Fanfics

12

18:31, 13 October 2024

Uni

P'Jeff ပြန်သွားပြီးမှ Offroad လဲဗိုက်က မယအချက်ပြလာတာမို့ တခုခုမှာစားဖို့လုပ်ရန် ဖုန်းကိုလှမ်းကိုင်နေတုန်း Daouမှမေးလာလေသည်။

'မင်းချက်မစားဘူးလား '

'ဟင့်အင်း.... ကျနော် ချက်ရတာအဆင်မပြေလို့ '

'ဒါဆို ကိုချက်ပေးမယ်လေ အိမ်မှာဝယ်ထားတာတွေများရှိလား '

Daou အမေးအား ခေါင်းခါပြလာတဲ့ Offroad ကြောင့် သူလဲမီးဖိုချောင်ထဲမှ ရေခဲသေတ္တာအားဖွင့်ကြည့်မိတော့ ရေဘူး၊ အချိုရည်ဘူးတွေနဲ့ အသီးအနှံ့တွေသာရှိလေသည်။ တခြားဟင်းချက်စရာတခုတလေမှမရှိပေ။

မီးဖိုချောင်းအတွင်းလှည့်လည်ကြည့်မိတော့လဲ ပြောင်ရှင်းလင်းနေတဲ့မီးဖိုတခု။ အပေါ်ဘက် Storeစင်မှာလဖြ အသင့်စားမုန့်တွေအပြည့်။ မီးဖိုချောင်အပြင်ဘက်မှ Offroad အား သူပြန်လှည့်ကြည့်မိတော့သည်။ ဒီတလျှောက်လုံး ထိုကလေးက ဘဝကိုဒီတိုင်းသာဖြတ်သန်းနေသည်လား ?

သူနောက်ကွယ်မှစောင့်ကြည့်ပေးနေပေမဲ့ အဝေးကအခြေအနေမို့ ‌သူမသိလိုက်တဲ့ကိစ္စတွေရှိနေတာပဲ။

' P'Daou ကျနော်အပြင်ကနေပဲ မှာလိုက်ပါ့မယ် အလုပ်ရှုပ်မခံပါနဲ့ '

'မဟုတ်တာ လာခဲ့ အပြင်သွားမယ် '

'ဘယ်.... ဘယ်ကိုလဲ P '

သူ့လက်အားအတင်းဆွဲလို့ အပြင်ကိုထွက်လာတဲ့ Daouရဲ့ တည်နေရာက ကုန်တိုက်တခုသို့သာ ဖြစ်လေတယ်။ ပစ္စည်းထည့်တွန်းလှည်းအား အသာအယာတွန်းလို့ ဝယ်စရာတွေအား တခုချင်း အလေးအနက်ထား ရွေးဝယ်နေလေသည်။ Offroadတယောက်ကတော့ လှည်းဘေးမှ ကပ်လိုက်ရင်း......

' P'Daou ကျနော်တို့မှာစားလိုက်ပါ့မယ်ဆို P'Daou .... '

Offroadသူ့အားတချက်လှည့်ကြည့်ပြီး ခေါင်းတခါခါနဲ့ အရှေ့ပြန်လှည့်သွားတဲ့ Daouကြောင့် သူ့ခေါင်းလေးသာကုပ်နေမိလေသည်။

' P 'Daou လို့ P..... P'Ou '

'ကဲကွာ အရမ်းစကားများတာပဲ ရော့ ... '

' အွတ် ......'

Offroadရဲ့နားပူနေမှုအားမခံနိုင်တဲ့အဆုံး Daouတယောက် သူ့အိပ်ကပ်ထဲမှ သကြားလုံးတခုဖောက်ပြီး ‌ထိုလေပေါနေသော သူလေးရဲ့ ပါးစပ်တွင်းထည့်ပေးလိုက်တော့သည်။ Daouအား ပြူးကြောင်ကြောင်လေးပြန်ကြည့်နေတာမို့ သူလဲမျက်နှာအား ပစ္စည်းတွေရွေးတဲ့ဘက် အမြန်လှည့်လိုက်ရလေသည်။

' ကိုဒီနေ့ရအောင်ဝယ်ပြီး ရအောင်ချက်မှာ မင်းတားနေလဲမရဘူး ကဲပြောပါအုန်း ဘယ်ဟာကြိုက်လဲ ...'

သူလှည့်‌ မေးတော့ သူ့အားလက်လေးပိုက် မျက်စောင်းထိုးကြည့်နေတဲ့ Offroadအား  Daouတယောက်ပိုအသည်းယားလာလေသည်။ မဖြစ်ရိုးလား ခုနကကျွေးလိုက်တဲ့ သကြားလုံး‌ ကြောင့် ပါးလေးတဖတ်ဖောင်းနေတာက ပိုပြီးချစ်ဖို့ကောင်းနေတာဖြစ်လေသည်။

'ချစ်စရာလေး ....'

