Fanfics

22

19:30, 21 November 2024

Uni

တပတ်အကြာ ပိတ်ရက်တရက်တွင် Offroad Daouရဲ့ ခေါ်ဆောင်မှုနှင့်အတူ ထိုလူနေထိုင်ရာနေရာတခုဆီရောက်လာခဲ့လေသည်။ ရိုးရိုးရှင်းရှင်းတထပ်အိမ်လေးနဲ့ ခြံကျယ်ကျယ်ဝန်းဝန်းဝယ် သစ်ပင်ရိပ်တို့ ပြည့်နှက်‌နေသည်မို့ အေးချမ်းတိတ်ဆိတ်မဲ့ပုံပေါ်လေသည်။

"လာလေ Road "

Daou အိမ်တံခါးမကြီးအားဖွင့်လို့ Offroad အားအထဲခေါ်သွင်းလိုက်‌လေသည်။ အိမ်တွင်းဝယ် သန့်သန့်ရှင်းရှင်းနှင့် နေရာတကျရှိနေလေသည် ။ ပုံမှန် လဲသန့်ရှင်းရေး လုပ်ပေးသည်မို့ ဖုန်အမှိုက်တို့ကင်းဝေးလျှက်သားပင်။ Offroad လှည့်ပတ်ကြည့်ရင်း တီဗီဘေးထောင်ထားသော ဓာတ်ပုံလေးအားယူကြည့်လိုက်လေသည်။

ပုံထဲတွင်တော့ ဆယ်ကျော်သတ်လူငယ်လေးတယောက် နှင့်  အသက် ၃၀ကျော် လူရွယ်တယောက် ရှိနေခဲ့လေသည်။  Offroad ဘေးနားသို့ Daou ရောက်လာပြီး ပြောလာခဲ့လေသည်။

"P 'Ou ဒါက ... "

"အွန်း .... ဒါက ကို့မွေးစားဖေဖေလေ ဖော့Neal "

"ဒါဆို အန်ကယ်က ဘယ်မှာလဲ ? "

Offroad အမေးအား Daouသည် သက်ပြင်းချလျက် လက်ထဲမှ ဓာတ်ပုံဘောင်လေးအား စင်ပေါ်ပြန်တင်လိုက်ရင်း ထိုဓာတ်ပုံဘောင်လေးအား အချိန်ကြာရပ်နေလေသည်။

Offroadလဲ  Daouကျောပြင်းအား အနည်းငယ်ပုတ်ပေးလိုက်လေသည်။ Daouနောက်ဆုံး သက်ပြင်းရှည်ကြီးချလိုက်ပြီး Offroad ဘက်လှည့်လာလေသည်။ Offroad လက်အားဆွဲလို့ အနီးမှ ဆိုဖာထက် Offroad အားထိုင်စေပြီး Daouကတော့ ကြမ်းပြင် အ‌ မွှေးနုနုအခင်းထက်ထိုင်ချလိုက်လေသည်။

"ဖော့ Neal သူက .... ဆုံးသွားပြီ "

"ဘယ်လို ....."

"ကိုမပြောရစေနဲ့ Road "

"ကောင်းပါပြီ P'Ou အဆင်ပြေမှ ပေါ့ P မိဘတွေအကြောင်းကော ပြောပြချင်လား ကျနော် တခါမှ မကြားဖူးလို့လေ "

"ကို့မိဘတွေလဲ မတော်တဆမှုနဲ့ ဆုံးသွားပြီ ကိုတယောက်ပဲရှင်ကျန်ခဲ့တာ ဒါမဲ့ ဖော့Nealနဲ့တွေ့ခဲ့တော့ ကို့အတွက် တန်ဖိုးထားရမဲ့သူ ထပ်ရှိလာပြီထင်ခဲ့ပေမဲ့ ဖော့Nealကလဲ မကြာခင်ကပဲ ထားသွားခဲ့တယ် ခုတော့ ကို့မှာ မင်းတယောက်ပဲရှိ‌တော့တယ် Road "

စကားဆုံးပြီးနောက် Daou တယောက်  Offroad အား ထိုင်နေလျက်သားဖတ်ထားရင်း သူ့မျက်နှာအားဖွက်ထားလေသည်။

" ကိုကြောက်တယ် နောက်ထပ် ကိုတန်ဖိုးထားရမဲ့သူကို ဆူံရှူံးရမှာ "

