5
18:44, 28 September 2024Uni
အနောက်ရောင်တောက်ပြောင်နေတဲ့ ရှုးဖိနပ်တရံက အလျှင်လိုနေတဲ့ ခြေလှမ်းများနဲ့ အခန်းတွင်းသို့ဝင်လာခဲ့တယ် ။ အခန်းတွင်းမြင်ကွင်းကတော့ သူရူးသွပ်သွားဖို့လုံလောက်တာထက်ပိုနေပြီ ဖြစ်လေတယ်။ Offroad သတင်းရရခြင်းသူရောက်လာခဲ့ပေမဲ့ အခုလဲနောက်တချိန် နောက်ကျခဲ့ရပြီ ဖြစ်လေတယ်။
အခန်းထဲရှိလူတအုပ် ထိုင်ခုံထက်မှ ရွှေရောင်မျက်နှာဖုံးနဲ့လူက သူ့အားလက်လှမ်းပြနေသလို။ ထိုလူအရှေ့ဘက်ဝယ် လူ၃ ယောက်ချုပ်ထားတဲ ကြားထဲ မေ့မြောနေတဲ့ Offroad ။ သူကာကွယ်နေရတဲ့လူငယ်။ ထိုလူငယ်လေးဘေးဝယ်ဆေးထိုးအပ်တချောင်းနဲ့ ရှိနေတဲ့လူတယောက်။
တဖတ်တချက်စီမှ လက်တို့အား လက်သီးစုပ်အဖြစ်ပြောင်းလဲလို့ ထိုလူ တွေရှိရာဒေါသတကြီး သွားလို့ ဆက်တိုက် ထိုးကြိတ်နေမိတယ် ။
ဘာလို့လဲ ? ဘာလို့လဲ ? သူထပ်နောက်ကျရပြန်ပြီ။သူထပ်နောကျသွားရပြန်ပြီ။ ထိုလူငယ်အား ထပ်ထိခိုက်စေရပြန်ပြီ။
'ခေါင်းဆောင် ... ခေါင်းဆောင် စိတ်ထိန်းပါအုန်း '
သူ့အားဘေးမှ အတင်းဆွဲထူနေတဲ့Tob. သူရဲ့ညာလက်ရုံးဖြစ်သူကြောင့် သူဆွဲထိုးနေတဲ့သူ့အားလွှတ်ချလို့ တဖတ်တွင်လဲကျနေတဲ့ Offroad အားဆွဲထူထားပေတဲ့ လူတယောက်စီမှ Offroad အား သူ့ရဲ့ရင်ခွင်ထက်ဝယ် မှီထားစေသည်။
မေ့မြောနေတဲ့ မျက်နှာနုနုလေးအား သူပုတ်နှိုးနေမိတယ်။ ကောင်ငယ်လေးကတော့ သူအားတုံ့ပြန်မှုမရှိသေး။
'Offroad ..….. ထပါအုန်း သတိထားအုန်းလေ Offroad မင်းသူ့ကိုဘာတွေလုပ်ထားတာလဲ '
သူအမေးအား ထိုင်ခုံထက်ကြွရွစာထိုင်နေသူမှ ပြန်ဖြေလာလေတယ်။ ထိုလူကတော့ coverရဲ့ နောက်တက်မဲ့ခေါင်းဆောင်အသစ်ဖြစ်သူ Nick ။
'ငါသူ့ကိုအိပ်ဆေးထိုးပေးထားတာ '
ထိုသူအားသူစူရဲစွာ စိုက်ကြည့်မိတယ်။
'Nickငါမင်းကိုသတိပေးထားပြီးသားနော် '
'ငါသိတယ် ! ဒါပေမဲ့ အဲ့အကောင်လေးက ငါတို့နယိဘက် လာလာကျော်နေတော့ ငါလဲမတတ်နိုင်ဘူး လေ မင်းကသူ့ကိုသေချာထိန်းမှပေါ့ Samual '
'ပြီး တော့ ...ငါစမ်းသပ်နေတဲ့ ဆေးလေးထိုးပေးထားရုံပါ မင်းလဲသိနေတာပဲ '
'Nick !!! '
'ဖြေးဖြေးခေါ်ပါကွာ ဒီတခုက ငါနည်းနည်းပြန်ပြောင်းထားတာလေးလေ သူကိုရှင်းပြဖို့တောင် ငါကျန်နေသေးတယ် မင်းသေချာနားထောင်နော် '
'ဒီဆေးအသစ်ထဲမှာ စိတ်ကိုထင်ယောင်ထင်မှား ဖြစ်စေနိုင်တာတွေပါသေးတယ်လေ အဲ့တော့သူလက်တွေ့ကို မကွဲပြာနိုင်ရင်း တဖြေးဖြေးရူးသွားလိမ့်မယ် '
'မင်း!!!!!! '
'စိတ်လျော့ပါကွာ '
'ခုချက်ချင်းဖြေဆေးပေးလိုက် Nick မဟုတ်ရင် .... '
'မဟုတ်ရင် .. ဘာ... '
သူ့ရဲ့စကားမဆုံးခင် လည်ပင်းထက် ရောက်ရှိလာတဲ့ ဓားထက်ထက်တချောင်းက အဆင်သင့်။
'ဟက် တော်ချက်ပဲ .... Tob မင်းအခုတော့ မင်းသခင်လေးကို ဓားနဲ့ထောက်ရဲနေပြီပေါ့ '
သူ့ဘေးဘက်ဝယ် ရုပ်ထုတခုသဖွယ်ရပ်နေတဲ့ Tob.
