4
18:57, 26 September 2024Uni
တနေ့တနေ့ P' Jeff ပြန်အလာနဲ့ သတင်းကောင်းစောင့်ရတာလဲ သူ့အတွက်တော့ အလုပ်တခုဖြစ်လာပြီဖြစ်တယ်။ ရုံးထိုင်အဖြစ် တပတ်လုပ်ပြီးအကြာမှာတော့ သူမွှေသမျှ ရစ်သမျှမခံနိုင်တဲ့အဆုံး ခေါင်းဆောင်ဖြစ်သူမှ သူ့အား Cover အဖွဲ့ မစ်ရှင်မှလွဲတခြားမစ်ရှင်များပေးလာခဲ့ပြီဖြစ်တယ်။
သူခိုးဖမ်းလိုက် ခါးပိုက်နှိုက်ဖမ်းလိုက် မြို့အတွင်း ကင်းလှည့်လိုက်နဲ့ သူအလုပ်တွေများနေတာဖြစ်လေသည်။ တခုအလုပ်ပိုလာတာကတော့ သူ့နောက်တကောက်ကောက်လိုက်ဖို့ လူထည့်ပေးထားတာပါပဲ။အမေကြီးမှ သားအားမျက်စိအောင်ပျောက်မခံ စောင့်ကြည့်နေကြခြင်းလဲဖြစ်လေတယ်။
ဒီနေ့ကတော့ အလုပ်သိပ်မများတာမို့ Offroad အိမ်စောစောပြန်မိလေတယ်။ ညစာစားဖို့ပြင်ဆင်နေရင်း သူ့ဖုန်းထဲမှ notiအသံကြောင့် တချက်စစ်ဆေးမိပြီးနောက် လုပ်သမျှအရာအာလုံး ပစ်ချလို့ အပြင်ကိုအမြန်ပြေးထွက်မိသည်။
အကြောင်းကြားဖို့ တစုံတရာတောင်မစောင့်စားနိုင်ပဲ ဖုန်းထဲမှ နေရာတခုဆီသို့အပြေးသွားမိလေသည်။ ပုံထဲဝယ် သူဖမ်းမိမလို့ဖြစ်ခဲ့သည့် မျက်နှာအမာရွတ်နဲ့ သူဖြစ်လေတယ်။ ထိုလူက ဘားတခုထဲ ဝင်နေတဲ့ပုံဖြစ်တာကြောင့် သူထိုနေရာသို့ အမြန်ပြေးသွားမိနေတာဖြစ်တယ်။
သူထိုနေရာအရောက် ပုံမှန်အတိုင်းသက်ဝင်နေတဲ့ ဘားမျက်နှာစာကကြိုဆိုနေလေတယ်။ သူ p'jeff ကို ဖုန်းခေါ်ကြည့်ပေမဲ့ ဖုန်းကဝင်ပေမဲ့မကိုင်တာမို့ P' Jeff အထဲရောက်နေပြီထင်သည်။ အခုထိုဘားလိပ်စာနဲ့ ပုံပို့လာတာက p'Jeffဘက်မှ ဖြစ်တာမို့ သူတို့အထဲမှာ လှုပ်ရှားနေပြီထင်။
သူကတော့တိတ်တဆိတ်ရှာဖွေတာ ပိုအဆင်ပြေမည်ထင်တာမို့ ဖုန်းခေါ်နေတာရပ်လိုက်ပြီး ဘားထဲသို့ခြေချလိုက်သည်။ အထဲရောက်တာနဲ့ ဟိုနေရာဒီနေရာ အစုံမှ စလိုက်မီးရောင်တွေကြောင့် သူ့မျက်လုံးတွေ ခဏတာကျင့်သားရအောင် စောင့်လိုက်ရလေသည်။
