2
16:23, 8 September 2024Uni
'သူ... သူဘယ်လိုလုပ်ဒီရောက်လာတာလဲ ....'
တဖတ်မှအဖြေမရသေးခင် ဂိုဒေါင်ထဲသေနတ်သံတို့ ဆူညံ့ပြန့်လွင့်လာသေသည်။
'အဖွဲ့မှုး သူ ဟိုလူအုပ်ထဲဝင်ပြီး ရန်ဖြစ်နေပြီ '
'မင်းတို့လဲ အမြန်ဝင်တော့ !!! အမြန် !!! '
မိုးကြိုးတွေကတော့အတောင့်လိုက်ကို ဆင့်ခနဲပစ်တာပါကောလား။ သူလဲ အမြန်ဂိုဒေါင်ဟောင်းထဲဝင်လို့ ဒုစရိုက်မှုကျူးလွန်သူတွေအား ဖမ်းဆီးရလေသည်။
ခဏတာရှုပ်ပွပြီးနောက် သေနေသူများ ထိခိုက်ဒဏ်ရာရတဲ့လူများနဲ့ နေရာအနှံ့သွေးနံ့တို့တလှိုင်လှိုင်။
'အဖွဲ့မှုး အဆင်ပြေရဲ့လား '
သူ့အခြေအနေမေးမြန်းနေသော တပည့်ဖြစ်သူ့အား ခေါင်းခါပြလို့ တယောက်သောသူအားရှာဖွေရလေသည်။
'ရတယ် မင်းတို့လုပ်စရာရှိတာဆက်လုပ်တော့ Offroad ကော '
'သူအပြင်ပြေးထွက်သွားတယ် '
'ဟန် ....!'
တခြားတယောက်မှပြန်ဖြေသံအဆုံး လူတချို့နဲ့အတူ အပြင်ဖက်သို့သူပြေးလိုက်ရတော့သည်။
တိုက်ပွဲဖြစ်စဉ်အတွင်း
Offroad တယောက် သူ့အနားဝိုင်းလာသူမှန်သမျှ အားဆော်ပလော်တီးနေတုန်း သူလူများလဲအတူဝင်ကူလာသည်မို့ တိုက်ရခိုက်ရပိုအဆင်ပြေသွားလေတယ်။ နှုတ်ခမ်းနားမှ သွေးစက်တို့အား ပွတ်ဆွဲလို့ တဖက်အလှည့် လှစ်ခနဲထွက်ပြေးသွားတဲ မျက်နှာဖုံး နဲ့လူကြောင့် ထိုလူအနောက်သူအပြေးလိုက်ရလေသည်။
သူဒီကိုအမောတကောပြေးလာရတဲ့ရည်ရွယ်ချက်က ဒီမျက်နှာဖုံးနဲ့လူအတွက်ပဲ။ ထိုလူကို လက်ရဖမ်းစီးနိုင်မှဖြစ်လိမ့်မယ်။ သူ့ဘဝတလျှောက်လုံး မျှော်လင့်နေရတဲ့ မျှော်လင့်ချက် အလင်းအရောင်က ထိုလူကိုဖမ်းမိကာမှ လမ်းကိုတွေ့မည်ဖြစ်လေတယ်။
'အဲ့မှာ ရပ်စမ်း!!!!! '
သူသေနတ်ကိုထုတ်လို့ ထိုလူအားပစ်မှတ်ထားလိုက်သည်။
'ငရဲပြည်မဆင်းချင်သေရင် ခုချက်ချင်းရပ်လိုက် '
ထိုလူကအသာရပ်သွားတာမို့ သူလဲအနားကိုသတိနဲ့တိုးသွားမိတယ်။
'လက်မြှောက်ထား !!! မြှောက်လေ !! '
ပေကပ်ကပ်နဲ့လူက အဆုံးမှ လက်မြှောက်လာတာမို့ သူအနားကပ်ပြီး လက်ထိပ်ခတ်ဖို့အလုပ် တဖက်လူကချက်ချင်းလှည့်လာပြီး သူ့အားပိတ်ကန်လိုက်လေသည်။
သူ့ကန်ချက်အားနဲ့ သေနတ်ကလဲအဝေးသို့ရောက်ရလေပြီ။ ထိုနောက် ထိုလူနဲ့ သူ စတင်ထိုးကျိတ်လေတော့သည်။ နောက်ဆုံးနိုင်ခံနီးမှ ထိုလူသဲနဲ့ကောက်ပတ်တာမို့ လူအမြင်အာရုံများ ခဏတာကွယ်ပျောက်ချိန် ဗိုက်အားပိတ်ထိုးတာမို့ သူဒူးထောက်ကျသွားမိလေသည်။
