Final
20:41, 2 February 2025"ခွန်...ဒီနေ့အလုပ်မသွားဘူးလား။ "
အရင်နေ့တွေလိုမဟုတ်ဘဲ အေးအေးဆေးဆေးမှ အိပ်ယာထလာကာ ကိုယ်လက်သန့်စင်ပြီး ရေချိုးခန်းထဲကထွက်လာသည့် sky ကြောင့် အိပ်ယာပေါ်ရှိစောင်အား ခေါက်နေရင်း nani မေးလိုက်တာဖြစ်သည်။
"အင်း...ကိုယ်ဒီရက်ထဲအလုပ်နားထားတယ် babyနဲ့အတူခရီးသွားစရာရှိလို့။ "
"ဟင်...naniနဲ့ ဟုတ္လား။ "
"အင်း...baby ဘာလို့အဲ့တာတွေခေါက်နေတာလဲ။ အဲ့တာ baby အလုပ္မဟုတ္ဘူး။ ကိုယ့်ဆီလာပါအုံး။ "
ကုတင်၏ ခြေရင်းတွင်ရှိသော sofa ပေါ်သို့ naniအားဆွဲခေါ်သည်မလို့ ခေါက်လက်စစောင်အား ထားခဲ့ကာ သူဆွဲခေါ်ရာသို့ သွားလိုက်တော့ nani အား ခါးသိမ်သိမ်လေးမှ ဆြဲဖတ္ကာ သူ့ပေါင်ပေါ်တွင်ထိုင်ခိုင်းသည်။ နောက်ပြီး nani ၏ပခုံးပေါ်သို့ မေးတင်ကာ သူ့မျက်စိရှေ့တွင်ပေါ်နေသော လည်ပင်းသားကလေးများကိုပါ မထိတထိလိုက်နမ်းနေသေးပြန်သည်။
လက်ထပ်ပြီးကတည်းက အခုချိန်အထိ ထိတွေ့နေကျဖြစ်သည်ကြောင့် sky ၏အထိအတွေ့တွေနှင့် nani စိမ်းသက်မနေပါ။ အရင်ကလိုမျိုးနေရခက်တာမျိုးတွေလည်းမရှိတော့ဘဲ ဒီအမျိုးသား၏ အထိအတွေ့နှင့်ယုယကြင်နာမှုတို့မှာ အသားက်လာကာ nani ကိုယ်တိုင်လဲ သေဘာတကျြဖစ်လာရပါသည်။
"ခွန်...nani နဲ့အတူသွားမယျဆိုတာ ဘယ်ကိုပြောတာလဲဟင် "
Sky ၏မျက်နှာရှိရာဖက်သို့ ခေါင်းလေးစောင်းကာ မေးနေပုံမှာ အလွန်ကိုသိချင်နေ ပုံရတာကြောင့်မျက်လုံးကလေးများပင်အရောင်လက်လို့နေသည်။ လက်ထပ်ပြီးကတည်းက sky မပါဘဲ အပြင်ကို မလွတ်သည့်မလို့ အပြင်သိပ်မထွက်ရသည့်ကလေးက အပြင်လည်းထွက်ရမယ်ဆိုရော သိပ်ကိုတက်ကြွပြီးသိချင်နေတာ sky မျက်လုံးထဲချစ်စရာလေးဖြစ်နေသည်။
"Baby ကသိချင်လို့လား..."
"အင်း..သိချင်တယ်...nani သိချင်တယ်။ "
"ကိုယ့်ကိုနမ်းရင်ပြောပြမယ်..."
"ခွန်~~~Nani သိချင်နေမှန်းသိလို့ တမင်အကျင့်ပုတ်နေတာ "
ပေါင်ပေါ်တွင် တင်ထားသည့်ဟာလေးမှာ သိချင်တာမသိရ၍မျက်နှာလေးဆူပုတ်ကာ sky အားမကျေမနပ်နှင့်။
"Baby ပဲသိချင်နေတာမဟုတ်ဘူးလား။ နမ်းလေ Baby နမ်းလိုက်တာနဲ့ ကိုယ်ပြောပြတော့မှာနော်..."
Sky ပါးကြီးတစ်ဖက်ကိုထိုးပေးကာ ပြောနေသည်ကြောင့် nani မျက်နှာလေးကိုမဲ့လိုက်ပြီး...
"လူညစ်ကြီး..."