'အာ့... P'Ou ဘာလို့လာဆွဲနေတာလဲ သူများပါးကို '

'ချစ်ဖို့ကောင်းလို့လေ အဲ့နှုတ်ခမ်းကြီးက ထော်မလာနဲ့နော် ... မဟုတ်ရင် '

ဖမ်းနမ်းပစ်လိုက်ချင်တာ .....

'မဟုတ်ရင်ဘာဖြစ်လဲ ...'

'ဘာမှမဟုတ်ဘူး လာ ရွေးပေးအုန်း မင်းဘာကြိုက်လဲ '

နောက်ဆုံးDaouအား ပြောမနိုင်တဲ့ Offroad လဲ ထိုလူလုပ်ချင်တဲ့အတိုင်းသာလုပ်ကိုင်ခွင့်ပြုလိုက်ရလေသည်။ နောက်ဆုံးဝယ်ခြမ်းပြီးနောက် အခန်းပြန်ရောက်တော့ ‌.....

'Offroadအထုတ်တွေဒီမှာထားခဲ့တော့ အရင်ရေသွားချိုးတော့သွား '

'ဟုတ်ကဲ့ P'Daou '

' P'Ouလို့ခေါ်တာပို‌သဘောကျတယ် အဲ့လိုပဲခေါ်နော် '

ဝယ်လာတဲ့အရာတွေအား ရေခဲသေတ္တာထဲ ခွဲထည့်ရင်းသူ့အားလှည့်ပြောလာလေတဲ့ Daou .

'အာ... ဟုတ် P'Ou '

'ဒါနဲ့ ကိုကော Roadလို့ခေါ်လို့ရလား ' သူအား အလေးအနက်စိုက်ကြည့်ရင်း မေးမြန်လာတဲ့ Daou ကြောင့် Offroad တယောက် မဆီမဆိုင်မျက်နှာကြီးပူလာသလိုပင်။ ဘာလို့ပူလာတာလဲ ?နာမည်အတိုကောက်လေးခေါ်တာကိုလေ !Offroad သတိထားစမ်း !!

'နေမကောင်းလို့လား ဘာလို့မျက်နှာကြီး နီရဲလာတာနဲ့ '

အပြောထက်လက်သွက်စာ လူကအရင်အနားရောက်လာပြီး သူ့နဖူးအားစမ်းကြည့်နေသူကြောင့် Offroad တယောက် မျက်နှာကြီးပိုပြပူလာသလိုခံစားနေရလေသည်။

'ဘာလို့ ပိုပြီးနီရဲလာတာလဲ ! Road .....'

'ကျနော်ရေသွားချိုးတော့မယ်!!!....'

ထို Roadဆိုတဲ့ စကားအဆုံး ရင်တွေတဒိုင်းဒိုင်းခုန်ပေါက်လာတဲ့ Offroad တယောက် Daouအားတွန်းထုတ်ရင်း သူ့အခန်းထဲပြေးဝင်သွားတော့သည်။ မီးဖိုချောင်းခန်းရှေ့မှ Daouတယောက်ကတော့ ကြောင်တောင်တောင်နဲ့ကျန်ခဲ့လေသည်။

'ဒီကလေးကတော့လေ ဟက်.....'

Daouလဲပစ္စည်းတွေထည့်ရင်း ချက်ပြုတ်ဖို့အတွက်သာ အာရုံပြန်စိုက်လိုက်တော့သည်။

ရေချိုခန်းထဲမှ Offroad ကတော့ ဘေစင်မှ ရေတွေအား မျက်နှာကိုတဗြန်းဗြန်းပတ်ရင်း ယခုနကပူလောင်မှုအား ပျောက်ကင်းအောင်လုပ်နေ‌လိုက်သည်။ ပူနေတာမရှိတော့ဘူးဆိုမှ သူ့မှာဘိုထိုင်လေးထက် ထိုင်လို့အတွေး‌တို့နစ်မြောလျက် .....

