Fanfics

Ep - 5

18:01, 8 December 2024

ဖျားတာက အရှင်းပြန်ကောင်းသွားပြီမလို့ nani ဒီနေ့တော့ ကျောင်းပြန်တက်ရပြီဖြစ်သည်။ဟိုနေ့က sky ပြန်သွားပြီးထဲက nani အိမ်ကိုထပ်လာတာမျိုးတော့မရှိပါ။ ဒါပေမယ့် nani ကို အချိန်မှန် စာပို့မပြတ်ပေ။ nani အိပ်နေတဲ့အချိန်မျိုးဆို အနှောက်အယှက်ဖြစ်မှာဆိုးလို့ထင်သည်။ ဖုန်းတော့ဆက်မလာပေ။

ဒီမနက် p'dew က ကေြာငျးလိုကျပို့သညျမလို့ nani, p'dew ကားနှင့်အတူလာရသည်။ ကျောင်းမရောက်ခင်ဖုန်းသုံးနေတုံး nani ဖုန်းထဲသို့ စာဝင်လာသည်။

"morning ဘဲပေါက်လေး။ "

Noti တက်လာသည့်စာအား ဘေးသို့ဆွဲပြစ်လိုက်တော့ ထပ်ဝင်လာပြန်သည်။

"ဒီနေ့ကျောင်းပြန်တက်မယ်လို့ sun ဆီကကြားတယ်။ sun နဲ့အတူမုန့်တွေထည့်ပေးလိုက်မယ်နော်။ အစားကိုသေချာစား ကျန်းမာရေးကိုရုစိုက် ကိုယ်ညနေကျရင်ကျောင်းကိုလာခဲ့မယ်။ "

နောက်ဆုံးပို့သည့်စာကြောင်းကြောင့် nani မျက်မှောင်ကြုံ့လိုက်မိသည်။ သူကဘာလို့လာမှာလဲ။

"ဘာဖြစ်လို့လဲ kittyလေး "

Dew မှ ကားမောင်းနေရင်း မေးလာသည်မလို့ nani ဖုန်းကိုပိတ်ကာ လွယ်အိတ်ထဲသို့ထိုးထည့်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး။ "

"ရည်းစားရှိနေပြီလား။ "

ကားမောင်းရင်းမေးနေသည့် dew ပုံစံမှာ တည်ကြည်ကာ ဆွဲဆောင်မှုတစ်မျိုးရှိနေသည်။ အလုပ်သွားရန်ပြင်ဆင်လာသည်မလို့ တစ်ခြားတွေ့ရသည့် အချိန်များကဲ့သို့မဟုတ်ပဲ လူကြီးလူကောင်းဆန်ကာ ပို၍ကြည့်ကောင်းနေလေသည်။

"မရှိပါဘူး။ p'dew ရောကောင်မလေးရနေပြီလား။ "

"မရှိဘူး။ ကိုယ်သဘောကျနေတဲ့သူက သပ်သပ်ရှိတယ်။ "

"တကယ်လား! P'dew နော် ရည်းစားရသွားလို့ nani ကို အရင်လိုဂရုမစိုက်ပဲနေလို့ကတော့တွေ့မယ်။ "

"P'အတွက်က p'ရဲ့kitty လေးကသာအရေးအပါဆုံးပါဗျာ။ "

Dew ကားမောင်းနေရင်းပင် လက်တစ်ဖင်ဖြင့် nani ၏ ခေါင်းလေးအား ခပ်ဖွဖွပွတ်ပေးကာ ပြောလိုက်တော့မှ nani ကသဘောတကျဖြစ်သွားကာ မျက်နှာလေးပြန်ကြည်လာသည်။ သူသဘောကျရတဲ့သူက သူ့ရဲ့kitty လေးပါဆိုတာကိုတော့ ထုတ်မပြောဖြစ်လိုက်ပါ။

ကျောင်းရှေ့ရောက်တော့....