Sky ၏ပါးအားနမ်းရန် nani တိုးကပ်လာစဥ် ပါးနေရာမှာ အစားထိုးသွားသည့် sky၏နှုတ်ခမ်းကြောင့် ပါးကိုမဟုတ်ဘဲ nani, sky ၏နှုတ်ခမ်းသို့ထိကပ်မိသွားတော့သည်။ နှုတ်ခမ်းမှန်းသိတာကြောင့် ခွာဖို့လုပ်နေတုံးမှာပင် naniအားလည်တိုင်မှ ထိန်းကိုင်ကာ နှုတ်ခမ်းချင်းထပ်မံပူးကပ်ပြစ်သည့် sky ကြောင့် လွတ်မြောက်ခွင့်မရတော့ဘဲ sky ၏အနမ်းတို့၌သာထပ်မံပိတ်မိသွားရပြန်သည်။
သူအားရအောင် နမ်းတာကိုငြိမ်ခံပေးပြီးတော့မှ သူ့လက်ထဲမှ လွတ်မြောက်ခွင့်ရတော့သည်။ ဘယ်တုံးက သူနမ်းချင်ရင် ငြင်းလို့ရဖူးလို့လဲ။ ရုန်းလဲမရ။ တွန်းဖယ်လဲမရနဲ့။
Sky,နှုတ်ခမ်းချင်းဖယ်ခွာလိုက်တော့ nani မှာ အနည်းငယ်မောဟိုက်နေကာ နှုတ်ခမ်းတွင်လည်း ငွေမျှင်ရောင်အရည်ကလေးတွေလဲ့နေသည်ကြောင့် sky လက်မနှင့် အသာလေးပွတ်သုတ်ပေးလိုက်ရသည်။
"လူညစ်ပတ်ကြီး အခုပြောတော့!!"
မျက်နှာလေးက မကြည်မသာဖြစ်နေသည်မလို့ ထပ်စရင် sky အကောက်ခံရတော့မှာဖြစ်တာကြောင့် အချိန်မဆွဲဘဲပြောဖို့လုပ်ရသည်။
"ကိုယ်နဲ့ baby လက်ထပ်ပြီးကတည်းက ဟန်းနီးမွန်းလဲသေချာမထွက်ရသေးဘူးမလား။ ကိုယ်အလုပ်မအားတော့ baby ကိုလဲအပြင်တွေသိပ်မပို့နိုင်ဘူးလေ..."
Sky ပြောသမျှကို မျက်တောင်လေးတစ်ချက်မခတ်ဘဲ ပေါင်ပင်ကနေစိတ်ဝင်တစားနားထောင်နေသည့် သူအား အသည်းယားလာသည်ကြောင့် တစ်ချက်ဖြစ်ညှစ်ပြစ်လိုက်ကာ..စကားဆက်သည်။
"အဲ့တာကြောင့် ကိုယ်ဒီရက်ပိုင်းအလုပ်တွေနားထားပြီး baby နဲ့အတူတူအချိန်ကုန်မလို့လေ။ ကိုယ်တို့ကမ်းခြေကိုသွားရအောင်။ "
"ကမ်းခြေဟုတ်လား..."
မျက်လုံးလေးတွေပါ အရောင်လတ်သွားကာ မျက်နှာလေးပါကြည်လာသည့် nani က ကမ်းခြေသွားရမှာကို အရမ်းပျော်သွားသည့်ပုံပင်။
"အင်း ကမ်းခြေကိုသွားကြမယ်။ baby ကကမ်းခြေသွားရတာကြိုက်တယ်မလား။ "
"အွန်း...nani ကမ်းခြေမရောက်ဖြစ်တာကြာပြီသိလား။ nani တို့ဘယ်နေ့သွားကြမှာလဲဟင်။"
ဖြစ်နိုင်ရင်အခုချက်ချင်းပင်ထသွားချင်သည့် ပုံစံလေးဖြစ်နေသည့် baby ကြောင့် sky သဘောတကျရယ်လိုက်ရင်း...
"မနက်ဖြန်။ ကိုယ်တို့မနက်ဖြန်သွားကြမယ်ဟုတ်ပြီလား။ "
"တကယ်ပြောတာလား...တကယ်ပြောတာနော် "
"တကယ်ပါဗျာ "
"အဲ့တာဆို nani လိုအပ်တာတွေ သွားပြင်လိုက်အုံးမယ်နော်။ nani ကိုလွှတ်ပေးပါအုံး။ "
"ဟုတ်ပါပြီဗျာ "
Sky လွှတ်ပေးလိုက်တာနဲ့ ပေါင်ပေါ်ကထသွားကာ sky ၏နှဖူးအား ဖြတ်ခနဲနမ်းလိုက်ကာ...