သီချင်းသံကျယ်ကျယ်အကြား ကခုန်နေတဲ့ လူတွေကိုကျော်လွှားလို့ သူ့ရဲ့ ပန်းတိုင်ဖြစ်သည့်သူအား လိုက်ရှာမိလေသည်။ P'Jeff တို့ ကို အစတောင်မမြင်ရမို့ သူနည်းနည်းထူးဆန်းတယ် ထင်မိ နေချိန်ဝယ် နေရာတခုဆီဝင်သွားတဲ့ထိုလူကို ရိပ်ခနဲမြင်လိုက်တာကြောင့် သူလဲတိတ်တဆိတ်လိုက်ပါသွားမိသည်။
ထိုလူသွားတဲ့နောက် တောက်လျှောက်လိုက်ပါလာရင်း အခန်းတခုထဲဝင်သွားတာကြောင့် သူဝင်သင့် မဝင်သင့်တွေဝေမိတယ်။ သူတယောက်ထဲ ဝင်သွားတာက သိပ်အဆင်မပြေလောက် ဟိုလူတွေလူအင်အားများရင် မှောက်မှာကသူသာဖြစ်လေသည်။
သူထိုအခန်းအားစောင့်ကြည့်ရင်း P'Jeffဆီသို့ဖုန်းထပ်ခေါ် ဖို့ပြင်နေတုန်း သူ့နားထင်နားသို့ လာထောက်တဲ့သေနတ်တလက်။
'အဲ့ဖုန်းကိုချလိုက်ဖို့ ငါတော့အကြံပေးချင်တယ် '
ဒုန်း!!!!! ဝုန်း!!!! ခွမ်း !!!!!!
သူ့အားသေနတ်နဲ့ထောက်ထားတဲ့သူနောက်မှ လူနှစ်ယောက်ထွက်လာပြီး သူ့အားအခန်းတခုထဲပစ်သွင်းလိုက်တာမို့ ထိုအခန်းထဲရှိစားပွဲနဲ့ တိုက်မိပြီး ထိုစားပွဲပေါ်ရှိအရက်ပုလင်းတွေအားလုံး လဲကျကုန်လေသည်။
Offroad လဲခုနက လှမ်းပစ်တဲ့အရှိန်ကြောင့် သူအနည်းငယ်မူးနောက်သွားပေမဲ့ ပြန်ထဖို့လုပ်လိုက်လေသည်။ သို့သော်အနောက်မှလူတယောက်က သူခြေထောက်အားဖြတ်ကန်လိုက်တာမို့ စားပွဲရှေ့သို့ ဒူးထောက်ရန်ပြန်ချသွားလေသည်။
ထို့နောက်သူ့ခေါင်းအား စားပွဲ နှင့်ဖိနှိပ်ထားလေသည်။ နဖူးနားမှ ခပ်စပ်စပ်ခံစားရတာမို့ နဖူးကွဲသွားလောက်လေပြီ ။ ထို့နောက် သူ့အားတဖက်တချက်စီမှ လင်နှစ်ဖက်ကို လာချုပ်ထားတာမို့ သူအသန်းအသည်ရုန်းကန်မိလေတယ်။
'အာ့ ! မင်း!.... ငါ့ကိုလွှတ်စမ်း '
'ခုထိငါတို့လက်ထဲရောက်နေတာတောင် လေသံကမလျော့သေးဘူး ဟက်! ..... မင်းကိုတော့ကြိုက်သွားပြီ '
အသံလာရာသူမော့ကြည့်မိတော့ သူ့ရှေ့ရှိ ခုံထက်တွက်ခြေချိတ်ထိုင်နေတဲ့ ရွှေရောင်မျက်နှာဖုံးနဲ့ လူတယောက်။
'ငါ့ကိုလွှတ်စမ်း !!!! ...... အဖွဲ့နဲ့မှမိုက်ရဲတဲ့ကောင်ကများ! '
'ဟက် !..... ဟုတ်တယ် '
ထိုလူက သူ့စကားအားထောက်ခံလေပြီး ထိုင်ရာမှထလို့ သူ့အနားအနည်းငယ်ငုံ့ကိုင်းရင်း......
ဖြန်း!!!!!