"P' ညနေကျရင်လာကြိုမယ်နော်။ အပြန်ကျမုန့်လိုက်ကျွေးမယ်။ "

"ဟုတ်။ ကားကိုဂရုစိုက်မောင်းနော် ညနေကျရငမတွေ့မယ် p'dew။ "

Dew, nani ကို နှုတ်ဆက်ပြီး ကားမှန်ကိုပြန်တင်ကာ ကျောင်းရှေ့မှ မောင်းထွက်သွားတော့သည်။

~~~~~~~

ညနေကျောင်းဆင်းချိန်ရောက်တော့ ကျောင်းဝန်းထဲကနေ အပြင်သို့ nani,sun နှင့်အတူလမ်းလျှောက်လာကြတာဖြစ်သည်။ လွတ်သွားသည့် စာများအား sun က note ထုတ်ပေးထားသည်မလို့ အဆင်ပြေနေခဲ့ပါသည်။ ကျောင်းရှေ့ရောက်ပြီဖြစ်လို့ sun မပြန်ခင် nani တစ်ယောက်ထဲစောင့်နေရမည်ဆိုးကာ လှည့်မေးလိုက်သည်။

"ဒီနေ့ အိမ်ကလာကြိုမှာလား nani "

"P'Dew လာကြိုမှာ။ sun အရင်ပြန်လိုက်လေ။ "

"တစ်ယောက်ထဲဖြစ်ပါ့မလား။"

"ဖြစ်ပါတယ်ဆို။ "

"အဲ့တာဆိုသွားပြီနော်။ "

Sun ,nani အားနှုတ်ဆက်ကာ အရှေ့က ကားပေါ်သို့တက်သွားတော့သည်။ မိုးရာသီထဲဝင်နေပြီမလို့ ပတ်ဝန်းကျင်က အုံ့မှိုင်းမှိုင်းပင်။ ဘယ်အချိန်ရွာချမလဲမသိဘဲ ရွေ့လျားနေသည့်တိမ်တိုက် မဲများအား nani မော့ကွညျ့နမေိသညျ။ မိုးရာသီသည် nani အတွက်တော့ အဆင်မပြေအဖြစ်ဆုံး အကြောက်တရားနှင့်ရင်ဆိုင်ရဆုံးရာသီဥတုဖြစ်သည်။ nani သည်ငယ်ငယ်လေးကတည်းကာ မိုးခြိမ်းသံနှင့်လျှပ်စီးလပ်တာကိုကြောက်တတ်သူဖြစ်သည်။ ဒီနှစ်မိုးရာသီကလည်း nani အတွက်အရာရာခက်ခဲနေအုံးမှာပင်။

"ဟိတ် "

Nani အတွေးလွန်နေတုံး နားအနားသို့ကပ်ကာ အသံပြုသည့် လေသံခပ်နွေးနွေးကြောင့် အလန့်တကြားဖြစ်ကာအနောက်သို့ဆုတ်မိတော့ ဟန်ချက်မထိန်းနိုင်စွာ ခြေချော်သွားတော့သည်။ ချော်လဲကာ အောက်သို့ပြုတ်ကျပြီအထင်နှင့် မျက်လုံးစုံမှိတ်ပြစ်လိုက်သော်လည်း နာကျင်ချင်းတစ်စုံတစ်ရာကိုမခံစားရပေ။ ထိုအစား သန်မာသည့် လက်တစ်စုံ၏ထွေးပွေးခြင်းကိုသာခံလိုက်ရသည်။ နောက်ပြီး စူးရှပြီးယောက်ျားဆန်သည့်ရေမွှေးအနံ့။ ဒီအနံ့ ဒီလိုမျိုးဆွဲဆောင်မှုရှိသည့်အနံ့မျိုးသည် ထိုလူမှလွဲ၍အခြားသူမဖြစ်နိုင်ပေ။

Nani မျက်လုံးတို့အား ဖွင့်ကြည့်လိုက်တော့ မိုးပြာရောင် shirt နှင့်ထိုလူသည် nani အားစိုးရိမ်သည့်မျက်ဝန်းတို့နှင့်စိုက်ကြည့်နေသည်။ အလုပ်ကတန်းလာလို့ထင်သည် ထိုလူ့ပုံစံမှာအနည်းငယ်နွမ်းလျနေသရောင် မိုးပြာရောင်shirt၏ အပေါ်ကြယ်သီးတို့အားဖြုတ်ထားသည်အလို့ သူ၏  ကြွက်သားတွေနှင့် ရင်ဘတ်ဖွေးဖွေးကိုပါ မြင်နေရတာဖြစ်သည်။ အလုပ်ပင်ပန်းနေပုံရတာတောင်မှ ထိုလူ၏ ရှည်သွယ်သွယ်မျက်နှာက ချောမောနေဆဲပါ။

