အစိမ္းသရဲဘဒိုႏွင့္အရွင့္သားဝိညာဥ္လဲခံလိုက္ရေသာအခါ-2
20:00, 9 January 2021//Zaw//
''စန္းလန္ စန္းလန္ ထဦး''
ပခံုးလႈပ္ႏိုးခံလိုက္ရလို႕မ်က္လံုးဖြင့္ျကည့္ေတာ့ အစိမ္းေကာင္ကမ်က္ႏွာငယ္နဲ႕ျကည့္ေနတယ္။
''ငါ့ကိုမ်ား မင္းကစန္းလန္လို႕ေခၚရဲတယ္ေပါ့''
''မဟုတ္ဘူး စန္း အယ္ ဘယ္လိုေျပာရမလဲ အရင္ဆံုးငါေျပာတာနားေထာင္ဦး''
''တိုးတိုးေျပာစမ္း ကိုကိုအိပ္ေနတုန္းဘဲ''
''မဟုတ္ဘူး သူ႔ပါႏိုးမွရမယ္ ခ်ီရုန္ ခ်ီရုန္ထဦး''
ကားယားျကီးအိပ္ေနတဲ႕ရွဲ႕လ်န္ကိုႏိႈးေနတဲ႕ခ်ီရုန္။ဟြားခ်န္တစ္ေယာက္တစ္ခုခုေတာ့ျဖစ္ေနျပီလို႕ခပ္ေရးေရးေတာ့မွန္းမိေနေပမဲ႕လည္း အဟင့္ မဟုတ္ဘူးေနာ္ ဒါျကီးကအဆင္ေျပမေနဘူး
''မင္းအေဖ ငါတစ္ေယာက္လံုးအိပ္ေနတာကို ေသာက္ဂရုမစိုက္ဘူးဘဲလာႏိႈးေနရလား သတၱိသိပ္ေကာင္းေနတယ္ေပါ့ ဟုတ္လား''
ႊွဲရွဲ႕လ်န္မ်က္ႏွာေလးနဲ႕မလိုက္ အိပ္ခ်င္မူးတူးနဲ႕ဆဲဆိုျပီးထလာတယ္။
''ဘာေသာက္ျပႆနာတက္ျပန္ျပီလဲ''
ေျပာျပီးကာမွမ်က္စိေရွ႕ကလူေတြကိုျကည့္ေတာ့ အင္း တစ္ေယာက္ကဟြားခ်န္ ေနာက္တစ္ေယာက္ကသူ ဟုတ္ျပီ ေနဦး ေဘာက္မဲ႕ေျကာင့္ သူကကိုယ့္ကိုယ္ကိုျပန္ျမင္ေနရတာတုန္း
><><><><><><><><''အဲ႕ေတာ့ အခုငါကတစ္ဝမ္းကဲြေနာင္ေတာ္ကိုယ္ထဲေရာက္ေနျပီး တစ္ဝမ္းကဲြေနာင္ေတာ္ကငါ့ကိုယ္ထဲမွာေပါ့ ဟုတ္လား''
ဒူးေထာင္ျပီးျဖဲကားထိုင္ေနတဲ႕ရွဲ႕လ်န္ ေနာက္တစ္မ်ိဳးေျပာရရင္ခ်ီရုန္ဝိညာဥ္ဝင္ေနတဲ႕ရွဲ႕လ်န္။ဟြားခ်န္ကေတာ့ ဘာျဖစ္လဲဆိုတာသိသိခ်င္း မ်က္ႏွာျကီးစူပုပ္ေနတာအခုခ်ိန္ထိ။
''အေဟေဟး ငါေလးေတာ့ေနရင္းထိုင္ရင္းကံထျပန္တာဘဲ ေခြးဟြားခ်န္ မင္းမ်က္ႏွာလည္းမင္းျပန္ျကည့္ဦး ငါ့ကိုလာရိုက္ဦးေလ လာေလ မရိုက္ရဲဘူးမလားဟားဟား ငါေတာ့ေစာက္ရမ္းေက်နပ္တယ္ေဟ့!''
''မင္းပါးစပ္ပိတ္ထားစမ္း!''