'စိတ်မရှိပါနဲ့ ကျနော်ကအခု ခေါင်းဆောင်ရဲ့ နောက်လိုက်ပါ '
'ဟက် ... Samualမင်းငါ့ကိုသတ်ရင် သူ့အတွက်ဆေးက ... ငါအာမ မခံဘူးနော် '
'လိုချင်တာပြောလိုက် '
'ကြိုက်ပြီကွာ Samual အဲ့လိုတွေကြောင့် ငါမင်းကိုသဘောကျနေတာ '
'လိုရင်းကိုပြော Nick လျှာမရှည်နဲ့ '
'ကောင်းပါပြီကွာ တရုတ်နယ်စပ်ကို မင်းလမ်းရှင်းပေးရမယ် ပြီးတော့ ငါတို့နယ်တွေကို မင်းပြန်ပေးရမယ် '
'ဖြစ်စေရမယ် ဖြေဆေး '
'အော်ဒါနဲ့ ဒါကဖြေဆေးမဟုတ်ဘူး ခဏတာပဲထိန်းပေးနိုင်တာ မင်းကိုဖြေဆေးတန်းပေးလိုက်စရာလား '
'မင်းသိပ်တော်နေတာပဲ Nick မင်းတကယ်သေချင်နေတာလား ငါမသတ်ရဲဘူးမထင်နဲ့Nick ဖြေဆေးကိုပေးလိုက် '
သူ့စကားအဆုံးဝယ် လည်ပင်းထက် စူးခနဲနာကျင်မှုတခုက အဆင်သင့်လိုက်ပါလာလေသည်။
'အာ့.... ငါ့မှာဖြေဆေးမရှိဘူး ရှိလဲယူမလာဘူးလေ မင်းငါ့ကိုသတ်ရင် သူလဲသေမှာပဲ ဒီဆေးမရှိပဲ မင်းသူ့ကိုထိန်းလို့မရဘူး မင်းသူသေတာကြည့်ရက်ရင် ငါ့ကိုခုသတ်လိုက်လဲရတယ်'
'အဖေ ...... '
သူတို့စကားပြောနေတုန်း ရင်ခွင်ထဲမှ လူသားငယ်မှ တုန်ရင်မှုနှင့်အတူ တမ်းတမှုဆိုလာတဲ့ အသံတခုထွက်ပေါ်လာခဲ့လေတယ်။
'offroad .... '
တုန်ရင်နေရင်း အိမ်မက်ယောင်နေရှာတဲ့ ထိုလူငယ်အား သူလှုပ်နှိုးနေပေမဲ့ လူငယ်ကတော့ သတိရလာမဲ့ပုံမပေါ်ပင်။ အဲ့အစားပိုပင်တုန်ရင်လာတော့သည်။
'အဖေ ..... အမေ ..... '
'offroad သတိထားပါအုန်း ....'
