7
18:06, 1 October 2024Uni
သူတို့ရဲ့ နားခိုရာအိမ်တော်ထဲသို့ ကားရပ်ပြီးချက်ချင်း Offroad အားပွေ့ချီလို့ အိမ်အပေါ်ထပ်ပြေးတက်သွားသူနောက် Tob နဲ့ Dinမှာ အပြေးလိုက်ရလေသည်။ အရှေ့မှလူမှာတော့ ......
'Wat !!! မင်းအခန်းထဲ အခုချက်ချင်းလာခဲ့!!'
သူတို့လဲအခန်းထဲအရောက် Daou တယောက် Offroad အား အိပ်ရာထက်ဖြေညှင်းစွာ နေရာချပေးလေသည်။ သူနေရာချပြီးပြီးချင်း ဘေးနားထွက်ရပ်ဖို့လုပ်ပေမဲ့ သူ့လက်အားအတင်းဆွဲထားတဲ့ Offroad ကြောင့် Daou လဲ ထိုလူသားဘေးနားမှာသာဝင်ထိုင်ပေးလိုက်ရသည်။
သူထိုင်ပြီးပြီးချင်း သူခါးအားအတင်းတွယ်ဖတ်ထားသူကြောင့် ထိုလူသားကျောပြင်လေအား ဖွဖွလေးပုတ်ပေးနေရသည်။ ထို့နောက်တံခါးဝမှ Tobနဲ့ Dinအားလှည့်ကြည့်လိုက်လေသည်။
'Wat ကော သူဘယ်မှာလဲ ? '
'လာပါပြီ .... ဘာလို့အဲ့လောက် လော.... လော .....ဒါ .... ဒါ ဘာကြီးတုန်း ? '
သူမေးသံအဆုံး တံခါးပေါက်ဝမှ အသံနဲ့အတူ အထဲဝင်လာတဲ့ လူတယောက်။ တဖတ်ကဆေးအိတ်ကိုင်လို့ တဖက်က မျက်မှန်ထူထူအားပင့်တင့်နေတဲ့ လူတယောက်။ ထိုသူကWat တနည်းအားဖြင့် Daouတို့ရဲ့ ဆရာဝန်တယောက် ဒီထက်ပိုပါက ဆေးလောကရဲ့ ပညာရှင် တယောက်ဆိုပိုမှန်ပေလိမ့်မည်။
ထိုလူဟာအထဲဝင်ဝင်ချင်း အိပ်ရာထက်မှ သူ့မြင်လိုက်ရတဲ့အရာကြောင့် လန့်ဖြတ်သွားလေသည်။ဘေးတဖတ်တချက်မှ Din နဲ့ Tob အား အမေးသဘော ခေါင်းဆတ်ပြနေသည် ။ ဟိုနှစ်ယောက်မှာလဲ ခေါင်းတခါခါသာ။
ထိုအဖြစ်အပျက်အား စိတ်မရှည်သူ တဦး၏လေသံကြားမှ အသိပြန်ဝင်လာတဲ့အဖြစ်။
'Wat မင်း ခုချက်ချင်းလာမလား ငါလာပေးရမလား '
'အို... Pကလဲ ကျနော့်ဘာသာ လာမယ်နော် '
Daouအား အဖြေပြန်ပေးပြီး အိပ်ရာတဖတ်ခြမ်းသို့ အမြန်ပြေးလာလိုက်ရသည် မဟုတ်ရင်ဘေး စင်မှာတင်ထားတဲ့ တခုခုနဲ့ကောက်ပေါက်တော့မှာ ဖြစ်လေသည်။
'Pပြောတဲ့သူက ....'
