Fanfics

3

18:34, 23 September 2024

Uni

သူနဲ့ P 'Jeffနဲ့ ခေါင်းဆောင်အား အလေးပြုလို့ ယနေ့ဖြစ်စဉ်မှန်သမျှကို ထုံစံအတိုင်း P'Jeffက တင်ပြပေးလေတော့ ခေါင်းတညှိတ်ညှိတ်နဲ့ နားထောင်ပြီးအနောက် .....

"ယနေ့တာဝန်ကျေပါတယ် Jeff  သက်သေခံပစ္စည်းတွေ သေချာကိုယ်တွယ်ပါ  ငယ်သားတွေထဲ ထိမိသူရှိသေးလား '

'အနည်းငယ်လောက်ပါပဲ ခေါင်းဆောင် '

'ကောင်းပြီ မင်းကပဲဂရုစိုက်ပေးလိုက်ပါအုန်း ထွက်သွားလို့ရပြီ '

'ဟုတ်ကဲ့ပါ ခေါင်းဆောင် '

P'Jeff လဲ ခေါင်းဆောင်အားအလေးပြုပြီး သူ့အားမျက်ရိပ်ပြလို့ အခန်းပြင်အမြန်ထွက်သွားလေတော့သည်။ ခုတော့ အခန်းထဲဝယ် သူနဲ့ ခေါင်းဆောင်နဲ့သာကျန်တော့သည်။

'Offroad '

တိတ်ဆိတ်နေတဲ့အခန်းထဲ ရုတ်တရက် ထွက်ပေါလာ တဲ့ အသံကြောင့် သူဒီနေ့ဘာတွေမွှေထားလဲ ခေါင်း‌ေဆာင်သိပြီးလောက်ပြီပင်။

'ဟုတ် .... ဟုတ်ကဲ‌ ခေါင်းဆောင် '

'ထိုင်ပါအုန်း ..... '‌ခေါင်းဆောင်စားပွဲရှေ့မှ ထိုင်ခုံအား ညွှန်ပြလာတာမို့ သူခေါင်းခါငြင်းမိလေတယ်။

'မ... မထိုင်တော့ပါဘူး ခေါင်းဆောင် ကျနော်အဆင်ပြေပါတယ် '

'Offroad ဒီ‌နေ့မင်းကိုတာဝန်ပေးလိုက်တဲ့နေရာ.... '

ခေါင်းဆောင်စကားမဆုံးခင် သူဖြတ်ပြောမိလေတယ်။

'ခေါင်းဆောင် .... ဒါ ကျ‌နော်ရှင်းပြလို့ ရပါတယ် ....'

"ဒုန်း !!!"

ရုတ်တရက် စားပွဲခုံကို ထုလိုက်တဲ့ အသံကြောင့် သူရဲ့ ထွက်ပေါ်လာတော့မဲ့ ရှင်းပြချက်တွေမှာ ပါးစပ်ဖျားတင်ပျောက်ကွယ် လို့သွားလေသည်။

'တိတ်စမ်း !!! Offroad  မင်းကိုနေရာချပေးတဲ့နေရာ မှာပဲမင်းတာဝန်ထမ်းဆောင်နေရမှာလေ မင်းအမိန့်ကို မနာခံတာလား '

'ခေါင်းဆောင် ကျနော့်ကိုဒီတခုတော့ နားလည်ပေးပါ ... ကျနော်မိသားစု ....'

'ငါသိတယ် Offroad မင်းမိဘတွေ သေဆုံးမှုက အဲ့Cover အဖွဲ့ရဲ့ လက်ချက်ဆိုတာ ငါသိပြီးသားအဲ့အတွက် ငါ မင်းကို ဘာပြောခဲ့တာရှိလို့လဲ '

ဟုတ်တယ် .... သူမိဘတွေအတွက် လက်စားချေမှုတခု။ မိဘနှစ်ပါးဆုံးပါးသွားက ခြင်းရဲ့ တရားခံများ ။

