Fanfics

34

19:21, 28 December 2024

အမှောင်ခန်းထဲဝယ် သူတဦးတည်းသာ တည်ရှိနေပြီ သူချစ်ရပါသော လူသားနှစ်ဦးသည်ကား အပြင်ဘက်တွင် ဘယ်လို ပုံစံဖြစ်ပျက်နေမလဲ ‌သူအနေနဲ့တွေးကြည့်လို့ပင်မရပေ။ Offroad တင်းကြပ်စွာ ပိတ်ထားသော တံခါးအနားသို့ ဖြေးညှင်းစွာ ကပ်သွားမိလေတယ်။

တံခါးအတွင်းဘက်မြင်ကွင်းနှင့် ခြားနားစွာတံခါးအပြင်ဘက်တွင်လဲ  မြင်ကွင်းကောင်းတခုရှိနေလေသည်။

"ဒီမှာ ဒေါက်တာ ခင်များအဲ့တံခါးကိုဖွင့်ပေးရင် ခင်များအသက်ရှင်မယ် အခုဖွင့်လိုက်!!!"

ထိုလူသည်လူတ‌‌ ‌‌ေယာက်အား ထိုးစိုက်ထားသော ဓားအားဆွဲထုတ်လိုက်ပြီး လဲကျသွားသောOffroad မိခင်အား ကျော်ခွလာပြီးတံခါးရှေ့ပိတ်ရပ်နေသော Offroad ဖခင်ရှေ့တွင် ထိုဓားနှင့် ချိန်ရွယ်လျက်သားပင်။

တံခါးရှေ့မှ လူကတော့ သူ့လက်သီးများတင်းတင်းကြပ်ကြပ် ဆုပ်ထားလိုက်ပြီး ထိုတံခါးရှေ့မှ ခြေတလှမ်းမရွေ့ခဲ့ပေ။

"မင်းဒီတံခါးကို မထိနိုင်အောင် ငါကလဲ သေသေရှင်ရှင် ကာကွယ်မှာပဲ မင်းသူ့ကို လက်ဖျားတောင်မဟုတ်ဘူး သူ့ဆံခြည်မျှင်တောင် မထိနိုင်စေရဘူး"

"အပြောကတော့ သားအဖလို့မပြောရဘူး လေကြီးချက်ပဲ အဲ့‌ေလာက်တောင် ကာကွယ်ချင်နေတာမလား ရတယ်လေ အဲ့ဒါဆိုလဲ အဲ့တံခါးမှာပဲ ဘယ်လောက်ထိ ကပ်တွယ်နေနိုင်မလဲကြည့်ကြတာပေါ့  "

ထိုလူလဲ စကားဆုံးတာနဲ့ တံခါး‌ေရှ့ပိတ်ရပ်နေသူအရှေ့ အလျင်အမြန်သွားလိုက်ပြီး ထိုလူရဲ့ ဝမ်းဗိုက်တည့်တည့်သို့ ဓားထိုးသွင်းလိုက်တော့သည်။

သူတံခါးထက်သို့ သူ့လက်အားတင်ထားဖို့ ကြံနေစဉ်မှာပင် ဓားထိပ်ဖျားသည် အပြင်ဘက်မှ တံခါးအား ဖြတ်သန်းလျက် အထဲသို့ရောက်လာခဲ့လေသည်။

Offroad ထိုဓားဖျားထက် အကြည့်ပို့မိနေရာမှာ တံခါးအောက်ခြေဘက်အကြည့်ပို့မိချိန်ဝယ် အရှိန်မှန်မှန်ဖြင့် တံခါးအတွင်းဘက်ထိ စီးဝင်လာသော သွေးများအား သူတွေ့ရလေသည်။