'အွန်း '
သူ့အမေအား အတည်ပြုလာပြီမို့ ဆေးအိတ်အား ဘေးချလို့ ကျောပေးထားသူ လူနာရှင်အားအကြည့်ပို့မိသည်။ ခဏကြာသည်အထိ ထိုသူသားအား လွှတ်ပေးမဲ့ပုံမရှိသေးတာမို့ သူကသာစကားစပေးရသည် ။
'ကျနော်စမ်းသပ်ကြည့်ရမယ်လေ Pခဏလောက် လွှတ်ပေးလို့ရမလား ပြီးတော့ အကျည်းချုပ် ပြော'
သူပြောမှ ဖတ်ထားသည်အားလွှတ်ပေးလာတာကြောင့် အိပ်ရာထပ်မှ လူနာအားခုမှသေချာကြည့်ရသည်။ သေချာစမ်းသပ်ပြီးနောက် မျက်နှာထက်မှအညိုအမဲများနဲ့ ရှရာအချို့ အား ဆေးလိမ်းပေးဖို့ပြင်ရသည်။
ဆေးလိမ်းဖို့ပြင်နေတုန်း သူ့ရှေ့လက်လာဖြန့်တာမို့သူရှေ့မှ Daouအားမော့ကြည့်မိသည်။
'ဆေးပုလင်းပေး ငါကိုယ်တိုင်လုပ်မယ် '
'အော် '
ခပ်တည်တည်နဲ့ သူ့ပစ္စည်းတွေယူပြီး ဆေးလိမ်းပေးနေသူအားကြည့်ပြီး ဆေးအိတ်ကြီးနဲ့ ကောက်ထုပစ်လိုက်ချင်ပေမဲ့ ဟိုကတချက်ရိုက်တာနဲ့ သူကဆန်ပြုတ်နဲ့ညားနေမှာမို့ အသာကြည့်နေလိုက်သည်။
ဆေးလိမ်းပေးနေရင်း ခုနကသူမေးနေတာကို ဆက်လက်ဖြေကြားလေသည်။
'သူအိမ်မက်ဆိုးတွေ မက်နေပုံပဲ ခုထိသတိမရလာသေးဘူး မင်းကိုကြိုပို့ထားတဲ့ ဆေးထိုးထားသေးတယ် နောက်ထပ်အိပ်ဆေးကော ဖြေဆေးက Tob '
သူ့ဖြေသံအဆုံး Tobပေးလာတဲ့ ဆေးပုလင်းအား သူစစ်ဆေးမိလိုက်သည်။ ထို့နောက်အမေးရှိလေသည်။
'ဒီဆေးPမသုံးရသေးဘူးမလား '
'အွန်း '
'ကောင်းပြီ ကျနော်ဒီဆေးကိုပါ ခဏနေ စစ်ဆေးကြည့်လိုက်မယ် သူအဆင်ပြေပါတယ် ဆေးစွမ်းသိပ်မပြသေးပုံပဲ ခုမှအစမို့လဲဖြစ်နေနိုင်တယ် ကျနော်စိတ်ငြိမ်ဆေးထပ်ထိုးထားပေးမယ် သူအေးဆေးနားပါစေ'
'ကောင်းပြီ '
အကုန်လုပ်ဆောင်ပြီးနောက် ကောင်းစွာအိပ်မောကျနေသူကြောင့် သူတို့ ၄ယောက်သားအပြင်သို့ထွက်လာကြည်။ ဧည့်ခန်းထဲအရောက် ......
