Ep - 14
16:42, 16 January 2025ဒီရက်တွေထဲ sky အလုပ်များနေတာကြောင့် nani နှင့် မျက်နှာချင်းဆိုင် တွေ့ရသည့်အချိန်မှာရှားသည်။ ညအိပ်ချိန်လောက်လာ နှစ်ယောက်သားတွေ့ရတတ်သည်။ အရင်လို ပွေ့ဖတ်နမ်းရှိုက်တာမျိုး မလုပ်ဖြစ်ပါ။ sky အလုပ်ကပြန်လာသည်နှင့် ပင်ပန်းကာ ထိုးအိပ်သွားတတ်သည်မလို့ပင်။ ပြန်လာသည့် အချိ်န်မှာလည်း နောက်ကျနေတာကြောင့်ဖြစ်သည်။
လူကိုယူထားပြီး အစပိုင်းမှာသာ ချစ်ပြကြင်နာပြပြီး အခုကျ ပြစ်ထားချင်တာလားဟုတွေးမိပြန်တော့ nani နှုတ်ခမ်းဆူမိသည်။ ကိုယ်ချစ်လို့ယူထားတာမဟုတ်ပေမယ့် ယူပြီးနောက်ပိုင်း သူ့အပေါ် ဘာခံစားချက်မှမရှိတာတော့မဟုတ်ပေ။ သူ nani အားထိတွေ့သည့်အခါတိုင်း ရင်ခုန်ရသည်။ သူ့အနမ်းနှင့်ပွေ့ဖတ်မှု့အောက်တို့တွင် ပျော်ဝင်ရသည်။ သူတစ်ခြားသူများနှင့် ရင်းရင်းနှီးနှီးနေလျှင် nani မကြိုက်ပါ။
အခုဆိုnani မှာအကျင့်ကလေးတစ်ခုပါတိုးလာတာဖြစ်သည်။ သူ ရုံးကပြန်လာမည့်အချိန်အား မျှော်ရတာဖြစ်သည်။ သူအိမ်ပြန်နောက်ကျသည့်အခါများ nani ဘေးက သူ့အိပ်သည့်နေရာကလေးလွတ်ဟာနေလျှင် nani အိပ်၍မရပါ။ nani ဘေးတွင် သူရှိမှ စိတ်ချလက်ချအိပ်နိုင်တာဖြစ်သည်။ တစ်ခါမှလည်းရည်းစားမထားဖူးသည်ကြောင့် သူ့အပေါ်ထားသည့် ခံစားချက်များကို nani သေချာမသိသေးပါ။ ခံစားချက်များသေချာတိကျအောင် စမ်းသပ်ကြည့်ချင်မိသေးသည်။
Nani မျက်မှန်အဝိုင်းကလေးတပ်ကာ အခန်းအတွင်းရှိစာရေးခုံကလေးတွင်ထိုင်ကာ စာလုပ်နေရင်း အတွေးလွန်နေတာဖြစ်သည်။ စားပွဲတင်နာရီကလေးအား တစ်ချက်လှမ်းကြည့်မိတော့ ၁၂နာရီသို့ ညွှန်ပြနေပြီဖြစ်သည်။
"ဒီနေ့လဲ အိမ်ပြန်နောက်ကျပြန်ပြီ..."
Nani ပိတ်ထားသည့်အခန်းတံခါးအား ငေးကြည့်ကာ တိုးတိုးကလေးရေရွတ်လိုက်တာဖြစ်သည်။ အခန်းတံခါးအားငေးကြည့်နေတုံးမှာပင် ပွင့်လာသည်ကြောင့် nani ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်မိသည်။
"ခွန်....ပြန်လာပြီလား။ "
Nani အပြောနှင့်အတူ လူကိုယ်တိုင်ကပါ အခန်းအဝကသူ၏အနားသို့ရောက်သွားတော့သည်။ sky ၏မျက်နှာမှာ အလုပ်များကိုသာ ရက်အတော်အကြာဖိလုပ်ထားသည်မလို့ အလုပ်ဒဏ်ပိကာ ဖြူဖြော့နေသည်။ လူပုံစံမှာလည်း ပင်ပန်းနွမ်းနယ်ကာ ထိုင်းမှိုင်းနေသေးသည်။ မျက်လုံးတို့မှာလည်းရဲနေသေးသည်။ လူကသာပင်ပန်းနေပေမယ့် အကြည့်တို့က လွမ်းဆွတ်တမ်းတနေပြီး သူ့အရှေ့က nani ကိုသာငြိမ်ပြီးရပ်ကြည့်နေသည်မလို့....