' Offroad မင်းကဘာဖြစ်နေတာတုန်း အဲ့လူနဲ့တွေ့တာဖြင့် ၂ရက်တောင်မပြည့်ချင်သေးတာကို မင်းကဘာလို့ ဒီလိုတွေလာဖြစ်နေတာလဲ  ? ဒီတိုင်း စိတ်လှုပ်ရှားတာပဲနေမှာပါလေ မင်းမှာတခြားအတွေးဝင်နေဖို့ အချိန်မရှိဘူး Offroad မင်းမှာ မင်းလုပ်ရမဲ့တာဝန်တွေရှိနေတယ် မင်းကိုမင်းမှတ်ထား!!!မင်းမှာလုပ်ရမဲ့တာဝန်တွေရှိနေတယ် '

Offroad သူကိုယ်တိုင် တရားချပြီးနောက် ရေချိုးဆေးကြောပြီး ပြန်အထွက် ခုနကနေရာချရန်ကျန်နေသော Daouအထုတ်တွေအား နေရာအရင်ချပေးလိုက်သည်။ ပြိးမှ မီးဖိုချောင်ထဲသို့ ဝင်လာခဲ့လိုက်သည်။

ခြေသံကြားတာနဲ့ မီးဖိုပေါ်မှ အိုးတလုံးနဲ့ အလုပ်ရှုပ်နေသူထံမှ စကားသံထွက်လာလေသည်။

'ကိုခဏနေပြီးတော့မှ အရင်ထိုင်နေနှင့် Road '

' ကျနော့်ကို Offroadလိုပဲခေါ်ပါ '

သူဖြေသံအဆုံး သူ့အားတဖက်လှည့်ကြည့်လာတဲ့ Daouက တစုံတခုပြောချင်လျက် သို့သော်နောက်ဆုံးဝယ်....

'ကောင်းပါပြီ ဆောရီးပါ မင်းမကြိုက်မှန်းကိုမသိလိုက်ဘူး'

ထို့နောက် တဖက်ပြန်လှည့်ပြီး ပြန်ချက်ပြုတ်နေတဲ့ကျောပြင်ကျယ်အားကြည့်နေရင်း Offroad သူရဲ့ ဝေးဝါးနေတဲ့ အတွေးမှတ်ဉာဏ်တို့အား ပြန်ဖော်ချင်ပေမဲ့။ အတိတ်မှတ်ဉာဏ်တို့သည် မှုန်ဝါးနေဆဲပင်။

နောက်ဆုံးတော့ သူမေးချင်သော မေးခွန်းအား Daouအားမေးလိုက်တော့သည်။

'P'Ou ကျနော်တခုမေးလို့ရလား '

'မေးလေ '

'ကျနော်တို့ အရင်ကတွေ့ဖူးကြလား !.... '

Offroad အမေးကြောင့် Daouရဲ့ လှုပ်ရှားနေသောလက်အစုံဟာ ခဏတာရပ်တန့်လို့သွားခဲ့လေသည်။ သို့သော် သူကနောက်ကျောပေးထားတာမို့ သူ့အပြုအမူအား Offroad မမြင်မိလောက်။ သူပုံမှန်အတိုင်းပြုမူရင်း ပြန်မေးလိုက်လေသည်။

'ဘာလို့အဲ့လို ထင်တာလဲ '

'P'Ouကျနော့်ကို ဆက်ဆံတဲ့ပုံစံက ကျနော့်ကိုသိနေသလို ပုံစံမျိုးမို့လေ ပြီးတော့ P'Ouရဲ့ နောက်ကျောဘက်ပုံစံကို ကျနော်မြင်ဖူးနေသလိုပဲ ကျနော်မတော်တဆဖြစ်ပြီးနောက်ပိုင်း တချို့အရာတွေက ဝေဝါးနေတာမို့လေ P'Ouနဲ့ဆုံဖူးလာလို့ပါ'

'အွန်း.......'

Offroad အမေးအဆုံးDaouလဲ ဟင်းတွေအား ပန်းကန်းထက်ထည့်လို့ ထိုပန်းကန်းအားယူလာရင်း Offroad အရှေ့ရှိ စားပွဲထက်သို့ ချပေး‌လိုက်လေသည်။

'မင်းရဲ့မတော်တဆက မင်းမီးသုံးရမှာကြောက်နေတာနဲ‌့ကော သက်ဆိုင်လား မင်းချက်ပြုတ်ရမဲ့အစား အသင့်စာတွေစား‌‌ နေတာလေ'

'အဲ့ဒါက ... '

'မင်းအတွက် အတိတ်ဆိုးတွေမလား ပြန်မစဉ်းစားနဲ့တော့ ဒီတိုင်းပဲမေးမိလိုက်တာပါ မဖြေလဲရတယ်'

'ရပါတယ် ကျနော်ကျင့်သားတော့ရနေပါပြီ P'Ou ကဒါကိုဘယ်လိုသိတာလဲ'

'ကို မင်းရဲ့Bioကို ဖတ်ကြည့်ဖူးလို့ပါ အဲထဲကအရာတွေနဲ့ ဆပ်စပ်ရင်းတွေးမိသွားရုံပါပဲ မစိုးရိမ်ပါနဲ့ ကိုကမင်းအကြောင်းနားလည်အောင် အနည်းငယ်လေ့လာရုံပါ '