'ပြော အကြောင်းစုံ '
'ထိုင်ခွင့်တော့ပေးပါအုန်း P '
သူတို့အသီးသီးနေရာယူပြီးနောက် .... Watမှစကားစလေသည်။
'ဟိုဆေးက နည်းနည်းပဲပါလာတာ ကျနော်အတွက် မလောက်ဘူး နောက်ထပ်နမူနာတွေထပ်လိုတယ် '
သူ့အဖြေအားခေါင်းတညှိတ်ညှိတ်နဲ့ တီရှပ်အကျီအား လည်ပင်းနားမှ ကြယ်သီးဖြုတ်လို့ သက်ပြင်းအသာချလေသည်။ ပြီးမှ ထပ်မေးလေသည်။
'လောလောဆယ်ကကော မင်းဘာရှာတွေ့ထားလဲ '
'ဆေးကပြင်းတဲ့အထဲပါတယ် အရေးကြီးတာ သူ့စိတ်ကိုအတတ်နိုင်ဆုံးထိန်းနိုင်ဖို့ပဲ မထိန်းနိုင်ရင်တော့ Pသိပြီးသားဖြစ်မှာပါ နောက်တခုက အဲ့ထဲထင်ယောင်ထင်မှားဖြစ်စေတဲ့ ဆေးတွေပါရောနေတာပဲ '
'အဲ့အတွက်မင်းဖြေဆေးထုတ်ပေးနိုင်မလား '
'ကျနော်သေချာမပြောနိုင်သေးဘူး P အဲ့ဆေးရဲ့နမူနာကို ထပ်ရမှဖြစ်မယ် အဲ့ကျမှကျနော်သေချာပြောနိုင်မှာ'
သူနဲ့ Wat ရဲ့ စကားဝိုင်းထဲ Dinက ဝင်မေးလေသည်။
'ဒီဖြေဆေးတွေကကာ '
သူ့အမေအား ဘေးမှ Tobကဖြေပေးလေသည်။
'အဲ့ထဲမှာ ဘိန်းတွေပါနေတယ် '
Din လဲ ခေါင်းတညှိတ်ညှိတ်လုပ်ပြီး ထပ်ပြောလေသည်။
'အဲ့လူက တကယ်ချောင်ပိတ်ထားတယ်မထင်ဘူးလား ဖြေဆေးသုံးမယ်ဆိုလဲ ဘိန်းစွဲသလို ဖြစ်အုန်းမယ် မသုံးပြန်ရင်လဲ ဒီထက်ပိုဆိုးတာခံစားရအုန်းမယ် တကယ်လွတ်လမ်းမချန်ထားတာပဲ '
'မင်းဒီဖြေဆေးထဲကနေလဲ အဖြေထပ်ရှာကြည့်ပါအုန်း Wat '
'ကျနော်အတတ်နိုင်ဆုံး လုပ်ပေးပါ့မယ် P '
'အွန်း '
'P နမူနာသွားယူမဲ့ ကိစ္စကကော '
Daouအား Tobမှ မေးလာလေသည်။
'အွန်းလောလောဆယ်တော့ သွားလို့မရသေးဘူး သူတို့ဘက်က ငါလာမှကိုသိချင်သိနေမှာ အချိန်ခဏစောင့်ပြီးမှ ငါကိုယ်တိုင်သွားရမယ် '
'ဖြစ်ပါ့မလား P ကျနော်သွားလို့လဲအဆင်ပြေပါတယ် '
'Tob ဒါကအန္တာရာယ်များတယ် '
'ကျနော်သွားပါရစေ P ဒီမှာကPကိုလိုအပ်သေးတယ်လေ '
'မဖြစ်ဘူး .... '
'ဖြစ်ပါတယ် P Pစိတ်ပူတာသိပေမဲ့ ကျနော်ကလဲ အဲ့မှာPထက်မလျော့ပဲ နေခဲ့ဖူးတာပဲ ကျနော်ဂရုစိုက်ပါ့မယ် '
'ခဏစောင့်ကြည့်ကြတာပေါ့ ပြီးမှ သွားဖို့ ဆုံးဖြတ်တာပေါ့ '
'ဟုတ်ကဲ့ P '
'မင်းတို့လဲနားကြတော့ '
'ဟုတ်ကဲ့ P '
သူတို့သုံးယောက်အဖြေအား ခေါင်းတချက်ညှိတ်လို့ အပေါ်ထပ်တက်သွားတဲ့ Daou ။ ကျန်တဲ့သူတွေလဲ အသီးသီးလူခွဲလို့ ကို့သက်ဆိုင်ရာအခန်းဆီဝင်သွားကြလေသည်။
Daouကတော့ Offroad အိပ်နေတဲ့ အခန်းထဲသာဝင်လာခဲ့လေသည်။ ညမီးအလင်းရောင်အောက်ဝယ် အိပ်မောကျနေသူအား တချက်အကြည့်ပို့ ပြီး နောက် သူဆေးကြောဖို့ ရေချိုးခန်းထဲဝင်သွားလိုက်လေသည်။
