Fanfics

Ep - 7

10:24, 11 December 2024

အိမ်၏အပြင်ဘက်တွင်  ကောင်းကင်တို့မှာ အုံ့မှိုင်းကာ မိုးစက်မိုးပေါက်ကလေးများကျနေသည်။အပြင်ဘက်တွင်သာ ချမ်းစိမ့်စိမ့်ဖြစ်နေသော်လည်း အခန်းအတွင်းအပူချိန်မှာ မြင့်တက်လို့နေသည်။ တိတ်ဆိတ်နေသည့် အခန်းအား nani ၏အသံလေးကဖြိုခွဲပြစ်လိုက်သည်။

"ကျွန်တော့်မှာ ရွေးချယ်ခွင့်ရောရှိရဲ့လား... "

သေချာပေါက် မရှိဘူးပေါ့။ အရာအားလုံးသူစိတ်ကြိုက်လုပ်နေသည့် သူမွာ ဒီစာချုပ်တွင် nani လက်မှတ်မထိုးပေးရင် ဒီမှာပဲတစ်သက်လုံးထားထားမည့်ပုံပင်။ ဒီအချိန်လောက်ဆို nani အိမ်ကနေရုတ်တရက်ပျောက်သွားလို့မေမေတို့စိတ်ပူနေတော့မှာပင်။ nani တို့နေသည့်အိမ်နှင့်အလွန်ဝေးပြီး လူသူအရောက်အပေါက်နည်းသည့်နေရာကို သူခေါ်လာတာဖြစ်သည်။ ညဘက်ကြီးကားမောင်းလာခဲ့သည်မလို့ nani လမ်းတွေလဲမမှတ်မိပါ။ နောက်ပြီးလူပြတ်သည့်နေရာမလို့ ထွက်လဲမပြေးရဲပါ။ nani ဒီစာချုပ်တွင်လက်မှတ်ထိုးလိုက်ရင်လည်းသူနဲ့ nani က တရားဝင်သက်ဆိုင်သူများဖြစ်သွားကြတော့မည်။ nani ထိုသို့ မဖြစ်ချင်ပေမယ့် အခုလက်ရှိအနေအထားမှာ ရွေးချယ်စရာမရှိပေ။

ခေါင်းသေးသေးလေးဖြင့် တွေးတောကာနေသည့် nani အား sky ကြည့်နေရငျးပငျ စိတ်လှုပ်ရှားလာမိသည်။ ဒီကေလးကို သူစတွေ့ထဲကပိုင်ဆိုင်ချင်မိသည်။ တစ်ခြားယောက်ျားနှင့်တွဲပြီးတွေ့လိုက်ရချိန်မှာ sky ရင်ထဲဗလောင်ဆူသွားရတာ sky သာအသိဆုံးပင်။ sun ၏ပြောစကားများနှင့် sky စုံစမျးရသလောက်တော့ nani  တွင်ချစ်သူမရှိဘူးဆိုသည်မှာသေချာသော်လည်း ထိုလူနှင့်naniမွာ လေးနက်တဲ့ပတ်သတ်မှုရှိနေသည်။ ဒါကြောင့်လဲ သူ့ကို တားချင်ရုံနဲ့ ချစ်သူတွေပါလို့လိမ်ပြောခဲ့တာ။ လိမ်နေတာသိပေမယ့်လည်း မြွေမြွေချင်းခြေမြင်သည်။ ဒီကောင်နဲ့ nani ကိုတစ်ရက်တောင်မှလွှတ်မထားနိုင်ပါ။ ကားတင်ပြေးလာမိတာ nani ဘက်ကိုတွေးပေးရင် sky လွန်ရာကျပေမယ့် ထိုသို့လုပ်လိုက်ရချင်းအပေါ် နောင်တမရပါ။

"ကောင်းပြီ ကျွန်တော်လက်မှတ်ထိုးပေးမယ်။ ဒါပေမယ့် ခွန်တကယ်ပြန်ပို့ပေးရမှာနော်!"