'ခုချိန်မှတော့ မဖတ်နဲ့လို့ပြောလို့မှမရတာ '

Offroad ဘောက်ဆတ်ဆတ်လေးပြန်ပြောနေပုံအားကြည့်ရင်း ပါးလေးအားသွားညှစ်ချင်စိတ်အား မနည်းခုခံနေရသည်။

'အဲ့တာလဲ ဟုတ်တာပဲ မြည်းကြည့် တော့လေဗိုက်ဆာနေပြီမလား '

'အွန်း... '

'ဘယ်လိုနေလဲ ? '  Daou တယောက် Offroad ရဲ့မျက်နှာချင်းဆိုင် ဘက်ခြမ်းတွင်နေရာယူ ဝင်ထိုင်လိုက်လေသည်။

'ဝါး... အရမ်းအရသာရှိတယ် ..P'Ou ချက်တာတကယ်စားကောင်းတယ် '

'ကောင်းပြီ နောက်ကျ မင်းစားချင်တာရှိရင်ပြော ကိုလုပ်ပေးမယ် ဟုပြီလား '

'အွန်း......'

သူတို့နှစ်ယောက်ညစာစားပြီးနောက် Offroad ပန်းကန်းဆေးဖို့ တာဝန်ယူနေတုန်း Daouလဲရေမိုးချိုးလိုက်လေသည်။ သူရေချိုးပြီးထွက်လာတော့ ပန်းကန်းတွေရေသုတ်နေတဲ့ Offroad အားတွေ့ရလေသည်။

'ဒီတိုင်းထားလိုက်တာမဟုတ်ဘူး ကိုရှင်းလိုက်မှာပေါ့ '

'ဘယ်ဖြစ်မလဲ P'Ouကလဲ ချက်ပေးရသေးတယ် စားပေးရတဲ့ ကျနော်က ပြန်တော့ဆေးပေးရမှာပေါ့ '

'ကောင်းပါပြီ ဒါနဲ့ ကို ဘယ်မှာအိပ်ရမှာလဲ '

'အဲ့တာက ဒီဆိုဖာပေါ်မှာဆို အဆင်ပြေလား ဒီနေ့တရက်ပါပဲ နောက်နေ့ကျ P'Ouအတွက် ကျနော် သပ်သပ်ပြင်ပေးပါ့မယ် '

'ပြင်မနေနဲ့ ဒီမှာလဲအဆင်ပြေတယ်'

'ဒါမဲ့ ..... '

'ကို့ ကိုအားနာ‌မနေနဲ့ ဟုတ်ပြီလား ကဲသွားနားတော့ မင်းလဲပင်ပန်းနေပြီ '

'ဟုတ်ကဲ့ ကောင်းသောညပါ P'Ou '

' ကောင်းသောညပါ Offroad '

အခန်းတံခါးပိတ်သံနဲ့အတူ Daou လဲဆိုဖာထက်တွင် ဝင်လှဲလိုက်တော့လေသည်။ ယနေအဖြစ်အပျက်များအား ပြန်တွေးတောနေတုန်း သူ့ဖုန်းမှ ဖုန်းဝင်လာတာမို့ သူကြည့်လိုက်တော့ Tob ဆီမှ ခေါ်ဆိုနေခြင်း ။ သူအချိန်အားတချက်ကြည့်လို့ မဲ့ပြုံးတချက်အားပြုံးလိုက်ရင်း ဖုန်းကိုင်လိုက်လေတော့သည်။

Note

နောက်၂ရက်နေ့မှ ပြန်‌တွေ့မယ်နော် ထုခွန်း ဘိုင်ဘိုင်'

Zaw

P'Jeff ျပန္သြားၿပီးမွ Offroad လဲဗိုက္က မယအခ်က္ျပလာတာမို႔ တခုခုမွာစားဖို႔လုပ္ရန္ ဖုန္းကိုလွမ္းကိုင္ေနတုန္း Daouမွေမးလာေလသည္။

'မင္းခ်က္မစားဘူးလား '

'ဟင့္အင္း.... က်ေနာ္ ခ်က္ရတာအဆင္မေျပလို႔ '

'ဒါဆို ကိုခ်က္ေပးမယ္ေလ အိမ္မွာဝယ္ထားတာေတြမ်ားရွိလား '