ဆေးကြောပြီး ပေါ့ပါးတဲ့ညဝတ်စုံနှင့်အတူ သူဖြေးဖြေးချင်း အိပ်စက်သူ့အနားသွားမိတယ်။ ခုတင်ဘေးဘက်အသာဝင်ထိုင်လို့ Offroad. နဖူးထက်ရှိဆံစလေးများအား သက်တင်ပေးမိလေသည်။
အညိုအမဲများနှင့်ပြည့်နေပါသော မျက်နှာငယ်အား အချိန်တန်ကြာ သူကြည့်နေမိလေသည်။ ထိုနောက် ရေချိုးခန်းထဲမှ ဇလုံတခုအဝတ်တခုနှင့်အတူ ကုတင်ဘေးအသာအယာချလို့ Offroad ရဲ့မျက်နှာပြင်ထက်အား သန့်ရှင်းပေးမိလေသည်။ လက်ဖျားခြေဖျားတို့အထိသန့်စင်ပေးပြီးမှ ဆေးပြန်ထည့်ပေးလိုက်လေသည်။
ထို့နောက် Offroad ဘေးဝင်ထိုင်လို့ ထိုလူသားငယ် အား ထိုင်ကြည့်နေမိသည်။ ပြီးနောက်စကားတခွန်းသာ တိုးတိုးတိတ်တိတ်ရေရွတ်မိလေတယ်။
'ပင်ပန်းသွားပြီ ကိုရဲ့ Roadလေး '
ထိုနောက် အိပ်ရာထောင့်အား မှီလို့ ဒီအတိုင်းသာ သူအိပ်စက်ဖို့ပြင်လိုက်တယ်။
Zaw
သူတို႔ရဲ႕ နားခိုရာအိမ္ေတာ္ထဲသို႔ ကားရပ္ၿပီးခ်က္ခ်င္း Offroad အားေပြ႕ခ်ီလို႔ အိမ္အေပၚထပ္ေျပးတက္သြားသူေနာက္ Tob နဲ႕ Dinမွာ အေျပးလိုက္ရေလသည္။ အေရွ႕မွလူမွာေတာ့ ......
'Wat !!! မင္းအခန္းထဲ အခုခ်က္ခ်င္းလာခဲ့!!'
သူတို႔လဲအခန္းထဲအေရာက္ Daou တေယာက္ Offroad အား အိပ္ရာထက္ေျဖညွင္းစြာ ေနရာခ်ေပးေလသည္။ သူေနရာခ်ၿပီးၿပီးခ်င္း ေဘးနားထြက္ရပ္ဖို႔လုပ္ေပမဲ့ သူ႕လက္အားအတင္းဆြဲထားတဲ့ Offroad ေၾကာင့္ Daou လဲ ထိုလူသားေဘးနားမွာသာဝင္ထိုင္ေပးလိုက္ရသည္။
သူထိုင္ၿပီးၿပီးခ်င္း သူခါးအားအတင္းတြယ္ဖတ္ထားသူေၾကာင့္ ထိုလူသားေက်ာျပင္ေလအား ဖြဖြေလးပုတ္ေပးေနရသည္။ ထို႔ေနာက္တံခါးဝမွ Tobနဲ႕ Dinအားလွည့္ၾကည့္လိုက္ေလသည္။
'Wat ေကာ သူဘယ္မွာလဲ ? '
'လာပါၿပီ .... ဘာလို႔အဲ့ေလာက္ ေလာ.... ေလာ .....ဒါ .... ဒါ ဘာႀကီးတုန္း ? '
သူေမးသံအဆုံး တံခါးေပါက္ဝမွ အသံနဲ႕အတူ အထဲဝင္လာတဲ့ လူတေယာက္။ တဖတ္ကေဆးအိတ္ကိုင္လို႔ တဖက္က မ်က္မွန္ထူထူအားပင့္တင့္ေနတဲ့ လူတေယာက္။ ထိုသူကWat တနည္းအားျဖင့္ Daouတို႔ရဲ႕ ဆရာဝန္တေယာက္ ဒီထက္ပိုပါက ေဆးေလာကရဲ႕ ပညာရွင္ တေယာက္ဆိုပိုမွန္ေပလိမ့္မည္။
ထိုလူဟာအထဲဝင္ဝင္ခ်င္း အိပ္ရာထက္မွ သူ႕ျမင္လိုက္ရတဲ့အရာေၾကာင့္ လန႔္ျဖတ္သြားေလသည္။ေဘးတဖတ္တခ်က္မွ Din နဲ႕ Tob အား အေမးသေဘာ ေခါင္းဆတ္ျပေနသည္ ။ ဟိုႏွစ္ေယာက္မွာလဲ ေခါင္းတခါခါသာ။
ထိုအျဖစ္အပ်က္အား စိတ္မရွည္သူ တဦး၏ေလသံၾကားမွ အသိျပန္ဝင္လာတဲ့အျဖစ္။
'Wat မင္း ခုခ်က္ခ်င္းလာမလား ငါလာေပးရမလား '
'အို... Pကလဲ က်ေနာ့္ဘာသာ လာမယ္ေနာ္ '
Daouအား အေျဖျပန္ေပးၿပီး အိပ္ရာတဖတ္ျခမ္းသို႔ အျမန္ေျပးလာလိုက္ရသည္ မဟုတ္ရင္ေဘး စင္မွာတင္ထားတဲ့ တခုခုနဲ႕ေကာက္ေပါက္ေတာ့မွာ ျဖစ္ေလသည္။
'Pေျပာတဲ့သူက ....'