'အခုက အရင်ကဟာတွေနဲ့တူမနေဘူး Offroad  မင်းအဲ့အဖွဲ့အကြောင်း ကြားတာနဲ့ မင်းစိတ်ကို လုံးဝမထိန်းဘဲ ဒေါသနဲ့ မင်းလုပ်ချင်တိုင်းလုပ်တော့တာ တခြားသူတွေကိုကော မင်းထည့်တွက်ရဲ့လား '

Offroad သူလက်သီးကိုသာ ကျစ်ကျစ်ဆုပ်ထားမိလေသည်။ သူသိပါတယ် သူ့စိတ်ကိုထိန်းမရတာ အဲ့အဖွဲ့ဆိုတဲ့ အသံကြားတာနဲ့ သူရဲ့ဒေါသတွေ တဇွတ်ထိုး နိုင်မှု တွေကြောင့် အဖွဲ့သားတွေလဲ ထိခိုက်မှုများခဲ့လေသည်။

'ငါတို့ ရဲဝန်ထမ်းတွေက အဖွဲ့လိုက် လှုပ်ရှားရတာ မင်းဒီလိုတယောက်ထဲ တဇွတ်ထိုးလုပ်နေတာ အဖွဲ့က ထိခိုက်ပေါင်းများပြီ Offroad ငါမင်းကိုမျက်ကွယ်ပြုပေးထားတာက မင်းမိဘတွေကြောင့် မို့ဘဲ မင်းအခုကအရမ်းအရဲစွန့်လွန်းတယ် ဆိုတာသိရဲ့လား '

'မင်းထိခိုက်သွားနိုင်တယ် ဟိုမှာကဘာတွေရှိနေမှန်းမသိ မင်းကျည်ကာတောင်မဝတ်သွားဘူး ပြီးတော့ အဖွဲ့မှုးအမိန့်မရဘဲ တဇွတ်ထိုးဝင်သွားတာတွေ အဖွဲ့ကို တချက်လှည့်မကြည့်တာတွေ Offroad မင်းငါ့ကို အတော်စိတ်ပျက်စေတယ် '

'ခေါင်းဆောင် ကျနော် တောင်းပန်ပါတယ် ကျနော် နောက်ဆိုဆင်ခြင်ပါ့မယ် ကျနော်... ကျနော့်ဒေါသကိုလဲ ရအောင်ထိန်းပါ့မယ် ကျနော်ကတိပေးပါတယ် '

'မင်းဒီလိုပြောတာ မင်းနှခေါက်ရှိပြီလဲ မင်းသိရဲ့လား Offroad ဒီတခါတော့ ....'

'ဟင့်အင်း... မလုပ်ပါနဲ့  ခေါင်းဆောင်  ကျနော် ဒီနေ့လို ရဲတယောက်ဖြစ်လာတာ ကျနော့်မိဘတွေအတွက် လက်စားချေဖို့ပါ ကျေးဇူးပြုပြီး '

ဟုတ်တယ် သူရဲ့အိမ်မက်တွေ သူရဲ့ပျော်ရွှင်မှုတွေ  ပျက်စီးခံလို့ ရဲတယောက်ဖြစ်လာခဲ့ခြင်းက ထိုအဖွဲ့အား လက်ရဖမ်းစီးချင်သောကြောင့်ဖြစ်သည်။

'ငါထပ်ပြီး မျက်ကွယ်ပြုလို့မရတော့ဘူး Offroad မင်းအတွက်စိတ်မကောင်းပေမဲ့ coverအဖွဲ့နဲ့ ပက်သတ်တဲ့ မစ်ရှင်တွေမှာ မင်းကိုလိုက်ပါခွင့်မပြုဘူး '

'ခေါင်းဆောင် '

သူခေါင်းဆောင်အား ကြည့်မိတော့ သူ့အကြည့်တွေအား မျက်ကွယ်ပြုရှောင်ရှားနေတဲ့ ခေါင်းဆောင်။ ခေါင်းဆောင်ဖြစ်သူက သက်ပြင်းဖွဖွချလို့ ဆက်ပြောလေတယ်။