"ခွန်...အဆင်ပြေရဲ့လား...အင့်..."
Nani စကားဆုံးတာနဲ့ nani ကိုယ်ပေါ်သို့ပြိုကြလာသည့် sky ၏ကိုယ်လုံးကြီးကြောင့် လဲကျမသွားအောင် ထိန်းဖတ်လိုက်ရသည်။ ပြိုကျလာသည့် ကိုယ်လုံးမှာ အဖျားအရှိန်ကြောင့် ပူကျစ်နေသည်။
"ခွန်....ဖျားနေတာပဲ။ ကျွန်တော်ပြောတာကြားရဲ့လား...ခွန်..."
"အင်း...."
အဖျားတက်နေသူက ညည်းငြူ၍သာနေသည်မလို့ nani ကုတင် ရှိရာဆီသို့သာ ရောက်အောင်ခေါ်လာရပြီး ကုတင်ပေါ်သို့ နေရာချပေးရသည်။ နောက်ပြီး အိပ်ရတာသက်တောင့်သက်သာဖြစ်စေရန် ဝတ်ထားသည့် ဖိနပ်အားချွတ်ပေးလိုက်သည်။ ဝတ်ထားသည့် ကုတ်အကျီအား ချွတ်ရန် sky ၏ ကိုယ်ကို အသာ မ ရသည်။ ကိုယ်လုံးကြွလာတော့မှ အပေါ်ထပ်အကျီကိုချွတ်၍ရသည်။ အောက်က shirt အကျီကိုမချွတ်မီ ရေပတ်တိုက်ပေးရန်လိုအပ်သည်ကြောင့် အိပ်ခန်းနှင့် တွဲရပ်တွင်ရှိသည့် ရေချိုးခန်းထဲသို့ဝတ်ကာ ရေပတ်တိုက်ပေးရန် ရေဇလုံနှင့် ပဝါတို့ကိုစီစဥ်ရတော့သည်။အိမ်တွင် ရှိသည့် အလုပ်သမားများအား ခေါျကာ လုပ်ခိုင်းလျှင်ရသော်လည်း ထိုသို့မလုပ်ချင်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူက nani နှင့်လက်ထပ်ထားသည့် nani ခင်ပွန်းဖြစ်နေသည်ကြောင့်ရော နောက်ပြီး nani ,sky အားပြုစုပေးချင်တာကြောင့်လည်းဖြစ်သည်။
Nani ,အား ရေပတ်တိုက်ပေးပြီး အဝတ်အစားပါတစ်ခါတည်းလဲပေးလိုက်သည်။ nani ,sky အား စောင်နေရာမလတ်စေရန်သေချာခြုံပေးနေတုံး သူ့အပေါ်တွင် အုံ့မိုးနေသလိုဖြစ်နေသည့် nani ကိုယ်လုံးလေးအား လက်မောင်းရင်းမှ ဆွဲယူကာ တင်းနေအောင်ဖတ်ပြစ်သည်။
"ခွန်...ဖယ်ပေးပါအုံး...အင့်..."
"အင်း...ချမ်းတယ်..."