Offroad တံခါးအပြင်ဘက်ရှိ သူ့အဖေနောက်ကျောပြင်အား တွေးမိသွားချိန်ဝယ် သူမသိလိုက်စွာ မျက်ရည်များ ကျဆင်းလာခဲ့လေသည်။ ထိုသွေးများသည် သူ့လက်နှစ်ဖက်လုံးထက် စွန်းထင်းကုန်ပြီး ထိုသွေးမျာ လတ်ဆတ်နေကြောင်းအား နွေးထွေးသော ခံစားမှုတခုမှ သူခံစားမိလေသည်။Offroad တံခါးအားထုရိုက်လိုက်ပြီးနောက် အော်ဟစ်ငိုကြွေးလိုက်လေသည်။

"အဖေ !!!   ...... အဖေ !!!!...... "

Offroad ထိုတံခါးအား ဖွင့်ဖို့ရန်ကြိုးစားသော်လဲ ထိုတံခါးသည်က လုံးဝပင် တွးန်ဖွင့်မရခဲ့ပေ။ တစုံတခုသည် တံခါးရှေ့ပိတ်ထားသလိုပင်။ Offroad တံခါးအား ထုရိုက်နေယုံသာ တတ်နိုင်လေသည်။

"အဖေ!!!!!...... သားကို တံခါးဖွင့်ပေးပါ .... ကျေးဇူးပြုပြီး ... တံခါးဖွင့်ပေးပါ .... အဖေ!!!အမေ!!!!"

သို့သော် သူ့ဘယ်လောက်ပင် အော်ခေါ်နေပါစေ အပြင်ဘက်မှ မည်သည့်အသံမှ သူမကြားရခဲ့ပင်။ Offroad သူ့ရဲ့ လက်သီးဆုပ်များအား တံခါးပေါ်တင်ထားရင်းသာ ငိုကြွေးနေမိလေသည်။ ယခုချိန်ဝယ် သူငိုကြွေးခြင်းကိုသာ လုပ်နိုင်လေသည်။

"ကျေးဇူးပြုပြီး မလုပ်ပါနဲ့တော့!! မလုပ်ပါနဲ့တော့ !!! "

Offroad သူ့မှာရှိသမျှ ခွန်အားအစုံထုတ်သုံးလျက် ထိုတံခါးအား ထုရိုက်နေမိသော်လဲ ထိုတံခါးသည်က သံမဏိပမာ မတ်မတ် တည်ရှိနေဆဲပင်။  မကြာမှီမှာပင် ဓားဖျားသည် နေရာပေါင်းစုံမှ ဖြတ်သန်းလျက် အတွင်းသို့ ထိုးစိုက်ဝင်ရောက်လာမှုကြောင့် တံခါးပေါ်တင်ထားမိသော  Offroad ရဲ့ လက်များပင် ဒဏ်ရာရသွားခဲ့လေသည်။

အပြင်ဘက်အခြေ‌အနေကတော့ တံခါးဝမှ လူသည်ကတော့ နာကျင်မှုအား တောင့်ခံလျက်သားဖြင့် အံတင်းတင်းကြိတ်လို့ သူ့ရှေ့မှလူရဲ့ ဓားချက်များကို သူ့တတ်နိုင်စွမ်းဖြင့် ခုခံနေခဲ့လေသည်။ တဖတ်မှ တံခါးအားတွန်းဖွင့်နေ‌ပါသော  Offroad ကြောင့်လဲ တံခါး‌မပွင့်လာစေရန်လဲ အာရုံထပ်စိုက်နေရသေးသည်ပင်။

သူ့ရှေ့မှလူသည် ဓားအားပြန်ဆွဲထုတ်လိုက်ပြီး နောက်တချက်ထပ်ထိုးရန်ပြင်ချိန် လူတဦးသည် သူ့အနားရောက်လာပြီး ဆိုလာခဲ့လေသည်။

"Bossက ငါတို့ရှာနေတဲ့သူ ဒီမှာမရှိတာမို့ အပြီးသတ်ဖို့ပြောလိုက်တယ် "

"ကောင်းပြီလေ လူတွေကကော "

"အကုန်အပြတ်ရှင်းတဲ့ "