ခ်ီရုန္တစ္ျဖစ္လဲရွဲ႕လ်န္ကသက္ျပင္းခ်ျပီး
''အင္းး ဘယ္အခ်ိန္ထိဒီလိုျဖစ္မလဲေတာ့မေျပာတတ္ဘူး ျကားထဲ အမတျမိဳ႕သြားရတာ ဟိုကိစၥဒီကိစၥရွင္းရတာမ်ိဳးေပၚလာရင္မင္းပါငါနဲ႕လိုက္ခဲ႕ရမယ္''
''ဟမ္ မင္းတို႕ဟာမင္းတို႕ရွင္းေလ ငါနဲ႕ဘာဆိုင္လို႕လဲ'
''ဆိုင္တာေပါ့ ကိုကိုကမင္းရဲ႕ေစာက္မ်က္ႏွာျကီးနဲ႕ေနရတကာေလ်ွာက္သြားေနရမွာလား ေတာက္!!!''
''စန္းလန္ ''
''ကိုကို ကိုကိုလဲအဲ႕ေကာင္ကိုယ္ထဲေရာက္ေနတုန္း ကြ်န္ေတာ့္ကို စန္းလန္လို႕မေခၚနဲ႕ဗ်ာ တကယ္အသဲေပါက္တယ္''
''အင္းပါ အင္းပါ မေခၚေတာ့ပါဘူး''
တစ္ခ်ိန္လံုးဆဲဆိုေနတဲ႕ေကာင္ကအခုလိုသိမ္သိမ္ေမြ႕ေမြ႕ျဖစ္ေနေတာ့ဟြားခ်န္ဘယ္လိုမွျကည့္မရ။သည္းမခံႏိုင္။
''ခ်ီရုန္!!''
ႏွာေခါင္းႏိႈက္ေနတဲ႕ရွဲ႕လ်န္တစ္ျဖစ္လဲခ်ီရုန္ကပ်င္းရိပ်င္းတဲြျပန္ေျဖတယ္
''ဘာလဲ''
''မင္း ကိုကို႕ခႏၶာကိုယ္ကိုေသခ်ာဂရုစိုက္ ေစာက္ေရးမပါတာတစ္ခုခုျဖစ္လို႕ကေတာ့ နဂိုအတိုင္းျပန္ျဖစ္တာနဲ႕မင္းေသဖို႕ျပင္ထား ''
''အင္းပါ စန္းလန္ရဲ႕ ကိုကိုဂရုစိုက္ပါမယ္လို႕''
ေသာက္ခ်ိဳးမေျပတဲ႔ေလသံနဲ႕ ရွဲ႕လ်န္လိုတုျပီးေျပာေတာ့ ဟြားခ်န္မ်က္ႏွာကေအာ္တိုမဲ႕။ငါကြာ
><><><><><ဟြားခ်န္အဖို႕ေန႕ရက္တိုင္းကငရဲက်ေနသလို။ျမင္ေနရတာတစ္စက္မွအဆင္မေျပ။သူ႕ရဲ႕ႏွစ္ေယာက္မရွိတဲ႕ကိုကိုခမ်ာ အခုေတာ့ဟိုအစိမ္းေကာင္ဝင္ေနတာနဲ႕ မ်က္ႏွာေလးနဲ႕မလိုက္ေနပံုထိုင္ပံုကအစေထာင့္မက်ိဳး။
အားေန နတ္ကြန္းေရွ႕အေသေကာင္လိုအိပ္ေနတယ္။စားေသာက္ေနရင္လည္းရြံ႕စရာေကာင္းေအာင္လုပ္လုပ္ျပျပီးဟြားခ်န္ေဒါသကိုလာလာစြတယ္။ညဘက္အိပ္ရင္လည္းညာတာပါေတးနဲဲ႕သူ႕ရင္ခြင္ထဲတိုးတိုးဝင္လာလို႕ေစာင္ျမင္ကပ္ကပ္နဲ႕ပိတ္ရိုက္ခ်င္ေတာင္ရွဲ႕လ်န္ခႏၶာကိုယ္ဆိုေတာ့လည္းမရိုက္ရက္။အခြင့္အေရးယူခ်က္ကကမ္းကုန္။