'ခုတောင်ဆေးစွမ်းကစနေပြီ မင်းဘယ်လိုရွေးမှာလဲ '
နောက်ဆုံးသူ့အမိန့်တခုနှင့်အတူ ရင်ခွင်ထဲမှ လူသားငယ်အား ပွေ့ချိပြီးနေရာမှ ထွက်သွားဖို့ပြင်လိုက်သည်။
'Tobသူ့ဆီကဆေးယူလာခဲ့ ငါတို့သွားမယ် '
'ဟုတ်ကဲ့ '
'ဒါနဲ့ Samual ခုဆေးက အမြဲတမ်းသုံးလို့ မကောင်းဘူးနော် အမြဲသုံးရင် ဆေးစွဲသွားမှာ သူကဖြတ်ရခတ်တယ် '
'Nick မင်းသေဖို့နေရက်တွေ နီးလာနေပြီ '
'လောလောဆယ်တော့ မဟုတ်သေးဘူးလေ '
သူတံခါးမှမထွက်ခွာခင် ကျောဘက်မှစကားသံတခု.....
'ဒါနဲ့ Samual အဲ့ကောင်လေးက တဖြေးဖြေးနဲ့ မင်းရဲ့အားနည်းချက်ဖြစ်လာပြီနော် '
ရင်ခွင်ထဲမှတုန်ရင်နေတဲ့လူသားအား ပိုတိုးပြီးပွေ့ဖက်လို့အနောက်ကိုတချက်မကြည့် လှည့်ထွက်လာမိသည်။
ထိုလူသားအားပွေ့ချီလာရင်း Tobအားပြောလိုက်သည်။
'လက်ကျန်ဟာယူလာလား ဝတ်စုံ ..... '
သူအပြောအားသဘောပေါက်တဲ့ Tobက သူ့Coatကိုချွတ်လို့ ရင်ခွင်ထက်ရှိလူသားငယ်အား လွှမ်းပေးလာသည်။ ထို့နောက် တဆတ်ထဲ သူအမေးအားအဖြေပေးလာသည်။
'တခါတည်းသိမ်းလာခဲ့ပါတယ် ခေါင်းဆောင် '
'Dinကောရောက်ပြီလား '
'ဟုတ်ကဲ့ ဘားအရှေ့မှာပါ '
'Watကိုအဆင်သင့်လုပ်ခိုင်းထားလိုက် ဆေးပါတခါတည်းပို့ထား '
'ဟုတ်ကဲ့ '
ဘားအတွင်းဘက်မှ လူများစွာရဲ့ မျက်လုံးပေါင်းစုံအားကျော်ဖြတ်လို့ ဘားရှေ့ရှိအဆင်သင့်စောင့်နေတဲ့ကားထက်သို့ ဝင်လိုက်တော့သည် ။ ကားထဲမဝင်ခင် တနေရာသို့ သူခေါင်းတချက်ညှိတ်ပြလိုက်လေသည်။
ထို့နောက် ကားစက်နှိုးသံနှင့်အတူ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ကားရှေ့ခန်းမှ Dinမှ သူနှင့် သူ့ရင်ခွင်ထက်မှ လူ သားအားလှမ်းကြည့်ရင်းအမေးရှိသည်။
'p'Daou သူအဆင်ပြေပါ့မလား '
ဟုတ်တယ် သူကDaou ပဲ။ Samualဆိုတဲ့ နာမည်ကတော့ Cover မှာ သူရှိခဲ့စဉ်က သုံးစွဲခဲ့တဲ့ နာမည်ဖြစ်လေတယ် ။ Tob နဲ့ Din ကလဲ တချိန်က Coverရဲ့အဖွဲ့သား တွေဖြစ်ဖူးခဲ့ကြလေတယ်။ သူတို့သုံးယောက်က ညီအကိုရင်းလိုပိုရင်းနှီးတာမို့ အချင်းချင်းရှိချိန်ဝယ် P , N လို့သာအသုံးပြုခေါ်ဆိုတာဖြစ်တယ်။
'Watအပေါ်မူတည်တယ် သူဖြေရှင်းနိုင်မှဖြစ်မယ် '
'ဖြေရှင်းနိုင်မှာပါ P အရမ်းစိတိမပူပါနဲ့ '
Zaw
အေနာက္ေရာင္ေတာက္ေျပာင္ေနတဲ့ ရႈးဖိနပ္တရံက အလွ်င္လိုေနတဲ့ ေျခလွမ္းမ်ားနဲ႕ အခန္းတြင္းသို႔ဝင္လာခဲ့တယ္ ။ အခန္းတြင္းျမင္ကြင္းကေတာ့ သူ႐ူးသြပ္သြားဖို႔လုံေလာက္တာထက္ပိုေနၿပီ ျဖစ္ေလတယ္။ Offroad သတင္းရရျခင္းသူေရာက္လာခဲ့ေပမဲ့ အခုလဲေနာက္တခ်ိန္ ေနာက္က်ခဲ့ရၿပီ ျဖစ္ေလတယ္။