'ငါမတတ်နိုင်ဘူးOffroad  ဒါအထက်ကအမိန့်ပဲ ပြီးတော့ မင်းသူတို့ထဲက တယောက်ကိုတွေ့လိုက်တယ် သူတို့ဘက်ကမင်းကိုသေချာပေါက် လာရှာနိုင်တယ် အဲ့အတွက် မင်းကိုအထူးစောင့်ကြည့်ရလိမ့်မယ် '

သူခေါင်းဆောင်ရဲ့ စားပွဲအရှေ့ဆီသွားလို့ ရှင်းပြနေမိတယ် ။

'ဟုတယ်လေ ကျတော်ကမျက်မြင်တွေ့ခဲ့တာမို့  ကျနော်က ပိုပြီးပါသင့်တာလေ သူတို့ကကျနော်ဆီဦးတည်ရောက်လာမှာလေ '

ခေါင်းဆောင်က ခေါင်းခါပြီး ဆက်ပြောလေတယ်။

'ငါပြောတာနားထောင်ပါ Offroad ဒါအမိန့်ပဲ ခက်ခဲအောင်ထပ်မလုပ်နဲ့တော့ မင်းသွားလို့ရပြီ မင်းဒီနေ့ကစပြီး ရုံးထိုင်ရမယ် '

'ဘာလို့လဲ !!!! .... ဘာလို့ ကျတော်ကို ပါဝင်ခွင့်မပြုနိုင်ရတာလဲ !!!! သေသွားတာခေါင်းဆောင်ချစ်ရတဲ့ သူမဟုတ်လို့ ဒီလိုပြောနိုင်ရတာလား !!! '

သူရဲ့အပြောအဆုံး ခေါင်းဆောင်ဖြစ်သူသည်လဲ ထိုင်ရာမှ ဝုန်းခနဲ့ထလို့ သူ့အားပြောလေသည်။

' Offroad !!!! မင်းစကားကိုကြည့်ပြောစမ်း မင်းမိဘတွေက ငါနဲ့ဆို အချစ်ဆုံးသူငယ်ချင်းတွေပဲ မင်းထက်မပိုတောင် မင်းထက်မလျော့ပဲ နာကျင်ခံစားရတာပဲ !!! ဒါမဲ့ ဖြစ်သင့်တာကိုလဲ ဦးစားပေးရမယ် Offroad  မင်းရုံးမထိုင်ချင်ရင် မင်းကိုအနားပေးရမလား မင်းတခုရွေးလိုက်  ဒါငါနောက်ဆုံး‌ပေးနိုင်တဲ့ ရွေးချယ်မှုပဲ မဟုတ်ရင် မင်းကိုငါအနားပေးရလိမ့်မယ် '

သူလဲခေါင်းကိုအောက်စိုက်လို့ အဖြေတခုပေးမိသည်။

'ကောင်းပါပြီ ကျနော်ရုံးထိုင်မယ် ခုနကအပြောအတွက် ကျနော်တောင်းပန်ပါတယ် ကျနော်မရည်ရွယ်ပါဘူး  '

'မင်းနာကျင်ရတာကိုငါသိတယ် Offroad ဒါမဲ့ မင်းစိတ်တိုင်းကျ တဇွတ်ထိုးလုပ်‌ နေရုံနဲ့ ဒီကိစ္စကမပြီးသွားဘူး  မင်းသွားလို့ရပြီ တွေ့ခဲ့တဲ့သူကိုမင်းပြောပြလိုက် ငါတို့တွက်အသုံးဝင်လာမှာပါ သွားတော့ '

'ဟုတ်ကဲ့ပါ ခေါင်‌းဆောင် '

သူလဲခေါင်းဆောင်ကို အလေးပြုပြီး အပြင်သို့သာပြန်ထွက်လာခဲ့သည်။ အပြင်မှာအသင့်ရပ်‌ စောင့်နေတဲ့ P'jeffကို သူအပြုံးနဲ့တောင်မနှုတ်ဆတ်နိုင်တော့ဘဲ သူစားပွဲထက်ဝယ် ခေါင်းမှောက်လို့ထိုင်နေမိတယ်။