တစ္ခုဘဲ အမိႈက္ေကာက္သြားရင္ေတာ့ အတူတူသြားရတယ္။မသြားခ်င္ဘူးလို႕ျငင္းျကည့္ ဝွစ္ခနဲ အဲ႕မင္ကမ်က္စိေရွ႕ေရာက္လာေရာ။
အမတနတ္ဘုရားျမိဳ႕မွာလည္အကုန္လံုးကအထူူးအဆန္းလိုျကည့္လို႕။အိမ္ေရွ႕စံအရွင့္သားကနတ္ျပည္တက္လာရင္သူ႕အျပင္ကပ္ဆိုးေလးေဖာ္ထဲက သူ႕ရဲ႕တစ္ဝမ္းကဲြညီကပါေနာက္ကတန္းလန္းတန္းလန္းပါလာတာကိုအံ႕ျသေနျကတယ္။အေျကာင္းစံုသိေပမဲ႕လည္းျမင္ရတာအဆင္မေျပ။
ညီလာခံသဘင္ေတြဆို အိမ္ေရွ႕စံကဒူးႏွံ႕ျပီးမထီသလိုမ်က္ႏွာထားနဲ႕ထိုင္ေနျပီး အစိမ္းေကာင္ကအိေၿႏၵတစ္ခဲြသားနဲ႕။ကြ်င္းဝူကေတာ့သူ႕ခ်စ္တပည့္ေလးမို႕နားလည္ေပးပါတယ္။မ်က္ႏွာေတာ့သိပ္မေကာင္းဘူးေပါ့
ဟြားခ်န္ကေတာ့ေနရင္းထိုင္ရင္းေဒါသထြက္လာတာနဲ႕ခ်ီရုန္ခႏၶာကိုယ္ကို ႏွစ္ခ်က္သံုးခ်က္ေလာက္နရင္းအုပ္ခ်င္ျပန္ေတာ့လည္း သူ႕ကိုကိုဝိညာဥ္ဝင္ေနတာဆိုေတာ့လည္း လက္ကိုအရွိန္သတ္ထားရတယ္။
ျကာေတာ့ငိုခ်င္စိတ္ေပါက္လာျပီ။ေန႕ဘက္ကသည္းခံလို႕ရေပမဲ႕ညဘက္က်ေတာ့ သူ႕ကိုကိုကိုအရင္လိုဖက္အိပ္လို႕မရေတာ့။တီတီတာတာခ်စ္စကားေလးေတြလဲေျပာမရ။အာဘြားလည္းေပးမရနဲ႕။သံုးေယာက္သားတစ္ေနရာစီခဲြအိပ္ေနရတယ္။
''ကြ်န္ေတာ္အတြက္ေတာ့ ျကီးက်ယ္ျမင့္ျမတ္ေနလည္းကိုကိုဘဲ ေျမျကီးေတြလူးေနလဲကိုကိုဘဲ အဓိကက ကိုကိုျဖစ္ေနဖို႕အေရးျကီးတယ္''ဆိုေပမဲ႕လည္းအခုေတာ့ျဖင့္ သူ႕ကိုကိုေပမဲ႕လည္း ဟိုအစိမ္းေကာင္ဝိညာဥ္ဆိုတာျကီးေတြးမိတာနဲ႕မေက်မခ်မ္းနဲ႕အိပ္ခဲ႕ရတဲ႕ရက္ေပါင္းကမနည္းေတာ့။ရွဲ႕လ်န္ကေတာ့ သည္းခံလိုက္ပါဦးေနာ္တဲ႕။
ဟင့္အင္း ႏိုးဘဲ။လံုးဝသည္းမခံႏိုင္ေတာ့။တစ္ခုခုေတာ့လုပ္မွျဖစ္မယ္ ။လုပ္ကိုလုပ္မွျဖစ္ေတာ့မယ္။ရႊယ္ယီြထန္႕ဟြားကို ဒါမ်ိဳးေတာ့လာလုပ္လို႔မရဘူး။လက္သည္ရွာရမယ္!!!ဒီေစာက္ျပႆနာရဲ႕လက္သည္။ေတြ႕တာနဲ႕အဲ႕မင္နဲ႕အပိုင္းပိုင္းခုတ္ပစ္ျပီဘဲ။