ထိုလူကသူ့အနားကပ်လာပြီး ဓားထုတ်ပြီး ထိုးမယ်ပြုချိန်ဝယ် လေအလျင်နဲ့အတူ အသံတချက်နှင့် ထိုလူသည် သူ့အရှေ့ အနည်းငယ်အကွာတွေ ဒူထောက်ကျလေသည်။ သူကလဲ အခွင့်ရတုန်း ထိုလူအားဝင်လုံးတော့သည်။
သူတလှည့်ကိုတလှည့် ဝင်လုံးနေတုန်း Offroad ရဲ့လက်တဖတ်က ထိုလူ့မျက်နှာဖုံးအားဆွဲခွါမိတော့သည်။ ပေါလာတဲ့ထိုလူမျက်နှာက တဖတ်မျက်လုံးမှ နှုတ်ခမ်းပါးအထိ ဓားရှရာအမာရွတ်ကြီးနဲ့ထိုလူ။
'ခင်များ!!! '
ထိုလူကသူ့အပေါ်တက်ဖိထားတာမို့ သူ့အားလည်ပင်းညှစ်တော့လေသည်။ အတင်းရုန်းကန်ရင်းအသက်ရှုမဝလာတာမို့ လက်တို့အားပျော့လာရသည်။ ထိုချိန်ဝယ် သူ့အပေါ်မှ လူသည်ရုတ်တရက်ဘေးသို့လှိမ့်ကျသွားလေသည်။ Offroad လဲ အပြင်းအထန်ပြန်ဝင်ရောက်လာတဲ့ အောက်ဆီဂျင်ကြောင့် ချောင်းဆက်တိုက်ဆိုးမိတော့သည်။
ချောင်းဆိုးနေရင် သူအကြည့်ပို့မိတော့ သူ့အရှေ့ဝယ်မတ်တပ်ရပ်နေတဲ့ လူတယောက်။ တကိုယ်လုံး နက်စွေးနေတဲ့ဝတ်စုံအားဝတ်ဆင်ထားပြီး မျက်နှာအား ဖုံးကွယ်ရန် ခေါင်းစွပ်ပါစွပ်ထားသေးသည်။ ချောင်းဆိုးနေတဲ့ကြားမှ သူ မေးမြန်းရသေးသည်။
'ခင်များ ..... အဟွတ် .... ဘယ်သူလဲ ..... ဟွတ် '
ထိုလူသည် သူအား စောင်းငဲ့သာကြည့်သည်။ တဖတ်မှ မျက်နှာအမာရွတ်နဲ့လူကတော့ ဟိုလူအလစ်တွင်ထွက်ပြေးလေတော့သည်။
'ခင်များ.... အဟွတ် ရပ်စမ်း !!!! .... အဟွတ် ... အဟွတ် '
သူ့အရှေ့မှ ဝတ်စုံနတ်နဲ့ သူသည်လဲ ထွက်သွားလေသည်။ Offroad အသည်းအသန် ထပြီး ထိုအမဲဝတ်စုံနဲ့လူအနောက်အား ပြေးလိုက်မိသည်။ ပါးစပ်မှလဲ .....
'ခင်များဘယ်သူလဲ .... ခုရပ် ..!!!! '
ထိုလူအနောက်ပြေးလိုက်ရင်း သူလှမ်းကန်တော့သည်။ ကိုယ့်ကို ကယ်ပေးတာသိပေမဲ့ ထိုလူကဘာလို့ဒီရောက်နေလဲ သူသိမှရပေမည်။
ဒါမဲ့ .... သူ့ထက်လျှင်ထဲသူက သူလှမ်းကန်လိုက်တဲ့ခြေတဖတ်ကို ကိုယ်လှည့်ပြီးဆွဲယူလိုက်တာမို့ လူကပါတခါတည်း အရှိန်နဲ့ ထိုလူကိုဝင်ဆောင့်မိတော့သည်။ ထိုလူရင်ခွင်ထဲ စိုက်စိုက်မြိုက်မြိုက်ရောက်သွားရှာတဲ့သူရယ်ပါလေ။
သူအတင်းရုန်းထဖို့ပြင်ချိန်မှာ သူလည်ပင်းထက်သို့ လက်ဝါးစောင်းကျွေးလိုက်တာမို့ သူ့အသိတို့မှောင်မိုက်ခြင်းအတိပြီးလေသည်။
"Offroad ..... Offroad ..... "
နားထဲခေါ်နေသံတိုးတိုးကြောင့်သူ့အသိတွေပြန်နိုးကြားလာခဲ့တယ်။ နိုးကြားမှုနှင့်အတူ သူမျက်လုံးဖွင့်ကြည့်တော့ သူ့အရှေ့ဝိုင်အုံနေပါသော သူ့အဖွဲ့သားများ။ ရှေ့ဆုံးကနေ သူနာမည်ခေါ်နှိုးနေသူကတော့ သူတို့ရဲ့အဖွဲ့မှုးဖြစ်သူ P'Jeff....
