုကြီးကတော့မယုံဘူးတဲ့

Dew သမာဓိကို အတော်လေးစိတ်ထိန်းချုပ်ထားရတဲ့ကြားထဲ သူက စကားကလည်းပြော လက်ကလည်း သူ့ကျောပြင်ကို ပွတ်သပ်နေတာမို့

- Tee မင်းမူးနေပြီ မနက်ကျမှ ငါတို့ အွင့်

Teeradech တို့ပွဲကြမ်းကာ Dew ကိုသူအရင် စနမ်းနေပါတော့တယ်။ Dew ကပြန်မနမ်းတာမို့ Tee က စိတ်တိုလာကာ နှုတ်ခမ်းလေးထော်ပြီး

- ဟေ့လူ ပြန်နမ်းလေ ကျတော်ကဒီလောက်.....

Tee စကားမဆုံးသေး Dew က Tee ကိုဆွဲသိမ်းပြီး အတင်းအပေါ်ကအုပ်မိုးကာ

- မင်းနောင်တမရမှာ သေချာလား- omm ကျားအိုကြီးသာမသိစေနဲ့ သူမကြိုက်ဘူး - ငါဆိုရင်ရောသိလို့ရလား- omm - ဘာလို့လဲ- ချောလို့

Dew စိတ်ကိုထိန်းမထားတော့ဘဲ သူတို့နှုတ်ခမ်းများကိုဂဟေဆက်သလို သကြားလုံးကို စားသလို Tee ရဲ့နှုတ်ခမ်းဖူးဖူးလေးကို အလိုက်သင့်ဟန်ချက်ညီစွာ စားသုံးနေပါတယ်။ ချိုအီနေမှုက တစ်သက်တာမမေ့နိုင်အောင်ပါပဲ။

Tee ရဲ့နှာသီးဖျားလေး နားရွက်နုလေး တို့ကိုပါ အနမ်းပေးရင်း တဖြေးဖြေး လည်တိုင်လေးဆီရောက်လာကာ နမ်းရှိုက်မိတော့ Tee ကတခစ်ခစ်ရယ်နေလေရဲ့ မကြာပါဘူး ညှပ်ရိုးလေးကို အသဲယားလို့ ကိုက်မိတော့ နာလို့ထင်တယ် Dew ခေါင်းကိုတချက်ရိုက်ကာ

- မကိုက်နဲ့လေ ခွေး‌သားပေါက်လေးရဲ့

Dew ကအသံနက်နက်ကြီးနဲ့ - မင်းလုပ်မှ ကိုယ်က တိရစ္ဆာန်‌အစုံဖြစ်နေပြီ သိလား- ဟင်း သိတယ်လေ

Tee နှုတ်ခမ်းလေးကိုပြန်နမ်းပြီး ပြန်ခွာရင်း- မင်းကရော ဘာထူးလဲ ယုန်ပေါက်လေးကျလို့လေ - ဟား ဟား ယုန်ပေါက်လေးကို သလောကျလား- သက်သေပြရမယ်ပေါ့- omm

Dew က Tee အကျီက ကြယ်သီးကို ဖြုတ်နေတုန်း Tee ထပြောလိုက်တာကြောင့် သူ့လက်များရပ်တန့်သွားခဲ့ရတယ်။ မေးရိုးများတင်းမာသွားပါတော့တယ်။

- P'ဝစ် ကျတော့ကိုထပ်ထားမသွားဝောာ့ဘူးမလားဟင်

There are no comments yet. Log in to be the first to leave a review!

Similar stories