ပူေဇာ္စားပဲြေပၚကအေမႊးနံ႕သာအိုးေလးဆီကအေမႊးနံ႕ေလးေတြကေတာ့တလႊင့္လႊင့္…::::ထိုစဥ္တိမ္လႊာနန္းျမိဳင္မွာေတာ့
''က်င္းရီ ဟန္ကြမ္ကြ်င္း ျမိဳ႕ထဲမွာျပင္ဖို႕အပ္ထားတဲ႕အေမႊးအိုး ျပန္ယူဖို႕မွာလိုက္တာ ပါလာလား''
စစ္ေကြ်းေမးေတာ့က်င္းရီတစ္ေယာက္ေခါင္းတျဗင္းျဗင္းကုတ္ေနျပီးမွ
''အဲ႕ဒါေျပာမလို႕ဘဲ ငါျပန္လာတဲ႕လမ္းမွာ ဖူက်ိရြာကိုျဖတ္သြားရတယ္ကြာ အဲ႕မွာတစ္ေထာက္နားျပီးမွျပန္လာတာ အဲ႕ဒါဘယ္နားက်က်န္ခဲ႕မွန္းမသိဘူး ငါဒီကိုျပန္လာေတာ့မွပါမလာမွန္းမသိတာ ဟန္ကြမ္ကြ်င္းေတာ့ဆူေတာ့မွာဘဲကြာ''
စစ္ေကြ်းကမ်က္စိပ်က္မ်က္ႏွာပ်က္နဲ႕ေျပာတယ္
''ေအးကြာ အဲ႕အေမႊးအိုးကမတရားဒုကၡမ်ားလို႕ ဟန္ကြမ္ကြ်င္းကနားလည္တဲ႕သူဆီျပန္ျပင္ဖို႕အပ္ထားတာ ျပန္ယူခိုင္းတယ္ဆိုတာကလည္းတစ္ဖက္ကမႏိုင္ဘူးဆိုျပီးလွမ္းအေျကာင္းျကားလို႕ျပန္ယူခိုင္းရတာ ေကာက္ရတဲ႕သူေတာ့ဘာမွျဖစ္ေတာ့မျဖစ္ေလာက္ပါဘူးေနာ္'':::::::::::::လို႕ထင္တာဘဲ
Mean while ဖူက်ိနတ္ကြန္း၌…
''ေနတတ္ရင္ ဘဝကေပ်ာ္စရာျကီး အေဟေဟး''
''တိတ္စမ္း!!!''
Nopart-3❌❌❌
//Uni//
အစိမ်းသရဲဘဒိုနှင့်အရှင့်သားဝိညာဉ်လဲခံလိုက်ရသောအခါ-2
''စန်းလန် စန်းလန် ထဦး''
ပခုံးလှုပ်နိုးခံလိုက်ရလို့မျက်လုံးဖွင့်ကြည့်တော့ အစိမ်းကောင်ကမျက်နှာငယ်နဲ့ကြည့်နေတယ်။
''ငါ့ကိုများ မင်းကစန်းလန်လို့ခေါ်ရဲတယ်ပေါ့''
''မဟုတ်ဘူး စန်း အယ် ဘယ်လိုပြောရမလဲ အရင်ဆုံးငါပြောတာနားထောင်ဦး''
''တိုးတိုးပြောစမ်း ကိုကိုအိပ်နေတုန်းဘဲ''
''မဟုတ်ဘူး သူ့ပါနိုးမှရမယ် ချီရုန် ချီရုန်ထဦး''
ကားယားကြီးအိပ်နေတဲ့ရှဲ့လျန်ကိုနှိုးနေတဲ့ချီရုန်။ဟွားချန်တစ်ယောက်တစ်ခုခုတော့ဖြစ်နေပြီလို့ခပ်ရေးရေးတော့မှန်းမိနေပေမဲ့လည်း အဟင့် မဟုတ်ဘူးနော် ဒါကြီးကအဆင်ပြေမနေဘူး