'အာ.... P'jeff '
'သတိရပြီလား '
'ဟုတ်ကဲ့ ... ဘာတွေဖြစ်နေတာလဲ '
'ဒါ .... ငါတို့မေးရမှာမဟုတ်ဘူးလား မင်းအရင်ထလိုက်အုန်း '
'ဟုတ်ကဲ့ '
p'jeffထူမပေးမှုနဲ့ သူထလိုက်ပြီး ။ ဟိုလူရိုက်သွားတဲ့နေရာက တချက်နာလာလေသည်။
'အာ... နာလိုက်တာ '
'မင်းဘယ်လိုဖြစ်လို့ ဒီမှာမေ့လဲနေတာလဲ Offroad '
'ကျနော် ထွက်ပြေးသွားတဲ့ လူလိုက်ဖမ်းတာ ..... '
'ဟိုကမင်းကို မှောက်အောင်လုပ်သွားတယ်ဆိုပါတော့ '
'မဟုတ်ပါဘူး .... P'jeffကလဲ ဒီလို ........ '
သူလဲဖြစ်သမျှပြောပြတော့ p'jeffကခေါင်းတညှိတ်ညှိတ်နဲ့တုန့်ပြန်လေသည်။
'မင်းသူ့မျက်နှာကလုံးဝမမြင်ရဘူးလား '
'အွန်း '
'နောက်ကျသတိထားစမ်းပါ Offroad မင်းလည်ပင်းကြီးက အရမ်းရဲနေတာပဲ '
'အဆင်ကောပြေရဲ့လား '
'ပြေပါတယ် '
p'jeffက လူအေးတယောက်ဖြစ်ပြီး အဖွဲ့ထဲမှအသက်ကြီးဆုံးမို့ ရှိသမျှလူအားလုံးအား အကိုကြီးတယောက်လို့ ဂရုစိုက်ပေးတတ်သူလဲဖြစ်သည်။ ဒီထဲပြဿနာအရှာဆုံး ကျနော့်ကိုလဲ အချစ်ဆုံးဖြစ်လေတယ်။
သူတို့ဟိုဒီစကားဆိုနေတုန်း သူတို့အနားအမောတကောပြေးလာတဲ့ အဖွဲ့ဝင်တယောက်။
'P'jeff ခေါင်းဆောင်က pတို့နှစ်ယောက်လုံး စခန်းရောက်ရင် သူ့လာ တွေ့ဖို့ပြောလိုက်တယ် '
ပြန်အစီရင်ခံတင်ပြပေးဖို့ P'jeff သွားတွေ့ရမှာကဟုပါပြီ ဘာလို့ ? သူကပါတွေ့ရမှာပါလိမ့်။
'ငါကောလား'
'ဟုတ် ..'