"ကိုယ္မညာဘူး "

Sky က လက်သုံးချောင်းထောင်ပြကာကျိန်ဆိုသည့်ပုံစံလုပ်ပြသည်။ nani အရှေ့တွင်ရှိသည့်ရွှေရောင်ဘောပင်လေးအား ကောက်ကိုင်လိုက်သည်မှာ တုန်တုန်ရီရီနှင့်ပင်။ nani ထပ်ပြီးစဉ်းစားမနေတော့ဘဲ သူလက်မှတ်ထိုးရမည့်နေရာမှာ အမြန်သာထိုးပေးလိုက်သည်။ ထိုအခါမွ sky ၏မျက်နှာမှာ တောက်ပသွားကာ လက်ထပ်စာချုပ်ကာ ကောက်ယူပြစ်လိုက်သည်မှာ ချက်ချင်းပင်။လက်ထပ် စာချုပ်အား အဖိုးတန်ရတနာလိုကြည့်နေသည်မှာ nani အတွက်တော့ အမြင်ကပ်စရာပင်။ သူလိုချင်တာကိုလုပ်ပေးပြီးသွားပြီမလို့ nani ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ပြီး သူ့အရှေ့သို့သွားကာ..

"အိမ်ပြန်ပို့ပေး!"

Sky, ပြတင်းပေါက်မှန်မှတစ်ဆင့် တစ်ဆတစ်ဆဖြင့်သည်းလာသည့်မိုးကိုကြည့်ကာ....

"မိုးသည်းနေတယ် ကားမောင်းလို့အဆင်မပြေဘူး။ မိုးတိတ်ရင်ကိုယ်လိုက်ပို့မယ်။ "

"မရဘူး!ခွန်ပြောထားတယ်လေ!"

naniမွာ သူဖြစ်ချင်တဲ့အတိုင်းဘာမှ မဖြစ်ရသည်မလို့ အလိုမက်ျဖစ္လာရကာ ခြေတစ်ချက်စောင့်ချလိုက်မိသည်။

nani စိတ္ဆိုးကာ ခြေစောင့်ချသည့် ပုံစံလေးကို sky အသည်းယားလာရသည်ကြောင့် ရယ်လိုက်မိသည်မှာ အသံပင်ထွက်သွားရသည်။

"ခွန် ဘာရယ္တာလဲ! အိမ်ပြန်မယ်! အိမ်ပြန်မယ်လို့!"

စိတ်ဆိုးနေသည့်သူမှာ ရယ်ပိုးမသတ်နိုင်သည့် skyအား လက်သေးသေးလေးများဖြင့်ထုရိုက်လာသည်မှာ အဆက်မပြတ်ပင်။

"ဟေ့! လက်တွေနာကုန်မယ်တော်တော့ "

"မတော်ဘူး! အိမ်ပြန်ပို့ပေးလို့! "

"ဂျိမ်း!!!!!"

အဆက်မပြတ်ထုရိုက်နေသူမှာ ပြင်းထန်သည့် မိုးခြိမ်းသံအကျယ်ကြီးကြောင့် ကိုယ်လုံးလေးတုန်သွားကာ ထုရိုက်နေရာမှ ရပ်တန့်သွားပြီး လက်သေးသေးလေးများဖြင့် နားရွက်၂ဖက်ကိုအုပ်ကာထိုင်ချပြစ်လိုက်သည်။

လန့်နေသူအနား sky ထိုင်ချလိုက်တော့ naniမွာ မျက်ရည်တို့ ရစ်ဝိုင်းနေသည့်မျက်ဝန်းလေးများဖြင့် sky အားပြန်ကြည့်လာသည်။ မျက်နှာမှာခုဏကနှင့်မတူ ခဏအတွင်းမှာပင်ဖြူဖြော့သွားသည်။ နှစ်ယောက်သား အကြည့်ချင်းဆုံနေချိန်မှာပင် လျှပ်စီးတန်းများလပ်လာပြီး  မိုးခြိမ်းသအံကျယ်ကြီးထွက်ပေါ်လာတော့သည်။

ေကြာက်လန့်ကာနေသည့် nani မွာ sky ၏လည်တိုင်အားလက်နှစ်ဖတ်ဖြင့်သိုင်းဖတ်လိုက်မိတာ တင်းနေအောင်ပင်။ ကြောက်နေသည်မှာ ကျောပြင်လေးများကပင်တုန်ယင်နေသည်။ ကျောပြင်ငယ်လေးအား အထက်အောက်ပွတ်သတ်ချော့မြူပေးကာ...