'Offroad အဆင်ပြေသွားမှာပါ ခေါင်းဆောင်က မင်းကိုစိတ်ပူလို့ဆိုတာသိတယ်မလား '

မှောက်ထားတဲ့သူ့ခေါင်းပေါ် အသားလက်လာတင်ပြီး ‌ချော့ပေးနေတဲ့ p'jeff ။

'P'Jeffအကုန်ကြားလိုက်တာလား '

'အွန်း ...... ဘာမှမပူပါနဲ့ အကိုကရအောင် ဖမ်းပေမယ်ဟုပြီလား ပြီးတော့လေ .... '

သူနအနားတိုးတိုးလေးကပ်ပြောတဲ့ P'Jeff ....

'တခုခုဆို အကိုကမင်းကို ပြောပြမယ်ဟုပြီလား '

'ကျေးဇူးတင်ပါတယ် P'jeff '

'ငါတို့ ကြားထဲ ဒါတွေလိုလို့လား ကဲ ထတော့ မှောက်မနေနဲ့ အကိုတို့အလုပ်တွေများကြီးပဲ ကူပါအုနိအုန်းကွာနော် '

'ဟုတ် '

ဒီလိုနဲ့သူတို့ရဲ့‌တနေ့တာက ပြီးဆုံးလေတယ်။

လျှောက်လှန်းတခုမှ လူတယောက်ဟာ တဖြေးတဖြေး သူရဲ့သွားလိုရာသို့လျှောက်လှမ်းနေလေတယ်။ထိုလူကအ‌မှောင်ရိပ်ကျနေတဲ့ နံရံတခုထက်တယ် ခဏတာမှိနေလိုက်တယ်။ အမှောင်ထုကြောင့်ရော တမင်ဖုံးကွယ်ထားလေတဲ့ ဦးထုတ်တခုကြောင့် သူ့ရဲ့မျက်နှာဟာ မြင်တွေ့ရရန်ခက်ခဲလွန်းလှတယ်။

ခဏအကြာသူ့အနားသို့လူတဦးကရောက်လာလေတယ်။ ထိုလူက သူ့နောက်ကျောဘက်တွေ အသင့်မတ်တပ်ရပ်နေလေသည်။

'ဒီကမိတ်ဆွေ ဆေးလိပ်တလိပ်လောက်ရမလား '

'ရမ်လား မာတီနီလား '

သူတို့ရဲ့ စကားဝှက်အဆုံး ကျောခိုင်းနေတဲ့သူ့ထံမှ အေးစက်စက်အသံထွက် ပေါ် လာလေသည်။

'ဘယ်လိုလဲ '

'သူအသေအချာမြင်လိုက်တယ်ပြောတယ်  လောလောဆယ် သူ့ကိုအထူးစောင့်ကြည့်နေမှာ '

'တခုမှလွဲသွားလို့မဖြစ်တာသိတယ်မလား တခုခုဆို မင်းသိမှာပါ '

'မပူပါနဲ့ ဘာလုပ်ရမှန်းသိပါတယ် '

'ကောင်းပြီ နောက်ကွယ်ကနေပဲ လှုပ်ရှားပါ '

'ကောင်းပါပြီ '

ပြီးနောက်ထိုလူနှစ်ဦးဟာ ဆန့်ကျင်ဘက်လားရာဆီသို့ ခွဲခွာသွားလေသည်။'

Zaw

သူနဲ႕ P 'Jeffနဲ႕ ေခါင္းေဆာင္အား အေလးျပဳလို႔ ယေန႕ျဖစ္စဥ္မွန္သမွ်ကို ထုံစံအတိုင္း P'Jeffက တင္ျပေပးေလေတာ့ ေခါင္းတညွိတ္ညွိတ္နဲ႕ နားေထာင္ၿပီးအေနာက္ .....