သူတို့ဂိုဒေါင်ဟောင်းစီပြန်လျှောက်လာတုန်း သူခုနက မျက်နှာဖုန်းလူနဲ့သတ်ပုတ်ခဲ့တဲ့ နေရာနားတချက်သွားကြည့်မိတယ် ။ ထိုနေရာဝယ် မျက်နှာဖုံးတခုသာ တည်ရှိနေလေတယ်။ သူလဲကောက်လိုက်ပြီး သက်သေခံပစ္စည်းအဖြစ်တင်ပြရပေမည်။
သူလှမ်းကောက်နေတုန်း မျက်လုံးထဲ တလက်လက်အရောင်ထနေတာ တွေ့လိုက်တာမို့ ထိုနေရာနားသွားကြည့်မိတော့ ။ မြေပြင်ထက်လဲလှောင်းနေပါသော ဓားမြှောင်လေးတချောင်း။
သူသေချာကြည့်မိတော့ ဓားသွားမှာသွေးစတချို့ရှိနေတာမို့ ပြန်တွေးမိတော့ ဟိုမျက်နှာအမာရွတ်နဲ့လူက သူရှေ့ရုတ်တရက်ကြီးလဲကျသွားတာက လက်စသတ်တော့ ဒီဓားကြောင့်ကို။
ဓားကသေချာသာမကြည့်ရင် ရှိမှန်းကိုမသိသာအောင် အလွန်ပါးလျပြီး ထက်ရှလေတယ်။ ဓားမြှောင်လို့ပြောရလောက်အောင် လက်ကိုင်လေးပါလို့သာထိုသို့ဆိုနိုင်တာပင်။ အတော်သေးငယ်လွန်းတဲ့ ဓားတချောင်းဖြစ်တယ် ။ ဓားလက်ကိုင်ဝယ် ပုံတခုထွင်းထားလေသည်။ သူသေချာကြည့်မိတော့.....ကြက်ခြေခတ်ထားတဲ့ ဓားနှစ်ချောင်း ထိုဓားနှစ်ခုအလယ်မှ ကျောက်မြတ်တလုံးပုံပင်။
သူ့အကြည့်ရောက်နေတုန်း သူပုခုံးကိုလာပုတ်တဲ့သူကြောင့် လန့်သွားမိလေတယ်။ တဆတ်ထဲ အသံက p'jeffမို့ သူတချက်လှည့်ကြည့်မိတယ်။
'ဘာကြည့်နေတာလဲ '
'ဒါ..... '
သူ့လက်ထဲက ဓားလေးကိုပြလိုက်တော့ ။
'ဘယ်သူ့ဟာလဲ ငါတို့ထဲ ဒီလိုဓားဆောင်တဲ့သူမရှိပါဘူး '
'ခုနကကျနော့်ကို ကယ်လိုက်တဲ့ သူရဲ့ဟာ ပြီးတော့ ဒီမှာသွေး အဲ့တာဟိုအမာရွတ်နဲ့ လူရဲ့ဟာ '
'ဟုတ်လား .... ဒါဆိုလူရှာလို့ရပြီပေါ့ '
'အွန်း '
'နောက်ဆုံးတော့ ငါတို့လမ်းစပွင့်လာပြီပဲ Offroad '
'ကျနော်တို့ ဟိုလူကိုကျေးဇူးတင်ရမှာပါ '
'ဟုတ်တာပေါ့ အဲ့တာကိုသက်သေခံအိတ်ထဲသေချာထည့် ဒါကအရေးကြီးတယ် '
'အွန်းပါ '
အတွေးတို့ဘေးပို့လို့ သူတို့လဲ လုပ်စရာရှိတာတွေ အုပ်စုခွဲလုပ်ဆောင်ဖြစ်လေတယ်။ ပြီးတာနဲ့စခန်းတန်းပြန်ရလေသည်။ စခန်းထဲအရောက် ခေါင်းဆောင်ရဲ့ ရုံးခန်းထဲဝင်ချိန်ဝယ် သူ့အကြွေးယူထားသလို မျက်နှာမဲပုပ်နေတဲ့ ခေါင်းဆောင်ဖြစ်သူ မျက်နှာကြောင့် သူ့နှယ်တံတွေးအသာမျိုချရလေသည်။ အဲ ဒါနဲ့သူတို့ခေါင်းဆောင်ကြီးက - p'bin.
Zaw
'သူ... သူဘယ္လိုလုပ္ဒီေရာက္လာတာလဲ ....'