Daou အေမးအား ေခါင္းခါျပလာတဲ့ Offroad ေၾကာင့္ သူလဲမီးဖိုေခ်ာင္ထဲမွ ေရခဲေသတၱာအားဖြင့္ၾကည့္မိေတာ့ ေရဘူး၊ အခ်ိဳရည္ဘူးေတြနဲ႕ အသီးအႏွံ႕ေတြသာရွိေလသည္။ တျခားဟင္းခ်က္စရာတခုတေလမွမရွိေပ။

မီးဖိုေခ်ာင္းအတြင္းလွည့္လည္ၾကည့္မိေတာ့လဲ ေျပာင္ရွင္းလင္းေနတဲ့မီးဖိုတခု။ အေပၚဘက္ Storeစင္မွာလျဖ အသင့္စားမုန႔္ေတြအျပည့္။ မီးဖိုေခ်ာင္အျပင္ဘက္မွ Offroad အား သူျပန္လွည့္ၾကည့္မိေတာ့သည္။ ဒီတေလွ်ာက္လုံး ထိုကေလးက ဘဝကိုဒီတိုင္းသာျဖတ္သန္းေနသည္လား ?

သူေနာက္ကြယ္မွေစာင့္ၾကည့္ေပးေနေပမဲ့ အေဝးကအေျခအေနမို႔ ‌သူမသိလိုက္တဲ့ကိစၥေတြရွိေနတာပဲ။

' P'Daou က်ေနာ္အျပင္ကေနပဲ မွာလိုက္ပါ့မယ္ အလုပ္ရႈပ္မခံပါနဲ႕ '

'မဟုတ္တာ လာခဲ့ အျပင္သြားမယ္ '

'ဘယ္.... ဘယ္ကိုလဲ P '

သူ႕လက္အားအတင္းဆြဲလို႔ အျပင္ကိုထြက္လာတဲ့ Daouရဲ႕ တည္ေနရာက ကုန္တိုက္တခုသို႔သာ ျဖစ္ေလတယ္။ ပစၥည္းထည့္တြန္းလွည္းအား အသာအယာတြန္းလို႔ ဝယ္စရာေတြအား တခုခ်င္း အေလးအနက္ထား ေ႐ြးဝယ္ေနေလသည္။ Offroadတေယာက္ကေတာ့ လွည္းေဘးမွ ကပ္လိုက္ရင္း......

' P'Daou က်ေနာ္တို႔မွာစားလိုက္ပါ့မယ္ဆို P'Daou .... '

Offroadသူ႕အားတခ်က္လွည့္ၾကည့္ၿပီး ေခါင္းတခါခါနဲ႕ အေရွ႕ျပန္လွည့္သြားတဲ့ Daouေၾကာင့္ သူ႕ေခါင္းေလးသာကုပ္ေနမိေလသည္။

' P 'Daou လို႔ P..... P'Ou '

'ကဲကြာ အရမ္းစကားမ်ားတာပဲ ေရာ့ ... '

' အြတ္ ......'

Offroadရဲ႕နားပူေနမႈအားမခံနိုင္တဲ့အဆုံး Daouတေယာက္ သူ႕အိပ္ကပ္ထဲမွ သၾကားလုံးတခုေဖာက္ၿပီး ‌ထိုေလေပါေနေသာ သူေလးရဲ႕ ပါးစပ္တြင္းထည့္ေပးလိုက္ေတာ့သည္။ Daouအား ျပဴးေၾကာင္ေၾကာင္ေလးျပန္ၾကည့္ေနတာမို႔ သူလဲမ်က္ႏွာအား ပစၥည္းေတြေ႐ြးတဲ့ဘက္ အျမန္လွည့္လိုက္ရေလသည္။

' ကိုဒီေန႕ရေအာင္ဝယ္ၿပီး ရေအာင္ခ်က္မွာ မင္းတားေနလဲမရဘူး ကဲေျပာပါအုန္း ဘယ္ဟာႀကိဳက္လဲ ...'

သူလွည့္‌ ေမးေတာ့ သူ႕အားလက္ေလးပိုက္ မ်က္ေစာင္းထိုးၾကည့္ေနတဲ့ Offroadအား  Daouတေယာက္ပိုအသည္းယားလာေလသည္။ မျဖစ္ရိုးလား ခုနကေကြၽးလိုက္တဲ့ သၾကားလုံး‌ ေၾကာင့္ ပါးေလးတဖတ္ေဖာင္းေနတာက ပိုၿပီးခ်စ္ဖို႔ေကာင္းေနတာျဖစ္ေလသည္။

'ခ်စ္စရာေလး ....'

'အာ့... P'Ou ဘာလို႔လာဆြဲေနတာလဲ သူမ်ားပါးကို '

'ခ်စ္ဖို႔ေကာင္းလို႔ေလ အဲ့ႏႈတ္ခမ္းႀကီးက ေထာ္မလာနဲ႕ေနာ္ ... မဟုတ္ရင္ '

ဖမ္းနမ္းပစ္လိုက္ခ်င္တာ .....