'အြန္း '
သူ႕အေမအား အတည္ျပဳလာၿပီမို႔ ေဆးအိတ္အား ေဘးခ်လိဳ႕ ေက်ာေပးထားသူ လူနာရွင္အားအၾကည့္ပို႔မိသည္။ ခဏၾကာသည္အထိ ထိုသူသားအား လႊတ္ေပးမဲ့ပုံမရွိေသးတာမို႔ သူကသာစကားစေပးရသည္ ။
'က်ေနာ္စမ္းသပ္ၾကည့္ရမယ္ေလ Pခဏေလာက္ လႊတ္ေပးလို႔ရမလား ၿပီးေတာ့ အက်ည္းခ်ဳပ္ ေျပာ'
သူေျပာမွ ဖတ္ထားသည္အားလႊတ္ေပးလာတာေၾကာင့္ အိပ္ရာထပ္မွ လူနာအားခုမွေသခ်ာၾကည့္ရသည္။ ေသခ်ာစမ္းသပ္ၿပီးေနာက္ မ်က္ႏွာထက္မွအညိုအမဲမ်ားနဲ႕ ရွရာအခ်ိဳ႕ အား ေဆးလိမ္းေပးဖို႔ျပင္ရသည္။
ေဆးလိမ္းဖို႔ျပင္ေနတုန္း သူ႕ေရွ႕လက္လာျဖန႔္တာမို႔သူေရွ႕မွ Daouအားေမာ့ၾကည့္မိသည္။
'ေဆးပုလင္းေပး ငါကိုယ္တိုင္လုပ္မယ္ '
'ေအာ္ '
ခပ္တည္တည္နဲ႕ သူ႕ပစၥည္းေတြယူၿပီး ေဆးလိမ္းေပးေနသူအားၾကည့္ၿပီး ေဆးအိတ္ႀကီးနဲ႕ ေကာက္ထုပစ္လိုက္ခ်င္ေပမဲ့ ဟိုကတခ်က္ရိုက္တာနဲ႕ သူကဆန္ျပဳတ္နဲ႕ညားေနမွာမို႔ အသာၾကည့္ေနလိုက္သည္။
ေဆးလိမ္းေပးေနရင္း ခုနကသူေမးေနတာကို ဆက္လက္ေျဖၾကားေလသည္။
'သူအိမ္မက္ဆိုးေတြ မက္ေနပုံပဲ ခုထိသတိမရလာေသးဘူး မင္းကိုႀကိဳပို႔ထားတဲ့ ေဆးထိုးထားေသးတယ္ ေနာက္ထပ္အိပ္ေဆးေကာ ေျဖေဆးက Tob '
သူ႕ေျဖသံအဆုံး Tobေပးလာတဲ့ ေဆးပုလင္းအား သူစစ္ေဆးမိလိုက္သည္။ ထို႔ေနာက္အေမးရွိေလသည္။
'ဒီေဆးPမသုံးရေသးဘူးမလား '
'အြန္း '
'ေကာင္းၿပီ က်ေနာ္ဒီေဆးကိုပါ ခဏေန စစ္ေဆးၾကည့္လိုက္မယ္ သူအဆင္ေျပပါတယ္ ေဆးစြမ္းသိပ္မျပေသးပုံပဲ ခုမွအစမို႔လဲျဖစ္ေနနိုင္တယ္ က်ေနာ္စိတ္ၿငိမ္ေဆးထပ္ထိုးထားေပးမယ္ သူေအးေဆးနားပါေစ'
'ေကာင္းၿပီ '
အကုန္လုပ္ေဆာင္ၿပီးေနာက္ ေကာင္းစြာအိပ္ေမာက်ေနသူေၾကာင့္ သူတို႔ ၄ေယာက္သားအျပင္သို႔ထြက္လာၾကည္။ ဧည့္ခန္းထဲအေရာက္ ......