"ကောင်းပြီး အဲ့တာဆို စပြင်တော့လေ...... "

ထိုလူသည်စကားပြောနေရင်းမှ တံခါးဝရှိ  အားအင်တဖြေးဖြေးကုန်ဆုံး‌ နေပါသောသူ့အားလှည့်ကြည့်လာခဲ့လေသည်။ ပြီးနောက် လူယုတ်မာအပြုံးကြီးပြုံးလာခဲ့လေသည်။ သူ့ဘေးက လူအား ခေါင်းညှိတ်အချက်ပြလိုက်ပြီး သူ့ဆီသို့ပြန်လည်ချဉ်းကပ်လာခဲ့လေသည်။

တံခါးဘောင်အား အနိုင်နိုင် တောင့်ခံရင်း မတ်တပ်ရပ်နေသော သူ့ပခုံးထက်သို့ ထိုလူသည် ရိုက်ချလာခဲ့လေသည်။ ထိုရိုက်ချက်ကြောင့် နဂိုတည်းကပဲ အားအင် ဆုတ်ယုတ်နေပါသော သူသည် ဒူးထောက်လျက်သား ခွေကျသွားလေသည်။

"ဘာလဲ ! ခုကျမကာကွယ်နိုင်တော့ဘူးလား ဟိုကောင် ထုံးစံအတိုင်း စလိုက်တော့ "

"ဟုတ်ကဲ့ "

ပြောပြီးတာနဲ့ လှည့်ထွက်သွားသူအား တချက်ကြည့်လိုက်ပြီး သူ့ရှေ့ရှိ ဒူးထောက်နေသူအား သူငုံ့ကြည့်လိုက်လေသည်။

"ဘယ်လိုလဲ ? အခုနေ အထဲဝင်သွားပြီး လက်စသတ်ပေးရမလား !"

ဆိုတာနဲ့ သူသည် တံခါးလက်ကိုင်အား ထိကိုင်ရန်ပြင်ခိုက် ထိုလူသည် သူ့အားအတင်း တွန်းထုတ်လိုက်ပြီး ထိုတံခါးအား သူ့အသက်ကြိုးမျှင်သဖွယ် ကပ်တွယ်နေလေသည်။

"ငါ‌မသေမချင်း ငါ့သားကို မထိနိုင်စေရဘူး !"

"ကြိုက်တယ်ကွာ ! ကျုပ်ကအဲ့လိုမျိူဆို သိပ်ကြိုက်တာ ခင်မျိားအပြောအတိုင်းတည်အောင်ကျုပ်လုပ်ပေးမယ် "

ပြီးသည်နှင့် သူ့သည် သူ့ ရှေ့မှ လူအား ဓားနှင့်ထပ်ထိုးလိုက်လေသည် ထိုဓားချက်သည်ကား အနက်ရှိုင်း ဆုံးထိဝင်ရောက်သွားလေပြီး ထိုလူအား တံခါးနှင့် တွဲကပ်ထားပါသော သံမှိုအလားပင်။

"ကောင်းကောင်း နေရစ်ခဲ့နော်  ..... ဟိုကောင်တွေ စလုပ်တော့ "

အမိန့်သံအဆုံး အိမ်ရဲ့နေရာအနှံ့အပြားအား ရေနံဆီတွေနှင့် ဝိုင်းလောင်းကြတော့သည်။ ပြီးတာနှင့် ထိုအိမ်တခုလုံးအား မီးလောင်တိုက်သွင်းကြတော့လေသည်။တံခါးအရှေ့မှ ထိုလူသည်ကတော့ ဖြေး‌‌ ဖြေးချင်း သူ့ရဲ့အသက်ရှုသံ ‌အပေါင်းတို့သည် ချုပ်ငြိမ်းသွားခဲ့ရလေသည်။