"ဘာဖြစ်သွားသေးလဲ။ "

ထိုလူ့ အသံကြားခါမှ nani အတွေးလွန်နေတာကိုသတိကပ်မိကာ ထိုလူ့လက်မှ ရုန်းထွက်ရတော့သည်။ သတိလက်လွတ်ထိုလူ၏အစိတ်အပိုင်းတို့ကိုငေးနေမိတာဘယ်လောက်တောင်ရှက်စရာကောင်းလိုက်သလဲ။ အတွေးတို့နှင့် အတူ nani မျက်နှာလေးမှာ ခပ်ရဲရဲကလေးဖြစ်လာတော့သည်။

Sky အရှေ့မှ မျက်နှာလေးရဲကာ ကိုယ့်မျက်နှာကိုယ် လက်သေးသေးလေးဖြင့် ယပ်ခပ်သလိုလုပ်နေသည့် nani အားကြည့်ပြီး ခိုးရယ်လိုက်မိသည်။ ဒါ sky နှင့်နီးကပ်နေရလို့ရှက်သွားပါသည်ပေါ့။

"အိမ်ကလာမကြိုဘူးလား။ ကိုယ်ပြန်လိုက်ပို့ပေးမယ်။ "

"မလိုဘူး။ လာကြိုမယ့်သူရှိတယ်။ "

Nani ၏အပြောကြောင့် sky ၏မျက်ခုံးတို့ြမင့်တက်သွားရကာ.....

"ဘယ်သူလဲ "

"ခွန်နဲ့ဘာဆိုင်လို့လဲ! "

"ကိုယ်ကဆိုင်ချင်တယ်ဆိုရင်ရော "

"ဆုတောင်းနေလိုက်! "

Nani,sky နှင့်တစ်ယောက်တစ်ခွန်းစကားပြောနေတုံး သူတို့၏အရှေ့သို့ dew ကားရောက်လာသည်။ dew ကားပေါ်က ခပ်သွပ်သွပ်ဆင်းကာ nani ရပ်စောင့်နေသည်ဆီသို့လျှောက်သွားလိုက်သည်။

"Sorry ပါဗျာ။ ကိုယ်နောက်ကျသွားတယ်။ "

Dew တောင်းပန်စကားပြောရင်း nani ကေြာတှငျလှယျထားသညျ့ကြောပိုးအိတျကို ပြောင်းယူလိုက်တော့ nani အသာတကြည်ချွတ်ပေးလာသည်။

"ရပါတယ်။ ရောက်လာပြီပဲဟာ။ သွားရအောင် nani ဗိုက်ဆာနေပြီ။ "

Dew ၏လက်မောင်တစ်ဖက်ကိုကိုင်ကာ ဗိုက်ကိုပွတ်သတ်ရင်းပြောနေသည်မှာ ချစ်စရာ အတိပင်။  nani ၏အရပ်မှာ dew ၏ရင်ဘတ်လောက်သာရှိသည်မလို့ ကပ်ချွဲနေသူအား အရပ်ချင်းညီသွားအောင် dew ခေါင်းငုံ့လိုက်ရင်း ခေါင်းလုံးလုံးလေးကိုပွတ်ပေးကာ...

"ဟုတ်ပြီဗျာ။ kitty လေးကြိုက်တဲ့ဆိုင်ကိုသွားကြတာပေါ့။ "

"P'dew က အကောင်းဆုံးပဲ!"

အရှေ့က sky မှာ မိမိကိုယ်ပင်ရှိတယ်ဟု မထင်ကြသည့် လူနှစ်ယောက်ကိုကြည့်ပြီး ဒေါသတို့ထွက်လာရသည်။ dew ၏လက်မောင်းပေါ်တွင်ရှိနေသည့့် nani၏ လက်သေးသေးကိုကြည့်နေသည်မှာ မျက်လုံးတွေပါစူးရဲနေသည်။ ကိုယ်နဲ့ဆို အမြဲရန်စွာနေတတ်သည့်သူက အခုတော့ တဈခွားယောကျြားတဈယောကျကို အပြုံးတို့အား ဖောဖောသီသီစွန့်ကြဲပြစ်နေသည်။ ထိုလူသား၏ ချစ်စရာအပြုအမူလေးများသည် ကိုယ်မဟုတ်သည့်အခြားသူအပေါ်ပြုမူနေတာကိုတွေ့ရသည်မလို့ skyမှာဒေါသတို့ဆူပွတ်လာကာ ကားပေါ်တင်ရန်ပြင်နေသည့် nani လက်တစ်ဖက်အားဆွဲလိုက်သည်မှာ ဒေါသအရှိန်ကြောင့်အားပါသွားရသည်။

"အာ့...ခွန်ဘာလုပ်တာလဲ! "