"ကိုကိုက အကောင်းဆုံးပဲ!"
လုပ်ချင်တာလုပ်ပြီး အခန်းထဲကပြေးထွက်သွားသူကြောင့် sky မှာ ကြက်သေသေပြီးကျန်ခဲ့ရတော့သည်။
"ဟာကွာ...."
အနားမှာသာရှိရင် နှုတ်ခမ်းတွေယောင်ကိုင်းတဲ့အထိကို နမ်းပြစ်လိုက်အုံးမှာ။ လူကိုလာပြီးမထိတထိနဲ့ ဆွသွားတာ အဆိုးလေး။
နွေနွေးကလေးဖြစ်နေသည့် နှဖူးမှအထိအတွေ့လေးကြောင့် sky ရင်ထဲကြည်နူးနေရကာ နှုတ်ခမ်းတွေလဲခပ်ရေးရေးအပြုံးတို့ဖြစ်တည်လာတော့သည်။
~~~~~~~~~~
မနေ့က ကမ်းခြေသွားရမယ်ဆိုပြီး တက်ကြွနေသည့် အကောင်ပေါက်လေးက တကယ်လည်းကမ်းခြေရောက်လာရော ကားမူးပြီး နုံးခွေနေကာ sky၏ပခုံးပေါ်တွင် မှေးနေလေသညျ။
"Baby... ကိုယ်တို့ရောက်ပြီ။ "
နား,နားလေးမှကပ်ကာ ပြောတော့ မှေးနေသူက လှုပ်လှုပ်ရှားရှားလေးဖြစ်လာသည်။
"အရမ်းမူးနေတာလား...အထဲကို ကိုယ်ချီသွားရမလား။ "
"ဟင့်အင်း...nani လမ်းလျှောက်နိုင်ပါတယ်။ "
ပြန်ပြောနေသည့် baby ပုံစံလေးမှ နွမ်းလျနေသည်မလို့ sky သင်ပြင်းသာချလိုက်ရသည်။ ကလေးလေးက နုနုယွယွလေးမလို့ အပင်အပန်းဒဏ်မခံနိုင်ပါ။ ဒါတောင်ခရီးအဝေးကြီးကိုထွက်တာမဟုတ်ပေ။ Baby အစား skyသာ အစားဖြစ်ပေးလိုက်ချင်တော့သည်။
"အင်း...အဲ့တာဆို ကိုယ့်ကိုမှီထားနော်။ "
ကားပေါ်က ဆင်းကာ Hotel ထဲဝင်လိုက်ပြီး ကောင်တာတွင် အခန်းယူသည်။ ပါလာသည့် အထုတ်အပိုးများကို ဝန်ထမ်းတွေကသာ အခန်းထဲအထိနေရာချပေးသည်မလို့ sky က nani ကိုသာ ဂရုတစိုက်ထိန်းရင်း ပါလာရသည်။ ဝန်ထမ်းတွေပြန်သွားကာမှ...
"Baby ခဏလောက် အိပ်လိုက်အုံးနော်။ "
Sky,nani အားသေချာနေရာချပေးကာ စောင်ခြုံပေးပြီး လွတ်နေသည့် naniဘေးတွင်ဝင်ထိုင်လိုက်ကာ...
"Babyလေး ခေါင်းတွေအရမ်းမူးနေတာလား...ကိုယ်နှိပ်ပေးမယ်နော်..."
စုကြုံ့သည့် မျက်ခုံးလေးနှစ်ခုကြားကနေရာလေးအား sky ဖြေလျော့ပေးတော့မှ မျက်ခုံးတန်းလေးတို့က ပြေလျော့သွားကာ အကောင်ပေါက်လေးက sky ရင်ခွင်ထဲတိုးဝင်လာသည်။ တိုးဝင်လာသည့့်သူအား အလိုက်သင့်ကလေးပြန်ဖတ်ထားလိုက်ကာ...