အခန္းထဲရွိလူတအုပ္ ထိုင္ခုံထက္မွ ေ႐ႊေရာင္မ်က္ႏွာဖုံးနဲ႕လူက သူ႕အားလက္လွမ္းျပေနသလို။ ထိုလူအေရွ႕ဘက္ဝယ္ လူ၃ ေယာက္ခ်ဳပ္ထားတဲ ၾကားထဲ ေမ့ေျမာေနတဲ့ Offroad ။ သူကာကြယ္ေနရတဲ့လူငယ္။ ထိုလူငယ္ေလးေဘးဝယ္ေဆးထိုးအပ္တေခ်ာင္းနဲ႕ ရွိေနတဲ့လူတေယာက္။
တဖတ္တခ်က္စီမွ လက္တို႔အား လက္သီးစုပ္အျဖစ္ေျပာင္းလဲလို႔ ထိုလူ ေတြရွိရာေဒါသတႀကီး သြားလို႔ ဆက္တိုက္ ထိုးႀကိတ္ေနမိတယ္ ။
ဘာလို႔လဲ ? ဘာလို႔လဲ ? သူထပ္ေနာက္က်ရျပန္ၿပီ။သူထပ္ေနာက်သြားရျပန္ၿပီ။ ထိုလူငယ္အား ထပ္ထိခိုက္ေစရျပန္ၿပီ။
'ေခါင္းေဆာင္ ... ေခါင္းေဆာင္ စိတ္ထိန္းပါအုန္း '
သူ႕အားေဘးမွ အတင္းဆြဲထူေနတဲ့Tob. သူရဲ႕ညာလက္႐ုံးျဖစ္သူေၾကာင့္ သူဆြဲထိုးေနတဲ့သူ႕အားလႊတ္ခ်လိဳ႕ တဖတ္တြင္လဲက်ေနတဲ့ Offroad အားဆြဲထူထားေပတဲ့ လူတေယာက္စီမွ Offroad အား သူ႕ရဲ႕ရင္ခြင္ထက္ဝယ္ မွီထားေစသည္။
ေမ့ေျမာေနတဲ့ မ်က္ႏွာႏုႏုေလးအား သူပုတ္ႏွိုးေနမိတယ္။ ေကာင္ငယ္ေလးကေတာ့ သူအားတုံ႕ျပန္မႈမရွိေသး။
'Offroad ..….. ထပါအုန္း သတိထားအုန္းေလ Offroad မင္းသူ႕ကိုဘာေတြလုပ္ထားတာလဲ '
သူအေမးအား ထိုင္ခုံထက္ႂကြ႐ြစာထိုင္ေနသူမွ ျပန္ေျဖလာေလတယ္။ ထိုလူကေတာ့ coverရဲ႕ ေနာက္တက္မဲ့ေခါင္းေဆာင္အသစ္ျဖစ္သူ Nick ။
'ငါသူ႕ကိုအိပ္ေဆးထိုးေပးထားတာ '
ထိုသူအားသူစူရဲစြာ စိုက္ၾကည့္မိတယ္။
'Nickငါမင္းကိုသတိေပးထားၿပီးသားေနာ္ '
'ငါသိတယ္ ! ဒါေပမဲ့ အဲ့အေကာင္ေလးက ငါတို႔နယိဘက္ လာလာေက်ာ္ေနေတာ့ ငါလဲမတတ္နိုင္ဘူး ေလ မင္းကသူ႕ကိုေသခ်ာထိန္းမွေပါ့ Samual '
'ၿပီး ေတာ့ ...ငါစမ္းသက္ေနတဲ့ ေဆးေလးထိုးေပးထား႐ုံပါ မင္းလဲသိေနတာပဲ '
'Nick !!! '
'ေျဖးေျဖးေခၚပါကြာ ဒီတခုက ငါနည္းနည္းျပန္ေျပာင္းထားတာေလးေလ သူကိုရွင္းျပဖို႔ေတာင္ ငါက်န္ေနေသးတယ္ မင္းေသခ်ာနားေထာင္ေနာ္ '
'ဒီေဆးအသစ္ထဲမွာ စိတ္ကိုထင္ေယာင္ထင္မွား ျဖစ္ေစနိုင္တာေတြပါေသးတယ္ေလ အဲ့ေတာ့သူလက္ေတြ႕ကို မကြဲျပာနိုင္ရင္း တေျဖးေျဖး႐ူးသြားလိမ့္မယ္ '
'မင္း!!!!!! '
'စိတ္ေလ်ာ့ပါကြာ '
'ခုခ်က္ခ်င္းေျဖေဆးေပးလိုက္ Nick မဟုတ္ရင္ .... '
'မဟုတ္ရင္ .. ဘာ... '
သူ႕ရဲ႕စကားမဆုံးခင္ လည္ပင္းထက္ ေရာက္ရွိလာတဲ့ ဓားထက္ထက္တေခ်ာင္းက အဆင္သင့္။
'ဟက္ ေတာ္ခ်က္ပဲ .... Tob မင္းအခုေတာ့ မင္းသခင္ေလးကို ဓားနဲ႕ေထာက္ရဲေနၿပီေပါ့ '
သူ႕ေဘးဘက္ဝယ္ ႐ုပ္ထုတခုသဖြယ္ရပ္ေနတဲ့ Tob.