တအင်းအင်းညည်းငြူကာ ပိုတိုးဖတ်လာသူကြောင့် nani မှာရုန်းမရတော့ပေ။ nani ၏အပေါ်ပိုင်းက သူ့ရင်ခွင်ထဲရောက်နေသည့်မလို့ ကုတင်အောင်ဖက်တွင်ရောက်နေသည့် ခြေထောက်များကို အပေါ်သို့တင်ကာ သူ့ဘေးတွင်ဝင်လှဲလိုက်ရသည်။
လူတစ်ကိုယ်လုံးကသာ ပူကျစ်နေပေမယ့် "ချမ်းတယ်" ဟုသာအတွင်တွင်ညည်းငြူနေသူကြောင့် သူခြုံထားသည့် စောင်အားnani ကိုယ်ပေါ်သို့ပါလွှမ်းခြုံကာ ချမ်းနေသူအား ပြန်၍ဖတ်ထားပေးလိုက်သည်။ တစ်ယောက်နှင့်တစ်ယောက်တင်းနေအောင်ဖတ်ထားသည့် သူနှစ်ယောက်ကြားမှာ လေတိုး၍ပင်မရနိုင်ပါ။ nani ဖျားနေသူ၏ ရင်ခွင်ထဲသို့ရောက်နေသည်ကြောင့် လွမ်းဆွတ်နေရသည့် ရင်ဘတ်ကျယ်ကျယ်ကိုခိုးနမ်းပြစ်လိုက်သည်။ ဒီရင်ခွင်ကြီးထဲမှာ ဒီလိုမအိပ်ရသည်မှာ ရက်ပေါင်းများစွာကြာနေပြီဖြစ်သည်ကြောင့် လွမ်းဆွတ်နေရသည့် ရင်ခွင်ကျယ်ကြီးထဲသို့ ပိုလို့တိုးဝင်ပြစ်ကာ အိပ်ပြစ်လိုက်တော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~
Sky နိုးနိုးလာချင်း ကို်က်ခဲနေသော ခေါင်းကြောင့် တစ်ချက်ငြီးငြူလိုက်မိကာ နားထင်အားလက်ဖြင့်ဖိထားလိုက်မိသည်။ ထိုးကိုက်နေသည့်ခေါင်းအား အကိုက်သက်သာစေရန် လက်ဖြင့်အသာဖိနှိပ်လိုက်ပြီး မျက်လုံးအားဖြေးဖြေးချင်းဖွင့်ကြည့်လိုက်သည်။ ညာဖက်လက်မှာ တစ်ခုခုဖိထားသည်ကိုခံစားမိသည်ကြောင့် ဘေးသို့ကြည့်လိုက်မိတော့ sky၏လက်မောင်းအားဖိအိပ်ထားသည့် nani အားတွေ့လိုက်ရသည်။
Sky နည်းနည်းလောက်လှုပ်မိရင်နိုးသွားမည်ဆိုး၍ မလှုပ်ရဲပဲ အပေါ်စီးမှ မြင်နေရသည့် အိပ်မောကျနေသည့်မျက်နှာနုနုကလေးကိုသာ အသေးစိတ်လိုက်ကြည့်နေလိုက်သည်။ မျက်တောင်ကလေးများမှာ မှိတ်ထားသည်ကြောင့် ရှည်ကာ ကော့ညွတ်ကျနေသည်။ ပါးပြင်ကလေးများမှာ အအေးဒဏ်ကြောင့်ထင်သည် အနည်းငယ်ရဲနေသေးသည်။ ကွေးကွေးလေးအိပ်နေသူအား ချမ်းနေမည်ဆိုး၍ စောင်ထူထူအား မျက်နှာကလေးပေါ်ရုံမျှသာ ခြုံပေးလိုက်ပြီး လွမ်းနေသည့် ကိုယ်လုံးလေးအား အသာအယာဖတ်ထားလိုက်မိသည်။ အလုပ်ပုံတွေကြားခေါင်းနှစ်ထားသည်ကြောင့် ဒါလေးကို ဖတ်မအိပ်ရတာဘယ်လောက်ကြာနေပြီလဲ။
Nani အိပ်နေတုံး sky ဆီမှ အထိအတွေ့များကိုခံစားမိသည်မလို့ ဆက်မအိပ်နိုင်ပဲ နိုးလာရသည်။ nani နိုးလာတော့ sky ရင်ခွင်ထဲရောက်နေသဖြင့် မျက်နှာကိုမြင်ရအောင် မော့ကြည့်လိုက်တော့ nani အား ငုံ့ကြည့်နေသည့် skyနှင့်မျက်လုံးချင်းစုံသည်။ nani အား ကြင်ကြင်နာနာဖြင့် ကြည့်နေသည့် skyကြောင့် ရှက်လာရပြီး ထမည်အပြု skyကပြန်ဆွဲချထားသည်ကြောင့် ထ၍မရပေ။
"ခွန်...."