အခန်းတွင်းမှ Offroad သည်ကတော့ တ‌ဖြေး‌ ဖြေးပူလောင်လာတဲ့ အပူရှိန်ရယ် တဖြေးဖြေး ထူထပ်လာသော မီးခိုးငွေ့တို့ကြားရုန်းကန်လျက်သားနှင့် တဖြေးဖြေး သူအသိစိတ်တို့သည် ဝေးဝါးမှေးမှိန်သွားခဲ့ပြီး အမှောင်ထုကြီးထဲ မ‌ကျရောက်ခင် ရုတ်တရက်ပွင့်လာသော တံခါးနှင့်အတူ အခန်းရှေ့ရပ်နေပါသော လူတယောက်နှင့် သူ့အားကုန်းပိုးရန်ပြင်လိုက်သော ကျောပြင်ကျယ်တခုအား မြင်တွေ့ပြီးနောက် အမှောင်ထုထဲသက်ဆင်းသွားခဲ့လေသည်။

Offroad သူ့မျက်ဝန်းတွေအား ပြန်ဖွင့်လိုက်ချိန်ဝယ် သူ့အရှေ့တွင်သေဆုံသွားပါသော သူ့မိခင်ပုံရိပ်နှင့်အတူ Daouသူ့အားကာကွယ်ပေးရင်း ဓားချက်ဝင်ခံပေးသော ပုံရိပ်များထပ်ခါတလဲလဲ မြင်ယောင်ရင်း အဆုံးဝယ် လန့်ပြီး နိုးထလာခဲ့လေသည်။

Offroad မျက်ဝန်းတွေဖွင့်ဖွင့်ခြင်း မြင်လိုက်ရသော သူမရင်းနှီးလှသော မျက်နှာကြက်ကြောင့် ဘေးပတ်ဝန်းကျင်အား သူခေါင်းလှည့်ကြည့်လိုက်လေသည်။ သူသည် ယခုလက်ရှိ အခန်းငယ်တခုထဲဝယ် သူရှိနေလေသည်။

လူတယောက်မှမတွေ့သည်မို့ Offroad ကုတင်ထက်မှ ထထိုင်ရန်ပြင်လိုက်ချိန် ရုတ်တရက် အောင့်တတ်လာသော သူ့ကျောပြင်ကြောင့် သူအနည်းငယ်ညည်းတွားမိလိုက်လေသည်။ လက်တဖက်က ပတ်တီးစီးထားတာမို့ ဘာမှမဖြစ်ဘဲ အကောင်းတိုင်းရှိ‌ နေပါသော လက်အား ထောင့်ခံရင်းတဖြေးဖြေးထထိုက်လိုက်လေသည်။ 

ပြီးနောက် သူဘေးဘီဝဲယာကြည့်ရင်း ကုတင်ထက်မှ ဆင်းဖို့ပြင်လိုက်လေသည်။ ထိုချိနိအခန်းထဲဝင်လာတဲ့ လူတယောက်ကြောင့် Offroad လဲ ထိုသူအားကြည့်လိုက်လေသည်။

"အော် .... မင်းနိုးလာပြီပဲ ဘယ်လိုလဲ သက်သာရဲ့လား ! "

"ဟုတ်ကဲ့ !... ဒါပေမဲ့ ကျောဘက်ကတော့ နာနေသေးတယ် "

"မင်းအရှိန်ပြင်းပြင်းဆောင့်မိတာကြောင့်ပါ တော်သေးတာက အရိုးမကျိုးသွားတာပဲ ဒါနဲ့ ကိုက Markပါ ဒီရွာကဆရာဝန်ပါ အထူးသဖြင့် မင်းတို့ကိုကုသ‌ ပေးထားသူပေါ့ "

"မင်းတို့ဆိုတော့ နောက်တယောက်ရှိသေးတာလား "

"အွန်း .... သတိမေ့နေတဲ့လူဖြစ်တဲ့ မင်းကိုတလမ်းလုံးဂုန်းပိုးလာတဲ့သူလေ "

"သူ....သူဘယ်မှာလဲ ကျနော့်ကို ခေ့ါ်သွားပေးနိုင်မလား ! ကျနော်....."