"မကြောက်နဲ့တော့နော်။ ကိုယ်တစ်ယောက်လုံးအနားမှာရှိတယ်။ ကိုယ်ရှိတယ်နော်။ ဘာမွမျဖစ္ဘူး"

Sky ၏လည်တိုင်ကိုပွေ့ဖတ်ထားသူ၏ တင်ပါးလေးမှပင့်ချီကာ ကုတင်ရှိရာဆီသို့ လျှောက်လာလိုက်ပြီး စာချုပ်အား စားပွဲပေါ်တင်လိုက်ပြီး ကုတင်ပေါ်သို့ ချပေးရန်ပြင်သော်လည်း ကြောက်နေသူမှာ sky ၏လည်တိုင်အားအလွတ်မပေးဘဲဖတ်တွယ်ထားသည်မှာ တောက်တဲ့ကလေးအတိုင်းပင်။

"Nani ကြောက်...တယ်...မလွှတ်လိုက်ပါနဲ့..."

လေသံတိုးတိုးလေးဖြင့် sky ၏နားအနားကပ်ပြောသည်မှာ ရှိုကျသံကလေးတောငျထှကျလာသညျ။ ပြောပြီးတာနဲ့ မျက်နှာလေးအား sky ၏လည်တိုင်တွင်တိုးဝှေ့ကာ ဖွက်သည်။ sky အားခွာမရအောင်ဖတ်တွယ်ထားသည်မလို့ sky ရော သူ့ကိုယ်လေးရောပါ ကုတင်အပေါ်သို့အတူလှဲကာ စောင်ကိုနှစ်ယောက်လုံး၏အပေါ်သို့ထပ်ခြုံလိုက်သည်။ nani, sky ၏ရင်ခွင်ထဲတိုးဝင်ကာ sky ၏ခါးအားတင်းတင်းကြပ်ကြပ်ဖတ်ထားသည်မှာ နေရာအလစ်အလပ်တောင်ရှိမနေပါ။ မျက်လုံးကိုလည်းအတင်းဖိမှိတ်ထားသေးသည်။ sky မိမိရင်ခွင်ထဲတွင်အံဝင်ခွင်ကျဖြစ်နေသည့် သူ၏ခေါင်းလုံးလုံးလေးကို ငုံ့နမ်းပြစ်လိုက်သည်။ ကြောက်နေတာကိုသနားပေမယ့် ဒီလိုအချိန်မျိုးမှမဟုတ်ရင် ဒီအသေးလေးကသူ့အနားကိုကပ်တာမဟုတ်ပေ။ sky ,nani ကိုယ်လုံးလေးအား ကျစ်နေအောင်ပြန်လည်တိုးဖတ်လိုက်ပြီး မျက်လုံးတို့အားအနားပေးလိုက်တော့သည်။

~~~~~~~~~~~~~~~~~

နောက်နေ့မနက် မှာတော့ တိမ်မဲတို့ကင်းစင်ကာရာသီဥတုမှာပြန်လည်သာယာလာပြီမလို့ sky တို့ ပြန်လာခဲ့ကြသည်။ sky အိမ္က မိဘတွေကိုကြိုဖုန်းဆက်ထားသည်ကြောင့် အိမ္က မိဘမ်ားမွာ ရှေ့နေနှင့်တစ်ကွ တောင်းရမ်းပစ္စည်းများနှင့်အတူ nani အိမ်သို့ရောက်နေကြပြီဖြစ်သည်။ မိဘများအားသေချာပြောခိုင်းထားသည်မလို့ အဆင်ချောနေမှာသေချာသည်။ Wongravee အိမ်တော်ရဲ့ အင်အားကလည်းလျှော့တွက်လို့မှမရတာ။