"ယေန႕တာဝန္ေက်ပါတယ္ Jeff  သက္ေသခံပစၥည္းေတြ ေသခ်ာကိုယ္တြယ္ပါ  ငယ္သားေတြထဲ ထိမိသူရွိေသးလား '

'အနည္းငယ္ေလာက္ပါပဲ ေခါင္းေဆာင္ '

'ေကာင္းၿပီ မင္းကပဲဂ႐ုစိုက္ေပးလိုက္ပါအုန္း ထြက္သြားလို႔ရၿပီ '

'ဟုတ္ကဲ့ပါ ေခါင္းေဆာင္ '

P'Jeff လဲ ေခါင္းေဆာင္အားအေလးျပဳၿပီး သူ႕အားမ်က္ရိပ္ျပလို႔ အခန္းျပင္အျမန္ထြက္သြားေလေတာ့သည္။ ခုေတာ့ အခန္းထဲဝယ္ သူနဲ႕ ေခါင္းေဆာင္နဲ႕သာက်န္ေတာ့သည္။

'Offroad '

တိတ္ဆိတ္ေနတဲ့အခန္းထဲ ႐ုတ္တရက္ ထြက္ေပါလာ တဲ့ အသံေၾကာင့္ သူဒီေန႕ဘာေတြေမႊထားလဲ ေခါင္းသိၿပီးေလာက္ၿပီပင္။

'ဟုတ္ .... ဟုတ္ကဲ‌ ေခါင္းေဆာင္ '

'ထိုင္ပါအုန္း ..... '‌ေခါင္းေဆာင္စားပြဲေရွ႕မွ ထိုင္ခုံအား ၫႊန္ျပလာတာမို႔ သူေခါင္းခါျငင္းမိေလတယ္။

'မ... မထိုင္ေတာ့ပါဘူး ေခါင္းေဆာင္ က်ေနာ္အဆင္ေျပပါတယ္ '

'Offroad ဒီ‌ေန႕မင္းကိုတာဝန္ေပးလိုက္တဲ့ေနရာ.... '

ေခါင္းေဆာင္စကားမဆုံးခင္ သူျဖတ္ေျပာမိေလတယ္။

'ေခါင္းေဆာင္ .... ဒါ က်‌ေနာ္ရွင္းျပလို႔ ရပါတယ္ ....'

"ဒုန္း !!!"

႐ုတ္တရက္ စားပြဲခုံကို ထုလိုက္တဲ့ အသံေၾကာင့္ သူရဲ႕ ထြက္ေပၚလာေတာ့မဲ့ ရွင္းျပခ်က္ေတြမွာ ပါးစပ္ဖ်ားတင္ေပ်ာက္ကြယ္ လို႔သြားေလသည္။

'တိတ္စမ္း !!! Offroad  မင္းကိုေနရာခ်ေပးတဲ့ေနရာ မွာပဲမင္းတာဝန္ထမ္းေဆာင္ေနရမွာေလ မင္းအမိန႔္ကို မနာခံတာလား '

'ေခါင္းေဆာင္ က်ေနာ့္ကိုဒီတခုေတာ့ နားလည္ေပးပါ ... က်ေနာ္မိသားစု ....'

'ငါသိတယ္ Offroad မင္းမိဘေတြ ေသဆုံးမႈက အဲ့Cover အဖြဲ႕ရဲ႕ လက္ခ်က္ဆိုတာ ငါသိၿပီးသားအဲ့အတြက္ ငါ မင္းကို ဘာေျပာခဲ့တာရွိလို႔လဲ '

ဟုတ္တယ္ .... သူမိဘေတြအတြက္ လက္စားေခ်မႈတခု။ မိဘႏွစ္ပါးဆုံးပါးသြားက ျခင္းရဲ႕ တရားခံမ်ား ။

'အခုက အရင္ကဟာေတြနဲ႕တူမေနဘူး Offroad  မင္းအဲ့အဖြဲ႕အေၾကာင္း ၾကားတာနဲ႕ မင္းစိတ္ကို လုံးဝမထိန္းဘဲ ေဒါသနဲ႕ မင္းလုပ္ခ်င္တိုင္းလုပ္ေတာ့တာ တျခားသူေတြကိုေကာ မင္းထည့္တြက္ရဲ႕လား '