"ကိုယ်ရှိတယ်နော်။ Babyလေးစိတ်ချလက်ချအိပ် ကိုယ်နိုးတဲ့အထိဒီမှာစောင့်နေပေးမယ်။ "
ပင်ပန်းနေသည့် Babyလေးကစကားပင်ပြန်မလာတော့ဘဲ sky၏ရင်ခွင်ထဲသို့သာပိုလို့တိုးဝင်လိုက်ရင်း ခဏနေတော့ အသက်ရှူမှန်မှန်ကလေးဖြင့်အိပ်ပျော်သွားတော့သည်။
~~~~~~~~~~~~~
နေ့လည်ကတည်းက အိပ်သွားတာ ညနေစောင်းလောက်မှ nani ပြန်နိုးလာသည်။ နိုးလာသည်အထိ ဘေးတွင် မညည်းမငြူ စောင့်နေပေးသည့် လူကြောင့် nani ရင်ထဲ နွေးသွားရြပန်သည်။
"Baby နိုးပြီးလား။ "
"အွန်း...အကြာကြီးအိပ်မိသွားတာပဲ..."
"လန်းသွားအောင်ရေချိုးလိုက်အုံး။ ခဏနေကျရင် ကိုယ်နဲ့အတူတူ ကမ်းစပ်မှာ လမ်းလျှောက်ထွက်ရအောင်နော်။ "
"အွန်း...nani အမြန်လုပ်လိုက်မယ်။ ခဏပဲစောင့်..."
Sky အားပြောပြီးတာနဲ့ ရေချိုးခန်းထဲပြေးဝင်သွားတော့သည်။ ကားမူးတာသက်သာသွားတယ်ထင်သည်။ အိပ်ရေးဝ၍မျက်နှာလေးပြန်ကြည်လာသည့် Baby ကြောင့် sky စိတ်အေးရတော့သည်။ မိဘတွေလက်ထပ်မှာကတည်းက ပိုးမွေးသလိုမွေးလာသည့် ကလေးလေးမလို့ sky လက်ထဲသို့ရောက်သည့်အချိန်တွင်လည်း ပိုလို့ဂရုစိုက်ပေးရမည်ဖြစ်သည်။ နုနုယွယွကလေးမလို့ နည်းနည်းလေးတောင်အထိခိုက်မခံနိုင်ပါ။ အဲ့လောက်အထိ nani အပေါ် sky အဖြစ်သည်းရပါသည်။
~~~~~
"Baby သတိထားလျှောက်နော်...ချော်လဲမယ် "
"ရောက်တော့မှာလား...ခွန် "
"အွန်း ရှေ့နားဆိုရောက်ပြီ..."
Nani ရေချိုးပြီးတော့ sky ပါရေချိုးလိုက်သည်။ နောက်ပြီး nani အား ကမ်းစပ်တွင်လမ်းလျှောက်ဖို့သွားမယ်ဆိုပြီး တကယ်လည်းကျရော nani မျက်လုံးနှစ်ဖက်ကို သူ၏လက်ဖဝါးကြီးများဖြင့်အုပ်ကာ ကမ်းစပ်သို့ခေါ်လာသည်။ ဘာလို့မဖယ်ပေးတာလဲလို့ nani မေးတော့ Suprise တိုက်စရာရှိတယ် လို့ပြန်ဖြေလာသူကြောင့် စိတ်လှုပ်ရှားရကာ nani လက်ဖျားလေးတွေပင်အေးစက်လာရသည်။
"ခွန်....ရောက်ပြီလား..."
"ရောက်ပြီ...ကြည့်လို့ရပါပြီခင်ဗျ။ "
Sky ၏လက်ဖဝါးကြီးများ ဖယ်ခွာသွားသည့် အချိန် ရှင်းရှင်းလင်းလင်းမြင်ရသည့် မြင်ကွင်းတို့ကြောင့် nani ရုတ်တရက်စကားတောင်ပြန်မပြောနိုင်တော့ဘဲဖြစ်သွားရသည်။
ကမ်းစပ်တွင် ဝါးတိုင်လေးများကို အခြေပြုကာ ထိုဝါးတိုင်ကလေးများအား ပတ်ပြီးအလှဆင်ထားသည့် ဇာအဖြူကလေးများနောက်ပြီး ပန်းပွင့်ကလေးများက မျက်လုံးထဲတွင်ကြည့်၍လှနေသည်။ နောက်ပြီး ထိုနေရာ၏အလည်တွင်ရှိနေသည့် စားပွဲဝိုင်းကလေးတစ်ခုနှင့် လူနှစ်ယောက်စာထိုင်ခုံ။ ဒါတွေကို ဘယ်အချိန်ထဲကပြင်ဆင်ထားတာပါလိမ့်။
ထိုအရာတွေထက် nani အမြင်အာရုံတွင် ရှင်းလင်းစွာမြင်နေရသည့် ပုံဖော်ထားသည့်စာတန်းတို့ကြောင့် nani မျက်ရည်တို့ပင်ဝဲလာရသည်။
"Happy 3months anniversary My Baby I love you so much ♥ "
ထိုစာတန်းလေးပင်မကသေးပါ။ တွဲလောင်းကျနေသောမီးသီးကလေးများနှင့်အတူ nani တစ်ယောက်ထဲပုံတွင်အပြင် skyနှင့် nani နှစ်ယောက်တွဲရိုက်ထားသည့်ပုံလေးတွေကိုပါ ကြိုးတန်းကလေးတွင်ချိတ်ဆွဲထားသေးသည်။
"Happy anniversary ပါနော် Baby ကိုယ်မင်းကိုအရမ်းချစ်တယ်။"
"ခွန်....ဒါ...ဒါ..တွေကိုဘယ်အချိန်ကဘယ်လို..."