''မင်းအဖေ ငါတစ်ယောက်လုံးအိပ်နေတာကို သောက်ဂရုမစိုက်ဘူးဘဲလာနှိုးနေရလား သတ္တိသိပ်ကောင်းနေတယ်ပေါ့ ဟုတ်လား''
ွှဲရှဲ့လျန်မျက်နှာလေးနဲ့မလိုက် အိပ်ချင်မူးတူးနဲ့ဆဲဆိုပြီးထလာတယ်။
''ဘာသောက်ပြဿနာတက်ပြန်ပြီလဲ''
ပြောပြီးကာမှမျက်စိရှေ့ကလူတွေကိုကြည့်တော့ အင်း တစ်ယောက်ကဟွားချန် နောက်တစ်ယောက်ကသူ ဟုတ်ပြီ နေဦး ဘောက်မဲ့ကြောင့် သူကကိုယ့်ကိုယ်ကိုပြန်မြင်နေရတာတုန်း
><><><><><><><><''အဲ့တော့ အခုငါကတစ်ဝမ်းကွဲနောင်တော်ကိုယ်ထဲရောက်နေပြီး တစ်ဝမ်းကွဲနောင်တော်ကငါ့ကိုယ်ထဲမှာပေါ့ ဟုတ်လား''
ဒူးထောင်ပြီးဖြဲကားထိုင်နေတဲ့ရှဲ့လျန် နောက်တစ်မျိုးပြောရရင်ချီရုန်ဝိညာဉ်ဝင်နေတဲ့ရှဲ့လျန်။ဟွားချန်ကတော့ ဘာဖြစ်လဲဆိုတာသိသိချင်း မျက်နှာကြီးစူပုပ်နေတာအခုချိန်ထိ။
''အဟေဟေး ငါလေးတော့နေရင်းထိုင်ရင်းကံထပြန်တာဘဲ ခွေးဟွားချန် မင်းမျက်နှာလည်းမင်းပြန်ကြည့်ဦး ငါ့ကိုလာရိုက်ဦးလေ လာလေ မရိုက်ရဲဘူးမလားဟားဟား ငါတော့စောက်ရမ်းကျေနပ်တယ်ဟေ့!''
''မင်းပါးစပ်ပိတ်ထားစမ်း!''
ချီရုန်တစ်ဖြစ်လဲရှဲ့လျန်ကသက်ပြင်းချပြီး
''အင်းး ဘယ်အချိန်ထိဒီလိုဖြစ်မလဲတော့မပြောတတ်ဘူး ကြားထဲ အမတမြို့သွားရတာ ဟိုကိစ္စဒီကိစ္စရှင်းရတာမျိုးပေါ်လာရင်မင်းပါငါနဲ့လိုက်ခဲ့ရမယ်''
''ဟမ် မင်းတို့ဟာမင်းတို့ရှင်းလေ ငါနဲ့ဘာဆိုင်လို့လဲ'
''ဆိုင်တာပေါ့ ကိုကိုကမင်းရဲ့စောက်မျက်နှာကြီးနဲ့နေရတကာလျှောက်သွားနေရမှာလား တောက်!!!''
''စန်းလန် ''
''ကိုကို ကိုကိုလဲအဲ့ကောင်ကိုယ်ထဲရောက်နေတုန်း ကျွန်တော့်ကို စန်းလန်လို့မခေါ်နဲ့ဗျာ တကယ်အသဲပေါက်တယ်''
''အင်းပါ အင်းပါ မခေါ်တော့ပါဘူး''
တစ်ချိန်လုံးဆဲဆိုနေတဲ့ကောင်ကအခုလိုသိမ်သိမ်မွေ့မွေ့ဖြစ်နေတော့ဟွားချန်ဘယ်လိုမှကြည့်မရ။သည်းမခံနိုင်။
''ချီရုန်!!''