'မဟုတ္ရင္ဘာျဖစ္လဲ ...'

'ဘာမွမဟုတ္ဘူး လာ ေ႐ြးေပးအုန္း မင္းဘာႀကိဳက္လဲ '

ေနာက္ဆုံးDaouအား ေျပာမနိုင္တဲ့ Offroad လဲ ထိုလူလုပ္ခ်င္တဲ့အတိုင္းသာလုပ္ကိုင္ခြင့္ျပဳလိုက္ရေလသည္။ ေနာက္ဆုံးဝယ္ျခမ္းၿပီးေနာက္ အခန္းျပန္ေရာက္ေတာ့ ‌.....

'Offroadအထုတ္ေတြဒီမွာထားခဲ့ေတာ့ အရင္ေရသြားခ်ိဳးေတာ့သြား '

'ဟုတ္ကဲ့ P'Daou '

' P'Ouလို႔ေခၚတာပို‌သေဘာက်တယ္ အဲ့လိုပဲေခၚေနာ္ '

ဝယ္လာတဲ့အရာေတြအား ေရခဲေသတၱာထဲ ခြဲထည့္ရင္းသူ႕အားလွည့္ေျပာလာေလတဲ့ Daou .

'အာ... ဟုတ္ P'Ou '

'ဒါနဲ႕ ကိုေကာ Roadလို႔ေခၚလို႔ရလား ' သူအား အေလးအနက္စိုက္ၾကည့္ရင္း ေမးျမန္လာတဲ့ Daou ေၾကာင့္ Offroad တေယာက္ မဆီမဆိုင္မ်က္ႏွာႀကီးပူလာသလိုပင္။ ဘာလို႔ပူလာတာလဲ ?နာမည္အတိုေကာက္ေလးေခၚတာကိုေလ !Offroad သတိထားစမ္း !!

'ေနမေကာင္းလို႔လား ဘာလို႔မ်က္ႏွာႀကီး နီရဲလာတာနဲ႕ '

အေျပာထက္လက္သြက္စာ လူကအရင္အနားေရာက္လာၿပီး သူ႕နဖူးအားစမ္းၾကည့္ေနသူေၾကာင့္ Offroad တေယာက္ မ်က္ႏွာႀကီးပိုျပပူလာသလိုခံစားေနရေလသည္။

'ဘာလို႔ ပိုၿပီးနီရဲလာတာလဲ ! Road .....'

'က်ေနာ္ေရသြားခ်ိဳးေတာ့မယ္!!!....'

ထို Roadဆိုတဲ့ စကားအဆုံး ရင္ေတြတဒိုင္းဒိုင္းခုန္ေပါက္လာတဲ့ Offroad တေယာက္ Daouအားတြန္းထုတ္ရင္း သူ႕အခန္းထဲေျပးဝင္သြားေတာ့သည္။ မီးဖိုေခ်ာင္းခန္းေရွ႕မွ Daouတေယာက္ကေတာ့ ေၾကာင္ေတာင္ေတာင္နဲ႕က်န္ခဲ့ေလသည္။

'ဒီကေလးကေတာ့ေလ ဟက္.....'

Daouလဲပစၥည္းေတြထည့္ရင္း ခ်က္ျပဳတ္ဖို႔အတြက္သာ အာ႐ုံျပန္စိုက္လိုက္ေတာ့သည္။

ေရခ်ိဳခန္းထဲမွ Offroad ကေတာ့ ေဘစင္မွ ေရေတြအား မ်က္ႏွာကိုတျဗန္းျဗန္းပတ္ရင္း ယခုနကပူေလာင္မႈအား ေပ်ာက္ကင္းေအာင္လုပ္ေန‌လိုက္သည္။ ပူေနတာမရွိေတာ့ဘူးဆိုမွ သူ႕မွာဘိုထိုင္ေလးထက္ ထိုင္လို႔အေတြး‌တို႔နစ္ေျမာလ်က္ .....