Offroad လဲ Daouရဲ့ ဆံပင်လေးများအပ် သပ်တင်ပေးလိုက်လေသည်။

"ကျနော်ကတိပေးပါတယ် ကျနော် ကိုယ့်ကို သေချာ ဂရုစိုက်ပါ့မယ် "

"အွန်း ကို့ကို ဘယ်တော့ အဖြေပေးမှာလဲ ဟွန် "

"P'Ou "

Offroadသူ့ခါးအား အတင်းတိုးဖတ်နေတဲ့  Daou အား တွန်းထုတ်ပေမဲ့ ထိုသူသည် ကော်နဲ့ကပ်ထားသည့်အလား မလှုပ်လာခဲ့ပေ။

"P'Ou နာတယ်လေ "

"ကို ဖွဖွလေးဖတ်ထားမယ်လေ  ကို့ကို မသနားဘူးလားကွာ အဖြေပြန်ပေးတော့နော်"

"ဟွန်း .... ဟက် "

"ဘာရီတာလဲ ! "

Offroad သူ့အား ချွဲနေတဲ့Daouကို ကြည့်ပြီး ရီသံထွက်လာတော့ Daouသူ့မျက်နှာအား ခွာလာပြီး Offroad အား ဆူပုတ်ပုတ်ကြည့်လာလေသည်။ လက်နှစ်ဖက်ကတော့ သူ့ခါးမှ ဖယ်မသွားသေးပေ။Offroad သူ့အား ဆူပုတ်ပုတ်ကြည့်နေတဲ့ Daouရဲ့ ပါးနှစ်ဖက်အား ဆွဲညှစ်လိုက်မိတော့သည်။

"အာ!??.... Road ဘာလုပ်တာလဲ ? နာတယ် လွှတ် "

"မလွှတ်ဘူး P'Ou က ချစ်စရာကြီး  ဟားဟားဟား "

‌"မလွှတ်သေးဘူးလား "

Offroad သူ့အား ခါးထောက် ပြောနေသူအား ပြန်ပြောင်ပြလိုက်ပြီး စနေလိုက်လေသည်။

"မင်းလေးစတာနော် ကို့အဆိုးမဆိုနဲ့ "

ပြောပြီးခြင်း ဆိုဖာထက်ထိုင်နေသူအား ကြမ်းပြင်ဘက် ဆွဲချလိုက်ပြီး ထိုသူအပေါ်မှ ချုပ်ပြီး ကလိထိုးတော့‌လေသည်။

"P'Ou ... အဟား... ဟား... ဟား... ယားတယ်လို့ မလုပ်နဲ့တော့ .... ယားတယ်လို့ "

"ပြော... ကို့ကို ချစ်လား မချစ်ဖူးလား "

"ဟားဟား .. ဒီလို အဖြေတောင်းတာ တခါမှမကြားဖူးဘူး  အဟား.... ဟားဟား ... ယားတယ်လို့ P'Ou "

"ခုကြားဖူးသွားပြီမလား အဖြေပြန်ပေးတော့ကွာ ကို့ကို ချစ်လား မချစ်ဘူးလား ဖြေလေကွာ "

"ဟားဟား...ဟားဟား ချစ်တယ်လို့ ချစ်တယ် ဟုပြီလား တော်တော့ ရပ်တော့ ကျနော်ဗိုက်အောင့်နေပြီ "

"တကယ်နော် Road "

Daou ကလိထိုးနေတာ ရပ်လိုက်ပြီး Offroad မျက်ဝန်းတွေနဲ့ဆုံလိုက်ပြီး အဖြေအား ထပ်အတည်ပြုလိုက်လေသည်။

"အွန်း တကယ်ပါ "

"ဟက် .... ကိုမယုံနိုင်သေးဘူး အိမ်မက်တွေလိုပဲ "

"တကယ်ဟုတ်မဟုတ် သေချာချင်လား "

"အွန်း "

Offroad အမေးအား Daou ခေါင်းတဆတ်ဆတ် ညှိတ်ပြလိုက်လေသည်။

"လာ အနားတိုးခဲ့ "

Offroad လက်ညှိုးလေးကွေးခေါ်လိုက်တော့ Daouတယောက် မယုံသလိုကြည့်နေပေမဲ့ အရှေ့တော့တိုးလာလေသည်။ ရှေ့တိုးလာတဲ့ Daouအား လည်ပင်းမှ သိုင်းဖတ်လိုက်ပြီး နှုတ်ခမ်းသားနှစ်စုံတို့ထိတွေ့လျက် အနမ်းတခုအားပုံဖော်ခဲ့လေသည်။