Nani တို့အိမ်ကို ပြန်ရောက်တော့ ဧည့်ခန်းထဲတွင်လူစုံတက်စုံရှိနေသည်။ မေမေက nani ကိုမြင်တာနဲ့ဖတ်ကာငိုသည်။ ဖတ်ကာငိုလို့ဝတော့မှ မေမေက nani ပခုံးလေးကိုခပ်ဖွဖွကိုင်ကာ အကြည့်ချင်းစုံစေလိုက်ပြီး...

"သားသားကိုမေမေ မေးစရာတစ်ခုပဲရှိတယ်။ မေမေ့ကိုအမှန်အတိုင်းဖြေပါ။ သား CEO နဲ့လိုက်သွားတာ သားသဘောနဲ့သားလိုက်သွားတာလား။ "

Nani အနောက်တွင်ရပ်နေသည့် sky ကားတလှည့် ဧည့်ခန်းထဲတွင်ရှိနေသည့်လူမြားကိုတလှညျ့ကွညျ့မိလိုကျသညျ။ အားလုံးက nani ၏အဖြေကိုသာစိတ်ဝင်စားနေကြသည်။

"ဟုတ်ပါတယ်မေမေ။ naniသဘောနဲ့naniသိုက္သြားတာပါ။ "

အခုမှ sky က nani အားအလိုမတူဘဲအတင်းခေါ်သွားတာပါလို့ပြောရင်ရော ဘာထူးတော့မှာမလို့လဲ။ သူတို့က စာချုပ်စာတန်းအရတရားဝင်လက်ထပ်ပြီးတဲ့လူတွေပဲလေ။ nani ပြဿနာတွေထပ်မဖြစ်စေချင်တော့ပါ။ သူကေရာnani ကိုလွယ်လွယ်နဲ့လွှတ်ပေးမှာတဲ့လား။ နောက်ပြီးတော့ဖေဖေ။ ဖေဖေကသူတို့လက်အောက်ကဝန်ထမ်းတစ်ယောက်။ ဖေဖေ့ ကိုပါnani ဒုက္ခမရောက်စေချင်ပါ။

"အင်း သားသေဘာ သာဆိုမေမေတို့က ငြင်းစရာမရှိပါဘူး။ "

သူမ အစထဲကသားရဲ့သဘောကိုလက်ခံမည်ဟုတွေးထားတာဖြစ်သည်။  CEO ကမိမိရဲ့သားအပေါ်ခံစားချက်ရှိတာသိပေမယ့် မိမိသားလေးရဲ့သဘောသာမပါရင် တော့လက်မခံပေးနိုင်ပါ။ သူမရင်အုပ်မကွာစောင့်ရှောက်လာသည့်သူမရဲ့ကလေးလေးက မကြာခင်မှာပင် သူမတို့နှင်ဆိုင်သာဆိုင်ပြီးပိုင်းတော့မည်မဟုတ်ပေ။ သားသားနဲ့ခွဲရမှာဝမ်းနည်းပေးမယ့်လည်း CEO နဲ့သာဆိုသူ့မသားလေးရဲ့ဘဝကစိတ်ချရမှာအမှန်ပေ။

~~~~~~~~~

ဒီလို နဲ့ပဲတောင်းရမ်းစေ့စပ်ပွဲလေးကအထမြောက်ပြီးစီးသွားတော့သည်။ လက်ထပ်ပွဲကိုတော့ sky က အမြန်ဆုံးသာကျင်းပစေချင်သည်မလို့ တားမရသည့်သားဖြစ်သူကြောင့် sky မေမေမှာ နောက်အပတ်သို့သာ အမြန်စီစဥ်လိုက်ရသည်။ လူရှုပ်တာတွေမကြိုက်သည့် naniလေးကတော့ ပွဲကိုအကျဥ်းချုန်းလုပ်ပေးရန်သာတောင်းဆိုသည်။ မိမိသားမှာတော့ အရှေ့က ကလေးတောင်းဆိုသမျှအား ဘာဖြစ်ဖြစ်ခေါင်းငြိမ့်ကာလိုက်လျောပေးသည်။