တဖတ္မွအေျဖမရေသးခင္ ဂိုေဒါင္ထဲေသနတ္သံတို႔ ဆူညံ့ျပန႔္လြင့္လာေသသည္။
'အဖြဲ႕မႈး သူ ဟိုလူအုပ္ထဲဝင္ၿပီး ရန္ျဖစ္ေနၿပီ '
'မင္းတို႔လဲ အျမန္ဝင္ေတာ့ !!! အျမန္ !!! '
မိုးႀကိဳးေတြကေတာ့အေတာင့္လိုက္ကို ဆင့္ခနဲပစ္တာပါေကာလား။ သူလဲ အျမန္ဂိုေဒါင္ေဟာင္းထဲဝင္လို႔ ဒုစရိုက္မႈက်ဴးလြန္သူေတြအား ဖမ္းဆီးရေလသည္။
ခဏတာရႈပ္ပြၿပီးေနာက္ ေသေနသူမ်ား ထိခိုက္ဒဏ္ရာရတဲ့လူမ်ားနဲ႕ ေနရာအႏွံ႕ေသြးနံ႕တို႔တလွိုင္လွိုင္။
'အဖြဲ႕မႈး အဆင္ေျပရဲ႕လား '
သူ႕အေျခအေနေမးျမန္းေနေသာ တပည့္ျဖစ္သူ႕အား ေခါင္းခါျပလို႔ တေယာက္ေသာသူအားရွာေဖြရေလသည္။
'ရတယ္ မင္းတို႔လုပ္စရာရွိတာဆက္လုပ္ေတာ့ Offroad ေကာ '
'သူအျပင္ေျပးထြက္သြားတယ္ '
'ဟန္ ....!'
တျခားတေယာက္မွျပန္ေျဖသံအဆုံး လူတခ်ိဳ႕နဲ႕အတူ အျပင္ဖက္သို႔သူေျပးလိုက္ရေတာ့သည္။
တိုက္ပြဲျဖစ္စဥ္အတြင္း
Offroad တေယာက္ သူ႕အနားဝိုင္းလာသူမွန္သမွ် အားေဆာ္ပေလာ္တီးေနတုန္း သူလူမ်ားလဲအတူဝင္ကူလာသည္မို႔ တိုက္ရခိုက္ရပိုအဆင္ေျပသြားေလတယ္။ ႏႈတ္ခမ္းနားမွ ေသြးစက္တို႔အား ပြတ္ဆြဲလို႔ တဖက္အလွည့္ လွစ္ခနဲထြက္ေျပးသြားတဲ မ်က္ႏွာဖုံး နဲ႕လူေၾကာင့္ ထိုလူအေနာက္သူအေျပးလိုက္ရေလသည္။
သူဒီကိုအေမာတေကာေျပးလာရတဲ့ရည္႐ြယ္ခ်က္က ဒီမ်က္ႏွာဖုံးနဲ႕လူအတြက္ပဲ။ ထိုလူကို လက္ရဖမ္းစီးနိုင္မွျဖစ္လိမ့္မယ္။ သူ႕ဘဝတေလွ်ာက္လုံး ေမွ်ာ္လင့္ေနရတဲ့ ေမွ်ာ္လင့္ခ်က္ အလင္းအေရာင္က ထိုလူကိုဖမ္းမိကာမွ လမ္းကိုေတြ႕မည္ျဖစ္ေလတယ္။
'အဲ့မွာ ရပ္စမ္း!!!!! '
သူေသနတ္ကိုထုတ္လို႔ ထိုလူအားပစ္မွတ္ထားလိုက္သည္။
'ငရဲျပည္မဆင္းခ်င္ေသရင္ ခုခ်က္ခ်င္းရပ္လိုက္ '
ထိုလူကအသာရပ္သြားတာမို႔ သူလဲအနားကိုသတိနဲ႕တိုးသြားမိတယ္။
'လက္ျမႇောက္ထား !!! ျမႇောက္ေလ !! '
ေပကပ္ကပ္နဲ႕လူက အဆုံးမွ လက္ျမႇောက္လာတာမို႔ သူအနားကပ္ၿပီး လက္ထိပ္ခတ္ဖို႔အလုပ္ တဖက္လူကခ်က္ခ်င္းလွည့္လာၿပီး သူ႕အားပိတ္ကန္လိုက္ေလသည္။
သူ႕ကန္ခ်က္အားနဲ႕ ေသနတ္ကလဲအေဝးသို႔ေရာက္ရေလၿပီ။ ထိုေနာက္ ထိုလူနဲ႕ သူ စတင္ထိုးက်ိတ္ေလေတာ့သည္။ ေနာက္ဆုံးနိုင္ခံနီးမွ ထိုလူသဲနဲ႕ေကာက္ပတ္တာမို႔ လူအျမင္အာ႐ုံမ်ား ခဏတာကြယ္ေပ်ာက္ခ်ိန္ ဗိုက္အားပိတ္ထိုးတာမို႔ သူဒူးေထာက္က်သြားမိေလသည္။
ထိုလူကသူ႕အနားကပ္လာၿပီး ဓားထုတ္ၿပီး ထိုးမယ္ျပဳခ်ိန္ဝယ္ ေလအလ်င္နဲ႕အတူ အသံတခ်က္ႏွင့္ ထိုလူသည္ သူ႕အေရွ႕ အနည္းငယ္အကြာေတြ ဒူေထာက္က်ေလသည္။ သူကလဲ အခြင့္ရတုန္း ထိုလူအားဝင္လုံးေတာ့သည္။