Offroad စနမ်းလိုက်လို့ Daouခဏတာ ကြောင်အသွားပေမဲ့ ကြောင်ပါးကြီးကတော့ ချက်ချင်းလက်ဦးမှုရယူခဲ့လေသည်။ ထို့သို့နှယ် ဧည့်ခန်းလေးထဲ အနမ်းမုန့်တိုင်းတခု ဝင်မွှေသွားခဲ့လေသည်။

မကြာခင်မှာပဲ Offroadလဲ  Daouရဲ့ ‌တောင်းဆိုမှုနှင့် ထိုအိမ်တွင် နေထိုင်ရန် အကြောင်းဖန်လာခဲ့လေသည်။ Daou သူတို့နှစ်ယောက်အကြောင်းအား Tob , Watနဲ့  Din တို့အား ဖွင့်ပြောပြခဲ့သလို Offroad ဘက်မှာလဲ Jeffအား တိတ်တဆိတ် ဝန်ခံခဲ့လေသည်။ ထိုသို့နှင့် ချစ်သူနှစ်ဦးရဲ့ နေ့ရက်လေးများသည် ပြေလည်နေခဲ့လေသည်။

ထိုနေ့မတိုင်ခင်ပင် ဖြစ်လေသည်။

ထို့နေ့သည် Offroad ရဲ့ နားရက် ဖြစ်ပြီး Daouကတော့ အလုပ်အနည်းငယ်ရှုပ်နေခဲ့လေသည်။ ကိုယ်ရံတော် တယောက်ပါဆိုသည့် Daou အား သူသည် အိမ်မှာအလုပ်လုပ်သည်အား ပိုမြင်ရပြီး တခါတလေမှ အပြင်ဘက်ထွက်သွားသည်အားမြင်ရသည်မို့ Offroad မေးခွန်းထုတ်ခဲ့ပေမဲ့ အဖြေကတော့ Dinမှ သူ့အား ရာထူးပြောင်းထားကြောင်းသာ ကြားခဲ့ရပြီး အသေးစိတ်တော့မသိရပေ။

ထိုနေ့ နေ့လယ်ခင်းတွင် Daou တယောက် အလောသုံးဆယ် အလုပ်ပေါ်လာမှုကြောင့် အိမ်မှ အမြန်ထွက်သွားခဲ့လေသည်။ Offroad လဲ အိမ်ထက်ရှင်းစရာများအား လိုက်သိမ်းနေရင်း Daou အလုပ်ခန်းထဲသို့ ရှင်းလင်းရန်ဝင်လာခဲ့လေသည်။

ထုံးစံအတိုင်းရှုပ်ပွနေပြန်သော စာရွက်ပေါင်းစုံအား သူသေချာပြန်စီပေးလိုက်ပြီး

ပြန်အထွက် လေတိုးသံတခုလို ခံစားလိုက်ရတာမို့ Offroad လှည့်ကြည့်မိတော့ စာအုပ်စင်အတန်းလိုက်သာတွေ့ရလေသည်။ Offroad လဲ ထိုစာအုပ်စင်နား အနည်းငယ် စစ်ဆေးပြီးနောက် အမှန်တကယ် နေရာလွတ်လေးတခုမှ လေတိုးသံအား စမ်းမိလိုက်လေသည်။

ပုံမှန်လဲ သူထိုအခန်းထဲ ဝင်ရှင်းနေကြပေမဲ့ ထိုသို့လေတိုးသံမျိုး မခံစားမိပေ ။ ဒီနေ့ကျမှ Daou တယောက် အလောတကြီးထွက်သွားတာမို့ သေချာမပိတ်ခဲ့ပုံပေါ်လေသည်။ Offroad ထိုစင်အား လိုက်လံစပ်စုနေရင်း စာအုပ်တအုပ်အား ထုတ်မိချိန်ဝယ် ချောက်ခနဲ အသံနှင့်အတူ ‌အပေါက်တခုပေါ်လာခဲ့လေသည်။

ဒီလိုနေရာမှာ လျှို့ဝှက်အခန်းတခုပေါ်လာခြင်းသည် သာမန်တော့မဖြစ်နိုင်ပေ။ ပုံမှန်သာဆို Daouသည် သူအား ထိုတံခါးကြောင်း ပြောပြမှာဖြစ်လေသည်။ ဘာလို့သူ့အား တိန်ချန်ထားသလဲ သူသိချင်မိလေသည်။ Daou သည် ဘယ်လိုလူစားမျိုး ဖြစ်နေခဲ့သည်လဲ ။