"အင်း...ကိုယ်အိပ်ချင်နေသေးလို့..."
အိပ်ရေးပျက်ထားသည်ကြောင့်ရော အဖျားအရှိန်ကြောင့်ရောပါပေါင်းပြီး sky အိပ်ချင်နေသေးတာဖြစ်သည်။ nani ကိုပါဆွဲဖတ်ပြီး အိပ်ဖို့ပြင်နေသည်ကြောင့် nani အတင်းရုန်းထွက်လိုက်ရင်း...sky၏နဖူးအား လက်ဖဝါးလေးဖြင့်အသာစမ်းကြည့်ကာ...
"ခွန်...ကိုယ်နည်းနည်းပူနေသေးတယ်။ တစ်ခုခုစားပြီးဆေးသောက်ရမယ်လေ။ "
"အင်း...ကိုယ်နိုးလာရင်စားမယ်..."
အိပ်ချင်နေသူက ပလုံးပထွေးပြောကာ nani အားဆွဲဖတ်ရန်ပြင်လာပြန်သည်မလို့...သူ့လက်ထဲမှာရအောင်ရုံးထွက်လိုက်ပြီး...
"ခဏလောက်အိပ်နေအုံးနော်။ nani,ခွန် စားဖို့ ဆန်ပြုတ်လုပ်လာခဲ့မယ်..."
"ဟင်...ဘေဘီ ကိုယ်တိုင် မလုပ်ရပါဘူး...အပူတွေလောင်ကုန်မယ်...."
နီရဲနေသေးသောမျက်လုံးများနှင့်အိပ်နေရာမှ ထထိုင်လာကာ ကုတင်ဘေးတွင် မတ်တပ်ရပ်နေသည့် nani လက်ဖျားလေးအားဆွဲလိုက်ပြီး တားမြစ်လာတာဖြစ်သည်။
နေမကောင်းဖြစ်နေတာတောင် nani အတွက်စိတ်ပူပေးနေသူကြောင့် nani သဘောတကျနှုတ်ခမ်းတွန့်ရုံမျှပြုံးမိပြီးခေါင်းအသာခါလိုက်မိသည်။ ဆုတ်ကိုင်ထားသည့် sky၏ လက်နွေးနွေးအပေါ် naniအုပ်လိုက်ရင်း...skyအားခပ်ပြုံးပြုံးဖြင့်ကြည့်ကာ...
"အဲ့တာဆို ကြီးမေ ကိုလုပ်ခိုင်းလိုက်မယ်လေနော်။ ခွန်က တစ်ရေးလောက်ထပ်အိပ်လိုက်အုံး။ ဆန်ပြုတ်အဆင်သင့်ဖြစ်ရင် သောက်ဖို့ဆေးပါယူပြီး nani လာခဲ့မယ်။ "
"တကယ် ဘေဘီ မချက်ရဘူးနော်။ "
"အင်းပါဆို..."
"လာပါအုံး ကိုယ်ခဏလောက်ဖတ်ထားချင်လို့..."
ဆန့်ကားထားသည့် sky ၏လက်များဆီသို့ nani အရှေ့တိုးကာသွားမိတော့ nani ၏ခါးသွယ်ယွယ်အား သူ့လက်ကြီးများနှင့်ဖတ်ကာ nani ရင်ဘတ်လေးတွင်မျက်နှာအပ်ထားသေးသည်။ skyဆီမှ ပူနွေးနွေးအထိအတွေ့ကိုခံစားရသည်မလို့ nani ,sky၏ ရှုပ်ပွနေသည့် ဆံပင်တို့အား ပွတ်သတ်ပေးနေလိုက်ရင်း....
"အလုပ်ကကျန်းမာရေးထပ်အရေးကြီးလား..."
Nani၏စကားကြောင့် nani ရင်ဘတ်တွင်ခေါင်းမီနေသည့် skyမှာ naniမျက်နှာသို့မော့ကြည့်လာသည်။
"အဲ့လိုမဟုတ်ပေမယ့် အလုပ်ကလဲကိုယ်မျက်နှာလွှဲထားလို့မရအောင် အရေးကြီးနေလို့ပါ။ "
Nani,sky၏ ခေါင်းအားပွတ်သတ်ပေးနေရင်းနှင့်ပင် sky နှင့်အကြည့်ချင်းဆုံလိုက်ပြီး...