လက်ပြန်ရိုက်ချက်ကြောင့် Offroad မျက်နှာလဲတဖတ်သို့ လည်သွားလေသည်။ ထိုလူကသူ့မေးစေ့မှ ဆတ်ခနဲ့အတင်းပြန်ဆွဲလှည့်လေသည်။
'ဒီဘက်ကိုလှည့်စမ်းပါ .... မင်းမျက်နှာလေးသေချာရှုစားရအောင် ဟက် ....'
'ဖွီး!.... '
နဂိုတည်းက စိတ်အချဉ်ပေါက်နေတဲ့သူလဲ တံတွေးနဲ့ထိုလူ့မျက်နှာဖုံးတည့်တည့် လှမ်းထွေးမိလေသည်။
'မင်းကတော့ တကယ်အံ့မခန်းပဲ မင်းငါ့လုပ်ငန်းတွေကို လိုက်ရှုပ်နေတာ များနေပြီဆိုတာ သိရဲ့လား '
'ဘာလုပ်ချင်သေးလို့လဲ ! ဟန်!. ငါကတော့ ငါအသက်ရှင်နေသရွေ့ မင်းတို့ကို ကောင်းကောင်းမနေရအောင် ဆက်လုပ်နေမှာပဲ . '။
'ကောင်းတယ် .... ကောင်းတယ် .... တကယ့်အာဂလေး မင်းသိလား .... မင်းခုထိအသက်ဆတ်နေတာ ဘာကြောင့်လဲဆိုတာ '
'ဘာကိုလဲ !....'
ထိုလူအမေးကြောင့် သူလဲအံ့ဩမိသည်။ သူအသက်ဆက်ရှင်နေရတဲ့ အကြောင်းအရင်းတဲ့လား ? ထိုလူကစကားဆတ်ရင်း.......
'ငါတို့တကယ် မင်းကိုမသတ်နိုင်ဘူးထင်နေတာလား ဟက်.... မင်းကဒီတိုင်း ရဲတယောက်သာသာလေးပဲ မင်းရဲ့အသက်ကို ဟောဒီလို '
သူ့လက်ဖဝါးအားစုပ်ပြပြီး သူ့အားစူးရဲစွာစိုက်ကြည့်နေတဲ့ထိူလူ။
'အလွယ်လေး ဖျက်စီးပလိုက်လို့ရတယ် .... မင်းခုထိဆက်ရှင်သန်နေနိုင်တာ မင်းနောက်ကလူကြောင့်ပဲ '
'သူကြောင့်သာ မဟုတ်ရင် မင်းဆိုတာ ခုချိန်ထိ ရှိနေမှာတောင်မဟုတ်ဘူး ... ဟက် မင်းကတော့ တန်ဖိုးထားရမှန်းမသိ မင်းအသက်ကိုဖြုန်းပစ်ချင်နေတာပဲ '
'မင်း!!! .... မင်းဘာပြောတာလဲ '
သူနောက်ကွယ်ကလူတဲ့လား....? သူ့အတွေးထဲပေါ်လာသူက တကိုယ်လုံးအမဲရောင်ဝတ်စုံနဲ့ထိုလူ။ဓားမြှောင်လေးရဲ့ ပိုင်ရှင်လား ? ထိုလူနဲ့ သူမှာ ဘာအဆတ်စပ်နေလို့လဲ ?