မျက်ဝန်းတို့ စူးရဲနေသည့် sky ၏လက်ထဲမှ nani လက်တို့အားရုန်းသော်လည်းလွတ်မြောက်ခွင့်မရပေ။ အားနင့်ဖိကိုင်ထားသည်ကြောင့် nani လက်ကောက်ဝတ်ဖြူဖြူလေးမှာ နီရဲလာရသည်။

"ဒီမှာ ခင်ဗျားဘာလုပ်တာလဲ! အဲ့ဒီ့လက်ကိုအခုလွှတ်လိုက်!"

လွတ်နေသည့် nani လက်တစ်ဖက်အား dew က ခပ်ဖွဖွကိုင်ထားပြီး sky ကိုင်ထားသည့်လက်အား မျက်စပြစ်ပြကာပြောသည်။

"မင်းကဘာကောင်မလို့ ငါ့ကိုအမိန့်လာပေးနေတာလဲ! "

ဒေါသကြောင့် sky ၏အသံကြီးမှာ ဟိန်းထွက်လာသည်။

"ဒါက ကျွန်တော့ချစ်သူ! "

"P'dew! "

Dew ၏စကားသံကြောင့် nani အလန်းတကြားဖြစ်သွားကာမောကြည့်လိုက်ပြီး p'dew ၏ နာမည် ပါရေရွတ်မိသည်အထိပင်။ dew မြွေမြွေချင်းခြေမြင်ပါသည်။ မိမိနှင့် nani အလိုမကျသည့်မျက်ဝန်းများဖြင့်စိုက်ကြည့်နေသူသည် nani အားသဘောကျနေမှန်း ခဏလေးအတွင်းပင် dew ရိပ်စားမိလိုက်သည်။ ဒါကြောင့် ထပ်ပြီး naniအနားမကပ်နိုငိအောင်ပြောလိုက်တာပင်ဖြစ်သည်။

"ဒါက ကျွန်တော့်ချစ်သူမလို့ ခင်ဗျားသူနဲ့ဝေးဝေးမှာနေပါ!"

Sky ကိုင်ထားသည့်လက်က dew မှ ဆွဲဖြုတ်ချကာ nani အားသူ့ရင်ခွင်ထဲဆွဲသွင်းပြစ်ရင်း skyအားသတိပေးသလိုပြောလာသည်။ nani မှာအခုထိအခြေအနေကိုကြောင်အကာ စကားမပြောနိုင်သေးပါ။ dew ရင်ခွင်ထဲ မှ nani ကိုယ်လေးကို sky ပေါက်ထွက်မတတ်စိုက်ကြည့်နေရင်းပြောစရာစကားလုံးတို့မဲ့နေခဲ့စွာ။

Nani အရှေ့ကလူအား ကြည့်လိုက်တော့ မျက်ဝန်းတို့မှာစူးရဲပြီး မျက်ရည်စများပါဝေ့သီနေသည်။ မျက်ဝန်းအိမ်ထဲကမျက်ရည်များထိုလူ့ပါးြပင်ပေါ်သို့ဖြတ်ခနဲစီးကျသွားသည်။ ဒီလူငိုနေတာမဟုတ်ဘူး!ဒေါသကြောင့်မျက်ရည်ကျနေတာ! Nani ကြည့်နေတုံးမှာပင် skyက စိတ်မထိန်းနိုင်စွာ ရပ်ထားသည့် သူ၏အားမှန်အား လက်သီးဖြင့်အကြိမ်ပေါင်းများစွာထိုးနှက်နေတော့သည်။ ကားမှန်စတို့ကွဲအက်သွားသည်နှင့်အမျှ ထိုလူ၏လက်မှာလည်း သွေးများဖြင့်နီရဲကုန်တော့သည်။

Nani,dew ၏ရင်ခွင်ထဲမှထွက်ကာ ထိုလူ့အားတားဖို့လုပျတော့ dew ကအသွားမခံပေ။

"ပြန်မယ်!"

Nani အား ကားပေါ်သို့တင်ပေးကာ ကားမောင်းထွက်သွားသူကြောင့် nani မှာတားခွင့်မရလိုက်ပေ။ ကားပေါ်မှ nani,sky ကျန်ခဲ့တဲ့နေရာသို့ပြန်ကြည့်မိတော့ ထိုလူမှာ ဒေါသတို့မပြေပျောက်သေးသယောင် ကားမှန်အောင်ထိုးနေဆဲပင်။

ထိုမြင်ကွင်းအား စိုးရိမ်တကြီး ကြည့်နေသည့် naniအားကြည့်ကာ dew ကားမောင်းနေရင်းပင် အလိုမကျဖြစ်ရကာ သက်ပြင်းချလိုက်မိတော့သည်။