သူတလွည့္ကိုတလွည့္ ဝင္လုံးေနတုန္း Offroad ရဲ႕လက္တဖတ္က ထိုလူ႕မ်က္ႏွာဖုံးအားဆြဲခြါမိေတာ့သည္။ ေပါလာတဲ့ထိုလူမ်က္ႏွာက တဖတ္မ်က္လုံးမွ ႏႈတ္ခမ္းပါးအထိ ဓားရွရာအမာ႐ြတ္ႀကီးနဲ႕ထိုလူ။
'ခင္မ်ား!!! '
ထိုလူကသူ႕အေပၚတက္ဖိထားတာမို႔ သူ႕အားလည္ပင္းညွစ္ေတာ့ေလသည္။ အတင္း႐ုန္းကန္ရင္းအသက္ရႈမဝလာတာမို႔ လက္တို႔အားေပ်ာ့လာရသည္။ ထိုခ်ိန္ဝယ္ သူ႕အေပၚမွ လူသည္႐ုတ္တရက္ေဘးသို႔လွိမ့္က်သြားေလသည္။ Offroad လဲ အျပင္းအထန္ျပန္ဝင္ေရာက္လာတဲ့ ေအာက္ဆီဂ်င္ေၾကာင့္ ေခ်ာင္းဆက္တိုက္ဆိုးမိေတာ့သည္။
ေခ်ာင္းဆိုးေနရင္ သူအၾကည့္ပို႔မိေတာ့ သူ႕အေရွ႕ဝယ္မတ္တပ္ရပ္ေနတဲ့ လူတေယာက္။ တကိုယ္လုံး နက္ေစြးေနတဲ့ဝတ္စုံအားဝတ္ဆင္ထားၿပီး မ်က္ႏွာအား ဖုံးကြယ္ရန္ ေခါင္းစြပ္ပါစြပ္ထားေသးသည္။ ေခ်ာင္းဆိုးေနတဲ့ၾကားမွ သူ ေမးျမန္းရေသးသည္။
'ခင္မ်ား ..... အဟြတ္ .... ဘယ္သူလဲ ..... ဟြတ္ '
ထိုလူသည္ သူအား ေစာင္းငဲ့သာၾကည့္သည္။ တဖတ္မွ မ်က္ႏွာအမာ႐ြတ္နဲ႕လူကေတာ့ ဟိုလူအလစ္တြင္ထြက္ေျပးေလေတာ့သည္။
'ခင္မ်ား.... အဟြတ္ ရပ္စမ္း !!!! .... အဟြတ္ ... အဟြတ္ '
သူ႕အေရွ႕မွ ဝတ္စုံနတ္နဲ႕ သူသည္လဲ ထြက္သြားေလသည္။ Offroad အသည္းအသန္ ထၿပီး ထိုအမဲဝတ္စုံနဲ႕လူအေနာက္အား ေျပးလိုက္မိသည္။ ပါးစပ္မွလဲ .....
'ခင္မ်ားဘယ္သူလဲ .... ခုရပ္ ..!!!! '
ထိုလူအေနာက္ေျပးလိုက္ရင္း သူလွမ္းကန္ေတာ့သည္။ ကိုယ့္ကို ကယ္ေပးတာသိေပမဲ့ ထိုလူကဘာလို႔ဒီေရာက္ေနလဲ သူသိမွရေပမည္။
ဒါမဲ့ .... သူ႕ထက္လွ်င္ထဲသူက သူလွမ္းကန္လိုက္တဲ့ေျခတဖတ္ကို ကိုယ္လွည့္ၿပီးဆြဲယူလိုက္တာမို႔ လူကပါတခါတည္း အရွိန္နဲ႕ ထိုလူကိုဝင္ေဆာင့္မိေတာ့သည္။ ထိုလူရင္ခြင္ထဲ စိုက္စိုက္ၿမိဳက္ၿမိဳက္ေရာက္သြားရွာတဲ့သူရယ္ပါေလ။
သူအတင္း႐ုန္းထဖို႔ျပင္ခ်ိန္မွာ သူလည္ပင္းထက္သို႔ လက္ဝါးေစာင္းေကြၽးလိုက္တာမို႔ သူ႕အသိတို႔ေမွာင္မိုက္ျခင္းအတိၿပီးေလသည္။
"Offroad ..... Offroad ..... "
နားထဲေခၚေနသံတိုးတိုးေၾကာင့္သူ႕အသိေတြျပန္နိုးၾကားလာခဲ့တယ္။ နိုးၾကားမႈႏွင့္အတူ သူမ်က္လုံးဖြင့္ၾကည့္ေတာ့ သူ႕အေရွ႕ဝိုင္အုံေနပါေသာ သူ႕အဖြဲ႕သားမ်ား။ ေရွ႕ဆုံးကေန သူနာမည္ေခၚႏွိုးေနသူကေတာ့ သူတို႔ရဲ႕အဖြဲ႕မႈးျဖစ္သူ P'Jeff....