Offroad ထိုအခန်းထဲအား တဖြေးဖြေးဝင်ရောက်သွားခဲ့လေသည်။ လှေကားအတိုင်း လျှောက်သွားရင်း လှေကားဆုံးဝယ် အခြားတံခါးပေါက်တခုသည် သူ့အားစောင့်မျှော်နေခဲ့လေသည်။ Offroad ထိုတံခါးအနားကပ်သွားရင်း တံခါးလက်ကိုင်အားကိုင်လိုက်လေသည်။ တံခါးအား ဖွင့်ရန်ပြင်ချိန်ဝယ် .....

တီး........ တောင် .....…..

အပေါ်မှ ဘဲလ်တီးသံ ကြားတာမို့ Offroad လဲ တံခါးလက်ကိုင်အားလွှတ်လို့ အပေါ်သို့ပြန်တက်လာခဲ့တော့သည်။ လျှို့ဝှက်အခန်းအား ပြန်ပိတ်စေပြီး ခြံတံခါးဆီသို့သာ တိုက်ရိုက်လျှောက်သွားလိုက်လေသည်။ ခြံရှေ့ဝယ် ကားအနက်တစီးသည် ရပ်နေခဲ့လေသည်။ Offroad လဲ ထိုကားအနက်ထဲမှ လူအားမေးမြန်းလိုက်လေသည်။

"ဘယ်သူပါလဲ ? "

"အို... ဒါက Nealရဲ့ အိမ်ဟုတ်တယ်မလား "

Offroad မေးသံအဆုံး ကားနောက်ခန်းမှ ပြတင်းပေါက်မှန်ကျလာပြီး အသက်၅၀ကျော် လူအိုကြီးတယောက် ထွက်ပေါ်လာခဲ့လေသည်။

"ဟုတ်ပါတယ် အန်ကယ်က ဘယ်သူပါလဲ ? "

"အန်ကန်က Neal ရဲ့အကို ဖြစ်သူ Nake ပါ "

Offroad သူအားပြုံးရီပြနေတဲ့ အန်ကယ်ကြီးအား သူပြန်ပြုံးပြရင်း စကားဆိုလိုက်လေသည်။

"တောင်းပန်ပါတယ် ခုက P'Ou မရှိနေတော့ "

"P'Ou ဆိုတာက "

"အာ.... ဖော့ Neal ရဲ့ မွေးစားသား P'Daouလေ "

"အော် .... မင်းပြောတာ Samuel ကို ပြောတာလား "

"ကျနော် Samuel ကိုမသိပါဘူး "

"Samuel ကို မင်းမသိဖူးတဲ့လား Daouက ဒိအကြောင်းတောင် မင်းကိုမပြောပြထားဘူးပဲ ဟက် "

"အန်ကန် အရေးကြီးကိစ္စများရှိလို့လား ကျနော် P'Ou ကို လှမ်းအကြောင်းကြားပေးလို့ရပါတယ် "

"ထားလိုက် ထားလိုက်ပါ ခုလာတာက မင်းနဲ့တွေ့ချင်လို့ပဲ "

"ကျနော်နဲ့ "

Offroad သူ့ကိုယ်သူအား လက်ညှိုးထိုးပြလိုက်တော့ ကားထဲမှ ထို Nakeဆိုသော လူအိုကြီးသည် ပြုံးရီလာခဲ့လေသည်။

"ဟုတ်တယ် မင်းနဲ့ "

Note

မနက်ဖြန်ကျ နောက်တပိုင်းအပ်ပေးမယ်နော် ထုခွန်း။

Zaw

တပတ္အၾကာ ပိတ္ရက္တရက္တြင္ Offroad Daouရဲ႕ ေခၚေဆာင္မႈႏွင့္အတူ ထိုလူေနထိုင္ရာေနရာတခုဆီေရာက္လာခဲ့ေလသည္။ ရိုးရိုးရွင္းရွင္းတထပ္အိမ္ေလးနဲ႕ ၿခံက်ယ္က်ယ္ဝန္းဝန္းဝယ္ သစ္ပင္ရိပ္တို႔ ျပည့္ႏွက္‌ေနသည္မို႔ ေအးခ်မ္းတိတ္ဆိတ္မဲ့ပုံေပၚေလသည္။

"လာေလ Road "