~~~~~~~~~~~

Nani နောက်ကျသည်အထိအိပ်မပျော်နိုင်ပါ။ noti တို့ကင်းမဲ့ကာ ငြိမ်သက်နေသည့် ဖုန်းကို သာ ကြည့်နေမိသည်မှာအခါခါပင်။ အရင်ကသာဆို ဒီအချိန် sky, nani အားစာတွေပို့နေကျဖြစ်သည်။ nani ဘက်ကစာမပြန်တာတောင်မှပေါ့။ ငြိမ်သက်နေသည့် ဖုန်းလေးအား nani ရင်ဘတ်ပေါ်တင်ကာ သက်ပြင်းမောကိုချလိုက်မိသည်။

သူအခုလောက်ဆိုအဆင်ပြေပါ့မလား။ အများကြီးထိခိုက်သွားမယ်ထင်သည်။ ဆေးရောထည့်ဖြစ်ပါ့မလားပင်။ naniလည်းကိုယ်ကိုယ်ကိုယ် နားမလည်နိုင်ပါ။ အမြင်ကပ်သည်လို့ကြွေးကြော်ထားသည့်သူအား စိတ်ပူနေတာဖြစ်သည်။ ထိုစဥ် nani ဖုန်းလေးမှ noti တက်လာသည်မလို့ အားရဝမ်းသာဖွင့်ကြည့်လိုက်တော့ မျှော်နေသည့်ထိုလူပင်။

"ကိုယ်အောက်မှာရောက်နေတယ်။ မင်းကိုလွမ်းလို့။ "