'စိတ္မရွိပါနဲ႕ က်ေနာ္ကအခု ေခါင္းေဆာင္ရဲ႕ ေနာက္လိုက္ပါ '
'ဟက္ ... Samualမင္းငါ့ကိုသတ္ရင္ သူ႕အတြက္ေဆးက ... ငါအာမ မခံဘူးေနာ္ '
'လိုခ်င္တာေျပာလိုက္ '
'ႀကိဳက္ၿပီကြာ Samual အဲ့လိုတေတြေၾကာင့္ ငါမင္းကိုသေဘာက်ေနတာ '
'လိုရင္းကိုေျပာ Nick လွ်ာမရွည္နဲ႕ '
'ေကာင္းပါၿပီကြာ တ႐ုတ္နယ္စပ္ကို မင္းလမ္းရွင္းေပးရမယ္ ၿပီးေတာ့ ငါတို႔နယ္ေတြကို မင္းျပန္ေပးရမယ္ '
'ျဖစ္ေစရမယ္ ေျဖေဆး '
'ေအာ္ဒါနဲ႕ ဒါကေျဖေဆးမဟုတ္ဘူး ခဏတာပဲထိန္းေပးနိုင္တာ မင္းကိုေျဖေဆးတန္းေပးလိုက္စရာလား '
'မင္းသိပ္ေတာ္ေနတာပဲ Nick မင္းတကယ္ေသခ်င္ေနတာလား ငါမသတ္ရဲဘူးမထင္နဲ႕Nick ေျဖေဆးကိုေပးလိုက္ '
သူ႕စကားအဆုံးဝယ္ လည္ပင္းထက္ စူးခနဲနာက်င္မႈတခုက အဆင္သင့္လိုက္ပါလာေလသည္။
'အာ့.... ငါ့မွာေျဖေဆးမရွိဘူး ရွိလဲယူမလာဘူးေလ မင္းငါ့ကိုသတ္ရဲ သူလဲေသမွာပဲ ဒီေဆးမရွိပဲ မင္းသူ႕ကိုထိန္းလို႔မရဘူး မင္းသူေသတာၾကည့္ရက္ရင္ ငါ့ကိုခုသတ္လိုက္လဲရတယ္'
'အေဖ ...... '
သူတို႔စကားေျပာေနတုန္း ရင္ခြင္ထဲမွ လူသားငယ္မွ တုန္ရင္မႈႏွင့္အတူ တမ္းတမႈဆိုလာတဲ့ အသံတခုထြက္ေပၚလာခဲ့ေလတယ္။
'offroad .... '
တုန္ရင္ေနရင္း အိမ္မက္ေယာင္ေနရွာတဲ့ ထိုလူငယ္အား သူလႈပ္ႏွိုးေနေပမဲ့ လူငယ္ကေတာ့ သတိရလာမဲ့ပုံမေပၚပင္။ အဲ့အစားပိုပင္တုန္ရင္လာေတာ့သည္။
'အေဖ ..... အေမ ..... '
'offroad သတိထားပါအုန္း ....'