ထိုအသံကြားတာနဲ့ Offroad ကုတင်ထက်မှ အတင်းထရပ်ဖို့ လုပ်နေတာမို့ Mark အမြန်ဝင်တားလိုက်ရလေသည်။

"ဖြေးဖြေး ! ဖြေးဖြေး! အရမ်းမလှုပ်ရှားနဲ့အုန်း "

Offroad လဲ Mark ပြောတဲ့အတိုင်း နာခံလိုက်ပြ ထပ်မေးလိုက်လေသည်။

"သူ....သူ ဘယ်မှာလဲ ? "

"ကို ခေါ်သွားပေးမယ် ဖြေးဖြေးထ "

Offroad လဲ Mark အကူအညီဖြင့် ထိုလူခေါ်သွားရာနောက် လိုက်ပါသွားလေသည်။ Markသည်ကား Offroad ထွက်လာသော အခန်းရဲ့ ဘေးဘက်ခန်းထဲသို့ ခေါ်သွားလိုက်လေသည်။

Offroad အခန်းထဲဝင်ဝင်ခြင်း မြင်လိုက်ရသည်ကား သူ့ဘက်အား ကျောပေးထားပြီးလှဲနေသူအမျိုးသားတဦးပင်။ ထိုလူသည် ယခုချိန် သူ့အ ပေါ်ပိုင်းအား အကျီဝတ်ဆင်ထားခြင်းမရှိပေ။ ဖြူဖွေးသော ကျောပြင်ကျယ်အား အတိုင်းသား မြင်ရလေသည်။သို့သော် ထိုကျောပြင်ကျယ်ထက် ကန့်လန့်ပိုင်း ဖြတ်ခံထားရသော ဓားဒဏ်ရာကြီးတခုအပြင် တခြားသော အမာရွတ် ဒဏ်ရာမျိုးစုံလဲ ရှိနေခဲ့လေသည်။

ထိုကျောပြင်ကျယ်သည်ကတော့ သူ့အတွက် အကျည်းတန်မနေခဲ့ပဲ လောကကြီးဝယ် အလှပဆုံးသော အဖိုးတန်ဆုံးသော ပန်းချီကားသည်ပင် ထိုကျောပြင်ကျယ်အား မယှဉ်ပြိုင်နိုင်လောက်ပေ။ ထိုမျှထိ ထိုလူသားရဲ့ ကျောပြင်ကျယ်သည် သူ့အတွက် အဖိုးထိုက်တန်လှပေသည်။

"သူ့အခြေအနေ ဘယ်လိုနေလဲ အဆင်ပြေရဲ့လား "

"အွန်း...... မနေ့က မင်းကိုကုသပေးနေတုန်း သူမေ့လဲသွားတာ ဒဏ်ရာကြောင့်ကော မိုးရေတွေကြောင့်ပါရောပြီး သူပင်ပန်းသွားပုံရတယ် အခုထိတော့သတိမရသေးဘူး ညတုန်းက သူအဖျားအကြီးအကျယ် တတ်သေးတယ် ကိုတို့ဆေးရုံကိုသွားဖို့တောင် ပြင်ရတော့မယ်ထင်တာ ကံကောင်းစွာနဲ့ အဖျားပြန်ကျသွားတယ်လေ အခုကတော့ သူပင်ပန်းပြီး အိပ်ပျော်နေပုံပါ ဘာမှတော့အထွေအထူးမရှိတော့ပါဘူး "

Offroad လဲ Markရဲ့ ပြောစကားများအား နားလည်ကြောင်းခေါင်းညှိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် တကယ်ကျေးဇူးတင်ပါတယ် ကျနော်တို့နှစ်ယောက်လုံးကို ကယ်တင်ပေးလို့ "

"ဒါကကျနော့်အလုပ်ပဲလေဗျာ ခင်များတို့ သက်သာလာရင်ပဲ ကျနော်က ကျေနပ်ပါပြီ "