နှာခေါင်းနှိုက်နေတဲ့ရှဲ့လျန်တစ်ဖြစ်လဲချီရုန်ကပျင်းရိပျင်းတွဲပြန်ဖြေတယ်
''ဘာလဲ''
''မင်း ကိုကို့ခန္ဓာကိုယ်ကိုသေချာဂရုစိုက် စောက်ရေးမပါတာတစ်ခုခုဖြစ်လို့ကတော့ နဂိုအတိုင်းပြန်ဖြစ်တာနဲ့မင်းသေဖို့ပြင်ထား ''
''အင်းပါ စန်းလန်ရဲ့ ကိုကိုဂရုစိုက်ပါမယ်လို့''
သောက်ချိုးမပြေတဲ့လေသံနဲ့ ရှဲ့လျန်လိုတုပြီးပြောတော့ ဟွားချန်မျက်နှာကအော်တိုမဲ့။ငါကွာ
><><><><><ဟွားချန်အဖို့နေ့ရက်တိုင်းကငရဲကျနေသလို။မြင်နေရတာတစ်စက်မှအဆင်မပြေ။သူ့ရဲ့နှစ်ယောက်မရှိတဲ့ကိုကိုခမျာ အခုတော့ဟိုအစိမ်းကောင်ဝင်နေတာနဲ့ မျက်နှာလေးနဲ့မလိုက်နေပုံထိုင်ပုံကအစထောင့်မကျိုး။
အားနေ နတ်ကွန်းရှေ့အသေကောင်လိုအိပ်နေတယ်။စားသောက်နေရင်လည်းရွံ့စရာကောင်းအောင်လုပ်လုပ်ပြပြီးဟွားချန်ဒေါသကိုလာလာစွတယ်။ညဘက်အိပ်ရင်လည်းညာတာပါတေးနဲ့သူ့ရင်ခွင်ထဲတိုးတိုးဝင်လာလို့စောင်မြင်ကပ်ကပ်နဲ့ပိတ်ရိုက်ချင်တောင်ရှဲ့လျန်ခန္ဓာကိုယ်ဆိုတော့လည်းမရိုက်ရက်။အခွင့်အရေးယူချက်ကကမ်းကုန်။
တစ်ခုဘဲ အမှိုက်ကောက်သွားရင်တော့ အတူတူသွားရတယ်။မသွားချင်ဘူးလို့ငြင်းကြည့် ဝှစ်ခနဲ အဲ့မင်ကမျက်စိရှေ့ရောက်လာရော။
အမတနတ်ဘုရားမြို့မှာလည်အကုန်လုံးကအထူးအဆန်းလိုကြည့်လို့။အိမ်ရှေ့စံအရှင့်သားကနတ်ပြည်တက်လာရင်သူ့အပြင်ကပ်ဆိုးလေးဖော်ထဲက သူ့ရဲ့တစ်ဝမ်းကွဲညီကပါနောက်ကတန်းလန်းတန်းလန်းပါလာတာကိုအံ့သြနေကြတယ်။အကြောင်းစုံသိပေမဲ့လည်းမြင်ရတာအဆင်မပြေ။
ညီလာခံသဘင်တွေဆို အိမ်ရှေ့စံကဒူးနှံ့ပြီးမထီသလိုမျက်နှာထားနဲ့ထိုင်နေပြီး အစိမ်းကောင်ကအိနြေ္ဒတစ်ခွဲသားနဲ့။ကျွင်းဝူကတော့သူ့ချစ်တပည့်လေးမို့နားလည်ပေးပါတယ်။မျက်နှာတော့သိပ်မကောင်းဘူးပေါ့
ဟွားချန်ကတော့နေရင်းထိုင်ရင်းဒေါသထွက်လာတာနဲ့ချီရုန်ခန္ဓာကိုယ်ကို နှစ်ချက်သုံးချက်လောက်နရင်းအုပ်ချင်ပြန်တော့လည်း သူ့ကိုကိုဝိညာဉ်ဝင်နေတာဆိုတော့လည်း လက်ကိုအရှိန်သတ်ထားရတယ်။