Offroad သူလက္သီးကိုသာ က်စ္က်စ္ဆုပ္ထားမိေလသည္။ သူသိပါတယ္ သူ႕စိတ္ကိုထိန္းမရတာ အဲ့အဖြဲ႕ဆိုတဲ့ အသံၾကားတာနဲ႕ သူရဲ႕ေဒါသေတြ တဇြတ္ထိုး နိုင္မႈ ေတြေၾကာင့္ အဖြဲ႕သားေတြလဲ ထိခိုက္မႈမ်ားခဲ့ေလသည္။

'ငါတို႔ ရဲဝန္ထမ္းေတြက အဖြဲ႕လိုက္ လႈပ္ရွားရတာ မင္းဒီလိုတေယာက္ထဲ တဇြတ္ထိုးလုပ္ေနတာ အဖြဲ႕က ထိခိုက္ေပါင္းမ်ားၿပီ Offroad ငါမင္းကိုမ်က္ကြယ္ျပဳေပးထားတာက မင္းမိဘေတြေၾကာင့္ မို႔ဘဲ မင္းအခုကအရမ္းအရဲစြန႔္လြန္းတယ္ ဆိုတာသိရဲ႕လား '

'မင္းထိခိုက္သြားနိုင္တယ္ ဟိုမွာကဘာေတြရွိေနမွန္းမသိ မင္းက်ည္ကာေတာင္မဝတ္သြားဘူး ၿပီးေတာ့ အဖြဲ႕မႈးအမိန႔္မရဘဲ တဇြတ္ထိုးဝင္သြားတာေတြ အဖြဲ႕ကို တခ်က္လွည့္မၾကည့္တာေတြ Offroad မင္းငါ့ကို အေတာ္စိတ္ပ်က္ေစတယ္ '

'ေခါင္းေဆာင္ က်ေနာ္ ေတာင္းပန္ပါတယ္ က်ေနာ္ ေနာက္ဆိုဆင္ျခင္ပါ့မယ္ က်ေနာ္... က်ေနာ့္ေဒါသကိုလဲ ရေအာင္ထိန္းပါ့မယ္ က်ေနာ္ကတိေပးပါတယ္ '

'မင္းဒီလိုေျပာတာ မင္းႏွေခါက္ရွိၿပီလဲ မင္းသိရဲ႕လား Offroad ဒီတခါေတာ့ ....'

'ဟင့္အင္း... မလုပ္ပါနဲ႕  ေခါင္းေဆာင္  က်ေနာ္ ဒီေန႕လို ရဲတေယာက္ျဖစ္လာတာ က်ေနာ့္မိဘေတြအတြက္ လက္စားေခ်ဖိဳ႕ပါ ေက်းဇူးျပဳၿပီး '

ဟုတ္တယ္ သူရဲ႕အိမ္မက္ေတြ သူရဲ႕ေပ်ာ္႐ႊင္မႈေတြ  ပ်က္စီးခံလို႔ ရဲတေယာက္ျဖစ္လာခဲ့ျခင္းက ထိုအဖြဲ႕အား လက္ရဖမ္းစီးခ်င္ေသာေၾကာင့္ျဖစ္သည္။

'ငါထပ္ၿပီး မ်က္ကြယ္ျပဳလို႔မရေတာ့ဘူး Offroad မင္းအတြက္စိတ္မေကာင္းေပမဲ့ coverအဖြဲ႕နဲ႕ ပက္သတ္တဲ့ မစ္ရွင္ေတြမွာ မင္းကိုလိုက္ပါခြင့္မျပဳဘူး '

'ေခါင္းေဆာင္ '

သူေခါင္းေဆာင္အား ၾကည့္မိေတာ့ သူ႕အၾကည့္ေတြအား မ်က္ကြယ္ျပဳေရွာင္ရွားေနတဲ့ ေခါင္းေဆာင္။ ေခါင္းေဆာင္ျဖစ္သူက သက္ျပင္းဖြဖြခ်လိဳ႕ ဆက္ေျပာေလတယ္။