' Offroad မင္းကဘာျဖစ္ေနတာတုန္း အဲ့လူနဲ႕ေတြ႕တာျဖင့္ ၂ရက္ေတာင္မျပည့္ခ်င္ေသးတာကို မင္းကဘာလို႔ ဒီလိုေတြလာျဖစ္ေနတာလဲ  ? ဒီတိုင္း စိတ္လႈပ္ရွားတာပဲေနမွာပါေလ မင္းမွာတျခားအေတြးဝင္ေနဖို႔ အခ်ိန္မရွိဘူး Offroad မင္းမွာ မင္းလုပ္ရမဲ့တာဝန္ေတြရွိေနတယ္ မင္းကိုမင္းမွတ္ထား!!!မင္းမွာလုပ္ရမဲ့တာဝန္ေတြရွိေနတယ္ '

Offroad သူကိုယ္တိုင္ တရားခ်ၿပီးေနာက္ ေရခ်ိဳးေဆးေၾကာၿပီး ျပန္အထြက္ ခုနကေနရာခ်ရန္က်န္ေနေသာ Daouအထုတ္ေတြအား ေနရာအရင္ခ်ေပးလိုက္သည္။ ၿပိးမွ မီးဖိုေခ်ာင္ထဲသို႔ ဝင္လာခဲ့လိုက္သည္။

ေျခသံၾကားတာနဲ႕ မီးဖိုေပၚမွ အိုးတလုံးနဲ႕ အလုပ္ရႈပ္ေနသူထံမွ စကားသံထြက္လာေလသည္။

'ကိုခဏေနၿပီးေတာ့မွ အရင္ထိုင္ေနႏွင့္ Road '

' က်ေနာ့္ကို Offroadလိုပဲေခၚပါ '

သူေျဖသံအဆုံး သူ႕အားတဖက္လွည့္ၾကည့္လာတဲ့ Daouက တစုံတခုေျပာခ်င္လ်က္ သို႔ေသာ္ေနာက္ဆုံးဝယ္....

'ေကာင္းပါၿပီ ေဆာရီးပါ မင္းမႀကိဳက္မွန္းကိုမသိလိုက္ဘူး'

ထို႔ေနာက္ တဖက္ျပန္လွည့္ၿပီး ျပန္ခ်က္ျပဳတ္ေနတဲ့ေက်ာျပင္က်ယ္အားၾကည့္ေနရင္း Offroad သူရဲ႕ ေဝးဝါးေနတဲ့ အေတြးမွတ္ဉာဏ္တို႔အား ျပန္ေဖာ္ခ်င္ေပမဲ့။ အတိတ္မွတ္ဉာဏ္တို႔သည္ မႈန္ဝါးေနဆဲပင္။

ေနာက္ဆုံးေတာ့ သူေမးခ်င္ေသာ ေမးခြန္းအား Daouအားေမးလိုက္ေတာ့သည္။

'P'Ou က်ေနာ္တခုေမးလို႔ရလား '

'ေမးေလ '

'က်ေနာ္တို႔ အရင္ကေတြ႕ဖူးၾကလား !.... '

Offroad အေမးေၾကာင့္ Daouရဲ႕ လႈပ္ရွားေနေသာလက္အစုံဟာ ခဏတာရပ္တန႔္လို႔သြားခဲ့ေလသည္။ သို႔ေသာ္ သူကေနာက္ေက်ာေပးထားတာမို႔ သူ႕အျပဳအမူအား Offroad မျမင္မိေလာက္။ သူပုံမွန္အတိုင္းျပဳမူရင္း ျပန္ေမးလိုက္ေလသည္။

'ဘာလို႔အဲ့လို ထင္တာလဲ '

'P'Ouက်ေနာ့္ကို ဆက္ဆံတဲ့ပုံစံက က်ေနာ့္ကိုသိေနသလို ပုံစံမ်ိဳးမို႔ေလ ၿပီးေတာ့ P'Ouရဲ႕ ေနာက္ေက်ာဘက္ပုံစံကို က်ေနာ္ျမင္ဖူးေနသလိုပဲ က်ေနာ္မေတာ္တဆျဖစ္ၿပီးေနာက္ပိုင္း တခ်ိဳ႕အရာေတြက ေဝဝါးေနတာမို႔ေလ P'Ouနဲ႕ဆုံဖူးလာလို႔ပါ'

'အြန္း.......'

Offroad အေမးအဆုံးDaouလဲ ဟင္းေတြအား ပန္းကန္းထက္ထည့္လို႔ ထိုပန္းကန္းအားယူလာရင္း Offroad အေရွ႕ရွိ စားပြဲထက္သို႔ ခ်ေပး‌လိုက္ေလသည္။

'မင္းရဲ႕မေတာ္တဆက မင္းမီးသုံးရမွာေၾကာက္ေနတာနဲ‌့ေကာ သက္ဆိုင္လား မင္းခ်က္ျပဳတ္ရမဲ့အစား အသင့္စာေတြစား‌‌ ေနတာေလ'

'အဲ့ဒါက ... '

'မင္းအတြက္ အတိတ္ဆိုးေတြမလား ျပန္မစဥ္းစားနဲ႕ေတာ့ ဒီတိုင္းပဲေမးမိလိုက္တာပါ မေျဖလဲရတယ္'