'အာ.... P'jeff '
'သတိရၿပီလား '
'ဟုတ္ကဲ့ ... ဘာေတြျဖစ္ေနတာလဲ '
'ဒါ .... ငါတို႔ေမးရမွာမဟုတ္ဘူးလား မင္းအရင္ထလိုက္အုန္း '
'ဟုတ္ကဲ့ '
p'jeffထူမေပးမႈနဲ႕ သူထလိုက္ၿပီး ။ ဟိုလူရိုက္သြားတဲ့ေနရာက တခ်က္နာလာေလသည္။
'အာ... နာလိုက္တာ '
'မင္းဘယ္လိုျဖစ္လို႔ ဒီမွာေမ့လဲေနတာလဲ Offroad '
'က်ေနာ္ ထြက္ေျပးသြားတဲ့ လူလိုက္ဖမ္းတာ ..... '
'ဟိုကမင္းကို ေမွာက္ေအာင္လုပ္သြားတယ္ဆိုပါေတာ့ '
'မဟုတ္ပါဘူး .... P'jeffကလဲ ဒီလို ........ '
သူလဲျဖစ္သမွ်ေျပာျပေတာ့ p'jeffကေခါင္းတညွိတ္ညွိတ္နဲ႕တုန႔္ျပန္ေလသည္။
'မင္းသူ႕မ်က္ႏွာကလုံးဝမျမင္ရဘူးလား '
'အြန္း '
'ေနာက္က်သတိထားစမ္းပါ Offroad မင္းလည္ပင္းႀကီးက အရမ္းရဲေနတာပဲ '
'အဆင္ေကာေျပရဲ႕လား '
'ေျပပါတယ္ '
p'jeffက လူေအးတေယာက္ျဖစ္ၿပီး အဖြဲ႕ထဲမွအသက္ႀကီးဆုံးမို႔ ရွိသမွ်လူအားလုံးအား အကိုႀကီးတေယာက္လို႔ ဂ႐ုစိုက္ေပးတတ္သူလဲျဖစ္သည္။ ဒီထဲျပႆနာအရွာဆုံး က်ေနာ့္ကိုလဲ အခ်စ္ဆုံးျဖစ္ေလတယ္။
သူတို႔ဟိုဒီစကားဆိုေနတုန္း သူတို႔အနားအေမာတေကာေျပးလာတဲ့ အဖြဲ႕ဝင္တေယာက္။
'P'jeff ေခါင္းေဆာင္က pတို႔ႏွစ္ေယာက္လုံး စခန္းေရာက္ရင္ သူ႕လာ ေတြ႕ဖို႔ေျပာလိုက္တယ္ '
ျပန္အစီရင္ခံတင္ျပေပးဖို႔ P'jeff သြားေတြ႕ရမွာကဟုပါၿပီ ဘာလို႔ ? သူကပါေတြ႕ရမွာပါလိမ့္။
'ငါေကာလား'
'ဟုတ္ ..'