'ငါမတတ္နိုင္ဘူးOffroad  ဒါအထက္ကအမိန႔္ပဲ ၿပီးေတာ့ မင္းသူတို႔ထဲက တေယာက္ကိုေတြ႕လိုက္တယ္ သူတို႔ဘက္ကမင္းကိုေသခ်ာေပါက္ လာရွာနိုင္တယ္ အဲ့အတြက္ မင္းကိုအထူးေစာင့္ၾကည့္ရလိမ့္မယ္ '

သူေခါင္းေဆာင္ရဲ႕ စားပြဲအေရွ႕ဆီသြားလို႔ ရွင္းျပေနမိတယ္ ။

'ဟုတယ္ေလ က်ေတာ္ကမ်က္ျမင္ေတြ႕ခဲ့တာမို႔  က်ေနာ္က ပိုၿပီးပါသင့္တာေလ သူတို႔ကက်ေနာ္ဆီဦးတည္ေရာက္လာမွာေလ '

ေခါင္းေဆာင္က ေခါင္းခါၿပီး ဆက္ေျပာေလတယ္။

'ငါေျပာတာနားေထာင္ပါ Offroad ဒါအမိန႔္ပဲ ခက္ခဲေအာင္ထပ္မလုပ္နဲ႕ေတာ့ မင္းသြားလို႔ရၿပီ မင္းဒီေန႕ကစၿပီး ႐ုံးထိုင္ရမယ္ '

'ဘာလို႔လဲ !!!! .... ဘာလို႔ က်ေတာ္ကို ပါဝင္ခြင့္မျပဳနိုင္ရတာလဲ !!!! ေသသြားတာေခါင္းေဆာင္ခ်စ္ရတဲ့ သူမဟုတ္လို႔ ဒီလိုေျပာနိုင္ရတာလား !!! '

သူရဲ႕အေျပာအဆုံး ေခါင္းေဆာင္ျဖစ္သူသည္လဲ ထိုင္ရာမွ ဝုန္းခနဲ႕ထလို႔ သူ႕အားေျပာေလသည္။

' Offroad !!!! မင္းစကားကိုၾကည့္ေျပာစမ္း မင္းမိဘေတြက ငါနဲ႕ဆို အခ်စ္ဆုံးသူငယ္ခ်င္းေတြပဲ မင္းထက္မပိုေတာင္ မင္းထက္မေလ်ာ့ပဲ နာက်င္ခံစားရတာပဲ !!! ဒါမဲ့ ျဖစ္သင့္တာကိုလဲ ဦးစားေပးရမယ္ Offroad  မင္း႐ုံးမထိုင္ခ်င္ရင္ မင္းကိုအနားေပးရမလား မင္းတခုေ႐ြးလိုက္  ဒါငါေနာက္ဆုံး‌ေပးနိုင္တဲ့ ေ႐ြးခ်ယ္မႈပဲ မဟုတ္ရင္ မင္းကိုငါအနားေပးရလိမ့္မယ္ '

သူလဲေခါင္းကိုေအာက္စိုက္လို႔ အေျဖတခုေပးမိသည္။

'ေကာင္းပါၿပီ က်ေနာ္႐ုံးထိုင္မယ္ ခုနကအေျပာအတြက္ က်ေနာ္ေတာင္းပန္ပါတယ္ က်ေနာ္မရည္႐ြယ္ပါဘူး  '

'မင္းနာက်င္ရတာကိုငါသိတယ္ Offroad ဒါမဲ့ မင္းစိတ္တိုင္းက် တဇြတ္ထိုးလုပ္‌ ေန႐ုံနဲ႕ ဒီကိစၥကမၿပီးသြားဘူး  မင္းသြားလို႔ရၿပီ ေတြ႕ခဲ့တဲ့သူကိုမင္းေျပာျပလိုက္ ငါတို႔တြက္အသုံးဝင္လာမွာပါ သြားေတာ့ '

'ဟုတ္ကဲ့ပါ ေခါင္‌းေဆာင္ '