'ရပါတယ္ က်ေနာ္က်င့္သားေတာ့ရေနပါၿပီ P'Ou ကဒါကိုဘယ္လိုသိတာလဲ'

'ကို မင္းရဲ႕Bioကို ဖတ္ၾကည့္ဖူးလို႔ပါ အဲထဲကအရာေတြနဲ႕ ဆပ္စပ္ရင္းေတြးမိသြား႐ုံပါပဲ မစိုးရိမ္ပါနဲ႕ ကိုကမင္းအေၾကာင္းနားလည္ေအာင္ အနည္းငယ္ေလ့လာ႐ုံပါ '

'ခုခ်ိန္မွေတာ့ မဖတ္နဲ႕လို႔ေျပာလို႔မွမရတာ '

Offroad ေဘာက္ဆတ္ဆတ္ေလးျပန္ေျပာေနပုံအားၾကည့္ရင္း ပါးေလးအားသြားညွစ္ခ်င္စိတ္အား မနည္းခုခံေနရသည္။

'အဲ့တာလဲ ဟုတ္တာပဲ ျမည္းၾကည့္ ေတာ့ေလဗိုက္ဆာေနၿပီမလား '

'အြန္း... '

'ဘယ္လိုေနလဲ ? '  Daou တေယာက္ Offroad ရဲ႕မ်က္ႏွာခ်င္းဆိုင္ ဘက္ျခမ္းတြင္ေနရာယူ ဝင္ထိုင္လိုက္ေလသည္။

'ဝါး... အရမ္းအရသာရွိတယ္ ..P'Ou ခ်က္တာတကယ္စားေကာင္းတယ္ '

'ေကာင္းၿပီ ေနာက္က် မင္းစားခ်င္တာရွိရင္ေျပာ ကိုလုပ္ေပးမယ္ ဟုၿပီလား '

'အြန္း......'

သူတို႔ႏွစ္ေယာက္ညစာစားၿပီးေနာက္ Offroad ပန္းကန္းေဆးဖို႔ တာဝန္ယူေနတုန္း Daouလဲေရမိုးခ်ိဳးလိုက္ေလသည္။ သူေရခ်ိဳးၿပီးထြက္လာေတာ့ ပန္းကန္းေတြေရသုတ္ေနတဲ့ Offroad အားေတြ႕ရေလသည္။

'ဒီတိုင္းထားလိုက္တာမဟုတ္ဘူး ကိုရွင္းလိုက္မွာေပါ့ '

'ဘယ္ျဖစ္မလဲ P'Ouကလဲ ခ်က္ေပးရေသးတယ္ စားေပးရတဲ့ က်ေနာ္က ျပန္ေတာ့ေဆးေပးရမွာေပါ့ '

'ေကာင္းပါၿပီ ဒါနဲ႕ ကို ဘယ္မွာအိပ္ရမွာလဲ '

'အဲ့တာက ဒီဆိုဖာေပၚမွာဆို အဆင္ေျပလား ဒီေန႕တရက္ပါပဲ ေနာက္ေန႕က် P'Ouအတြက္ က်ေနာ္ သပ္သပ္ျပင္ေပးပါ့မယ္ '

'ျပင္မေနနဲ႕ ဒီမွာလဲအဆင္ေျပတယ္'

'ဒါမဲ့ ..... '

'ကို႔ ကိုအားနာ‌မေနနဲ႕ ဟုတ္ၿပီလား ကဲသြားနားေတာ့ မင္းလဲပင္ပန္းေနၿပီ '

'ဟုတ္ကဲ့ ေကာင္းေသာညပါ P'Ou '

' ေကာင္းေသာညပါ Offroad '

အခန္းတံခါးပိတ္သံနဲ႕အတူ Daou လဲဆိုဖာထက္တြင္ ဝင္လွဲလိုက္ေတာ့ေလသည္။ ယေနအျဖစ္အပ်က္မ်ားအား ျပန္ေတြးေတာေနတုန္း သူ႕ဖုန္းမွ ဖုန္းဝင္လာတာမို႔ သူၾကည့္လိုက္ေတာ့ Tob ဆီမွ ေခၚဆိုေနျခင္း ။ သူအခ်ိန္အားတခ်က္ၾကည့္လို႔ မဲ့ၿပဳံးတခ်က္အားၿပဳံးလိုက္ရင္း ဖုန္းကိုင္လိုက္ေလေတာ့သည္။

Note

ေနာက္၂ရက္ေန႕မွ ျပန္‌ေတြ႕မယ္ေနာ္ ထုခြန္း ဘိုင္ဘိုင္'

There are no comments yet. Log in to be the first to leave a review!

Similar stories