'ငါဘာပြောတာလဲလား .... အဲ့လူကခုထိ မင်းရှေ့ကိုပေါ်မလာသေးတာလား မင်းပုံစံကြည့်ရတာတော့ သိနေသလိုပါပဲ မင်းသူ့ကိုမြင်ဖူးတယိမလား'
'ဘာလို့.... ဘာလို့လဲ '
'အွန်း .... ဒါတော့ မင်းသူနဲ့တွေ့မှ မေးကြည့်ပေါ့ ခုတောင်သူမကြာခင်ဒီရောက်လာနိုင်တယ် မင်းကိုတော့ '
ထိုလူကမတ်တပ်ရပ်ပြီး ထွက်သွားဖို့လုပ်တာမို့ သူအတင်းရုန်ကန်ပြီးမေးမိသည်။
'လွှတ်စမ်း!!!!! ခင်များ စကားပြီးအောင်ပြောလေ အဲ့လူကဘယ်သူလဲ !!!! ..... ဘယ်သူလဲလို့ '
ထိုလူက သူကိုတချက်လည်ပြန်ကြည့်ပြီး ခေါင်းခါပြလာသည်။
'ငါလဲ အဲ့တာပဲသိချင် နေတာလေ အဲ့လူဘယ်သူလဲဆိုတာ ခုတော့ မင်းကိုသတ်လို့မရသေးဘူး အဲ့တော့ မင်းအတွက်ငါရဲ့ လက်ဆောင်လေးကိုပြပေးမယ် မင်းလဲသဘောကျလောက်မယ် သူဆိုပိုတောင်ကြိုက်နေအုန်းမှာ ဟား.... ပစ္စည်းယူလာခဲ့ '
'မင်း..... မင်း.... ဘာလုပ်မလို့လဲ ! ငါ့ကိုမထိနဲ့ ...လွှတ် ' 'သေချာချုပ်ထားလေ .... ရော့အကုန်ထိုးပေးလိုက် '
အတင်းရုန်းကန်နေတဲ့ သူ့အားသေချာချုပ်ထားဖို့ပြောပြီး သူ့လူတယောက်လက်ထဲထည့်ပေး လိုက်တဲ့ ဆေးထိုးအပ်ပြွန်တခု ။ သူအတင်းရုန်းကန်နေပေမဲ့ သူတို့ဘက်ကလူအားများတာမို့ လူကမရုန်းနိုင် ခဲ့ပေ။ သူ့လက်တဖက်အားအတင်းချုပ်လို့ သူ့လက်မောင်းသွေးကြောထဲ ထိုးသွင်းလိုက်တဲ့ အရည်များ နဲ့ ဆေးထိုးပြွန်အလွတ်တခုသာ ကျန်ခဲ့လေသည်။
'မင်း!!!! ...... အာ့ ! '
ဝင်လာတဲ့ဆေးရည်တွေပြီးနောက် ထိုလူရဲ့ ဖြတ်ရိုက်ချင်းရာစကားပြောသံ .....
'ငါမင်းကိုပြောပြမယ် ဒီဆေးက ခုတလောငါစမ်းသပ်နေတာလေးပေါ့ မင်းရှေ့ကလူတွေတော့ အွန်း...... ထားပါတော့ မင်းတော့ခံနိုင်ရည်ရှိမလားကြည့်ရသေးတာပေါ့ ဒီဆေးကလေ မင်းရဲ့စိတ်အပေါ်မူတည်ပြီး လှုံဆော်ပေးနိုင်တဲ့အရာကွာ ရှင်းရှင်းပြောရရင် မင်းဒေါသထွက်နေရင် မင်းဒေါသကို လူသတ်ချင်လာတဲ့အထိ ပြင်းထန်စေနိုင်သလို..... '
'ပြီးတော့ စိတ်ဓာတ်ကျရင်လဲ ကိုယ်တိုင်သတ်သေချင်လောက်တဲ့အထိ လှုံ့ဆော်ပေးနိုင်တဲ့ဆေးပဲ အဲ့တော့အကောင်းဆုံးက မင်းရဲ့စိတ်ကိုသိပ်မလှုပ်ရှားစေနဲ့ မင်းမထိန်းချုပ်နိုင်ရင် မင်းသေရင်သေ မင်းမသေရင် မင်းအနားကလူတွေသေရုံ လေးပါပဲ မင်းစိတ်ကို သတိလေးကပ်ပြီးနေ '
'ဆရာသူတို့ရောက်ခါနီးပြီ '
ထိုလူ့စကားမဆုံးခင် သူ့လူတယောက်သတိပေးတာကြောင့် ထိုလူကြည့်ရတာပိုပျော်သွားသလိုပင်။
'ဟုလား ပွဲကောင်းစတော့မှာပေါ့ သူ့ကိုအိပ်ဆေးထိုးပေးလိုက်တော့ '
'မင်း!! '
နောက်ထပ်ထည့်ထိုးလိုက်တဲ့ဆေးရည်တွေပြီးနောက် သူလဲတဖြေးဖြေး မျက်လုံးများမှေးစင်လာခဲ့သည်။ သူသတိကပ်နေအောင် ကြိုးစားနေပေမဲ့ နောက်ဆုံးတော့ သူ့မျက်ဝန်းတွေကတော့ သူ့အမိန့်ကို ဆန့်ကျင်လျက်သား။
ဒုန်း!!!!!!!