သူလဲေခါင္းေဆာင္ကို အေလးျပဳၿပီး အျပင္သို႔သာျပန္ထြက္လာခဲ့သည္။ အျပင္မွာအသင့္ရပ္‌ ေစာင့္ေနတဲ့ P'jeffကို သူအၿပဳံးနဲ႕ေတာင္မႏႈတ္ဆတ္နိုင္ေတာ့ဘဲ သူစားပြဲထက္ဝယ္ ေခါင္းေမွာက္လို႔ထိုင္ေနမိတယ္။

'Offroad အဆင္ေျပသြားမွာပါ ေခါင္းေဆာင္က မင္းကိုစိတ္ပူလို႔ဆိုတာသိတယ္မလား '

ေမွာက္ထားတဲ့သူ႕ေခါင္းေပၚ အသားလက္လာတင္ၿပီး ‌ေခ်ာ့ေပးေနတဲ့ p'jeff ။

'P'Jeffအကုန္ၾကားလိုက္တာလား '

'အြန္း ...... ဘာမွမပူပါနဲ႕ အကိုကရေအာင္ ဖမ္းေပမယ္ဟုၿပီလား ၿပီးေတာ့ေလ .... '

သူနအနားတိုးတိုးေလးကပ္ေျပာတဲ့ P'Jeff ....

'တခုခုဆို အကိုကမင္းကို ေျပာျပမယ္ဟုၿပီလား '

'ေက်းဇူးတင္ပါတယ္ P'jeff '

'ငါတို႔ ၾကားထဲ ဒါေတြလိုလို႔လား ကဲ ထေတာ့ ေမွာက္မေနနဲ႕ အကိုတို႔အလုပ္ေတြမ်ားႀကီးပဲ ကူပါအုနိအုန္းကြာေနာ္ '

'ဟုတ္ '

ဒီလိုနဲ႕သူတို႔ရဲ႕‌တေန႕တာက ၿပီးဆုံးေလတယ္။

ေလွ်ာက္လွန္းတခုမွ လူတေယာက္ဟာ တေျဖးတေျဖး သူရဲ႕သြားလိုရာသို႔ေလွ်ာက္လွမ္းေနေလတယ္။ထိုလူကအ‌ေမွာင္ရိပ္က်ေနတဲ့ နံရံတခုထက္တယ္ ခဏတာမွိေနလိုက္တယ္။ အေမွာင္ထုေၾကာင့္ေရာ တမင္ဖုံးကြယ္ထားေလတဲ့ ဦးထုတ္တခုေၾကာင့္ သူ႕ရဲ႕မ်က္ႏွာဟာ ျမင္ေတြ႕ရရန္ခက္ခဲလြန္းလွတယ္။

ခဏအၾကာသူ႕အနားသို႔လူတဦးကေရာက္လာေလတယ္။ ထိုလူက သူ႕ေနာက္ေက်ာဘက္ေတြ အသင့္မတ္တပ္ရပ္ေနေလသည္။

'ဒီကမိတ္ေဆြ ေဆးလိပ္တလိပ္ေလာက္ရမလား '

'ရမ္လား မာတီနီလား '

သူတို႔ရဲ႕ စကားဝွက္အဆုံး ေက်ာခိုင္းေနတဲ့သူ႕ထံမွ ေအးစက္စက္အသံထြက္ ေပၚ လာေလသည္။

'ဘယ္လိုလဲ '

'သူအေသအခ်ာျမင္လိုက္တယ္ေျပာတယ္  ေလာေလာဆယ္ သူ႕ကိုအထူးေစာင့္ၾကည့္ေနမွာ '

'တခုမွလြဲသြားလို႔မျဖစ္တာသိတယ္မလား တခုခုဆို မင္းသိမွာပါ '

'မပူပါနဲ႕ ဘာလုပ္ရမွန္းသိပါတယ္ '

'ေကာင္းၿပီ ေနာက္ကြယ္ကေနပဲ လႈပ္ရွားပါ '

'ေကာင္းပါၿပီ '

ၿပီးေနာက္ထိုလူႏွစ္ဦးဟာ ဆန႔္က်င္ဘက္လားရာဆီသို႔ ခြဲခြာသြားေလသည္။'

There are no comments yet. Log in to be the first to leave a review!

Similar stories