သူတို႔ဂိုေဒါင္ေဟာင္းစီျပန္ေလွ်ာက္လာတုန္း သူခုနက မ်က္ႏွာဖုန္းလူနဲ႕သတ္ပုတ္ခဲ့တဲ့ ေနရာနားတခ်က္သြားၾကည့္မိတယ္ ။ ထိုေနရာဝယ္ မ်က္ႏွာဖုံးတခုသာ တည္ရွိေနေလတယ္။ သူလဲေကာက္လိုက္ၿပီး သက္ေသခံပစၥည္းအျဖစ္တင္ျပရေပမည္။
သူလွမ္းေကာက္ေနတုန္း မ်က္လုံးထဲ တလက္လက္အေရာင္ထေနတာ ေတြ႕လိုက္တာမို႔ ထိုေနရာနားသြားၾကည့္မိေတာ့ ။ ေျမျပင္ထက္လဲေလွာင္းေနပါေသာ ဓားျမႇောင္ေလးတေခ်ာင္း။
သူေသခ်ာၾကည့္မိေတာ့ ဓားသြားမွာေသြးစတခ်ိဳ႕ရွိေနတာမို႔ ျပန္ေတြးမိေတာ့ ဟိုမ်က္ႏွာအမာ႐ြတ္နဲ႕လူက သူေရွ႕႐ုတ္တရက္ႀကီးလဲက်သြားတာက လက္စသတ္ေတာ့ ဒီဓားေၾကာင့္ကို။
ဓားကေသခ်ာသာမၾကည့္ရင္ ရွိမွန္းကိုမသိသာေအာင္ အလြန္ပါးလ်ၿပီး ထက္ရွေလတယ္။ ဓားျမႇောင္လို႔ေျပာရေလာက္ေအာင္ လက္ကိုင္ေလးပါလို႔သာထိုသို႔ဆိုနိုင္တာပင္။ အေတာ္ေသးငယ္လြန္းတဲ့ ဓားတေခ်ာင္းျဖစ္တယ္ ။ ဓားလက္ကိုင္ဝယ္ ပုံတခုထြင္းထားေလသည္။ သူေသခ်ာၾကည့္မိေတာ့.....ၾကက္ေျခခတ္ထားတဲ့ ဓားႏွစ္ေခ်ာင္း ထိုဓားႏွစ္ခုအလယ္မွ ေက်ာက္ျမတ္တလုံးပုံပင္။
သူ႕အၾကည့္ေရာက္ေနတုန္း သူပုခုံးကိုလာပုတ္တဲ့သူေၾကာင့္ လန႔္သြားမိေလတယ္။ တဆတ္ထဲ အသံက p'jeffမို႔ သူတခ်က္လွည့္ၾကည့္မိတယ္။
'ဘာၾကည့္ေနတာလဲ '
'ဒါ..... '
သူ႕လက္ထဲက ဓားေလးကိုျပလိုက္ေတာ့ ။
'ဘယ္သူ႕ဟာလဲ ငါတို႔ထဲ ဒီလိုဓားေဆာင္တဲ့သူမရွိပါဘူး '
'ခုနကက်ေနာ့္ကို ကယ္လိုက္တဲ့ သူရဲ႕ဟာ ၿပီးေတာ့ ဒီမွာေသြး အဲ့တာဟိုအမာ႐ြတ္နဲ႕ လူရဲ႕ဟာ '
'ဟုတ္လား .... ဒါဆိုလူရွာလို႔ရၿပီေပါ့ '
'အြန္း '
'ေနာက္ဆုံးေတာ့ ငါတို႔လမ္းစပြင့္လာၿပီပဲ Offroad '
'က်ေနာ္တို႔ ဟိုလူကိုေက်းဇူးတင္ရမွာပါ '
'ဟုတ္တာေပါ့ အဲ့တာကိုသက္ေသခံအိတ္ထဲေသခ်ာထည့္ ဒါကအေရးႀကီးတယ္ '
'အြန္းပါ '
အေတြးတို႔ေဘးပို႔လို႔ သူတို႔လဲ လုပ္စရာရွိတာေတြ အုပ္စုခြဲလုပ္ေဆာင္ျဖစ္ေလတယ္။ ၿပီးတာနဲ႕စခန္းတန္းျပန္ရေလသည္။ စခန္းထဲအေရာက္ ေခါင္းေဆာင္ရဲ႕ ႐ုံးခန္းထဲဝင္ခ်ိန္ဝယ္ သူ႕အေႂကြးယူထားသလို မ်က္ႏွာမဲပုပ္ေနတဲ့ ေခါင္းေဆာင္ျဖစ္သူ မ်က္ႏွာေၾကာင့္ သူ႕ႏွယ္တံေတြးအသာမ်ိဳခ်ရေလသည္။ အဲ ဒါနဲ႕သူတို႔ေခါင္းေဆာင္ႀကီးက - p'bin.
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