Daou အိမ္တံခါးမႀကီးအားဖြင့္လို႔ Offroad အားအထဲေခၚသြင္းလိုက္‌ေလသည္။ အိမ္တြင္းဝယ္ သန႔္သန႔္ရွင္းရွင္းႏွင့္ ေနရာတက်ရွိေနေလသည္ ။ ပုံမွန္ လဲသန႔္ရွင္းေရး လုပ္ေပးသည္မို႔ ဖုန္အမွိုက္တို႔ကင္းေဝးလွ်က္သားပင္။ Offroad လွည့္ပတ္ၾကည့္ရင္း တီဗီေဘးေထာင္ထားေသာ ဓာတ္ပုံေလးအားယူၾကည့္လိုက္ေလသည္။

ပုံထဲတြင္ေတာ့ ဆယ္ေက်ာ္သတ္လူငယ္ေလးတေယာက္ ႏွင့္  အသက္ ၃၀ေက်ာ္ လူ႐ြယ္တေယာက္ ရွိေနခဲ့ေလသည္။  Offroad ေဘးနားသို႔ Daou ေရာက္လာၿပီး ေျပာလာခဲ့ေလသည္။

"P 'Ou ဒါက ... "

"အြန္း .... ဒါက ကို႔ေမြးစားေဖေဖေလ ေဖာ့Neal "

"ဒါဆို အန္ကယ္က ဘယ္မွာလဲ ? "

Offroad အေမးအား Daouသည္ သက္ျပင္းခ်လ်က္ လက္ထဲမွ ဓာတ္ပုံေဘာင္ေလးအား စင္ေပၚျပန္တင္လိုက္ရင္း ထိုဓာတ္ပုံေဘာင္ေလးအား အခ်ိန္ၾကာရပ္ေနေလသည္။

Offroadလဲ  Daouေက်ာျပင္းအား အနည္းငယ္ပုတ္ေပးလိုက္ေလသည္။ Daouေနာက္ဆုံး သက္ျပင္းရွည္ႀကီးခ်လိဳက္ၿပီး Offroad ဘက္လွည့္လာေလသည္။ Offroad လက္အားဆြဲလို႔ အနီးမွ ဆိုဖာထက္ Offroad အားထိုင္ေစၿပီး Daouကေတာ့ ၾကမ္းျပင္ အ‌ ေမႊးႏုႏုအခင္းထက္ထိုင္ခ်လိဳက္ေလသည္။

"ေဖာ့ Neal သူက .... ဆုံးသြားၿပီ "

"ဘယ္လို ....."

"ကိုမေျပာရေစနဲ႕ Road "

"ေကာင္းပါၿပီ P'Ou အဆင္ေျပမွ ေပါ့ P မိဘေတြအေၾကာင္းေကာ ေျပာျပခ်င္လား က်ေနာ္ တခါမွ မၾကားဖူးလို႔ေလ "

"ကို႔မိဘေတြလဲ မေတာ္တဆမႈနဲ႕ ဆုံးသြားၿပီ ကိုတေယာက္ပဲရွင္က်န္ခဲ့တာ ဒါမဲ့ ေဖာ့Nealနဲ႕ေတြ႕ခဲ့ေတာ့ ကို႔အတြက္ တန္ဖိုးထားရမဲ့သူ ထပ္ရွိလာၿပီထင္ခဲ့ေပမဲ့ ေဖာ့Nealကလဲ မၾကာခင္ကပဲ ထားသြားခဲ့တယ္ ခုေတာ့ ကို႔မွာ မင္းတေယာက္ပဲရွိ‌ေတာ့တယ္ Road "

စကားဆုံးၿပီးေနာက္ Daou တေယာက္  Offroad အား ထိုင္ေနလ်က္သားဖတ္ထားရင္း သူ႕မ်က္ႏွာအားဖြက္ထားေလသည္။

" ကိုေၾကာက္တယ္ ေနာက္ထပ္ ကိုတန္ဖိုးထားရမဲ့သူကို ဆူံရႉံးရမွာ "

Offroad လဲ Daouရဲ႕ ဆံပင္ေလးမ်ားအပ္ သပ္တင္ေပးလိုက္ေလသည္။

"က်ေနာ္ကတိေပးပါတယ္ က်ေနာ္ ကိုယ့္ကို ေသခ်ာ ဂ႐ုစိုက္ပါ့မယ္ "

"အြန္း ကို႔ကို ဘယ္ေတာ့ အေျဖေပးမွာလဲ ဟြန္ "

"P'Ou "