'ေျပာ အေၾကာင္းစုံ '
'ထိုင္ခြင့္ေတာ့ေပးပါအုန္း P '
သူတို႔အသီးသီးေနရာယူၿပီးေနာက္ .... Watမွစကားစေလသည္။
'ဟိုေဆးက နည္းနည္းပဲပါလာတာ က်ေနာ္အတြက္ မေလာက္ဘူး ေနာက္ထပ္နမူနာေတြထပ္လိုတယ္ '
သူ႕အေျဖအားေခါင္းတညွိတ္ညွိတ္နဲ႕ တီရွပ္အက်ီအား လည္ပင္းနားမွ ၾကယ္သီးျဖဳတ္လို႔ သက္ျပင္းအသာခ်ေလသည္။ ၿပီးမွ ထပ္ေမးေလသည္။
'ေလာေလာဆယ္ကေကာ မင္းဘာရွာေတြ႕ထားလဲ '
'ေဆးကျပင္းတဲ့အထဲပါတယ္ အေရးႀကီးတာ သူ႕စိတ္ကိုအတတ္နိုင္ဆုံးထိန္းနိုင္ဖို႔ပဲ မထိန္းနိုင္ရင္ေတာ့ Pသိၿပီးသားျဖစ္မွာပါ ေနာက္တခုက အဲ့ထဲထင္ေယာင္ထင္မွားျဖစ္ေစတဲ့ ေဆးေတြပါေရာေနတာပဲ '
'အဲ့အတြက္မင္းေျဖေဆးထုတ္ေပးနိုင္မလား '
'က်ေနာ္ေသခ်ာမေျပာနိုင္ေသးဘူး P အဲ့ေဆးရဲ႕နမူနာကို ထပ္ရမွျဖစ္မယ္ အဲ့က်မွက်ေနာ္ေသခ်ာေျပာနိုင္မွာ'
သူနဲ႕ Wat ရဲ႕ စကားဝိုင္းထဲ Dinက ဝင္ေမးေလသည္။
'ဒီေျဖေဆးေတြကကာ '
သူ႕အေမအား ေဘးမွ Tobကေျဖေပးေလသည္။
'အဲ့ထဲမွာ ဘိန္းေတြပါေနတယ္ '
Din လဲ ေခါင္းတညွိတ္ညွိတ္လုပ္ၿပီး ထပ္ေျပာေလသည္။
'အဲ့လူက တကယ္ေခ်ာင္ပိတ္ထားတယ္မထင္ဘူးလား ေျဖေဆးသုံးမယ္ဆိုလဲ ဘိန္းစြဲသလို ျဖစ္အုန္းမယ္ မသုံးျပန္ရင္လဲ ဒီထက္ပိုဆိုးတာခံစားရအုန္းမယ္ တကယ္လြတ္လမ္းမခ်န္ထားတာပဲ '
'မင္းဒီေျဖေဆးထဲကေနလဲ အေျဖထပ္ရွာၾကည့္ပါအုန္း Wat '
'က်ေနာ္အတတ္နိုင္ဆုံး လုပ္ေပးပါ့မယ္ P '
'အြန္း '
'P နမူနာသြားယူမဲ့ ကိစၥကေကာ '
Daouအား Tobမွ ေမးလာေလသည္။
'အြန္းေလာေလာဆယ္ေတာ့ သြားလို႔မရေသးဘူး သူတို႔ဘက္က ငါလာမွကိုသိခ်င္သိေနမွာ အခ်ိန္ခဏေစာင့္ၿပီးမွ ငါကိုယ္တိုင္သြားရမယ္ '
'ျဖစ္ပါ့မလား P က်ေနာ္သြားလို႔လဲအဆင္ေျပပါတယ္ '