မိမိသား skyအားလူပျိုကြီးဖြစ်မည်ဟုတောင်ထင်ထားတာဖြစ်သည်။ အသက်၃၀ ကျော်သည်အထိ အရှုပ်အရှင်းကင်းခဲ့တာဖြစ်ပြီး အလုပ်ကိုသာစိတ်ဝင်စားတာဖြစ်သည်။ အခုတော့မိမိသားမှာ ကြိုက်မယ့်ကြိုက်တော့လည်း သူ့ထက်၁၂ငယ်သည့်ကလေးအားအရူးအမူးဖြစ်နေတော့သည်။ မနေ့ညက မိဘများအားဖုန်းအလောတကြီးဆက်ကာ ယောက်ျားလိုက်တောင်းခိုင်းသည်မလို့အံ့သြခဲ့ရသေးသည်။ sky သည်းသည်းလှုပ်ဖြစ်တာလဲမပြောနဲ့ ထိုကလေးမှာနုဖတ်ကာချစ်စရာကောင်းအလွန်ကောင်းနေသည်ကြောင့် ခဏတာမြင်ရသည့်သူမတောင်မချစ်ဘဲမနေနိုင်ပေ။

"ကိုယ်နဲ့လိုက်ခဲ့။ မင်းနေဖို့အကုန်စီစဥ်ထားပြီးပြီ။ "

"မလိုက်ချင်ဘူး။ မေမေနဲ့နေအုံးမှာ "

Nani က အိမ်ကိုရောက်ထဲကသူ့အမေအနားကမခွာပါ။ အခုလဲသူ့အမေလက်အားဖတ်တွယ်ကာနေပြီး sky ခေါ်နေသည်အားမလိုက်လာပါ။

"ကိုယ်ပြောနေတာ...."

"သားsky! ကလေးကိုသူ့မိသားစုနဲ့နေခိုင်းလိုက်ပါအုံးသားရယ်။ နောက်တစ်ပတ်ဆိုရင်ပဲ သားနဲ့အတူနေသွားရတော့မှာလေနော်။ အမေတို့ပြန်ရအောင်နော်သား။ "

Sky၏အမေမှာ မိမိသားအားဝင်တားလိုက်တော့မှ မကျေမချမ်းဖြင့်အလျှော့ပေးလာသည်။

Sky ရက်အနည်းငယ်အတွင်းချောင်ကျသွားသည့်nani ကိုကြည့်ကာ....

"အစားကိုသေချာစားအုံး။ တစ်ခုခုစားချင်တာရှိရင်ဖုန်းဆက်လိုက် ကိုယ်လာပို့ပေးမယ်။"

Nani ခေါင်းကိုသာအသာငြိမ့့်ပြလိုက်သည်။ ထိုအခါမှ skyကသက်ပြင်းချလိုက်ပြီး အိမ်ထဲမှထွက်သွားတော့သည်။

Sky အမေမှာ ကဲကဲသည်းသည်းဖြစ်နေသည့်သားဖြစ်သူအားသဘောတကျဖြင့်ခေါင်းသာခါလိုက်မိသည်။ သူမတို့လည်း nani မိဘတွေအားနှုတ်ဆက်ကာ  ပြန်လာခဲ့ကြသည်။ မိမိသားလူပျိုကြီးက ဒီကလေးလေးနဲ့မှအပိုးကျိုးတော့မှာပင်။

~~~~~~~~~~~~~~~~11.12.24(wed)

အားတဲ့အချိန်လေးရေးပြီး လာupတာမလို့နည်းနည်းတိုသွားတယ် "(

There are no comments yet. Log in to be the first to leave a review!

Similar stories