"အဲ့တာဆို အဲ့ဒီ့အလုပ်က naniထပ်ရောအရေးကြီးလား..."
"ဘေဘီကပိုအရေးကြီးတာပေါ့...ဘေဘီက ကိုယ့်အတွက်အရေးကြီးဆုံးပဲ..."
အရေးကြီးတယ်ဆိုပြီး လူကိုပြစ်ထားတာသူပဲမဟုတ်လား။ အဲ့ကိုတော့ naniထုတ်မပြောဖြစ်လိုက်တော့ပါ။
"အဲ့တာဆို နောက်တစ်ခါ ဒီလိုဖြစ်တာမမြင်ချင်ဘူး။ အိမ်ကိုစောစောပြန်ရမယ်နော်။ "
"ဒါပေမယ့် အလုပ်ကလည်းတကယ်အရေးကြီး..."
"ကိုကို! "
"အာ...ဟုတ်ပြီ..ဟုတ်ပြီ ဘေဘီ့သဘောနော်။ ကိုယ်အလုပ်တွေလျှော့လုပ်ပါ့မယ်။ အိမ်ကိုလဲစောစောပြန်လာမယ်နော်။ "
"လိမ်မာတယ်..."
"ကိုယ့်ကို ဆုမချချင်ဘူးလား ဟင် ဘေဘီ..."
ကလေးဆိုးကြီးလိုတောင်းဆိုနေသည့် sky ကြောင့် nani အသာပြုံးလိုက်ပြီး မော့ကြည့်နေသည့် sky၏ နဖူးပြင်နွေးနွေးအား အသာငုံ့နမ်းလိုက်သည်။ ထိုအခါမှ sky၏မျက်နှာက မှိုရသလိုမြိုး ကြည်လင်သွားတော့သည်။
"တစ်ရေးလောက်ထပ်အိပ်လိုက်အုံးနော်။ nani ပြင်ဆင်လို့ပြီးရင် ပြန်လာခဲ့မယ်။ "
"အင်း..."
Nani,sky အား ကုတင်ပေါ်တွင်အိပ်စေပြီး စောင်အားသေချာခြုံပေးပြီးမှသာ ကိုယ်လက်သန့်ရှင်းရန် ရေခြိုးခနျးထဲသို့ ဝင်လိုက်တော့သည်။ ရေချိုးခန်းထဲသို့ ရောက်တဲ့အခါမှာတော့ ခပ်ပြုံးပြုံးဖြစ်နေသည့် မျက်နှာအား မှန်ထဲတွင်တွေ့လိုက်ရသည်။ အခုန်မြန်နေသည့် ရင်ဘတ်အားဖိကိုင်ထားလိုက်ရင်း ရင်ထဲတွင်လည်းကြည်နူးမှုတို့အပြည့်ဖြစ်နေရသည်။ nani မလိမ်ချင်ပါ အရင်ရက်များတွင် skyအား လွမ်းဆွတ်ကာ စားမဝင်အိပ်မပျော်ပါဖြစ်ရသည်။ အခုတော့ခဏလေးနှင့်ပင် လိုနေသည့်ကွက်လပ်ကလေးပြည့်သွားသလိုပင်။
Nani တစ်ကိုယ်တည်းတွေးနေတာကိုရပ်ကာ ခေါင်းကိုခါရမ်းမြစ်လိုက်ပြီး တစ်ကိုယ်ရေသန့်ရှင်းရေးကိုမြန်မြန်လုပ်ရတော့သည်။
ဒီလိုကျပြန်တော့လည်း nani ၏ အိမ်ထောင်သည်ဘဝလေးမှာကြည်နူးဖို့ကောင်းနေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~
16.1.24 (Thus)
ဒါလေးက အပိုင်းသိပ်မကျန်တော့ပါဘူးနော်။ မကြာခင် ဇတ်သိမ်းပါတော့မယ်ရှင်။
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