'ခုေတာင္ေဆးစြမ္းကစေနၿပီ မင္းဘယ္လိုေ႐ြးမွာလဲ 'ေနာက္ဆုံးသူ႕အမိန႔္တခုႏွင့္အတူ ရင္ခြင္ထဲမွ လူသားငယ္အား ေပြ႕ခ်ိၿပီးေနရာမွ ထြက္သြားဖို႔ျပင္လိုက္သည္။
'Tobသူ႕ဆီကေဆးယူလာခဲ့ ငါတို႔သြားမယ္ '
'ဟုတ္ကဲ့ '
'ဒါနဲ႕ Samual ခုေဆးက အၿမဲတမ္းသုံးလို႔ မေကာင္းဘူးေနာ္ အၿမဲသုံးရင္ ေဆးစြဲသြားမွာ သူကျဖတ္ရခတ္တယ္ '
'Nick မင္းေသဖို႔ေနရက္ေတြ နီးလာေနၿပီ '
'ေလာေလာဆယ္ေတာ့ မဟုတ္ေသးဘူးေလ '
သူတံခါးမွမထြက္ခြာခင္ ေက်ာဘက္မွစကားသံတခု.....
'ဒါနဲ႕ Samual အဲ့ေကာင္ေလးက တေျဖးေျဖးနဲ႕ မင္းရဲ႕အားနည္းခ်က္ျဖစ္လာၿပီေနာ္ '
ရင္ခြင္ထဲမွတုန္ရင္ေနတဲ့လူသားအား ပိုတိုးၿပီးေပြ႕ဖက္ႀလိ့ အေနာက္ကိုတခ်က္မၾကည့္ လွည့္ထြက္လာမိသည္။
ထိုလူသားအားေပြ႕ခ်ီလာရင္း Tobအားေျပာလိုက္သည္။
'လက္က်န္ဟာယူလာလား ဝတ္စုံ ..... '
သူအေျပာအားသေဘာေပါက္တဲ့ Tobက သူ႕Coatကိုခြၽတ္လို႔ ရင္ခြင္ထက္ရွိလူသားငယ္အား လႊမ္းေပးလာသည္။ ထို႔ေနာက္ တဆတ္ထဲ သူအေမးအားအေျဖေပးလာသည္။
'တခါတည္းသိမ္းလာခဲ့ပါတယ္ ေခါင္းေဆာင္ '
'Dinေကာေရာက္ၿပီလား '
'ဟုတ္ကဲ့ ဘားအေရွ႕မွာပါ '
'Watကိုအဆင္သင့္လုပ္ခိုင္းထားလိုက္ ေဆးပါတခါတည္းပို႔ထား '
'ဟုတ္ကဲ့ '
ဘားအတြင္းဘက္မွ လူမ်ားစြာရဲ႕ မ်က္လုံးေပါင္းစုံအားေက်ာ္ျဖတ္လို႔ ဘားေရွ႕ရွိအဆင္သင့္ေစာင့္ေနတဲ့ကားထက္သို႔ ဝင္လိုက္ေတာ့သည္ ။ ကားထဲမဝင္ခင္ တေနရာသို႔ သူေခါင္းတခ်က္ညွိတ္ျပလိုက္ေလသည္။
ထို႔ေနာက္ ကားစက္ႏွိုးသံႏွင့္အတူ ထိုေနရာမွ ထြက္ခြာလာခဲ့သည္။ကားေရွ႕ခန္းမွ Dinမွ သူႏွင့္ သူ႕ရင္ခြင္ထက္မွ လူ သားအားလွမ္းၾကည့္ရင္းအေမးရွိသည္။
'p'Daou သူအဆင္ေျပပါ့မလား '
ဟုတ္တယ္ သူကDaou ပဲ။ Samualဆိုတဲ့ နာမည္ကေတာ့ Cover မွာ သူရွိခဲ့စဥ္က သုံးစြဲခဲ့တဲ့ နာမည္ျဖစ္ေလတယ္ ။ Tob နဲ႕ Din ကလဲ တခ်ိန္က Coverရဲ႕အဖြဲ႕သား ေတြျဖစ္ဖူးခဲ့ၾကေလတယ္။ သူတို႔သုံးေယာက္က ညီအကိုရင္းလိုပိုရင္းႏွီးတာမို႔ အခ်င္းခ်င္းရွိခ်ိန္ဝယ္ P , N လို႔သာအသုံးျပဳေခၚဆိုတာျဖစ္တယ္။
'Watအေပၚမူတည္တယ္ သူေျဖရွင္းနိုင္မွျဖစ္မယ္ '
'ေျဖရွင္းနိုင္မွာပါ P အရမ္းစိတိမပူပါနဲ႕ '
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