Offroad ထိုလူသားအနားသို့ အလျင်အမြန် သွားလိုက်လေသည်။ ကျောပြင်ကျယ်ထက်မှ ဒဏ်ရာအားထိရန်သူ့လက်အလှမ်း Mark သည်ဆိုလာခဲ့လေသည်။

"မထိနဲ့အုန်း အခုက ဆေးထည့်နေတုန်း "

Markစကားကြားမှ Offroad သူ့ဘေး‌တွင် နောက်လူတယောက်ရှိနေမှန်းသိတော့လေသည်။ မိန်းမပျိုလေးတ‌ဦးပင် ဖြစ်လေသည်။ ထိုမိန်းမပျိုလေးသည် ထိုလူသားရဲ့ဒဏ်ရာ အားဆေးထည့်ပေးဖို့ပြင်နေခြင်းပင်။

"ဆေးဘယ်လိုထည့်လဲကျနော့်ကိုပြောပြပေးလို့ရမလား "

Offroad သူ့အနောက်ရှိ Mark အားလှမ်းမေးလိုက်လေသည်။

"မင်းသက်သာသွားရင် ကိုပြောပြပါ့မယ် အခုက မင်းလဲ သက်သာဖို့လိုတယ်လေ "

Offroad လဲ Markပြောစကားအား ခေါင်းညှိတ်ထောက်ခံလိုက်လေသည်။ သို့သော် ထိုနေရာမှမရွေ့ပဲ ဒဏ်ရာသန့်စင်သည်မှ ဆေးထည့်သည်ကနေ ပတ်တီးပြန်စီးသည်အထိ တချက်မှအလွတ်မခံ သူလိုက်ကြည့်နေလိုက်လေသည်။

အစအဆုံးအကုန်ပြီးသွားကာမှ Daou ရဲ့ တဖတ်ခြမ်းသို့ Offroad သွားလိုက်လေသည်။ ထိုနေရာရှိ ထိုင်ခုံထက် ထိုင်လိုက်ပြီး အေးခြမ်းစွာ အိပ်ပျော်နေပါသော Daou ရဲ့ ပါးပြင်ထက် Offroad လက်ဖြင့်အုပ်ကိုင်ထားလိုက်လေသည်။

Offroad ထိုသို့ထိတွေ့နေရင်းမှ Daou လက်တဖတ်အား တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး အသံတိတ်ငို‌ ကြွေးမှုသည် စတင်လာခဲ့လေသည်။  အလျင်အမြန် စီးကျလာပါသော မျက်ရည်တို့အား မသုတ်အားစွာ Daou မျက်နှာအား Offroad သည် ငေးကြည့်နေခဲ့လေသည်။

"တောင်းပန်ပါတယ် ! ..... ကျနော့်ကြောင့်ပါ ... ကျနော်သာ အပြင်ထွက်မသွားခဲ့ရင် P'Ou လဲ အခုလို လှဲနေရမှာမဟုတ်ဘူး အခုလိုလဲ ခံစားနေရမှာမဟုတ်ဘူး ကျနော်တကယ်မကောင်းတာပါ ကျနော် တောင်းပန်ပါတယ် P'Ou ကျနော် တကယ်တောင်းပန်ပါတယ် ! ကျနော့်.... ကျနော့်မှာလဲ P'Ouတယောက်ပဲရှိတာပါ  ကျနော့်မှာလေ P'Ou တယောက်တည်းပဲ ကျ‌န်တော့တာပါ အဲ့တာမို့ မြန်မြန် ကျန်းမာလာပေးပါနော် "

အဆုံးမှာတော့ Offroad သည် Daou လက်ဖဝါးထက် သူ့နဖူးအားတေ့ထားရင ဆက်လက်ငိုကြွေးနေခဲ့လေသည်။

Note

ဒီနေ့ကတော့ ဒီလောက်ပါပဲဗျာ ။

There are no comments yet. Log in to be the first to leave a review!

Similar stories