Nani မှာ စိတ်လှုပ်ရှားကာ အသံလေးတွေပါတုန်နေသည်မလို့ sky ,nani ပခုံးလေးကိုအသာထိန်းကိုင်လိုက်ရင်း...
"Baby မသိအောင် ကိုယ်တိတ်တိတ်လေးကြိုပြီးစီစဥ်ထားတာလေ။ ဘယ်လိုလဲ Baby သဘောကျတယ်မလား။ "
"အင့်...."
အင့်ခနဲရှိုက်သံလေးထွက်ကာ sky ရင်ခွင်ထဲသို့ဝင်လာသူကြောင့် sky မှာခြေမကိုင်မိလက်မကိုင်မိဖြစ်သွားရသည်။
"Baby ဘာဖြစ်လို့လဲ ကိုယ်ပြင်ထားတာတွေကိုသဘောမကျလို့လား ဟင် baby ကိုယ့်ကိုပြောပါအုံး...ကိုယ်ဘာလုပ်ပေးရမလဲဟင် baby မငိုပါနဲ့"
"တောင်းပန်ပါတယ်...."
"ဘာဖြစ်လို့လဲ Baby ရဲ့ ဘာလို့လဲ "
Anniversary နေ့ကို nani မှတ်မထားတာမဟုတ်ပေမယ့် nani တကယ်ကြီးမေ့နေခဲ့တာဖြစ်သည်။ nani ဘက်ကသူနဲ့ပတ်သတ်ပြီးအလေးအနက်မထားခဲ့သလောက် သူကတော့ nani အပေါ်ထိုသို့မဟုတ် nank နဲ့ပတ်သတ်သမျှ သေးသေးလေးကအစ သူအလေးထားသည်။ အဲ့တာကြောင့်လည်း အခု naniမှာအပြစ်ရှိသလိုခံစားရတာဖြစ်သည်။
"မငိုပါနဲ့ Baby ရဲ့ ကိုယ့်ကိုကြည့်ပါအုံး... "
Sky ရင်ခွင်ထဲက အသာထုတ်တော့ ငိုနေသူမှာ မျက်နှာလေးတင်မက နှာခေါင်းထိက်လေးတွေပါရဲနေသည်။ ပါးပေါ်သို့စီးကျနေသော မျက်ရည်စလေးများအား လက်မဖြင့်အသာသုတ်ပေးလိုက်ရင်း....
"ကိုယ့်ဘဝထဲကိုဝင်လာခဲ့ပေးလို့ Baby ကို ကိုယ်အများကြီးကျေးဇူးတင်ပါတယ်။ ကိုယ်အသက်ရှင်နေသမျှကာလပတ်လုံး Baby ကို ဒီ့ထက်ပိုချစ်ပြီးပိုဂရုစိုက်ပေးသွားပါမယ်။ အိုမငျးတဲ့အထိ ကိုယ်နဲ့အတူရှိနေပေးပါ။ အရမ်းချစ်တယ် Baby...။ Baby ရောကိုယ့်ကိုချစ်ရဲ့လားဟင်..."
"ဒီလောက် ကောင်းတဲ့လူကို မချစ်ရအောင် nani ကအရူးလားပြော။ ခွန့်ကို nani ဘယ်အချိန်မှာ စချစ်မိသွားလည်းသေချာမသိပေမယ့် ခွန်ချစ်တာထပ်မပိုရင်တောင် မလျော့တဲ့အချစ်မျိုးနဲ့nani ခွန့်ကိုချစ်တယ်။ အခုအချိန်အထိ nani ကိုမငြိုငြင်ဘဲ ဂရုတစိုက်နဲ့ချစ်ပေးခဲ့လို့ ခွန့်ကိုကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီးလည်း naniကိုအလိုလိုက်ပေးပါအုံးနော်။ အရမ်းချစ်တယ် naniရဲ့ ကိုကို..."