Offroadသူ႕ခါးအား အတင္းတိုးဖတ္ေနတဲ့  Daou အား တြန္းထုတ္ေပမဲ့ ထိုသူသည္ ေကာ္နဲ႕ကပ္ထားသည့္အလား မလႈပ္လာခဲ့ေပ။

"P'Ou နာတယ္ေလ "

"ကို ဖြဖြေလးဖတ္ထားမယ္ေလ  ကို႔ကို မသနားဘူးလားကြာ အေျဖျပန္ေပးေတာ့ေနာ္"

"ဟြန္း .... ဟက္ "

"ဘာရီတာလဲ ! "

Offroad သူ႕အား ခြၽဲေနတဲ့Daouကို ၾကည့္ၿပီး ရီသံထြက္လာေတာ့ Daouသူ႕မ်က္ႏွာအား ခြာလာၿပီး Offroad အား ဆူပုတ္ပုတ္ၾကည့္လာေလသည္။ လက္ႏွစ္ဖက္ကေတာ့ သူ႕ခါးမွ ဖယ္မသြားေသးေပ။Offroad သူ႕အား ဆူပုတ္ပုတ္ၾကည့္ေနတဲ့ Daouရဲ႕ ပါးႏွစ္ဖက္အား ဆြဲညွစ္လိုက္မိေတာ့သည္။

"အာ!??.... Road ဘာလုပ္တာလဲ ? နာတယ္ လႊတ္ "

"မလႊတ္ဘူး P'Ou က ခ်စ္စရာႀကီး  ဟားဟားဟား "

‌"မလႊတ္ေသးဘူးလား "

Offroad သူ႕အား ခါးေထာက္ ေျပာေနသူအား ျပန္ေျပာင္ျပလိုက္ၿပီး စေနလိုက္ေလသည္။

"မင္းေလးစတာေနာ္ ကို႔အဆိုးမဆိုနဲ႕ "

ေျပာၿပီးျခင္း ဆိုဖာထက္ထိုင္ေနသူအား ၾကမ္းျပင္ဘက္ ဆြဲခ်လိဳက္ၿပီး ထိုသူအေပၚမွ ခ်ဳပ္ၿပီး ကလိထိုးေတာ့‌ေလသည္။

"P'Ou ... အဟား... ဟား... ဟား... ယားတယ္လို႔ မလုပ္နဲ႕ေတာ့ .... ယားတယ္လို႔ "

"ေျပာ... ကို႔ကို ခ်စ္လား မခ်စ္ဖူးလား "

"ဟားဟား .. ဒီလို အေျဖေတာင္းတာ တခါမွမၾကားဖူးဘူး  အဟား.... ဟားဟား ... ယားတယ္လို႔ P'Ou "

"ခုၾကားဖူးသြားၿပီမလား အေျဖျပန္ေပးေတာ့ကြာ ကို႔ကို ခ်စ္လား မခ်စ္ဘူးလား ေျဖေလကြာ "

"ဟားဟား...ဟားဟား ခ်စ္တယ္လို႔ ခ်စ္တယ္ ဟုၿပီလား ေတာ္ေတာ့ ရပ္ေတာ့ က်ေနာ္ဗိုက္ေအာင့္ေနၿပီ "

"တကယ္ေနာ္ Road "

Daou ကလိထိုးေနတာ ရပ္လိုက္ၿပီး Offroad မ်က္ဝန္းေတြနဲ႕ဆုံလိုက္ၿပီး အေျဖအား ထပ္အတည္ျပဳလိုက္ေလသည္။

"အြန္း တကယ္ပါ "

"ဟက္ .... ကိုမယုံနိုင္ေသးဘူး အိမ္မက္ေတြလိုပဲ "

"တကယ္ဟုတ္မဟုတ္ ေသခ်ာခ်င္လား "

"အြန္း "

Offroad အေမးအား Daou ေခါင္းတဆတ္ဆတ္ ညွိတ္ျပလိုက္ေလသည္။

"လာ အနားတိုးခဲ့ "

Offroad လက္ညွိုးေလးေကြးေခၚလိုက္ေတာ့ Daouတေယာက္ မယုံသလိုၾကည့္ေနေပမဲ့ အေရွ႕ေတာ့တိုးလာေလသည္။ ေရွ႕တိုးလာတဲ့ Daouအား လည္ပင္းမွ သိုင္းဖတ္လိုက္ၿပီး ႏႈတ္ခမ္းသားႏွစ္စုံတို႔ထိေတြ႕လ်က္ အနမ္းတခုအားပုံေဖာ္ခဲ့ေလသည္။