ကြာတော့ငိုချင်စိတ်ပေါက်လာပြီ။နေ့ဘက်ကသည်းခံလို့ရပေမဲ့ညဘက်ကျတော့ သူ့ကိုကိုကိုအရင်လိုဖက်အိပ်လို့မရတော့။တီတီတာတာချစ်စကားလေးတွေလဲပြောမရ။အာဘွားလည်းပေးမရနဲ့။သုံးယောက်သားတစ်နေရာစီခွဲအိပ်နေရတယ်။
''ကျွန်တော်အတွက်တော့ ကြီးကျယ်မြင့်မြတ်နေလည်းကိုကိုဘဲ မြေကြီးတွေလူးနေလဲကိုကိုဘဲ အဓိကက ကိုကိုဖြစ်နေဖို့အရေးကြီးတယ်''ဆိုပေမဲ့လည်းအခုတော့ဖြင့် သူ့ကိုကိုပေမဲ့လည်း ဟိုအစိမ်းကောင်ဝိညာဉ်ဆိုတာကြီးတွေးမိတာနဲ့မကျေမချမ်းနဲ့အိပ်ခဲ့ရတဲ့ရက်ပေါင်းကမနည်းတော့။ရှဲ့လျန်ကတော့ သည်းခံလိုက်ပါဦးနော်တဲ့။
ဟင့်အင်း နိုးဘဲ။လုံးဝသည်းမခံနိုင်တော့။တစ်ခုခုတော့လုပ်မှဖြစ်မယ် ။လုပ်ကိုလုပ်မှဖြစ်တော့မယ်။ရွှယ်ယွီထန့်ဟွားကို ဒါမျိုးတော့လာလုပ်လို့မရဘူး။လက်သည်ရှာရမယ်!!!ဒီစောက်ပြဿနာရဲ့လက်သည်။တွေ့တာနဲ့အဲ့မင်နဲ့အပိုင်းပိုင်းခုတ်ပစ်ပြီဘဲ။
ပူဇော်စားပွဲပေါ်ကအမွှေးနံ့သာအိုးလေးဆီကအမွှေးနံ့လေးတွေကတော့တလွှင့်လွှင့်…::::ထိုစဉ်တိမ်လွှာနန်းမြိုင်မှာတော့
''ကျင်းရီ ဟန်ကွမ်ကျွင်း မြို့ထဲမှာပြင်ဖို့အပ်ထားတဲ့အမွှေးအိုး ပြန်ယူဖို့မှာလိုက်တာ ပါလာလား''
စစ်ကျွေးမေးတော့ကျင်းရီတစ်ယောက်ခေါင်းတဗြင်းဗြင်းကုတ်နေပြီးမှ
''အဲ့ဒါပြောမလို့ဘဲ ငါပြန်လာတဲ့လမ်းမှာ ဖူကျိရွာကိုဖြတ်သွားရတယ်ကွာ အဲ့မှာတစ်ထောက်နားပြီးမှပြန်လာတာ အဲ့ဒါဘယ်နားကျကျန်ခဲ့မှန်းမသိဘူး ငါဒီကိုပြန်လာတော့မှပါမလာမှန်းမသိတာ ဟန်ကွမ်ကျွင်းတော့ဆူတော့မှာဘဲကွာ''
စစ်ကျွေးကမျက်စိပျက်မျက်နှာပျက်နဲ့ပြောတယ်
''အေးကွာ အဲ့အမွှေးအိုးကမတရားဒုက္ခများလို့ ဟန်ကွမ်ကျွင်းကနားလည်တဲ့သူဆီပြန်ပြင်ဖို့အပ်ထားတာ ပြန်ယူခိုင်းတယ်ဆိုတာကလည်းတစ်ဖက်ကမနိုင်ဘူးဆိုပြီးလှမ်းအကြောင်းကြားလို့ပြန်ယူခိုင်းရတာ ကောက်ရတဲ့သူတော့ဘာမှဖြစ်တော့မဖြစ်လောက်ပါဘူးနော်'':::::::::::::လို့ထင်တာဘဲ
Mean while ဖူကျိနတ်ကွန်း၌…
''နေတတ်ရင် ဘဝကပျော်စရာကြီး အဟေဟေး''
''တိတ်စမ်း!!!''
There are no comments yet. Log in to be the first to leave a review!