သူ့စာကိုမြင်တော့ nani အိပ်နေရာမှထကာ အခန်းပြတင်းပေါက်ရှိ လိုက်ကာစကို အသာလှန်ကြည့်လိုက်တော့ ထိုလူက ကားကိုမှီကာ ရပ်နေပြီး လက်ထဲတွင်ကိုင်ထားသည့် သူ့ဖုန်းကိုနှိပ်နေသည်။

"မင်း ကိုယ့်ကိုဆင်းတွေ့ရင်ကောင်းမယ်။ ကိုယ်မင်းကိုဖတ်ထားချင်တယ်။ "

Nani ဖုန်းဆီသို့ ထပ်မံဝင်လာသည့်စာကြောင့် nani နှုတ်ခမ်း တို့ကိုဖိကိုက်မိလိုက်သည်။

"မင်း ဆင်းမလာရင် ကိုယ်ဒီညတစ်ခုခုဖြစ်တော့မယ်ထင်တယ်..."

ထိုစာကိုမြင်ပြီး nani မှာလိုက်ကာစကိုဖွင့်ပြီးထိုလူ့အားပြန်ကြည့်လိုက်သည်။ sky၏လက်မှာအခုထိဆေးထည့်ထားသေးပုံလဲမပေါ်ပါ။ အပေါ်ကလှမ်းကြည့်၍မြင်နေရသည်မြင်ကွင်းမှာတောင် ထိုလူ့မျက်ဝန်းများသည်အသက်မပါဘဲဆွေးမြေ့နေသယောင်။ nani သာတကယ်ဆင်းမတွေ့ရင် သူ့ကိုယ်သူတစ်ခုခုလုပ်ပြစ်မည်ထင်သည်။

Nani အခန်းတံခါးအားဖြေးဖြေးလေးပိတ်ကာ အိမ်အောက်သို့ဆင်းလာလိုက်သည်။ အချိန်ကနောက်ကျနေသည်မလို့ မေမေတို့အိပ်သွားပြီဖြစ်သည်။ nani အိမ်ထဲမှထွက်ကာ ခြံတံခါးအသာပိတ်လိုက်ပြီး ခြံရှေ့ကလမ်းပေါ်တွင်ကားရပ်ထားသည့် ထိုလူအရှေ့သို့သွားရပ်လိုက်သည်။

Sky မျက်စိအရှေ့သို့ဝင်လာသည့် အိမ်စီးဖိနပ်အပါးလေးနှင့်ခြေဖမိုးဖြူဖြူလေးကြောင့် အောက်ကိုခေါင်းစိုက်နေသည့် sky မှာ အရှေ့ကခြေဖမိုးပိုင်ရှင်လေးအား မော့ကြည့်လိုက်သည်။ pajama အဝါရောင်လေးနှင့် nani မှာ ညမီးရောင်အောက်တွင် ဝင်းမွတ်နေသည်။ sky ကိုတလှည့် ဒဏ်ရာရနေသည့်လက်ကိုတစ်လှည့်ကြည့်နေသည့့် မျက်ဝန်းသွယ်သွယ်တို့မှာစိတ်ပူနေသယောင်ပင်။

naniအား စူးစိုက်ကြည့်နေသည့် sky ၏မျက်လုံးများကို naniပြန်ကြည့်လိုက်ပြီး....

"ဟို....အင့်! "

Nani ပြောဖို့ စကားစတုံးမှာပင် sky၏ ရင်ခွင်ထဲ သို့ဆွဲထည့်တာခံလိုက်ရသည်။ sky က nani ကိုယ်လုံးလေးအား လေတိုး၍ပင်မရအောင် ဖတ်ထားသည်မှာ တင်းတင်းကြပ်ကြပ်နှင့်ပင်။ နောက်ပြီး nani ,skyဆီမှ အရက်အနံ့ကိုလည်းရလိုက်သည်။ ထိုအနံ့ကိုသဘောမကျတာကြောင့် လူချင်းခွာဖို့လုပ်လိုက်ပေမယ့်လည်း sky က လွတ်မြောက်ခွင့်မပေးဘဲ ပို၍တိုးဖတ်လာကာ nani ၏ပခုံးလေးပေါ် ခေါင်းတင်လိုက်ပြီး....