Offroad စနမ္းလိုက္လို႔ Daouခဏတာ ေၾကာင္အသြားေပမဲ့ ေၾကာင္ပါးႀကီးကေတာ့ ခ်က္ခ်င္းလက္ဦးမႈရယူခဲ့ေလသည္။ ထို႔သို႔ႏွယ္ ဧည့္ခန္းေလးထဲ အနမ္းမုန႔္တိုင္းတခု ဝင္ေမႊသြားခဲ့ေလသည္။

မၾကာခင္မွာပဲ Offroadလဲ  Daouရဲ႕ ‌ေတာင္းဆိုမႈႏွင့္ ထိုအိမ္တြင္ ေနထိုင္ရန္ အေၾကာင္းဖန္လာခဲ့ေလသည္။ Daou သူတို႔ႏွစ္ေယာက္အေၾကာင္းအား Tob , Watနဲ႕  Din တို႔အား ဖြင့္ေျပာျပခဲ့သလို Offroad ဘက္မွာလဲ Jeffအား တိတ္တဆိတ္ ဝန္ခံခဲ့ေလသည္။ ထိုသို႔ႏွင့္ ခ်စ္သူႏွစ္ဦးရဲ႕ ေန႕ရက္ေလးမ်ားသည္ ေျပလည္ေနခဲ့ေလသည္။

ထိုေန႕မတိုင္ခင္ပင္ ျဖစ္ေလသည္။

ထို႔ေန႕သည္ Offroad ရဲ႕ နားရက္ ျဖစ္ၿပီး Daouကေတာ့ အလုပ္အနည္းငယ္ရႈပ္ေနခဲ့ေလသည္။ ကိုယ္ရံေတာ္ တေယာက္ပါဆိုသည့္ Daou အား သူသည္ အိမ္မွာအလုပ္လုပ္သည္အား ပိုျမင္ရၿပီး တခါတေလမွ အျပင္ဘက္ထြက္သြားသည္အားျမင္ရသည္မို႔ Offroad ေမးခြန္းထုတ္ခဲ့ေပမဲ့ အေျဖကေတာ့ Dinမွ သူ႕အား ရာထူးေျပာင္းထားေၾကာင္းသာ ၾကားခဲ့ရၿပီး အေသးစိတ္ေတာ့မသိရေပ။

ထိုေန႕ ေန႕လယ္ခင္းတြင္ Daou တေယာက္ အေလာသုံးဆယ္ အလုပ္ေပၚလာမႈေၾကာင့္ အိမ္မွ အျမန္ထြက္သြားခဲ့ေလသည္။ Offroad လဲ အိမ္ထက္ရွင္းစရာမ်ားအား လိုက္သိမ္းေနရင္း Daou အလုပ္ခန္းထဲသို႔ ရွင္းလင္းရန္ဝင္လာခဲ့ေလသည္။

ထုံးစံအတိုင္းရႈပ္ပြေနျပန္ေသာ စာ႐ြက္ေပါင္းစုံအား သူေသခ်ာျပန္စီေပးလိုက္ၿပီး

ျပန္အထြက္ ေလတိုးသံတခုလို ခံစားလိုက္ရတာမို႔ Offroad လွည့္ၾကည့္မိေတာ့ စာအုပ္စင္အတန္းလိုက္သာေတြ႕ရေလသည္။ Offroad လဲ ထိုစာအုပ္စင္နား အနည္းငယ္ စစ္ေဆးၿပီးေနာက္ အမွန္တကယ္ ေနရာလြတ္ေလးတခုမွ ေလတိုးသံအား စမ္းမိလိုက္ေလသည္။

ပုံမွန္လဲ သူထိုအခန္းထဲ ဝင္ရွင္းေနၾကေပမဲ့ ထိုသို႔ေလတိုးသံမ်ိဳး မခံစားမိေပ ။ ဒီေန႕က်မွ Daou တေယာက္ အေလာတႀကီးထြက္သြားတာမို႔ ေသခ်ာမပိတ္ခဲ့ပုံေပၚေလသည္။ Offroad ထိုစင္အား လိုက္လံစပ္စုေနရင္း စာအုပ္တအုပ္အား ထုတ္မိခ်ိန္ဝယ္ ေခ်ာက္ခနဲ အသံႏွင့္အတူ ‌အေပါက္တခုေပၚလာခဲ့ေလသည္။