"ဟားးး Baby ကတော့ကိုယ့်ကိုရူးအောင်လုပ်နေတာပဲကွာ..."
ကြည်နူးမှုတို့ပြည့်နက်နေသည့် မျက်နှာလေးအား sky တစိမ့်စိမ့်ကြည့်နေမိရင်း ခေါင်းလုံးလုံးလေးကိုလည်းပွတ်သတ်ပေးနေမိသည်။
"ရှေ့ဆက်ပြီးလည်း ကိုယ်ကမျက်နှာမငြိုးအောင်ထားမှာမလို့ ကိုယ့်ရဲ့ Babyလေး ပဲတစ်သက်လုံးဖြစ်ပေးပါနော်။ "
"စိတ်ချပါ။ nani ကတစ်သက်လုံး ကိုကို့အပိုင်လေးပဲဖြစ်ပေးမှာမလို့ nani ကိုထားသွားဖို့စိတ်မကူးနဲ့နော်။ "
"ကိုယ်ကချစ်လို့တောင်မဝတာ ထားသှားဖို့ဆိုးဝေးရောကွာ..."
Sky အသည်းယားလာတာကြောင့် nani နှာခေါင်းလေးကို ဆွဲညှစ်မိတော့ Babyလေးကသဘောတကျရယ်လာသည်။
"ချစ်တယ် ကိုကို...."
"ကိုယ်က ပိုပြီးတော့ချစ်ရပါတယ် Baby ရယ်..."
မီးရောင်မှိန်မှိန်အောက်တွင် နှုတ်ခမ်းတစ်စုံတို့သည် လိုက်ဖက်ညီစွာဖြင့် ထပ်တူကျသွားတော့သည်။ထိုအနမ်းတို့မှာ နမ်းဖူးသမျှအနမ်းတွေထဲ အချိုမြိန်ဆုံးဖြစ်နေတော့မှာပင်။ အမြတ်တနိုးနမ်းရှိုက်နေကြသည်မှာ ဘေးကလူတစ်ယောက်ယောက်ကကြည့်နေမိလျှင်ကို မျက်ရည်ဝဲလောက်စရာ လက်ရာမြောက် ပန်းချီကားတစ်ချပ်အလားပင်။
နှလုံးသားနှစ်ခု တစ်ခုနှင့်တစ်ခုထပ်တူကျသွားသည့်အရာလောက် ဘယ်အရာကပိုပြီးကြည်နူးဖို့ကောင်းနိုင်အုံးပါ့မလဲ။ နောင်အနာဂတ်တွေမှာလဲ ကလေးဆိုးလေး nani နဲ့ ကလေးလေးကို မျက်နှာတစ်ချက်အပြတ်မခံတဲ့ khun Wongravee ဆိုသည့်လူကြီးက ကပျော်ပျော်ရွှင်ရွှင်နဲ့အတူ အိုမင်းတဲ့အထိဖြတ်သန်းကြအုံးမှာဖြစ်သည်။ သေချာကတော့ နောင်အနာဂတ်မှာလဲ Khun Wongravee က သူ့ကလေးလေးnani အားသည်းသည်းလှုပ်ချစ်နေအုံးမှာပင်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြီးပါပြီ။
3.2.2025 (Mon)
Khun Wongravee လေးကိုသဘောကျပေးကြတဲ့ ထုခွန်တို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ သေချာလေးမပြင်ဆင်ဘဲ ကိုယ်ဖတ်ချင်တဲ့ပုံစံလေးကောက်ရေးဖြစ်တာကိုတောင် သဘောကျပေးကျြကလို့ တကယ်ကျေးဇူးတင်ပါတယ်။ နောက်ရေးမယ့် skynani fiction လေးကိုတော့ plotသေချာလေးချပြီးပြန်လာခဲ့ပါမယ်ရှင်။ ကြို စပွိုင်းရမယ်ဆိုရင်... လူဆိုးလေး မောင်နဲ့ မောင့်ကိုပြုပြင်ပေးမယ့် ကိုကိုပိစိလေးပေါ့ရှင် >< မကြာခင် fic အသစ်လေးနဲ့ပြန်လာခဲ့ပါမယ်။ အခုတော့ ဒီလောက်နဲ့ပဲ khun Wongravee လေးကိုနှုတ်ဆက်လိုက်ရအောင်နော်။ သဘောကျပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။♥
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