"ကိုယ်ရူးတော့မယ်ထင်တယ်.... "

ထိုလူ၏လေငွေ့နွေးနွေးက nani၏ လည်တိုင်ကိုရိုက်ခတ်နေသည်မလို့ မနေတတ်စွာကိုယ်လုံးလေးကိုကျုံ့ထားမိသည်။ ခဏအကြာမှ sky က ဖတ်ထားရာကနေခွာကာ nani ၏ပခုံးလေးနှစ်ဖတ်ကိုဆုတ်ကိုင်ရင်းအကြည့်ချင်းဆုံစေတော့ nani ၏မျက်ဝန်းတို့သည် sky ၏လက်ဆီကိုသာရောက်နေသည်။ sky၏လက်မှာ ကားမှန်အားအချက်ပေါင်းများစွာထိုးနှက်ထားသည်မလို့ လက်အရေခွံတို့မှာ နီရဲကာစုတ်ပြတ်နေသည်။ ဒဏ်ရာကဆေးကြောထားခြင်းမရှိသည်မလို့ သွေးစတို့ဖြင့်ခြောက်ကပ်ကာနေသည်။

"ခွန်...ဆေးမထည့်ဘူးလား။ ကျွန်တော် အိမ်ထဲမှာသွားယူလိုက်မယ် ခဏလေး..."

ဆေးသွားယူရန်ပြင်နေသည့် nani လက်လေးအား sky ပြန်ဆွဲထားကာ....

"ကိုယ့်ရဲ့ကားထဲမှာရှိတယ်။ မင်း ကိုယ့်ကိုဆေးထည့်ပေးလို့ရမလား။ "

Sky ၏မျက်နှာမှာ အမှန်တကယ်ပင် နွမ်းလျှနေသည်ကြောင့် nani မှာဆေးထည့်ပေးဖို့သာသဘောတူလိုက်ပြီး သူကားထဲကိုဝင်ထိုင်လိုက်သည်။ nani ဝင်ပြီးတာနဲ့မောင်းသူနေရာကသူပါဝင်ထိုင်လိုက်သည်။

"ခွန် ဘယ်မှာလဲ ထည့်ရမယ့်ဆေးတွေ။ "

Nani ကားအတွင်းလှည့်လည်ကြည့်ကာရှာနေပေမယ့် ဆေးနှင့်တူတာတစ်စုံတစ်ရာကိုမတွေ့ပေ။

"ခွန်....ကျွန်တော်ပြောနေတာကြားလား "

"ဂျောက်! "

Nani စကားသံအဆုံး sky ကားလော့ကိုဂျောက်ခနဲချပြစ်လိုက်သည်မလို့ nani မှာစိုးရိမ်စိတ်တို့မြင့်တက်လာရပြီး....

"ခွန် ဘာလုပ်တာလဲ!"

Nani အမေးစကားကို sky အရေးမစိုက်ပါ။ ဘေးတွင်ထိုင်ကာ မငြိမ်မသက်ဖြစ်နေသူအား sky တစ်ချက်ပင်မကြည့်ဘဲ ကားစက်နှိုးကာ ထိုနေရာနှင့် ဝေးရာသို့သာ အကြမ်းပတမ်းမောင်းထွက်သွားတော့သည်။ ဘေးက လူ၏ တားဆီးသံလေးများအား မကြားချင်ယောင်ဆောင်ထားကာ ဦးတည်ရာသို့သာ မောင်းနှင်ပြစ်လိုက်တော့သညျ။

~~~~~~~~~~~~~~~~~~~

8.12.24 (sun)

ကားတင်ပြေးသွားပါပြီရှင် ><နောက်ရက်တွေ update ကြာပါမယ်။ ♥

There are no comments yet. Log in to be the first to leave a review!

Similar stories