နောက်ဆုံးသူသတိမလွတ်ခင် တံခါးအားရိုက်ချိုးလိုက်သံနှင့်အတူ လျှောက်လှမ်းဝင်ရောက်လာတဲ့ ရှုးဖိနပ်အနက်တစုံရယ် မှုန်ဝါးဝါးလူတယောက်သူအသိတို့ကတော့ ကင်းလွတ်လျှက်သား ။
'ဝါး ..... အချိန်ကိုက်ချက်ကတော့ ကွက်တိပဲ '
'သူ့ကိုလွှတ်လိုက်စမ်း !!!!!!! '
Zaw
ဒုန်း!!!!! ဝုန်း!!!! ခွမ်း !!!!!!
'ဟက် !..... ဟုတ်တယ် '
ထိုလူက သူ့စကားအားထောက်ခံလေပြီး ထိုင်ရာမှထလို့ သူ့အနားအနည်းငယ်ငံ့ကိုင်းရင်း......
ဖြန်း!!!!!
'ဖွီး!.... '
'ဘာကိုလဲ !....'
သူ့လက်ဖဝါးအားစုပ်ပြပြီး သူ့အားစူးရဲစွာစိုက်ကြည့်နေတဲ့ထိုလူ။
'မင်း!!! .... မင်းဘာပြောတာလဲ '
'ဘာလို့.... ဘာလို့လဲ '
ထိုလူကမတ်တပ်ရပ်ပြီး ထွက်သွားဖို့လုပ်တာမို့ သူပတင်းရုန်ကန်ပြီးမေးမိသည်။
'ငါလဲ အဲ့တာပဲသိချင် နေတာလေ အဲ့လူဘယ်သုလဲဆိုတာ ခုတော့ မင်းကိုသတ်လို့မရသေးဘူး အဲ့တော့ မင်းအတွက်ငါရဲ့ လက်ဆောင်လေးကိုပြပေးမယ် မင်းလဲသဘောကျလောက်မယ် သူဆိုပိုတောင်ကြိုက်နေအုန်းမှာ ဟား.... ပစ္စည်းယူလာခဲ့ '
'မင်း!!!! ...... အာ့ ! '
'ပြီးတော့ စိတ်ဓာတ်ကျရင်လဲ ကိုယ်တိုင်သတ်သေချင်လောက်တဲ့အထိ လှုံ့ဆော်ပေးနိုင်တဲ့ဆေးပဲ အဲ့တော့အကောင်းဆုံးက မင်းရဲ့စိတ်ကိုသိပ်မလှုပ်ရှားစေနဲ့ မင်းမထိန်းချုပ်နိုင်ရင် မင်းသေရင်သေ မင်းမသေရင် မင်းအနားကလူတွေသေရုံလပါပဲ မင်းစိတ်ကို သတိလေးကပ်ပြီးနေ '
'မင်း!! '
ဒုန်း!!!!!!!
နောက်ဆုံးသူသတိမလွတ်ခင် တံခါးအားရိုက်ချိုးလိုက်သံနှင့်အတူ လျှောက်လှမ်းဝင်ရောက်လာတဲ့ ရှုးဖိနပ်အနက်တစုံရယ် မှုန်ဝါးဝါးလူတယောက်အကြသူအသိတို့ကတော့ ကင်းလွတ်လျှက်သား ။
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)