'Tob ဒါကအႏၲာရာယ္မ်ားတယ္ '
'က်ေနာ္သြားပါရေစ P ဒီမွာကPကိုလိုအပ္ေသးတယ္ေလ '
'မျဖစ္ဘူး .... '
'ျဖစ္ပါတယ္ P Pစိတ္ပူတာသိေပမဲ့ က်ေနာ္ကလဲ အဲ့မွာPထက္မေလ်ာ့ပဲ ေနခဲ့ဖူးတာပဲ က်ေနာ္ဂ႐ုစိုက္ပါ့မယ္ '
'ခဏေစာင့္ၾကည့္ၾကတာေပါ့ ၿပီးမွ သြားဖို႔ ဆုံးျဖတ္တာေပါ့ '
'ဟုတ္ကဲ့ P '
'မင္းတို႔လဲနားၾကေတာ့ '
'ဟုတ္ကဲ့ P '
သူတို႔သုံးေယာက္အေျဖအား ေခါင္းတခ်က္ညွိတ္လို႔ အေပၚထပ္တက္သြားတဲ့ Daou ။ က်န္တဲ့သူေတြလဲ အသီးသီးလူခြဲလို႔ ကို႔သက္ဆိုင္ရာအခန္းဆီဝင္သြားၾကေလသည္။
Daouကေတာ့ Offroad အိပ္ေနတဲ့ အခန္းထဲသာဝင္လာခဲ့ေလသည္။ ညမီးအလင္းေရာင္ေအာက္ဝယ္ အိပ္ေမာက်ေနသူအား တခ်က္အၾကည့္ပို႔ ၿပီး ေနာက္ သူေဆးေၾကာဖို႔ ေရခ်ိဳးခန္းထဲဝင္သြားလိုက္ေလသည္။
ေဆးေၾကာၿပီး ေပါ့ပါးတဲ့ညဝတ္စုံႏွင့္အတူ သူေျဖးေျဖးခ်င္း အိပ္စက္သူ႕အနားသြားမိတယ္။ ခုတင္ေဘးဘက္အသာဝင္ထိုင္လို႔ Offroad. နဖူးထက္ရွိဆံစေလးမ်ားအား သက္တင္ေပးမိေလသည္။
အညိုအမဲမ်ားႏွင့္ျပည့္ေနပါေသာ မ်က္ႏွာငယ္အား အခ်ိန္တန္ၾကာ သူၾကည့္ေနမိေလသည္။ ထိုေနာက္ ေရခ်ိဳးခန္းထဲမွ ဇလုံတခုအဝတ္တခုႏွင့္အတူ ကုတင္ေဘးအသာအယာခ်လိဳ႕ Offroad ရဲ႕မ်က္ႏွာျပင္ထက္အား သန႔္ရွင္းေပးမိေလသည္။ လက္ဖ်ားေျခဖ်ားတို႔အထိသန႔္စင္ေပးၿပီးမွ ေဆးျပန္ထည့္ေပးလိုက္ေလသည္။
ထို႔ေနာက္ Offroad ေဘးဝင္ထိုင္လို႔ ထိုလူသားငယ္ အား ထိုင္ၾကည့္ေနမိသည္။ ၿပီးေနာက္စကားတခြန္းသာ တိုးတိုးတိတ္တိတ္ေရ႐ြတ္မိေလတယ္။
'ပင္ပန္းသြားၿပီ ကိုရဲ႕ Roadေလး '
ထိုေနာက္ အိပ္ရာေထာင့္အား မွီလို႔ ဒီအတိုင္းသာ သူအိပ္စက္ဖို႔ျပင္လိုက္တယ္။
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