ဒီလိုေနရာမွာ လွ်ို႔ဝွက္အခန္းတခုေပၚလာျခင္းသည္ သာမန္ေတာ့မျဖစ္နိုင္ေပ။ ပုံမွန္သာဆို Daouသည္ သူအား ထိုတံခါးေၾကာင္း ေျပာျပမွာျဖစ္ေလသည္။ ဘာလို႔သူ႕အား တိန္ခ်န္ထားသလဲ သူသိခ်င္မိေလသည္။ Daou သည္ ဘယ္လိုလူစားမ်ိဳး ျဖစ္ေနခဲ့သည္လဲ ။

Offroad ထိုအခန္းထဲအား တေျဖးေျဖးဝင္ေရာက္သြားခဲ့ေလသည္။ ေလွကားအတိုင္း ေလွ်ာက္သြားရင္း ေလွကားဆုံးဝယ္ အျခားတံခါးေပါက္တခုသည္ သူ႕အားေစာင့္ေမွ်ာ္ေနခဲ့ေလသည္။ Offroad ထိုတံခါးအနားကပ္သြားရင္း တံခါးလက္ကိုင္အားကိုင္လိုက္ေလသည္။ တံခါးအား ဖြင့္ရန္ျပင္ခ်ိန္ဝယ္ .....

တီး........ ေတာင္ .....…..

အေပၚမွ ဘဲလ္တီးသံ ၾကားတာမို႔ Offroad လဲ တံခါးလက္ကိုင္အားလႊတ္လို႔ အေပၚသို႔ျပန္တက္လာခဲ့ေတာ့သည္။ လွ်ို႔ဝွက္အခန္းအား ျပန္ပိတ္ေစၿပီး ၿခံတံခါးဆီသို႔သာ တိုက္ရိုက္ေလွ်ာက္သြားလိုက္ေလသည္။ ၿခံေရွ႕ဝယ္ ကားအနက္တစီးသည္ ရပ္ေနခဲ့ေလသည္။ Offroad လဲ ထိုကားအနက္ထဲမွ လူအားေမးျမန္းလိုက္ေလသည္။

"ဘယ္သူပါလဲ ? "

"အို... ဒါက Nealရဲ႕ အိမ္ဟုတ္တယ္မလား "

Offroad ေမးသံအဆုံး ကားေနာက္ခန္းမွ ျပတင္းေပါက္မွန္က်လာၿပီး အသက္၅၀ေက်ာ္ လူအိုႀကီးတေယာက္ ထြက္ေပၚလာခဲ့ေလသည္။

"ဟုတ္ပါတယ္ အန္ကယ္က ဘယ္သူပါလဲ ? "

"အန္ကန္က Neal ရဲ႕အကို ျဖစ္သူ Nake ပါ "

Offroad သူအားၿပဳံးရီျပေနတဲ့ အန္ကယ္ႀကီးအား သူျပန္ၿပဳံးျပရင္း စကားဆိုလိုက္ေလသည္။

"ေတာင္းပန္ပါတယ္ ခုက P'Ou မရွိေနေတာ့ "

"P'Ou ဆိုတာက "

"အာ.... ေဖာ့ Neal ရဲ႕ ေမြးစားသား P'Daouေလ "

"ေအာ္ .... မင္းေျပာတာ Samuel ကို ေျပာတာလား "

"က်ေနာ္ Samuel ကိုမသိပါဘူး "

"Samuel ကို မင္းမသိဖူးတဲ့လား Daouက ဒိအေၾကာင္းေတာင္ မင္းကိုမေျပာျပထားဘူးပဲ ဟက္ "

"အန္ကန္ အေရးႀကီးကိစၥမ်ားရွိလို႔လား က်ေနာ္ P'Ou ကို လွမ္းအေၾကာင္းၾကားေပးလို႔ရပါတယ္ "

"ထားလိုက္ ထားလိုက္ပါ ခုလာတာက မင္းနဲ႕ေတြ႕ခ်င္လို႔ပဲ "

"က်ေနာ္နဲ႕ "

Offroad သူ႕ကိုယ္သူအား လက္ညွိုးထိုးျပလိုက္ေတာ့ ကားထဲမွ ထို Nakeဆိုေသာ လူအိုႀကီးသည္ ၿပဳံးရီလာခဲ့ေလသည္။

"ဟုတ္တယ္ မင္းနဲ႕ "

Note

မနက္ျဖန္က် ေနာက္တပိုင္းအပ္ေပးမယ္ေနာ္ ထုခြန္း။

There are no comments yet. Log in to be the first to leave a review!

Similar stories